[Unicode]
ဆရာ၊ ဆရာမတွေဆိုတာ တစ်စုံတစ်ယောက် တစ်ခုခု သိသွား၊ တတ်သွား ပြီး အကောင်းဖက်ကို တွေးတတ်ဖို့၊ အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေ ပိုလုပ်နိုင်ဖို့ သင်ယူမှုလုပ်ငန်းတွေကို ဖန်တီးပေးကြရတယ်၊ ပံ့ပိုးပေးကြရတယ်၊ တစ်ခါတစ်လေ သင်ပေး၊ ပြပေးရတယ်။ ဒါကြောင့် အလွန်အရေးကြီးတဲ့ တာဝန်တွေယူထားရတဲ့ ဆရာ၊မတွေမှာ Professional Knowledge (လုပ်ငန်းဆိုင်ရာ ဗဟုသုတ)၊ Professional Practice (လုပ်ငန်းဆိုင်ရာ တတ်ကျွမ်းမှု)နဲ့ Professional Engagement (လုပ်ငန်းဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှု) ဆိုတဲ့ အချက်သုံးချက်ကို အလေးထားဖို့လိုပါတယ်။ဒါကြောင့် နိုင်ငံ တိုင်းမှာ ဆရာ၊မတွေရဲ့ တတ်ကျွမ်းမှုစံနှုန်းတွေကို ပုံစံအမျိုးမျိုးနဲ့ တိုင်းတာပါတယ်။ ဥပမာအနေနဲ့ သြစတျေးလျနိုင်ငံမှာ အသုံးပြုတဲ့ ဆရာတွေရဲ့ တတ်ကျွမ်းမှု စံနှုန်းတွေကို ကိုးကားပြီး Sayarma-ဆရာမ စာမျက်နှာမှာ ဖတ်မိကြမယ့် ဆရာ၊မတွေလည်း ကိုယ့်ရဲ့ တတ်ကျွမ်းမှု စံနှုန်းက ဘယ်လောက်ရှိနေပြီ လဲ ဆိုတာ တိုင်းတာနိုင်အောင် ဖေါ်ပြပေးပါ့မယ်။
စံနှုနး်တွက်ချက်ပုံကတော့ ကျွန်မ တင်ပြထားတဲ့ ခေါင်းစဉ် ၃ ခုရဲ့ ခေါင်းစဉ်ခွဲလေးတွေကို အမှတ်ပေးရမှာပါ။ အချက်အလက်တွေကို ဖတ်ပါ။ ဖတ်ပြီး အဲဒီ့အချက်ကို ကိုယ့်ရဲ့ သိမှု၊တတ်မှုအပေါ်မူတည်ပြီး အမှတ်ပေးပါ။ ၀ ကနေ ၅ အတွင်းပေးပါ။
၀ ဆိုရင် ဘာမှမသိဘူး၊ မတတ်ဘူး၊ စဉ်းတောင်မစဉ်းစားဖူးဘူး။ ၅ ဆိုရင် နက်နက်နဲနဲ ကျွမ်းကျွမ်းကျင်ကျင်သိတယ်၊ တတ်တယ်၊ အခြားသူကိုတောင် သေသေချာချာ ပြန်သင်ပေးနိုင်တယ်။ ဆိုတော့ ကိုယ်က ၁ လောက်သိရင် ၁ ပေးပေါ့။ ၄ လောက်သိရင် ၄ ပေးပေါ့။ စံနှုန်းတွေထဲမှာ လုပ်ငန်းဆိုင်ရာ ဗဟုသုတအတွက် ၆၀ မှတ်၊ တက်ကျွမ်းမှုအတွက် ၈၅ မှတ်၊ ဆက်သွယ်ဆောင်ရွက်မှုအတွက် ၄ဝမှတ် – အားလုံးစုစုပေါင်း ၁၈၅မှတ်။ အဆုံးထိဖတ်ပြီးသွားရင် – ဘယ်အပိုင်းမှာ အမှတ်နည်းနေလဲ၊ ဘယ်အပိုင်းကို တိုးတက်အောင် လုပ်ချင်လဲဆိုတာမျှဝေပေးပါဦး။
လုပ်ငန်းဆိုင်ရာ ဗဟုသုတ (Professional Knowledge)
————————————————————–
ဗဟုသုတအပိုင်းမှာ ကလေးတွေအကြောင်းနဲ့ သင်ခန်းစာအပိုင်းဆိုပြီး နှစ်ပိုင်းခွဲထားပါတယ်။
၁။ ကိုယ်သင်နေတဲ့ ကျောင်းသားတွေ အကြောင်း၊ သူတို့တစ်ဦးချင်းစီရဲ့ သင်ယူပုံစံတွေ အကြောင်း (၃၀ မှတ်)
