[ Unicode ]

လောလောလတ်လတ်မှာ ဆယ်တန်းအောင်စာရင်းထွက်ထားတာဆိုတော့ ဆယ်တန်းပြီးရင် ဘာဆက်လုပ်မလဲ၊ ဆယ်တန်းမှာ ရတဲ့ အမှတ်နဲ့ ဘယ်ကျောင်းတွေတက်မလဲ၊ မျှော်မှန်းထားတဲ့အတိုင်း မဖြစ်လာတဲ့အခါ ကိုယ့်ရည်မှန်းချက်နဲ့ ဝေးပြီလား စတဲ့ မေးခွန်းတွေ ကလေးတွေမှာရော၊ မိဘတွေမှာရော ရှိနေကြမယ်ထင်ပါတယ်။ ကျွန်မမှာ အားလုံးအတွက် တိကျတဲ့အဖြေ မရှိပါဘူး၊ ဒါပေမယ့် ကျွန်မရဲ့ ဆယ်တန်းအရွယ်တုန်းက ဘဝရည်မှန်းချက်နဲ့ပတ်သတ်ပြီး စဉ်းစားခဲ့ပုံနဲ့ အတွေ့အကြုံအချို့ကို မျှဝေပေးချင်ပါတယ်။

ကျွန်မ ၈ တန်းနှစ်လောက်မှာ အင်္ဂလိပ်စာ အလွန်ရူးသွပ်ခဲ့တာ အရင်က စာတွေမှာ ရေးပြီးသားပါ။ အဲဒီ့အချိန်က ဆွစ်ဇာလန်နိုင်ငံက ကွန်ပြူတာဆရာကြီး Ruedi နဲ့ ဆုံပြီး ကွန်ပြူတာ သင်ချင်စိတ်တွေ အရမ်းဖြစ်ခဲ့ပြန်ပါတယ်။ မှတ်မှတ်ရရ အပတ်စဉ် စနေ၊တနင်္ဂနွေတိုင်းမှာ ကျောင်းထိပ်က ချိုလုံးကြော်လေး ၅၀ ဖိုးဝယ်ပြီး အဲဒီ့ ဆရာကြီးကို ကျွေး၊ စာသင်ပေးဖို့ ပြောတယ်။ နောက်တော့ သနားသွားပြီး ကျွန်မတို့ကို ကွန်ပြူတာစသင်ပေးပါတယ်။ ဆရာကြီးရဲ့ သင်ပြမှုနဲ့ ကျွန်မအသက် (၁၃)နှစ်မှာ website လေးတစ်ခုဖြစ်မြောက်အောင် လုပ်နိုင်ခဲ့ပါတယ်။ http://home.citycable.ch/ruedi/Tess/index.html ဟာသမလုပ်ဘူးဆိုရင် Linkကို နှိပ်ပြီး ကြည့်နိုင်ပါတယ်။ ဆရာကြီး Ruedi နဲ့ ကျောင်းက ကွန်ပြူတာဆရာ (ကျွန်မတို့အခေါ်) ကိုကြီးဘိုဇွာကို ကျွန်မ သိပ်သဘောကျပါတယ်။ သူတို့နှစ်ယောက်ကို ကြည့်ပြီး ကျွန်မ ကွန်ပြူတာ သင်တဲ့ ဆရာမ၊ ကွန်ပြူတာ နည်းပညာရှင် သိပ်ဖြစ်ချင်ခဲ့ပါတယ်။

