[Unicode]

ကျွန်မ အခု ရောက်နေတဲ့ နေရာကတော့ စပိန်နိုင်ငံ Cordoba မြို့ဖြစ်ပါတယ်။ ကျွန်မ ဓါတ်ပုံရဲ့ နောက်က မြစ်ကတော့ ကိုလံဘတ်စ် အမေရိကတိုက်ကို ရှာဖွေ တွေ့ရှိခဲ့တဲ့ ခရီးစဉ်ရဲ့ အစ နေရာဖြစ်ပါတယ်။ Cordoba မြို့မှာ ဂျူးဘာသာဝင်၊ အစ္စလာမ်ဘာသာဝင်တွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေ အတူတကွ ချစ်ကြည်စွာ နေထိုင်ခဲ့ကြတဲ့ သမိုင်းကြောင်းကြောင့်လဲ ထင်ရှားတဲ့မြို့ဖြစ်သလို သံလွင်ဆီ အကောင်းဆုံး ထွက်ရှိတဲ့အတွက်လည်း ထင်ရှားပါတယ်။ သမိုင်းဝင် နေရာတစ်ခုလိုဖြစ်နေတဲ့အတွက် ခရီးသွားဧည့်သည်တွေလည်း အများကြီး တွေ့ရပါတယ်။

မေလ ၁၆ ရက်နေ့က အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနေ့ဖြစ်တဲ့အတွက်  နေထိုင်ရာမတူညီတဲ့ နိုင်ငံပေါင်း ၁ရနိုင်ငံက လူငယ်အယောက် ၃၀ ကို ဖိတ်ကြားတဲ့အထဲမှာ မြန်မာနိုင်ငံ ကိုယ်စား တက်ရောက်ခဲ့ပါတယ်။ ကျွန်မတို့လို အသက်ငယ်ပေမယ့် နိုင်ငံအတွက် ကြိုးစားပေးချင်ကြတဲ့ လူငယ်တွေအနေနဲ့ ကိုယ့်ဒေသမှာ ဘာတွေဦးဆောင်လုပ်နေသလဲ၊ ဘယ်လိုအခက်အခဲတွေရှိသလဲ၊ ဘယ်လို လက်တွဲပူးပေါင်းဖြေရှင်းကြမလဲဆိုတဲ့ အကြောင်းအရာတွေ ဆွေးနွေးခွင့်ရခဲ့ပါတယ်။ ပညာရေးသမားဖြစ်တဲ့ ကျွန်မအတွက်လည်း ပညာရေးဆိုင်ရာ အကြောင်းအရာတွေနဲ့ အခြားဆက်စပ်တဲ့အချက်အလက်တွေ မျှဝေခွင့်ရခဲ့ပါတယ်။

ကျွန်မတို့ အယောက် ၃၀ က မတူညီတဲ့ ဘာသာဝင်တွေ ဖြစ်ကြသလို မတူညီတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ကြပါတယ်။ မတူညီတဲ့ အတွေးအခေါ်အယူအဆတွေ ရှိနေသော်ငြားလည်း ပျော်ရွှင်စွာနဲ့ သင်ယူခွင့်ရခဲ့ပါတယ်။

တစ်ကယ်တော့ ဒီလို မတူညီတဲ့နိုင်ငံကလာမှတင်မဟုတ်ဘဲ ကျွန်မတို့ ဘယ်မှာပဲ နေနေ ကိုယ်နဲ့ ထပ်တူကျတဲ့ သူဆိုတာ မရှိနိုင်ပါဘူး။ နေရာဒေသတူရင်တောင် အတွေ့အကြုံ၊ နေထိုင်မှုပုံစံ၊ အတွေးအခေါ်၊ လူမှုစီးပွါးရေး၊ တိုင်းရင်းသား စတာတွေ ကွဲပြားကြပါတယ်။ ကိုယ့်ရဲ့ မိသားစုဝင်တွေတောင် တစ်ပုံစံထဲ အမြဲ ထားလို့မရတာ လူမျိုး၊ နိုင်ငံ တစ်ခုလုံး ဘယ်လို ဖြစ်နိုင်ပါ့မလဲ။ အားလုံးကို ပုံစံခွက်တစ်ခုမှာ ထည့်လို့မရတဲ့အတွက် ကျွန်မတို့တစ်တွေဟာ မတူကွဲပြားခြင်းရဲ့ တည်ရှိမှုကို လက်ခံရပါမယ်။ မတူကွဲဲပြားခြင်းဟာ ရှောင်လွှဲလို့မရတဲ့အရာဆိုရင် ကျွန်မတို့ ပညာရေးသမားတွေအနေနဲ့ ကျွန်မတို့ စာသင်ခန်းထဲက ကလေးတွေကို မတူကွဲပြားခြင်းအကြောင်း နားလည်အောင်၊ ငြိမ်းချမ်းပျော်ရွှင်စွာ အတူ ယှဉ်တွဲနေထိုင်တတ်အောင်၊ မတူကွဲပြားသူတွေအကြောင်း သိလာအောင် လုပ်ပေးဖို့ တာဝန်ရှိပါတယ်။

