[Unicode]

ကျွန်မ ဒီအပတ်ထဲမှာ တိုကျိုမြို့လယ်က မူလတန်းကျောင်းတစ်ကျောင်းကို သွားရောက်လေ့လာဖြစ်ခဲ့ပါတယ်။ မိတ်ဆွေတစ်ယောက် မိတ်ဆက်ပေးပြီး ၊ နောက်တစ်ယောက်က ဘာသာပြန်ကူညီပေးခဲ့တာမို့ အဆင်ပြေခဲ့ပါတယ်။ ကျွန်မ လေ့လာခဲ့စဉ် သိရှိခဲ့ရတဲ့ ဂျပန်နိုင်ငံ ပညာရေးအကြောင်း မျှဝေပေးပါ့မယ်။

၁) ရပ်ရွာအခြေပြု စာသင်ကျောင်း

ကျွန်မ သွားလေ့လာတဲ့ ကျောင်း မှာ ကျောင်းသား၊သူ ၁၃၉ယောက်ရှိတယ်၊ သင်တဲ့ ဆရာ၊မက ၆ ယောက်။ ကျောင်းအုပ်တို့၊ အားကစားဆရာတို့၊ သူနာပြုတို့ အခြား ဝန်းထမ်းတွေပါပေါင်းရင်တော့ ဝန်ထမ်းပေါင်း ၂၀ ရှိတယ်။ ကျောင်းကတော့ ရပ်ရွာအခြေပြုစီမံခန့်ခွဲတဲ့ ကျောင်းအမျိုးအစားပါ။ ဆိုလိုတာကတော့ အစိုးရကျောင်းဆိုပေမယ့် ကျောင်းရဲ့ စီမံခန့်ခွဲမှုအပိုင်းတွေကို မိဘနဲ့ ကော်မတီဝင်တွေက ကျောင်းက ဆရာ၊မ၊ ကျောင်းအုပ်တွေနဲ့အတူတူ ဝိုင်းဝန်းပြီး တာဝန်ယူကြတယ်။ ကျောင်းမှာ တစ်နှစ်တာ လုပ်ချင်တဲ့ လုပ်ငန်းတွေ၊ အစီအစဉ်တွေ၊ သင်ယူမှုပုံစံတွေ စတာတွေကို အတူတူဝိုင်းဝန်း တိုင်ပင်ကြတယ်။ နှစ်စမှာ မိဘတွေ၊ ရပ်ကွက်ထဲက လုပ်အားပေးတွေက လာပြီး ကျောင်းက ဆရာ၊မတွေကိုလည်း ကူပေးကြတယ်။ အထူးသဖြင့် ပထမတန်းလေးတွေမှာပေါ့။

ကျောင်းရဲ့ website နဲ့ ဖေ့်စ်ဘွတ်ခ် စာမျက်နှာကလည်း အမြဲတမ်း သတင်းအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ တင်ပေးပါတယ်။ ကျောင်းရဲ့ အစီအစဉ်တွေ၊ ပုံတွေ၊ အချက်အလက်တွေကို သေသေချာချာလေး မျှဝေပေးထားတာမို့ မိဘတွေ၊ ရပ်ကွက်သူ၊သားတွေလည်း လွတ်လပ်စွာ ဝင်ကြည့်လို့ရပါတယ်။

၂) ကျောင်းတွင်း စာသင်ခန်းနှင့် အခန်းများ

ကျောင်းမှာ ကလေးတွေအတွက် တစ်တန်းကို စာသင်ခန်းတစ်ခန်းစီရှိပါတယ်။  စာသင်ခန်းတိုင်းရဲ့ ရှေ့မှာ လွယ်အိတ်တို့ အနွေးထည်တို့ ချိတ်ဖို့ ချိတ်တွေထားပေးထားတယ်။ အခန်းရှေ့မှာ ဘေဇင်ရှိတယ်၊  ကလေးတိုင်းရဲ့ သွားတိုက်တံလေးတွေထည့်ထားတဲ့ သွားတိုက်တံသန့်ရှင်းပေးတဲ့စက်ကလေးတွေလည်းရှိတယ်။

လွတ်လွတ်လပ်လပ်နဲ့ အင်္ဂလိပ်စာလို ဘာသာစကားတွေသင်ဖို့အတွက် ဘာသာစကားသင်တဲ့ စာသင်ခန်းတစ်ခန်းထားတယ်။ အဲဒီ့အခန်းမှာတော့ ဘာသာစကားဆိုင်ရာ စာအုပ်တွေနဲ့ သင်ထောက်ကူတွေရှိတယ်။ အငယ်တန်းလေးတွေကို အများဆုံးသင်တယ်လို့ပြောတယ်။

အနုပညာခန်း (ပန်းချီ၊ ပန်းပု၊ မြေထည်၊ ဂီတ) ရှိတယ်။

အားကစားကွင်းရှိတယ်။

စာကြည့်တိုက်ရှိတယ်။

သချင်္ာအထူးသင် အခန်းရှိတယ်။ သင်္ချာမှာ အရမ်းထူးချွန်တဲ့ ကျောင်းသားတွေအတွက် သီးသန့်လို့ပြောပါတယ်။ သင်တဲ့စာအုပ်ကတော့ အတူတူပဲ၊ အမြန်နှုန်းပဲကွာတယ်လို့ပြောတယ်။

အိမ်မှုကိစ္စသင်ပေးတဲ့အခန်းရှိတယ်။ အဲဒီ့အခန်းထဲမှာ ကလေးတွေက မီးပူတိုက်တာလည်းသင်ရတယ်။ အိမ်သုံးပစ္စည်းတွေအကြောင်း၊ အသုံးပြုပုံအကြောင်း စတာတွေသင်ရတယ်။

၃) နိုင်ငံအဝှမ်း အနိမ့်ဆုံး စံသတ်မှတ်ချက်နှင့် မြို့နယ်အဆင့် လုပ်ပိုင်ခွင့်

ဂျပန်နိုင်ငံ တစ်နိုင်ငံလုံးက ကျောင်းတွေအတွက် ဂျပန်အစိုးရ ပညာရေးဝန်ကြီးဌာက အနိမ့်ဆုံး စံသတ်မှတ်ချက်တွေချထားတယ်။ ကျောင်းတိုင်းက ချထားတဲ့ စံသတ်မှတ်ချက်တွေကို မီအောင် ကြိုးစားရတယ်။ မီရုံတင်မကဘူး အခြား အပိုတွေလုပ်ချင်တယ်ဆိုရင်လုပ်လို့ရတယ်။ ဘယ်လုပ်ငန်းတွေ ထပ်ထည့်မယ်၊ ဘယ်အရာတွေကို ပိုကောင်းအောင်လုပ်မယ်ဆိုတာကို မြို့နယ်အဆင့်က ဆုံးဖြတ်လို့ရတယ်။

