[ Unicode ]

ကြမ်းတမ်းစွာ ဆုံးမခြင်းဆိုတာ …. တစ်စုံတစ်ယောက်ရဲ့ အပြုအမူ၊ အပြောအဆို၊ ဖြစ်ရပ် စတာတွေကို ပြင်ဆင်စေချင်လို့ ခန္ဓာကိုယ်နာကျင်အောင်၊ သက်တောင့်သက်သာမရှိအောင်၊ သွေးထွက်သံယိုဖြစ်အောင်၊ ဆဲဆိုကြတာ၊ နှိုင်းယှဉ်ကြတာ၊ ရစရာမရှိအောင် ပြောဆိုကြတာတွေကို ဆိုလိုပါတယ်။ ကြမ်းတမ်းစွာ ဆုံးမခြင်းကို ကလေး သူငယ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တွေ၊ ပညာရေးအဖွဲ့အစည်းတွေအများစုက တားမြစ်ကြပါတယ်။ ကလေးကို မရိုက်ရကြောင်း၊ မဆဲရကြောင်းလည်း ပြောဆိုကြပါတယ်။ ဘာလို့ပါလဲ။

အကြမ်းစား ဆုံးမခြင်းတွေဟာ ရေတိုပြဿနာဖြေရှင်းနည်းလား၊ ရေရှည်ပြဿနာဖြေရှင်းနည်းလား။

  • လေ့လာမှုတွေအရ ကိုယ်ခန္ဓာ နာကျင်စေတဲ့ ဆုံးမခြင်းတွေဟာ ရေတို ပြဿနာဖြေရှင်းခြင်းသာဖြစ်ပြီး ရေရှည်အတွက် အကျိုးမရှိတဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာ သိရပါတယ်။ ဘာလို့လဲဆိုတော့ အသားနာအောင် လုပ်ခဲ့ခြင်းခံရတဲ့ ကလေးတွေမှာ အပြုသဘောမဆောင်တဲ့ အကျိုးရလဒ်တွေဖြစ်လို့ပါပဲ။ ဒေါသကြီးတာ၊ လူမှုရေးမကောင်းတာ၊ ပြဿနာတွေကို ကြမ်းတမ်းစွာ ဖြေရှင်းတာ တွေဟာ ရိုက်နှက်ခံရခြင်း၊ ကြမ်းတမ်းစွာ ဆုံးမခံရခြင်းတို့ကြောင့် ဖြစ်လာနိုင်တဲ့ အကျိုးဆက် အချို့ပါ။ စဉ်းစားကြည့်ပါ – ကျွန်မတို့ ကိုယ့်အသားကို နာအောင် အလုပ်ခံရတဲ့အခါ ဘယ်လို ခံစားချက်တွေဖြစ်သလဲ။ ငိုချင်တယ်၊ ဒေါသဖြစ်တယ်၊ ကြောက်တယ်၊ မခံချင်စိတ်တွေဖြစ်တယ်။ အဲဒီ့ခံစားချက်တွေက အပြုသဘောမဆောင်တဲ့ ခံစားချက်တွေပါ။ အဲဒီ့ ခံစားချက်တွေကနေ – အပြုသဘောဆောင်တဲ့ ကူညီတတ်ခြင်း၊ အလေးထားခြင်း၊ ကြင်နာခြင်း၊ သတ္တိရှိခြင်း စတဲ့ စိတ်နေသဘောထား၊ လုပ်ရပ်တွေ ရအောင် မစွမ်းဆောင်နိုင်ပါဘူး။ အရိုက်ခံရပါများလို့ ဒေါသထွက်တာတွေ၊ ကြောက်တာတွေဟာ ခဏခဏ ဖြစ်လာတဲ့အခါ ကလေးတွေရဲ့ အနာဂါတ်မှာ အလုပ်ကို ဒေါသနဲ့ လုပ်တတ်တဲ့သူ၊ ကြောက်စိတ်အပြည့်နဲ့ လုပ်တဲ့သူတွေဖြစ်လာပါမယ်။ ဒေါသစိတ်နဲ့ အလုပ်လုပ်သူဟာ ပြသနာတွေ ဖြေရှင်းနိုင်စွမ်းအားနည်းတယ်၊ လူမှုရေး အားနည်းတယ်။ ကြောက်စိတ်နဲ့ အလုပ်လုပ်သူဟာ တီထွင်ကြံဆနိုင်စွမ်း၊ တွေးခေါ်ဆင်ခြင်နိုင်စွမ်း၊ ဖန်တီးနိုင်စွမ်းတွေအားနည်းသူဖြစ်လာတယ်။ ဒါကြောင့် အကြမ်းစား ရိုက်နှက်ခြင်းတွေဟာ ရေရှည်အတွက် မကောင်းတဲ့ ဆုံးမနည်းဖြစ်တယ်လို့ ဆိုလိုပါတယ်။