ဥပမာ ကျောင်းစာသင်ခန်းထဲမှာ အတူတူ လာပြီး စာသင်ကြတဲ့ကလေးတွေထဲမှာတောင် မတူညီမှုတွေက အများကြီးရှိပါတယ်။ စီးပွါးရေး အခြေအနေ၊ မိဘတွေရဲ့ ပြုစုပျိုးထောင်ပုံ စသဖြင့်ပေါ့။ အဲဒီ့လို မတူညီတဲ့အရာတွေ ရှိနေတဲ့ ကလေးတွေ အချင်းချင်း ပျော်ရွှင်စွွာ ပညာသင်ကြားခွင့်ရနိုင်ဖို့ ကျွန်မတို့ ပညာရေးသမားတွေအနေ နဲ့ တာဝန်ရှိပါတယ်။

မတူကွဲပြားတဲ့အရာတွေအကြောင်း အတူတူ ငြိမ်းချမ်းစွာ အတူတူနေနိုင်ဖို့ သင်ကြားပေးတဲ့အခါ ကျွန်မတို့ ဆရာ၊မတွေ ကျောင်းတွေအနေနဲ့ ကျွန်မတို့ရဲ့ ကလေးတွေအတွက် အသုံးပြုနိုင်မယ့် နည်းလမ်းလေး ၂ ခု မျှဝေချင်ပါတယ်။ ဒီနည်းလမ်းနှစ်ခုလုံးကို ကျွန်မတွေ့ခဲ့တဲ့ ၁၆ နိုင်ငံလုံးက လူငယ်တွေ ကြိုးစားလုပ်နေကြတာကိုလည်း သိခဲ့ရပြီး အပြုသဘောဆောင်တဲ့ ရလဒ်တွေလည်း ရတယ်ဆိုတာ သိရတဲ့အတွက် မျှဝေပေးချင်ပါတယ်။

၁) Dialogue (စကားဝိုင်း) – စကားဝိုင်းသဘောတရားကတော့ သူများပြောတာကို စိတ်နှစ်ပြီး နှလုံးသားနဲ့အပြန်အလှန်နားထောင်ပြီး အပြန်အလှန်နားလည်နိုင်အောင် ကြိုးစားကြတဲ့သဘောလည်းဆောင်ပါတယ်။ စကားဝိုင်း ဆိုတဲ့ အတိုင်း အစ အဆုံး မရှိ၊ အထက် အောက် မရှိပါဘူး။ အားလုံးဟာ တန်းတူ ကိုယ့်ရဲ့ အကြောင်းကို အမှန်ကန်ဆုံး အပွင့်လင်းဆုံး မျှဝေကြပြီး နားထောင်သူတွေဟာလည်း ကဲ့ရဲ့ရှုံ့ချမှုမရှိ မေတ္တာတရားနဲ့နားထောင်ရပါတယ်။ သဘောထားကွဲလွဲစရာ အကြောင်းအရာတွေရှိလာခဲ့ရင် တစ်ဖက်ထဲက အမြင်တင်မဟုတ်ဘဲ ပါဝင်သူတိုင်းရဲ့ ထင်မြင်ယူဆချက်ကို နားလည်အောင်လုပ်ပြီး အသင့်တော်ဆုံး အကောင်းဆုံးဘာဖြစ်နိုင်မလဲ၊ ပါဝင်သူအားလုံး လက်ခံနိုင်မယ့် အဖြေက ဘာဖြစ်မလဲဆိုတာ အတူတူ စကားဝိုင်းကနေတစ်ဆင့် ရှာဖွေစေလို့ရပါတယ်။ ငယ်ငယ်ကတည်းကသာ စကားဝိုင်းတွေကို သေချာ လုပ်ပေးခဲ့ရင် အသက်ကြီးလို့ နိုင်င့့့့ံအရေး လူမှုရေး စတာတွေဆွေးနွေးတဲ့အခါ တိုက်ခိုက်မှုမပါဘဲ ဆွေးနွေးတတ်လာမယ်၊ အပြန်အလှန် နားလည်အောင် ကြိုးစားရင်း ပိုငြိမ်းချမ်းလာမယ်။

