[ Unicode ]

ဒီနေ့ မှန်ကြည့်ရင်း ကျွန်မနှဖူးက အမာရွတ်တွေကို သေချာကြည့်ပြီး အတိတ်ကို ပြန်တွေးမိတယ်။

၂၀၀၇ ပညာသင်နှစ်ထဲ ကျွန်မ ကျောင်းမှာ စာစသင်တော့ မူလတန်းတွေကို အဓိက သင်တယ်။ ၂ တန်း၊ ၃တန်း၊ ၄ တန်း၊ ၅တန်းလေးတွေကို မြန်မာ၊ အင်္ဂလိပ်စာနဲ့ သင်္ချာ မတူအောင် သင်ရတယ်။ ဆရာမ စလုပ်ခါစဆိုတော့ ကလေးတွေကိုရှိန်ပါတယ်။ ရှိန်တဲ့အတွက် သူတို့လေးတွေကို ဘယ်လို ပညာပြလိုက်မယ်၊ ဘယ်လို အပိုးကျိုးအောင် လုပ်မယ်၊ ငယ်ပေမယ့် မခေဘူးဆိုတာ ပြရမယ်ဆိုတဲ့ အတွေးတွေနဲ့ စာသင်ခြင်းကို စတင်ခဲ့ပါတယ်။

ကိုယ်က ကြောက်လို့ စိတ်ကို အမျိုးမျိုး ပြင်ဆင်ထားကာမှ စာသင်နှစ်အစမှာ ပညာပြခံရတဲ့ ကိစ္စ ကျွန်မ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ရေးဖူးတယ်။ ဒါပေမယ့် နည်းနည်း မျှဝေဦးမယ်။ တစ်ရက် ကျွန်မ လေးတန်းကလေးတွေကို မြန်မာစာသင်ဖို့ သွားတယ်။ ပထမဆုံး စာသင်ချိန်တွေမို့ ကိုယ့်ကို အထင်မသေးအောင် ဆိုက်ဂိုက်အပြည့်နဲ့သွားတယ်။ ကျွန်မကလည်း ကျွန်မပဲ၊ ဟိုရောက်တော့ မိတ်ဆက်တာဘာညာကို အင်္ဂလိပ်လိုပြောတယ်၊ ဆရာမကြီး အထာနဲ့ပေါ့။ ဒီလိုနဲ့ ကျွန်မလည်း သူတို့နဲ့ မိတ်ဆက်စကားတွေဘာတွေ နည်းနည်း ကြာကြာပြောပြီး ညောင်းလို့ ထိုင်ခုံကို ဆွဲယူပြီး ထိုင်လိုက်တယ်၊ တစ်ကယ်ထိုင်လိုက်တဲ့အချိန် ထိုင်ခုံပေါ်မဟုတ်ဘဲ ကြမ်းပြင်ပေါ်ကို ဖင်ထိုင်ရက်ကျသွားပါရော။ ဖြစ်ချင်တော့ ကျောင်းသားတစ်ယောက်က ကျွန်မမသိအောင် အမြန် ခုံကို နောက်ဆုတ်ထားလိုက်တာ။ ကျွန်မမယ် ရှက်လည်းရှက်၊ ဒေါသလည်းထွက်၊ အလိုလို မျက်ရည်တွေကျလာတယ်။ ဒါနဲ့ အတန်းထဲက ကလေးတစ်ယောက်က အခြားအတန်းက စီနီယာအမတစ်ယောက်ကို သွားခေါ်လာတယ်။ သူလည်းလာရော – ထိုင်ခုံဆွဲလိုက်တဲ့ ကလေးကို လက်ညှိုးထိုးပြီး “သူက လုပ်တာ…” ဆိုပြီး ကလေးတစ်ယောက်လို အော်ငိုပါလေရော။ ကလေးက နောက် ပြန်တောင်းပန်ပြီး အဲဒီ့ကိစ္စကတော့ ပြီးသွားတယ်ပေါ့။ ကိုယ့်ကိုကိုယ် ပြန်မြင်ယောင်ကြည့်တော့ ရယ်ချင်စရာ။