ဥပမာ – ကျွန်မတို့ သွားခဲ့တဲ့ မြို့နယ်မှာဆိုရင် အလယ်တန်းနဲ့ အထက်တန်း ကလေးတွေကို ကျောင်းအနီးအနားက ဆိုင်တွေမှာ အလုပ်သင် (၂)ပတ်ဆင်းခိုင်းပါတယ်။ ကော်ဖီဆိုင်ဖြစ်ဖြစ်၊ ကုန်စုံဆိုင်ဖြစ်ဖြစ်ပေါ့။ ဒီလုပ်ငန်းကို အစိုးရက မလုပ်မနေရ သတ်မှတ်ထားတာ မဟုတ်ဘဲ မြို့နယ်ရဲ့ လိုအပ်ချက်နဲ့ မြို့နယ်အဆင့် ပညာရေးတာဝန်ခံတွေရဲ့ ဆုံးဖြတ်ချက်နဲ့လုပ်တာပါ။

ကျောင်းတိုင်း မြို့နယ်တိုင်းဟာ နိုင်ငံတော်အဆင့် သတ်မှတ်ထားတဲ့ အနိမ့်ဆုံး မရှိမနေရ ရှိရမယ့် စံသတ်မှတ်ချက်တွေ မီပြီဆိုရင် ကျန်တာက ကိုယ်ဘာသာ ဆုံးဖြတ်ပြီး လုပ်လို့ရပါတယ်။

၄) စာသင်ကြားပုံ နှင့် သင်ရိုးညွှန်းတမ်း

ကျောင်းမှာ ဂျပန်စာ၊ အင်္ဂလိပ်စာ၊ သင်္ချာအပြင် ကာယ၊ အနုပညာ၊ ဂီတစတာတွေ သင်ရတယ်။ စာဖတ်ဖို့အတွက် အချိန်တွေလည်း သီးသန့်ပေးထားတယ်။  ဂျပန်နိုင်ငံမှာ အင်္ဂလိပ်စာကို ပဥ္စမတန်းကနေ စသင်ခိုင်းတယ်။ ဒါပေမယ့် ဒီရပ်ကွက် ပညာရေးတာဝန်ခံတွေနဲ့ ရပ်ရွာမိဘတွေက ပထမတန်းကတည်းက အင်္ဂလိပ်စာ သင်မယ်လို့ဆုံးဖြတ်ပြီး သင်ကြတယ်။ အစိုးရဘက်ကလည်း ပဥ္စတန်းထိမသင်ဘဲနေတာမဟုတ်တဲ့အတွက် ဘာမှမပြောဘူး။ 

စာရိတ္တ၊ ကျန်းမာရေး၊ သန့်ရှင်းရေးကို တော့ အဓိက ထားသင်ပုံရတယ်။

ကျွန်မ မိတ်ဆွေတွေ ပြောပုံအရဆိုရင် ၁၉၆၀ – ၁၉၇၀ ဝန်းကျင်လောက်မှာ အိုလံပစ်အားကစားပွဲ ဂျပန်ကို လာမလုပ်ခင် အစိုးရက ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ ပတ်သတ်ပြီး ကမ်ပိန်းတွေ အများကြီးလုပ်ခဲ့တယ်။ ပြီးတော့ ပညာရေးကနေတစ်ဆင့် နိုင်ငံရဲ့ သန့်ရှင်းတွေတိုးတက်ဖို့ ပိုလုပ်ပေးနိုင်မှာဖြစ်တဲ့အတွက် ကျောင်းတွေမှာ ကိုယ်တိုင် သန့်ရှင်းတတ်အောင် လေ့ကျင့်သင်ကြားပေးတာတွေကို အားထည့်ပြီး သင်ပေးခဲ့တာ အခုချိန်ထိပါပဲ။

ကျွန်မ ဝင်သွားတဲ့ စာသင်ခန်းက စာရိတ္တပညာရေး သင်နေတာ။ ဆရာက ကလေးတွေကို မေးတယ် – “ကိုယ်မကြိုက်တဲ့ အစားအသောက်တစ်ခုကို တစ်ယောက်ယောက်က လာကျွေးရင် အယဉ်ကျေးဆုံး ဘယ်လိုငြင်းမလဲ”တဲ့။ အဲဒီ့မှာ ကလေးတွေက သူတို့ ထင်မြင်ယူဆတဲ့ ယဉ်ကျေးတဲ့ အဖြေတွေကို ပြောကြတယ်။ အဲဒီ့အပေါ်မှာ ဆွေးနွေးပြီး သင်ရိုးညွှန်းတမ်းထဲမှာပါတဲ့ အဓိက အချက်အလက်တွေကို သင်ကြားပေးတယ်။

သင်ရိုးစာအုပ်တွေကတော့ မြန်မာပြည်ထက် အပုံကြီးသာပေမယ့် သင်ရိုးကို အလုံးစုံအားကိုးပြီး သင်နေတာလည်း မြင်ရပါတယ်။ ဒီတစ်ခုကတော့ ကျွန်မအံ့သြမိတဲ့အချက်ပါ။

များသောအားဖြင့်ကတော့ ကျောင်းသားကို ဗဟိုပြုပြီး သင်ကြားဖို့ ကြိုးစားကြရတာကို မြင်ရပါတယ်။ ကလေးတွေကို ပါဝင် ဆွေးနွေးခွင့်တွေပေးတယ်၊ မေးခွန်းတွေအပေါ် အပြန်အလှန်ဆွေးနွေးကြတယ်၊ ဖွံ့ဖြိုးဖို့ နည်းလမ်းတွေများစွာအသုံးပြုကြတယ်။  သွားခဲ့တဲ့အချိန်ကလည်း အရမ်းတိုတော့ ဘယ်လောက်ထိ ကလေးဗဟိုပြုသင်ကြားနည်းတွေသုံးပြီး ဘယ်လောက်ထိရောက်နေသလဲဆိုတာတော့ မမြင်ခဲ့ရပါဘူး။ 

