[ Unicode ]
ကျွန်မအရင်တစ်ပတ်က အဆိပ်သင့်သော ဟာသများအကြောင်း ရေးခဲ့တာနဲ့ ဆက်စပ်ပြီး ထပ်မျှဝေပါဦးမယ်။ ကျွန်မတို့ ငယ်ငယ်က အသားမဲလို့ ခွဲခြားခံရတာမျိုး၊ ဆံပင်ကောက်လို့ ခေါက်ဆွဲခြောက်နဲ့ နှိုင်းပြီးစခံရတာမျိုး၊ ပုရင်တစ်မျိုး၊ ရှည်ရင်တစ်မျိုး…. ကျွန်မတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခုကို မူတည်ပြီး စနောက်တာ၊ ခွဲခြားတာ၊ ဖယ်ကြဉ်ခံရတာမျိုး ကြုံဖူးကြလား။
ကျွန်မက ငယ်ငယ်က အသားတော်တော်မဲတယ်။ အခုလည်း မဖြူပါဘူး။ နေပူပူမှာ ပြေးလွှားဆော့ကစားရတာ ကြိုက်သူမို့ တော်တော်လေး မဲမဲသဲသဲလေးပေါ့။ ကျွန်မတို့ အိမ်က နွားနို့ရောင်းပါတယ်။ ကျွန်မတို့ အတန်းထဲမှာလည်း နွားနို့ရောင်းတဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ ဆရာမက ကျွန်မတို့ဆီကနေ နို့မှာ မသောက်ပါဘူး။ ကျွန်မကလည်း ၂ တန်းဆိုတော့ သိချင်လို့ မေးတော့ အသားမဲလို့တဲ့။ ကျွန်မတို့ အိမ်က အသားမဲလို့ ညစ်ပတ်တယ်။ ညစ်ပတ်လို့ ဝယ်မသောက်ဘူးလို့ပြောတယ်။ ကျွန်မ တော်တော် ဝမ်းနည်းပါတယ်။ ကိုယ့်မှာ ရှိနေတဲ့ ပြောင်းလဲလို့မရတဲ့ အသားရောင်ကြီးကို ဘယ်လိုလုပ်ရမလဲဆိုပြီး တွေးမိတယ်။
ကျွန်မဘဝမှာ ကျွန်မ အသားအရည်နဲ့ ပတ်သတ်ပြီး ပြောဆိုခံရ၊ ခွဲခြားခံရတာ တော်တော်များပါတယ်။ အသားမဲ ပတ္တမြားခဲဆိုပြီး အမေက အားပေးပေမယ့် ချိတ်ဆက်စဉ်းစားမရလို့ နားမလည်ပါဘူး။ ကြာလာတော့ ကျွန်မရဲ့ အသားမဲတဲ့ အမျိုးတွေကိုတောင် ကျွန်မ မပေါင်းချင်တော့ပါဘူး။ သူတို့နဲ့ပေါင်းရင် ပိုပြီး အသားမဲတာပိုသိသာမယ်ဆိုပြီး ကြောက်စိတ်တွေနဲ့ ကျွန်မက ပြန်ခွဲခြားဆက်ဆံခဲ့ပါတယ်။ ကြီးလာမှ ဒါဟာ Discrimination Cycle (ခွဲခြားဆက်ဆံမှု စက်ဝန်း)ဆိုတာ ကျွန်မ နားလည်ခဲ့ပါတယ်။ အမျိုးတွေကို မခေါ်မပြော၊ ရှောင်နေခဲ့တာတွေ အရမ်း စိတ်မကောင်းဖြစ်ရပါတယ်။ ဒါကတော့ ကျွန်မအကြောင်း အချို့ပေါ့။
ကျွန်မတို့ဘဝမှာ ကျွန်မတို့ ပြောင်းလဲလို့မရတဲ့ အရာတွေ အများကြီးရှိပါတယ်။ ကျွန်မတို့ အသားအရေ၊ ခန္ဓာကိုယ်အစိတ်အပိုင်းစတာတွေပေါ့ (Plastic Surgery လုပ်လို့ရတာ အခြားတစ်ကဏ္ဍ)။ ဒါပေမယ့် အသိုင်းအဝန်းစံနှုန်းက အသားဖြူမှ၊ ခါးသိမ်မှ၊ ဆံပင်သန်မှ၊ နှာခေါင်းချွန်မှ၊ မျက်တောင်ကော့မှ၊ မျက်ရစ်ရှိမှ…. လှတယ်၊ ကြည့်လို့ကောင်းတယ်၊ ပေါင်းသင်းဆက်ဆံချင်ကြတယ် ဆိုတဲ့ အတွေးတွေကြောင့် ကျွန်မတို့တစ်တွေက မသိလိုက်မသိဖာသာ ဒီစံနှုန်းတွေနဲ့ ညီချင်လာကြတယ်။ အသိုင်းအဝန်းမှာ ဝင်ဆံ့ချင်တာကိုး။ အသားမဖြူတဲ့သူက ဖြူချင်လာတယ်။ ဖြူဖို့အတွက် ဆေးသောက်မလား၊ ဆေးထိုးရမလား ဘာလုပ်ရမလဲ လုပ်ချင်တယ်။ ဒါတွေကလည်း ကိုယ့်ရွေးချယ်မှုမို့ ကျွန်မ ဘာမှမပြောလိုပါဘူး။ ဒါပေမယ့် ကျွန်မတို့ အပြန်အလှန် တစ်ဦးချင်းစီမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေရဲ့ တန်ဖိုးကို ကျွန်မတို့ ဖြစ်စေချင်တဲ့ စံနှုန်းတွေနဲ့ မသတ်မှတ်ဖို့ အရေးကြးီပါတယ်။
အထူးသဖြင့်… ကလေးတွေကို သူတို့ရဲ့ ဖြစ်တည်နေတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ၊ ပြောင်းလဲမရတဲ့ မိသားစုအခြေအနေတွေအပေါ်မှာ ခွဲခြားဆက်ဆံတဲ့အခါ၊ စိတ်ဒဏ်ရာရကြပါတယ်။ ကျွန်မလိုမျိုး ခွဲခြားမှုစက်ဝန်း ပြန်လုပ်ကြရင် တစ်ယောက်ကနေ နောက်တစ်ယောက် ခွဲခြားဆက်ဆံတဲ့ အသိုင်းအဝန်းကြီးဖြစ်ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုကို မရနိုင်ဘူးလို့ ထင်ပါတယ်။ အတတ်နိုင်ဆုံး ကလေးတွေကို သူတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ ပတ်သတ်ပြီး မလှောင်ပြောင်ပါနဲ့။ စနောက်ခြင်းခံရတဲ့အခါ သူတို့နားလည်နိုင်တဲ့ ဥပမာတွေနဲ့ ရှင်းပြပါ။
ကျောင်းတွေမှာ မျက်စိ၊နား၊နှာခေါင်းစတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေသင်တဲ့အခါ မျက်စိဆိုတာ ဘယ်အရာကိုခေါ်တာလဲဆိုတာနဲ့တင်ရပ်မနေဘဲ၊ မျက်စိရဲ့ အသုံးဝင်ပုံ၊ မျက်လုံးပုံစံအမျိုးမျိုးရှိပုံ၊ မျက်လုံးဘယ်ပုံစံဖြစ်ဖြစ် အရေးကြီးဆုံးက အမြင်အာရုံအားကောင်းဖို့ဖြစ်တယ်ဆိုတာတွေကိုပါ ထည့်သွင်းချိတ်ဆက်သင်ပေးဖို့ပါ။ အသားအရည်ဆိုရင်လည်း ဖြူခြင်း၊ ညိုခြင်း၊ မဲခြင်းထက် အသားရည် ကျန်းမာရေးကောင်းဖို့၊ စိုစိုပြေပြေနဲ့ လိုအပ်တဲ့ ဓါတ်တွေရှိနေဖို့၊ အနာကင်းဖို့က အဓိကဖြစ်တယ်ဆိုတာမျိုးတွေကို ကျွန်မတို့က သင်ရမှာပါ။ ကျွန်မတို့ဆီမှာ ပုံစံမတူစွာ ပါလာတဲ့ အစိတ်အပိုင်းတွေရဲ့ တန်ဖိုးကိုတောင် မသိရင် ဒီကျယ်ပြန့်တဲ့ လောကကြီးထဲက များစွာသော အခြားအရာတွေရဲ့ တန်ဖိုးကို စစ်မှန်စွာနားလည်ဖို့ ဘယ်လွယ်ပါ့မလဲ။
ကလေးတွေကို သူ့တို့ကိုယ် သူတို့ တန်ဖိုးထားတတ်ဖို့၊ ချစ်တတ်ဖို့နဲ့ သူတို့ပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ မိသားစုတွေရဲ့ တန်ဖိုးကို နားလည်လက်ခံနိုင်ဖို့ သင်ပေးကြမယ်ဆိုရင် Metta Cycle (မေတ္တာစက်ဝန်း)လေး လည်နေမယ်ဆိုရင် ကျွန်မတို့ အသိုင်းအဝန်းလေး ဘယ်လောက် ငြိမ်းချမ်းကြမလဲ။ Discrimination Cycle (ခွဲခြားမှုစက်ဝန်း) အစား Metta Cycle (မေတ္တာစက်ဝန်း)လေး တိုးပွါးရှင်သန်နိုင်ကြပါစေ။
မေတ္တာဖြင့်…..
