[ Unicode ]

ကျွန်မတို့ တကိုယ်ရည် သန့်ရှင်းရေး အကြောင်း အမြဲ ပြောကြသလို၊ ကျွန်မတို့ရဲ့ ကိုယ်ခန္ဓာ သန့်ရှင်းရေးအတွက် အထူး ဂရုပြုကြတယ်မဟုတ်လား။ ကျွန်မတို့တစ်တွေဟာ ကိုယ်ခန္ဓာတွင်မဟုတ်ဘဲ စိတ်ခံစားချက်တွေပါ ရှိကြတဲ့ လူသားတွေမို့ ကျွန်မတို့ရဲ့ စိတ်ခံစားချက်တွေက သန့်ရှင်းစင်ကြယ်ခြင်းကလည်း အလွန်အရေးကြီးပါတယ်။ စိတ်သန့်ရှင်းရေး (Emotional Hygiene) ဆိုတဲ့ စကားလုံးကို ကျွန်မ ၂၀၁၈ နှစ်ကာလလောက်က ဘုန်းတော်ကြီး ဒလိုင်းလာမားနဲ့ ကမ္ဘာကျော်ပညာရှင် Daniel Golemanရဲ့ Force for Good စာအုပ်မှာ စတင် မှတ်သားဖူးခဲ့တာပါ။ ဒီနေ့ စိတ်သန့်ရှင်းရေးဆိုတာဘာလဲ၊ ကျွန်မတို့ ကလေးတွေကိုကို ပြုစုပျိုးထောင်တဲ့အခါ စိတ်သန့်ရှင်းရေး လုပ်တတ်အောင် ဘယ်လို သင်ပေးမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

စိတ်သန့်ရှင်းရေး – ကျွန်မနားလည်သလောက် ကိုယ်ခန္ဓာမှာ ရှိတဲ့ အညစ်အကြေးတွေကို ကျွန်မတို့ ပုံမှန် သန့်ရှင်းရေးလုပ်ကြသလို စိတ်အတွင်းသန္တာန်မှာ ရှိနေတဲ့၊ ဖြစ်နေတဲ့ မကောင်းတဲ့ ခံစားချက်တွေ၊ မကောင်းတဲ့ အတွေးအခေါ်တွေကို မရှိတော့အောင်၊ မှေးမှိန်သွားအောင်…. ပြန်လည်သုံးသပ်ဆင်ခြင်ခြင်း၊ အပြုသဘောပြောင်းလဲတွေးခေါ်ခြင်းတို့ ပြုလုပ်တဲ့ ဖြစ်စဉ်လို့ ထင်ပါတယ်။ ခန္ဓာကိုယ်ဟာ အညစ်အကြေးတွေများလာတဲ့အခါ ကျန်းမာရေးကို ထိခိုက်လာတတ်သလို စိတ်ထဲမှာ အညစ်အကြေးတွေ များတဲ့အခါ စိတ်ထဲမှာ နေလို့ မကောင်းဘဲ ခန္ဓာကိုယ်ပြင်ပ ကျန်းမာရေးပါ ထိခိုက်ရတဲ့အထိ ဖြစ်နိုင်တာပါပဲ။ ဒါကြောင့် စိတ်ကို ပုံမှန် သန့်ရှင်းကြဖို့ လိုအပ်ပါတယ်။