ဒီလိုနဲ့ ဆယ်တန်းအောင်တော့ ကျွန်မရဲ့ အောင်မှတ်က ကွန်ပြူတာတက္ကသိုလ်ကို တက်ဖို့ အမှတ်မှီခဲ့ပါတယ်။ အဲဒီ့အချိန်မှာ စိတ်ကူးယဉ်မှုတွေက တစ်ကယ်ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားရပါတော့တယ်။ ကွန်ပြူတာတက္ကသိုလ်က ကျွန်မတို့နဲ့ အလွန်ဝေးပါတယ်၊ ဆိုင်ကယ်နဲ့သွားဖို့ ဆိုင်ကယ်လည်းတစ်စီးမှ အိမ်မှာမရှိပါဘူး၊ ဖယ်ရီနဲ့ သွားဖို့လည်း အကုန်အကျများလို့ မတတ်နိုင်ပါဘူး။ ပြီးတော့ နေ့စဉ် ကျောင်းသွားတက်ရတဲ့အခါ မုန့်ဖိုးတွေဘာတွေနဲ့ ကုန်ကျမှုတွေများပါတယ်။ အဲဒါ ကျွန်မမိဘတွေကို ဘာမှမပြောဘဲ ကျွန်မတစ်ယောက်ထဲ တွက်ချက်မှုတွေနဲ့ ဘယ်လို လုပ်ရမလဲ ဝေခွဲမရဖြစ်ခဲ့ချိန်မှာ ကျွန်မ ဖောင်တော်ဦး ဆရာတော်ကြီးဆီကို ခါတိုင်းလို အပြေးသွားပါတယ်။

ဘုန်းဘုန်းကြီးကို အသေးစိတ်ပြောပြတော့ ဘုန်းဘုန်းကြီးက မေးတယ် — “ထက် က ကွန်ပြူတာတက္ကသိုလ်ဘွဲ့ရချင်တာလား၊ ကွန်ပြူတာအကြောင်းတတ်ကျွမ်းနားလည်ချင်တာလား” တဲ့။ ကျွန်မက ကွန်ပြူတာကို ကျွမ်းကျင်စွာ သုံးတတ်ပြီး ကွန်ပြူတာအကြောင်း တတ်ကျွမ်းနားလည်ချင်တာပါ။ အဲဒီ့အတွက် ဘုန်းဘုန်းက ဒါဆို ဖောင်တော်ဦးကျောင်းမှာ ကျောင်းဆရာမလုပ်ရင်း ကွန်ပြူတာ အကြောင်း လေ့လာနိုင်ပါတယ်လို့ပြောလာတယ်။ အဲဒီ့အတွက် ကျွန်မ အင်္ဂလိပ်စာ မေဂျာနဲ့ အဝေးသင်တက္ကသိုလ်တက်ဖို့ရွေးချယ်ပြီး၊ ကျောင်းမှာ ဆရာမလုပ်ရင်း ကျွန်မလေ့လာချင်တာတွေ လေ့လာခွင့်ရခဲ့ပါတယ်။

ကျွန်မ ငယ်ငယ်က ဆရာမဖြစ်ချင်စိတ်ရှိခဲ့ပါတယ်။ အလယ်တန်းမှာ ကိုယ်သဘောကျတဲ့ ကွန်ပြူတာ ကျွမ်းကျင်သူတွေကို မြင်ပြီး ကွန်ပြူတာနည်းပညာရှင်ပိုဖြစ်ချင်ပြန်ပါတယ်။ ဒါပေမယ့် ဆယ်တန်းအောင်ပြီး စာသင်နေရင်း၊ သင်ကြားရေးဆိုင်ရာ သင်တန်းတွေတက်ရင်း တစ်ဖြည်းဖြည်းနဲ့ ကျွန်မနားလည်လာခဲ့တာက၊ ကျွန်မက ကျောင်းဆရာမဘဝကို ပိုခုံမင်တာပါပဲ။ ကွန်ပြူတာတွေကို စိတ်ဝင်စားပေမယ့် သင်ကြားခြင်းပညာကို ကျွန်မပိုချစ်မြတ်နိုးပြီး ဆရာမဖြစ်ခြင်းက ကျွန်မဘဝရဲ့ အဓိကအစိတ်အပိုင်းဖြစ်လာတာပါ။
အဲဒီ့နောက်မှာ ကျွန်မ သဘောပေါက်လာတာတစ်ခုက စိတ်ဝင်စားမှု၊ ဝါသနာ၊ ရည်မှန်းချက်တွေဆိုတာ ပြောင်းလဲမှုရှိနိုင်တယ်။ အဲဒီ့အရာတွေအပေါ် ကိုယ်အားကျလေးစားသူတွေ၊ သက်တူရွယ်တူတွေရဲ့ လုပ်ဆောင်မှုတွေနဲ့ မိသားစုအခြေအနေတွေကလည်း သက်ရောက်မှုရှိကြတယ်ဆိုတာလည်း သိလာရတယ်။ အဲဒီ့လို မမြဲခြင်းသဘောတရားရှိတတ်တဲ့ ဝါသနာတို့၊ ရွေးချယ်လိုတဲ့ အသက်မွေးဝမ်းကြောင်း ပညာတို့ဆိုတာ ရှိနိုင်ပေမယ့်၊ ဘယ်အရာကိုမဆို စိတ်ဝင်စားနေချိန်၊ သင်ယူနေချိန်မှာ အကောင်းဆုံးတော့ ကြိုးစားဖို့လိုပါတယ်။

