[Unicode]

အာဇာနည်နေ့မှာဖြစ်ဖြစ်၊ အာဇာနည်နေ့မတိုင်ခင်ဖြစ်ဖြစ်၊ အာဇာနည်နေ့အပြီး နောက်ရက်တွေမှာဖြစ်ဖြစ် ကျောင်းတွေမှာ အာဇာနည်နေ့နဲ့ပတ်သတ်တဲ့ ပွဲတွေလုပ်ကြတယ်၊ စာစီစာကုံးရေးပြိုင်ရတာတို့၊ ပန်းချီပြိုင်ရတာတို့၊ အာဇာနည်နေ့နဲ့ ပတ်သတ်တဲ့ သီချင်းတွေ သင်ကြတာ စသည်ဖြင့် လုပ်ကြတယ်။ အခု ကျွန်မက အဲဒီ့လုပ်ငန်းတွေ အပြင် အခြား ကလေးတွေနဲ့လုပ်နိုင်မယ့် အလုပ် ၁၀ ခုကို မျှဝေပေးမှာဖြစ်ပါတယ်။

၁) အာဇာနည် ရုပ်ပြ စာအုပ်

 – အာဇာနည်နေ့အကြောင်းမသင်ခင်မှာ ကလေးတွေကို မိမိကြိုက်နှစ်သက်သော အာဇာနည်တစ်ဦးအကြောင်း လူကြီးတွေကိုမေး၊ကိုယ်တိုင်စာတွေဖတ်ပြီး ကိုယ်လေ့လာထားတဲ့ အာဇာနည်တစ်ဦးအကြောင်း ရုပ်ပြစာအုပ်ရေးသားရမှာပါ။

 – အဖွဲ့လိုက်ဆိုရင် မြန်မာပြည်မှာရှိတဲ့ အာဇာနည်ကိုးဦးအကြောင်းအဖွဲ့အလိုက် လေ့လာခိုင်းပါ။ မိမိစိတ်ကြိုက်နည်းနဲ့လေ့လာလို့ရပါတယ်။ ပေးထားတဲ့ အချိန်အတိုင်းအတာအတွင်းမှာ အာဇာနည်ကိုးဦးအကြောင်း ရေးထားတဲ့  ရုပ်ပြစာအုပ်ကို အပြီးပြင်ဆင်ရေးဆွဲရမှာပါ။

 – မိဘ၊ဆရာက အချက်အလက်တွေ ပြောပြပြီးပြီဆိုရင်တော့ ကလေးတွေ အချက်အလက်ရှာဖွေတဲ့ အပိုင်းကို ကျော်ပြီး သူတို့ သင်ယူခဲ့ရတဲ့ အချက်အလက်တွေအပေါ်မှာ အခြား ညီငယ်ညီမငယ် (သို့မဟုတ်) အခြား ဒီအာဇာနည် တွေအကြောင်းမသိသေးတဲ့ သူတွေကို ဝေမျှပေးဖို့ ရုပ်ပြစာအုပ်လုပ်ခိုင်းပါ။

၂) ကျောင်းသား သူရဲကောင်းရှာဖွေခြင်း

 – အာဇာနည်တွေ သူရဲကောင်းတွေဆိုတာ အကြောင်းအရာတစ်ခုကို ထူးထူးချွန်ချွန်လုပ်နိုင်သူတွေ ဒါမှမဟုတ် စိတ်နှစ်ပြီး အနစ်နာခံပြီး အများအတွက်လုပ်ခဲ့သူတွေ စသည်ဖြင့် အဓိပ္ပါယ်အမျိုးမျိုးဖွင့်ကြပါတယ်။ ရှိခဲ့ပြီးသော သူရဲကောင်း အာဇာနည်တွေကို အလေးပြုဖို့အရေးကြီးသလို အနာဂါတ် အာဇာနည်လောင်းလျာများကိုလည်း ပျိုးထောင်ဖို့အရေးကြီးတဲ့အတွက် ဒီလုပ်ငန်းလေးကို မျှဝေပါတယ်။

 – ကလေးတိုင်းမှာ မတူညီတဲ့ အရည်အချင်း၊ ထူးချွန်မှုတွေရှိပါတယ်။ ကျောင်းသားတစ်ယောက်မှာ အရေးကြီးတဲ့ အရည်အချင်းတွေ၊စရိုက်လက္ခဏာတွေကို ကလေးတွေနဲ့အတူ ချမှတ်ကြည့်ပါ။ ဥပမာ – စုပေါင်းလုပ်ဆောင်ခြင်း၊ ကူညီခြင်း၊ တစိုက်မတ်မတ်လေ့လာသင်ယူခြင်း၊ ပျော်ရွှင်ခြင်း…။ ကလေးတွေအားလုံး သဘောတူတဲ့ အရည်အချင်းတွေကို အခြေခံပြီး စရိုက်လက္ခဏတစ်ခုချင်းစီမှာ ထူးချွန်တဲ့ကျောင်းသား၊သူတွေကို ရွေးချယ် ဂုဏ်ပြုပေးပါ။

