[Unicode]

စာအုပ်စာပေအကြောင်းပြောမယ်ဆိုပြီး ကျွန်မပုံကြီးတင်ထားလို့ တစ်မျိုးမမြင်ပါနဲ့လေ။ ကျွန်မဘာကြောင့် ဒီလို ပြောင်စပ်စပ်ဝတ်ပြီး ဓါတ်ပုံရိုက်ထားတယ်ဆိုတာ စာဆက်ဖတ်ကြည့်ရင် သိသွားမှာပါ။ ပြီးရင် ကျွန်မဝတ်ထားတာ ဘယ်ကာတွန်းသရုပ်ဆောင်ကို မှီငြမ်းထားလဲဆိုတာလည်း ခန့်မှန်းပါဦး။

ပြောချင်တာက ဒီမှာ……

ကျွန်မတာဝန်ကျနေတဲ့ မူလတန်းကျောင်းမှာ ဒီတစ်ပတ်လုံး စာအုပ်စာပေသီတင်းပတ်ကျင်းပတယ်။ ကျွန်မနေတဲ့ မဲလ်ဘုန်းမြို့က မူလတန်းကျောင်းတွေတိုင်းကျင်းပတယ်ဆို ပိုမှန်ပါလိမ့်မယ်။ ကျင်းပပုံကဒီလို။ တစ်ပတ်အတွင်းမှာ ကိုယ်ဖတ်ခဲ့တဲ့ စာအုပ်တွေထဲက အကြိုက်ဆုံးကို ရွေးပြီး အတန်းတွေထဲမှာ ဆွေးနွေးဖလှယ်ကြတယ်။ ဆွေးနွေးတယ်ဆိုလို့ အတန်းကြီးတွေတင်မဟုတ်ပါဘူး။ ကျွန်မသင်နေတဲ့ တစ်တန်း၊ နှစ်တန်းကလေးတွေရော၊ သူငယ်တန်းကလေးတွေပါ ပါပါတယ်။ ကိုယ့်အတန်းထဲမှာ ကိုယ့်စာဖတ်စွမ်းရည်နဲ့ ကိုက်ညီတဲ့စာအုပ်တွေအကြောင်းဆွေးနွေးတာပါ။ သူငယ်တန်းကလေးကစလို့ အတန်းကြီးအထိ စာအုပ်တွေအပေါ် ဝေဖန်သုံးသပ်ချက်တွေပေးရတယ်။ စာအုပ်ရဲ့ အစချီပုံ၊ အလယ်မှာပါတဲ့ အရေးအသား၊ ဇာတ်လမ်းအဆုံးသတ်ပုံ၊ စာရေးဆရာရဲ့ ရည်ရွယ်ချက်၊ စာအမျိုးအစားနဲ့ အခြား အကြောင်းအရာတွေအပေါ် အခြေခံပြီးဆွေးနွေးကြပါတယ်။ ကြိုက်တဲ့စာအုပ်စာပေ စာသားတွေပါရင် မှတ်သားထားပြီး ကိုယ်ပိုင် စာရေးလေ့ကျင့်ဖို့ သီးသန့်ထားတဲ့ စာအုပ်ထဲမှာ ပြန်လည် အသုံးပြု ကိုးကားရေးသားကြပါတယ်။ အချို့ကလည်း စာရေးဆရာရဲ့ စာရေးနည်းကို အတုယူပြီး ကိုယ်တိုင် ကဗျာ ဝတ္တုပြန်ရေးကြပါတယ်။

ဒီနေ့က သောကြာနေ့၊ သီတင်းပတ်ရဲ့ နောက်ဆုံးနေ့ဆိုတော့ တစ်ကျောင်းလုံးမှာ ရှိတဲ့ ဆရာ၊မ ကျောင်းသား၊သူမရွေး ကိုယ်အကြိုက်ဆုံး ကာတွန်းဇာတ်ကောင် အဖြစ်ဝတ်ဆင်ပြီး ကျောင်းကိုလာရပါတယ်။ ဝတ်ဆင်လာတဲ့ ကာတွန်းဇာတ်ကောင်ပါဝင်တဲ့ စာအုပ်၊ ဇာတ်လမ်းစတာ အချို့ကို ပြန်လည် ပြောပြစေတာမျိုးတွေလုပ်ရပါတယ်။ ကလေးတွေပျော်ကြသလို ကျွန်မတို့ ကျောင်းဆရာ၊ဆရာမတွေအတွက်လည်း လွတ်လွတ်လပ်လပ်ပျော်ရတဲ့နေ့လေးပါပဲ။