စိတ်သန့်ရှင်းရေးလုပ်တာ ဘာကောင်းလဲ – ၂၀၀၈ ခုနှစ် Lhasa မှာ ရှိတဲ့ တိဘက်လူမျိုးတွေက တရုတ်ကွန်မြူနစ်အစိုးရကို ဆန္ဒပြကြတော့ ဘုန်းကြီးအများစုနဲ့ လူပေါင်းများစွာကို တရုတ်စစ်တပ်က ပစ်သတ်ခဲ့ကြတယ်။ အဲဒီ့အခါ ဒလိုင်းလားမားကြီးက သူ့သီတင်းသုံးတဲ့ကျောင်းကနေပြီး “ပစ်သတ်တဲ့ တရုတ်စစ်သားတွေရဲ့ ဒေါသတွေ၊ သံသယတွေ၊ မကောင်းတဲ့ စိတ်ထားတွေကို ဘေးဖယ်ပြီး ငါ့ရဲ့ မေတ္တာ၊ ကရုဏာတွေနဲ့ ခွင့်လွှတ်မှုတွေကို သူတို့ဆီ စိတ်ကနေ ပေးပို့ခဲ့တယ်။ ဒီလိုလုပ်ခြင်းဟာ အဲဒီ့ လူပေါင်းများစွာ သေကြေခြင်း ပြဿနာကိုတော့မဖြေရှင်းနိုင်ဘူး၊ ဒါပေမယ့် ငါ့ရဲ့ စိတ်အတွင်းမှာ ဖြစ်နေတဲ့ ခံစားချက်တွေကို ငြိမ်းအေးသွားစေတယ်။”လို့ပြောတယ်။ အဲဒီ့ငြိမ်သွားတဲ့ စိတ်ကြောင့် ပိုပြီး ထိရောက်တဲ့၊ ပိုပြီး မှန်ကန်တဲ့ ဖြေရှင်းမှုတွေ ရှာဖွေနိုင်လာတယ်တဲ့။ ကျွ၊န်မတို့ နေ့စဉ်ဘဝမှာ ဖြစ်ပျက်နေတဲ့ အရာတွေအပေါ် ဖြစ်လာတဲ့ မကောင်းတဲ့ခံစားချက်တွေက ကျွန်မတို့ရဲ့ စိတ်ကို ညစ်ညမ်းစေတယ်၊ ညစ်ညူးစေတယ်။ စိတ်က ညစ်ညမ်းတဲ့၊ မကောင်းတဲ့ ခံစားချက်တွေ၊ အတွေးတွေ ရှိလာတဲ့အခါ ကျွန်မတို့ရဲ့ ဖြေရှင်းမှုတွေ၊ အတွေးတွေ၊ အပြောတွေ၊ လုပ်ရပ်တွေက မှန်ကန်မှု အားနည်းသလို၊ အကြမ်းဖက်မှုဆန်တာတွေ၊ ကြမ်းတမ်းတာတွေ ဖြစ်နိုင်တယ်။ ဒါကြောင့် မကောင်းတဲ့စိတ်ကို မှေးမှိန်သွားအောင်၊ အကောင်းဖက် ပြောင်းလာအောင် ပြုလုပ်နိုင်ခြင်းဟာ အနည်းဆုံး ကိုယ်တွင်း ငြိမ်းချမ်းခြင်းကို အရင် ဖြစ်တည်စေပြီး ပိုကောင်းတဲ့ လုပ်ရပ်တွေ၊ ပိုကောင်းတဲ့ ရွေးချယ်မှုတွေ၊ ပိုကောင်းတဲ့ အပြောအဆိုတွေနဲ့ ပိုကောင်းတဲ့ အတွေးအခေါ်တွေကို ရစေပါတယ်။ ဒါဆို စိတ် သန့်ရှင်းရေးကို ဘယ်လို လုပ်မလဲ။