၂) Exchange (အပြန်အလှန်မျှဝေမှု)  – မတူညီတဲ့ လူမျိုး၊ အယူအဆ၊ ဘာသာတရား၊ ဓလေ့ စတာတွေအပေါ် နားလည်အောင် အပြန်အလှန် မျှဝေစေတဲ့ လေ့ကျင့်ခန်းတွေပါ။ ဥပမာ – တိုင်းရင်းသား တွေရှိခဲ့ရင် သူတို့ရဲ့ ရိုးရာဓလေ့ထုံးတမ်းတွေမှာ လက်တွေ့ပါဝင်ပြီး သူတို့ရဲ့ အယူအဆ၊ အတွေးအခေါ်၊ ဓလေ့တွေကို သေချာ လေ့လာသင်ယူစေတာမျိုးဖြစ်ပါတယ်။ လက်တွေ့ မြင်လိုက်၊တွေ့လိုက်ယုံတင်မဟုတ်ဘဲ လက်တွေ့ပါဝင်လိုက်ရရင် ဘယ်လို သတင်းမှားဖြန့်ဖြန့် ပြန့်ဖို့မလွယ်ပါဘူး။ တစ်ယောက်အကြောင်းတစ်ယောက် သေချာ သိသလိုလိုနဲ့ မသိဘဲဖြစ်နေရင် သတင်းမှားတွေ ပြန့်ဖို့ အရမ်းလွယ်ပါတယ်။ ဒါကြောင့် မတူဘူးလို့ ထင်တဲ့အရာတွေအပေါ် အပြန်အလှန်မျှဝေစေပါ။ မတူညီတဲ့ဘာသာတွေအကြောင်းကို မတူညီတဲ့ဘာသာဝင်တွေကိုယ်တိုင် ပြောပါစေ၊ ကိုယ့်ဆီကိုလည်း လာလည်ကြပါစေ။ ဒါမှ ရင်ထဲမှာ ရှိတဲ့ သိုလော သိုလော မဖြစ်တော့ဘူးပေါ့။ လေ့လာရေးခရီးတွေသွားတာကလည်း အပြန်အလှန်မျှဝေခွင့်ပေးတဲ့ လုပ်ငန်းဖြစ်ပါတယ်။ မတူညီတဲ့ အသိုင်းဝန်းက ကလေးတွေအချင်းချင်း အပြန်အလှန် အမြင်တွေကို ယှဉ်ကျေးပွင့်လင်းစွာ ပုံမှန် မျှဝေခိုင်းတာကလည်း အကျုံးဝင်ပါတယ်။

