[ Unicode ]
ကျွန်မတို့ မြန်မာနိုင်ငံမှာ မိဘ၊ ဆရာ၊မ ဆိုတာ ဘုရားနဲ့ တစ်ဂုဏ်းတည်းထားပြီး အရိုသေပေးကြတယ်လို့ ဆိုပါတယ်။ ဘုရားရားရှိခိုးတဲ့အခါ လက်အုပ်မိုးပြီး နှုတ်ကလည်း အာစရိယဂုဏော အနေန္တော ဆိုပြီး ရွတ်ဆို ဦးချကြတယ်။ မိန်းကလေးဆိုရင် တော်တော်များများ ကျောင်းဆရာမ လုပ်စေချင်ကြတယ်။ အိန္ဒြေရတဲ့အလုပ်ဖြစ်တယ်။လူတန်းစားမရွေးလေးစားကြတယ်၊ လူ့အသိုင်းအဝန်းမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါတယ် စသည်ဖြင့်တွေးထင်ကြတယ်။ လစာနည်းမှန်းသိကြတယ်၊ ဒါပေမယ့် ပီတိကိုစား အားဖြစ်ရတယ် ဆိုတဲ့ စကားတွေနဲ့ တွေးရင်း ချွေးသိပ်ကြတယ်။ အစိုးရအလုပ်ဆိုရင် အပြင်ကျောင်းတွေထက် လစာ နည်းပေမယ့် ပင်စင်လစာလေးရနိုင်ချေရှိတော့ နောင်ရေးကို စိတ်အေးကြရတယ်ဆိုပြီး အစိုးရအလုပ်ကို လုပ်ကြတယ်။ တစ်ချို့ဒေသတွေမှာ ကိုယ်တိုင် စာမသင်ပေးရင် အဲဒီ့ဒေသက ကလေးတွေ စာတတ်ဖို့ အခွင့်အလမ်းနည်းပါးကြတော့မှာမို့ ပရဟိတစိတ်နဲ့ စာသင်တဲ့အလုပ်ကို ရွေးချယ်ကြတယ်။ ဆရာဆိုတာ စေတနာ၊ အကြင်နာ၊ အနစ်နာ – နာ (၃)နာနဲ့ရင်းပြီး သင်ကြားရတယ်ဆိုပြီးလည်း ပြောတတ်ကြတယ်။
သင်တန်းတက်ထားတဲ့ ဆရာ၊မ၊ သင်ကြားရေးနဲ့ ဘွဲ့ရထားတဲ့ ဆရာမ၊ ဘာသင်တန်းမှမရဘဲ သင်နေတဲ့ ဆရာမ၊ အစိုးရ ဆရာမ၊ ဘက ဆရာမ စသည်ဖြင့် ဆရာ၊မတွေ ကြားထဲမှာလည်း label (အညွှန်းတွေ ဂုဏ်ပုဒ်တွေ) တပ်ပြီး ရှုပ်ထွေးမှုတွေ ရှိသေးတယ်။ မြန်မာပြည်မှာ ဆရာ၊မတွေကို ရှုမြင်သုံးသပ်ပုံတွေက အမျိုးမျိုးရှိကြသလို ဆရာ၊မတွေ ဆရာ၊မဖြစ်လာရတဲ့ အကြောင်းရင်းတွေကလည်း မတူညီကြပါဘူး။
၂၁ ရာစုမှာ ကျွန်မတို့တတွေ ဆရာ၊မတွေရဲ့ အခန်းကဏ္ဍကို အဓိပ္ပါယ်ကို ပြန်လည် ဖွင့်ဆိုကြဖို့လိုပါပြီ။ ခေတ်တွေ စနစ်တွေ အကူးအပြောင်းကာလမှာ မိဘတွေ ဘက်ကရော လူမှုအသိုင်းအဝန်းထဲက လူတွေအနေနဲ့ရော၊ ဆရာ၊မတွေ ကိုယ်တိုင်ကရော ရှုထောင့်တွေ ပေါင်းစုံကနေ မရေရာ မသေချာမှုတွေကို မြင်နေရပါတယ်။
