[ Unicode ]
ကျွန်မရဲ့ ဆရာမ စာမျက်နှာကို ၂၀၁၈ ကတည်းက Follow လုပ်ထားရင် ကျွန်မနဲ့ Reneeရဲ့ ပထမဆုံး Live Videoလေးကို ကြည့်ဖူးကြမှာပါ။ ပြန်ကြည့်ချင်သူတွေအတွက် အောက်မှာ လင့်ခ်ပေးထားပါတယ်။ Reneeက ကနေဒါနိုင်ငံသူဖြစ်ပါတယ်။ မိသားစုနဲ့အတူ စင်္ကာပူမှာ နေတာ ၂ နှစ်ပတ်ဝန်းကျင်ပဲရှိပါသေးတယ်။ အရင်က ကတာ နိုင်ငံမှာ နေခဲ့ကြပါတယ်။ ကျွန်မနဲ့ သူနဲ့က ၂၀၁၃ မှာ ကတာနိုင်ငံ ဒိုဟာမြို့မှာရှိတဲ့ Georgetown Universityရဲ့ ညီလာခံတစ်ခုမှာ ဆုံခဲ့ပြီး အခုချိန်ထိ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေအဖြစ်ရှိနေခဲ့တာပါ။
ကျွန်မက Reneeကို သိပ်သဘောကျတာ။ အရမ်းတော်ပြီး ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ရုံတင်မကဘူး သားသမီးတွေအတွက် အချိန်ပေးပြီး ပံ့ပိုးကူညီမှုလုပ်ပေးတာတွေကို မြင်ရပြီး လေးစားမိတာ။ ဒါကြောင့်လည်း သူ့ကို ၂၀၁၈တုန်းက ကလေးတွေကို ပြုစုပျိုးထောင်ပုံနဲ့ ပတ်သတ်ပြီး Liveလွှင့်ဖြစ်ခဲ့တာပါ။ ဒီတစ်ခေါက် ကျွန်မ စင်္ကာပူကနေ မြန်မာပြည်ကို ပြန်ဖြစ်တော့မှာမို့ နှုတ်ဆက်ရင်း စကားတွေပြောဖြစ်ကြပြန်တဲ့အခါ သူ့ဆီကနေ သူ့ရဲ့ ဆယ်ကျော်သက် သားနဲ့သမီးကို ဘာတွေလုပ်ပေးနေဖြစ်လဲဆိုတာတွေ သင်ယူခဲ့ရလို့ မျှဝေပေးချင်ပါတယ်။
၁) အချိန်ပေးဖြစ်တယ်။
သူရော သူ့အမျိုးသားရောက အရမ်းအလုပ်များကြသူတွေပါ။ ဒါပေမယ့် ညစာကို ငယ်စဉ်ကတည်းက အမြဲအတူတူစားဖြစ်တယ်။ ညစာ စားပွဲက မိသားစု နေ့စဉ်အစည်းအဝေးလိုပါပဲတဲ့။ တစ်နေ့တာဖြစ်ခဲ့တာတွေ မျှဝေကြတယ်၊ ဆွေးနွေးကြတယ်။ မိဘတွေရော ကလေးတွေရော အားလုံး တန်းတူ ပြောဆိုဆွေးနွေးခွင့်ရှိတယ်။ ညစာစားချိန်တွေအပြင် အားကစားလုပ်ချိန်တွေမှာ အတူတူ လုပ်ကြတယ်။ သွားပြေးတဲ့အခါ၊ ရေကူးတဲ့အခါ၊ စက်ဘီးစီးတဲ့အခါ တတ်နိုင်သလောက် အတူတူ လုပ်ကြတယ်။ ကလေးငယ်လေးဆိုတဲ့ အချိန်ကာလဟာ တိုတောင်းလွန်းတယ်။ တတ်နိုင်သလောက် အချိန်ပေးပြီး သူတို့အကြောင်း နားလည်အောင် ကြိုးစားတဲ့အခါ သူတို့နဲ့ မိဘတွေရဲ့အကြား ယုံကြည်မှုတွေ တိုးတက်ကြတယ်။
