[Unicode]

မနေ့က ကမ္ဘာ့ ဆရာများနေ့ဆိုတော့ ဆရာ၊မတွေနဲ့ဆိုင်တာလေးတွေ ထပ်ပြီး မျှဝေချင်ပါတယ်။

ကမ္ဘာ့ဆရာများနေ့ကို ၁၉၉၄ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ကစပြီး ကျင်းပခဲ့တာပါ။ UNICEF, UNDP, ILOနဲ့ Education International အဖွဲ့တွေရဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေလည်း ထင်ဟပ်ပြသနေသလိုပါပဲ။

 ဒီနှစ်ရဲ့ ကမ္ဘာ့ဆရာများနေ့ရဲ့ ဆောင်ပုဒ်က “The right to education means the right to a qualified teacher”. ကျွန်မနားလည်တာကတော့ “ကလေးတွေအတွက် ပညာသင်ယူခွင့်ဆိုတာဟာ အရည်သွေးပြည့်မီသော ဆရာ၊မတွေဖြစ်ခွင့်ပါ”။ ဆိုလိုချင်တာကတော့ ကလေးတွေ အမှန်တစ်ကယ် ပညာတတ်မြောက်ဖို့ဆိုတာ တစ်ကယ် တတ်သိနားလည်ပြီး အရည်သွေးပြည့်မှီတဲ့ ဆရာ၊မတွေရှိမှ ဖြစ်နိုင်မှာပါ။ သင်ကြားရေး တာဝန်ယူထားတဲ့ ဆရာ၊မတွေက သိသင့်၊တတ်သင့်တာတွေ မသိ၊မတတ်ဘူးဆိုရင် ကလေးတွေကို ဘယ်လိုမျိုး ကောင်းမွန်တဲ့ ပညာရေး ပေးနိုင်မှာလဲ။

ဆရာ၊မတွေ ပိုသိနားလည်လာအောင် ….

ပညာရေး တက္ကသိုလ်တွေ၊ ပညာရေး ကောလိပ်တွေ၊ သင်တန်းကျောင်းတွေ၊ သင်တန်းပေးတဲ့ အဖွဲ့အစည်းတွေ၊ သင်တန်းပေးသူတွေ အားလုံးရဲ့ အရည်သွေးကလည်း ကောင်းနေမှရမှာပဲ။ ဆရာ၊မပေါက်စဆိုတာလည်း ဆရာ၊မကြီးတွေရဲ့ ကျောင်းသားတွေပဲကိုး။ ဆရာ့၊ဆရာမကြီးတွေရဲ့ အရည်အသွေးကိုလည်း ပုံမှန်ဖြည့်ပေးပါမှ၊ ဆရာ၊မဖြစ်မယ့်သူတွေကို သင်တဲ့ သင်ရိုးတွေ၊ စစ်ဆေးအကဲဖြတ်မှုတွွေကလည်း ထိရောက်နေပါမှ ဆရာ၊မလေးတွေရဲ့ သင်ကြားရေး၊ပညာရေး ဗဟုသုတတွေဟာ လက်တွေ့ပိုအသုံးချနိုင်မယ်၊ လက်တွေ့အသုံးချတဲ့အခါမှာလည်း အရည်သွေးရှိရှိအသုံးချနိုင်မယ်ထင်တယ်။

ဆရာ့၊ဆရာမကြီးတွေနဲ့တင်မလုံလောက်ဘူး၊ ကာယကံရှင်တွေဖြစ်တဲ့ ဆရာ၊မတွေကလည်း အမြဲမပြတ်လေ့လာဆည်းပူးပြီး လက်တွေ့အသုံးချနေဖို့လိုတာ။ ကျောင်းမှာသင်ခဲ့ရတဲ့ သီအိုရီတစ်ခုဟာ စာသင်ခန်းထဲက ကလေးတိုင်းနဲ့မှ အံဝင်ခွင်ကျ ဖြစ်ချင်မှဖြစ်မှာလေ။ မြေစမ်းခရမ်းပျိုးသလိုမျိုး ဘယ်နည်းလမ်း၊ဘယ်သင်ထောက်ကူ၊ဘယ်အကြောင်းအရာတွေနဲ့ဘယ်လိုကလေးတွေနဲ့ ကိုက်ညီသလဲ စတာတွေက အမြဲမပြတ်လေ့လာနေဖို့လိုတယ်။