စိတ်ခံစားချက်များ၏ အကြောင်းအရင်းကို ရှာဖွေခြင်း – Lhasa မှာ ဖြစ်ပျက်တဲ့ ကိစ္စအပေါ် ဆက်စပ်ပြီး မေးခွန်းထုတ်တော့ ဒလိုင်းလားမားက ပြောတယ်၊ “ကျုပ်လည်း ဒေါသ ရှိတဲ့လူပါပဲ။ ဒါပေမယ့် အဲဒီ့အချိန်မှာ ဒေါသ အစား မေတ္တာပို့ဖို့ ဘာလို့ လုပ်ဆောင်ခဲ့သလဲဆိုရင် … ဒေါသဖြစ်ခြင်းရဲ့ အကြောင်းအရင်းကို စဉ်းစားမိလို့ပါ။ ဒေါသက ပျက်စီးစေခြင်းကို ဖေါ်ဆောင်တဲ့ ခံစားချက်အမျိုးအစားဖြစ်တယ်။ ဘာကို အရင်ဆုံး ပျက်စီးစေလဲဆိုရင် ကျုပ်ရဲ့ ပျော်ရွှင် ငြိမ်းချမ်းမှု နဲ့ ကျုပ်ရဲ့ ရုပ်ခန္ဓာကျန်းမာရေးပဲ။ အဲဒီ့အတွက် ဒေါသကို မကြိုဆိုချင်ဘူး။” ဒီတော့ မကောင်းတဲ့ ခံစားချက်တွေ၊ ကိုယ့်ရဲ့ ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှု၊ အေးချမ်းမှု၊ သင်ယူမှုကို ပျက်စီးစေမယ့်၊ ရပ်တန့်စေမယ့် အပျက်သဘောဆောင်တဲ့ ခံစားချက်တွေရှိလာတဲ့အခါ သတိလေးထားပြီး ဒီခံစားချက်တွေက ဘယ်လိုဖြစ်လာတာလဲ၊ ဒီခံစားချက်တွေကြောင့် ငါ ဘာဖြစ်မလဲ စတဲ့ မေးခွန်းတွေကိုယ့်ကိုကိုယ် ပြန်မေးဖို့စဉ်းစားရပါမယ်။ ကလေးတွေမှာ ဒေါသတွေထွက်၊ စိတ်တွေဆိုး၊ မနာလိုမှုတွေရှိလာတဲ့အခါ – ဒါမှမဟုတ် အခြား အပျက်သဘောခံစားချက်တွေရှိလာကြရင် အဲဒီ့ခံစားချက်တွေက ဘာကြောင့် ဖြစ်တာလဲ၊ အဲဒီ့ခံစားချက်တွေဖြစ်လာရင် သူများမဖြစ်ခင် ကိုယ့်မှာ ဘယ်လို သက်ရောက်မှုတွေ ရှိလာမလဲဆိုတာ ကျွန်မတို့က နားလည်အောင် ကူညီဖို့လိုပါတယ်။

စိတ်ခံစားချက်များ သိအောင် လုပ်ခြင်း – စိတ်ခံစားချက်ရဲ့ အကြောင်းရင်းတွေကို မေးခွန်းထုတ်ဖို့၊ အကျိုးတရားတွေကို ပြန်လည် ဆင်ခြင်နိုင်ဖို့ ကျွန်မတို့အနေနဲ့ ဖြစ်နေတဲ့ ခံစားချက်တွေကို သိဖို့နဲ့ သတိထားမိဖို့က အရေးကြီးပါတယ်။ ခံစားချက်က ဘာဖြစ်နေမှန်း သတိမထားမိဘူးဆိုရင် ထိန်းဖို့လည်း မဖြစ်နိုင်တာမို့၊ ကိုယ့်ရဲ့ နေ့စဉ် ဖြစ်ပျက်နေတဲ့ ခံစားချက်တွေကို သတိလေးထားကြည့်ရပါမယ်။ ကလေးတွေအတွက်ဆိုရင် ခံစားချက်အမျိုးမျိုးကို သိဖို့ အရင်ဆုံး သင်ပေးရပါမယ်။ ခံစားချက်တွေကို သိပြီးရင် ဘယ်လိုမျိုး ခံစားရသလဲဆိုတာကို နားလည်အောင်၊ ပြန်လည်ပြောပြတတ်အောင် သင်ပေးပါ။ ပုံမှန် မနက်တိုင်းဖြစ်ဖြစ်၊ ထမင်းစားဝိုင်းမှာဖြစ်ဖြစ်၊ အိပ်ယာဝင်ချိန်မှာဖြစ်ဖြစ်၊ ဒီနေ့ ဘယ်လို ခံစားချက်တွေ ဖြစ်မိလဲ၊ ဘာကြောင့် ဖြစ်တာလဲ စသဖြင့် ကလေးနဲ့ အတူ ဆွေးနွေးပါ။ ကိုယ်တိုင်လည်း သတိထားမိအောင် လေ့ကျင့်ပါ။