၅) ချစ်စရာကောင်းတဲ့ ကျောင်းတွင်းလုပ်ငန်းများ

တနင်္လာနေ့တိုင်း ကျောင်းတစ်ကျောင်းလုံး အစည်းအဝေးလုပ်တယ်။ ကျောင်းသား ကော်မတီက ကျောင်းသားကြီးတွေက ကျောင်းသားတွေကိုယ်စားပြုပြီး ဘာတွေ ပြောချင်သလဲ၊ တင်ပြချင်သလဲဆိုတာကို စီစဉ်ရတယ်။ ကျောင်းသားကော်မတီတွေမှာ အဖွဲ့အခွဲတွေ အများကြီးရှိတယ်။ အားကစားအဖွဲ့ဆိုရင် ကျောင်းတွင်းအားကစားတွေကို ဦးဆောင်စီစဉ်ကြတယ်၊ ကျောင်းတွင်းသတင်းပိုင်း စိတ်ဝင်စားသူတွေက ကျောင်းသတင်းစာရေးတာ၊ ကြေငြာတဲ့အပိုင်းတွေမှာ တာဝန်ယူကြတယ်။ ပြီးတော့ ဆရာ၊မတွေနဲ့ မူလတန်း အထက်ဆင့်က ကလေးတွေပေါင်းပြီး ဖွဲ့ထားတဲ့ အဖွဲ့လည်း ရှိသေးတယ်။ အဲဒီ့အဖွဲ့တွေကလည်း ကိုယ့်အဖွဲ့အလိုက် Club တွေဖွဲ့ပြီး လုပ်ဆောင်ကြတယ်။

နေ့လည်စာကို ကျောင်းက ကျွေးတယ်။ လူကြီးတွေကချက်တယ်၊ ကလေးတွေက ပြင်ဆင် ဝေငှပေးကြတယ်။ နေ့စဉ်နေ့တိုင်း ထမင်းစားဆငး်ချိန်ပြီးတာနဲ့သန့်ရှင်းရေးကို ၄၅ မိနစ်လုပ်ရပါတယ်။ ကိုယ့်စာသင်ခန်း၊ ကျောင်းပတ်ဝန်းကျင်အပြင် ကိုယ့်ကိုကိုယ်သန့်ရှင်းရေးပါလုပ်တယ်။ ဥပမာတစ်ခုကတော့ သွားတိုက်တာပေါ့။ သွားကို သေချာတိုက်ရတယ်၊တိုက်ပြီးရင် သွားတိုက်တံကို ဆေးပြီး အခြောက်ခံတဲ့ စက်လေးတွေထဲ ထည့်ခဲ့ရတယ်။လက်ဆေးရတယ်။

တစ်နေ့ကို အနည်းဆုံး ၁၀ မိနစ်၊ ကျောင်းဆင်းခါနီးမှာ အတန်းပိုင်ဆရာ၊မနဲ့ အစည်းအဝေးလုပ်ကြတယ်။ အစည်းအဝေးမှာ ဆရာ၊မကလည်း ကြေငြာစရာရှိတာတွေ ကြေငြာတယ်၊ ကလေးတွေကလည်း ပြောချင်တာ၊ ဆွေးနွေးချင်တာကို ဆွေးနွေးပြောဆိုကြတယ်။

နောက်ပြီး ကျွန်မမြင်ခဲ့တဲ့ချစ်စရာကောင်းတဲ့ စာသင်ခန်း စီမံခန့်ခွဲမှုလေးက  – စာသင်ခန်းတိုင်းမှာ ကလေးတွေက တစ်ခုခုပြောချင်ရင် လက်ထောင်ရတယ်။ ထောင်တဲ့အခါ လက်ချောင်း ၅ ချောင်း ထောင်ရင် ဆရာ၊မပြောနေတဲ့အပေါ် မတူညီတဲ့ အမြင်တစ်ခုရှိတယ်၊ လက်သီးဆုပ်ထားရင် ဆရာ၊မပြောတာနဲ့ အမြင်တူတယ်၊ လက်၂ ချောင်း ထောင်ရင် အပိုထပ်ဆောင်း ဖြည့်စွက်ချင်တာ ရှိတယ်၊ လက် ၃ ချောင်းထောင်ပြရင် ဆရာ၊မ ပြောတာနဲ့ လုံးလုံးဆန့်ကျင်တဲ့အမြင်ရှိပါတယ်ဆိုတာကို ဖေါ်ပြတယ်။ ဆရာ၊မတင်မဟုတ်ဘဲ အတန်းသားတွေ တစ်ခုခုဆွေးနွေးတဲ့အခါမှာလဲ လက်ထောင်ပြပြီး ကလေးတွေက အမြင်ကို ဖေါ်ပြကြတယ်။

ကျောင်းစာသင်တိုက်ထဲကို ဝင်တဲ့အဝင်ပေါက်မှာ ကျောင်းသားတိုင်း၊ ဆရာ၊မတိုင်းနဲ့ အပြင်လူတွေအတွက် လုံလောက်တဲ့ ဖိနပ်စင်ထားပေးထားတယ်။ အပြင်မှာ စီးခဲ့တဲ့ဖိနပ်ကို ကျောင်းတွင်း စီးတဲ့ ဖိနပ်နဲ့ လဲစီးရတယ်။ ကျောင်းထဲမှာ အားကစားဝတ်ဆုံကလွဲရင် တူညီဝတ်ဆုံ ဝတ်စရာမလိုပေမယ့် အားလုံးက ကျောင်းတွင်း ဖိနပ်နဲ့ လွယ်အိတ်ဆင်တူလေးတွေတော့ရှိကြတယ်။

