[Unicode]
အဓိက ဆွေးနွေးမည့်ဆရာတော် – ဓမ္မဘေရီဆရာတော်
အချိန်ကာလ – ဖေဖေါ်ဝါရီလ ၂၈ရက် ၂၀၁၉ ၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီ
ကြာမြင့်ချိန် – မိနစ် ၄၀ ခန့်
ဓမ္မဘေရီ ဆရာတော်ကြီး ကို ဘုန်းဘုန်း ဓမ္မဂင်္ဂါနဲ့ဆက်စပ်မိရာကနေ ဖူးမျှော်ခွင့်ကြုံခဲ့ပါတယ်။ ပထမဆုံးတစ်ခေါက်ကတော့ ကျွန်မရဲ့ ဆရာ Professor Tats နဲ့ ငြိမ်းချမ်းရေးဆိုင်ရာ အမြင်တွေ၊ ဗုဒ္ဓနည်းကျ ပဋိပက္ခဖြေရှင်းနည်းတွေကို သုတေသနလုပ်ဖို့အတွက် ဘုန်းဘုနး်ကို အင်တာဗျူးရင်းရောက်သွားဖြစ်တာပါ။အဲဒီ့အချိန်တုန်းက ဘုန်းဘုန်းဓမ္မဘေရီကို အင်တာဗျူးနေရင်းနဲ့ စိတ်ထဲမှာ အရမ်းကြည်ညိုပြီး ရင်းနှီးသွားသလိုခံစားရတယ်။ ဘုနး်ဘုန်းရဲ့ အမြင်တွေ၊ အတွေးအခေါ်တွေကို လက်ခံနားထောင်နိုင်သလို ဘာပကာသနမှမရှိ၊ ကြွားဝါခြင်းကင်းတဲ့အပြင် ရိုးသားပွင့်လင်းစွာ တဲ့တိုးဖြေကြားမှုတွေကြောင့် နောက်ထပ်အခေါက်ခေါက်အခါခါ ဖူးမျှော်ခွင့်၊ ဘုန်းဘုန်းဆီကနေ သင်ယူခွင့်ရချင်ခဲ့မိပါတယ်။
နောက် Dhamma Ganga ဘုန်းဘုန်းဓမ္မဂင်္ဂါနဲ့ သင်တန်းတွေ တူတူပေးဖြစ်ရင်း ဘုန်းဘုန်း ဓမ္မဘေရီရဲ့ အကြောင်းတွေ ပိုပို သိခဲ့ရတဲ့အခါမှာ ပထမဆုံးအကြိမ်က သဘောကျကြည်ညိုတာထက်ကို ပိုလို့ ကြည်ညိုရပါတယ်။ ဒါကြောင့် သင်ယူမှု ဘဏ်တိုက်ကြီးသဏ္ဍာန်တူတဲ့ ဘုန်းဘုန်း ဓမ္မဘေရီနဲ့ ဗုဒ္ဓခေတ်ပညာရေးနဲ့အတူ ဆက်စပ်ပညာရေးဆိုင်ရာ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ ဗုဒ္ဓခေတ်ပညာရေးကို အခြေခံပြီး ယခုခေတ်ပညာရေးအတွက် တိုးတက်စရာ နည်းလမ်းတွေ သိချင်တယ်ဆိုရင်၊ ဘုန်းဘုန်းရဲ့ မျှဝေမှုတွေကို နာကြားချင်တယ်ဆိုရင် ဖေဖေါ်ဝါရီ ၂၈ ရက်နေ့ ညနေ ၆ နာရီကနေ ၇ နာရီအတွင်း အချိန် မိနစ် ၄၀ လောက် အချိန်ပေးပေးပါ။ သင်တန်းတစ်ခုတက်ရင် မိနစ် ၄၀ မက အချိန်ပေးရပါတယ်။ ပုံမှန် ဖေ့စ်ဘွတ်ခ်သုံးတာ တစ်နေ့ကို မိနစ် ၄၀ ကချင်မှ ကပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ရဲ့ တစ်နေ့တာအတွင်းမှာ အချိန်ကို တန်ဖိုးရှိရှိ သင်ယူမှုတွေအတွက်အသုံးပြုချင်တယ်ဆိုရင် ၂၈ ရက်နေ့မှာ တွေ့ပါမယ်ရှင်။
အခုဓါတ်ပုံကတော့ ၂၀၁၇ ခုနှစ်မှာ ရိုက်ခဲ့တာပါ။
မေတ္တာဖြင့်..
Sayarma-ဆရာမ
[Zawgyi]
အဓိက ေဆြးေႏြးမည့္ဆရာေတာ္ – ဓမၼေဘရီဆရာေတာ္
အခ်ိန္ကာလ – ေဖေဖၚဝါရီလ ၂၈ရက္ ၂၀၁၉ ၊ ျမန္မာစံေတာ္ခ်ိန္ ညေန ၆ နာရီ
ၾကာျမင့္ခ်ိန္ – မိနစ္ ၄၀ ခန္႕
ဓမၼေဘရီ ဆရာေတာ္ၾကီး ကို ဘုန္းဘုန္း ဓမၼဂဂၤါနဲ႕ဆက္စပ္မိရာကေန ဖူးေမွ်ာ္ခြင့္ၾကံဳခဲ့ပါတယ္။ ပထမဆံုးတစ္ေခါက္ကေတာ့ ကၽြန္မရဲ႕ ဆရာ Professor Tats နဲ႕ ျငိမ္းခ်မ္းေရးဆိုင္ရာ အျမင္ေတြ၊ ဗုဒၶနည္းက် ပဋိပကၡေျဖရွင္းနည္းေတြကို သုေတသနလုပ္ဖို႕အတြက္ ဘုန္းဘုနး္ကို အင္တာဗ်ဴးရင္းေရာက္သြားျဖစ္တာပါ။အဲဒီ့အခ်ိန္တုန္းက ဘုန္းဘုန္းဓမၼေဘရီကို အင္တာဗ်ဴးေနရင္းနဲ႕ စိတ္ထဲမွာ အရမ္းၾကည္ညိဳျပီး ရင္းႏွီးသြားသလိုခံစားရတယ္။ ဘုနး္ဘုန္းရဲ႕ အျမင္ေတြ၊ အေတြးအေခၚေတြကို လက္ခံနားေထာင္နုိင္သလို ဘာပကာသနမွမရွိ၊ ၾကြားဝါျခင္းကင္းတဲ့အျပင္ ရိုးသားပြင့္လင္းစြာ တဲ့တိုးေျဖၾကားမွဳေတြေၾကာင့္ ေနာက္ထပ္အေခါက္ေခါက္အခါခါ ဖူးေမွ်ာ္ခြင့္၊ ဘုန္းဘုန္းဆီကေန သင္ယူခြင့္ရခ်င္ခဲ့မိပါတယ္။
ေနာက္ Dhamma Ganga ဘုန္းဘုန္းဓမၼဂဂၤါနဲ႕ သင္တန္းေတြ တူတူေပးျဖစ္ရင္း ဘုန္းဘုန္း ဓမၼေဘရီရဲ႕ အေၾကာင္းေတြ ပိုပို သိခဲ့ရတဲ့အခါမွာ ပထမဆံုးအၾကိမ္က သေဘာက်ၾကည္ညိဳတာထက္ကို ပိုလို႕ ၾကည္ညိဳရပါတယ္။ ဒါေၾကာင့္ သင္ယူမွဳ ဘဏ္တုိက္ၾကီးသ႑ာန္တူတဲ့ ဘုန္းဘုန္း ဓမၼေဘရီနဲ႕ ဗုဒၶေခတ္ပညာေရးနဲ႕အတူ ဆက္စပ္ပညာေရးဆုိင္ရာ ေဆြးေႏြးမွဳေတြျပဳလုပ္ခဲ့ပါတယ္။ ဗုဒၶေခတ္ပညာေရးကို အေျခခံျပီး ယခုေခတ္ပညာေရးအတြက္ တိုးတက္စရာ နည္းလမ္းေတြ သိခ်င္တယ္ဆိုရင္၊ ဘုန္းဘုန္းရဲ႕ မွ်ေဝမွုေတြကို နာၾကားခ်င္တယ္ဆိုရင္ ေဖေဖၚဝါရီ ၂၈ ရက္ေန့ ညေန ၆ နာရီကေန ၇ နာရီအတြင္း အခ်ိန္ မိနစ္ ၄၀ ေလာက္ အခ်ိန္ေပးေပးပါ။ သင္တန္းတစ္ခုတက္ရင္ မိနစ္ ၄၀ မက အခ်ိန္ေပးရပါတယ္။ ပံုမွန္ ေဖ့စ္ဘြတ္ခ္သံုးတာ တစ္ေန႕ကုိ မိနစ္ ၄၀ ကခ်င္မွ ကပါလိမ့္မယ္။ ဒါေၾကာင့္ ကိုယ့္ရဲ႕ တစ္ေန႕တာအတြင္းမွာ အခ်ိန္ကို တန္ဖိုးရွိရွိ သင္ယူမွဳေတြအတြက္အသံုးျပဳခ်င္တယ္ဆိုရင္ ၂၈ ရက္ေန႕မွာ ေတြ႕ပါမယ္ရွင္။
အခုဓါတ္ပံုကေတာ့ ၂၀၁၇ ခုႏွစ္မွာ ရိုက္ခဲ့တာပါ။
ေမတၱာျဖင့္..
Sayarma-ဆရာမ