[Unicode]

၁) တိုင်းရင်းသား ဘာသာစကား

—————————————–

အင်ဒိုနီးရှားမှာ ဘာသာစကားပေါင်း ၁၀၀ ကျော် ပြောကြပါတယ်။ ကျွန်းတိုင်းမှာ မိခင်ဘာသာစကားတွေ မတူညီကြပါဘူး။ အဲဒီ့တော့ ပညာရေးဝန်ကြီးဋ္ဌာနက အင်ဒိုနီးရှားကျောင်းတွေမှာ ဒေသအလိုက် ဒေသိယဘာသာရပ်ကို သင်ကြားစေပါတယ်။ ဒေသိယဘာသာရပ်မှာ ကိုယ့်ဒေသက ဘာသာစကားကို သင်ကြားနိုင်သလို ကိုယ့်ဒေသအကြောင်းကို သီးသန့်ဘာသာရပ်တစ်ခုအနေနဲ့ သင်ကြားခွင့်ပါ။ ဂျကာတာလိုမြို့ကြီးမှကျတော့ ဘာသာစကားစုံပြောကြတာမို့ ဂျကာတာဒေသအကြောင်းကို ဘာသာရပ်တစ်ခုအဖြစ်သင်ကြပါတယ်။ အခြား ကျွန်းစွယ်တွေမှာတော့ သူတို့ဒေသက ဘာသာစကားကို သင်ပါတယ်။

ကျွန်မတို့ဆီမှာလည်း စာသင်ခန်းထဲက ကလေးတွေပြောတဲ့ ဘာသာစကားတွေကို အလေးအနက်ထားပြီး သင်ကြဖို့လိုတယ်၊ ကိုယ်နေထိုင်ရာ ဒေသအကြောင်းလည်း သင်ပေးဖို့လိုပါတယ်။

၂) ဘာသာရေးကျောင်း

——————————–

မြန်မာနိုင်ငံမှာ ဘကကျောင်းတွေ ပေါသလို အင်ဒိုနီးရှားမှာလည်း အစ္စလာမ်ကျောင်းတော်တွေ နိုင်ငံအနှံ့မှာရှိပါတယ်။ အစိုးရက လောလောဆယ်မှာ ဘာသာရေးအမည်ခံကျောင်းတွေမှာ သင်နေတဲ့ ဘာသာရေး သင်ရိုးညွှန်းတမ်းတွေမှာ ငြိမ်းချမ်းရေး၊ မေတ္တာတရား စတဲ့ အပြုသဘော အကြောင်းအရာတွေပိုမိုထည့်သွင်းအောင်၊ အစွန်းရောက်တဲ့ အမြင်တွေ မရှိကြအောင် အလေးထားပြီး လုပ်ဆောင်နေတာကို အစိုးရဘက်က မိတ်ဆွေတွေက ပြောပြပါတယ်။ ဘာသာရေးကို သီးသန့်မသင်ပဲ နေ့စဉ်လူမှုဘဝထဲမှာ ကျင့်သုံးနိုင်မယ့် အသိတရားတွေကို အဓိကထားသင်ဖို့လညး် တိုက်တွန်းနေပါတယ်။ ဒါပေမယ့်အခက်ခဲက ဆရာ၊မတွေရဲ့ သင်ကြားရေးစွမ်းရည်နဲ့ ပညာရေးဆိုင်ရာ ဗဟုသုတတွေပဲလို့ပြောပါတယ်။

ကျွန်မတို့ဆီမှာလည်း ဘယ်ဘာသာအကြောင်းသင်သင် ငြိမ်းချမ်းခြင်းအကြောင်း၊ အတူတကွနေထိုင်ဖို့နဲ့ မေတ္တာတရားတွေအကြောင်းသင်ကြဖို့ အရေးကြီးပါတယ်။