၆) ဆရာ၊မများ၏ အရည်သွေးဖွံ့ဖြိုးရေးနှင့် ကျောင်းအုပ်များ၏ အရေးသွေးဖွံ့ဖြိုးရေး

တက္ကသိုလ်တက်ကတည်းက ဘယ်တက္ကသိုလ်မှာမဆို ပြီးရင် ကျောင်းဆရာ၊မ လုပ်ဖို့ ဆန္ဒရှိသလားလို့ မေးတယ်လို့ ဆိုပါတယ်။ လုပ်ဖို့ဆန္ဒရှိခဲ့ရင် ဆရာဖြစ် သင်တန်း တက်ရောက်ရပါတယ်။ ပြီးရင် ယေဘူယျဗဟုသုတ၊ သမိုင်းနဲ့ ပညာရေးသီအိုရီတွေအကြောင်း စာမေးပွဲဖြေရတယ်၊ သုတေသန အသေးစားလေးလုပ်ပြီးတင်ပြရတယ်၊ အင်တာဗျူးဖြေရတယ်၊ ပြီးရင် ဆရာဖြစ်လိုင်စင်လုပ်ရတယ်။ လိုင်စင်မရှိဘဲ စာသင်ခွင့်မရှိပါဘူး။ ပညာရေးတက္ကသိုလ်ဆင်းတွေမဟုတ်သူတွေကတော့ သင်တန်းအပြင် အလုပ်သင်ဆင်းဖို့လဲ လိုအပ်ပါတယ်။

ဆရာ၊မအသစ်တွေအတွက် ပထမစာသင်နှစ်မှာ အငြိမ်းစားယူပြီးသား ဆရာကြီး၊ဆရာမကြီးတွေက လာပြီး အတန်းထဲမှာ လာစစ်တယ်လို့ပြောပါတယ်။ ဒုတိယနှစ်နဲ့ တတိယစာသင်နှစ်မှာလည်း သင်တန်းတွေတက်ပြီး ကြီးကြပ်သူတွေနဲ့အတူ အလုပ်လုပ်ရပါတယ်။ နောက် စာသင်နှစ် ၁၀ နှစ်ပြည့်တဲ့အခါမှာလည်း ထပ်ပြီး သင်တန်းတွေတက်ဖို့လိုတယ်ပြောပါတယ်။

ဘယ်လိုဆရာ၊မဖြစ်ဖြစ် နှစ်တိုင်း ကိုယ့်သင်ကြားရေးတိုးတက်ဖို့ လေ့လာဆန်းစစ်မှုတွေလုပ်ရပါတယ်။ သုတေသနနဲ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆိုပြီး ခေါ်ပါတယ်။

ကျောင်းအုပ်တွေကိုလည်း ကျောင်းအုပ်ဟောင်းတွေ၊ တက္ကသိုလ် ပါမောက္ခတွေပူးပေါင်းထားတဲ့ ကျောင်းအုပ်များ အဖွဲ့အစည်းကနေ သင်တန်းတွေ ပေးတယ်လို့ ကျွန်မလေ့လာရေးသွားခဲ့တဲ့ ကျောင်းအုပ်ကြီးက ပြောပြပါတယ်။

အချုပ်အားဖြင့် ပြောရရင် – ကျွန်မလေ့လာမိသလောက်ကတော့ သဘောကျစရာတွေအများကြီးရှိပါတယ်။ ကိုယ်တိုင်က သင်ယူလိုတဲ့ မျက်လုံးနဲ့ ကြည့်ခဲ့တော့ သင်ယူစရာတွေတွေ့ခဲ့ပါတယ်။ ဒါပေမယ့် ဂျပန်သူငယ်ချင်းတွေကတော့ သူတို့ရဲ့ ပညာရေးစနစ်ကို သဘောမကျကြပါဘူး။ထိန်းချုပ်မှုများပြီးရှေးရိုးဆန်သေးတယ်လို့မြင်ကြပါတယ်။ ကျောင်းသုံးသင်ရိုးညွှန်းတမ်းကိုပဲ အဓိကထားပြီး ကလေးတစ်ဦးချင်းစီရဲ့ လိုအပ်ချက်တွေကို ဖြည့်စည်းနိုင်တဲ့ သင်ကြားမှုတွေ အားနည်းသေးတယ်လို့လည်း သုံးသပ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ – ကျွန်မအနေနဲ့တော့ ပညာရေးစနစ်တိုင်းဟာ အားသာချက်၊ အားနည်းချက် ရှိကြတာမို့ နားလည်နိုင်ပါတယ်။ အဓိကကတော့ ကျွန်မတို့လည်း သူတို့ဆီက ကောင်းတာလေးတွေ သင်ယူပြီး ကျွန်မတို့ လုပ်ဆောင်ချက်တွေ ပိုကောင်းအောင် ကြိုးစားကြဖို့ပါပဲ။ မြန်မာနှစ်သစ်ကစပြီး သင်ယူမှုမှာ ပို၍ ပျော်မွေ့နိုင်ကြပါစေ။

မေတ္တာဖြင့်…

              Sayarma-ဆရာမ

School’s Website : https://www.fureai-cloud.jp/tokiwama/?fbclid=IwAR37FkfrjxJnZTyrEARsAJNDrL-Djs1jXv_BOhsHFuoPJ6F69y9IlSyjuqU

မှတ်ချက်။  ။ လာမယ့်အပတ်ထဲမှာ ကျောင်းတွင်း ရိုက်ထားတဲ့ ဗွီဒီယိုလေးတွေ မျှဝေပေးပါ့မယ်။ အခုက ခရီးသွားနေတုန်းမို့ သေသေချာချာလေး ပြန်ကြည့်ပြီး Editလုပ်ဖို့ အချိန်မရသေးလို့ပါ။

[Zawgyi]

ကၽြန္မ ဒီအပတ္ထဲမွာ တိုက်ိဳျမိဳ႕လယ္က မူလတန္းေက်ာင္းတစ္ေက်ာင္းကို သြားေရာက္ေလ့လာျဖစ္ခဲ့ပါတယ္။ မိတ္ေဆြတစ္ေယာက္ မိတ္ဆက္ေပးျပီး ၊ ေနာက္တစ္ေယာက္က ဘာသာျပန္ကူညီေပးခဲ့တာမို႕ အဆင္ေျပခဲ့ပါတယ္။ ကၽြန္မ ေလ့လာခဲ့စဥ္ သိရွိခဲ့ရတဲ့ ဂ်ပန္နုိင္ငံ ပညာေရးအေၾကာင္း မွ်ေဝေပးပါ့မယ္။