မောင်၊ ညီမတွေကို အကြံပြုချင်တာက – ကိုယ့်ရဲ့ စိတ်ဝင်စားမှုတွေက ပြောင်းလဲသွားနိုင်ပါတယ်။ ဒါပေမယ့် လုပ်နေတဲ့အလုပ်၊ သင်နေတဲ့ ပညာကိုတော့ သေချာစွာ တတ်မြောက်အောင် သင်ယူပါ။ ဘွဲ့ရဖို့တစ်ခုတည်းကိုပဲ မစဉ်းစားပါနဲ့။ ပြီးရင် မှတ်ထားစေချင်တာက – ကိုယ်အမှန်တစ်ကယ် စိတ်ဝင်စားတဲ့ အကြောင်းအရာကို တက္ကသိုလ်တက်ပြီး သင်ယူခွင့် မရခဲ့ရင်တောင်၊ တက္ကသိုလ်မဟုတ်တဲ့ အခြား လမ်းကြောင်းတွေကနေတစ်ဆင့် သင်ယူဖို့ အခွင့်အလမ်းတွေ ရှာလို့ရနိုင်ပါတယ်။

နောက်တစ်ခုက သင်တန်းတက်ဖို့ ဒါမှမဟုတ် တစ်ခုခုရွေးချယ်ဖို့ဖြစ်လာတဲ့အခါ ကျွန်မကိုယ့်ကိုကိုယ် မေးဖြစ်လေ့ရှိတာလေးက – ဘာကြောင့်လုပ်ချင်တာလဲဆိုတာပါပဲ။ သင်တန်းတက်ဖို့ဆိုရင် – သင်တန်းအောင်လက်မှတ်လိုချင်လို့လား၊ သင်တန်းမှာ သင်ရမယ့် အကြောင်းအရာတွေကို တတ်ကျွမ်းနားလည်ချင်လို့လားဆိုတာကို အမြဲမေးပါတယ်။ အဲဒီ့ မေးခွန်းကို ဖြေနိုင်ဖို့ ကျွန်မက မြင်ရာသင်တန်းကို မတက်ပါဘူး။ တက်ဖို့ သင်တန်း ရွေးရင် သင်မယ့် အကြောင်းအရာတွေ၊ သင်မယ့်သူတွေ အစအဆုံး အကုန်လုံးကို သေချာ သိအောင်လုပ်ပါတယ်။ ဒါမှ ကျွန်မရဲ့ ဆုံးဖြတ်မှုကို အထောက်ကူပြုပါတယ်။ မောင်၊ညီမတွေကို အကြံပေးချင်တာက – တက္ကသိုလ်တက်ဖို့ ဘာသာရပ်ရွေးချယ်တဲ့အခါ အဲဒီ့တက္ကသိုလ်မှာ သင်ရမယ့် အကြောင်းအရာတွေ၊ ခေါင်းစဉ်တွေ၊ သင်ယူပြီး လုပ်ဆောင်နိုင်မယ့် အရာတွေကို သေချာ သိအောင် လုပ်ပါ။ ဒါမှ ပိုပြီး အဓိပ္ပါယ်ရှိတဲ့ သင်ယူမှုကို တက္ကသိုလ်မှာ ရှာဖို့ ပိုလွယ်ကူပါလိမ့်မယ်။