 – ကျောင်းနဲ့ပတ်သတ်တာအပြင် အခြားထူးချွန်တဲ့အလုပ်တွေ၊ အများအကျိုးအတွက် လုပ်ဆောင်ခဲ့တာတွေ တွေ့ရင်လည်း မှတ်တမ်းတင်ထားလို့ရပါတယ်။ (ကျွန်မအရင်သင်ခဲ့တဲ့ကျောင်းမှာဆို – လအလိုက် ထူးချွန်တဲ့ လူမှုကူညီရေးလုပ်ငန်းလုပ်တဲ့ ကျောင်းသား၊သူတွေကို ဓါတ်ပုံလေးတွေ နာမည်တွေ ကျောင်းစာသင်ခန်းအပေါက်မှာ ကပ်ထားလေ့ရှိတယ်။)

၃)ရပ်ရွာသူရဲကောင်းများကို ချီးမြှောက်ခြင်း

 – ကျောင်းသူ၊သားဆိုတာ ကျောင်းအတွင်းထဲမှာပဲ ကျင်လည်ရတာမဟုတ်ပါဘူး။ ရပ်ရွာထဲကသူတွေထဲကလူတွေဖြစ်တဲ့အတွက် ရပ်ရွာ၊ပတ်ဝန်းကျင်နဲ့ထိတွေ့ဖို့လိုပါတယ်။ ကိုယ့်ရပ်ကွက်ထဲမှာ ကလေးတွေအတူတူ စဉ်းစားပြီး သတ်မှတ်ထားတဲ့ သူရဲကောင်း၊အာဇာနည်တွေရဲ့ စရိုက်လက္ခဏာမျိုးနဲ့ ကိုက်ညီတဲ့သူ (အချက်အချို့ကိုက်ညီတဲ့သူ)တွေကို ကလေးတွေကိုယ်တိုင် လေ့လာရှာဖွေခိုင်းပါ။ အဖွဲ့လိုက်ဖြစ်စေ၊ ကလေးတစ်ယောက်ချင်းစီကဖြစ်စေ အကြံပြုတဲ့ ရပ််ရွာသူရဲကောင်းများကို ပြန်လည် စီစစ်ပါ။ ဘာကြောင့် ရွေးချယ်ရသလဲဆိုတဲ့ အကြောင်းပြချက်တွေကို ခိုင်မာအောင်မေးပါ၊ဆွေးနွေးပါ။ နောက်ဆုံးရွေးချယ်ထားတဲ့ ရပ်ရွာသူရဲကောင်း (တစ်ယောက် သို့ ကြိုက်သလောက်) ကိုကျောင်းမှာ၊ စာသင်ခန်းမှာ ခေါ်ယူဂုဏ်ပြုခြင်း ဒါမှမဟုတ် သူတို့ဆီသွားပြီး ဂုဏ်ပြုခြင်းမျိုးပြုလုပ်နိုင်ပါတယ်။

၄) ကကြီး မှ အ အဆုံး အာဇာနည်၊သူရဲကောင်းများ စာရင်းပြုစုခြင်း

 – အာဇာနည်အဖြစ် တရားဝင်သတ်မှတ်ထားခြင်း ရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ၊ ကလေးများကို ကကြီးမှ အ အဆုံး အက္ခရာစဉ်အလိုက် သူရဲကောင်းများ အမည်ကို ရှာဖွေ ရေးမှတ်စေပါ။ နာမည် အစဉ်အလိုက်ရေးမှတ်ပြီး ထိုသူတွေရဲ့ ဓါတ်ပုံ ဒါမှမဟုတ် ဘဝဇာတ်ကြောင်းတွေကိုပါ အကျဉ်းချုပ်ရေးမှတ်ပြီး စာသင်ခန်းအတွင်း ပြသလို့ရပါတယ်။

၅) အာဇာနည်၊သူရဲကောင်းများ၏ ဘဝသမိုင်းမြေပုံရေးဆွဲခြင်း

 – အာဇာနည်တွေရယ်လို့ အတူတူ အသိမှတ်ပြုခြင်းခံရပေမယ့် ဖြတ်သန်းလာရတဲ့ဘဝဇာတ်ကြောင်းမတူညီကြပါဘူး။ မတူညီတဲ့ ဘဝနေနည်း၊ပုံစံတွေရှိကြပေမယ့် ခံယူချက်တွေတူညီခဲ့လို့ တူညီတဲ့ လမ်းကြောင်းပေါ်မှာ လျှောက်လမ်းခဲ့ကြတဲ့ အာဇာနည်တွေရှိပါတယ်။ ကလေးတွေလည်း အတူတူပါပဲ။ မတူညီတဲ့ ပျိုးထောင်မှုပုံစံတွေ၊ ကွဲပြားတဲ့ မိသားစုစရိုက်လက္ခဏာတွေရှိကြတယ်။ မတူညီမှုတွေက နေရာတိုင်းမှာရှိတယ်၊ တန်ဖိုးထားဖို့လည်းလိုတယ်။ ဒါကြောင့် အာဇာနည်တွေရဲ့ အကြောင်းကိုအဖွဲ့လိုက် လေ့လာပြီး ဘဝမြေပုံရေးသားစေပါ။ ဆိုလိုချင်တာကတော့ အချိန်မျဉ်းအလိုက် ဘယ်လိုတွေလုပ်ခဲ့တယ်၊ ဘာတွေဘယ်လိုဖြစ်ခဲ့တယ်ဆိုတာမျိုးပေါ့။ ပြီးရင် ကိုယ်တာဝန်ကျတဲ့ ခေါင်းဆောင်ရဲ့ ဘဝမြေပုံနဲ့ အခြားအာဇာနည်ရဲ့ဘဝမြေပုံကို နှိုင်းယှဉ်ပြီး တူညီတာတွေ၊ ကွဲပြားတာတွေကို ဆက်လက်ဆွေးနွေးနိုင်ပါတယ်။