စိတ်သန့်ရှင်းရေးဆိုတာ စာရေးတဲ့အခါ လွယ်သလို ထင်ရပေမယ့် လေ့ကျင့်မှု အခါခါ လိုအပ်ပြီး ကျွမ်းကျင်ပိုင်နိုင်ဖို့ ခက်ခဲတဲ့အလုပ်ပါ။ ဒလိုင်းလာမားဘုန်းတော်ကြီးဟာ စိတ်သန့်ရှင်းရေးအတွက် ခံစားချက်များကို သိမြင်ခြင်း၊ ဆင်ခြင်ခြင်းနဲ့ အကြောင်းအရင်းရှာဖွေခြင်းကို နေ့စဉ် မနက်တိုင်းလုပ်ပါတယ်တဲ့။ ဒါတောင် ခုထိ ကြိုးစားနေရတုန်းပဲလို့ဆိုပါတယ်။ ခက်ပေမယ့် အခုကတည်းက မစရင် ဘယ်တော့မှ သန့်ရှင်းတဲ့ စိတ်ခံစားချက်တွေ ရနိုင်မယ်မထင်ပါဘူး။ ဒါကြောင့် တဖြည်းဖြည်းချင်း ကျွန်မတို့ လေ့ကျင့်ရအောင်။

အချုပ်မှာ Force for Good စာအုပ်ထဲက Native American တွေရဲ့ ဇာတ်လမ်းအတိုလေးနဲ့ အဆုံးသတ်ချင်ပါတယ်။ တစ်နေ့မှာ သားအဖ နှစ်ယောက်ဟာ စကားပြောနေကြတယ်။ စကားပြောနေရင်း အဖေက ပြောတယ် “ငါ့ရင်ထဲမှာ ဝံပုလွေ နှစ်ကောင် တိုက်ခိုက်နေသလိုပဲ။ တစ်ကောင်က ကြမ်းတမ်းပြီး အန္တရာယ်များတယ်၊ တစ်ကောင်က နွေးထွေးပြီး ကရုဏာပွါးတယ်။” ဒီတော့ သားက မေးတယ်။ “ဒါဆို ဘယ် ဝံပုလွေ နိုင်မှာလဲ။”… အဖေကလည်း ပြန်ဖြေတယ် “ငါအစာပိုကျွေးထားတဲ့ ကောင်က နိုင်မှာပေါ့”တဲ့။ ဒီတော့ ကျွန်မတို့ရဲ့ စိတ်ထဲမှာ ကောင်းတဲ့ ခံစားချက်တွေ၊ နဲ့ မကောင်းတဲ့ ခံစားချက်တွေက အမြဲတမ်း ဒွန်တွဲ ရှိနေမှာပါပဲ။ ဒါပေမယ့် ကျွန်မတို့က ဘယ်စိတ်ခံစားချက်ကို ပိုကြီးထွားအောင်လုပ်မလဲဆိုတာ ကျွန်မတို့ရဲ့ ရွေးချယ်မှုပါ။ အားလုံးရွေးချယ်မှု မှန်ကန်နိုင်ပါစေ။ ကလေးတွေကို ရွေးချယ်မှုမှန်ကန်အောင် သင်ပြပေးနိုင်ပါစေ။

မေတ္တာဖြင့်…
Sayarma-ဆရာမ

Reference: Force for Good: The Dalai Lama’s Vision for Our World by Daniel Goleman

Photo : 2019 အောက်တိုဘာလမှာ ဒလိုင်းလားမား ဘုန်းတော်ကြီးကို မြန်မာနိုင်ငံနဲ့ အခြား နိုင်ငံက ဗုဒ္ဓဘာသာဝင် ဆရာ၊မတွေနဲ့ အတူ ဖူးတွေ့ခဲ့စဉ်က အမှတ်တရ ဓါတ်ပုံဖြစ်ပါတယ်။

[ Zawgyi ]

