[ Unicode ]
ဒီအချိန်မှာ အားလုံး စိတ်ပင်ပန်းနေကြမှာပဲ။ ကိုယ်တိုင် ဗိုင်းရပ်စ်ရမှာကြောက်သလို၊ မိသားစုတွေ သူငယ်ချင်းတွေအတွက်လည်း စိတ်ပူရတယ်၊ ဖြစ်သလိုနေကြ စိတ်မပူကြတဲ့ လူအချို့ကြောင့်လည်း ဒေါသတွေထွက်ကြရသလို ဘာမှ မဖြစ်သလို သတိမမူဘဲနေကြတဲ့သူတွေအတွက်လည်း အားမလိုအားမရဖြစ်ကြရတယ်။ မစဉ်းစား မဆင်ခြင်နေလို့ ဖြစ်လာမယ့် အကျိုးဆက်တွေ တွေးပြီးတော့လည်း စိတ်တွေပူပန်နေရရှာမယ်။ ဒီလို စိတ်ခံစားချက်ပေါင်းစုံဖြစ်နေတဲ့အချိန်မှာ စားရေးသောက်ရေးကလည်း စိတ်ပူရတယ်၊ ငွေရေးကြေးရေးကလည်း ပူပန်ရပြန်တယ်။ ဒီအချိန်ဟာ အခြေနေအရပ်ရပ်က လူတွေအတွက် အခက်ခဲဖြစ်ရတဲ့ အချိန်ပါပဲ။ ဒီလို များစွာသော အနှုတ်သဘောဆောင်တဲ့ ခံစားချက်တွေစုဖြစ်လာတော့ စိတ်ပင်ပန်းရတယ်၊ စိတ်ဖိစီးကြတယ်။ စိတ်ဖိစီးလို့ ကိုယ်ခံအားနည်းတဲ့အခါ နေမကောင်းဖြစ်မှာကလည်း ထပ်စိုးရမ်ရပြန်ရော။ ဒါကြောင့် ကျွန်မ မျှဝေချင်တာက ကျွန်မ လုပ်ဖြစ်တဲ့ စိတ်အနားပေးနည်း အချို့ပါ။
၁) မုဒိတာ ဒိုင်ယာရီ ရေးပါ။
ကျွန်မ ဒီအပြုသဘောဆောင်တဲ့ မုတိတာပွါးဖြစ်တဲ့ မှတ်စုတိုလေးတွေကို သူငယ်ချင်းတွေနဲ့ အတူတူ နေ့တိုင်းရေးတာ ရက် ၅၀၀ ရှိသွားပါပြီ။ အဖွဲ့လိုက် ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရေးတော့ သူများရေးတာလေးတွေမြင်ရင်းလည်း မုဒိတာပွါးရတယ်။ ဒီလို အဖွဲ့လိုက် ဒိုင်ယာရီရေးတာကို ကိုရီးယားက ကျွန်မရဲ့ သူငယ်ချင်းက Positive 100 Daysဆိုပြီး အစုအဖွဲ့လိုက် ရက်ပေါင်း ၁၀၀ စုလုပ်ရင်းနဲ့ စဖြစ်တာပါ။ ကျွန်မကတော့ မုဒိတာ ဒိုင်ယာရီလိုပဲ အမည်ပြောင်းလဲခေါ်ဖြစ်ပါတယ်။ ဒီအဖွဲ့ထဲမှာ တစ်ယောက်က ၇ ရက် တစ်ပတ် (သို့) ၁၀ ရက် တစ်ပတ်အတွက် မေးခွန်းလေးတွေပေးပါတယ်။ အဲဒီ့မေးခွန်းတစ်ခုအတွက် အဖြေကို နေ့တိုင်း ကျွန်မတို့ ရေးကြပါတယ်။ မေးခွန်းတွေက – ဒီနေ့ ကိုယ့်ကို ဘယ်အရာက ပြုံးစေခဲ့လဲ တို့၊ ကိုယ့်ဘဝမှာ ကျေးဇူးတင်မိတဲ့ အရာတွေက ဘာတွေလဲ တို့၊ အပြုသဘောဆောင်တဲ့ အတွေး ဒီနေ့ ဘာတွေးဖြစ်ခဲ့သလဲ ဆိုတာမျိုးတွေပါ။ Facebook Group ထဲမှာ တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက်ဖို့လည်း မလိုဘူးဆိုတော့ လွတ်လွတ်လပ်လပ်ရေးလို့ရပါတယ်။ ဒီလို အဖွဲ့လိုက်မလုပ်ချင်ဘူးဆိုရင်လည်း တစ်ယောက်ထဲရေးပါ။ အနည်းဆုံး တစ်နေ့ကို ၅ မိနစ်လောက် ထိုင်ပြီး အပြုသဘောဆောင်စေမယ့် ဒိုင်ယာရီမျိုး၊ ကိုယ့်ကို မုဒိတာပွါးစေမယ့် စိတ်အနားပေးမယ့် မှတ်စုမျိုးကို ချရေးပါ။ အကယ်၍ အဖွဲ့လိုက် စိတ်အနားပေးမယ့် မှတ်စုလေးတွေ ရေးချင်တယ်ဆိုရင် ကျွန်မ အဖွဲ့လေးတစ်ခု လုပ်ထားပေးပါတယ်။ ဒီအထဲမှာ ဝင်ရေးနိုင်ပါတယ်။ https://www.facebook.com/groups/305540623752982/
၂) စိတ်ငြိမ်စေမယ့် အလုပ်တစ်ခု အမြဲလုပ်ပါ။
ကိုယ့်ကို စိတ်ငြိမ်စေမယ့်အလုပ်ဟာ ဘုရားရှိခိုးတာဖြစ်နိုင်သလို၊ ပန်းချီဆွဲတာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သီချင်းဆိုတာလည်းဖြစ်နိုင်တယ်။ ကိုယ့်ကို စိတ်လွတ်လပ်သွားစေမယ့်အလုပ်၊ အိမ်ထဲမှာလည်း လုပ်လို့ရတာမျိုးကို ရွေးပြီး လုပ်ဖို့ အချိန်ပေးပါ။ ကျွန်မက အပင်စိုက်ရတာ ကြိုက်တယ်။ အခန်းတွေကို အလှဆင်ရတာ သဘောကျတယ်။ အဲဒါတွေလုပ်နေရရင် ကျွန်မစိတ်တွေငြိမ်တယ်။ ဒါကြောင့် ကျွန်မက အပင်စိုက်တာ၊ အိမ်ခန်း ဒီဇိုင်းပြင်တာတွေကို ဒီရက်ပိုင်းမှာ ပိုလုပ်ဖြစ်တယ်။
၃) အဆက်အသွယ်လုပ်ပါ။
အဝေးရောက် မိဘတွေ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေနဲ့ အဆက်အသွယ်လုပ်ဖြစ်အောင် လုပ်ပါ။ တစ်နေ့ကို တစ်ယောက်စီလောက် ဖုန်းဆက်တာမျိုး၊ အွန်လိုင်းကနေ ဆက်သွယ်ပြောဆိုတာမျိုး၊ နေကောင်း ကျန်းမာလား မေးတာမျိုးလုပ်ပါ။ အိမ်မှာပဲ နေရတဲ့အခါ ကျွန်မတို့ အရင်က အလုပ်မအားလို့ မဆက်သွယ်မိ၊ မဆက်သွယ်ဖြစ်တာတွေကို အစားထိုးပြီး ဆက်သွယ်ပြောဆိုပါ။ ဒီCOVID-19ဟာ လူတိုင်းဆီကို ရောက်လာနိုင်တယ်၊ ကျွန်မတို့တွေအားလုံးက အခြေအနေအတူတူမှာပဲဖြစ်နေကြတယ်၊ ဒါကြောင့် အပြန်အလှန် အားပေးဖို့၊ အတူတူ အကောင်းဆုံးဖြတ်သန်းကြဖို့၊ ပြောပါ။ အဆက်သွယ်လုပ်တဲ့အခါ အတတ်နိုင်ဆုံး အရိုးသားဆုံး၊ အပြုသဘောအဆောင်ဆုံးဖြစ်ဖို့လည်းလိုပါတယ်။