တစ်ကယ်တော့ စာအုပ်စာပေ သီတင်းပတ်ဆိုတာ သီးသန့်သတ်မှတ်ထားပေမယ့် ကျွန်မရဲ့ ပထမတန်းဒုတိယတန်းက ကလေးတွေဆိုရင် စာအုပ်ဖတ်ချိန်နဲ့ အရေးအသားလေ့ကျင့်ချိန် (လက်ရေးလှ၊ စာလုံးပေါင်းသတ်ပုံမဟုတ်ပါ။ ဝတ္ထု၊ စာစီစာကုံး အစရှိတဲ့စာပေရေးသားခြင်းဖြစ်ပါတယ်။) ကို နေ့စဉ် သေချာစွာ ပေးထားရပါတယ်။ ကလေးတွေရဲ့ စာပေချစ်စိတ်ကို မြှင့်တင်နိုင်ဖို့ အဓိကထားပြီး သင်ပေးရပါတယ်။ စာရေးလေ့ကျင့်နေချိန်မှာ စာလုံးပေါင်းပြင်တာ၊ လက်ရေးလှဖို့ တိုက်တွန်းတာမျိုးမရှိပဲ စာအရေးအသားကိုလေ့ကျင့်စေပါတယ်။ အဲဒီ့အဆင့်ပြီးမှ ကလေးတွေကိုယ်တိုင် စာလုံးပေါငး်သတ်ပုံနဲ့ အခြား လိုအပ်တာတွေကို တည်းဖြတ်ပါတယ်။ စာလုံးပေါင်းသတ်ပုံ လေ့ကျင့်ဖို့ အချိန်လည်း သိီးသန့်ပေးထားပါတယ်။

ကျွန်မတို့ မြန်မာနိုင်ငံက ဆရာ၊မတွေလည်း ဒီလိုမျိုးနည်းစနစ်တွေကို အသုံးပြုလို့ရပါတယ်။ ဒီကကလေးတွေလို့ ကလေးတစ်ယောက်ချင်းစီအတွက် စာအုပ်တွေအများကြီးမရှိဘူးဆိုရင် ရှိတဲ့စာအုပ်ကို ဆရာမက ရှေ့ကဖတ်ပြပြီး နိုင်သလောက်လေးနဲ့စလို့ရပါတယ်။ ကျွန်မ ပထမဆုံး တာဝန်ကျတဲ့ ကျောင်းမှာဆိုရင် ဆရာမက ကလေးတွေနဲ့ သင့်တော်တဲ့ ဝတ္ထုစာအုပ်ကို ကလေးတွေအတွက် ဖတ်ပြပါတယ်။ စာအုပ်ကထူတော့ အပိုင်းပိုင်းဖြတ်ပြီး စာအုပ်ထဲမှာ ပါတဲ့ အကြောင်းအရာ၊ စာရေးသူရဲ့ ရည်ရွယ်ချက်၊ စာရေးသားပုံ အစရှိတာတွေကို တဖြည်းဖြည်းချင်းဆွေးနွေးသွားပါတယ်။ ဆွေးနွေးရုံတင်မဟုတ်ပဲ ကလေးတွေ စာရေးသားတဲ့နေရာမှာ အထောက်ကူပြုအောင်လည်းလေ့ကျင့်မှုတွေလုပ်ပေးပါတယ်။ ဘယ်အရာမှ လွယ်ကူချောမောတာမျိုး မရှိပေမယ့် တစ်ကယ်လုပ်ကြည့်ရင် အဟုတ်ဖြစ်သွားမှာပါ။

Remark: Written in 2015.