၁.၁ – ကလေးတွေရဲ့ ရုပ်ပိုင်း၊ လူမှုရေးပိုင်း၊ ဉာဏ်ပညာပိုင်းစတာတွေအပြင် ကလေးတွေရဲ့ ဝိသေသလက္ခဏာတွေအကြောင်းကို သိတယ်။
၁.၂ – ကလေးတွေရဲ့ သင်ယူမှုပုံစံကို နားလည်တယ်။
၁.၃ – ကလေးတွေရဲ့ မတူညီတဲ့ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဘာသာတရားနဲ့ လူမှုဝန်းကျင်နောက်ခံတွေ အားလုံးကို သိတယ်။
၁.၄ – တိုင်းရင်းသားကလေးတွေ၊ လူနည်းစုအကြောင်းတွေကိုလည်း သိထားတယ်။
၁.၅ – ဉာဏ်ရည်၊ စွမ်းရည် မတူညီကြတဲ့ ကလေးတွေရဲ့ သင်ယူမှုလိုအပ်ချက်တွေကို ပြည့်မီနိုင်မယ့် မတူညီတဲ့ သင်ကြားနည်းစနစ်တွေကို သိတယ်။
၁.၆ – ကိုယ်ခန္ဓာမသန်စွမ်းတဲ့ ကလေးတွေလည်း ပါဝင်နိုင်စေမယ့် သင်ကြားနည်းစနစ်တွေကို သိတယ်။
၂။ ကိုယ်သင်ရမယ့်ဘာသာရပ်အကြောင်း၊ ဘယ်လိုထိရောက်စွာ သင်ရမလဲဆိုတဲ့အကြောင်း (၃၀ မှတ်)
၂.၁ – ကိုယ်သင်ရမယ့် ခေါင်းစဉ်တွေ၊ ဘာသာရပ်တွေအကြောင်းနဲ့ အဲဒီ့အရာတွေကို ဘယ်လိုသင်ရင် အကောင်းဆုံးဖြစ်မယ်ဆိုတဲ့ နည်းစနစ်တွေကိုသိတယ်။
၂.၂ – ကလေးတွေနဲ့ ကိုက်ညီသော ခေါင်းစဉ်နဲ့ သင့်တော်သော ခေါင်းစဉ် အစီအစဉ်ချထားမှု ဘယ်လိုလုပ်ရမယ်ဆိုတာသိတယ်။
၂.၃ – ကိုယ်သုံးရမယ့် သင်ရိုးညွှန်းတမ်းအကြောင်း၊ စစ်ဆေးအကဲဖြတ်မှုပုံစံတွေနဲ့ အစီရင်ခံစာတင်ပြခြင်းတွေအကြောင်း သိတယ်။
၂.၄ – ကိုယ့်နိုင်ငံအတွင်းက လူမျိုးကြီးတွေနဲ့ လူနည်းစုတွေအကြောင်း အပြင် သူတိုတွေ သွေးမကွဲစေဖို့၊ ပိုပြီး စည်းလုံးစေဖို့ အချင်းချင်းအပြန်အလှန် နားလည်လေးစားအောင် ဘယ်လို သင်ရမယ်ဆိုတာ နားလည်တယ်။
၂.၅ – အရေး၊အဖတ်၊ အတွက်အချက် အတွက် ထိရောက်သော သင်ကြားနည်းစနစ်တွေကိုသိတယ်။
၂.၆ – ICT နည်းပညာတွေကို သိတယ်။ အသုံးပြုတတ်တယ်။
လုပ်ငန်းပိုင်းဆိုင်ရာ တတ်ကျွမ်းအသုံးချနိုင်မှု (Professional Practice)
—————————————————————————–
တတ်ကျွမ်းမှုအပိုင်းမှာ ၃ ပိုင်းထပ်ခွဲထားပါတယ်။ သင်ခန်းစာရေးဆွဲပြင်ဆင်ခြင်း၊ စာသင်ခန်းစီမံခန့်ခွဲခြင်းနဲ့ စစ်ဆေးအကဲဖြတ်ခြင်းကို အဓိက ထည့်သွင်းထားပါတယ်။
၃) သင်ယူမှုဖြစ်စဉ် ထိရောက်စေဖို့ လက်တွေ့ဘယ်လို လုပ်မယ်ဆိုတဲ့ သင်ခန်းစာ အစီအစဉ်ရေးဆွဲခြင်း (၃၅ မှတ်)
၃.၁ – ကလေးတွေအတွက် မလွယ်လွန်း၊မခက်လွန်းသော သင်ယူမှုရည်ရွယ်ချက်များ၊ ဦးတည်ချက်များ ချတတ်သည်။