ကာယကံရှင်နဲ့တင်မလုံလောက်ဘူး။ ဆရာ၊မအချင်းချင်း၊ကျောင်းအုပ်ကလည်း စိတ်တူကိုယ်တူ သင်ယူချင်ဦးမှ။ တစ်ယောက်ထဲ ချွန်ထွက်ပြီး ဟိုလိုသင်လိုက်၊ ဒီလိုသင်လိုက်လုပ်နေတာကို လုပ်ဖေါ်ကိုင်ဖက်တွေ ကျောင်းအုပ်တွေက အားမပေးဘူးဆိုရင် ဘာမှ ဆက်လုပ်လို့မရတော့ဘူး။ တက္ကသိုလ်မှာ သင်ခဲ့တဲ့ ဘာထိရောက်သော သင်ကြားနည်းတွေ ဘာတွေ လာမပြောနဲ့တော့ ဒီကျောင်းကိုလာ၊ ဒီလူတွေရဲ့ ဒီမူအတိုင်းသင်ရတော့တာတွေ ဖြစ်လာတာ။ ဒါကြောင့် တစ်ကျောင်းလုံဖွံ့ဖြိုးဖို့ဆိုရင် အသစ်တွေတင် သင်ပေးရုံနဲ့မဟုတ်ဘူး အရင်ရှိနေပြီးသား ဆရာ၊မတွေ၊ ကျောင်းအုပ်တွေကိုလည်း အမြဲ ကူညီပေးပြီး ပံ့ပိုးပေးနေဖို့ကလိုသေးတယ်။ ဆရာ၊မ အချင်းချင်းကလည်း နောက်လာတဲ့ အသစ်အဆန်းတွေ စမ်းပြီးလုပ်ချင်တဲ့ ဆရာ၊မတွေကို နှိပ်ကွပ်တာထက် အတူတူ လေ့လာချင်တဲ့စိတ်၊ အတူတူ အဖြေရှာချင်တဲ့စိတ်တွေ မွေးဖို့လိုပါတယ်။ 

ကျောင်းအုပ်တွေမလည်း တစ်ကယ်တော့ ဖိအားတွေကရှိသေးတယ်။ အုပ်ချုပ်သူတွေရဲ့ ဖိအား၊  ကျောင်းရဲ့ အောင်ချက်၊ တိုးတက်မှုရဲ့ ဖိအားတွေကို ခံရသလို ကိုယ်ပိုင်မိသားစုဘဝမရှိသလောက်ဖြစ်တဲ့ ဖိအားတွေကလည်း ခံရတာပဲ။ ဆိုတော့ အောင်ချက်၊တိုးတက်မှုတို့ဆိုရင် စာမေးပွဲတို့ စစ်ဆေးတာတို့လောက်ပိုပြီး ဦးစားပေးရတယ်၊ စာရွက်စာတမ်းတွေရှိဖို့ကို ပိုပြီး အလေးထားကြတယ်။ ဒီတော့ ဆရာ၊မတွေရဲ့ အရည်အသွေး၊ ကလေးတွေရနေနဲ့ ပညာရေး အရည်အသွေးတွေကို သိပ်မမြင်နိုင်ကြတော့ဘူး။ ကျောင်းအုပ်တွေကိုယ်တိုင်တောင်  ကိုယ်တိုင်ရဲ့ ပင်ကိုယ် ဖွံ့ဖြိုးမှုတွေ၊ လေ့လာမှုတွေကို မကြည့်နိုင်ကြတာကိုး။ ကျောင်းအုပ်တွေတင် မဟုတ်ဘူး စီမံခန့်ခွဲရေးမှာပါနေတဲ့ ပညာရေးမှူးတို့တွေကိုလည်း အမြဲမပြတ် လေ့လာမှုတွေလုပ်နိုင်ဖို့၊ မျှမျှတတစီမံတတ်ဖို့၊ မှန်ကန်သော ဖိအားများသာ ပေးတတ်ဖို့နဲ့ သူတို့ကိုယ်တိုင် လည်း အသစ်အသစ်တွေကို သင်ယူလေ့လာပြီး စမ်းသုံးတတ်အောင် ပံ့ပိုးဖို့လိုတယ်။