Sayarma-ဆရာမ
ဓါတ်ပုံ – ငယ်ငယ်ကပုံတွေက ဓါတ်ပုံဆိုင်မှာ မိတ်ကပ်တွေအဖွေးသားနဲ့ လိမ်းပေးပြီး ရိုက်ထားတာမို့ ဒီပုံတွေမှာ မဲတာ မသိသာပါဘူး။ ငယ်ငယ်ကပုံတွေထည့်ထားတဲ့ HarddisKလည်းမရှာဖြစ်တာနဲ့ ၂၀၁၈ တုန်းက အလွယ်လုပ်ထားတဲ့ ပုံလေးမျှဝေဖြစ်တာပါ။
[ Zawgyi ]
ကၽြန္မအရင္တစ္ပတ္က အဆိပ္သင့္ေသာ ဟာသမ်ားအေၾကာင္း ေရးခဲ့တာနဲ႔ ဆက္စပ္ၿပီး ထပ္မၽွေဝပါဦးမယ္။ ကၽြန္မတို႔ ငယ္ငယ္က အသားမဲလို႔ ခြဲျခားခံရတာမ်ိဳး၊ ဆံပင္ေကာက္လို႔ ေခါက္ဆြဲေျခာက္နဲ႔ ႏွိုင္းၿပီးစခံရတာမ်ိဳး၊ ပုရင္တစ္မ်ိဳး၊ ရွည္ရင္တစ္မ်ိဳး…. ကၽြန္မတို႔ရဲ့ ခႏၶာကိုယ္ အစိတ္အပိုင္းတစ္ခုခုကို မူတည္ၿပီး စေနာက္တာ၊ ခြဲျခားတာ၊ ဖယ္ၾကဥ္ခံရတာမ်ိဳး ၾကဳံဖူးၾကလား။
ကၽြန္မက ငယ္ငယ္က အသားေတာ္ေတာ္မဲတယ္။ အခုလည္း မျဖဴပါဘူး။ ေနပူပူမွာ ေျပးလႊားေဆာ့ကစားရတာ ႀကိဳက္သူမို႔ ေတာ္ေတာ္ေလး မဲမဲသဲသဲေလးေပါ့။ ကၽြန္မတို႔ အိမ္က ႏြားနို႔ေရာင္းပါတယ္။ ကၽြန္မတို႔ အတန္းထဲမွာလည္း ႏြားနို႔ေရာင္းတဲ့ သူငယ္ခ်င္းတစ္ေယာက္ရွိပါတယ္။ ဆရာမက ကၽြန္မတို႔ဆီကေန နို႔မွာ မေသာက္ပါဘူး။ ကၽြန္မကလည္း ၂ တန္းဆိုေတာ့ သိခ်င္လို႔ ေမးေတာ့ အသားမဲလို႔တဲ့။ ကၽြန္မတို႔ အိမ္က အသားမဲလို႔ ညစ္ပတ္တယ္။ ညစ္ပတ္လို႔ ဝယ္မေသာက္ဘူးလို႔ေျပာတယ္။ ကၽြန္မ ေတာ္ေတာ္ ဝမ္းနည္းပါတယ္။ ကိုယ့္မွာ ရွိေနတဲ့ ေျပာင္းလဲလို႔မရတဲ့ အသားေရာင္ႀကီးကို ဘယ္လိုလုပ္ရမလဲဆိုၿပီး ေတြးမိတယ္။
ကၽြန္မဘဝမွာ ကၽြန္မ အသားအရည္နဲ႔ ပတ္သတ္ၿပီး ေျပာဆိုခံရ၊ ခြဲျခားခံရတာ ေတာ္ေတာ္မ်ားပါတယ္။ အသားမဲ ပတၱျမားခဲဆိုၿပီး အေမက အားေပးေပမယ့္ ခ်ိတ္ဆက္စဥ္းစားမရလို႔ နားမလည္ပါဘူး။ ၾကာလာေတာ့ ကၽြန္မရဲ့ အသားမဲတဲ့ အမ်ိဳးေတြကိုေတာင္ ကၽြန္မ မေပါင္းခ်င္ေတာ့ပါဘူး။ သူတို႔နဲ႔ေပါင္းရင္ ပိုၿပီး