ကၽြန္မတို႔ တကိုယ္ရည္ သန႔္ရွင္းေရး အေၾကာင္း အျမဲ ေျပာၾကသလို၊ ကၽြန္မတို႔ရဲ့ ကိုယ္ခႏၶာ သန႔္ရွင္းေရးအတြက္ အထူး ဂ႐ုျပဳၾကတယ္မဟုတ္လား။ ကၽြန္မတို႔တစ္ေတြဟာ ကိုယ္ခႏၶာတြင္မဟုတ္ဘဲ စိတ္ခံစားခ်က္ေတြပါ ရွိၾကတဲ့ လူသားေတြမို႔ ကၽြန္မတို႔ရဲ့ စိတ္ခံစားခ်က္ေတြက သန႔္ရွင္းစင္ၾကယ္ျခင္းကလည္း အလြန္အေရးႀကီးပါတယ္။ စိတ္သန႔္ရွင္းေရး (Emotional Hygiene) ဆိုတဲ့ စကားလုံးကို ကၽြန္မ ၂၀၁၈ ႏွစ္ကာလေလာက္က ဘုန္းေတာ္ႀကီး ဒလိုင္းလာမားနဲ႔ ကမၻာေက်ာ္ပညာရွင္ Daniel Golemanရဲ့ Force for Good စာအုပ္မွာ စတင္ မွတ္သားဖူးခဲ့တာပါ။ ဒီေန႔ စိတ္သန႔္ရွင္းေရးဆိုတာဘာလဲ၊ ကၽြန္မတို႔ ကေလးေတြကိုကို ျပဳစုပ်ိဳးေထာင္တဲ့အခါ စိတ္သန႔္ရွင္းေရး လုပ္တတ္ေအာင္ ဘယ္လို သင္ေပးမလဲဆိုတာကို မၽွေဝေပးခ်င္ပါတယ္။

စိတ္သန႔္ရွင္းေရး – ကၽြန္မနားလည္သေလာက္ ကိုယ္ခႏၶာမွာ ရွိတဲ့ အညစ္အေၾကးေတြကို ကၽြန္မတို႔ ပုံမွန္ သန႔္ရွင္းေရးလုပ္ၾကသလို စိတ္အတြင္းသႏၲာန္မွာ ရွိေနတဲ့၊ ျဖစ္ေနတဲ့ မေကာင္းတဲ့ ခံစားခ်က္ေတြ၊ မေကာင္းတဲ့ အေတြးအေခၚေတြကို မရွိေတာ့ေအာင္၊ ေမွးမွိန္သြားေအာင္…. ျပန္လည္သုံးသပ္ဆင္ျခင္ျခင္း၊ အျပဳသေဘာေျပာင္းလဲေတြးေခၚျခင္းတို႔ ျပဳလုပ္တဲ့ ျဖစ္စဥ္လို႔ ထင္ပါတယ္။ ခႏၶာကိုယ္ဟာ အညစ္အေၾကးေတြမ်ားလာတဲ့အခါ က်န္းမာေရးကို ထိခိုက္လာတတ္သလို စိတ္ထဲမွာ အညစ္အေၾကးေတြ မ်ားတဲ့အခါ စိတ္ထဲမွာ ေနလို႔ မေကာင္းဘဲ ခႏၶာကိုယ္ျပင္ပ က်န္းမာေရးပါ ထိခိုက္ရတဲ့အထိ ျဖစ္နိုင္တာပါပဲ။ ဒါေၾကာင့္ စိတ္ကို ပုံမွန္ သန႔္ရွင္းၾကဖို႔ လိုအပ္ပါတယ္။