၆) မိသားစုသူရဲကောင်းများ ဖေါ်ထုတ်ခြင်း

 – အာဇာနည်နေ့နဲ့ဆက်စပ်ပြီး အာဇာနည်ဆိုတာဘာလဲ၊ သူရဲကောင်းဆိုတာဘာလဲ၊ သူတို့တွေရဲ့ စရိုက်လက္ခဏာတွေကဘာလဲ စတာတွေကို ဆွေးနွေးပြီးတဲ့အခါ ကိုယ့်ဘဝထဲက သူရဲကောင်းတွေကိုလည်း အသိမှတ်ပြုပေးခိုင်းပါ။ မိသားစုထဲမှာ ဘယ်သူကတော့ ဘယ်လို သူရဲကောင်း လက္ခဏာတွေရှိတယ်ဆိုတာကို ဖေါ်ထုတ်ခိုင်းပါ။ ပြီးရင် ကိုယ့်မိသားစုထဲက ကိုယ်လေးစားရတဲ့ သူရဲကောင်း တစ်ယောက် သို့ အများကြီးအတွက် ပို့စ်ကဒ် ဒါမှမဟုတ် စာတိုလေးဖြစ်ဖြစ် ရေးပြီး အသိမှတ်ပြုခိုင်းပါ။

၇) တိုင်းရင်းသား၊ဒေသ၊ကိုးကွယ်ရာဘာသာ စသော မတူညီသည့် အာဇာနည်များကို အသိမှတ်ပြုခြင်း

 – အာဇာနည်လို့ပြောတဲ့အခါ ခေါင်းဆောင်ခဲ့တဲ့သူ၊ ထင်ရှားခဲ့တဲ့သူတွေကို အသိများပါတယ်။ လူဦးရေများတဲ့ တိုင်းရင်းသားတွေရဲ့ အာဇာနည်တွေကို ပိုသိကြတယ်။ လူနည်းစုတွေရဲ့ အာဇာနည်သူရဲကောင်းတွေကို အဖြစ်ပဲ သင်ပေးကြတယ်၊ သေချာသင်ပေးရကောင်းလည်းမသိကြဘူး။ ဒါကြောင့် ကလေးတွေကို တိုင်းရင်သား လူမျိုးစုအလိုက်၊ ဒေသအလိုက်၊ ကိုးကွယ်ရာဘာသာအလိုက် အဖွဲ့တွေဖွဲ့ပြီး  ကိုယ့်အဖွဲ့နဲ့ဆိုင်တဲ့ ခေါင်းဆောင်တွေ၊ သူရဲကောင်းတွေကို စာရင်းပြုစု လေ့လာစေပါ။ ဒီလုပ်ငန်းမှာ အခက်အခဲကတော့ အချက်အလက်ရှာဖွေဖို့ဖြစ်မယ်ထင်တယ်။ ဒီလုပ်ငန်းအတွက် အချက်အလက်တွေကို ကျွန်မနဲ့မျှဝေပေးပါဦး။ ကျွန်မလည်း တတ်နိုင်သလောက် စုဆောင်းပြီး ပြန်လည်မျှဝေပေးပါ့မယ်။

၈) အာဇာနည်များ၏ဘဝဇာတ်ကြောင်းနှင့် ဆက်စပ်အချိန်ကာလ၊ဒေသသမိုင်းကို သုံးသပ်ခြင်း

 – အာဇာနည်တွေ သူရဲကောင်းတွေရဲ့ ဘဝဇာတ်ကြောင်း၊ ကျင်လည်ခဲ့တဲ့ အချိန်ကာလမှာ အခြား လူမှုရေး၊ နိုင်ငံရေး၊ စီးပါွးရေ၊ ယဉ်ကျေးမှု စတဲ့ အရာတွေက ဘယ်လို အခြေအနေတွေဖြစ်နေလဲဆိုတာကို  လေ့လာရမှာပါ။ ဘယ်လို နိုင်ငံရေးအခြေအနေမို့ အာဇာနည်တွေက ဘာတွေကို ဘယ်လိုတွေလုပ်ခဲ့တယ်ဆိုတာမျိုးပေါ့။ ကာလတစ်ခုမှာ ကျင်လည်ခဲ့တဲ့ လူတွေရဲ့ စရိုက်၊အကျင့်၊ အလုပ်တွေက အဲဒီ့ကာလအတွင်းမှာဖြစ်ပျက်နေတဲ့ အခြားအရာတွေနဲ့ ချိတ်ဆက်မှုရှိတယ်ဆိုတာ သိမြင်နိင်ဖို့ပါ။