အသားမဲတာပိုသိသာမယ္ဆိုၿပီး ေၾကာက္စိတ္ေတြနဲ႔ ကၽြန္မက ျပန္ခြဲျခားဆက္ဆံခဲ့ပါတယ္။ ႀကီးလာမွ ဒါဟာ Discrimination Cycle (ခြဲျခားဆက္ဆံမႈ စက္ဝန္း)ဆိုတာ ကၽြန္မ နားလည္ခဲ့ပါတယ္။ အမ်ိဳးေတြကို မေခၚမေျပာ၊ ေရွာင္ေနခဲ့တာေတြ အရမ္း စိတ္မေကာင္းျဖစ္ရပါတယ္။ ဒါကေတာ့ ကၽြန္မအေၾကာင္း အခ်ိဳ႕ေပါ့။
ကၽြန္မတို႔ဘဝမွာ ကၽြန္မတို႔ ေျပာင္းလဲလို႔မရတဲ့ အရာေတြ အမ်ားႀကီးရွိပါတယ္။ ကၽြန္မတို႔ အသားအေရ၊ ခႏၶာကိုယ္အစိတ္အပိုင္းစတာေတြေပါ့ (Plastic Surgery လုပ္လို႔ရတာ အျခားတစ္က႑)။ ဒါေပမယ့္ အသိုင္းအဝန္းစံႏႈန္းက အသားျဖဴမွ၊ ခါးသိမ္မွ၊ ဆံပင္သန္မွ၊ ႏွာေခါင္းခၽြန္မွ၊ မ်က္ေတာင္ေကာ့မွ၊ မ်က္ရစ္ရွိမွ…. လွတယ္၊ ၾကည့္လို႔ေကာင္းတယ္၊ ေပါင္းသင္းဆက္ဆံခ်င္ၾကတယ္ ဆိုတဲ့ အေတြးေတြေၾကာင့္ ကၽြန္မတို႔တစ္ေတြက မသိလိုက္မသိဖာသာ ဒီစံႏႈန္းေတြနဲ႔ ညီခ်င္လာၾကတယ္။ အသိုင္းအဝန္းမွာ ဝင္ဆံ့ခ်င္တာကိုး။ အသားမျဖဴတဲ့သူက ျဖဴခ်င္လာတယ္။ ျဖဴဖို႔အတြက္ ေဆးေသာက္မလား၊ ေဆးထိုးရမလား ဘာလုပ္ရမလဲ လုပ္ခ်င္တယ္။ ဒါေတြကလည္း ကိုယ့္ေရြးခ်ယ္မႈမို႔ ကၽြန္မ ဘာမွမေျပာလိုပါဘူး။ ဒါေပမယ့္ ကၽြန္မတို႔ အျပန္အလွန္ တစ္ဦးခ်င္းစီမွာရွိတဲ့ အဂၤါအစိတ္အပိုင္းေတြရဲ့ တန္ဖိုးကို ကၽြန္မတို႔ ျဖစ္ေစခ်င္တဲ့ စံႏႈန္းေတြနဲ႔ မသတ္မွတ္ဖို႔ အေရးၾကးီပါတယ္။
အထူးသျဖင့္… ကေလးေတြကို သူတို႔ရဲ့ ျဖစ္တည္ေနတဲ့ ကိုယ္ခႏၶာအစိတ္အပိုင္းေတြ၊ ေျပာင္းလဲမရတဲ့ မိသားစုအေျခအေနေတြအေပၚမွာ ခြဲျခားဆက္ဆံတဲ့အခါ၊ စိတ္ဒဏ္ရာရၾကပါတယ္။ ကၽြန္မလိုမ်ိဳး ခြဲျခားမႈစက္ဝန္း ျပန္လုပ္ၾကရင္ တစ္ေယာက္ကေန ေနာက္တစ္ေယာက္ ခြဲျခားဆက္ဆံတဲ့ အသိုင္းအဝန္းႀကီးျဖစ္ၿပီး စစ္မွန္တဲ့ ၿငိမ္းခ်မ္းမႈ၊ ေပ်ာ္ရႊင္မႈကို မရနိုင္ဘူးလို႔ ထင္ပါတယ္။ အတတ္နိုင္ဆုံး ကေလးေတြကို သူတို႔ရဲ့ ခႏၶာကိုယ္အစိတ္အပိုင္းေတြနဲ႔ ပတ္သတ္ၿပီး မေလွာင္ေျပာင္ပါနဲ႔။ စေနာက္ျခင္းခံရတဲ့အခါ သူတို႔နားလည္နိုင္တဲ့ ဥပမာေတြနဲ႔ ရွင္းျပပါ။