ဘဝဆိုတာ အမြဲ ရွေ့လျားနေတာပါ။ ပစ္စုပ္ပါန်မှာ အကောင်းဆုံး လေ့လာသင်ယူပြီး၊ အနာဂါတ်မှာ ကိုယ်ဖြစ်ချင်တဲ့ အရာတွေအတွက် ပြင်ဆင်နိုင်ပါတယ်။ မောင်ညီမလေးတွေ၊ သင်ယူမှုကို တန်ဖိုးထားပြီး မှန်ကန်သော ဆုံးဖြတ်ချက်တွေ ချနိုင်ကြပါစေ။ မိဘတွေကလည်း ကလေးတွေ အမှန်တကယ် စိတ်ဝင်စားတဲ့အရာ၊ သင်ယူချင်တဲ့အရာကို ရှာဖွေတဲ့အပိုင်းမှာ ကူညီစေချင်ပါတယ်။ ပျော်ရွှင်စွာ သင်ယူခွင့်၊ ပံ့ပိုးခွင့်ရကြပါစေ။

မေတ္တာဖြင့်…
Sayarma-ဆရာမ

မှတ်ချက် – ဒီဓါတ်ပုံလေးက တောင်ငူ ကွန်ပြူတာတက္ကသိုလ်မှာ ဗုဒ္ဓနည်းကျ သင်ကြားနည်း အကြောင်း ဆွေးနွေးပွဲလေးသွားတုန်းက ရိုက်ထားတာပါ။ ငယ်က အိမ်မက်လေးတစ်ခုပေါ့။

[ Zawgyi ]

ေလာေလာလတ္လတ္မွာ ဆယ္တန္းေအာင္စာရင္းထြက္ထားတာဆိုေတာ့ ဆယ္တန္းၿပီးရင္ ဘာဆက္လုပ္မလဲ၊ ဆယ္တန္းမွာ ရတဲ့ အမွတ္နဲ႔ ဘယ္ေက်ာင္းေတြတက္မလဲ၊ ေမၽွာ္မွန္းထားတဲ့အတိုင္း မျဖစ္လာတဲ့အခါ ကိုယ့္ရည္မွန္းခ်က္နဲ႔ ေဝးၿပီလား စတဲ့ ေမးခြန္းေတြ ကေလးေတြမွာေရာ၊ မိဘေတြမွာေရာ ရွိေနၾကမယ္ထင္ပါတယ္။ ကၽြန္မမွာ အားလုံးအတြက္ တိက်တဲ့အေၿဖ မရွိပါဘူး၊ ဒါေပမယ့္ ကၽြန္မရဲ့ ဆယ္တန္းအရြယ္တုန္းက ဘဝရည္မွန္းခ်က္နဲ႔ပတ္သတ္ၿပီး စဥ္းစားခဲ့ပုံနဲ႔ အေတြ႕အၾကဳံအခ်ိဳ႕ကို မၽွေဝေပးခ်င္ပါတယ္။

ကၽြန္မ ၈ တန္းႏွစ္ေလာက္မွာ အဂၤလိပ္စာ အလြန္႐ူးသြပ္ခဲ့တာ အရင္က စာေတြမွာ ေရးၿပီးသားပါ။ အဲဒီ့အခ်ိန္က ဆြစ္ဇာလန္နိုင္ငံက ကြန္ျပဴတာဆရာႀကီး Ruedi နဲ႔ ဆုံၿပီး ကြန္ျပဴတာ သင္ခ်င္စိတ္ေတြ အရမ္းျဖစ္ခဲ့ျပန္ပါတယ္။ မွတ္မွတ္ရရ အပတ္စဥ္ စေန၊တနဂၤေႏြတိုင္းမွာ ေက်ာင္းထိပ္က ခ်ိဳလုံးေၾကာ္ေလး ၅၀ ဖိုးဝယ္ၿပီး အဲဒီ့ ဆရာႀကီးကို ေကၽြး၊ စာသင္ေပးဖို႔ ေျပာတယ္။ ေနာက္ေတာ့ သနားသြားၿပီး ကၽြန္မတို႔ကို ကြန္ျပဴတာစသင္ေပးပါတယ္။ ဆရာႀကီးရဲ့ သင္ျပမႈနဲ႔ ကၽြန္မအသက္ (၁၃)ႏွစ္မွာ website ေလးတစ္ခုျဖစ္ေျမာက္ေအာင္ လုပ္နိုင္ခဲ့ပါတယ္။ http://home.citycable.ch/ruedi/Tess/index.html ဟာသမလုပ္ဘူးဆိုရင္ Linkကို ႏွိပ္ၿပီး ၾကည့္နိုင္ပါတယ္။ ဆရာႀကီး Ruedi နဲ႔ ေက်ာင္းက ကြန္ျပဴတာဆရာ (ကၽြန္မတို႔အေခၚ) ကိုႀကီးဘိုဇြာကို ကၽြန္မ သိပ္သေဘာက်ပါတယ္။ သူတို႔ႏွစ္ေယာက္ကို ၾကည့္ၿပီး ကၽြန္မ ကြန္ျပဴတာ သင္တဲ့ ဆရာမ၊ ကြန္ျပဴတာ နည္းပညာရွင္ သိပ္ျဖစ္ခ်င္ခဲ့ပါတယ္။