၃) စာသင်ကျောင်းများ

——————————-

အစိုးရကျောင်းတွေက ပုဂ္ဂလိကကျောင်းတွေထက်ပိုပြီး နာမည်ကြီးပါတယ်။ အစိုးရကျောင်းတွေမှာ ပစ္စည်းကိရိယာတွေ သိပ်မစုံပေမယ့် အကောင်းဆုံးကျောင်းသားတွေဆိုရင်  အစိုးရကျောင်းထွက်တွေများလို့ အစိုးရကျောင်းကိုပဲ သွားလိုကြတယ်။ အစိုးရကျောင်းတွေကလည်း ဝင်ခွင့်ကို အရေအတွက် ကန့်သတ်ပြီး တော်တဲ့သူတွေကို ပိုရွေးတယ်လို့ပြောပါတယ်။ အစိုးရကျောင်းကနေ ကျောင်းပြီးတဲ့သူတွေက အလုပ်အကိုင်အခွင့်အလမ်းရဖို့ ပိုလွယ်ကြပါတယ်တဲ့။ ပုဂ္ဂလိက ကျောင်းတွေကလည်း အပြိုင်အဆိုင်အနေနဲ့ နိုင်ငံတွင်းကရော နိုင်ငံခြားကပါ စီးပွါးရေးလုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်တယ်၊ ကျောင်းသားတွေကို အလုပ်သင်တွေပို့တယ်။ အလုပ်ကိုင်ခွင့်လမ်းတွေရအောင် ကြိုးစားပေးကြတယ်။

ကျွန်မတို့ဆီမှာလည်း ကျောင်းတွေနဲ့ ဒေသခံ စီးပွါးရေးလုပ်ငန်းရှင်တွေနဲ့ချိတ်ဆက်ပြီး ကလေးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖွင့်ပေးဖို့၊ အလုပ်လုပ်နိုင်ဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေသင်ပေးဖို့လိုအပ်ပါတယ်။

၄)တက္ကသိုလ်ကျောင်း

——————————

အစ္စလာမ်တက္ကသိုလ်ဖြစ်ဖြစ် အစိုးရ တက္ကသိုလ်ဖြစ်ဖြစ် သုတေသနကို ဦးစားပေးကြတယ်။ တက္ကသိုလ် ဆရာ၊မတွေ သုတေသနစာတမ်းတွေ နှစ်တိုင်းတင်ရတယ်၊ နိုင်ငံတစ်ကာ ဂျာနယ်တွေကို ပို့ရတယ်။ ဆိုတော ့ ကျွန်မနဲ့တွေ့ခဲ့တဲ့သူတွေဆိုရင် စာတမ်းတွေ အများကြီးရေးဖူးကြတယ်။ ကိုယ်သွားခဲ့တဲ့ ပတ်ဝန်းကျင်ကပဲ ပညာရေး သမားတွေမို့လားတော့မသိဘူး တော်တော်ကို ပညာရေးကို အလေးထားပြီးလုပ်ကြတယ်။ အစ္စလာမ်နဲ့ပတ်သတ်တဲ့ စာတမ်းတွေ၊ သုတေသနတွေ၊ အထောက်အထားတွေဆိုတာ အများကြီးပဲ။ သုတေသနလုပ်ငန်းတွေကောင်းမှလည်း နိုင်ငံတကာမှာ ဝင်တိုးလို့ရတာကိုး။

ကျွန်မတို့ ဆရာ၊မတွေလည်း အမြဲမပြတ် အရွယ်စုံ၊ အတန်းစုံအတွက် လေ့လာမှုတွေလုပ်သလို စာတမ်းတွေ၊ သုတေသနတွေ လုပ်ကြဖို့လိုပါတယ်။ လေ့လာမှုတွေကို နိုင်ငံတစ်ကာ အဆင့်မီ စာစောင်တွေမှာ ထုတ်ဝေနိုင်အောင် ကြိုးစားသင့်ပါတယ်။

ပြောပြချင်တာကတော့အများကြီးပဲ။ အင်ဒိုအစားအစာတွေ ကျွန်မကတော့ကြိုက်တယ်။ ခရမ်းချဉ်သီးငပိချက် စပ်စပ်လေးကို ဘာမှာစားစားပေးတယ်။ Batik ဆိုတဲ့ ပါတိတ်တွေလည်း ပေါ။ စျေးလည်း သက်သာ။ ဟိုနားဒီနားသွား Grab နဲ့သွားလို့အဆင်ပြေတယ်။ ဆင်းရဲချမ်းသာ ကွာဟာမှုတွေလည်း တွေ့ခဲ့တယ်။   ပညာရေးနဲ့ပတ်သတ်ရင်တော့ ကျွန်မတို့ဆီမှာလည်း မိခင်ဘာသာစကားကို သုံးပြီး သင်စေချင်တယ်၊ ကျောင်းတွေပြီးတဲ့အခါ ကလေးတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ကောင်းကောင်းရစေချင်တယ်၊ ရတဲ့ လုပ်ငန်းတွေကလည်း ကောင်းစေချင်တယ်၊ ဆရာ၊မတွေလည်း အမြဲမပြတ်လေ့လာနေစေချင်တယ်။ တက္ကသိုလ်ဆရာ၊မတွေရော ဘာသာရေးဆရာ၊မတွေရော တတ်နိုင်သလောက် ကိုယ်နိုုင်တဲ့ သုတေသနလေးတွေလုပ် စာတမ်းလေးတွေရေးစေချင်တယ်။ ကဲ… ဘယ်သူက ဘယ်ကနေစလုပ်မလဲ မျှဝေခဲ့ပေးပါ။