၂) ခရီးတွေအတူတူထွက်ရင်း ပျော်စရာတွေဖန်တီးတယ်။
မိသားစုခရီးထွက်ဖို့အတွက် အားလုံးအတူတူ ပြင်ဆင်ကြတယ်။ ခရီးစဉ်မှာ ကိုယ်တိုင်ကိုယ်ကျ စီမံလုပ်ကိုင်ကြတာလေးတွေထည့်တယ်။ ဥပမာ – ဟောင်ကောင်ကို သွားတုန်းက တစ်နေ့တာ မြို့အနှံ့ စက်ဘီးစီးတဲ့ အစီအစဉ်လေးလုပ်တယ်။ စက်ဘီးစီးရင်း သွားချင်တဲ့နေရာတွေကို ကလေးတွေက စဉ်းစားပြောဆိုကြတယ်၊ ဦးဆောင်ကြတယ်၊ မိဘတွေကလည်း အကြံဉာဏ်တွေပေးပြီး ကလေးတွေဦးဆောင်တဲ့အတိုင်းလိုက်လုပ်ကြတယ်။ ခရီးတွေထွက်တဲ့အခါ မိသားစုအတူတူ တိုင်ပင်စဉ်းစားပြီး ပျော်စရာတွေ အတူတူ ဖန်တီးခွင့်ရှိကြတယ်။ မိသားစုဆိုတာ ချစ်စရာအကောင်းဆုံး အဖွဲ့အစည်းတစ်ခုပဲလေ။ အားလုံးတန်းတူအခွင့်အရေးရှိပြီး ပျော်ရွှင်စရာအခွင့်အလမ်းတွေကို တက်ညီလက်ညီ ဖန်တီးဖေါ်ထုတ်ခွင့်ရတဲ့အခါ အပြန်အလှန်လေးစားမှုတွေ၊ တန်ဖိုးထားမှုတွေပိုကြတယ်။
၃) စစ်မှန်မှုကို ပြသတယ်။
မိဘတွေဟာ မိဘတွေဖြစ်ပေမယ့် သာမာန်လူသားတွေမို့ ခံစားချက်မျိုးစုံ၊ အခက်အခဲပေါင်းစုံ ရှိတတ်တာပါပဲ။ ဒီလိုအခြေအနေတွေကို ကလေးတွေကို ဖုံးကွယ်တာမျိုးမလုပ်ဘဲ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ အားငယ်မှု စတဲ့ ခံစားချက်တွေကို ကလေးတွေနားလည်အောင် ဖွင့်ဟပြတယ်၊ ပွင့်လင်းစွာ ပြောပြတယ်။ Reneeက အလုပ်အသစ်ကို ပြောင်းတဲ့အခါ စိတ်အရမ်းပင်ပန်းတယ်။ အဲဒီ့ကိစ္စကို သူတို့ရဲ့ မိသားစုအားလုံးကို သေချာ နားလည်အောင် ပြောပြသလို အားလုံးကလည်း တတ်နိုင်သလောက် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကြတယ်။ တစ်ယောက်ရဲ့ အောင်မြင်၊ပျော်ရွှင်မှုအပေါ် ဝမ်းသာကြတယ်။ ဖုံးကွယ်ထားခြင်း၊ လျု့ိဝှက်ထားခြင်းတွေကို မိဘတွေကိုယ်တိုင်က မလုပ်တော့ စစ်မှန်သော ပြောဆိုဆက်ဆံမှုအကြောင်း ကလေတွေက သင်ယူကြတယ်။