လတ်တလောအခြေအနေနဲ့ ပတ်သတ်ပြီး ကျွန်မ အတွေးလေး (၃)ခု မျှဝေချင်ပါတယ်။
၁) မိဘ+ဆရာ၊မ + ပတ်ဝန်းကျင် ကောင်းမှ ကလေးပညာကောင်းမယ်။
မိဘ ၂ ယောက် ရှိတဲ့ အိမ်မှာ ကလေး ၁ ယောက်ရှိရင် အဲဒီ့ကလေးရဲ့ ဝေယျာဝစ္စအပြင် အခြား ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက်ပါ စဉ်းစားရတာ မလွယ်ကူပါဘူး။ အဲ့လို မလွယ်ကူတဲ့ ကလေးပေါင်းများစွာဟာ စာသင်ခန်းကို ရောက်လာပါတယ်။ ကလေးတစ်ယောက်ချင်းစီရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ စိတ်နေသဘောထား၊ ကျွမ်းကျင်တတ်မြောက်မှု၊ အသိပညာဗဟုသုတ စတဲ့ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ဖို့သည် အဲဒီ့အတန်းရဲ့ ဆရာ၊မ နဲ့ ကျောင်းတာဝန်ခံတွေရဲ့ တာဝန်အဖြစ် ယူရပါတယ်။ ကလေးက ကျောင်းမှာ ၈ နာရီကနေ ၉ နာရီ အများဆုံး နေပါလိမ့်မယ်။ ကျန်နေတဲ့ ၁၅ နာရီ ၁၆ နာရီဟာ မိဘ (သို့) အခြား သူတွေနဲ့ အတူရှိနေပါမယ်။ ဆိုတော့ ကလေးကို ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ကျောင်းက ဆရာ၊မနဲ့တင်မရတော့ပါဘူး။ ကလေးနဲ့အတူ ရှိနေနိုင်တဲ့ သူတွေ အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဆရာ၊မ သင်ကြားနည်းစနစ်ပြောင်းရုံနဲ့ ကလေးက အလုံးစုံ တိုးတက်ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ အိမ်က မိဘတွေ၊ ပတ်ဝန်းကျင် အသိုင်းအဝန်းရဲ့ ကောင်းမွန်သော အပြုအမူတွေကလည်း အရေးပါပါတယ်။
၂)ဆရာ၊မ ဆိုတိုင်း မမှန်နိုင်ပါဘူး။
ကျွန်မတို့ ဆရာ၊မတွေဟာလည်း သာမာန်လူသားတွေပါ။ မှားတဲ့အခါလည်း ရှိနိုင်တာပါပဲ။ မှန်တဲ့အခါလည်း ရှိတာပါပဲ။ အတတ်နိုင်ဆုံး ကိုယ်သင်မယ့်ဘာသာရပ်အကြောင်းအရာတွေကို အမှန်ကန်ဆုံးဖြစ်အောင် သင်ပေးဖို့ လေ့လာနေရမှာ ဆရာ၊မတွေရဲ့ တာဝန်ပါ။ လေ့လာထားရဲ့သားနဲ့ မှားသွားတဲ့အခါမှာလည်း မှားကြောင်း ပြောရဲဖို့လိုပါတယ်။ ဆရာ၊မတွေဟာ အမြဲ မှန်ရမယ် ဆိုတဲ့ လက်စွဲ အတွေးကြောင့် မှားရင်လည်း မှန်သယောင် လုပ်တာမျိုး မဖြစ်သင့်ပါ။ တစ်ဖက်စွန်းမရောက်ဖို့လည်း လိုပါတယ်။ ဆရာ၊မတွေက တစ်လွဲတွေချည်းလုပ်နေတယ်ဆိုတာကို တထစ်ချ အမြဲ ယုံကြည်နေတာမျိုးလည်း ကျွန်မ လက်မခံပါဘူး။ မှန်တဲ့အခါမှန်သလို၊ မှားတဲ့အခါမှားကြမှာပါပဲ။ အခုကျွန်မတို့ပတ်ဝန်းကျင်က ဆရာ၊မတွေမှားမှပဲ ဝိုင်းထောက်ပြကြ ဆဲကြတာတွေများတယ်။ ကျွန်မအမြင်ကတော့ မှားနေရင် ဘာကြောင့်မှားသွားတာလဲ၊ မှန်အောင် ဘယ်လိုပြန်လုပ်နိုင်ဖို့ တတ်နိုင်သလောက်ကူညီပံ့ပိုးပေးရမှာ။ မှန်နေရင် ကောင်းနေရင်လည်း အသိမှတ်ပြုမှုတွေပေးရမှာ။
၃) သင်ကြားခြင်း သက်မွေးဝမ်းကြောင်းတစ်ခုပဲ မွန်မြတ်တာ မဟုတ်ပါဘူး။
ကျွန်မတို့ဆီမှာ ဆရာဝန်ဖြစ်ရင် ဖြစ်၊ မဖြစ်ရင် အင်ဂျင်နီယာဖြစ်ဖြစ် ဆရာ၊မဖြစ်ဖြစ် ဖြစ်စေချင်ကြတယ်။ သိပ်မှားတဲ့ အတွေးလို့ ကျွန်မမြင်တယ်။ စဉ်းစားကြည့်ပါ။ ကမ္ဘာပေါ်မှာ ဆရာဝန်တွေကြည့်ပဲရှိပြီး နည်းပညာသမားတွေ၊ တီထွင်ဖန်တီးသူတွေ၊ ချက်ပြုတ်သူတွေ၊ သန့်ရှင်းရေးသမားတွေ၊ ဈေးသည်တွေ မရှိလို့ ရပါသလား။ မရပါဘူးနော်။ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့လုပ်ငန်းတိုင်းဟာ အရေးပါ အရာရောက်ပါတယ်။ လစာအရမ်းကောင်းတဲ့ ဝန်ထမ်းမှ အရေးပါတာ မဟုတ်ပါဘူး။ လူတိုင်း ကျေပွန်အောင် ထမ်းဆောင်ရမယ့် တာဝန်တွေရှိနေပြီးသားပါ။ ဘယ်အလုပ်ကိုမဆို စေတနာထည့်ပြီး အများအကျိုးအတွက် စဉ်းစားလုပ်ကိုင်ရင် မွန ်မြတ်တဲ့ လုပ်ငန်းဖြစ်မှာပါ။ တစ်ကယ် အကျိုးပြုတဲ့၊ အရေးပါတဲ့ ဒီသင်ကြားရေးလုပ်ငန်းလုပ်နေတဲ့ ဆရာ၊မတွေကိုလည်း လေးစားတန်ဖိုးထားဖို့လိုပါတယ်။ အကယ်၍ မလေးစားနိုင်ဘူး ဆိုရင်တောင် မစော်ကားဖို့လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ လူတိုင်းမှာ တန်ဖိုးကိုယ်စီရှိသလို လုပ်ငန်းတာဝန်တွေတိုင်းမှာလည်း တန်ဖိုးကိုယ်စီရှိကြတယ်။