ဆရာ၊မတွေ၊ ဆရာ့ဆရာမကြီးတွေ၊ ကျောင်းအုပ်တွေ (စီမံခန့်ခွဲရေးတာဝန်ရှိသူတွေ)က ပ့ံပိုးရုံနဲ့ ဆရာ၊မ အရည်အသွေးတိုးတက်ဖို့ ပြည့်စုံပြီလားဆိုတော့လည်း မဟုတ်ဘူး။ မိဘတွေကလည်း လိုသေးတယ်။ ကျွန်မတို့ CCA သင်တန်းတွေ စပေးခါစက ဆရာ၊မတွေမှာ ငြီးငြူရှာတယ်။ မိဘတွေက စာသေချာမသင်ဘဲ ကစားနေတာ၊ အခြားလက်တွေ့တွေလုပ်နေလို့ လာပြောကြတယ်တဲ့။ မိဘတွေကလည်း အရည်သွေးပြည့်မီသော ပညာရေး ရဖို့ အရည်သွေးပြည့်မီသော ပညာရေးက ဘာကြီးလဲဆိုတာ နားလည်အောင်လည်း လုပ်ရဦးမှာ။ ပြီးရင် အဲဒီ့ အရည်သွေးပြည့်မီတဲ့ ပညာရေး ရဖို့ ဆရာ၊မတွေက ဘာတွေဘယ်လိုတွေလုပ်ပေးမလဲဆိုတာလည်း နားလည်အောင် လုပ်ပေးရမှာ။ ပြီးရင် အိမ်မှာလည်း တတ်နိုင်သလောက် ကလေးတွေကို ကူညီပါမှ ကလေးဟာ အရည်သွေးပြည့်မီတဲ့ပညာရေးရမှာ။

ကဲ အချုပ်မှာတေ့ာ ကလေးတွေ ပညာကောင်းဖို့ ဆရာ၊မတွေ ပညာကောင်းဖို့လိုတယ်။ဆရာ၊မတွေ ပညာကောင်းဖို့ ဆရာ၊မတွေကိုယ်တိုင်က ပညာကို သေချာလေ့လာပြီး လက်တွေ့အသုံးချနေဖို့လိုတယ်၊ ဆရာ၊မတွေကို သင်ပေးတဲ့ ဆရာ၊မကြီးတွေကလည်း အမြဲ ပညာဖြည့်ပြီး အမြင်ကျယ်နေဖို့လိုတယ်။ လက်တွေ့ သင်ကြားရေးနယ်ပယ်ထဲ ဆင်းတဲ့အခါ အလုပ်ခွင်က ဆရာ၊မအချင်းချင်း၊ ကျောင်းအုပ်၊ ပညာရေးမှူး၊ အုပ်ချုပ်သူတွေ၊ မိဘတွေကလည်း ကောင်းမွန်သော၊ ထိရောက်သော သင်ကြားရေးကို လက်တွေ့အသုံးချခွင့်ပေးမှ ဆရာ၊မတွေရဲ့ သင်ကြားရေး အရည်အသွေးကောင်းတွေကို ထိန်းထားနိုင်မှာဖြစ်ပါတယ်။

မြန်မာပြည်တစ်ဝှမ်းမှ ဆရာ၊မများအားလုံး ကမ္ဘာ့ဆရာ၊မများနေ့တင်သာမက နေ့စဉ်နေ့တိုင်း ထိုက်တန်သော လေးစားမှု၊တန်ဖိုးထားမှုနဲ့ အရည်သွေးကောင်းမွန်သော သင်ယူမှုအခွင့်အလမ်းတွေ ရနိုင်ကြပါစေ။

မေတ္တာဖြင့်….

        Sayarma-ဆရာမ

မှတ်ချက်။  ။ ကျွန်မဆွေးနွေးထားတာက ယေဘူယျအချက်တွေပါ။ အရမ်းကောင်းတဲ့ ကျောင်းအုပ်တွေ၊ ပညာရေးမှူးတွေ၊ သင်တန်း၊ဆရာမတွေကို တွေ့ဖူးပါတယ်။ နောက်စာတွေမှာ တွေ့ဖူးတဲ့ ကောင်းမွန်တဲ့ ကျောင်းအုပ်တွေ အကြောင်း ရေးပေးပါ့မယ်။

Image: https://www.jica.go.jp/myanmar/english/activities/activity01.html

[Zawgyi]

မေန့က ကမာၻ႕ ဆရာမ်ားေန႕ဆိုေတာ့ ဆရာ၊မေတြနဲ႕ဆိုင္တာေလးေတြ ထပ္ျပီး မွ်ေဝခ်င္ပါတယ္။

ကမာၻ႕ဆရာမ်ားေန႕ကို ၁၉၉၄ခုႏွစ္ ေအာက္တုိဘာလ ၅ ရက္ေန႕ကစျပီး က်င္းပခဲ့တာပါ။ UNICEF, UNDP, ILOနဲ႕ Education International အဖြဲ႕ေတြရဲ႕ ပူးေပါင္းလုပ္ေဆာင္မွဳေတြလည္း ထင္ဟပ္ျပသေနသလိုပါပဲ။

 ဒီႏွစ္ရဲ႕ ကမာၻ႕ဆရာမ်ားေန႕ရဲ႕ ေဆာင္ပုဒ္က “The right to education means the right to a qualified teacher”. ကၽြန္မနားလည္တာကေတာ့ “ကေလးေတြအတြက္ ပညာသင္ယူခြင္႕ဆိုတာဟာ အရည္ေသြးျပည့္မီေသာ ဆရာ၊မေတြျဖစ္ခြင့္ပါ”။ ဆိုလိုခ်င္တာကေတာ့ ကေလးေတြ အမွန္တစ္ကယ္ ပညာတတ္ေျမာက္ဖို႕ဆိုတာ တစ္ကယ္ တတ္သိနားလည္ျပီး အရည္ေသြးျပည့္မွီတဲ့ ဆရာ၊မေတြရွိမွ ျဖစ္နုိင္မွာပါ။ သင္ၾကားေရး တာဝန္ယူထားတဲ့ ဆရာ၊မေတြက သိသင့္၊တတ္သင့္တာေတြ မသိ၊မတတ္ဘူးဆိုရင္ ကေလးေတြကို ဘယ္လိုမ်ိဳး ေကာင္းမြန္တဲ့ ပညာေရး ေပးနုိင္မွာလဲ။

ဆရာ၊မေတြ ပိုသိနားလည္လာေအာင္ ….