ကြည်နူးစရာကောင်းတာက Renee ရဲ့ သားလေးက အခုအချိန်မှာ ဆယ်ကျော်သက် လူပျိုပေါက်စလေးဖြစ်နေပေမယ့် မိဘနဲ့အတူ ရုပ်ရှင်ရုံသွားရတာ၊ အားကစားတွေအတူတူလုပ်ကြတာ၊ ဆွေးနွေးတိုင်ပင်တာ၊ အားလပ်ချိန်တွေ အတူတူ စကားတွေထိုင်ပြောကြတာတွေကို လုပ်ရတာ ကြိုက်တယ်တဲ့။ ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့အခါ ကလေးတွေဟာ သူငယ်ချင်းအပေါင်းအသင်းသည်သာ အဓိကဖြစ်ကြတယ်။ မိဘတွေဟာ သိပ်ပြီး မသိသလို၊ မတတ်သလို ပြုမူတတ်ကြတယ်။ မိဘတွေက နားလည်မပေးနိုင်ကြဘူးဆိုတဲ့ခံစားချက်မျိုးလည်းဖြစ်တတ်ကြတယ်။ ကျွန်မမြင်တာက Reneeတို့ လင်မယားနှစ်ယောက်ဟာ ကလေးတွေအတွက် အချိန်ပေးခြင်း၊ ကလေးတွေနဲ့အတူ ပျော်ရွှင်စရာတွေ၊သင်ယူစရာတွေကို အတူတကွဖန်တီးခြင်းနဲ့ မိဘတွေရဲ့ လူသားဆန်မှု၊ စစ်မှန်ခြင်းတရားတွေကိုလည်း အညင်သာဆုံးပြကြတယ်။ အဲဒီ့အတွက် ကလေးတွေအနေနဲ့ သူတို့ရဲ့ မိဘတွေက သူတို့ရဲ့ သူငယ်ချင်းတွေလို ယုံကြည်အားကိုးရတယ်၊ တန်ဖိုးထားသင့်တယ်၊ ရင်ဖွင့်ဖေါ်ရင်ဖွင့်ဖက်တွေဖြစ်ကြတယ်ဆိုတဲ့ ခံစားချက်တွေရကြတယ်။ ဒီလို အဖိုးမဖြတ်နိုင်တဲ့ သင်ယူမှုတွေ ပါဝင်တဲ့ စကားဝိုင်းလေးကို ကျွန်မကတော့ အမြဲ အမှတ်ရနေတော့မှာပါ။ Reneeဟာ ကျွန်မအတွက်တော့ မိတ်ဆွေကောင်းထက်ပိုတဲ့ မြင်ဆရာမ တစ်ယောက်ပါပဲ။
မေတ္တာဖြင့်……
Sayarma-ဆရာမ
Live Video Link => https://www.facebook.com/sayarma.co/videos/471197226733429/
[ Zawgyi ]
ကၽြန္မရဲ့ ဆရာမ စာမ်က္ႏွာကို ၂၀၁၈ ကတည္းက Follow လုပ္ထားရင္ ကၽြန္မနဲ႔ Reneeရဲ့ ပထမဆုံး Live Videoေလးကို ၾကည့္ဖူးၾကမွာပါ။ ျပန္ၾကည့္ခ်င္သူေတြအတြက္ ေအာက္မွာ လင့္ခ္ေပးထားပါတယ္။ Reneeက ကေနဒါနိုင္ငံသူျဖစ္ပါတယ္။ မိသားစုနဲ႔အတူ စကၤာပူမွာ ေနတာ ၂ ႏွစ္ပတ္ဝန္းက်င္ပဲရွိပါေသးတယ္။ အရင္က ကတာ နိုင္ငံမွာ ေနခဲ့ၾကပါတယ္။ ကၽြန္မနဲ႔ သူနဲ႔က ၂၀၁၃ မွာ ကတာနိုင္ငံ ဒိုဟာၿမိဳ႕မွာရွိတဲ့ Georgetown Universityရဲ့ ညီလာခံတစ္ခုမွာ ဆုံခဲ့ၿပီး အခုခ်ိန္ထိ ခင္မင္ရင္းႏွီးတဲ့ မိတ္ေဆြေတြအျဖစ္ရွိေနခဲ့တာပါ။
ကၽြန္မက Reneeကို သိပ္သေဘာက်တာ။ အရမ္းေတာ္ၿပီး ထက္ျမက္တဲ့ အမ်ိဳးသမီးတစ္ေယာက္ျဖစ္႐ုံတင္မကဘူး သားသမီးေတြအတြက္ အခ်ိန္ေပးၿပီး ပံ့ပိုးကူညီမႈလုပ္ေပးတာေတြကို ျမင္ရၿပီး ေလးစားမိတာ။ ဒါေၾကာင့္လည္း သူ႔ကို ၂၀၁၈တုန္းက ကေလးေတြကို ျပဳစုပ်ိဳးေထာင္ပုံနဲ႔ ပတ္သတ္ၿပီး Liveလႊင့္ျဖစ္ခဲ့တာပါ။ ဒီတစ္ေခါက္ ကၽြန္မ စကၤာပူကေန ျမန္မာျပည္ကို ျပန္ျဖစ္ေတာ့မွာမို႔ ႏႈတ္ဆက္ရင္း စကားေတြေျပာျဖစ္ၾကျပန္တဲ့အခါ သူ႔ဆီကေန သူ႔ရဲ့ ဆယ္ေက်ာ္သက္ သားနဲ႔သမီးကို ဘာေတြလုပ္ေပးေနျဖစ္လဲဆိုတာေတြ သင္ယူခဲ့ရလို႔ မၽွေဝေပးခ်င္ပါတယ္။
