ဒီစာက ဆရာ၊ဆရာမလေးတွေကို အားပေးဖို့အတွက် ရည်ရွယ်ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။ စာသင်ကြားခြင်း တစ်နည်းအားဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းတွေဖန်တီးခြင်းဟာ လွယ်ကူတဲ့အလုပ်မဟုတ်ဘူးဆိုတာ ဆရာ၊ဆရာ မလေးတို့ အသိဆုံးပါပဲ။ ကျွန်မတို့ ရပ်ရွာ၊မြို့၊ နိုင်ငံ၊ကမ္ဘာ ရဲ့ အနာဂတ်ဖြစ်တဲ့ ဒီကလေးတွေက အသိပညာ၊ အတတ်ပညာ၊စိတ်နေစိတ်ထားတိုးတက်ကောင်းမွန်ဖို့ စာသင်ခန်းထဲကပဲ အများအားဖြင့် သင်ယူလေ့လာ နေကြမဟုတ်လား။ ကလေးတွေရဲ့ သင်ယူမှုကို ပံ့ပိုးကူညီသူ ဆရာ၊ဆရာလေးတို့ရဲ့ တာဝန်ကကြီးပါတယ်။ ကိုယ်ရော စိတ်ပါနှစ်ပြီးလုပ်ရတဲ့အလုပ်တစ်ခုဖြစ်တဲ့အပြင် “စိတ်ရှည်ခြင်း” ကိုပါလက်ကိုင်ထားလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာလုံခြုံတဲ့ သင်ယူမှုပတ်ဝန်း ကျင်ကိုဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ ထိရောက်ကောင်းမွန်တဲ့ သင်ကြားသင်ယူမှုလုပ်ငန်းဖန်တီးပေးမယ့် ဆရာ၊ဆရာတို့ဟာ ကိုယ့်ရဲ့ Professional development အတွက်လည်း သင်ယူနေရဦးမှာပါ။ အတန်းထဲက စိတ်ဝင်စားမှု၊ အရည်အချင်းစုံလင်လှတဲ့ ကလေးတွေသင်ယူမှုမှာပျော်ရွှင်ဖို့အတွက် သင်ကြားနည်းစနစ်တွေအမျိုး မျိုးစဥ◌်းစားရ၊ တနေ့တမျိုးမရိုးရတဲ့ အတန်းထဲက စိန်ခေါ်မှုတွေကို နေ့စဥ◌်နဲ့အမျှဖြေရှင်းရတာ ကိုယ်ရောစိတ်ပါ ပင်ပန်းကြပါတယ်။ ဒါကြောင့် အားတင်းထားဖို့နဲ့ ဆက်လက်ပြီး ကလေးတွေသင်မှုကို အကောင်းဆုံးကူညီပံ့ပိုးပေးဖို့ အားပေးချင်ပါတယ်။ စာသင်ရတာ ပင်ပန်းတဲ့အခါ ကျွန်မကိုယ့်ကိုယ်ကို ပြန်ပြီး အားတက်စေဖို့ လုပ်ဆောင်တဲ့အရာ နှစ်ခုကို မျှဝေပေးချင်ပါတယ်။
ပထမတစ်ခုက “Journalling” လုပ်တာပါ။ တနေ့တာသင်ယူမှုလုပ်ငန်းတွေ ပြီးမြောက်သွားတဲ့အခါ ကလေးတွေ ဘယ်လိုသင်ယူမှုမှာဘယ်လိုပါဝင်ကြသလဲဆိုတာ ပြန်စဥ◌်းစားတယ်။ ကျွန်မအကောင်းဆုံးလုပ်နိုင်ခဲ့တဲံအရာတွေ ကိုချရေးပြီး ကိုယ်ကိုယ်ကိုချီးမွမ်းပေးတယ်။ အဲ့တာက တကယ့်ကိုအားအင်ဖြစ်စေပါတယ်။ ပြီးရင်တော့ ကလေးတွေသင်ယူကြတဲ့အခါ ဘယ်အရာတွေကတော့ လိုက်မလုပ်နိုင်ဘူး။ သူတို့အတွက် နားမလည်လိုက်ဘူးလဲ စတဲ စိန်ခေါ်မှုတွေကို ချရေးပြီး နောက်ရက် သင်ခန်းစာအတွက် ကလေးတွေပါဝင်နိုင်အောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းတွေကို ပြန်စဥ◌်းစားပါတယ်။ ဒါဆို နောက်လုပ်ငန်းစဥ◌်အတွက် အခက်အခဲတွေဖြေရှင်း နိုင်ပါလိမ့်မယ်။ Teacher Reflective Journalလို့လည်းခေါ်ကြပါတယ်။
နောက်တခုကတော့ “စိတ်အနားယူဖို့”ပါ။ ကိုယ်ရောစိတ်ပါပင်ပန်းကြတယ်မဟုတ်လား။ စိတ်အပန်းဖြေဖို့ “စာအုပ်ဖတ်တာ၊ TVကြည့်တာ၊ ဖုန်းသုံးတာ၊ …..မိမိအဆင်ပြေရာကို လုပ်ဆောင်နိုင်ပေမယ့်လည်း တခါတလေ အဲ့တာတွေကို စိတ်ခံစားချက်တွေပေးတတ်လို့ အနားမရဖြစ်တတ်ပါတယ်။ ဒါကြောင့် ကျွန်မကတော့ “ MEDITATION” ကို အချိန်တခုပေးပြီးလုပ်ပါတယ်။ MEDITATIONလုပ်ခြင်းက စိတ်ကိုတည်ငြိမ်စေတဲ့အပြင် အားရုံစူးစိုက်မှုကိုပါ အားကောင်းစေတာဖြစ်လို့ ကလေးတွေအတွက် သင်မှုလုပ်ငန်းတွေကို ပိုကောင်းမွန်အောင်လုပ် ဆောင်ဖို့ အထောက်အကူဖြစ်စေမယ်၊ စိတ်အပန်းပြေမယ် လို့ ယုံကြည်ပါတယ်။ ဆိုတော့ ဆရာ၊ဆရာမလေးတို့ သင်ယူမှုလုပ်ငန်းတွေမှာ အကောင်းဆုံးလုပ်ဆောင်ပေးနိုင်ခဲ့တာတွေအများကြီးပါ ၊သေချာပြန်စဥ◌်းစားပြီး ကိုယ့်ကိုယ်ကို ဂုဏ်ပြုပေးလိုက်ပါ။ ရှေ့ဆက်ပြီး အကောင်းဆုံးဖြစ်အောင်ကြိုးစားကြပါလို့ အားပေးရင်း ………
စာရေးသူ-ဆရာမမီးမီး
မေတ္တာဖြင့်…
Saya-ဆာယာ