၃.၂ – ကိုယ်သင်ရမယ့် စာတွေကို ပြင်ဆင်ရေးဆွဲနိုင်တယ်၊ ဘယ်ခေါင်းစဉ်အရင်လာပြီး ဘယ်ခေါင်းစဉ်ကို နောက်ကျမှသင်မယ်ဆိုတဲ့ အစီစဉ်တွေကိုချတတ်တယ်။
၃.၃ – ထိရောက်တဲ့ သင်ကြားနည်းစနစ်တွေကို အသုံးပြုတယ်။
၃.၄ – ကလေးတွေနဲ့ သင်ခန်းစာနဲ့ ကိုက်ညီမယ့် သင်ထောက်ကူပစ္စည်းတွေကို ရွေးချယ်နိုင်တယ်၊ အသုံးပြုတတ်တယ်။
၃.၅ – စာသင်ခန်းထဲမှာ ကလေးတွေနဲ့ ထိရောက်စွာ ပြောဆိုဆက်သွယ်နိုင်တယ်။
၃.၆ – ကိုယ့်ရဲ့ သင်ကြားမှုကို ပြန်လည် သုံးသပ်ပြီး ပိုတိုးတက်အောင် ပြင်ဆင်နိုင်တယ်။
၃.၇ – အုပ်ထိန်းသူတွေ မိဘတွေနဲ့ ပညာရေးအကြောင်း၊ ကလေးရဲ့ သင်ယူမှုတွေအကြောင်း ကောင်းမွန်စွာ ဆွေးနွေးနိုင်တယ်။
၄) ကိုယ့်စာသင်ခန်းဟာ ကလေးတွေအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်း နှစ်မျိုးလုံး လှုံခြုံမှုပေးနိုင်အောင် ဖန်တီးခြင်း၊ထိန်းသိမ်းခြင်း (၂၅ မှတ်)
—————————————————————
၄.၁ – ကလေးတွေကို ပါဝင်လာအောင် ပံ့ပိုးနိုင်တယ်။
၄.၂ – သင်ယူမှုလုပ်ငန်းတွေကို သေသေချာချာ စီမံခန့်ခွဲနိုင်တယ်။
၄.၃ – ထိန်းဖို့ ခက်ခဲတဲ့ အပြုအမူတွေကိုလည်း စီမံနိုင်တယ်
၄.၄ – စိတ်ပိုင်း၊ ရုပ်ပိုင်း လုံခြုံမှုရှိနေအောင် ထိန်းသိမ်းထားနိုင်တယ်။
၄.၅ – နည်းပညာတွေကို တာဝန်ယူမှုရှိရှိ၊ အကျိုးရှိရှိ၊ လုံလုံခြုံခြုံအသုံးပြုနိုင်တယ်။
၅) စစ်ဆေးအကဲဖြတ်ခြင်း၊ အစီရင်ခံခြင်း၊ အပြုသဘောဆောင်သော အကြံပြုချက်ပေးခြင်း (၂၅ မှတ်)
၅.၁ – ကလေးတွေရဲ့ သင်ယူမှုကို စစ်ဆေးတတ်တယ်။
၅.၂ – ကလေးတွေရဲ့ သင်ယူမှုအပေါ် အပြုသဘော အကြံပြုချက်တွေ ပေးတတ်တယ်။
၅.၃ – အစဉ်အဆက်ပြောင်းလဲလာသော ရလဒ်များအပေါ် သုံးသပ်ချက်ကို ထိရောက်စွာ ပေးနိုင်တယ်။
၅.၄ – ကလေးတွေရဲ့ အချက်အလက်တွေ၊ သင်ယူမှုအထောက်အထားတွေကို ကြည့်ပြီး အခြေအနေကို သုံးသပ်အကဲဖြတ်နိုင်တယ်။
၅.၅ – ကလေးတွေရဲ့ အောင်မြင်တိုးတက်မှုမှတ်တမ်းတွေကို အစီရင်ခံတတ်တယ်။
လုပ်ငန်းဆိုင်ရာ ဆက်သွယ် ဆောင်ရွက်မှု (Professional Practice)
————————————————————————
ဆက်သွယ်ဆောင်ရွက်မှုအပိုင်းမှာ ဆရာ၊မတွေကိုယ်တိုင်သင်ယူမှုမှာ ပါဝင်ဆောင်ရွက်ခြင်းနဲ့ အခြားလုပ်ဖေါ်ကိုင်ဖက်၊ မိဘတွေနဲ့ အပြန်အလှန်ဆက်သွယ်ခြင်းအကြောင်းဆိုပြီး နှစ်ပိုင်းခွဲထားပါတယ်။
၆) သင်ယူမှုတွင် ပါဝင်ဆောင်ရွက်ခြင်း (၂၀ မှတ်)