၁) အခ်ိန္ေပးျဖစ္တယ္။
သူေရာ သူ႔အမ်ိဳးသားေရာက အရမ္းအလုပ္မ်ားၾကသူေတြပါ။ ဒါေပမယ့္ ညစာကို ငယ္စဥ္ကတည္းက အျမဲအတူတူစားျဖစ္တယ္။ ညစာ စားပြဲက မိသားစု ေန႔စဥ္အစည္းအေဝးလိုပါပဲတဲ့။ တစ္ေန႔တာျဖစ္ခဲ့တာေတြ မၽွေဝၾကတယ္၊ ေဆြးေႏြးၾကတယ္။ မိဘေတြေရာ ကေလးေတြေရာ အားလုံး တန္းတူ ေျပာဆိုေဆြးေႏြးခြင့္ရွိတယ္။ ညစာစားခ်ိန္ေတြအျပင္ အားကစားလုပ္ခ်ိန္ေတြမွာ အတူတူ လုပ္ၾကတယ္။ သြားေျပးတဲ့အခါ၊ ေရကူးတဲ့အခါ၊ စက္ဘီးစီးတဲ့အခါ တတ္နိုင္သေလာက္ အတူတူ လုပ္ၾကတယ္။ ကေလးငယ္ေလးဆိုတဲ့ အခ်ိန္ကာလဟာ တိုေတာင္းလြန္းတယ္။ တတ္နိုင္သေလာက္ အခ်ိန္ေပးၿပီး သူတို႔အေၾကာင္း နားလည္ေအာင္ ႀကိဳးစားတဲ့အခါ သူတို႔နဲ႔ မိဘေတြရဲ့အၾကား ယုံၾကည္မႈေတြ တိုးတက္ၾကတယ္။
၂) ခရီးေတြအတူတူထြက္ရင္း ေပ်ာ္စရာေတြဖန္တီးတယ္။
မိသားစုခရီးထြက္ဖို႔အတြက္ အားလုံးအတူတူ ျပင္ဆင္ၾကတယ္။ ခရီးစဥ္မွာ ကိုယ္တိုင္ကိုယ္က် စီမံလုပ္ကိုင္ၾကတာေလးေတြထည့္တယ္။ ဥပမာ – ေဟာင္ေကာင္ကို သြားတုန္းက တစ္ေန႔တာ ၿမိဳ႕အႏွံ့ စက္ဘီးစီးတဲ့ အစီအစဥ္ေလးလုပ္တယ္။ စက္ဘီးစီးရင္း သြားခ်င္တဲ့ေနရာေတြကို ကေလးေတြက စဥ္းစားေျပာဆိုၾကတယ္၊ ဦးေဆာင္ၾကတယ္၊ မိဘေတြကလည္း အႀကံဉာဏ္ေတြေပးၿပီး ကေလးေတြဦးေဆာင္တဲ့အတိုင္းလိုက္လုပ္ၾကတယ္။ ခရီးေတြထြက္တဲ့အခါ မိသားစုအတူတူ တိုင္ပင္စဥ္းစားၿပီး ေပ်ာ္စရာေတြ အတူတူ ဖန္တီးခြင့္ရွိၾကတယ္။ မိသားစုဆိုတာ ခ်စ္စရာအေကာင္းဆုံး အဖြဲ႕အစည္းတစ္ခုပဲေလ။ အားလုံးတန္းတူအခြင့္အေရးရွိၿပီး ေပ်ာ္ရႊင္စရာအခြင့္အလမ္းေတြကို တက္ညီလက္ညီ ဖန္တီးေဖၚထုတ္ခြင့္ရတဲ့အခါ အျပန္အလွန္ေလးစားမႈေတြ၊ တန္ဖိုးထားမႈေတြပိုၾကတယ္။
၃) စစ္မွန္မႈကို ျပသတယ္။