၉) ဖြစ်ရပ်များကို အစားထိုးလေ့လာခြင်း၊ အသွင်ပြောင်းစဉ်းစားခြင်း

 – အာဇာနည်တွေကြုံခဲ့ရတဲ့ ဖြစ်ရပ်တွေထဲက တစ်ခုခု ပြောင်းလဲ လုပ်ဆောင်လိုက်ရင် ဘာဆက်ဖြစ်မလဲ၊ ဒါမှမဟုတ်၊ အာဇာနည်တစ်ယောက်ရဲ့ အကျင့်စရိုက်တစ်ခုကို ပြောင်းလဲလိုက်ရင် ဘာဖြစ်ခဲ့မယ်ထင်လဲ စတဲ့ မေးခွန်းမျိုးတွေကို ကလေးတွေကို မေးဖို့ပါ။ အခြေအနေတစ်ခုကို သမားရိုးကျ ပြန်သင်နေတာမျိုးထပ် ဘယ်အခြေအနေကို ပြင်ပြီး ဘယ်လို ပိုကောင်းအောင်လုပ်လိုက်မယ်ဆိုရင် ဘာတွေပိုကောင်းမလဲ၊ ဘာတွေ ကျဆင်းသွားမလဲဆိုပြီး တွက်ချက်တတ်တဲ့ စွမ်းရည်မျိုးကို ပေးချင်လို့ပါ။

၁၀) အာဇာနည်၊သူရဲကောင်းများ၏ စရိုက်လက္ခဏာများကို ဖေါ်ထုတ်ခြင်း

 – စရိုက်လက္ခဏာတွေကို ဖေါ်ထုတ်တဲ့အခါ အာဇာနည်အဖြစ် သတ်မှတ်ခြင်း ခံထားရတဲ့ အာဇာနည်များရဲ့ အကြောင်းတွေကို ဖတ်ပြီး ဘုံတူညီနေတဲ့ အကျင့်စရိုက်၊လုပ်ဆောင်မှု၊ အတွေးအခေါ် စတာတွေကို ရှာဖွေဖေါ်ထုတ်ခိုင်းပါ။ ဘုံတူတဲ့အရာတွေအပေါ်မှာမှ ကလေးတွေ သဘောတူတဲ့ သူရဲကောင်း၊အာဇာနည်ရဲ့ စရိုက်လက္ခဏာတွေကို အကြောင်းပြချက်နဲ့အတူ ပြန်လည် စာရင်းပြုစုစေပါ။

ကျွန်မက အာဇာနည််၊သူရဲကောင်းတွေနဲ့ပတ်သတ်ပြီး ကျွမ်းကျင်တဲ့သူတစ်ယောက်မဟုတ်ပါဘူး။ သာမာန်ဆရာမတစ်ယောက်အနေနဲ့ အာဇာနည်နေ့လိုမျိုး နေ့ရက်မတိုင်ခင်၊ အာဇာနည်နေ့ကျင်းပအပြီးမှာ ကလေးတွေအတွက် လုပ်ပေးလို့ရမယ့် သင်ယူမှုလုပ်ငန်းကို စဉ်းစားပေးထားတာပါ။ ဒီလုပ်ငန်းတွေကို ကလေးတွေလုပ်ရရင် အာဇာနည်တွေအကြောင်း ကျက်နေစရာမလိုတော့ဘူး၊ ဖတ်စရာတွေကလည်း ပျင်းစရာကောင်းမနေတော့ဘူး၊ ကလေးတစ်ယောက်အတွက်လိုအပ်မယ့် သင်ယူမှုကျွမ်းကျင်မှုတွေလည်းရလာမယ်လို့ ကျွန်မမြင်လို့ မျှဝေလိုက်ပါတယ်။ အခြား သင်ယူမှုနည်းစနစ်တွေရှိရင်လည်း ကျွန်မနဲ့မျှဝေပေးပါဦး။ အာဇာနည်နေ့နဲ့ သက်ဆိုင်တဲ့ သင်ယူမှုလုပ်ငန်းတွေမလုပ်ခင်မှာ ဆရာ၊မ၊မိဘတွေကိုယ်တိုင် အာဇာနည်နေ့ဆိုတာဘာအတွက် ကျင်းပသလဲဆိုတာမျိုးလည်း လေ့လာထားဖို့လိုပါတယ်။

ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

                                       ဆရာမ

“Live as if you were to die tomorrow. Learn as if you were to live forever”—Mahatma Gandhi

[Zawgyi]

အာဇာနည္ေန႕မွာျဖစ္ျဖစ္၊ အာဇာနည္ေန႕မတိုင္ခင္ျဖစ္ျဖစ္၊ အာဇာနည္ေန႕အျပီး ေနာက္ရက္ေတြမွာျဖစ္ျဖစ္ ေက်ာင္းေတြမွာ အာဇာနည္ေန႕နဲ႕ပတ္သတ္တဲ့ ပဲြေတြလုပ္ၾကတယ္၊ စာစီစာကံုးေရးျပိဳင္ရတာတို႕၊ ပန္းခ်ီျပိဳင္ရတာတို႕၊ အာဇာနည္ေန႕နဲ႕ ပတ္သတ္တဲ့ သီခ်င္းေတြ သင္ၾကတာ စသည္ျဖင့္ လုပ္ၾကတယ္။ အခု ကၽြန္မက အဲဒီ့လုပ္ငန္းေတြ အျပင္ အျခား ကေလးေတြနဲ႕လုပ္နိုင္မယ့္ အလုပ္ ၁၀ ခုကို မွ်ေဝေပးမွာျဖစ္ပါတယ္။