ကြမ်းကြမ်းဆုံးမခြင်းဟာ ကလေးတွေအတွက် အဆိုးတွေကနေ ကာကွယ်ပေးနိုင်လား။

  • ကျွန်မတို့လူကြီးတွေက ကလေးတွေထက် အတွေ့အကြုံပိုများတယ်။ ဒါကြောင့် ကလေးတွေ တစ်ခုခုလုပ်ရင် ဘယ်လို အကျိုးဆက်ဖြစ်လာနိုင်မလဲဆိုတာ ကြို မှန်းမိတယ်။ အဲဒါကြောင့်လည်း ကလေးတွေကို မလုပ်သင့်တာ မလုပ်အောင် တားကြတာ၊ ဆုံးမတာတွေလုပ်တယ်။ မီးဖိုနားသွားနေတဲ့ကလေးကို တားတာမျိုး၊ လမ်းပေါ်ပြေးဆော့ချင်တဲ့ကလေးကို ဟန့်တာမျိုးတေ ွ၊ ကလေးတွေကို ရန်မဖြစ်အောင် ပြောတာမျိုးတွေကအစ ကျွန်မတို့ရဲ့ ကလေးတွေအပေါ် ကကျရောက်နိုင်တဲ့ အဆိုးတွေကို ကာကွယ်ပေးချင်စိတ်ကြောင့် လုပ်ကြတာမျိုးမလား။ အဲဒါပြသနာမဟုတ်ပါဘူး ဒါပေမယ့် ပြသနာက ကာကွယ်ချင်စိတ်ကြောင့် လက်ပါကြတာမျိုး၊ ကာကွယ်ပေးချင်စိတ်ကြောင့် ဆဲဆိုကြတာမျိုးတွေက ပြသနာပါ။ ကလေးတွေကို ကာကွယ်ပေးချင်စိတ်ကြောင့်၊ ဖြစ်စေချင်စိတ်ကြောင့် ဆုံးမမှုတွေက ကြမ်းတမ်းသွားတဲ့အခါ၊ တုံးတိဖြစ်တဲ့အခါ – ကလေးတွေက သူတို့ကို တားတဲ့အလုပ်ကို ဘာကြောင့်တားမှန်း နားမလည်တာမျိုး၊ ပိုရွဲ့ချင်လာတာမျိုး၊ လူကြီးတွေမသိအောင် လုပ်ချင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဆိုးတွေမကြုံစေချင်လို့ ကာကွယ်ခြင်းတွေဟာ အဆိုးခံစားချက်တွေမဖြစ်စေဖို့၊ အဆိုးတွေကို ပိုလုပ်ချင်အောင် လှုံ့ဆော်ပေးတာမျိုးမဖြစ်ဖို့လိုပါတယ်။