မှတ်ချက်။  ။ အခုတင်ထားတဲ့ပုံက ၂၀၁၆ ကျွန်မ အလည်သွားတုန်းကပုံပါ။  ဓါတ်ပုံထဲက ဗလီက ကမ္ဘာ့ ဒုတိယအကြီးဆုံး ဗလီပါ။ အထဲကို ဝင်ကြည့်ခဲ့တယ်။ ကိုယ်လိုသူလို ဝင်ပြီး လေ့လာတဲ့သူတွေလည်း အများကြီးပဲ။ ဒီတစ်ခေါက် အလုပ်များနေလို့ ဓါတ်ပုံတွေ သိပ်မရိုက်ခဲ့ရလို့ မတင်ရတော့ဘူး။

မေတ္တာဖြင့်….

                   Sayarma-ဆရာမ

[Zawgyi]

၁) တိုင္းရင္းသား ဘာသာစကား

—————————————–

အင္ဒိုနီးရွားမွာ ဘာသာစကားေပါင္း ၁၀၀ ေက်ာ္ ေျပာၾကပါတယ္။ ကၽြန္းတိုင္းမွာ မိခင္ဘာသာစကားေတြ မတူညီၾကပါဘူး။ အဲဒီ့ေတာ့ ပညာေရးဝန္ၾကီး႒ာနက အင္ဒိုနီးရွားေက်ာင္းေတြမွာ ေဒသအလိုက္ ေဒသိယဘာသာရပ္ကို သင္ၾကားေစပါတယ္။ ေဒသိယဘာသာရပ္မွာ ကိုယ့္ေဒသက ဘာသာစကားကို သင္ၾကားနိုင္သလို ကိုယ့္ေဒသအေၾကာင္းကို သီးသန္႕ဘာသာရပ္တစ္ခုအေနနဲ႕ သင္ၾကားခြင့္ပါ။ ဂ်ကာတာလိုျမိဳ႕ၾကီးမွက်ေတာ့ ဘာသာစကားစံုေျပာၾကတာမို႕ ဂ်ကာတာေဒသအေၾကာင္းကို ဘာသာရပ္တစ္ခုအျဖစ္သင္ၾကပါတယ္။ အျခား ကၽြန္းစြယ္ေတြမွာေတာ့ သူတို႕ေဒသက ဘာသာစကားကို သင္ပါတယ္။

ကၽြန္မတို႕ဆီမွာလည္း စာသင္ခန္းထဲက ကေလးေတြေျပာတဲ့ ဘာသာစကားေတြကို အေလးအနက္ထားျပီး သင္ၾကဖို႕လိုတယ္၊ ကိုယ္ေနထိုင္ရာ ေဒသအေၾကာင္းလည္း သင္ေပးဖို႕လိုပါတယ္။