၁) အာဇာနည္ ရုပ္ျပ စာအုပ္

 – အာဇာနည္ေန႕အေၾကာင္းမသင္ခင္မွာ ကေလးေတြကို မိမိၾကိဳက္ႏွစ္သက္ေသာ အာဇာနည္တစ္ဦးအေၾကာင္း လူၾကီးေတြကိုေမး၊ကိုယ္တိုင္စာေတြဖတ္ျပီး ကိုယ္ေလ့လာထားတဲ့ အာဇာနည္တစ္ဦးအေၾကာင္း ရုပ္ျပစာအုပ္ေရးသားရမွာပါ။

 – အဖြဲ႕လိုက္ဆိုရင္ ျမန္မာျပည္မွာရွိတဲ့ အာဇာနည္ကိုးဦးအေၾကာင္းအဖြဲ႕အလိုက္ ေလ့လာခိုင္းပါ။ မိမိစိတ္ၾကိဳက္နည္းနဲ႕ေလ့လာလို႕ရပါတယ္။ ေပးထားတဲ့ အခ်ိန္အတိုင္းအတာအတြင္းမွာ အာဇာနည္ကိုးဦးအေၾကာင္း ေရးထားတဲ့  ရုပ္ျပစာအုပ္ကို အျပီးျပင္ဆင္ေရးဆြဲရမွာပါ။

 – မိဘ၊ဆရာက အခ်က္အလက္ေတြ ေျပာျပျပီးျပီဆိုရင္ေတာ့ ကေလးေတြ အခ်က္အလက္ရွာေဖြတဲ့ အပိုင္းကို ေက်ာ္ျပီး သူတို႕ သင္ယူခဲ့ရတဲ့ အခ်က္အလက္ေတြအေပၚမွာ အျခား ညီငယ္ညီမငယ္ (သို႕မဟုတ္) အျခား ဒီအာဇာနည္ ေတြအေၾကာင္းမသိေသးတဲ့ သူေတြကို ေဝမွ်ေပးဖို႕ ရုပ္ျပစာအုပ္လုပ္ခိုင္းပါ။

၂) ေက်ာင္းသား သူရဲေကာင္းရွာေဖြျခင္း

 – အာဇာနည္ေတြ သူရဲေကာင္းေတြဆိုတာ အေၾကာင္းအရာတစ္ခုကို ထူးထူးခၽြန္ခၽြန္လုပ္နိုင္သူေတြ ဒါမွမဟုတ္ စိတ္ႏွစ္ျပီး အနစ္နာခံျပီး အမ်ားအတြက္လုပ္ခဲ့သူေတြ စသည္ျဖင့္ အဓိပၸါယ္အမ်ိဳးမ်ိဳးဖြင့္ၾကပါတယ္။ ရွိခဲ့ျပီးေသာ သူရဲေကာင္း အာဇာနည္ေတြကို အေလးျပဳဖို႕အေရးၾကီးသလို အနာဂါတ္ အာဇာနည္ေလာင္းလ်ာမ်ားကိုလည္း ပ်ိဳးေထာင္ဖို႕အေရးၾကီးတဲ့အတြက္ ဒီလုပ္ငန္းေလးကို မွ်ေဝပါတယ္။

 – ကေလးတိုင္းမွာ မတူညီတဲ့ အရည္အခ်င္း၊ ထူးခၽြန္မွုေတြရွိပါတယ္။ ေက်ာင္းသားတစ္ေယာက္မွာ အေရးၾကီးတဲ့ အရည္အခ်င္းေတြ၊စရိုက္လကၡဏာေတြကို ကေလးေတြနဲ႕အတူ ခ်မွတ္ၾကည့္ပါ။ ဥပမာ – စုေပါင္းလုပ္ေဆာင္ျခင္း၊ ကူညီျခင္း၊ တစိုက္မတ္မတ္ေလ့လာသင္ယူျခင္း၊ ေပ်ာ္ရႊင္ျခင္း…။ ကေလးေတြအားလံုး သေဘာတူတဲ့ အရည္အခ်င္းေတြကို အေျခခံျပီး စရိုက္လကၡဏတစ္ခုခ်င္းစီမွာ ထူးခၽြန္တဲ့ေက်ာင္းသား၊သူေတြကို ေရြးခ်ယ္ ဂုဏ္ျပဳေပးပါ။

 – ေက်ာင္းနဲ႕ပတ္သတ္တာအျပင္ အျခားထူးခၽြန္တဲ့အလုပ္ေတြ၊ အမ်ားအက်ိဳးအတြက္ လုပ္ေဆာင္ခဲ့တာေတြ ေတြ႕ရင္လည္း မွတ္တမ္းတင္ထားလို႕ရပါတယ္။ (ကၽြန္မအရင္သင္ခဲ့တဲ့ေက်ာင္းမွာဆို – လအလိုက္ ထူးခၽြန္တဲ့ လူမွုကူညီေရးလုပ္ငန္းလုပ္တဲ့ ေက်ာင္းသား၊သူေတြကို ဓါတ္ပံုေလးေတြ နာမည္ေတြ ေက်ာင္းစာသင္ခန္းအေပါက္မွာ ကပ္ထားေလ့ရွိတယ္။)