၆.၁ – ကိုယ်တိုင် ဘယ်နေရာမှာ ထပ်ပြီး သင်ယူဖို့လိုတယ်ဆိုတာကို ရှာဖွေတယ်၊ သင်ယူသင့်တဲ့အရာတွေကို သင်ယူနိုင်ဖို့ စီစဉ်တယ်။
၆.၂ – လက်တွေ့သင်ကြားရာမှာ တိုးတက်ဖို့အတွက် ကိုယ်တိုင်သင်ယူတဲ့အခါမှာလည်း စိတ်အားထက်သန်စွာလေ့လာတယ်။
၆.၃ – လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ သင်ကြားနည်းတိုးတက်ဖို့အတွက် ဗဟုသုတတွေ ဖလှယ်ကြတယ်၊ ဆွေးနွေးကြတယ်။
၆.၄ – သင်ယူခဲ့ရတဲ့ အချက်တွေကို လက်တွေ ပြန်လည် အသုံးချတယ်၊ လေ့ကျင့်တယ်။
၇) ကလေးမိဘ၊ လုပ်ဖေါ်ကိုင်ဖက်၊ ရပ်မိရပ်ဖတွေနဲ့ အပြန်အလှန် ဆက်သွယ်ခြင်း (၂၀ မှတ်)
၇.၁ – ဆရာ၊မတွေစောင့်ထိန်းအပ်တဲ့ ကျင့်ဝတ်သိက္ခာတွေကို စောင့်ထိန်း လိုက်နာတယ်။
၇.၂ – ကျောင်း၊ရပ်ရွာ၊ နိုင်ငံတော် စတာတွေချမှတ်ထားတဲ့ စည်းမျဉ်းဥပဒေကို သိရှိနားလည်တယ်။ ဥပဒေနဲ့မကင်းလွတ်တဲ့အလုပ်တွေကို ရှောင်ရှားတယ်။
၇.၃ – အုပ်ထိန်းသူမိဘတွေနဲ့ ကောင်းမွန်သော ရင်းနှီးမှုတစ်ခုတည်ဆောက်နိုင်မယ့် နည်းစနစ်တွေ၊ ထိရောက်စွာ ပူးပေါင်းလုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို သိနားလည်တယ်။
၇.၄ – ဆရာ၊မတွေရဲ့ ပညာရေးဆိုင်ရာ အဖွဲ့လိုက်ဆွေးနွေးမှုတွေ၊ သင်ကြားရေးတိုးတက်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း စတဲ့ လုပ်ငန်းနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေ ပွဲတွေမှာ ပါဝင်တယ်။
ကဲ… အခုဆိုရင် ၂၀၁၈ ခုနှစ်ရဲ့ နောက်ဆုံး စနေနေ့ကို ရောက်လာပါပြီ။ ဆရာ၊မတွေလည်း ၂၀၁၉ မှာ ဘာတွေ လုပ်မယ်၊ ဘာတွေ လေ့လာချင်တယ်ဆိုတာ သိတဲ့သူတွေလည်းရှိချင်ရှိမယ်၊ ကိုယ်ဘာသိနေလဲ ဆိုတာ မသိတဲ့သူတွေလည်းရှိနိုင်တယ်။ အခု ကျွန်မ မျှဝေထားတဲ့ စံသံမှတ်ချက်တွေကို ကြည့်ပြီး အခြား နိုင်ငံတွေမှာ ရှိတဲ့ ဆရာ၊မတွေ သိသင့်၊သိထိုက်တာတွေကို ကိုးကားပြီး ကိုယ်တိုင်က ဘယ်အချက်မှာ အရမ်းသိနေလည်း၊ ဘယ်အချက်ကိုတော့ သိဖို့ လေ့လာဖိုက လိုသေးလည်း ဆိုတာကို ပြန်လည် သုံးသပ်ကြည့်ပါ။ ပြီးရင် ၂၀၁၉ မှာ ဘယ်အချက်ကို ပိုပြီး သိလာအောင်လုပ်မယ်၊ ဘယ်အချက်ကိုတော့ ပို ကျွမ်းသွားအောင် လေ့ကျင့်မယ်ဆိုတာလေး ကျွန်မကို မျှဝေပေးပါ။ အားလုံး နှစ်သစ်မှာ သိသင့်သိထိုက်တာတွေ သိကြပြီး တတ်သင်တတ်ထိုက်တဲ့ ကောင်းသော အပြုအမှု ကျွမ်းကျင်မှုတွေ ရဖို့ ခြေလှမ်းတွေ လှမ်းနိုင်ကြပါစေလို့ ဆုတောင်းရင်း …..
Happy New Year! နောင်နှစ်မှ ပြန်ဆုံမယ်နော်!