ကျွန်မလည်း စာဖတ်နေတဲ့သူလိုပဲ ကြောက်ပါတယ်။ ဒါပေမယ့် အတတ်နိုင်ဆုံး ကျွန်မစိတ်ကို အပြုသဘောတွေးပြီး ကာကွယ်နိုင်တာ၊ ကိုယ်လုပ်နိုင်တာကိုယ်လုပ်ပါတယ်။ ကျွန်မကိုယ်တိုင် ဆေးပညာရှင်မဟုတ်လို့ ဘာမှမကူနိုင်ပေမယ့် စိတ်ညစ်လို့ စကားပြောဖေါ်လိုတဲ့အခါ၊ ကလေးတွေအတွက် အခက်အခဲဖြစ်လို့ နည်းပညာပိုင်း ကူညီလိုတဲ့အခါ ဆရာမ စာမျက်နှာကို စာပို့ထားပါ။ ကျွန်မ ကူညီနိုင်တာ ကူညီပါ့မယ်။ ပြီးရင် ကျွန်မတို့ အတူတူ မုဒိတာ ဒိုင်ယာရီလေး ရေးရင်း စိတ်ကို ခဏတာဖြစ်ဖြစ် အနားပေးကြမယ်လေ။
မေတ္တာဖြင့်….
Sayarma-ဆရာမ
Photo Credit to https://cdn.mindful.org/AdobeStock_301181962.jpeg?q=80&fm=jpg&fit=crop&w=1400&h=875
[ Zawgyi ]
ဒီအခ်ိန္မွာ အားလုံး စိတ္ပင္ပန္းေနၾကမွာပဲ။ ကိုယ္တိုင္ ဗိုင္းရပ္စ္ရမွာေၾကာက္သလို၊ မိသားစုေတြ သူငယ္ခ်င္းေတြအတြက္လည္း စိတ္ပူရတယ္၊ ျဖစ္သလိုေနၾက စိတ္မပူၾကတဲ့ လူအခ်ိဳ႕ေၾကာင့္လည္း ေဒါသေတြထြက္ၾကရသလို ဘာမွ မျဖစ္သလို သတိမမူဘဲေနၾကတဲ့သူေတြအတြက္လည္း အားမလိုအားမရျဖစ္ၾကရတယ္။ မစဥ္းစား မဆင္ျခင္ေနလို႔ ျဖစ္လာမယ့္ အက်ိဳးဆက္ေတြ ေတြးၿပီးေတာ့လည္း စိတ္ေတြပူပန္ေနရရွာမယ္။ ဒီလို စိတ္ခံစားခ်က္ေပါင္းစုံျဖစ္ေနတဲ့အခ်ိန္မွာ စားေရးေသာက္ေရးကလည္း စိတ္ပူရတယ္၊ ေငြေရးေၾကးေရးကလည္း ပူပန္ရျပန္တယ္။ ဒီအခ်ိန္ဟာ အေျခေနအရပ္ရပ္က လူေတြအတြက္ အခက္ခဲျဖစ္ရတဲ့ အခ်ိန္ပါပဲ။ ဒီလို မ်ားစြာေသာ အႏႈတ္သေဘာေဆာင္တဲ့ ခံစားခ်က္ေတြစုျဖစ္လာေတာ့ စိတ္ပင္ပန္းရတယ္၊ စိတ္ဖိစီးၾကတယ္။ စိတ္ဖိစီးလို႔ ကိုယ္ခံအားနည္းတဲ့အခါ ေနမေကာင္းျဖစ္မွာကလည္း ထပ္စိုးရမ္ရျပန္ေရာ။ ဒါေၾကာင့္ ကၽြန္မ မၽွေဝခ်င္တာက ကၽြန္မ လုပ္ျဖစ္တဲ့ စိတ္အနားေပးနည္း အခ်ိဳ႕ပါ။