အချုပ်အားဖြင့် ပြောရရင် မတူညီခြင်း၊ ကွဲပြားခြင်းဆိုတာ ရှောင်လွှဲလို့မရပါဘူး။ ရှောင်လွှဲလို့မရမယ့်အတူတူ သူလည်း စိတ်ချမ်းသာ၊ ကိုယ်လည်း စိတ်ချမ်းသာ နေနိုင်မယ့်နည်းတွေကို လေ့လာ သင်ယူပြီး လက်တွေ့ကျင့်သုံးဖို့လိုပါတယ်။  မတူခြင်းဟာ မကောင်းတာမဟုတ်ဘူးဆိုတာကို သိဖို့၊ မတူတဲ့သူတွေနဲ့ အတူတူနေတတ်ဖို့ကို သင်ယူဖို့ ကလေးတွေရော လူကြီးတွေရော လိုအပ်ပါတယ်။ ဒါကြောင့် မတူတာတွေကို တွေ့ရင် ဘာကြောင့် မတူတာလဲ၊ မတူတဲ့ အချက်အလက်တွေနောက်က ချစ်စရာဓလေ့တွေ အတွေးအခေါ်တွေကဘာလဲဆိုတာကို သိအောင် လုပ်တတ်ဖို့ သင်ပေးဖို့လိုပါတယ်။ ကလေးတွေငယ်စဉ်ကတည်းက စကားဝိုင်းတွေကတစ်ဆင့် အပြန်အလှန်သင်ယူခြင်းကတစ်ဆင့် သင်ယူခွင့်ရခဲ့ရင် လူကြီးဖြစ်လာတဲ့အခါ မတူရင် ရန်သူလို့ သဘောထားခြင်း လုံးဝမရှိဘဲ ကွဲပြားခြင်းရဲ့ အလှတရားကို ပိုမြင်လာနိုင်မယ်လို့ ကျွန်မထင်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ Cordoba က အရမ်းလှပါတယ်။ အခွင့်အခါကြုံရင် သွားပြီးလေ့လာ လည်ပတ်စေချင်ပါတယ်။

မေတ္တာဖြင့်…..

                 Sayarma-ဆရာမ

[Zawgyi]

ကၽြန္မ အခု ေရာက္ေနတဲ့ ေနရာကေတာ့ စပိန္နိုင္ငံ Cordoba ျမိဳ႕ျဖစ္ပါတယ္။ ကၽြန္မ ဓါတ္ပံုရဲ႕ ေနာက္က ျမစ္ကေတာ့ ကိုလံဘတ္စ္ အေမရိကတိုက္ကို ရွာေဖြ ေတြ႕ရွိခဲ့တဲ့ ခရီးစဥ္ရဲ႕ အစ ေနရာျဖစ္ပါတယ္။ Cordoba ျမိဳ႕မွာ ဂ်ဴးဘာသာဝင္၊ အစၥလာမ္ဘာသာဝင္ေတြနဲ႕ ခရစ္ယာန္ဘာသာဝင္ေတြ အတူတကြ ခ်စ္ၾကည္စြာ ေနထုိင္ခဲ့ၾကတဲ့ သမိုင္းေၾကာင္းေၾကာင့္လဲ ထင္ရွားတဲ့ျမိဳ႕ျဖစ္သလို သံလြင္ဆီ အေကာင္းဆံုး ထြက္ရွိတဲ့အတြက္လည္း ထင္ရွားပါတယ္။ သမိုင္းဝင္ ေနရာတစ္ခုလိုျဖစ္ေနတဲ့အတြက္ ခရီးသြားဧည့္သည္ေတြလည္း အမ်ားၾကီး ေတြ႕ရပါတယ္။

ေမလ ၁၆ ရက္ေန႕က အျပည္ျပည္ဆိုင္ရာ ျငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထုိင္ေရးေန႕ျဖစ္တဲ့အတြက္  ေနထုိင္ရာမတူညီတဲ့ နုိင္ငံေပါင္း ၁၇နုိင္ငံက လူငယ္အေယာက္ ၃၀ ကို ဖိတ္ၾကားတဲ႕အထဲမွာ ျမန္မာနုိင္ငံ ကိုယ္စား တက္ေရာက္ခဲ့ပါတယ္။ ကၽြန္မတို႕လုိ အသက္ငယ္ေပမယ့္ နိုင္ငံအတြက္ ၾကိဳးစားေပးခ်င္ၾကတဲ့ လူငယ္ေတြအေနနဲ႕ ကိုယ့္ေဒသမွာ ဘာေတြဦးေဆာင္လုပ္ေနသလဲ၊ ဘယ္လိုအခက္အခဲေတြရွိသလဲ၊ ဘယ္လို လက္တြဲပူးေပါင္းေျဖရွင္းၾကမလဲဆိုတဲ့ အေၾကာင္းအရာေတြ ေဆြးေႏြးခြင့္ရခဲ့ပါတယ္။ ပညာေရးသမားျဖစ္တဲ့ ကၽြန္မအတြက္လည္း ပညာေရးဆိုင္ရာ အေၾကာင္းအရာေတြနဲ႕ အျခားဆက္စပ္တဲ့အခ်က္အလက္ေတြ မွ်ေဝခြင့္ရခဲ့ပါတယ္။