၂) ဘာသာေရးေက်ာင္း

——————————–

ျမန္မာနုိင္ငံမွာ ဘကေက်ာင္းေတြ ေပါသလို အင္ဒိုနီးရွားမွာလည္း အစၥလာမ္ေက်ာင္းေတာ္ေတြ နိုင္ငံအႏွံ႕မွာရွိပါတယ္။ အစိုးရက ေလာေလာဆယ္မွာ ဘာသာေရးအမည္ခံေက်ာင္းေတြမွာ သင္ေနတဲ့ ဘာသာေရး သင္ရိုးညႊန္းတမ္းေတြမွာ ျငိမ္းခ်မ္းေရး၊ ေမတၱာတရား စတဲ့ အျပဳသေဘာ အေၾကာင္းအရာေတြပိုမိုထည့္သြင္းေအာင္၊ အစြန္းေရာက္တဲ့ အျမင္ေတြ မရွိၾကေအာင္ အေလးထားျပီး လုပ္ေဆာင္ေနတာကို အစိုးရဘက္က မိတ္ေဆြေတြက ေျပာျပပါတယ္။ ဘာသာေရးကို သီးသန္႕မသင္ပဲ ေန႕စဥ္လူမွဳဘဝထဲမွာ က်င့္သံုးနုိင္မယ့္ အသိတရားေတြကို အဓိကထားသင္ဖို႕လညး္ တုိက္တြန္းေနပါတယ္။ ဒါေပမယ့္အခက္ခဲက ဆရာ၊မေတြရဲ႕ သင္ၾကားေရးစြမ္းရည္နဲ႕ ပညာေရးဆိုင္ရာ ဗဟုသုတေတြပဲလို႕ေျပာပါတယ္။

ကၽြန္မတို႕ဆီမွာလည္း ဘယ္ဘာသာအေၾကာင္းသင္သင္ ျငိမ္းခ်မ္းျခင္းအေၾကာင္း၊ အတူတကြေနထိုင္ဖို႕နဲ႕ ေမတၱာတရားေတြအေၾကာင္းသင္ၾကဖို႕ အေရးၾကီးပါတယ္။

၃) စာသင္ေက်ာင္းမ်ား

——————————-

အစိုးရေက်ာင္းေတြက ပုဂၢလိကေက်ာင္းေတြထက္ပိုျပီး နာမည္ၾကီးပါတယ္။ အစိုးရေက်ာင္းေတြမွာ ပစၥည္းကိရိယာေတြ သိပ္မစံုေပမယ့္ အေကာင္းဆံုးေက်ာင္းသားေတြဆိုရင္  အစိုးရေက်ာင္းထြက္ေတြမ်ားလို႕ အစိုးရေက်ာင္းကိုပဲ သြားလိုၾကတယ္။ အစိုးရေက်ာင္းေတြကလည္း ဝင္ခြင္႕ကို အေရအတြက္ ကန္႕သတ္ျပီး ေတာ္တဲ့သူေတြကို ပိုေရြးတယ္လို႕ေျပာပါတယ္။ အစိုးရေက်ာင္းကေန ေက်ာင္းျပီးတဲ့သူေတြက အလုပ္အကိုင္အခြင့္အလမ္းရဖို႕ ပိုလြယ္ၾကပါတယ္တဲ့။ ပုဂၢလိက ေက်ာင္းေတြကလည္း အျပိဳင္အဆိုင္အေနနဲ႕ နုိင္ငံတြင္းကေရာ နိုင္ငံျခားကပါ စီးပြါးေရးလုပ္ငန္းရွင္ေတြနဲ႕ ခ်ိတ္ဆက္တယ္၊ ေက်ာင္းသားေတြကို အလုပ္သင္ေတြပို႕တယ္။ အလုပ္ကိုင္ခြင့္လမ္းေတြရေအာင္ ၾကိဳးစားေပးၾကတယ္။

ကၽြန္မတို႕ဆီမွာလည္း ေက်ာင္းေတြနဲ႕ ေဒသခံ စီးပြါးေရးလုပ္ငန္းရွင္ေတြနဲ႕ခ်ိတ္ဆက္ျပီး ကေလးေတြအတြက္ အလုပ္အကိုင္အခြင့္အလမ္းေတြ ဖြင့္ေပးဖို႕၊ အလုပ္လုပ္နုိင္ဖို႕ လိုအပ္တဲ့ ကၽြမ္းက်င္မွဳေတြသင္ေပးဖို႕လုိအပ္ပါတယ္။