ဒီလိုနဲ႔ ဆယ္တန္းေအာင္ေတာ့ ကၽြန္မရဲ့ ေအာင္မွတ္က ကြန္ျပဴတာတကၠသိုလ္ကို တက္ဖို႔ အမွတ္မွီခဲ့ပါတယ္။ အဲဒီ့အခ်ိန္မွာ စိတ္ကူးယဥ္မႈေတြက တစ္ကယ္ျဖစ္နိုင္မျဖစ္နိုင္ စဥ္းစားရပါေတာ့တယ္။ ကြန္ျပဴတာတကၠသိုလ္က ကၽြန္မတို႔နဲ႔ အလြန္ေဝးပါတယ္၊ ဆိုင္ကယ္နဲ႔သြားဖို႔ ဆိုင္ကယ္လည္းတစ္စီးမွ အိမ္မွာမရွိပါဘူး၊ ဖယ္ရီနဲ႔ သြားဖို႔လည္း အကုန္အက်မ်ားလို႔ မတတ္နိုင္ပါဘူး။ ၿပီးေတာ့ ေန႔စဥ္ ေက်ာင္းသြားတက္ရတဲ့အခါ မုန႔္ဖိုးေတြဘာေတြနဲ႔ ကုန္က်မႈေတြမ်ားပါတယ္။ အဲဒါ ကၽြန္မမိဘေတြကို ဘာမွမေျပာဘဲ ကၽြန္မတစ္ေယာက္ထဲ တြက္ခ်က္မႈေတြနဲ႔ ဘယ္လို လုပ္ရမလဲ ေဝခြဲမရျဖစ္ခဲ့ခ်ိန္မွာ ကၽြန္မ ေဖာင္ေတာ္ဦး ဆရာေတာ္ႀကီးဆီကို ခါတိုင္းလို အေျပးသြားပါတယ္။

ဘုန္းဘုန္းႀကီးကို အေသးစိတ္ေျပာျပေတာ့ ဘုန္းဘုန္းႀကီးက ေမးတယ္ — “ထက္ က ကြန္ျပဴတာတကၠသိုလ္ဘြဲ႕ရခ်င္တာလား၊ ကြန္ျပဴတာအေၾကာင္းတတ္ကၽြမ္းနားလည္ခ်င္တာလား” တဲ့။ ကၽြန္မက ကြန္ျပဴတာကို ကၽြမ္းက်င္စြာ သုံးတတ္ၿပီး ကြန္ျပဴတာအေၾကာင္း တတ္ကၽြမ္းနားလည္ခ်င္တာပါ။ အဲဒီ့အတြက္ ဘုန္းဘုန္းက ဒါဆို ေဖာင္ေတာ္ဦးေက်ာင္းမွာ ေက်ာင္းဆရာမလုပ္ရင္း ကြန္ျပဴတာ အေၾကာင္း ေလ့လာနိုင္ပါတယ္လို႔ေျပာလာတယ္။ အဲဒီ့အတြက္ ကၽြန္မ အဂၤလိပ္စာ ေမဂ်ာနဲ႔ အေဝးသင္တကၠသိုလ္တက္ဖို႔ေရြးခ်ယ္ၿပီး၊ ေက်ာင္းမွာ ဆရာမလုပ္ရင္း ကၽြန္မေလ့လာခ်င္တာေတြ ေလ့လာခြင့္ရခဲ့ပါတယ္။