ကၽြန္မတို႕ အေယာက္ ၃၀ က မတူညီတဲ့ ဘာသာဝင္ေတြ ျဖစ္ၾကသလို မတူညီတဲ့ လုပ္ငန္းေတြကိုလည္း လုပ္ၾကပါတယ္။ မတူညီတဲ့ အေတြးအေခၚအယူအဆေတြ ရွိေနေသာ္ျငားလည္း ေပ်ာ္ရႊင္စြာနဲ႕ သင္ယူခြင့္ရခဲ့ပါတယ္။

တစ္ကယ္ေတာ့ ဒီလို မတူညီတဲ့နုိင္ငံကလာမွတင္မဟုတ္ဘဲ ကၽြန္မတို႕ ဘယ္မွာပဲ ေနေန ကိုယ္နဲ႕ ထပ္တူက်တဲ့ သူဆိုတာ မရွိနိုင္ပါဘူး။ ေနရာေဒသတူရင္ေတာင္ အေတြ႕အၾကံဳ၊ ေနထုိင္မွဳပံုစံ၊ အေတြးအေခၚ၊ လူမွဳစီးပြါးေရး၊ တုိင္းရင္းသား စတာေတြ ကြဲျပားၾကပါတယ္။ ကိုယ့္ရဲ႕ မိသားစုဝင္ေတြေတာင္ တစ္ပံုစံထဲ အျမဲ ထားလို႕မရတာ လူမ်ိဳး၊ နုိင္ငံ တစ္ခုလံုး ဘယ္လို ျဖစ္နုိင္ပါ့မလဲ။ အားလံုးကို ပံုစံခြက္တစ္ခုမွာ ထည့္လို႕မရတဲ့အတြက္ ကၽြန္မတို႕တစ္ေတြဟာ မတူကြဲျပားျခင္းရဲ႕ တည္ရွိမွဳကို လက္ခံရပါမယ္။ မတူကြဲဲျပားျခင္းဟာ ေရွာင္လႊဲလို႕မရတဲ့အရာဆိုရင္ ကၽြန္မတို႕ ပညာေရးသမားေတြအေနနဲ႕ ကၽြန္မတို႕ စာသင္ခန္းထဲက ကေလးေတြကို မတူကြဲျပားျခင္းအေၾကာင္း နားလည္ေအာင္၊ ျငိမ္းခ်မ္းေပ်ာ္ရႊင္စြာ အတူ ယွဥ္တြဲေနထုိင္တတ္ေအာင္၊ မတူကြဲျပားသူေတြအေၾကာင္း သိလာေအာင္ လုပ္ေပးဖုိ႕ တာဝန္ရွိပါတယ္။

ဥပမာ ေက်ာင္းစာသင္ခန္းထဲမွာ အတူတူ လာျပီး စာသင္ၾကတဲ့ကေလးေတြထဲမွာေတာင္ မတူညီမွဳေတြက အမ်ားၾကီးရွိပါတယ္။ စီးပြါးေရး အေျခအေန၊ မိဘေတြရဲ႕ ျပဳစုပ်ိဳးေထာင္ပံု စသျဖင့္ေပါ့။ အဲဒီ့လို မတူညီတဲ့အရာေတြ ရွိေနတဲ့ ကေလးေတြ အခ်င္းခ်င္း ေပ်ာ္ရႊင္စြြာ ပညာသင္ၾကားခြင့္ရနုိင္ဖို႕ ကၽြန္မတို႕ ပညာေရးသမားေတြအေန နဲ႕ တာဝန္ရွိပါတယ္။