၄)တကၠသိုလ္ေက်ာင္း

——————————

အစၥလာမ္တကၠသိုလ္ျဖစ္ျဖစ္ အစိုးရ တကၠသိုလ္ျဖစ္ျဖစ္ သုေတသနကို ဦးစားေပးၾကတယ္။ တကၠသိုလ္ ဆရာ၊မေတြ သုေတသနစာတမ္းေတြ ႏွစ္တိုင္းတင္ရတယ္၊ နုိင္ငံတစ္ကာ ဂ်ာနယ္ေတြကို ပို႕ရတယ္။ ဆိုေတာ ့ ကၽြန္မနဲ႕ေတြ႕ခဲ့တဲ့သူေတြဆိုရင္ စာတမ္းေတြ အမ်ားၾကီးေရးဖူးၾကတယ္။ ကိုယ္သြားခဲ့တဲ့ ပတ္ဝန္းက်င္ကပဲ ပညာေရး သမားေတြမို႕လားေတာ့မသိဘူး ေတာ္ေတာ္ကို ပညာေရးကို အေလးထားျပီးလုပ္ၾကတယ္။ အစၥလာမ္နဲ႕ပတ္သတ္တဲ့ စာတမ္းေတြ၊ သုေတသနေတြ၊ အေထာက္အထားေတြဆိုတာ အမ်ားၾကီးပဲ။ သုေတသနလုပ္ငန္းေတြေကာင္းမွလည္း နုိင္ငံတကာမွာ ဝင္တိုးလို႕ရတာကိုး။

ကၽြန္မတို႕ ဆရာ၊မေတြလည္း အျမဲမျပတ္ အရြယ္စံု၊ အတန္းစံုအတြက္ ေလ့လာမွဳေတြလုပ္သလို စာတမ္းေတြ၊ သုေတသနေတြ လုပ္ၾကဖို႕လိုပါတယ္။ ေလ့လာမွဳေတြကို နုိင္ငံတစ္ကာ အဆင့္မီ စာေစာင္ေတြမွာ ထုတ္ေဝနုိင္ေအာင္ ၾကိဳးစားသင့္ပါတယ္။

ေျပာျပခ်င္တာကေတာ့အမ်ားၾကီးပဲ။ အင္ဒိုအစားအစာေတြ ကၽြန္မကေတာ့ၾကိုက္တယ္။ ခရမ္းခ်ဥ္သီးငပိခ်က္ စပ္စပ္ေလးကို ဘာမွာစားစားေပးတယ္။ Batik ဆိုတဲ့ ပါတိတ္ေတြလည္း ေပါ။ ေစ်းလည္း သက္သာ။ ဟိုနားဒီနားသြား Grab နဲ႕သြားလို႕အဆင္ေျပတယ္။ ဆင္းရဲခ်မ္းသာ ကြာဟာမွဳေတြလည္း ေတြ႕ခဲ့တယ္။   ပညာေရးနဲ႕ပတ္သတ္ရင္ေတာ့ ကၽြန္မတို႕ဆီမွာလည္း မိခင္ဘာသာစကားကို သံုးျပီး သင္ေစခ်င္တယ္၊ ေက်ာင္းေတြျပီးတဲ့အခါ ကေလးေတြ အလုပ္အကိုင္အခြင့္အလမ္းေတြ ေကာင္းေကာင္းရေစခ်င္တယ္၊ ရတဲ့ လုပ္ငန္းေတြကလည္း ေကာင္းေစခ်င္တယ္၊ ဆရာ၊မေတြလည္း အျမဲမျပတ္ေလ့လာေနေစခ်င္တယ္။ တကၠသိုလ္ဆရာ၊မေတြေရာ ဘာသာေရးဆရာ၊မေတြေရာ တတ္နုိင္သေလာက္ ကိုယ္နုိုင္တဲ့ သုေတသနေလးေတြလုပ္ စာတမ္းေလးေတြေရးေစခ်င္တယ္။ ကဲ… ဘယ္သူက ဘယ္ကေနစလုပ္မလဲ မွ်ေဝခဲ့ေပးပါ။

မွတ္ခ်က္။  ။ အခုတင္ထားတဲ့ပံုက ၂၀၁၆ ကၽြန္မ အလည္သြားတုန္းကပံုပါ။  ဓါတ္ပံုထဲက ဗလီက ကမာၻ႕ ဒုတိယအၾကီးဆံုး ဗလီပါ။ အထဲကို ဝင္ၾကည့္ခဲ့တယ္။ ကိုယ္လိုသူလို ဝင္ျပီး ေလ့လာတဲ့သူေတြလည္း အမ်ားၾကီးပဲ။ ဒီတစ္ေခါက္ အလုပ္မ်ားေနလို႕ ဓါတ္ပံုေတြ သိပ္မရိုက္ခဲ့ရလို႕ မတင္ရေတာ့ဘူး။

ေမတၱာျဖင့္….                    Sayarma-ဆရာမ