မေတ္တာဖြင့်…
Sayarma-ဆရာမ
အသေးစိတ်ပိုလေ့လာချင်ရင် – https://www.aitsl.edu.au/teach/standards
Photo credit – Aye Thaung
[Zawgyi]
ဆရာ၊ ဆရာမေတြဆိုတာ တစ္စံုတစ္ေယာက္ တစ္ခုခု သိသြား၊ တတ္သြား ျပီး အေကာင္းဖက္ကို ေတြးတတ္ဖို႕၊ အျပဳသေဘာေဆာင္တဲ့ လုပ္ရပ္ေတြ ပိုလုပ္နုိင္ဖို႕ သင္ယူမွဳလုပ္ငန္းေတြကို ဖန္တီးေပးၾကရတယ္၊ ပံ့ပိုးေပးၾကရတယ္၊ တစ္ခါတစ္ေလ သင္ေပး၊ ျပေပးရတယ္။ ဒါေၾကာင့္ အလြန္အေရးၾကီးတဲ့ တာဝန္ေတြယူထားရတဲ့ ဆရာ၊မေတြမွာ Professional Knowledge (လုပ္ငန္းဆိုင္ရာ ဗဟုသုတ)၊ Professional Practice (လုပ္ငန္းဆုိင္ရာ တတ္ကၽြမ္းမွဳ)နဲ႕ Professional Engagement (လုပ္ငန္းဆုိင္ရာ ဆက္သြယ္ေဆာင္ရြက္မွဳ) ဆိုတဲ့ အခ်က္သံုးခ်က္ကို အေလးထားဖုိ႕လိုပါတယ္။ဒါေၾကာင့္ နုိင္ငံ တိုင္းမွာ ဆရာ၊မေတြရဲ႕ တတ္ကၽြမ္းမွဳစံႏွုန္းေတြကို ပံုစံအမ်ိဳးမ်ိဳးနဲ႕ တိုင္းတာပါတယ္။ ဥပမာအေနနဲ႕ ျသစေတ်းလ်နုိင္ငံမွာ အသံုးျပဳတဲ့ ဆရာေတြရဲ႕ တတ္ကၽြမ္းမွဳ စံႏွုန္းေတြကို ကိုးကားျပီး Sayarma-ဆရာမ စာမ်က္ႏွာမွာ ဖတ္မိၾကမယ့္ ဆရာ၊မေတြလည္း ကိုယ့္ရဲ႕ တတ္ကၽြမ္းမွဳ စံႏွုန္းက ဘယ္ေလာက္ရွိေနျပီ လဲ ဆိုတာ တုိင္းတာနိုင္ေအာင္ ေဖၚျပေပးပါ့မယ္။
စံႏွဳနး္တြက္ခ်က္ပံုကေတာ့ ကၽြန္မ တင္ျပထားတဲ့ ေခါင္းစဥ္ ၃ ခုရဲ႕ ေခါင္းစဥ္ခြဲေလးေတြကို အမွတ္ေပးရမွာပါ။ အခ်က္အလက္ေတြကို ဖတ္ပါ။ ဖတ္ျပီး အဲဒီ့အခ်က္ကို ကိုယ့္ရဲ႕ သိမွဳ၊တတ္မွုအေပၚမူတည္ျပီး အမွတ္ေပးပါ။ ၀ ကေန ၅ အတြင္းေပးပါ။
၀ ဆိုရင္ ဘာမွမသိဘူး၊ မတတ္ဘူး၊ စဥ္းေတာင္မစဥ္းစားဖူးဘူး။ ၅ ဆိုရင္ နက္နက္နဲနဲ ကၽြမ္းကၽြမ္းက်င္က်င္သိတယ္၊ တတ္တယ္၊ အျခားသူကိုေတာင္ ေသေသခ်ာခ်ာ ျပန္သင္ေပးနုိင္တယ္။ ဆိုေတာ့ ကိုယ္က ၁ ေလာက္သိရင္ ၁ ေပးေပါ့။ ၄ ေလာက္သိရင္ ၄ ေပးေပါ့။ စံႏွုန္းေတြထဲမွာ လုပ္ငန္းဆိုင္ရာ ဗဟုသုတအတြက္ ၆၀ မွတ္၊ တက္ကၽြမ္းမွုအတြက္ ၈၅ မွတ္၊ ဆက္သြယ္ေဆာင္ရြက္မွုအတြက္ ၄၀မွတ္ – အားလံုးစုစုေပါင္း ၁၈၅မွတ္။ အဆံုးထိဖတ္ျပီးသြားရင္ – ဘယ္အပိုင္းမွာ အမွတ္နည္းေနလဲ၊ ဘယ္အပိုင္းကို တုိးတက္ေအာင္ လုပ္ခ်င္လဲဆိုတာမွ်ေဝေပးပါဦး။
လုပ္ငန္းဆုိင္ရာ ဗဟုသုတ (Professional Knowledge)
————————————————————–
ဗဟုသုတအပုိင္းမွာ ကေလးေတြအေၾကာင္းနဲ႕ သင္ခန္းစာအပုိင္းဆိုျပီး ႏွစ္ပုိင္းခြဲထားပါတယ္။