မတူကြဲျပားတဲ့အရာေတြအေၾကာင္း အတူတူ ျငိမ္းခ်မ္းစြာ အတူတူေနနုိင္ဖို႕ သင္ၾကားေပးတဲ့အခါ ကၽြန္မတို႕ ဆရာ၊မေတြ ေက်ာင္းေတြအေနနဲ႕ ကၽြန္မတို႕ရဲ႕ ကေလးေတြအတြက္ အသံုးျပဳနိုင္မယ့္ နည္းလမ္းေလး ၂ ခု မွ်ေဝခ်င္ပါတယ္။ ဒီနည္းလမ္းႏွစ္ခုလံုးကို ကၽြန္မေတြ႕ခဲ့တဲ့ ၁၆ နုိင္ငံလံုးက လူငယ္ေတြ ၾကိဳးစားလုပ္ေနၾကတာကိုလည္း သိခဲ့ရျပီး အျပဳသေဘာေဆာင္တဲ့ ရလဒ္ေတြလည္း ရတယ္ဆိုတာ သိရတဲ့အတြက္ မွ်ေဝေပးခ်င္ပါတယ္။

၁) Dialogue (စကားဝိုင္း) – စကားဝိုင္းသေဘာတရားကေတာ့ သူမ်ားေျပာတာကို စိတ္ႏွစ္ျပီး ႏွလံုးသားနဲ႕အျပန္အလွန္နားေထာင္ျပီး အျပန္အလွန္နားလည္နုိင္ေအာင္ ၾကိဳးစားၾကတဲ့သေဘာလည္းေဆာင္ပါတယ္။ စကားဝုိင္း ဆိုတဲ့ အတိုင္း အစ အဆံုး မရွိ၊ အထက္ ေအာက္ မရွိပါဘူး။ အားလံုးဟာ တန္းတူ ကိုယ့္ရဲ႕ အေၾကာင္းကို အမွန္ကန္ဆံုး အပြင့္လင္းဆံုး မွ်ေဝၾကျပီး နားေထာင္သူေတြဟာလည္း ကဲ့ရဲ႕ရွံဳ႕ခ်မွဳမရွိ ေမတၱာတရားနဲ႕နားေထာင္ရပါတယ္။ သေဘာထားကြဲလြဲစရာ အေၾကာင္းအရာေတြရွိလာခဲ့ရင္ တစ္ဖက္ထဲက အျမင္တင္မဟုတ္ဘဲ ပါဝင္သူတိုင္းရဲ႕ ထင္ျမင္ယူဆခ်က္ကို နားလည္ေအာင္လုပ္ျပီး အသင့္ေတာ္ဆံုး အေကာင္းဆံုးဘာျဖစ္နုိင္မလဲ၊ ပါဝင္သူအားလံုး လက္ခံနုိင္မယ့္ အေျဖက ဘာျဖစ္မလဲဆိုတာ အတူတူ စကားဝုိင္းကေနတစ္ဆင့္ ရွာေဖြေစလို႕ရပါတယ္။ ငယ္ငယ္ကတည္းကသာ စကားဝိုင္းေတြကို ေသခ်ာ လုပ္ေပးခဲ့ရင္ အသက္ၾကီးလို႕ နုိင္င့့့့ံအေရး လူမွဳေရး စတာေတြေဆြးေႏြးတဲ့အခါ တိုက္ခိုက္မွဳမပါဘဲ ေဆြးေႏြးတတ္လာမယ္၊ အျပန္အလွန္ နားလည္ေအာင္ ၾကိဳးစားရင္း ပိုျငိမ္းခ်မ္းလာမယ္။