၁) မုဒိတာ ဒိုင္ယာရီ ေရးပါ။
ကၽြန္မ ဒီအျပဳသေဘာေဆာင္တဲ့ မုတိတာပြါးျဖစ္တဲ့ မွတ္စုတိုေလးေတြကို သူငယ္ခ်င္းေတြနဲ႔ အတူတူ ေန႔တိုင္းေရးတာ ရက္ ၅၀၀ ရွိသြားပါၿပီ။ အဖြဲ႕လိုက္ ေဖ့စ္ဘြတ္ခ္ေပၚမွာ ေရးေတာ့ သူမ်ားေရးတာေလးေတြျမင္ရင္းလည္း မုဒိတာပြါးရတယ္။ ဒီလို အဖြဲ႕လိုက္ ဒိုင္ယာရီေရးတာကို ကိုရီးယားက ကၽြန္မရဲ့ သူငယ္ခ်င္းက Positive 100 Daysဆိုၿပီး အစုအဖြဲ႕လိုက္ ရက္ေပါင္း ၁၀၀ စုလုပ္ရင္းနဲ႔ စျဖစ္တာပါ။ ကၽြန္မကေတာ့ မုဒိတာ ဒိုင္ယာရီလိုပဲ အမည္ေျပာင္းလဲေခၚျဖစ္ပါတယ္။ ဒီအဖြဲ႕ထဲမွာ တစ္ေယာက္က ၇ ရက္ တစ္ပတ္ (သို႔) ၁၀ ရက္ တစ္ပတ္အတြက္ ေမးခြန္းေလးေတြေပးပါတယ္။ အဲဒီ့ေမးခြန္းတစ္ခုအတြက္ အေျဖကို ေန႔တိုင္း ကၽြန္မတို႔ ေရးၾကပါတယ္။ ေမးခြန္းေတြက – ဒီေန႔ ကိုယ့္ကို ဘယ္အရာက ျပဳံးေစခဲ့လဲ တို႔၊ ကိုယ့္ဘဝမွာ ေက်းဇူးတင္မိတဲ့ အရာေတြက ဘာေတြလဲ တို႔၊ အျပဳသေဘာေဆာင္တဲ့ အေတြး ဒီေန႔ ဘာေတြးျဖစ္ခဲ့သလဲ ဆိုတာမ်ိဳးေတြပါ။ Facebook Group ထဲမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ မိတ္ဆက္ဖို႔လည္း မလိုဘူးဆိုေတာ့ လြတ္လြတ္လပ္လပ္ေရးလို႔ရပါတယ္။ ဒီလို အဖြဲ႕လိုက္မလုပ္ခ်င္ဘူးဆိုရင္လည္း တစ္ေယာက္ထဲေရးပါ။ အနည္းဆုံး တစ္ေန႔ကို ၅ မိနစ္ေလာက္ ထိုင္ၿပီး အျပဳသေဘာေဆာင္ေစမယ့္ ဒိုင္ယာရီမ်ိဳး၊ ကိုယ့္ကို မုဒိတာပြါးေစမယ့္ စိတ္အနားေပးမယ့္ မွတ္စုမ်ိဳးကို ခ်ေရးပါ။ အကယ္၍ အဖြဲ႕လိုက္ စိတ္အနားေပးမယ့္ မွတ္စုေလးေတြ ေရးခ်င္တယ္ဆိုရင္ ကၽြန္မ အဖြဲ႕ေလးတစ္ခု လုပ္ထားေပးပါတယ္။ ဒီအထဲမွာ ဝင္ေရးနိုင္ပါတယ္။ https://www.facebook.com/groups/305540623752982/
၂) စိတ္ၿငိမ္ေစမယ့္ အလုပ္တစ္ခု အျမဲလုပ္ပါ။