၃)ရပ္ရြာသူရဲေကာင္းမ်ားကို ခ်ီးေျမွာက္ျခင္း

 – ေက်ာင္းသူ၊သားဆိုတာ ေက်ာင္းအတြင္းထဲမွာပဲ က်င္လည္ရတာမဟုတ္ပါဘူး။ ရပ္ရြာထဲကသူေတြထဲကလူေတြျဖစ္တဲ့အတြက္ ရပ္ရြာ၊ပတ္ဝန္းက်င္နဲ႕ထိေတြ႕ဖို႕လိုပါတယ္။ ကိုယ့္ရပ္ကြက္ထဲမွာ ကေလးေတြအတူတူ စဥ္းစားျပီး သတ္မွတ္ထားတဲ့ သူရဲေကာင္း၊အာဇာနည္ေတြရဲ့ စရိုက္လကၡဏာမ်ိဳးနဲ႕ ကိုက္ညီတဲ့သူ (အခ်က္အခ်ိဳ႕ကိုက္ညီတဲ့သူ)ေတြကို ကေလးေတြကိုယ္တိုင္ ေလ့လာရွာေဖြခိုင္းပါ။ အဖြဲ႕လိုက္ျဖစ္ေစ၊ ကေလးတစ္ေယာက္ခ်င္းစီကျဖစ္ေစ အၾကံျပဳတဲ့ ရပ္္ရြာသူရဲေကာင္းမ်ားကို ျပန္လည္ စီစစ္ပါ။ ဘာေၾကာင့္ ေရြးခ်ယ္ရသလဲဆိုတဲ့ အေၾကာင္းျပခ်က္ေတြကို ခိုင္မာေအာင္ေမးပါ၊ေဆြးေႏြးပါ။ ေနာက္ဆံုးေရြးခ်ယ္ထားတဲ့ ရပ္ရြာသူရဲေကာင္း (တစ္ေယာက္ သို႕ ၾကိဳက္သေလာက္) ကိုေက်ာင္းမွာ၊ စာသင္ခန္းမွာ ေခၚယူဂုဏ္ျပဳျခင္း ဒါမွမဟုတ္ သူတို႕ဆီသြားျပီး ဂုဏ္ျပဳျခင္းမ်ိဳးျပဳလုပ္နုိင္ပါတယ္။

၄) ကၾကီး မွ အ အဆံုး အာဇာနည္၊သူရဲေကာင္းမ်ား စာရင္းျပဳစုျခင္း

 – အာဇာနည္အျဖစ္ တရားဝင္သတ္မွတ္ထားျခင္း ရွိသည္ျဖစ္ေစ၊မရွိသည္ျဖစ္ေစ၊ ကေလးမ်ားကို ကၾကီးမွ အ အဆံုး အကၡရာစဥ္အလိုက္ သူရဲေကာင္းမ်ား အမည္ကို ရွာေဖြ ေရးမွတ္ေစပါ။ နာမည္ အစဥ္အလိုက္ေရးမွတ္ျပီး ထိုသူေတြရဲ႕ ဓါတ္ပံု ဒါမွမဟုတ္ ဘဝဇာတ္ေၾကာင္းေတြကိုပါ အက်ဥ္းခ်ဳပ္ေရးမွတ္ျပီး စာသင္ခန္းအတြင္း ျပသလို႕ရပါတယ္။

၅) အာဇာနည္၊သူရဲေကာင္းမ်ား၏ ဘဝသမိုင္းေျမပံုေရးဆြဲျခင္း

 – အာဇာနည္ေတြရယ္လို႕ အတူတူ အသိမွတ္ျပဳျခင္းခံရေပမယ့္ ျဖတ္သန္းလာရတဲ့ဘဝဇာတ္ေၾကာင္းမတူညီၾကပါဘူး။ မတူညီတဲ့ ဘဝေနနည္း၊ပံုစံေတြရွိၾကေပမယ့္ ခံယူခ်က္ေတြတူညီခဲ့လို႕ တူညီတဲ့ လမ္းေၾကာင္းေပၚမွာ ေလွ်ာက္လမ္းခဲ့ၾကတဲ့ အာဇာနည္ေတြရွိပါတယ္။ ကေလးေတြလည္း အတူတူပါပဲ။ မတူညီတဲ့ ပ်ိဳးေထာင္မွဳပံုစံေတြ၊ ကြဲျပားတဲ့ မိသားစုစရိုက္လကၡဏာေတြရွိၾကတယ္။ မတူညီမွဳေတြက ေနရာတိုင္းမွာရွိတယ္၊ တန္ဖိုးထားဖို႕လည္းလိုတယ္။ ဒါေၾကာင့္ အာဇာနည္ေတြရဲ့ အေၾကာင္းကိုအဖဲြ႕လုိက္ ေလ့လာျပီး ဘဝေျမပံုေရးသားေစပါ။ ဆိုလိုခ်င္တာကေတာ့ အခ်ိန္မ်ဥ္းအလိုက္ ဘယ္လိုေတြလုပ္ခဲ႕တယ္၊ ဘာေတြဘယ္လိုျဖစ္ခဲ့တယ္ဆိုတာမ်ိဳးေပါ့။ ျပီးရင္ ကိုယ္တာဝန္က်တဲ့ ေခါင္းေဆာင္ရဲ့ ဘဝေျမပံုနဲ႕ အျခားအာဇာနည္ရဲ႕ဘဝေျမပံုကို ႏွိုင္းယွဥ္ျပီး တူညီတာေတြ၊ ကြဲျပားတာေတြကို ဆက္လက္ေဆြးေႏြးနိုင္ပါတယ္။