ကၽြန္မ ငယ္ငယ္က ဆရာမျဖစ္ခ်င္စိတ္ရွိခဲ့ပါတယ္။ အလယ္တန္းမွာ ကိုယ္သေဘာက်တဲ့ ကြန္ျပဴတာ ကၽြမ္းက်င္သူေတြကို ျမင္ၿပီး ကြန္ျပဴတာနည္းပညာရွင္ပိုျဖစ္ခ်င္ျပန္ပါတယ္။ ဒါေပမယ့္ ဆယ္တန္းေအာင္ၿပီး စာသင္ေနရင္း၊ သင္ၾကားေရးဆိုင္ရာ သင္တန္းေတြတက္ရင္း တစ္ျဖည္းျဖည္းနဲ႔ ကၽြန္မနားလည္လာခဲ့တာက၊ ကၽြန္မက ေက်ာင္းဆရာမဘဝကို ပိုခုံမင္တာပါပဲ။ ကြန္ျပဴတာေတြကို စိတ္ဝင္စားေပမယ့္ သင္ၾကားျခင္းပညာကို ကၽြန္မပိုခ်စ္ျမတ္နိုးၿပီး ဆရာမျဖစ္ျခင္းက ကၽြန္မဘဝရဲ့ အဓိကအစိတ္အပိုင္းျဖစ္လာတာပါ။
အဲဒီ့ေနာက္မွာ ကၽြန္မ သေဘာေပါက္လာတာတစ္ခုက စိတ္ဝင္စားမႈ၊ ဝါသနာ၊ ရည္မွန္းခ်က္ေတြဆိုတာ ေျပာင္းလဲမႈရွိနိုင္တယ္။ အဲဒီ့အရာေတြအေပၚ ကိုယ္အားက်ေလးစားသူေတြ၊ သက္တူရြယ္တူေတြရဲ့ လုပ္ေဆာင္မႈေတြနဲ႔ မိသားစုအေျခအေနေတြကလည္း သက္ေရာက္မႈရွိၾကတယ္ဆိုတာလည္း သိလာရတယ္။ အဲဒီ့လို မျမဲျခင္းသေဘာတရားရွိတတ္တဲ့ ဝါသနာတို႔၊ ေရြးခ်ယ္လိုတဲ့ အသက္ေမြးဝမ္းေၾကာင္း ပညာတို႔ဆိုတာ ရွိနိုင္ေပမယ့္၊ ဘယ္အရာကိုမဆို စိတ္ဝင္စားေနခ်ိန္၊ သင္ယူေနခ်ိန္မွာ အေကာင္းဆုံးေတာ့ ႀကိဳးစားဖို႔လိုပါတယ္။

ေမာင္၊ ညီမေတြကို အႀကံျပဳခ်င္တာက – ကိုယ့္ရဲ့ စိတ္ဝင္စားမႈေတြက ေျပာင္းလဲသြားနိုင္ပါတယ္။ ဒါေပမယ့္ လုပ္ေနတဲ့အလုပ္၊ သင္ေနတဲ့ ပညာကိုေတာ့ ေသခ်ာစြာ တတ္ေျမာက္ေအာင္ သင္ယူပါ။ ဘြဲ႕ရဖို႔တစ္ခုတည္းကိုပဲ မစဥ္းစားပါနဲ႔။ ၿပီးရင္ မွတ္ထားေစခ်င္တာက – ကိုယ္အမွန္တစ္ကယ္ စိတ္ဝင္စားတဲ့ အေၾကာင္းအရာကို တကၠသိုလ္တက္ၿပီး သင္ယူခြင့္ မရခဲ့ရင္ေတာင္၊ တကၠသိုလ္မဟုတ္တဲ့ အျခား လမ္းေၾကာင္းေတြကေနတစ္ဆင့္ သင္ယူဖို႔ အခြင့္အလမ္းေတြ ရွာလို႔ရနိုင္ပါတယ္။