၁) ရပ္ရြာအေျချပဳ စာသင္ေက်ာင္း

ကၽြန္မ သြားေလ့လာတဲ့ ေက်ာင္း မွာ ေက်ာင္းသား၊သူ ၁၃၉ေယာက္ရွိတယ္၊ သင္တဲ့ ဆရာ၊မက ၆ ေယာက္။ ေက်ာင္းအုပ္တုိ႕၊ အားကစားဆရာတို႕၊ သူနာျပဳတို႕ အျခား ဝန္းထမ္းေတြပါေပါင္းရင္ေတာ့ ဝန္ထမ္းေပါင္း ၂၀ ရွိတယ္။ ေက်ာင္းကေတာ့ ရပ္ရြာအေျချပဳစီမံခန္႕ခြဲတဲ့ ေက်ာင္းအမ်ိဳးအစားပါ။ ဆိုလိုတာကေတာ့ အစိုးရေက်ာင္းဆိုေပမယ့္ ေက်ာင္းရဲ႕ စီမံခန္႕ခြဲမွဳအပိုင္းေတြကို မိဘနဲ႕ ေကာ္မတီဝင္ေတြက ေက်ာင္းက ဆရာ၊မ၊ ေက်ာင္းအုပ္ေတြနဲ႕အတူတူ ဝိုင္းဝန္းျပီး တာဝန္ယူၾကတယ္။ ေက်ာင္းမွာ တစ္ႏွစ္တာ လုပ္ခ်င္တဲ့ လုပ္ငန္းေတြ၊ အစီအစဥ္ေတြ၊ သင္ယူမွဳပံုစံေတြ စတာေတြကုိ အတူတူဝိုင္းဝန္း တုိင္ပင္ၾကတယ္။ ႏွစ္စမွာ မိဘေတြ၊ ရပ္ကြက္ထဲက လုပ္အားေပးေတြက လာျပီး ေက်ာင္းက ဆရာ၊မေတြကိုလည္း ကူေပးၾကတယ္။ အထူးသျဖင့္ ပထမတန္းေလးေတြမွာေပါ့။

ေက်ာင္းရဲ႕ website နဲ႕ ေဖ့္စ္ဘြတ္ခ္ စာမ်က္ႏွာကလည္း အျမဲတမ္း သတင္းအခ်က္အလက္ေတြကို အခ်ိန္နဲ႕တစ္ေျပးညီ တင္ေပးပါတယ္။ ေက်ာင္းရဲ႕ အစီအစဥ္ေတြ၊ ပံုေတြ၊ အခ်က္အလက္ေတြကို ေသေသခ်ာခ်ာေလး မွ်ေဝေပးထားတာမို႕ မိဘေတြ၊ ရပ္ကြက္သူ၊သားေတြလည္း လြတ္လပ္စြာ ဝင္ၾကည့္လို႕ရပါတယ္။

၂) ေက်ာင္းတြင္း စာသင္ခန္းႏွင့္ အခန္းမ်ား

ေက်ာင္းမွာ ကေလးေတြအတြက္ တစ္တန္းကို စာသင္ခန္းတစ္ခန္းစီရွိပါတယ္။  စာသင္ခန္းတုိင္းရဲ႕ ေရွ႕မွာ လြယ္အိတ္တို႕ အေႏြးထည္တို႕ ခ်ိတ္ဖုိ႕ ခ်ိတ္ေတြထားေပးထားတယ္။ အခန္းေရွ႕မွာ ေဘဇင္ရွိတယ္၊  ကေလးတုိင္းရဲ႕ သြားတုိက္တံေလးေတြထည့္ထားတဲ့ သြားတုိက္တံသန္႕ရွင္းေပးတဲ့စက္ကေလးေတြလည္းရွိတယ္။

လြတ္လြတ္လပ္လပ္နဲ႕ အဂၤလိပ္စာလို ဘာသာစကားေတြသင္ဖုိ႕အတြက္ ဘာသာစကားသင္တဲ့ စာသင္ခန္းတစ္ခန္းထားတယ္။ အဲဒီ့အခန္းမွာေတာ့ ဘာသာစကားဆုိင္ရာ စာအုပ္ေတြနဲ႕ သင္ေထာက္ကူေတြရွိတယ္။ အငယ္တန္းေလးေတြကို အမ်ားဆံုးသင္တယ္လုိ့ေျပာတယ္။

အနုပညာခန္း (ပန္းခ်ီ၊ ပန္းပု၊ ေျမထည္၊ ဂီတ) ရွိတယ္။

အားကစားကြင္းရွိတယ္။

စာၾကည့္တုိက္ရွိတယ္။

သခ်ၤာအထူးသင္ အခန္းရွိတယ္။ သခၤ်ာမွာ အရမ္းထူးခၽြန္တဲ့ ေက်ာင္းသားေတြအတြက္ သီးသန္႕လုိ႕ေျပာပါတယ္။ သင္တဲ့စာအုပ္ကေတာ့ အတူတူပဲ၊ အျမန္ႏွဳန္းပဲကြာတယ္လုိ႕ေျပာတယ္။

အိမ္မွဳကိစၥသင္ေပးတဲ့အခန္းရွိတယ္။ အဲဒီ့အခန္းထဲမွာ ကေလးေတြက မီးပူတိုက္တာလည္းသင္ရတယ္။ အိမ္သံုးပစၥည္းေတြအေၾကာင္း၊ အသံုးျပဳပံုအေၾကာင္း စတာေတြသင္ရတယ္။

၃) နုိင္ငံအဝွမ္း အနိမ့္ဆံုး စံသတ္မွတ္ခ်က္ႏွင့္ ျမိဳ႕နယ္အဆင့္ လုပ္ပုိင္ခြင့္

ဂ်ပန္နုိင္ငံ တစ္နုိင္ငံလံုးက ေက်ာင္းေတြအတြက္ ဂ်ပန္အစိုးရ ပညာေရးဝန္ၾကီးဌာက အနိမ့္ဆံုး စံသတ္မွတ္ခ်က္ေတြခ်ထားတယ္။ ေက်ာင္းတုိင္းက ခ်ထားတဲ့ စံသတ္မွတ္ခ်က္ေတြကို မီေအာင္ ၾကိဳးစားရတယ္။ မီရံုတင္မကဘူး အျခား အပိုေတြလုပ္ခ်င္တယ္ဆိုရင္လုပ္လုိ့ရတယ္။ ဘယ္လုပ္ငန္းေတြ ထပ္ထည့္မယ္၊ ဘယ္အရာေတြကို ပိုေကာင္းေအာင္လုပ္မယ္ဆိုတာကို ျမိဳ႕နယ္အဆင့္က ဆံုးျဖတ္လို႕ရတယ္။