ပညာေရး တကၠသိုလ္ေတြ၊ ပညာေရး ေကာလိပ္ေတြ၊ သင္တန္းေက်ာင္းေတြ၊ သင္တန္းေပးတဲ့ အဖြဲ႕အစည္းေတြ၊ သင္တန္းေပးသူေတြ အားလံုးရဲ႕ အရည္ေသြးကလည္း ေကာင္းေနမွရမွာပဲ။ ဆရာ၊မေပါက္စဆိုတာလည္း ဆရာ၊မၾကီးေတြရဲ႕ ေက်ာင္းသားေတြပဲကိုး။ ဆရာ့၊ဆရာမၾကီးေတြရဲ႕ အရည္အေသြးကိုလည္း ပံုမွန္ျဖည့္ေပးပါမွ၊ ဆရာ၊မျဖစ္မယ့္သူေတြကို သင္တဲ႕ သင္ရိုးေတြ၊ စစ္ေဆးအကဲျဖတ္မွဳေတြြကလည္း ထိေရာက္ေနပါမွ ဆရာ၊မေလးေတြရဲ႕ သင္ၾကားေရး၊ပညာေရး ဗဟုသုတေတြဟာ လက္ေတြ႕ပိုအသံုးခ်နိုင္မယ္၊ လက္ေတြ႕အသံုးခ်တဲ့အခါမွာလည္း အရည္ေသြးရွိရွိအသံုးခ်နုိင္မယ္ထင္တယ္။

ဆရာ့၊ဆရာမၾကီးေတြနဲ႕တင္မလံုေလာက္ဘူး၊ ကာယကံရွင္ေတြျဖစ္တဲ့ ဆရာ၊မေတြကလည္း အျမဲမျပတ္ေလ့လာဆည္းပူးျပီး လက္ေတြ႕အသံုးခ်ေနဖို႕လိုတာ။ ေက်ာင္းမွာသင္ခဲ့ရတဲ့ သီအိုရီတစ္ခုဟာ စာသင္ခန္းထဲက ကေလးတိုင္းနဲ႕မွ အံဝင္ခြင္က် ျဖစ္ခ်င္မွျဖစ္မွာေလ။ ေျမစမ္းခရမ္းပ်ိဳးသလိုမ်ိဳး ဘယ္နည္းလမ္း၊ဘယ္သင္ေထာက္ကူ၊ဘယ္အေၾကာင္းအရာေတြနဲ႕ဘယ္လိုကေလးေတြနဲ႕ ကိုက္ညီသလဲ စတာေတြက အျမဲမျပတ္ေလ့လာေနဖို႕လိုတယ္။

ကာယကံရွင္နဲ႕တင္မလံုေလာက္ဘူး။ ဆရာ၊မအခ်င္းခ်င္း၊ေက်ာင္းအုပ္ကလည္း စိတ္တူကိုယ္တူ သင္ယူခ်င္ဦးမွ။ တစ္ေယာက္ထဲ ခၽြန္ထြက္ျပီး ဟိုလိုသင္လိုက္၊ ဒီလိုသင္လုိက္လုပ္ေနတာကို လုပ္ေဖၚကိုင္ဖက္ေတြ ေက်ာင္းအုပ္ေတြက အားမေပးဘူးဆိုရင္ ဘာမွ ဆက္လုပ္လို႕မရေတာ့ဘူး။ တကၠသိုလ္မွာ သင္ခဲ့တဲ့ ဘာထိေရာက္ေသာ သင္ၾကားနည္းေတြ ဘာေတြ လာမေျပာနဲ႕ေတာ့ ဒီေက်ာင္းကိုလာ၊ ဒီလူေတြရဲ႕ ဒီမူအတိုင္းသင္ရေတာ့တာေတြ ျဖစ္လာတာ။ ဒါေၾကာင့္ တစ္ေက်ာင္းလံုဖြံ႕ျဖိဳးဖို႕ဆိုရင္ အသစ္ေတြတင္ သင္ေပးရံုနဲ႕မဟုတ္ဘူး အရင္ရွိေနျပီးသား ဆရာ၊မေတြ၊ ေက်ာင္းအုပ္ေတြကိုလည္း အျမဲ ကူညီေပးျပီး ပံ့ပိုးေပးေနဖို႕ကလိုေသးတယ္။ ဆရာ၊မ အခ်င္းခ်င္းကလည္း ေနာက္လာတဲ့ အသစ္အဆန္းေတြ စမ္းျပီးလုပ္ခ်င္တဲ့ ဆရာ၊မေတြကို ႏွိပ္ကြပ္တာထက္ အတူတူ ေလ့လာခ်င္တဲ့စိတ္၊ အတူတူ အေျဖရွာခ်င္တဲ့စိတ္ေတြ ေမြးဖို႕လိုပါတယ္။ 