ကိုယ့္ကို စိတ္ၿငိမ္ေစမယ့္အလုပ္ဟာ ဘုရားရွိခိုးတာျဖစ္နိုင္သလို၊ ပန္းခ်ီဆြဲတာလည္း ျဖစ္နိုင္ပါတယ္။ ဒါမွမဟုတ္ သီခ်င္းဆိုတာလည္းျဖစ္နိုင္တယ္။ ကိုယ့္ကို စိတ္လြတ္လပ္သြားေစမယ့္အလုပ္၊ အိမ္ထဲမွာလည္း လုပ္လို႔ရတာမ်ိဳးကို ေရြးၿပီး လုပ္ဖို႔ အခ်ိန္ေပးပါ။ ကၽြန္မက အပင္စိုက္ရတာ ႀကိဳက္တယ္။ အခန္းေတြကို အလွဆင္ရတာ သေဘာက်တယ္။ အဲဒါေတြလုပ္ေနရရင္ ကၽြန္မစိတ္ေတြၿငိမ္တယ္။ ဒါေၾကာင့္ ကၽြန္မက အပင္စိုက္တာ၊ အိမ္ခန္း ဒီဇိုင္းျပင္တာေတြကို ဒီရက္ပိုင္းမွာ ပိုလုပ္ျဖစ္တယ္။
၃) အဆက္အသြယ္လုပ္ပါ။
အေဝးေရာက္ မိဘေတြ၊ သူငယ္ခ်င္းေတြ၊ မိတ္ေဆြေတြနဲ႔ အဆက္အသြယ္လုပ္ျဖစ္ေအာင္ လုပ္ပါ။ တစ္ေန႔ကို တစ္ေယာက္စီေလာက္ ဖုန္းဆက္တာမ်ိဳး၊ အြန္လိုင္းကေန ဆက္သြယ္ေျပာဆိုတာမ်ိဳး၊ ေနေကာင္း က်န္းမာလား ေမးတာမ်ိဳးလုပ္ပါ။ အိမ္မွာပဲ ေနရတဲ့အခါ ကၽြန္မတို႔ အရင္က အလုပ္မအားလို႔ မဆက္သြယ္မိ၊ မဆက္သြယ္ျဖစ္တာေတြကို အစားထိုးၿပီး ဆက္သြယ္ေျပာဆိုပါ။ ဒီCOVID-19ဟာ လူတိုင္းဆီကို ေရာက္လာနိုင္တယ္၊ ကၽြန္မတို႔ေတြအားလုံးက အေျခအေနအတူတူမွာပဲျဖစ္ေနၾကတယ္၊ ဒါေၾကာင့္ အျပန္အလွန္ အားေပးဖို႔၊ အတူတူ အေကာင္းဆုံးျဖတ္သန္းၾကဖို႔၊ ေျပာပါ။ အဆက္သြယ္လုပ္တဲ့အခါ အတတ္နိုင္ဆုံး အရိုးသားဆုံး၊ အျပဳသေဘာအေဆာင္ဆုံးျဖစ္ဖို႔လည္းလိုပါတယ္။
ကၽြန္မလည္း စာဖတ္ေနတဲ့သူလိုပဲ ေၾကာက္ပါတယ္။ ဒါေပမယ့္ အတတ္နိုင္ဆုံး ကၽြန္မစိတ္ကို အျပဳသေဘာေတြးၿပီး ကာကြယ္နိုင္တာ၊ ကိုယ္လုပ္နိုင္တာကိုယ္လုပ္ပါတယ္။ ကၽြန္မကိုယ္တိုင္ ေဆးပညာရွင္မဟုတ္လို႔ ဘာမွမကူနိုင္ေပမယ့္ စိတ္ညစ္လို႔ စကားေျပာေဖၚလိုတဲ့အခါ၊ ကေလးေတြအတြက္ အခက္အခဲျဖစ္လို႔ နည္းပညာပိုင္း ကူညီလိုတဲ့အခါ ဆရာမ စာမ်က္ႏွာကို စာပို႔ထားပါ။ ကၽြန္မ ကူညီနိုင္တာ ကူညီပါ့မယ္။ ၿပီးရင္ ကၽြန္မတို႔ အတူတူ မုဒိတာ ဒိုင္ယာရီေလး ေရးရင္း စိတ္ကို ခဏတာျဖစ္ျဖစ္ အနားေပးၾကမယ္ေလ။
ေမတၱာျဖင့္….
Sayarma-ဆရာမ
Photo Credit to https://cdn.mindful.org/AdobeStock_301181962.jpeg?q=80&fm=jpg&fit=crop&w=1400&h=875