ဥပမာ – ကၽြန္မတို႕ သြားခဲ့တဲ့ ျမိဳ႕နယ္မွာဆိုရင္ အလယ္တန္းနဲ႕ အထက္တန္း ကေလးေတြကို ေက်ာင္းအနီးအနားက ဆိုင္ေတြမွာ အလုပ္သင္ (၂)ပတ္ဆင္းခုိင္းပါတယ္။ ေကာ္ဖီဆိုင္ျဖစ္ျဖစ္၊ ကုန္စံုဆိုင္ျဖစ္ျဖစ္ေပါ့။ ဒီလုပ္ငန္းကို အစိုးရက မလုပ္မေနရ သတ္မွတ္ထားတာ မဟုတ္ဘဲ ျမိဳ႕နယ္ရဲ႕ လိုအပ္ခ်က္နဲ႕ ျမိဳ႕နယ္အဆင့္ ပညာေရးတာဝန္ခံေတြရဲ႕ ဆံုးျဖတ္ခ်က္နဲ႕လုပ္တာပါ။

ေက်ာင္းတုိင္း ျမိဳ႕နယ္တုိင္းဟာ နုိင္ငံေတာ္အဆင့္ သတ္မွတ္ထားတဲ့ အနိမ့္ဆံုး မရွိမေနရ ရွိရမယ့္ စံသတ္မွတ္ခ်က္ေတြ မီျပီဆိုရင္ က်န္တာက ကိုယ္ဘာသာ ဆံုးျဖတ္ျပီး လုပ္လို႕ရပါတယ္။

၄) စာသင္ၾကားပံု ႏွင့္ သင္ရိုးညႊန္းတမ္း

ေက်ာင္းမွာ ဂ်ပန္စာ၊ အဂၤလိပ္စာ၊ သခၤ်ာအျပင္ ကာယ၊ အနုပညာ၊ ဂီတစတာေတြ သင္ရတယ္။ စာဖတ္ဖို႕အတြက္ အခ်ိန္ေတြလည္း သီးသန္႕ေပးထားတယ္။  ဂ်ပန္နိုင္ငံမွာ အဂၤလိပ္စာကို ပဥၥမတန္းကေန စသင္ခိုင္းတယ္။ ဒါေပမယ့္ ဒီရပ္ကြက္ ပညာေရးတာဝန္ခံေတြနဲ႕ ရပ္ရြာမိဘေတြက ပထမတန္းကတည္းက အဂၤလိပ္စာ သင္မယ္လို႕ဆံုးျဖတ္ျပီး သင္ၾကတယ္။ အစိုးရဘက္ကလည္း ပဥၥတန္းထိမသင္ဘဲေနတာမဟုတ္တဲ့အတြက္ ဘာမွမေျပာဘူး။ 

စာရိတၱ၊ က်န္းမာေရး၊ သန္႕ရွင္းေရးကို ေတာ့ အဓိက ထားသင္ပံုရတယ္။

ကၽြန္မ မိတ္ေဆြေတြ ေျပာပံုအရဆိုရင္ ၁၉၆၀ – ၁၉၇၀ ဝန္းက်င္ေလာက္မွာ အိုလံပစ္အားကစားပြဲ ဂ်ပန္ကို လာမလုပ္ခင္ အစိုးရက ပတ္ဝန္းက်င္သန္႕ရွင္းေရးနဲ႕ ပတ္သတ္ျပီး ကမ္ပိန္းေတြ အမ်ားၾကီးလုပ္ခဲ့တယ္။ ျပီးေတာ့ ပညာေရးကေနတစ္ဆင့္ နုိင္ငံရဲ႕ သန္႕ရွင္းေတြတိုးတက္ဖို႕ ပိုလုပ္ေပးနုိင္မွာျဖစ္တဲ့အတြက္ ေက်ာင္းေတြမွာ ကိုယ္တုိင္ သန္႕ရွင္းတတ္ေအာင္ ေလ့က်င့္သင္ၾကားေပးတာေတြကို အားထည့္ျပီး သင္ေပးခဲ့တာ အခုခ်ိန္ထိပါပဲ။

ကၽြန္မ ဝင္သြားတဲ့ စာသင္ခန္းက စာရိတၱပညာေရး သင္ေနတာ။ ဆရာက ကေလးေတြကို ေမးတယ္ – “ကိုယ္မၾကိဳက္တဲ့ အစားအေသာက္တစ္ခုကို တစ္ေယာက္ေယာက္က လာေကၽြးရင္ အယဥ္ေက်းဆံုး ဘယ္လိုျငင္းမလဲ”တဲ့။ အဲဒီ့မွာ ကေလးေတြက သူတို႕ ထင္ျမင္ယူဆတဲ့ ယဥ္ေက်းတဲ့ အေျဖေတြကို ေျပာၾကတယ္။ အဲဒီ့အေပၚမွာ ေဆြးေႏြးျပီး သင္ရိုးညႊန္းတမ္းထဲမွာပါတဲ့ အဓိက အခ်က္အလက္ေတြကို သင္ၾကားေပးတယ္။

သင္ရိုးစာအုပ္ေတြကေတာ့ ျမန္မာျပည္ထက္ အပံုၾကီးသာေပမယ့္ သင္ရိုးကို အလံုးစံုအားကိုးျပီး သင္ေနတာလည္း ျမင္ရပါတယ္။ ဒီတစ္ခုကေတာ့ ကၽြန္မအံ့ျသမိတဲ့အခ်က္ပါ။

မ်ားေသာအားျဖင့္ကေတာ့ ေက်ာင္းသားကို ဗဟိုျပဳျပီး သင္ၾကားဖို႕ ၾကိဳးစားၾကရတာကုိ ျမင္ရပါတယ္။ ကေလးေတြကို ပါဝင္ ေဆြးေႏြးခြင္႕ေတြေပးတယ္၊ ေမးခြန္းေတြအေပၚ အျပန္အလွန္ေဆြးေႏြးၾကတယ္၊ ဖြံ႕ျဖိဳးဖို႕ နည္းလမ္းေတြမ်ားစြာအသံုးျပဳၾကတယ္။  သြားခဲ့တဲ့အခ်ိန္ကလည္း အရမ္းတိုေတာ့ ဘယ္ေလာက္ထိ ကေလးဗဟိုျပဳသင္ၾကားနည္းေတြသံုးျပီး ဘယ္ေလာက္ထိေရာက္ေနသလဲဆိုတာေတာ့ မျမင္ခဲ့ရပါဘူး။ 