ကျွန်မတို့တွေ ကလေးတွေကိုဖြစ်ဖြစ်၊ အခြားသူတွေကိုဖြစ်ဖြစ် ဆုံးမတဲ့အခါ ကျွန်မတို့ရဲ့ စေတနာတွေကို မြင်သာယုံပြဖို့တင်သာမက၊ ကြောင်းကျိုးဆက်စပ်စဉ်းစားနိုင်အောင် ကူညီပံ့ပိုးဖို့လိုပါတယ်။ ဘာလို့လဲဆိုရင် အမှားမလုပ်ဖို့၊ အမှန်မြင်ဖို့၊ ကောင်းတာလုပ်ဖို့စတဲ့ အရာတွေဟာ စဉ်းစားဆင်ခြင်ဉာဏ်၊ မေတ္တာတရား၊ ဂရုဏာ၊ တီထွင်ဖန်တီးနိုင်မှု စတဲ့ အရာတွေလိုအပ်တယ်။ အဲဒီ့အပြင် သိသင့်သိထိုက်တဲ့ ဗဟုသုတနဲ့ အတွေ့အကြုံတွေလည်း လိုတယ်။ အဲဒီ့လိုအပ်တဲ့ အရာတွေရှိအောင်လုပ်ပေးမှ ကလေးတွေဟာ အဆိုးတွေရန်ကနေ သူတို့ကိုယ်တိုင်ကာကွယ်နိုင်မယ်၊ ရှောင်နိုင်မယ်၊ အဆိုးတွေတွေ့တဲ့အခါ အညင်သာဆုံး အထိရောက်ဆုံးဖြေရှင်းနိုင်မယ်။ ကျွန်မတို့ကာကွယ်ပေးမှုထက် ကလေးတွေ သူတို့ကိုယ်တိုင် အသိစိတ်နဲ့ စဉ်းစားပြီးကိုယ်တိုင် ကာကွယ်နိုင်တာဟာ ဘဝတွက်တာ ကျွမ်းကျင်စရာပါ။ ဒီနေ့ကစလို့ ကျွန်မတို့တွေ ကလေးတွေကို ဆုံးမတဲ့အခါ မေတ္တာတရားကိုရောင်ပြန်ဟပ်စေတဲ့ ဆိုဆုံးမမှုမျိုးပြုလုပ်ရအောင်။ အတတ်နိုင်ဆုံး ကြမ်းတမ်းတဲ့ နာကျင်စေမယ့် ဆုံးမမှုမျိုးကို ကျွန်မတို့ အတူတူ ရှောင်ရှားကြရအောင်လေ။

မေတ္တာဖြင့်……
Sayarma-ဆရာမ

ရိုက်နှက်ခြင်းနဲ့ပတ်သတ်ပြီး ထပ်ဖတ်လိုရင် …..
Graziano, Anthony M., and Kunce, Linda J., “Effects of Corporal Punishment on Children” in Violence Update (July, 1992).
Graziano, Anthony M. and Namaste, Karen A., “Parental Use of Physical Force in Child Discipline “A Survey of 679 Students” in Journal of Interpersonal Violence Vol 5 No. 4., 1990).
McCord, Joan, “Questioning the Value of Punishment” in Social Problems,Vol. 38, No. 2, May, 1991.
Rohner, Ronald P., Kean, Kevin J., and Cournoyer, David, “Effects of Corporal Punishment, Perceived Caretaker Warmth, and Cultural Beliefs on the Psychological Adjustment of Children in St. Kitts,West Indies” in Journal of Marriage and the Family (August, 1991).
Straus, Murray A., “Discipline and Deviance: Physical Punishment of Children and Violence and Other Crime in Adulthood” in Social Problems Vol. 38, No. 2, May, 1991).

Photo Credit to – https://www.sabcnews.com/sabcnews/wp-content/uploads/2019/04/SABC-News-corporal-punishment-R.png

[ Zawgyi ]