ေက်ာင္းအုပ္ေတြမလည္း တစ္ကယ္ေတာ့ ဖိအားေတြကရွိေသးတယ္။ အုပ္ခ်ဳပ္သူေတြရဲ႕ ဖိအား၊  ေက်ာင္းရဲ႕ ေအာင္ခ်က္၊ တိုးတက္မွဳရဲ႕ ဖိအားေတြကို ခံရသလို ကိုယ္ပိုင္မိသားစုဘဝမရွိသေလာက္ျဖစ္တဲ့ ဖိအားေတြကလည္း ခံရတာပဲ။ ဆိုေတာ့ ေအာင္ခ်က္၊တိုးတက္မွဳတို႕ဆိုရင္ စာေမးပြဲတို႕ စစ္ေဆးတာတို႕ေလာက္ပိုျပီး ဦးစားေပးရတယ္၊ စာရြက္စာတမ္းေတြရွိဖို႕ကို ပိုျပီး အေလးထားၾကတယ္။ ဒီေတာ့ ဆရာ၊မေတြရဲ႕ အရည္အေသြး၊ ကေလးေတြရေနနဲ႕ ပညာေရး အရည္အေသြးေတြကို သိပ္မျမင္နုိင္ၾကေတာ့ဘူး။ ေက်ာင္းအုပ္ေတြကိုယ္တုိင္ေတာင္  ကိုယ္တိုင္ရဲ႕ ပင္ကိုယ္ ဖြံ႕ျဖိဳးမွဳေတြ၊ ေလ့လာမွဳေတြကို မၾကည့္နုိင္ၾကတာကိုး။ ေက်ာင္းအုပ္ေတြတင္ မဟုတ္ဘူး စီမံခန္႕ခြဲေရးမွာပါေနတဲ့ ပညာေရးမွဴးတို႕ေတြကိုလည္း အျမဲမျပတ္ ေလ့လာမွဳေတြလုပ္နုိင္ဖို႕၊ မွ်မွ်တတစီမံတတ္ဖို႕၊ မွန္ကန္ေသာ ဖိအားမ်ားသာ ေပးတတ္ဖို႕နဲ႕ သူတို႕ကိုယ္တိုင္ လည္း အသစ္အသစ္ေတြကို သင္ယူေလ့လာျပီး စမ္းသံုးတတ္ေအာင္ ပံ့ပိုးဖို႕လိုတယ္။