၆) မိသားစုသူရဲေကာင္းမ်ား ေဖၚထုတ္ျခင္း

 – အာဇာနည္ေန႕နဲ႕ဆက္စပ္ျပီး အာဇာနည္ဆိုတာဘာလဲ၊ သူရဲေကာင္းဆိုတာဘာလဲ၊ သူတို႕ေတြရဲ႕ စရိုက္လကၡဏာေတြကဘာလဲ စတာေတြကို ေဆြးေႏြးျပီးတဲ႕အခါ ကိုယ့္ဘဝထဲက သူရဲေကာင္းေတြကိုလည္း အသိမွတ္ျပဳေပးခိုင္းပါ။ မိသားစုထဲမွာ ဘယ္သူကေတာ့ ဘယ္လို သူရဲေကာင္း လကၡဏာေတြရွိတယ္ဆိုတာကို ေဖၚထုတ္ခိုင္းပါ။ ျပီးရင္ ကိုယ့္မိသားစုထဲက ကိုယ္ေလးစားရတဲ့ သူရဲေကာင္း တစ္ေယာက္ သို႕ အမ်ားၾကီးအတြက္ ပို့စ္ကဒ္ ဒါမွမဟုတ္ စာတိုေလးျဖစ္ျဖစ္ ေရးျပီး အသိမွတ္ျပဳခိုင္းပါ။

၇) တိုင္းရင္းသား၊ေဒသ၊ကိုးကြယ္ရာဘာသာ စေသာ မတူညီသည့္ အာဇာနည္မ်ားကို အသိမွတ္ျပဳျခင္း

 – အာဇာနည္လို႕ေျပာတဲ့အခါ ေခါင္းေဆာင္ခဲ့တဲ့သူ၊ ထင္ရွားခဲ့တဲ့သူေတြကို အသိမ်ားပါတယ္။ လူဦးေရမ်ားတဲ့ တိုင္းရင္းသားေတြရဲ့ အာဇာနည္ေတြကို ပိုသိၾကတယ္။ လူနည္းစုေတြရဲ့ အာဇာနည္သူရဲေကာင္းေတြကို အျဖစ္ပဲ သင္ေပးၾကတယ္၊ ေသခ်ာသင္ေပးရေကာင္းလည္းမသိၾကဘူး။ ဒါေၾကာင့္ ကေလးေတြကို တိုင္းရင္သား လူမ်ိဳးစုအလိုက္၊ ေဒသအလိုက္၊ ကိုးကြယ္ရာဘာသာအလုိက္ အဖြဲ႕ေတြဖြဲ႕ျပီး  ကိုယ့္အဖြဲ႕နဲ႕ဆိုင္တဲ့ ေခါင္းေဆာင္ေတြ၊ သူရဲေကာင္းေတြကို စာရင္းျပဳစု ေလ့လာေစပါ။ ဒီလုပ္ငန္းမွာ အခက္အခဲကေတာ့ အခ်က္အလက္ရွာေဖြဖို႕ျဖစ္မယ္ထင္တယ္။ ဒီလုပ္ငန္းအတြက္ အခ်က္အလက္ေတြကို ကၽြန္မနဲ႕မွ်ေဝေပးပါဦး။ ကၽြန္မလည္း တတ္နိုင္သေလာက္ စုေဆာင္းျပီး ျပန္လည္မွ်ေဝေပးပါ့မယ္။

၈) အာဇာနည္မ်ား၏ဘဝဇာတ္ေၾကာင္းႏွင့္ ဆက္စပ္အခ်ိန္ကာလ၊ေဒသသမိုင္းကို သံုးသပ္ျခင္း

 – အာဇာနည္ေတြ သူရဲေကာင္းေတြရဲ႕ ဘဝဇာတ္ေၾကာင္း၊ က်င္လည္ခဲ့တဲ့ အခ်ိန္ကာလမွာ အျခား လူမွဳေရး၊ နိုင္ငံေရး၊ စီးပါြးေရ၊ ယဥ္ေက်းမွု စတဲ့ အရာေတြက ဘယ္လို အေျခအေနေတြျဖစ္ေနလဲဆိုတာကို  ေလ့လာရမွာပါ။ ဘယ္လို နိုင္ငံေရးအေျခအေနမုိ႕ အာဇာနည္ေတြက ဘာေတြကို ဘယ္လိုေတြလုပ္ခဲ႕တယ္ဆိုတာမ်ိဳးေပါ့။ ကာလတစ္ခုမွာ က်င္လည္ခဲ႕တဲ့ လူေတြရဲ႕ စရိုက္၊အက်င့္၊ အလုပ္ေတြက အဲဒ့ီကာလအတြင္းမွာျဖစ္ပ်က္ေနတဲ့ အျခားအရာေတြနဲ႕ ခ်ိတ္ဆက္မွုရွိတယ္ဆိုတာ သိျမင္နိင္ဖို႕ပါ။