ေက်ာင္းေတြမွာ မ်က္စိ၊နား၊ႏွာေခါင္းစတဲ့ ခႏၶာကိုယ္အစိတ္အပိုင္းေတြသင္တဲ့အခါ မ်က္စိဆိုတာ ဘယ္အရာကိုေခၚတာလဲဆိုတာနဲ႔တင္ရပ္မေနဘဲ၊ မ်က္စိရဲ့ အသုံးဝင္ပုံ၊ မ်က္လုံးပုံစံအမ်ိဳးမ်ိဳးရွိပုံ၊ မ်က္လုံးဘယ္ပုံစံျဖစ္ျဖစ္ အေရးႀကီးဆုံးက အျမင္အာ႐ုံအားေကာင္းဖို႔ျဖစ္တယ္ဆိုတာေတြကိုပါ ထည့္သြင္းခ်ိတ္ဆက္သင္ေပးဖို႔ပါ။ အသားအရည္ဆိုရင္လည္း ျဖဴျခင္း၊ ညိဳျခင္း၊ မဲျခင္းထက္ အသားရည္ က်န္းမာေရးေကာင္းဖို႔၊ စိုစိုေျပေျပနဲ႔ လိုအပ္တဲ့ ဓါတ္ေတြရွိေနဖို႔၊ အနာကင္းဖို႔က အဓိကျဖစ္တယ္ဆိုတာမ်ိဳးေတြကို ကၽြန္မတို႔က သင္ရမွာပါ။ ကၽြန္မတို႔ဆီမွာ ပုံစံမတူစြာ ပါလာတဲ့ အစိတ္အပိုင္းေတြရဲ့ တန္ဖိုးကိုေတာင္ မသိရင္ ဒီက်ယ္ျပန႔္တဲ့ ေလာကႀကီးထဲက မ်ားစြာေသာ အျခားအရာေတြရဲ့ တန္ဖိုးကို စစ္မွန္စြာနားလည္ဖို႔ ဘယ္လြယ္ပါ့မလဲ။
ကေလးေတြကို သူ႔တို႔ကိုယ္ သူတို႔ တန္ဖိုးထားတတ္ဖို႔၊ ခ်စ္တတ္ဖို႔နဲ႔ သူတို႔ပိုင္ဆိုင္ထားတဲ့ ခႏၶာကိုယ္အစိတ္အပိုင္းနဲ႔ မိသားစုေတြရဲ့ တန္ဖိုးကို နားလည္လက္ခံနိုင္ဖို႔ သင္ေပးၾကမယ္ဆိုရင္ Metta Cycle (ေမတၱာစက္ဝန္း)ေလး လည္ေနမယ္ဆိုရင္ ကၽြန္မတို႔ အသိုင္းအဝန္းေလး ဘယ္ေလာက္ ၿငိမ္းခ်မ္းၾကမလဲ။ Discrimination Cycle (ခြဲျခားမႈစက္ဝန္း) အစား Metta Cycle (ေမတၱာစက္ဝန္း)ေလး တိုးပြါးရွင္သန္နိုင္ၾကပါေစ။
ေမတၱာျဖင့္…..
Sayarma-ဆရာမ
ဓါတ္ပုံ – ငယ္ငယ္ကပုံေတြက ဓါတ္ပုံဆိုင္မွာ မိတ္ကပ္ေတြအေဖြးသားနဲ႔ လိမ္းေပးၿပီး ရိုက္ထားတာမို႔ ဒီပုံေတြမွာ မဲတာ မသိသာပါဘူး။ ငယ္ငယ္ကပုံေတြထည့္ထားတဲ့ HarddisKလည္းမရွာျဖစ္တာနဲ႔ ၂၀၁၈ တုန္းက အလြယ္လုပ္ထားတဲ့ ပုံေလးမၽွေဝျဖစ္တာပါ။