၁။ ကိုယ္သင္ေနတဲ့ ေက်ာင္းသားေတြ အေၾကာင္း၊ သူတို႕တစ္ဦးခ်င္းစီရဲ႕ သင္ယူပံုစံေတြ အေၾကာင္း (၃၀ မွတ္)
၁.၁ – ကေလးေတြရဲ႕ ရုပ္ပုိင္း၊ လူမွဳေရးပုိင္း၊ ဥာဏ္ပညာပိုင္းစတာေတြအျပင္ ကေလးေတြရဲ႕ ဝိေသသလကၡဏာေတြအေၾကာင္းကို သိတယ္။
၁.၂ – ကေလးေတြရဲ႕ သင္ယူမွဳပံုစံကို နားလည္တယ္။
၁.၃ – ကေလးေတြရဲ႕ မတူညီတဲ့ ဘာသာစကား၊ ယဥ္ေက်းမွဳ၊ ဘာသာတရားနဲ႕ လူမွဳဝန္းက်င္ေနာက္ခံေတြ အားလံုးကို သိတယ္။
၁.၄ – တုိင္းရင္းသားကေလးေတြ၊ လူနည္းစုအေၾကာင္းေတြကိုလည္း သိထားတယ္။
၁.၅ – ဥာဏ္ရည္၊ စြမ္းရည္ မတူညီၾကတဲ့ ကေလးေတြရဲ႕ သင္ယူမွဳလိုအပ္ခ်က္ေတြကို ျပည့္မီနုိင္မယ့္ မတူညီတဲ့ သင္ၾကားနည္းစနစ္ေတြကို သိတယ္။
၁.၆ – ကုိယ္ခႏၶာမသန္စြမ္းတဲ့ ကေလးေတြလည္း ပါဝင္နုိင္ေစမယ့္ သင္ၾကားနည္းစနစ္ေတြကို သိတယ္။
၂။ ကိုယ္သင္ရမယ့္ဘာသာရပ္အေၾကာင္း၊ ဘယ္လိုထိေရာက္စြာ သင္ရမလဲဆိုတဲ့အေၾကာင္း (၃၀ မွတ္)
၂.၁ – ကိုယ္သင္ရမယ့္ ေခါင္းစဥ္ေတြ၊ ဘာသာရပ္ေတြအေၾကာင္းနဲ႕ အဲဒီ့အရာေတြကို ဘယ္လိုသင္ရင္ အေကာင္းဆံဳးျဖစ္မယ္ဆိုတဲ့ နည္းစနစ္ေတြကိုသိတယ္။
၂.၂ – ကေလးေတြနဲ႕ ကိုက္ညီေသာ ေခါင္းစဥ္နဲ႕ သင့္ေတာ္ေသာ ေခါင္းစဥ္ အစီအစဥ္ခ်ထားမွဳ ဘယ္လိုလုပ္ရမယ္ဆိုတာသိတယ္။
၂.၃ – ကိုယ္သံုးရမယ့္ သင္ရိုးညႊန္းတမ္းအေၾကာင္း၊ စစ္ေဆးအကဲျဖတ္မွဳပံုစံေတြနဲ႕ အစီရင္ခံစာတင္ျပျခင္းေတြအေၾကာင္း သိတယ္။
၂.၄ – ကိုယ့္နိုင္ငံအတြင္းက လူမ်ိဳးၾကီးေတြနဲ႕ လူနည္းစုေတြအေၾကာင္း အျပင္ သူတိုေတြ ေသြးမကြဲေစဖို႕၊ ပိုျပီး စည္းလံုးေစဖို႕ အခ်င္းခ်င္းအျပန္အလွန္ နားလည္ေလးစားေအာင္ ဘယ္လို သင္ရမယ္ဆိုတာ နားလည္တယ္။
၂.၅ – အေရး၊အဖတ္၊ အတြက္အခ်က္ အတြက္ ထိေရာက္ေသာ သင္ၾကားနည္းစနစ္ေတြကိုသိတယ္။
၂.၆ – ICT နည္းပညာေတြကို သိတယ္။ အသံုးျပဳတတ္တယ္။
လုပ္ငန္းပုိင္းဆိုင္ရာ တတ္ကၽြမ္းအသံုးခ်နုိင္မွဳ (Professional Practice)
—————————————————————————–
တတ္ကၽြမ္းမွဳအပိုင္းမွာ ၃ ပုိင္းထပ္ခြဲထားပါတယ္။ သင္ခန္းစာေရးဆြဲျပင္ဆင္ျခင္း၊ စာသင္ခန္းစီမံခန္႕ခြဲျခင္းနဲ႕ စစ္ေဆးအကဲျဖတ္ျခင္းကို အဓိက ထည့္သြင္းထားပါတယ္။
၃) သင္ယူမွဳျဖစ္စဥ္ ထိေရာက္ေစဖို႕ လက္ေတြ႕ဘယ္လို လုပ္မယ္ဆိုတဲ့ သင္ခန္းစာ အစီအစဥ္ေရးဆြဲျခင္း (၃၅ မွတ္)
၃.၁ – ကေလးေတြအတြက္ မလြယ္လြန္း၊မခက္လြန္းေသာ သင္ယူမွဳရည္ရြယ္ခ်က္မ်ား၊ ဦးတည္ခ်က္မ်ား ခ်တတ္သည္။