ၾကမ္းတမ္းစြာ ဆုံးမျခင္းဆိုတာ …. တစ္စုံတစ္ေယာက္ရဲ့ အျပဳအမူ၊ အေျပာအဆို၊ ျဖစ္ရပ္ စတာေတြကို ျပင္ဆင္ေစခ်င္လို႔ ခႏၶာကိုယ္နာက်င္ေအာင္၊ သက္ေတာင့္သက္သာမရွိေအာင္၊ ေသြးထြက္သံယိုျဖစ္ေအာင္၊ ဆဲဆိုၾကတာ၊ ႏွိုင္းယွဥ္ၾကတာ၊ ရစရာမရွိေအာင္ ေျပာဆိုၾကတာေတြကို ဆိုလိုပါတယ္။ ၾကမ္းတမ္းစြာ ဆုံးမျခင္းကို ကေလး သူငယ္ ကာကြယ္ေစာင့္ေရွာက္ေရးအဖြဲ႕ေတြ၊ ပညာေရးအဖြဲ႕အစည္းေတြအမ်ားစုက တားျမစ္ၾကပါတယ္။ ကေလးကို မရိုက္ရေၾကာင္း၊ မဆဲရေၾကာင္းလည္း ေျပာဆိုၾကပါတယ္။ ဘာလို႔ပါလဲ။

အၾကမ္းစား ဆုံးမျခင္းေတြဟာ ေရတိုျပႆနာေျဖရွင္းနည္းလား၊ ေရရွည္ျပႆနာေျဖရွင္းနည္းလား။

  • ေလ့လာမႈေတြအရ ကိုယ္ခႏၶာ နာက်င္ေစတဲ့ ဆုံးမျခင္းေတြဟာ ေရတို ျပႆနာေျဖရွင္းျခင္းသာျဖစ္ၿပီး ေရရွည္အတြက္ အက်ိဳးမရွိတဲ့ လုပ္ရပ္ျဖစ္တယ္ဆိုတာ သိရပါတယ္။ ဘာလို႔လဲဆိုေတာ့ အသားနာေအာင္ လုပ္ခဲ့ျခင္းခံရတဲ့ ကေလးေတြမွာ အျပဳသေဘာမေဆာင္တဲ့ အက်ိဳးရလဒ္ေတြျဖစ္လို႔ပါပဲ။ ေဒါသႀကီးတာ၊ လူမႈေရးမေကာင္းတာ၊ ျပႆနာေတြကို ၾကမ္းတမ္းစြာ ေျဖရွင္းတာ ေတြဟာ ရိုက္ႏွက္ခံရျခင္း၊ ၾကမ္းတမ္းစြာ ဆုံးမခံရျခင္းတို႔ေၾကာင့္ ျဖစ္လာနိုင္တဲ့ အက်ိဳးဆက္ အခ်ိဳ႕ပါ။ စဥ္းစားၾကည့္ပါ – ကၽြန္မတို႔ ကိုယ့္အသားကို နာေအာင္ အလုပ္ခံရတဲ့အခါ ဘယ္လို ခံစားခ်က္ေတြျဖစ္သလဲ။ ငိုခ်င္တယ္၊ ေဒါသျဖစ္တယ္၊ ေၾကာက္တယ္၊ မခံခ်င္စိတ္ေတြျဖစ္တယ္။ အဲဒီ့ခံစားခ်က္ေတြက အျပဳသေဘာမေဆာင္တဲ့ ခံစားခ်က္ေတြပါ။ အဲဒီ့ ခံစားခ်က္ေတြကေန – အျပဳသေဘာေဆာင္တဲ့ ကူညီတတ္ျခင္း၊ အေလးထားျခင္း၊ ၾကင္နာျခင္း၊ သတၱိရွိျခင္း စတဲ့ စိတ္ေနသေဘာထား၊ လုပ္ရပ္ေတြ ရေအာင္ မစြမ္းေဆာင္နိုင္ပါဘူး။ အရိုက္ခံရပါမ်ားလို႔ ေဒါသထြက္တာေတြ၊ ေၾကာက္တာေတြဟာ ခဏခဏ ျဖစ္လာတဲ့အခါ ကေလးေတြရဲ့ အနာဂါတ္မွာ အလုပ္ကို ေဒါသနဲ႔ လုပ္တတ္တဲ့သူ၊ ေၾကာက္စိတ္အျပည့္နဲ႔ လုပ္တဲ့သူေတြျဖစ္လာပါမယ္။ ေဒါသစိတ္နဲ႔ အလုပ္လုပ္သူဟာ ျပသနာေတြ ေျဖရွင္းနိုင္စြမ္းအားနည္းတယ္၊ လူမႈေရး အားနည္းတယ္။ ေၾကာက္စိတ္နဲ႔ အလုပ္လုပ္သူဟာ တီထြင္ႀကံဆနိုင္စြမ္း၊ ေတြးေခၚဆင္ျခင္နိုင္စြမ္း၊ ဖန္တီးနိုင္စြမ္းေတြအားနည္းသူျဖစ္လာတယ္။ ဒါေၾကာင့္ အၾကမ္းစား ရိုက္ႏွက္ျခင္းေတြဟာ ေရရွည္အတြက္ မေကာင္းတဲ့ ဆုံးမနည္းျဖစ္တယ္လို႔ ဆိုလိုပါတယ္။