စိတ္သန႔္ရွင္းေရးလုပ္တာ ဘာေကာင္းလဲ – ၂၀၀၈ ခုႏွစ္ Lhasa မွာ ရွိတဲ့ တိဘက္လူမ်ိဳးေတြက တ႐ုတ္ကြန္ျမဴနစ္အစိုးရကို ဆႏၵျပၾကေတာ့ ဘုန္းႀကီးအမ်ားစုနဲ႔ လူေပါင္းမ်ားစြာကို တ႐ုတ္စစ္တပ္က ပစ္သတ္ခဲ့ၾကတယ္။ အဲဒီ့အခါ ဒလိုင္းလားမားႀကီးက သူ႔သီတင္းသုံးတဲ့ေက်ာင္းကေနၿပီး “ပစ္သတ္တဲ့ တ႐ုတ္စစ္သားေတြရဲ့ ေဒါသေတြ၊ သံသယေတြ၊ မေကာင္းတဲ့ စိတ္ထားေတြကို ေဘးဖယ္ၿပီး ငါ့ရဲ့ ေမတၱာ၊ က႐ုဏာေတြနဲ႔ ခြင့္လႊတ္မႈေတြကို သူတို႔ဆီ စိတ္ကေန ေပးပို႔ခဲ့တယ္။ ဒီလိုလုပ္ျခင္းဟာ အဲဒီ့ လူေပါင္းမ်ားစြာ ေသေၾကျခင္း ျပႆနာကိုေတာ့မေျဖရွင္းနိုင္ဘူး၊ ဒါေပမယ့္ ငါ့ရဲ့ စိတ္အတြင္းမွာ ျဖစ္ေနတဲ့ ခံစားခ်က္ေတြကို ၿငိမ္းေအးသြားေစတယ္။”လို႔ေျပာတယ္။ အဲဒီ့ၿငိမ္သြားတဲ့ စိတ္ေၾကာင့္ ပိုၿပီး ထိေရာက္တဲ့၊ ပိုၿပီး မွန္ကန္တဲ့ ေျဖရွင္းမႈေတြ ရွာေဖြနိုင္လာတယ္တဲ့။ ကၽြ၊န္မတို႔ ေန႔စဥ္ဘဝမွာ ျဖစ္ပ်က္ေနတဲ့ အရာေတြအေပၚ ျဖစ္လာတဲ့ မေကာင္းတဲ့ခံစားခ်က္ေတြက ကၽြန္မတို႔ရဲ့ စိတ္ကို ညစ္ညမ္းေစတယ္၊ ညစ္ညဴးေစတယ္။ စိတ္က ညစ္ညမ္းတဲ့၊ မေကာင္းတဲ့ ခံစားခ်က္ေတြ၊ အေတြးေတြ ရွိလာတဲ့အခါ ကၽြန္မတို႔ရဲ့ ေျဖရွင္းမႈေတြ၊ အေတြးေတြ၊ အေျပာေတြ၊ လုပ္ရပ္ေတြက မွန္ကန္မႈ အားနည္းသလို၊ အၾကမ္းဖက္မႈဆန္တာေတြ၊ ၾကမ္းတမ္းတာေတြ ျဖစ္နိုင္တယ္။ ဒါေၾကာင့္ မေကာင္းတဲ့စိတ္ကို ေမွးမွိန္သြားေအာင္၊ အေကာင္းဖက္ ေျပာင္းလာေအာင္ ျပဳလုပ္နိုင္ျခင္းဟာ အနည္းဆုံး ကိုယ္တြင္း ၿငိမ္းခ်မ္းျခင္းကို အရင္ ျဖစ္တည္ေစၿပီး ပိုေကာင္းတဲ့ လုပ္ရပ္ေတြ၊ ပိုေကာင္းတဲ့ ေရြးခ်ယ္မႈေတြ၊ ပိုေကာင္းတဲ့ အေျပာအဆိုေတြနဲ႔ ပိုေကာင္းတဲ့ အေတြးအေခၚေတြကို ရေစပါတယ္။ ဒါဆို စိတ္ သန႔္ရွင္းေရးကို ဘယ္လို လုပ္မလဲ။