အချုပ်မှာ ကျွန်မ မျှဝေချင်တာကတော့ – ဆရာ၊မတွေကို ပါးစပ်ကနေ ရိုသေလေးစားကြောင်းပြရုံသာမက သူတို့ရဲ့ လုပ်ငန်းတာဝန်တွေကို တစ်ကယ်နားလည်အောင်လုပ်ပြီး လုပ်ရပ်အားဖြင့် တန်ဖိုးထားမှုကိုပြပါ။ ဆရာ၊မဆိုတိုင်း မမှန်နိုင်ပါဘူး။ မမှားအောင် ကြိုးစားသင်ယူပြင်ဆင်ဖို့လိုသလို မှားခဲ့ရင်လည်း မှားကြောင်း ပြောရဲဖို့လိုတယ်။ အဲဒီ့အတွက် ဆရာ၊မတွေရဲ့ လေ့လာမှုနဲ့ ဝန်ခံရဲတဲ့ သတ္တိလိုပါတယ်။ ပြီးရင် အရေးကြးီဆုံးက မိဘနဲ့ ဆရာ အပြင် ပတ်ဝန်းကျင်အသိုင်းအဝန်းကပါ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုကို ဂရုစိုက်ဖို့လိုပါတယ်။ ကလေးကို မလုပ်စေချင်တဲ့ပုံတွေကို လူကြီးတွေက မလုပ်ဖြစ်အောင် ရှောင်ဖို့လိုပါတယ်။ ဆရာ၊မတွေလည်း သူတို့ဒုက္ခတွေနဲ့ သူတို့ပါပဲ။ သူတို့အသံလေးတွေကိုလည်း နားထောင်ပြီး မျက်နှာလွှဲခဲပစ်တာမျိုးမဟုတ်ဘဲ ကိုယ်တိုင်ဘယ်လို ပူးပေါင်းပံ့ပိုးနိုင်မလဲဆိုတာ စဉ်းစားကြဖို့ အချိန်ရောက်ပါပြီ။ ကလေးတွေရဲ့ ပညာရေးဆိုတာ ဆရာ၊မတွေနဲ့သာ သက်ဆိုင်တာမဟုတ်ပါ။ ကလေးတွေဟာ ကျွန်မတို့ပါ။ ကလေးတွေကောင်းဖို့ ကျွန်မတို့ ကောင်းရမယ်။ ကလေးတွေတိုးတက်မှ ကျွန်မတို့တိုးတက်မယ်။ ကလေးတွေအတွက် ကျွန်မတို့ ရန်ဖြစ်တာတွေရပ်ပြီး ပူးပေါင်းကြရအောင်။
မေတ္တာဖြင့်……
Sayarma-ဆရာမ
[ Zawgyi ]
ကၽြန္မတို႔ ျမန္မာနိုင္ငံမွာ မိဘ၊ ဆရာ၊မ ဆိုတာ ဘုရားနဲ႔ တစ္ဂုဏ္းတည္းထားၿပီး အရိုေသေပးၾကတယ္လို႔ ဆိုပါတယ္။ ဘုရားရားရွိခိုးတဲ့အခါ လက္အုပ္မိုးၿပီး ႏႈတ္ကလည္း အာစရိယဂုေဏာ အေနေႏၲာ ဆိုၿပီး ရြတ္ဆို ဦးခ်ၾကတယ္။ မိန္းကေလးဆိုရင္ ေတာ္ေတာ္မ်ားမ်ား ေက်ာင္းဆရာမ လုပ္ေစခ်င္ၾကတယ္။ အိေျႏၵရတဲ့အလုပ္ျဖစ္တယ္။လူတန္းစားမေရြးေလးစားၾကတယ္၊ လူ႔အသိုင္းအဝန္းမွာ အေရးပါတဲ့ အခန္းက႑က ပါတယ္ စသည္ျဖင့္ေတြးထင္ၾကတယ္။ လစာနည္းမွန္းသိၾကတယ္၊ ဒါေပမယ့္ ပီတိကိုစား အားျဖစ္ရတယ္ ဆိုတဲ့ စကားေတြနဲ႔ ေတြးရင္း ေခၽြးသိပ္ၾကတယ္။ အစိုးရအလုပ္ဆိုရင္ အျပင္ေက်ာင္းေတြထက္ လစာ နည္းေပမယ့္ ပင္စင္လစာေလးရနိုင္ေခ်ရွိေတာ့ ေနာင္ေရးကို စိတ္ေအးၾကရတယ္ဆိုၿပီး အစိုးရအလုပ္ကို လုပ္ၾကတယ္။ တစ္ခ်ိဳ႕ေဒသေတြမွာ ကိုယ္တိုင္ စာမသင္ေပးရင္ အဲဒီ့ေဒသက ကေလးေတြ စာတတ္ဖို႔ အခြင့္အလမ္းနည္းပါးၾကေတာ့မွာမို႔ ပရဟိတစိတ္နဲ႔ စာသင္တဲ့အလုပ္ကို ေရြးခ်ယ္ၾကတယ္။ ဆရာဆိုတာ ေစတနာ၊ အၾကင္နာ၊ အနစ္နာ – နာ (၃)နာနဲ႔ရင္းၿပီး သင္ၾကားရတယ္ဆိုၿပီးလည္း ေျပာတတ္ၾကတယ္။
သင္တန္းတက္ထားတဲ့ ဆရာ၊မ၊ သင္ၾကားေရးနဲ႔ ဘြဲ႕ရထားတဲ့ ဆရာမ၊ ဘာသင္တန္းမွမရဘဲ သင္ေနတဲ့ ဆရာမ၊ အစိုးရ ဆရာမ၊ ဘက ဆရာမ စသည္ျဖင့္ ဆရာ၊မေတြ ၾကားထဲမွာလည္း label (အညႊန္းေတြ ဂုဏ္ပုဒ္ေတြ) တပ္ၿပီး ရႈပ္ေထြးမႈေတြ ရွိေသးတယ္။ ျမန္မာျပည္မွာ ဆရာ၊မေတြကို ရႈျမင္သုံးသပ္ပုံေတြက အမ်ိဳးမ်ိဳးရွိၾကသလို ဆရာ၊မေတြ ဆရာ၊မျဖစ္လာရတဲ့ အေၾကာင္းရင္းေတြကလည္း မတူညီၾကပါဘူး။
၂၁ ရာစုမွာ ကၽြန္မတို႔တေတြ ဆရာ၊မေတြရဲ့ အခန္းက႑ကို အဓိပၸါယ္ကို ျပန္လည္ ဖြင့္ဆိုၾကဖို႔လိုပါၿပီ။ ေခတ္ေတြ စနစ္ေတြ အကူးအေျပာင္းကာလမွာ မိဘေတြ ဘက္ကေရာ လူမႈအသိုင္းအဝန္းထဲက လူေတြအေနနဲ႔ေရာ၊ ဆရာ၊မေတြ ကိုယ္တိုင္ကေရာ ရႈေထာင့္ေတြ ေပါင္းစုံကေန မေရရာ မေသခ်ာမႈေတြကို ျမင္ေနရပါတယ္။
လတ္တေလာအေျခအေနနဲ႔ ပတ္သတ္ၿပီး ကၽြန္မ အေတြးေလး (၃)ခု မၽွေဝခ်င္ပါတယ္။
၁) မိဘ+ဆရာ၊မ + ပတ္ဝန္းက်င္ ေကာင္းမွ ကေလးပညာေကာင္းမယ္။
မိဘ ၂ ေယာက္ ရွိတဲ့ အိမ္မွာ ကေလး ၁ ေယာက္ရွိရင္ အဲဒီ့ကေလးရဲ့ ေဝယ်ာဝစၥအျပင္ အျခား ဖြံ့ၿဖိဳးတိုးတက္ေရးေတြအတြက္ပါ စဥ္းစားရတာ မလြယ္ကူပါဘူး။ အဲ့လို မလြယ္ကူတဲ့ ကေလးေပါင္းမ်ားစြာဟာ စာသင္ခန္းကို ေရာက္လာပါတယ္။ ကေလးတစ္ေယာက္ခ်င္းစီရဲ့ ဖြံ့ၿဖိဳးတိုးတက္မႈ၊ စိတ္ေနသေဘာထား၊ ကၽြမ္းက်င္တတ္ေျမာက္မႈ၊ အသိပညာဗဟုသုတ စတဲ့ က႑ေပါင္းစုံ ဖြံ့ၿဖိဳးတိုးတက္ဖို႔သည္ အဲဒီ့အတန္းရဲ့ ဆရာ၊မ နဲ႔ ေက်ာင္းတာဝန္ခံေတြရဲ့ တာဝန္အျဖစ္ ယူရပါတယ္။ ကေလးက ေက်ာင္းမွာ ၈ နာရီကေန ၉ နာရီ အမ်ားဆုံး ေနပါလိမ့္မယ္။ က်န္ေနတဲ့ ၁၅ နာရီ ၁၆ နာရီဟာ မိဘ (သို႔) အျခား သူေတြနဲ႔ အတူရွိေနပါမယ္။ ဆိုေတာ့ ကေလးကို ဘက္စုံဖြံ့ၿဖိဳးတိုးတက္ဖို႔ဆိုရင္ ေက်ာင္းက ဆရာ၊မနဲ႔တင္မရေတာ့ပါဘူး။ ကေလးနဲ႔အတူ ရွိေနနိုင္တဲ့ သူေတြ အားလုံးနဲ႔ သက္ဆိုင္ပါတယ္။ ဆရာ၊မ သင္ၾကားနည္းစနစ္ေျပာင္း႐ုံနဲ႔ ကေလးက အလုံးစုံ တိုးတက္ေျပာင္းလဲသြားမွာမဟုတ္ပါဘူး။ အိမ္က မိဘေတြ၊ ပတ္ဝန္းက်င္ အသိုင္းအဝန္းရဲ့ ေကာင္းမြန္ေသာ အျပဳအမူေတြကလည္း အေရးပါပါတယ္။
၂)ဆရာ၊မ ဆိုတိုင္း မမွန္နိုင္ပါဘူး။
ကၽြန္မတို႔ ဆရာ၊မေတြဟာလည္း သာမာန္လူသားေတြပါ။ မွားတဲ့အခါလည္း ရွိနိုင္တာပါပဲ။ မွန္တဲ့အခါလည္း ရွိတာပါပဲ။ အတတ္နိုင္ဆုံး ကိုယ္သင္မယ့္ဘာသာရပ္အေၾကာင္းအရာေတြကို အမွန္ကန္ဆုံးျဖစ္ေအာင္ သင္ေပးဖို႔ ေလ့လာေနရမွာ ဆရာ၊မေတြရဲ့ တာဝန္ပါ။ ေလ့လာထားရဲ့သားနဲ႔ မွားသြားတဲ့အခါမွာလည္း မွားေၾကာင္း ေျပာရဲဖို႔လိုပါတယ္။ ဆရာ၊မေတြဟာ အျမဲ မွန္ရမယ္ ဆိုတဲ့ လက္စြဲ အေတြးေၾကာင့္ မွားရင္လည္း မွန္သေယာင္ လုပ္တာမ်ိဳး မျဖစ္သင့္ပါ။ တစ္ဖက္စြန္းမေရာက္ဖို႔လည္း လိုပါတယ္။ ဆရာ၊မေတြက တစ္လြဲေတြခ်ည္းလုပ္ေနတယ္ဆိုတာကို တထစ္ခ် အျမဲ ယုံၾကည္ေနတာမ်ိဳးလည္း ကၽြန္မ လက္မခံပါဘူး။ မွန္တဲ့အခါမွန္သလို၊ မွားတဲ့အခါမွားၾကမွာပါပဲ။ အခုကၽြန္မတို႔ပတ္ဝန္းက်င္က ဆရာ၊မေတြမွားမွပဲ ဝိုင္းေထာက္ျပၾက ဆဲၾကတာေတြမ်ားတယ္။ ကၽြန္မအျမင္ကေတာ့ မွားေနရင္ ဘာေၾကာင့္မွားသြားတာလဲ၊ မွန္ေအာင္ ဘယ္လိုျပန္လုပ္နိုင္ဖို႔ တတ္နိုင္သေလာက္ကူညီပံ့ပိုးေပးရမွာ။ မွန္ေနရင္ ေကာင္းေနရင္လည္း အသိမွတ္ျပဳမႈေတြေပးရမွာ။
၃) သင္ၾကားျခင္း သက္ေမြးဝမ္းေၾကာင္းတစ္ခုပဲ မြန္ျမတ္တာ မဟုတ္ပါဘူး။
ကၽြန္မတို႔ဆီမွာ ဆရာဝန္ျဖစ္ရင္ ျဖစ္၊ မျဖစ္ရင္ အင္ဂ်င္နီယာျဖစ္ျဖစ္ ဆရာ၊မျဖစ္ျဖစ္ ျဖစ္ေစခ်င္ၾကတယ္။ သိပ္မွားတဲ့ အေတြးလို႔ ကၽြန္မျမင္တယ္။ စဥ္းစားၾကည့္ပါ။ ကမၻာေပၚမွာ ဆရာဝန္ေတြၾကည့္ပဲရွိၿပီး နည္းပညာသမားေတြ၊ တီထြင္ဖန္တီးသူေတြ၊ ခ်က္ျပဳတ္သူေတြ၊ သန႔္ရွင္းေရးသမားေတြ၊ ေဈးသည္ေတြ မရွိလို႔ ရပါသလား။ မရပါဘူးေနာ္။ ကၽြန္မတို႔ရဲ့ ေန႔စဥ္ဘဝမွာ ၾကဳံေတြ႕ေနရတဲ့လုပ္ငန္းတိုင္းဟာ အေရးပါ အရာေရာက္ပါတယ္။ လစာအရမ္းေကာင္းတဲ့ ဝန္ထမ္းမွ အေရးပါတာ မဟုတ္ပါဘူး။ လူတိုင္း ေက်ပြန္ေအာင္ ထမ္းေဆာင္ရမယ့္ တာဝန္ေတြရွိေနၿပီးသားပါ။ ဘယ္အလုပ္ကိုမဆို ေစတနာထည့္ၿပီး အမ်ားအက်ိဳးအတြက္ စဥ္းစားလုပ္ကိုင္ရင္ မြန ္ျမတ္တဲ့ လုပ္ငန္းျဖစ္မွာပါ။ တစ္ကယ္ အက်ိဳးျပဳတဲ့၊ အေရးပါတဲ့ ဒီသင္ၾကားေရးလုပ္ငန္းလုပ္ေနတဲ့ ဆရာ၊မေတြကိုလည္း ေလးစားတန္ဖိုးထားဖို႔လိုပါတယ္။ အကယ္၍ မေလးစားနိုင္ဘူး ဆိုရင္ေတာင္ မေစာ္ကားဖို႔လိုအပ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ လူတိုင္းမွာ တန္ဖိုးကိုယ္စီရွိသလို လုပ္ငန္းတာဝန္ေတြတိုင္းမွာလည္း တန္ဖိုးကိုယ္စီရွိၾကတယ္။
အခ်ဳပ္မွာ ကၽြန္မ မၽွေဝခ်င္တာကေတာ့ – ဆရာ၊မေတြကို ပါးစပ္ကေန ရိုေသေလးစားေၾကာင္းျပ႐ုံသာမက သူတို႔ရဲ့ လုပ္ငန္းတာဝန္ေတြကို တစ္ကယ္နားလည္ေအာင္လုပ္ၿပီး လုပ္ရပ္အားျဖင့္ တန္ဖိုးထားမႈကိုျပပါ။ ဆရာ၊မဆိုတိုင္း မမွန္နိုင္ပါဘူး။ မမွားေအာင္ ႀကိဳးစားသင္ယူျပင္ဆင္ဖို႔လိုသလို မွားခဲ့ရင္လည္း မွားေၾကာင္း ေျပာရဲဖို႔လိုတယ္။ အဲဒီ့အတြက္ ဆရာ၊မေတြရဲ့ ေလ့လာမႈနဲ႔ ဝန္ခံရဲတဲ့ သတၱိလိုပါတယ္။ ၿပီးရင္ အေရးၾကးီဆုံးက မိဘနဲ႔ ဆရာ အျပင္ ပတ္ဝန္းက်င္အသိုင္းအဝန္းကပါ ကေလးေတြရဲ့ ဖြံ့ၿဖိဳးမႈကို ဂ႐ုစိုက္ဖို႔လိုပါတယ္။ ကေလးကို မလုပ္ေစခ်င္တဲ့ပုံေတြကို လူႀကီးေတြက မလုပ္ျဖစ္ေအာင္ ေရွာင္ဖို႔လိုပါတယ္။ ဆရာ၊မေတြလည္း သူတို႔ဒုကၡေတြနဲ႔ သူတို႔ပါပဲ။ သူတို႔အသံေလးေတြကိုလည္း နားေထာင္ၿပီး မ်က္ႏွာလႊဲခဲပစ္တာမ်ိဳးမဟုတ္ဘဲ ကိုယ္တိုင္ဘယ္လို ပူးေပါင္းပံ့ပိုးနိုင္မလဲဆိုတာ စဥ္းစားၾကဖို႔ အခ်ိန္ေရာက္ပါၿပီ။ ကေလးေတြရဲ့ ပညာေရးဆိုတာ ဆရာ၊မေတြနဲ႔သာ သက္ဆိုင္တာမဟုတ္ပါ။ ကေလးေတြဟာ ကၽြန္မတို႔ပါ။ ကေလးေတြေကာင္းဖို႔ ကၽြန္မတို႔ ေကာင္းရမယ္။ ကေလးေတြတိုးတက္မွ ကၽြန္မတို႔တိုးတက္မယ္။ ကေလးေတြအတြက္ ကၽြန္မတို႔ ရန္ျဖစ္တာေတြရပ္ၿပီး ပူးေပါင္းၾကရေအာင္။
ေမတၱာျဖင့္……
Sayarma-ဆရာမ