ေနာက္တစ္ခုက သင္တန္းတက္ဖို႔ ဒါမွမဟုတ္ တစ္ခုခုေရြးခ်ယ္ဖို႔ျဖစ္လာတဲ့အခါ ကၽြန္မကိုယ့္ကိုကိုယ္ ေမးျဖစ္ေလ့ရွိတာေလးက – ဘာေၾကာင့္လုပ္ခ်င္တာလဲဆိုတာပါပဲ။ သင္တန္းတက္ဖို႔ဆိုရင္ – သင္တန္းေအာင္လက္မွတ္လိုခ်င္လို႔လား၊ သင္တန္းမွာ သင္ရမယ့္ အေၾကာင္းအရာေတြကို တတ္ကၽြမ္းနားလည္ခ်င္လို႔လားဆိုတာကို အျမဲေမးပါတယ္။ အဲဒီ့ ေမးခြန္းကို ေျဖနိုင္ဖို႔ ကၽြန္မက ျမင္ရာသင္တန္းကို မတက္ပါဘူး။ တက္ဖို႔ သင္တန္း ေရြးရင္ သင္မယ့္ အေၾကာင္းအရာေတြ၊ သင္မယ့္သူေတြ အစအဆုံး အကုန္လုံးကို ေသခ်ာ သိေအာင္လုပ္ပါတယ္။ ဒါမွ ကၽြန္မရဲ့ ဆုံးျဖတ္မႈကို အေထာက္ကူျပဳပါတယ္။ ေမာင္၊ညီမေတြကို အႀကံေပးခ်င္တာက – တကၠသိုလ္တက္ဖို႔ ဘာသာရပ္ေရြးခ်ယ္တဲ့အခါ အဲဒီ့တကၠသိုလ္မွာ သင္ရမယ့္ အေၾကာင္းအရာေတြ၊ ေခါင္းစဥ္ေတြ၊ သင္ယူၿပီး လုပ္ေဆာင္နိုင္မယ့္ အရာေတြကို ေသခ်ာ သိေအာင္ လုပ္ပါ။ ဒါမွ ပိုၿပီး အဓိပၸါယ္ရွိတဲ့ သင္ယူမႈကို တကၠသိုလ္မွာ ရွာဖို႔ ပိုလြယ္ကူပါလိမ့္မယ္။

ဘဝဆိုတာ အျမဲ ေရြ႕လ်ားေနတာပါ။ ပစၥဳပၸါန္မွာ အေကာင္းဆုံး ေလ့လာသင္ယူၿပီး၊ အနာဂါတ္မွာ ကိုယ္ျဖစ္ခ်င္တဲ့ အရာေတြအတြက္ ျပင္ဆင္နိုင္ပါတယ္။ ေမာင္ညီမေလးေတြ၊ သင္ယူမႈကို တန္ဖိုးထားၿပီး မွန္ကန္ေသာ ဆုံးျဖတ္ခ်က္ေတြ ခ်နိုင္ၾကပါေစ။ မိဘေတြကလည္း ကေလးေတြ အမွန္တကယ္ စိတ္ဝင္စားတဲ့အရာ၊ သင္ယူခ်င္တဲ့အရာကို ရွာေဖြတဲ့အပိုင္းမွာ ကူညီေစခ်င္ပါတယ္။ ေပ်ာ္ရႊင္စြာ သင္ယူခြင့္၊ ပံ့ပိုးခြင့္ရၾကပါေစ။

ေမတၱာျဖင့္…
Sayarma-ဆရာမ

မွတ္ခ်က္ – ဒီဓါတ္ပုံေလးက ေတာင္ငူ ကြန္ျပဴတာတကၠသိုလ္မွာ ဗုဒၶနည္းက် သင္ၾကားနည္း အေၾကာင္း ေဆြးေႏြးပြဲေလးသြားတုန္းက ရိုက္ထားတာပါ။ ငယ္က အိမ္မက္ေလးတစ္ခုေပါ့။