၅) ခ်စ္စရာေကာင္းတဲ့ ေက်ာင္းတြင္းလုပ္ငန္းမ်ား

တနလၤာေန႔တိုင္း ေက်ာင္းတစ္ေက်ာင္းလံုး အစည္းအေဝးလုပ္တယ္။ ေက်ာင္းသား ေကာ္မတီက ေက်ာင္းသားၾကီးေတြက ေက်ာင္းသားေတြကိုယ္စားျပဳျပီး ဘာေတြ ေျပာခ်င္သလဲ၊ တင္ျပခ်င္သလဲဆိုတာကို စီစဥ္ရတယ္။ ေက်ာင္းသားေကာ္မတီေတြမွာ အဖြဲ႕အခြဲေတြ အမ်ားၾကီးရွိတယ္။ အားကစားအဖြဲ႕ဆိုရင္ ေက်ာင္းတြင္းအားကစားေတြကို ဦးေဆာင္စီစဥ္ၾကတယ္၊ ေက်ာင္းတြင္းသတင္းပိုင္း စိတ္ဝင္စားသူေတြက ေက်ာင္းသတင္းစာေရးတာ၊ ေၾကျငာတဲ့အပုိင္းေတြမွာ တာဝန္ယူၾကတယ္။ ျပီးေတာ့ ဆရာ၊မေတြနဲ႕ မူလတန္း အထက္ဆင့္က ကေလးေတြေပါင္းျပီး ဖြဲ႕ထားတဲ့ အဖြဲ႕လည္း ရွိေသးတယ္။ အဲဒီ့အဖြဲ႕ေတြကလည္း ကိုယ့္အဖြဲ႕အလိုက္ Club ေတြဖြဲ႕ျပီး လုပ္ေဆာင္ၾကတယ္။

ေန႕လည္စာကို ေက်ာင္းက ေကၽြးတယ္။ လူၾကီးေတြကခ်က္တယ္၊ ကေလးေတြက ျပင္ဆင္ ေဝငွေပးၾကတယ္။ ေန႕စဥ္ေန႕တုိင္း ထမင္းစားဆငး္ခ်ိန္ျပီးတာနဲ႕သန္႕ရွင္းေရးကို ၄၅ မိနစ္လုပ္ရပါတယ္။ ကိုယ့္စာသင္ခန္း၊ ေက်ာင္းပတ္ဝန္းက်င္အျပင္ ကိုယ့္ကိုကိုယ္သန့္ရွင္းေရးပါလုပ္တယ္။ ဥပမာတစ္ခုကေတာ့ သြားတုိက္တာေပါ့။ သြားကို ေသခ်ာတုိက္ရတယ္၊တိုက္ျပီးရင္ သြားတုိက္တံကို ေဆးျပီး အေျခာက္ခံတဲ့ စက္ေလးေတြထဲ ထည့္ခဲ့ရတယ္။လက္ေဆးရတယ္။

တစ္ေန႕ကို အနည္းဆံုး ၁၀ မိနစ္၊ ေက်ာင္းဆင္းခါနီးမွာ အတန္းပုိင္ဆရာ၊မနဲ႕ အစည္းအေဝးလုပ္ၾကတယ္။ အစည္းအေဝးမွာ ဆရာ၊မကလည္း ေၾကျငာစရာရွိတာေတြ ေၾကျငာတယ္၊ ကေလးေတြကလည္း ေျပာခ်င္တာ၊ ေဆြးေႏြးခ်င္တာကို ေဆြးေႏြးေျပာဆိုၾကတယ္။

ေနာက္ျပီး ကၽြန္မျမင္ခဲ့တဲ့ခ်စ္စရာေကာင္းတဲ့ စာသင္ခန္း စီမံခန္႕ခြဲမွဳေလးက  – စာသင္ခန္းတုိင္းမွာ ကေလးေတြက တစ္ခုခုေျပာခ်င္ရင္ လက္ေထာင္ရတယ္။ ေထာင္တဲ့အခါ လက္ေခ်ာင္း ၅ ေခ်ာင္း ေထာင္ရင္ ဆရာ၊မေျပာေနတဲ့အေပၚ မတူညီတဲ့ အျမင္တစ္ခုရွိတယ္၊ လက္သီးဆုပ္ထားရင္ ဆရာ၊မေျပာတာနဲ႕ အျမင္တူတယ္၊ လက္၂ ေခ်ာင္း ေထာင္ရင္ အပိုထပ္ေဆာင္း ျဖည့္စြက္ခ်င္တာ ရွိတယ္၊ လက္ ၃ ေခ်ာင္းေထာင္ျပရင္ ဆရာ၊မ ေျပာတာနဲ႕ လံုးလံုးဆန္႕က်င္တဲ့အျမင္ရွိပါတယ္ဆိုတာကို ေဖၚျပတယ္။ ဆရာ၊မတင္မဟုတ္ဘဲ အတန္းသားေတြ တစ္ခုခုေဆြးေႏြးတဲ့အခါမွာလဲ လက္ေထာင္ျပျပီး ကေလးေတြက အျမင္ကို ေဖၚျပၾကတယ္။

ေက်ာင္းစာသင္တုိက္ထဲကို ဝင္တဲ့အဝင္ေပါက္မွာ ေက်ာင္းသားတုိင္း၊ ဆရာ၊မတုိင္းနဲ႕ အျပင္လူေတြအတြက္ လံုေလာက္တဲ့ ဖိနပ္စင္ထားေပးထားတယ္။ အျပင္မွာ စီးခဲ့တဲ့ဖိနပ္ကို ေက်ာင္းတြင္း စီးတဲ့ ဖိနပ္နဲ႕ လဲစီးရတယ္။ ေက်ာင္းထဲမွာ အားကစားဝတ္ဆံုကလြဲရင္ တူညီဝတ္ဆံု ဝတ္စရာမလိုေပမယ့္ အားလံုးက ေက်ာင္းတြင္း ဖိနပ္နဲ႕ လြယ္အိတ္ဆင္တူေလးေတြေတာ့ရွိၾကတယ္။