[Zawgyi]

(ကေလးေတြ စာဖတ္ဖို့ တုိက္တြန္းရာမွာ သံုးနိုင္မယ့္ နည္းလမ္းတစ္ခု)

စာအုပ္စာေပအေၾကာင္းေျပာမယ္ဆိုျပီး ကၽြန္မပံုၾကီးတင္ထားလို့ တစ္မ်ိဳးမျမင္ပါနဲ့ေလ။ ကၽြန္မဘာေၾကာင့္ ဒီလို ေျပာင္စပ္စပ္ဝတ္ျပီး ဓါတ္ပံုရိုက္ထားတယ္ဆိုတာ စာဆက္ဖတ္ၾကည့္ရင္ သိသြားမွာပါ။ ျပီးရင္ ကၽြန္မဝတ္ထားတာ ဘယ္ကာတြန္းသရုပ္ေဆာင္ကို မွီျငမ္းထားလဲဆိုတာလည္း ခန့္မွန္းပါဦး။

ေျပာခ်င္တာက ဒီမွာ……

ကၽြန္မတာဝန္က်ေနတဲ့ မူလတန္းေက်ာင္းမွာ ဒီတစ္ပတ္လံုး စာအုပ္စာေပသီတင္းပတ္က်င္းပတယ္။ ကၽြန္မေနတဲ့ မဲလ္ဘုန္းျမိဳ့က မူလတန္းေက်ာင္းေတြတိုင္းက်င္းပတယ္ဆို ပိုမွန္ပါလိမ့္မယ္။ က်င္းပပံုကဒီလို။ တစ္ပတ္အတြင္းမွာ ကိုယ္ဖတ္ခဲ့တဲ့ စာအုပ္ေတြထဲက အၾကိဳက္ဆံဳးကို ေရြးျပီး အတန္းေတြထဲမွာ ေဆြးေႏြးဖလွယ္ၾကတယ္။ ေဆြးေႏြးတယ္ဆိုလို့ အတန္းၾကီးေတြတင္မဟုတ္ပါဘူး။ ကၽြန္မသင္ေနတဲ့ တစ္တန္း၊ ႏွစ္တန္းကေလးေတြေရာ၊ သူငယ္တန္းကေလးေတြပါ ပါပါတယ္။ ကိုယ့္အတန္းထဲမွာ ကိုယ့္စာဖတ္စြမ္းရည္နဲ့ ကိုက္ညီတဲ့စာအုပ္ေတြအေၾကာင္းေဆြးေႏြးတာပါ။ သူငယ္တန္းကေလးကစလို့ အတန္းၾကီးအထိ စာအုပ္ေတြအေပၚ ေဝဖန္သံုးသပ္ခ်က္ေတြေပးရတယ္။ စာအုပ္ရဲ့ အစခ်ီပံု၊ အလယ္မွာပါတဲ့ အေရးအသား၊ ဇာတ္လမ္းအဆံုးသတ္ပံု၊ စာေရးဆရာရဲ့ ရည္ရြယ္ခ်က္၊ စာအမ်ိဳးအစားနဲ့ အျခား အေၾကာင္းအရာေတြအေပၚ အေျခခံျပီးေဆြးေႏြးၾကပါတယ္။ ၾကိဳက္တဲ့စာအုပ္စာေပ စာသားေတြပါရင္ မွတ္သားထားျပီး ကိုယ္ပိုင္ စာေရးေလ့က်င့္ဖို့ သီးသန့္ထားတဲ့ စာအုပ္ထဲမွာ ျပန္လည္ အသံုးျပဳ ကိုးကားေရးသားၾကပါတယ္။ အခ်ိဳ့ကလည္း စာေရးဆရာရဲ့ စာေရးနည္းကို အတုယူျပီး ကိုယ္တိုင္ ကဗ်ာ ဝတၱဳျပန္ေရးၾကပါတယ္။

ဒီေန့က ေသာၾကာေန့၊ သီတင္းပတ္ရဲ့ ေနာက္ဆံဳးေန့ဆိုေတာ့ တစ္ေက်ာင္းလံဳးမွာ ရွိတဲ့ ဆရာ၊မ ေက်ာင္းသား၊သူမေရြး ကိုယ္အၾကိဳက္ဆံဳး ကာတြန္းဇာတ္ေကာင္ အျဖစ္ဝတ္ဆင္ျပီး ေက်ာင္းကိုလာရပါတယ္။ ဝတ္ဆင္လာတဲ့ ကာတြန္းဇာတ္ေကာင္ပါဝင္တဲ့ စာအုပ္၊ ဇာတ္လမ္းစတာ အခ်ိဳ့ကို ျပန္လည္ ေျပာျပေစတာမ်ိဳးေတြလုပ္ရပါတယ္။ ကေလးေတြေပ်ာ္ၾကသလို ကၽြန္မတို့ ေက်ာင္းဆရာ၊ဆရာမေတြအတြက္လည္း လြတ္လြတ္လပ္လပ္ေပ်ာ္ရတဲ့ေန့ေလးပါပဲ။