၃.၂ – ကိုယ္သင္ရမယ့္ စာေတြကို ျပင္ဆင္ေရးဆြဲနုိင္တယ္၊ ဘယ္ေခါင္းစဥ္အရင္လာျပီး ဘယ္ေခါင္းစဥ္ကို ေနာက္က်မွသင္မယ္ဆိုတဲ့ အစီစဥ္ေတြကိုခ်တတ္တယ္။
၃.၃ – ထိေရာက္တဲ့ သင္ၾကားနည္းစနစ္ေတြကို အသံုးျပဳတယ္။
၃.၄ – ကေလးေတြနဲ႕ သင္ခန္းစာနဲ႕ ကိုက္ညီမယ့္ သင္ေထာက္ကူပစၥည္းေတြကို ေရြးခ်ယ္နုိင္တယ္၊ အသံုးျပုတတ္တယ္။
၃.၅ – စာသင္ခန္းထဲမွာ ကေလးေတြနဲ႕ ထိေရာက္စြာ ေျပာဆိုဆက္သြယ္နုိင္တယ္။
၃.၆ – ကိုယ့္ရဲ႕ သင္ၾကားမွဳကို ျပန္လည္ သံုးသပ္ျပီး ပိုတိုးတက္ေအာင္ ျပင္ဆင္နုိင္တယ္။
၃.၇ – အုပ္ထိန္းသူေတြ မိဘေတြနဲ႕ ပညာေရးအေၾကာင္း၊ ကေလးရဲ႕ သင္ယူမွုေတြအေၾကာင္း ေကာင္းမြန္စြာ ေဆြးေႏြးနုိင္တယ္။
၄) ကိုယ့္စာသင္ခန္းဟာ ကေလးေတြအတြက္ ရုပ္ပုိင္း၊ စိတ္ပုိင္း ႏွစ္မ်ိဳးလံုး လွံဳျခံဳမွုေပးနုိင္ေအာင္ ဖန္တီးျခင္း၊ထိန္းသိမ္းျခင္း (၂၅ မွတ္)
—————————————————————
၄.၁ – ကေလးေတြကို ပါဝင္လာေအာင္ ပံ့ပိုးနုိင္တယ္။
၄.၂ – သင္ယူမွဳလုပ္ငန္းေတြကို ေသေသခ်ာခ်ာ စီမံခန္႕ခြဲနုိင္တယ္။
၄.၃ – ထိန္းဖို႕ ခက္ခဲတဲ့ အျပဳအမူေတြကိုလည္း စီမံနုိင္တယ္
၄.၄ – စိတ္ပိုင္း၊ ရုပ္ပုိင္း လံုျခံဳမွဳရွိေနေအာင္ ထိန္းသိမ္းထားနုိင္တယ္။
၄.၅ – နည္းပညာေတြကို တာဝန္ယူမွဳရွိရွိ၊ အက်ိဳးရွိရွိ၊ လံုလံုျခံဳျခံဳအသံုးျပဳနုိင္တယ္။
၅) စစ္ေဆးအကဲျဖတ္ျခင္း၊ အစီရင္ခံျခင္း၊ အျပဳသေဘာေဆာင္ေသာ အၾကံျပဳခ်က္ေပးျခင္း (၂၅ မွတ္)
၅.၁ – ကေလးေတြရဲ႕ သင္ယူမွဳကို စစ္ေဆးတတ္တယ္။
၅.၂ – ကေလးေတြရဲ႕ သင္ယူမွဳအေပၚ အျပဳသေဘာ အၾကံျပဳခ်က္ေတြ ေပးတတ္တယ္။
၅.၃ – အစဥ္အဆက္ေျပာင္းလဲလာေသာ ရလဒ္မ်ားအေပၚ သံုးသပ္ခ်က္ကို ထိေရာက္စြာ ေပးနုိင္တယ္။
၅.၄ – ကေလးေတြရဲ႕ အခ်က္အလက္ေတြ၊ သင္ယူမွုအေထာက္အထားေတြကို ၾကည့္ျပီး အေျခအေနကို သံုးသပ္အကဲျဖတ္နုိင္တယ္။
၅.၅ – ကေလးေတြရဲ႕ ေအာင္ျမင္တုိးတက္မွုမွတ္တမ္းေတြကို အစီရင္ခံတတ္တယ္။
လုပ္ငန္းဆုိင္ရာ ဆက္သြယ္ ေဆာင္ရြက္မွဳ (Professional Practice)
————————————————————————
ဆက္သြယ္ေဆာင္ရြက္မွုအပိုင္းမွာ ဆရာ၊မေတြကိုယ္တုိင္သင္ယူမွဳမွာ ပါဝင္ေဆာင္ရြက္ျခင္းနဲ႕ အျခားလုပ္ေဖၚကိုင္ဖက္၊ မိဘေတြနဲ႕ အျပန္အလွန္ဆက္သြယ္ျခင္းအေၾကာင္းဆိုျပီး ႏွစ္ပုိင္းခြဲထားပါတယ္။
၆) သင္ယူမွဳတြင္ ပါဝင္ေဆာင္ရြက္ျခင္း (၂၀ မွတ္)
၆.၁ – ကိုယ္တိုင္ ဘယ္ေနရာမွာ ထပ္ျပီး သင္ယူဖို႕လိုတယ္ဆိုတာကို ရွာေဖြတယ္၊ သင္ယူသင့္တဲ့အရာေတြကို သင္ယူနုိင္ဖုိ႕ စီစဥ္တယ္။