၆) ဆရာ၊မမ်ား၏ အရည္ေသြးဖြံ႕ျဖိဳးေရးႏွင့္ ေက်ာင္းအုပ္မ်ား၏ အေရးေသြးဖြံ႕ျဖိဳးေရး

တကၠသိုလ္တက္ကတည္းက ဘယ္တကၠသိုလ္မွာမဆို ျပီးရင္ ေက်ာင္းဆရာ၊မ လုပ္ဖုိ႕ ဆႏၵရွိသလားလို႕ ေမးတယ္လို့ ဆိုပါတယ္။ လုပ္ဖုိ႕ဆႏၵရွိခဲ့ရင္ ဆရာျဖစ္ သင္တန္း တက္ေရာက္ရပါတယ္။ ျပီးရင္ ေယဘူယ်ဗဟုသုတ၊ သမိုင္းနဲ႕ ပညာေရးသီအိုရီေတြအေၾကာင္း စာေမးပြဲေျဖရတယ္၊ သုေတသန အေသးစားေလးလုပ္ျပီးတင္ျပရတယ္၊ အင္တာဗ်ဴးေျဖရတယ္၊ ျပီးရင္ ဆရာျဖစ္လုိင္စင္လုပ္ရတယ္။ လုိင္စင္မရွိဘဲ စာသင္ခြင့္မရွိပါဘူး။ ပညာေရးတကၠသိုလ္ဆင္းေတြမဟုတ္သူေတြကေတာ့ သင္တန္းအျပင္ အလုပ္သင္ဆင္းဖုိ႕လဲ လိုအပ္ပါတယ္။

ဆရာ၊မအသစ္ေတြအတြက္ ပထမစာသင္ႏွစ္မွာ အျငိမ္းစားယူျပီးသား ဆရာၾကီး၊ဆရာမၾကီးေတြက လာျပီး အတန္းထဲမွာ လာစစ္တယ္လုိ့ေျပာပါတယ္။ ဒုတိယႏွစ္နဲ႕ တတိယစာသင္ႏွစ္မွာလည္း သင္တန္းေတြတက္ျပီး ၾကီးၾကပ္သူေတြနဲ႕အတူ အလုပ္လုပ္ရပါတယ္။ ေနာက္ စာသင္ႏွစ္ ၁၀ ႏွစ္ျပည့္တဲ့အခါမွာလည္း ထပ္ျပီး သင္တန္းေတြတက္ဖုိ႕လိုတယ္ေျပာပါတယ္။

ဘယ္လိုဆရာ၊မျဖစ္ျဖစ္ ႏွစ္တုိင္း ကိုယ့္သင္ၾကားေရးတိုးတက္ဖုိ႕ ေလ့လာဆန္းစစ္မွဳေတြလုပ္ရပါတယ္။ သုေတသနနဲ႕ဖြံ႕ျဖိဳးတုိးတက္ေရးလုပ္ငန္းဆိုျပီး ေခၚပါတယ္။

ေက်ာင္းအုပ္ေတြကိုလည္း ေက်ာင္းအုပ္ေဟာင္းေတြ၊ တကၠသိုလ္ ပါေမာကၡေတြပူးေပါင္းထားတဲ့ ေက်ာင္းအုပ္မ်ား အဖြဲ႕အစည္းကေန သင္တန္းေတြ ေပးတယ္လို့ ကၽြန္မေလ့လာေရးသြားခဲ့တဲ့ ေက်ာင္းအုပ္ၾကီးက ေျပာျပပါတယ္။

အခ်ဳပ္အားျဖင့္ ေျပာရရင္ – ကၽြန္မေလ့လာမိသေလာက္ကေတာ့ သေဘာက်စရာေတြအမ်ားၾကီးရွိပါတယ္။ ကိုယ္တုိင္က သင္ယူလိုတဲ့ မ်က္လံုးနဲ႕ ၾကည့္ခဲ့ေတာ့ သင္ယူစရာေတြေတြ႕ခဲ႕ပါတယ္။ ဒါေပမယ့္ ဂ်ပန္သူငယ္ခ်င္းေတြကေတာ့ သူတို႕ရဲ႕ ပညာေရးစနစ္ကို သေဘာမက်ၾကပါဘူး။ထိန္းခ်ဳပ္မွဳမ်ားျပီးေရွးရိုးဆန္ေသးတယ္လို႕ျမင္ၾကပါတယ္။ ေက်ာင္းသံုးသင္ရိုးညႊန္းတမ္းကိုပဲ အဓိကထားျပီး ကေလးတစ္ဦးခ်င္းစီရဲ႕ လိုအပ္ခ်က္ေတြကို ျဖည့္စည္းနုိင္တဲ့ သင္ၾကားမွဳေတြ အားနည္းေသးတယ္လို႕လည္း သံုးသပ္ၾကပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ပါ – ကၽြန္မအေနနဲ႕ေတာ့ ပညာေရးစနစ္တုိင္းဟာ အားသာခ်က္၊ အားနည္းခ်က္ ရွိၾကတာမို႕ နားလည္နုိင္ပါတယ္။ အဓိကကေတာ့ ကၽြန္မတို႕လည္း သူတို႕ဆီက ေကာင္းတာေလးေတြ သင္ယူျပီး ကၽြန္မတုိ႕ လုပ္ေဆာင္ခ်က္ေတြ ပိုေကာင္းေအာင္ ၾကိဳးစားၾကဖို႕ပါပဲ။ ျမန္မာႏွစ္သစ္ကစျပီး သင္ယူမွဳမွာ ပို၍ ေပ်ာ္ေမြ႕နုိင္ၾကပါေစ။

ေမတၱာျဖင့္…

              Sayarma-ဆရာမ

School’s Website : https://www.fureai-cloud.jp/tokiwama/?fbclid=IwAR37FkfrjxJnZTyrEARsAJNDrL-Djs1jXv_BOhsHFuoPJ6F69y9IlSyjuqU မွတ္ခ်က္။  ။ လာမယ့္အပတ္ထဲမွာ ေက်ာင္းတြင္း ရိုက္ထားတဲ့ ဗြီဒီယိုေလးေတြ မွ်ေဝေပးပါ့မယ္။ အခုက ခရီးသြားေနတုန္းမို႕ ေသေသခ်ာခ်ာေလး ျပန္ၾကည့္ျပီး Editလုပ္ဖုိ႕ အခ်ိန္မရေသးလို႕ပါ။