၂) Exchange (အျပန္အလွန္မွ်ေဝမွဳ)  – မတူညီတဲ့ လူမ်ိဳး၊ အယူအဆ၊ ဘာသာတရား၊ ဓေလ့ စတာေတြအေပၚ နားလည္ေအာင္ အျပန္အလွန္ မွ်ေဝေစတဲ့ ေလ့က်င့္ခန္းေတြပါ။ ဥပမာ – တိုင္းရင္းသား ေတြရွိခဲ့ရင္ သူတို႕ရဲ႕ ရိုးရာဓေလ့ထံုးတမ္းေတြမွာ လက္ေတြ႕ပါဝင္ျပီး သူတို႕ရဲ႕ အယူအဆ၊ အေတြးအေခၚ၊ ဓေလ့ေတြကို ေသခ်ာ ေလ့လာသင္ယူေစတာမ်ိဳးျဖစ္ပါတယ္။ လက္ေတြ႕ ျမင္လိုက္၊ေတြ႕လုိက္ယံုတင္မဟုတ္ဘဲ လက္ေတြ႕ပါဝင္လုိက္ရရင္ ဘယ္လို သတင္းမွားျဖန္႕ျဖန္႕ ျပန္႕ဖို႕မလြယ္ပါဘူး။ တစ္ေယာက္အေၾကာင္းတစ္ေယာက္ ေသခ်ာ သိသလိုလိုနဲ႕ မသိဘဲျဖစ္ေနရင္ သတင္းမွားေတြ ျပန္႕ဖို႕ အရမ္းလြယ္ပါတယ္။ ဒါေၾကာင့္ မတူဘူးလို႕ ထင္တဲ့အရာေတြအေပၚ အျပန္အလွန္မွ်ေဝေစပါ။ မတူညီတဲ့ဘာသာေတြအေၾကာင္းကို မတူညီတဲ့ဘာသာဝင္ေတြကိုယ္တိုင္ ေျပာပါေစ၊ ကိုယ့္ဆီကိုလည္း လာလည္ၾကပါေစ။ ဒါမွ ရင္ထဲမွာ ရွိတဲ့ သိုေလာ သိုေလာ မျဖစ္ေတာ့ဘူးေပါ့။ ေလ့လာေရးခရီးေတြသြားတာကလည္း အျပန္အလွန္မွ်ေဝခြင့္ေပးတဲ့ လုပ္ငန္းျဖစ္ပါတယ္။ မတူညီတဲ့ အသိုင္းဝန္းက ကေလးေတြအခ်င္းခ်င္း အျပန္အလွန္ အျမင္ေတြကို ယွဥ္ေက်းပြင့္လင္းစြာ ပံုမွန္ မွ်ေဝခုိင္းတာကလည္း အက်ံဳးဝင္ပါတယ္။

အခ်ဳပ္အားျဖင့္ ေျပာရရင္ မတူညီျခင္း၊ ကြဲျပားျခင္းဆိုတာ ေရွာင္လႊဲလို႕မရပါဘူး။ ေရွာင္လႊဲလို႕မရမယ့္အတူတူ သူလည္း စိတ္ခ်မ္းသာ၊ ကိုယ္လည္း စိတ္ခ်မ္းသာ ေနနုိင္မယ့္နည္းေတြကို ေလ့လာ သင္ယူျပီး လက္ေတြ႕က်င့္သံုးဖုိ႕လိုပါတယ္။  မတူျခင္းဟာ မေကာင္းတာမဟုတ္ဘူးဆိုတာကို သိဖို႕၊ မတူတဲ့သူေတြနဲ႕ အတူတူေနတတ္ဖို႕ကို သင္ယူဖို႕ ကေလးေတြေရာ လူၾကီးေတြေရာ လိုအပ္ပါတယ္။ ဒါေၾကာင့္ မတူတာေတြကို ေတြ႕ရင္ ဘာေၾကာင့္ မတူတာလဲ၊ မတူတဲ့ အခ်က္အလက္ေတြေနာက္က ခ်စ္စရာဓေလ့ေတြ အေတြးအေခၚေတြကဘာလဲဆိုတာကို သိေအာင္ လုပ္တတ္ဖုိ႕ သင္ေပးဖုိ႕လိုပါတယ္။ ကေလးေတြငယ္စဥ္ကတည္းက စကားဝိုင္းေတြကတစ္ဆင့္ အျပန္အလွန္သင္ယူျခင္းကတစ္ဆင့္ သင္ယူခြင့္ရခဲ့ရင္ လူၾကီးျဖစ္လာတဲ့အခါ မတူရင္ ရန္သူလို႕ သေဘာထားျခင္း လံုးဝမရွိဘဲ ကြဲျပားျခင္းရဲ႕ အလွတရားကို ပိုျမင္လာနုိင္မယ္လို႕ ကၽြန္မထင္ပါတယ္။ ေနာက္ဆံုးတစ္ခ်က္ကေတာ့ Cordoba က အရမ္းလွပါတယ္။ အခြင့္အခါၾကံဳရင္ သြားျပီးေလ့လာ လည္ပတ္ေစခ်င္ပါတယ္။

ေမတၱာျဖင့္…..                  Sayarma-ဆရာမ