တစ္ကယ္ေတာ့ စာအုပ္စာေပ သီတင္းပတ္ဆိုတာ သီးသန့္သတ္မွတ္ထားေပမယ့္ ကၽြန္မရဲ့ ပထမတန္းဒုတိယတန္းက ကေလးေတြဆိုရင္ စာအုပ္ဖတ္ခ်ိန္နဲ့ အေရးအသားေလ့က်င့္ခ်ိန္ (လက္ေရးလွ၊ စာလံဳးေပါင္းသတ္ပံုမဟုတ္ပါ။ ဝတၳဳ၊ စာစီစာကံုး အစရွိတဲ့စာေပေရးသားျခင္းျဖစ္ပါတယ္။) ကို ေန့စဥ္ ေသခ်ာစြာ ေပးထားရပါတယ္။ ကေလးေတြရဲ့ စာေပခ်စ္စိတ္ကို ျမွင့္တင္နိုင္ဖို့ အဓိကထားျပီး သင္ေပးရပါတယ္။ စာေရးေလ့က်င့္ေနခ်ိန္မွာ စာလံုးေပါင္းျပင္တာ၊ လက္ေရးလွဖို့ တုိက္တြန္းတာမ်ိဳးမရွိပဲ စာအေရးအသားကိုေလ့က်င့္ေစပါတယ္။ အဲဒီ့အဆင့္ျပီးမွ ကေလးေတြကိုယ္တိုင္ စာလံုးေပါငး္သတ္ပံုနဲ့ အျခား လိုအပ္တာေတြကို တည္းျဖတ္ပါတယ္။ စာလံုးေပါင္းသတ္ပံု ေလ့က်င့္ဖို့ အခ်ိန္လည္း သိီးသန့္ေပးထားပါတယ္။

ကၽြန္မတို့ ျမန္မာနုိင္ငံက ဆရာ၊မေတြလည္း ဒီလိုမ်ိဳးနည္းစနစ္ေတြကို အသံုးျပဳလို့ရပါတယ္။ ဒီကကေလးေတြလို့ ကေလးတစ္ေယာက္ခ်င္းစီအတြက္ စာအုပ္ေတြအမ်ားၾကီးမရွိဘူးဆိုရင္ ရွိတဲ့စာအုပ္ကို ဆရာမက ေရွ့ကဖတ္ျပျပီး နိုင္သေလာက္ေလးနဲ့စလို့ရပါတယ္။ ကၽြန္မ ပထမဆံဳး တာဝန္က်တဲ့ ေက်ာင္းမွာဆိုရင္ ဆရာမက ကေလးေတြနဲ့ သင့္ေတာ္တဲ့ ဝတၳဳစာအုပ္ကုိ ကေလးေတြအတြက္ ဖတ္ျပပါတယ္။ စာအုပ္ကထူေတာ့ အပိုင္းပိုင္းျဖတ္ျပီး စာအုပ္ထဲမွာ ပါတဲ့ အေၾကာင္းအရာ၊ စာေရးသူရဲ့ ရည္ရြယ္ခ်က္၊ စာေရးသားပံဳ အစရွိတာေတြကို တျဖည္းျဖည္းခ်င္းေဆြးေႏြးသြားပါတယ္။ ေဆြးေႏြးရံုတင္မဟုတ္ပဲ ကေလးေတြ စာေရးသားတဲ့ေနရာမွာ အေထာက္ကူျပဳေအာင္လည္းေလ့က်င့္မွဳေတြလုပ္ေပးပါတယ္။ ဘယ္အရာမွ လြယ္ကူေခ်ာေမာတာမ်ိဳး မရွိေပမယ့္ တစ္ကယ္လုပ္ၾကည့္ရင္ အဟုတ္ျဖစ္သြားမွာပါ။ Remark: Written in 2015.