ဆရာ၊မေတြ၊ ဆရာ့ဆရာမၾကီးေတြ၊ ေက်ာင္းအုပ္ေတြ (စီမံခန္႕ခြဲေရးတာဝန္ရွိသူေတြ)က ပ့ံပိုးရံုနဲ႕ ဆရာ၊မ အရည္အေသြးတိုးတက္ဖို႕ ျပည့္စံုျပီလားဆိုေတာ့လည္း မဟုတ္ဘူး။ မိဘေတြကလည္း လိုေသးတယ္။ ကၽြန္မတို႕ CCA သင္တန္းေတြ စေပးခါစက ဆရာ၊မေတြမွာ ျငီးျငဴရွာတယ္။ မိဘေတြက စာေသခ်ာမသင္ဘဲ ကစားေနတာ၊ အျခားလက္ေတြ႕ေတြလုပ္ေနလို႕ လာေျပာၾကတယ္တဲ့။ မိဘေတြကလည္း အရည္ေသြးျပည့္မီေသာ ပညာေရး ရဖို႕ အရည္ေသြးျပည့္မီေသာ ပညာေရးက ဘာၾကီးလဲဆိုတာ နားလည္ေအာင္လည္း လုပ္ရဦးမွာ။ ျပီးရင္ အဲဒီ့ အရည္ေသြးျပည့္မီတဲ့ ပညာေရး ရဖို႕ ဆရာ၊မေတြက ဘာေတြဘယ္လိုေတြလုပ္ေပးမလဲဆိုတာလည္း နားလည္ေအာင္ လုပ္ေပးရမွာ။ ျပီးရင္ အိမ္မွာလည္း တတ္နုိင္သေလာက္ ကေလးေတြကို ကူညီပါမွ ကေလးဟာ အရည္ေသြးျပည့္မီတဲ့ပညာေရးရမွာ။

ကဲ အခ်ဳပ္မွာေတ့ာ ကေလးေတြ ပညာေကာင္းဖို႕ ဆရာ၊မေတြ ပညာေကာင္းဖို႕လိုတယ္။ဆရာ၊မေတြ ပညာေကာင္းဖို႕ ဆရာ၊မေတြကိုယ္တုိင္က ပညာကို ေသခ်ာေလ့လာျပီး လက္ေတြ႕အသံုးခ်ေနဖို႕လိုတယ္၊ ဆရာ၊မေတြကို သင္ေပးတဲ့ ဆရာ၊မၾကီးေတြကလည္း အျမဲ ပညာျဖည့္ျပီး အျမင္က်ယ္ေနဖို႕လိုတယ္။ လက္ေတြ႕ သင္ၾကားေရးနယ္ပယ္ထဲ ဆင္းတဲ့အခါ အလုပ္ခြင္က ဆရာ၊မအခ်င္းခ်င္း၊ ေက်ာင္းအုပ္၊ ပညာေရးမွဴး၊ အုပ္ခ်ဳပ္သူေတြ၊ မိဘေတြကလည္း ေကာင္းမြန္ေသာ၊ ထိေရာက္ေသာ သင္ၾကားေရးကို လက္ေတြ႕အသံုးခ်ခြင့္ေပးမွ ဆရာ၊မေတြရဲ႕ သင္ၾကားေရး အရည္အေသြးေကာင္းေတြကို ထိန္းထားနုိင္မွာျဖစ္ပါတယ္။

ျမန္မာျပည္တစ္ဝွမ္းမွ ဆရာ၊မမ်ားအားလံုး ကမာၻ႕ဆရာ၊မမ်ားေန႕တင္သာမက ေန႕စဥ္ေန႕တုိင္း ထုိက္တန္ေသာ ေလးစားမွဳ၊တန္ဖိုးထားမွဳနဲ႕ အရည္ေသြးေကာင္းမြန္ေသာ သင္ယူမွဳအခြင့္အလမ္းေတြ ရနုိင္ၾကပါေစ။

ေမတၱာျဖင့္….

        Sayarma-ဆရာမ

မွတ္ခ်က္။  ။ ကၽြန္မေဆြးေႏြးထားတာက ေယဘူယ်အခ်က္ေတြပါ။ အရမ္းေကာင္းတဲ့ ေက်ာင္းအုပ္ေတြ၊ ပညာေရးမွဴးေတြ၊ သင္တန္း၊ဆရာမေတြကို ေတြ႕ဖူးပါတယ္။ ေနာက္စာေတြမွာ ေတြ႕ဖူးတဲ့ ေကာင္းမြန္တဲ့ ေက်ာင္းအုပ္ေတြ အေၾကာင္း ေရးေပးပါ့မယ္။ Image: https://www.jica.go.jp/myanmar/english/activities/activity01.html