စိတ္ခံစားခ်က္မ်ား၏ အေၾကာင္းအရင္းကို ရွာေဖြျခင္း – Lhasa မွာ ျဖစ္ပ်က္တဲ့ ကိစၥအေပၚ ဆက္စပ္ၿပီး ေမးခြန္းထုတ္ေတာ့ ဒလိုင္းလားမားက ေျပာတယ္၊ “က်ဳပ္လည္း ေဒါသ ရွိတဲ့လူပါပဲ။ ဒါေပမယ့္ အဲဒီ့အခ်ိန္မွာ ေဒါသ အစား ေမတၱာပို႔ဖို႔ ဘာလို႔ လုပ္ေဆာင္ခဲ့သလဲဆိုရင္ … ေဒါသျဖစ္ျခင္းရဲ့ အေၾကာင္းအရင္းကို စဥ္းစားမိလို႔ပါ။ ေဒါသက ပ်က္စီးေစျခင္းကို ေဖၚေဆာင္တဲ့ ခံစားခ်က္အမ်ိဳးအစားျဖစ္တယ္။ ဘာကို အရင္ဆုံး ပ်က္စီးေစလဲဆိုရင္ က်ဳပ္ရဲ့ ေပ်ာ္ရႊင္ ၿငိမ္းခ်မ္းမႈ နဲ႔ က်ဳပ္ရဲ့ ႐ုပ္ခႏၶာက်န္းမာေရးပဲ။ အဲဒီ့အတြက္ ေဒါသကို မႀကိဳဆိုခ်င္ဘူး။” ဒီေတာ့ မေကာင္းတဲ့ ခံစားခ်က္ေတြ၊ ကိုယ့္ရဲ့ ေပ်ာ္ရႊင္မႈ၊ ၿငိမ္းခ်မ္းမႈ၊ ေအးခ်မ္းမႈ၊ သင္ယူမႈကို ပ်က္စီးေစမယ့္၊ ရပ္တန႔္ေစမယ့္ အပ်က္သေဘာေဆာင္တဲ့ ခံစားခ်က္ေတြရွိလာတဲ့အခါ သတိေလးထားၿပီး ဒီခံစားခ်က္ေတြက ဘယ္လိုျဖစ္လာတာလဲ၊ ဒီခံစားခ်က္ေတြေၾကာင့္ ငါ ဘာျဖစ္မလဲ စတဲ့ ေမးခြန္းေတြကိုယ့္ကိုကိုယ္ ျပန္ေမးဖို႔စဥ္းစားရပါမယ္။ ကေလးေတြမွာ ေဒါသေတြထြက္၊ စိတ္ေတြဆိုး၊ မနာလိုမႈေတြရွိလာတဲ့အခါ – ဒါမွမဟုတ္ အျခား အပ်က္သေဘာခံစားခ်က္ေတြရွိလာၾကရင္ အဲဒီ့ခံစားခ်က္ေတြက ဘာေၾကာင့္ ျဖစ္တာလဲ၊ အဲဒီ့ခံစားခ်က္ေတြျဖစ္လာရင္ သူမ်ားမျဖစ္ခင္ ကိုယ့္မွာ ဘယ္လို သက္ေရာက္မႈေတြ ရွိလာမလဲဆိုတာ ကၽြန္မတို႔က နားလည္ေအာင္ ကူညီဖို႔လိုပါတယ္။

စိတ္ခံစားခ်က္မ်ား သိေအာင္ လုပ္ျခင္း – စိတ္ခံစားခ်က္ရဲ့ အေၾကာင္းရင္းေတြကို ေမးခြန္းထုတ္ဖို႔၊ အက်ိဳးတရားေတြကို ျပန္လည္ ဆင္ျခင္နိုင္ဖို႔ ကၽြန္မတို႔အေနနဲ႔ ျဖစ္ေနတဲ့ ခံစားခ်က္ေတြကို သိဖို႔နဲ႔ သတိထားမိဖို႔က အေရးႀကီးပါတယ္။ ခံစားခ်က္က ဘာျဖစ္ေနမွန္း သတိမထားမိဘူးဆိုရင္ ထိန္းဖို႔လည္း မျဖစ္နိုင္တာမို႔၊ ကိုယ့္ရဲ့ ေန႔စဥ္ ျဖစ္ပ်က္ေနတဲ့ ခံစားခ်က္ေတြကို သတိေလးထားၾကည့္ရပါမယ္။ ကေလးေတြအတြက္ဆိုရင္ ခံစားခ်က္အမ်ိဳးမ်ိဳးကို သိဖို႔ အရင္ဆုံး သင္ေပးရပါမယ္။ ခံစားခ်က္ေတြကို သိၿပီးရင္ ဘယ္လိုမ်ိဳး ခံစားရသလဲဆိုတာကို နားလည္ေအာင္၊ ျပန္လည္ေျပာျပတတ္ေအာင္ သင္ေပးပါ။ ပုံမွန္ မနက္တိုင္းျဖစ္ျဖစ္၊ ထမင္းစားဝိုင္းမွာျဖစ္ျဖစ္၊ အိပ္ယာဝင္ခ်ိန္မွာျဖစ္ျဖစ္၊ ဒီေန႔ ဘယ္လို ခံစားခ်က္ေတြ ျဖစ္မိလဲ၊ ဘာေၾကာင့္ ျဖစ္တာလဲ စသျဖင့္ ကေလးနဲ႔ အတူ ေဆြးေႏြးပါ။ ကိုယ္တိုင္လည္း သတိထားမိေအာင္ ေလ့က်င့္ပါ။