မိဘေတြဟာ မိဘေတြျဖစ္ေပမယ့္ သာမာန္လူသားေတြမို႔ ခံစားခ်က္မ်ိဳးစုံ၊ အခက္အခဲေပါင္းစုံ ရွိတတ္တာပါပဲ။ ဒီလိုအေျခအေနေတြကို ကေလးေတြကို ဖုံးကြယ္တာမ်ိဳးမလုပ္ဘဲ ေပ်ာ္ရႊင္မႈ၊ ဝမ္းနည္းမႈ၊ အားငယ္မႈ စတဲ့ ခံစားခ်က္ေတြကို ကေလးေတြနားလည္ေအာင္ ဖြင့္ဟျပတယ္၊ ပြင့္လင္းစြာ ေျပာျပတယ္။ Reneeက အလုပ္အသစ္ကို ေျပာင္းတဲ့အခါ စိတ္အရမ္းပင္ပန္းတယ္။ အဲဒီ့ကိစၥကို သူတို႔ရဲ့ မိသားစုအားလုံးကို ေသခ်ာ နားလည္ေအာင္ ေျပာျပသလို အားလုံးကလည္း တတ္နိုင္သေလာက္ စိတ္ပိုင္းဆိုင္ရာ ပံ့ပိုးၾကတယ္။ တစ္ေယာက္ရဲ့ ေအာင္ျမင္၊ေပ်ာ္ရႊင္မႈအေပၚ ဝမ္းသာၾကတယ္။ ဖုံးကြယ္ထားျခင္း၊ လ်ဳ႕ိဝွက္ထားျခင္းေတြကို မိဘေတြကိုယ္တိုင္က မလုပ္ေတာ့ စစ္မွန္ေသာ ေျပာဆိုဆက္ဆံမႈအေၾကာင္း ကေလေတြက သင္ယူၾကတယ္။
ၾကည္ႏူးစရာေကာင္းတာက Renee ရဲ့ သားေလးက အခုအခ်ိန္မွာ ဆယ္ေက်ာ္သက္ လူပ်ိဳေပါက္စေလးျဖစ္ေနေပမယ့္ မိဘနဲ႔အတူ ႐ုပ္ရွင္႐ုံသြားရတာ၊ အားကစားေတြအတူတူလုပ္ၾကတာ၊ ေဆြးေႏြးတိုင္ပင္တာ၊ အားလပ္ခ်ိန္ေတြ အတူတူ စကားေတြထိုင္ေျပာၾကတာေတြကို လုပ္ရတာ ႀကိဳက္တယ္တဲ့။ ဆယ္ေက်ာ္သက္အရြယ္ေရာက္လာတဲ့အခါ ကေလးေတြဟာ သူငယ္ခ်င္းအေပါင္းအသင္းသည္သာ အဓိကျဖစ္ၾကတယ္။ မိဘေတြဟာ သိပ္ၿပီး မသိသလို၊ မတတ္သလို ျပဳမူတတ္ၾကတယ္။ မိဘေတြက နားလည္မေပးနိုင္ၾကဘူးဆိုတဲ့ခံစားခ်က္မ်ိဳးလည္းျဖစ္တတ္ၾကတယ္။ ကၽြန္မျမင္တာက Reneeတို႔ လင္မယားႏွစ္ေယာက္ဟာ ကေလးေတြအတြက္ အခ်ိန္ေပးျခင္း၊ ကေလးေတြနဲ႔အတူ ေပ်ာ္ရႊင္စရာေတြ၊သင္ယူစရာေတြကို အတူတကြဖန္တီးျခင္းနဲ႔ မိဘေတြရဲ့ လူသားဆန္မႈ၊ စစ္မွန္ျခင္းတရားေတြကိုလည္း အညင္သာဆုံးျပၾကတယ္။ အဲဒီ့အတြက္ ကေလးေတြအေနနဲ႔ သူတို႔ရဲ့ မိဘေတြက သူတို႔ရဲ့ သူငယ္ခ်င္းေတြလို ယုံၾကည္အားကိုးရတယ္၊ တန္ဖိုးထားသင့္တယ္၊ ရင္ဖြင့္ေဖၚရင္ဖြင့္ဖက္ေတြျဖစ္ၾကတယ္ဆိုတဲ့ ခံစားခ်က္ေတြရၾကတယ္။ ဒီလို အဖိုးမျဖတ္နိုင္တဲ့ သင္ယူမႈေတြ ပါဝင္တဲ့ စကားဝိုင္းေလးကို ကၽြန္မကေတာ့ အျမဲ အမွတ္ရေနေတာ့မွာပါ။ Reneeဟာ ကၽြန္မအတြက္ေတာ့ မိတ္ေဆြေကာင္းထက္ပိုတဲ့ ျမင္ဆရာမ တစ္ေယာက္ပါပဲ။
ေမတၱာျဖင့္……
Sayarma-ဆရာမ
Live Video Link => https://www.facebook.com/sayarma.co/videos/471197226733429