ၾကမ္းၾကမ္းဆုံးမျခင္းဟာ ကေလးေတြအတြက္ အဆိုးေတြကေန ကာကြယ္ေပးနိုင္လား။

  • ကၽြန္မတို႔လူႀကီးေတြက ကေလးေတြထက္ အေတြ႕အၾကဳံပိုမ်ားတယ္။ ဒါေၾကာင့္ ကေလးေတြ တစ္ခုခုလုပ္ရင္ ဘယ္လို အက်ိဳးဆက္ျဖစ္လာနိုင္မလဲဆိုတာ ႀကိဳ မွန္းမိတယ္။ အဲဒါေၾကာင့္လည္း ကေလးေတြကို မလုပ္သင့္တာ မလုပ္ေအာင္ တားၾကတာ၊ ဆုံးမတာေတြလုပ္တယ္။ မီးဖိုနားသြားေနတဲ့ကေလးကို တားတာမ်ိဳး၊ လမ္းေပၚေျပးေဆာ့ခ်င္တဲ့ကေလးကို ဟန႔္တာမ်ိဳးေတ ြ၊ ကေလးေတြကို ရန္မျဖစ္ေအာင္ ေျပာတာမ်ိဳးေတြကအစ ကၽြန္မတို႔ရဲ့ ကေလးေတြအေပၚ ကက်ေရာက္နိုင္တဲ့ အဆိုးေတြကို ကာကြယ္ေပးခ်င္စိတ္ေၾကာင့္ လုပ္ၾကတာမ်ိဳးမလား။ အဲဒါျပသနာမဟုတ္ပါဘူး ဒါေပမယ့္ ျပသနာက ကာကြယ္ခ်င္စိတ္ေၾကာင့္ လက္ပါၾကတာမ်ိဳး၊ ကာကြယ္ေပးခ်င္စိတ္ေၾကာင့္ ဆဲဆိုၾကတာမ်ိဳးေတြက ျပသနာပါ။ ကေလးေတြကို ကာကြယ္ေပးခ်င္စိတ္ေၾကာင့္၊ ျဖစ္ေစခ်င္စိတ္ေၾကာင့္ ဆုံးမမႈေတြက ၾကမ္းတမ္းသြားတဲ့အခါ၊ တုံးတိျဖစ္တဲ့အခါ – ကေလးေတြက သူတို႔ကို တားတဲ့အလုပ္ကို ဘာေၾကာင့္တားမွန္း နားမလည္တာမ်ိဳး၊ ပိုရြဲ႕ခ်င္လာတာမ်ိဳး၊ လူႀကီးေတြမသိေအာင္ လုပ္ခ်င္တာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ အဆိုးေတြမၾကဳံေစခ်င္လို႔ ကာကြယ္ျခင္းေတြဟာ အဆိုးခံစားခ်က္ေတြမျဖစ္ေစဖို႔၊ အဆိုးေတြကို ပိုလုပ္ခ်င္ေအာင္ လႈံ႔ေဆာ္ေပးတာမ်ိဳးမျဖစ္ဖို႔လိုပါတယ္။