၆.၂ – လက္ေတြ႕သင္ၾကားရာမွာ တိုးတက္ဖုိ႕အတြက္ ကိုယ္တုိင္သင္ယူတဲ့အခါမွာလည္း စိတ္အားထက္သန္စြာေလ့လာတယ္။
၆.၃ – လုပ္ေဖၚကိုင္ဖက္ေတြနဲ႕ သင္ၾကားနည္းတိုးတက္ဖုိ႕အတြက္ ဗဟုသုတေတြ ဖလွယ္ၾကတယ္၊ ေဆြးေႏြးၾကတယ္။
၆.၄ – သင္ယူခဲ့ရတဲ့ အခ်က္ေတြကို လက္ေတြ ျပန္လည္ အသံုးခ်တယ္၊ ေလ့က်င့္တယ္။
၇) ကေလးမိဘ၊ လုပ္ေဖၚကိုင္ဖက္၊ ရပ္မိရပ္ဖေတြနဲ႕ အျပန္အလွန္ ဆက္သြယ္ျခင္း (၂၀ မွတ္)
၇.၁ – ဆရာ၊မေတြေစာင့္ထိန္းအပ္တဲ့ က်င့္ဝတ္သိကၡာေတြကို ေစာင့္ထိန္း လုိက္နာတယ္။
၇.၂ – ေက်ာင္း၊ရပ္ရြာ၊ နုိင္ငံေတာ္ စတာေတြခ်မွတ္ထားတဲ့ စည္းမ်ဥ္းဥပေဒကို သိရွိနားလည္တယ္။ ဥပေဒနဲ႕မကင္းလြတ္တဲ႕အလုပ္ေတြကို ေရွာင္ရွားတယ္။
၇.၃ – အုပ္ထိန္းသူမိဘေတြနဲ႕ ေကာင္းမြန္ေသာ ရင္းႏွီးမွဳတစ္ခုတည္ေဆာက္နုိင္မယ့္ နည္းစနစ္ေတြ၊ ထိေရာက္စြာ ပူးေပါင္းလုပ္ေဆာင္နုိင္မယ့္ နည္းလမ္းေတြကို သိနားလည္တယ္။
၇.၄ – ဆရာ၊မေတြရဲ႕ ပညာေရးဆိုင္ရာ အဖြဲ႕လုိက္ေဆြးေႏြးမွဳေတြ၊ သင္ၾကားေရးတိုးတက္ဖို႕ ဖြဲ႕စည္းထားတဲ့ အဖြဲ႕အစည္း စတဲ့ လုပ္ငန္းနဲ႕ဆုိင္တဲ့ အဖြဲ႕အစည္းေတြ ပြဲေတြမွာ ပါဝင္တယ္။
ကဲ… အခုဆိုရင္ ၂၀၁၈ ခုႏွစ္ရဲ႕ ေနာက္ဆံုး စေနေန႕ကို ေရာက္လာပါျပီ။ ဆရာ၊မေတြလည္း ၂၀၁၉ မွာ ဘာေတြ လုပ္မယ္၊ ဘာေတြ ေလ့လာခ်င္တယ္ဆိုတာ သိတဲ့သူေတြလည္းရွိခ်င္ရွိမယ္၊ ကိုယ္ဘာသိေနလဲ ဆိုတာ မသိတဲ့သူေတြလည္းရွိနုိင္တယ္။ အခု ကၽြန္မ မွ်ေဝထားတဲ့ စံသံမွတ္ခ်က္ေတြကို ၾကည့္ျပီး အျခား နုိင္ငံေတြမွာ ရွိတဲ့ ဆရာ၊မေတြ သိသင့္၊သိထုိက္တာေတြကို ကိုးကားျပီး ကိုယ္တုိင္က ဘယ္အခ်က္မွာ အရမ္းသိေနလည္း၊ ဘယ္အခ်က္ကိုေတာ့ သိဖို႕ ေလ့လာဖိုက လိုေသးလည္း ဆိုတာကို ျပန္လည္ သံုးသပ္ၾကည့္ပါ။ ျပီးရင္ ၂၀၁၉ မွာ ဘယ္အခ်က္ကို ပိုျပီး သိလာေအာင္လုပ္မယ္၊ ဘယ္အခ်က္ကိုေတာ့ ပို ကၽြမ္းသြားေအာင္ ေလ့က်င့္မယ္ဆိုတာေလး ကၽြန္မကို မွ်ေဝေပးပါ။ အားလံုး ႏွစ္သစ္မွာ သိသင့္သိထုိက္တာေတြ သိၾကျပီး တတ္သင္တတ္ထုိက္တဲ့ ေကာင္းေသာ အျပဳအမွဳ ကၽြမ္းက်င္မွုေတြ ရဖို႕ ေျခလွမ္းေတြ လွမ္းနုိင္ၾကပါေစလို႕ ဆုေတာင္းရင္း …..
Happy New Year! ေနာင္ႏွစ္မွ ျပန္ဆံုမယ္ေနာ္!
ေမတၱာျဖင့္…
Sayarma-ဆရာမ
အေသးစိတ္ပိုေလ့လာခ်င္ရင္ – https://www.aitsl.edu.au/teach/standards Photo credit – Aye Thaung