၉) ျဖစ္ရပ္မ်ားကို အစားထိုးေလ့လာျခင္း၊ အသြင္ေျပာင္းစဥ္းစားျခင္း

 – အာဇာနည္ေတြၾကံဳခဲ့ရတဲ့ ျဖစ္ရပ္ေတြထဲက တစ္ခုခု ေျပာင္းလဲ လုပ္ေဆာင္လိုက္ရင္ ဘာဆက္ျဖစ္မလဲ၊ ဒါမွမဟုတ္၊ အာဇာနည္တစ္ေယာက္ရဲ႕ အက်င့္စရိုက္တစ္ခုကို ေျပာင္းလဲလိုက္ရင္ ဘာျဖစ္ခဲ့မယ္ထင္လဲ စတဲ့ ေမးခြန္းမ်ိဳးေတြကို ကေလးေတြကို ေမးဖို႕ပါ။ အေျခအေနတစ္ခုကို သမားရိုးက် ျပန္သင္ေနတာမ်ိဳးထပ္ ဘယ္အေျခအေနကို ျပင္ျပီး ဘယ္လို ပိုေကာင္းေအာင္လုပ္လိုက္မယ္ဆိုရင္ ဘာေတြပိုေကာင္းမလဲ၊ ဘာေတြ က်ဆင္းသြားမလဲဆိုျပီး တြက္ခ်က္တတ္တဲ့ စြမ္းရည္မ်ိဳးကို ေပးခ်င္လို႕ပါ။

၁၀) အာဇာနည္၊သူရဲေကာင္းမ်ား၏ စရိုက္လကၡဏာမ်ားကို ေဖၚထုတ္ျခင္း

 – စရိုက္လကၡဏာေတြကို ေဖၚထုတ္တဲ့အခါ အာဇာနည္အျဖစ္ သတ္မွတ္ျခင္း ခံထားရတဲ့ အာဇာနည္မ်ားရဲ့ အေၾကာင္းေတြကို ဖတ္ျပီး ဘံုတူညီေနတဲ့ အက်င့္စရိုက္၊လုပ္ေဆာင္မွဳ၊ အေတြးအေခၚ စတာေတြကို ရွာေဖြေဖၚထုတ္ခိုင္းပါ။ ဘံုတူတဲ့အရာေတြအေပၚမွာမွ ကေလးေတြ သေဘာတူတဲ့ သူရဲေကာင္း၊အာဇာနည္ရဲ့ စရိုက္လကၡဏာေတြကို အေၾကာင္းျပခ်က္နဲ႕အတူ ျပန္လည္ စာရင္းျပဳစုေစပါ။

ကၽြန္မက အာဇာနည္္၊သူရဲေကာင္းေတြနဲ႕ပတ္သတ္ျပီး ကၽြမ္းက်င္တဲ့သူတစ္ေယာက္မဟုတ္ပါဘူး။ သာမာန္ဆရာမတစ္ေယာက္အေနနဲ႕ အာဇာနည္ေန႕လိုမ်ိဳး ေန႕ရက္မတုိင္ခင္၊ အာဇာနည္ေန႕က်င္းပအျပီးမွာ ကေလးေတြအတြက္ လုပ္ေပးလို႕ရမယ့္ သင္ယူမွုလုပ္ငန္းကို စဥ္းစားေပးထားတာပါ။ ဒီလုပ္ငန္းေတြကို ကေလးေတြလုပ္ရရင္ အာဇာနည္ေတြအေၾကာင္း က်က္ေနစရာမလိုေတာ့ဘူး၊ ဖတ္စရာေတြကလည္း ပ်င္းစရာေကာင္းမေနေတာ့ဘူး၊ ကေလးတစ္ေယာက္အတြက္လိုအပ္မယ့္ သင္ယူမွဳကၽြမ္းက်င္မွုေတြလည္းရလာမယ္လို႕ ကၽြန္မျမင္လို႕ မွ်ေဝလိုက္ပါတယ္။ အျခား သင္ယူမွုနည္းစနစ္ေတြရွိရင္လည္း ကၽြန္မနဲ႕မွ်ေဝေပးပါဦး။ အာဇာနည္ေန႕နဲ႕ သက္ဆိုင္တဲ့ သင္ယူမွုလုပ္ငန္းေတြမလုပ္ခင္မွာ ဆရာ၊မ၊မိဘေတြကိုယ္တိုင္ အာဇာနည္ေန႕ဆိုတာဘာအတြက္ က်င္းပသလဲဆိုတာမ်ိဳးလည္း ေလ့လာထားဖို႕လိုပါတယ္။

ဖတ္ေပးတဲ႕အတြက္ ေက်းဇူးတင္ပါတယ္။

                                       ဆရာမ “Live as if you were to die tomorrow. Learn as if you were to live forever”—Mahatma Gandhi