ကၽြန္မတို႔ေတြ ကေလးေတြကိုျဖစ္ျဖစ္၊ အျခားသူေတြကိုျဖစ္ျဖစ္ ဆုံးမတဲ့အခါ ကၽြန္မတို႔ရဲ့ ေစတနာေတြကို ျမင္သာယုံျပဖို႔တင္သာမက၊ ေၾကာင္းက်ိဳးဆက္စပ္စဥ္းစားနိုင္ေအာင္ ကူညီပံ့ပိုးဖို႔လိုပါတယ္။ ဘာလို႔လဲဆိုရင္ အမွားမလုပ္ဖို႔၊ အမွန္ျမင္ဖို႔၊ ေကာင္းတာလုပ္ဖို႔စတဲ့ အရာေတြဟာ စဥ္းစားဆင္ျခင္ဉာဏ္၊ ေမတၱာတရား၊ ဂ႐ုဏာ၊ တီထြင္ဖန္တီးနိုင္မႈ စတဲ့ အရာေတြလိုအပ္တယ္။ အဲဒီ့အျပင္ သိသင့္သိထိုက္တဲ့ ဗဟုသုတနဲ႔ အေတြ႕အၾကဳံေတြလည္း လိုတယ္။ အဲဒီ့လိုအပ္တဲ့ အရာေတြရွိေအာင္လုပ္ေပးမွ ကေလးေတြဟာ အဆိုးေတြရန္ကေန သူတို႔ကိုယ္တိုင္ကာကြယ္နိုင္မယ္၊ ေရွာင္နိုင္မယ္၊ အဆိုးေတြေတြ႕တဲ့အခါ အညင္သာဆုံး အထိေရာက္ဆုံးေျဖရွင္းနိုင္မယ္။ ကၽြန္မတို႔ကာကြယ္ေပးမႈထက္ ကေလးေတြ သူတို႔ကိုယ္တိုင္ အသိစိတ္နဲ႔ စဥ္းစားၿပီးကိုယ္တိုင္ ကာကြယ္နိုင္တာဟာ ဘဝတြက္တာ ကၽြမ္းက်င္စရာပါ။ ဒီေန႔ကစလို႔ ကၽြန္မတို႔ေတြ ကေလးေတြကို ဆုံးမတဲ့အခါ ေမတၱာတရားကိုေရာင္ျပန္ဟပ္ေစတဲ့ ဆိုဆုံးမမႈမ်ိဳးျပဳလုပ္ရေအာင္။ အတတ္နိုင္ဆုံး ၾကမ္းတမ္းတဲ့ နာက်င္ေစမယ့္ ဆုံးမမႈမ်ိဳးကို ကၽြန္မတို႔ အတူတူ ေရွာင္ရွားၾကရေအာင္ေလ။

ေမတၱာျဖင့္……
Sayarma-ဆရာမ

ရိုက္ႏွက္ျခင္းနဲ႔ပတ္သတ္ၿပီး ထပ္ဖတ္လိုရင္ …..
Graziano, Anthony M., and Kunce, Linda J., “Effects of Corporal Punishment on Children” in Violence Update (July, 1992).
Graziano, Anthony M. and Namaste, Karen A., “Parental Use of Physical Force in Child Discipline “A Survey of 679 Students” in Journal of Interpersonal Violence Vol 5 No. 4., 1990).
McCord, Joan, “Questioning the Value of Punishment” in Social Problems,Vol. 38, No. 2, May, 1991.
Rohner, Ronald P., Kean, Kevin J., and Cournoyer, David, “Effects of Corporal Punishment, Perceived Caretaker Warmth, and Cultural Beliefs on the Psychological Adjustment of Children in St. Kitts,West Indies” in Journal of Marriage and the Family (August, 1991).
Straus, Murray A., “Discipline and Deviance: Physical Punishment of Children and Violence and Other Crime in Adulthood” in Social Problems Vol. 38, No. 2, May, 1991).

Photo Credit to – https://www.sabcnews.com/sabcnews/wp-content/uploads/2019/04/SABC-News-corporal-punishment-R.png