စိတ္သန႔္ရွင္းေရးဆိုတာ စာေရးတဲ့အခါ လြယ္သလို ထင္ရေပမယ့္ ေလ့က်င့္မႈ အခါခါ လိုအပ္ၿပီး ကၽြမ္းက်င္ပိုင္နိုင္ဖို႔ ခက္ခဲတဲ့အလုပ္ပါ။ ဒလိုင္းလာမားဘုန္းေတာ္ႀကီးဟာ စိတ္သန႔္ရွင္းေရးအတြက္ ခံစားခ်က္မ်ားကို သိျမင္ျခင္း၊ ဆင္ျခင္ျခင္းနဲ႔ အေၾကာင္းအရင္းရွာေဖြျခင္းကို ေန႔စဥ္ မနက္တိုင္းလုပ္ပါတယ္တဲ့။ ဒါေတာင္ ခုထိ ႀကိဳးစားေနရတုန္းပဲလို႔ဆိုပါတယ္။ ခက္ေပမယ့္ အခုကတည္းက မစရင္ ဘယ္ေတာ့မွ သန႔္ရွင္းတဲ့ စိတ္ခံစားခ်က္ေတြ ရနိုင္မယ္မထင္ပါဘူး။ ဒါေၾကာင့္ တျဖည္းျဖည္းခ်င္း ကၽြန္မတို႔ ေလ့က်င့္ရေအာင္။

အခ်ဳပ္မွာ Force for Good စာအုပ္ထဲက Native American ေတြရဲ့ ဇာတ္လမ္းအတိုေလးနဲ႔ အဆုံးသတ္ခ်င္ပါတယ္။ တစ္ေန႔မွာ သားအဖ ႏွစ္ေယာက္ဟာ စကားေျပာေနၾကတယ္။ စကားေျပာေနရင္း အေဖက ေျပာတယ္ “ငါ့ရင္ထဲမွာ ဝံပုေလြ ႏွစ္ေကာင္ တိုက္ခိုက္ေနသလိုပဲ။ တစ္ေကာင္က ၾကမ္းတမ္းၿပီး အႏၲရာယ္မ်ားတယ္၊ တစ္ေကာင္က ေႏြးေထြးၿပီး က႐ုဏာပြါးတယ္။” ဒီေတာ့ သားက ေမးတယ္။ “ဒါဆို ဘယ္ ဝံပုေလြ နိုင္မွာလဲ။”… အေဖကလည္း ျပန္ေျဖတယ္ “ငါအစာပိုေကၽြးထားတဲ့ ေကာင္က နိုင္မွာေပါ့”တဲ့။ ဒီေတာ့ ကၽြန္မတို႔ရဲ့ စိတ္ထဲမွာ ေကာင္းတဲ့ ခံစားခ်က္ေတြ၊ နဲ႔ မေကာင္းတဲ့ ခံစားခ်က္ေတြက အျမဲတမ္း ဒြန္တြဲ ရွိေနမွာပါပဲ။ ဒါေပမယ့္ ကၽြန္မတို႔က ဘယ္စိတ္ခံစားခ်က္ကို ပိုႀကီးထြားေအာင္လုပ္မလဲဆိုတာ ကၽြန္မတို႔ရဲ့ ေရြးခ်ယ္မႈပါ။ အားလုံးေရြးခ်ယ္မႈ မွန္ကန္နိုင္ပါေစ။ ကေလးေတြကို ေရြးခ်ယ္မႈမွန္ကန္ေအာင္ သင္ျပေပးနိုင္ပါေစ။

ေမတၱာျဖင့္…
Sayarma-ဆရာမ

Reference: Force for Good: The Dalai Lama’s Vision for Our World by Daniel Goleman

Photo : 2019 ေအာက္တိုဘာလမွာ ဒလိုင္းလားမား ဘုန္းေတာ္ႀကီးကို ျမန္မာနိုင္ငံနဲ႔ အျခား နိုင္ငံက ဗုဒၶဘာသာဝင္ ဆရာ၊မေတြနဲ႔ အတူ ဖူးေတြ႕ခဲ့စဥ္က အမွတ္တရ ဓါတ္ပုံျဖစ္ပါတယ္။