နောက်တော့ ကျွန်မလည်း ဟိတ်ဟန်တွေမရှိတော့ပါဘူး။ အမေက ဆံထုံးကို မျိုးစုံထုံးပေးရတာ ကြိုက်သူမို့ နေ့တိုင်း ဆံထုံး ဒီဇိုင်းအမျိုးမျိုးနဲ့ ဆရာမကြီးဂိုက်နဲ့တော့ စာသွားသင်ပါသေးတယ်။ ကလေးတွေနဲ့ကတော့ သူငယ်ချင်းတွေလိုဖြစ်ပြီး ပျော်ပျော်ရွှင်ရွှင်ပဲ၊ သူတို့အတွက် အကောင်းဆုံး ပံ့ပိုးနိုင်တဲ့ နည်းလမ်းတွေနဲ့ ကျွန်မ သင်ပေးနိုင်ခဲ့တယ်။ ကလေးတွေနဲ့ ရင်းနှီးသွားတော့လည်း စာသင်ချိန်တင်မကဘူး၊ ကစားချိန်ကအစ အတူတူ ကစားတယ်။ တစ်ခါက တူတူပုန်းတိုင်း ကစားရင်း၊ တံခါး ထောင့်နားမှာ ကိုယ်က ငုတ်တုတ်လေး ထိုင် ပုန်းနေတာ။ အဲဒီ့အချိန် ကလေး တွေက အုံလိုက်ပြီး ကိုယ့်အပေါ် ဝိုင်းဖက်ပြီး “ဆရာမ ထက်ကို တွေ့ပြီ” လို့ ပြော။ ကလေးအများကြီးအားနဲ့ ကိုယ်လည်း ဟန်ချက်ပျက်ပြီး နံရံထောင့်နဲ့ နှဖူးနဲ့ တိုက်ပြီး နှဖူးပေါက်ပါလေရော။ ဒီလိုနဲ့…. ကျွန်မ နှဖူးမှာ ကလေးတွေနဲ့ ကစားရင်း ရတဲ့ အမှတ်တရ အမာရွတ်လေး ရှိလာခဲ့တာ။ ကလေးတွေကလည်း သူတို့က ချစ်လို့ စတာ၊ ကျွန်မ နှဖူးပေါက်တော့ စိတ်မကောင်းကြ။ ကျွန်မကတော့ စိတ်ဆိုးဝမ်းနည်းတာမျိုးမရှိဘူး။ နောက်လည်း သူတို့နဲ့ ဆက်ပြီး ဆော့ဖြစ်တာပဲ။ တွေးကြည့်ရင် ဒဏ်ရာအနာထက် တော်တော်ပျော်ခဲ့ရတာပဲ ဆိုတဲ့ အတွေးလေးနဲ့ ကလေးတွေရဲ့ ချစ်ခြင်းမေတ္တာ ခပ်နွေးနွေးကို ခံစားမိနေဆဲပဲ။

ဆရာမဘဝမှာ ကလေးတွေကို ကိုယ်က ပညာပေးဖို့ ကြိုးစားရင်း သူတို့ ပညာပေးတာ ခံရတယ်၊ အတွေ့အကြုံတွေရဲ့ ပညာပေးမှုကို ခံရတယ်။ အဲဒါဟာ ဆရာ၊မဖြစ်ခြင်းရဲ့ အနှစ်သာရလို့ ပြောရမလားပဲ။ ကလေးတွေကို သင်ပေးနိုင်ဖို့ ကျွန်မတို့ ကိုယ်တိုင် သေချာလေ့လာရတယ်၊ အချို့အမြင်တွေကို ပြောင်းလဲ လက်ခံရတယ်၊ ကြိုးစားလုပ်ဆောင်ကြည့်ရတယ်။ တစ်ကယ်တော့ စိတ်ဝင်စားစရာပါပဲ။ ကျွန်မတို့ ဆရာ၊မတွေတင်မကပါဘူး၊ မိခင် ဖခင်ဖြစ်ခြင်းမှာလဲ ဒီလို အခြေအနေတွေ ရှိကြတာပါပဲ။ ကိုယ့်ကလေးကို လမ်းညွှန်နိုင်ဖို့ ကိုယ်က ကြိုးစားသင်ယူရတာတွေရှိတယ်၊ ကလေးအတွက် ကိုယ့်အယူအဆ အချို့ ပြောင်းလဲလိုက်ကြတာတွေရှိတယ်၊ တတ်နိုင်တဲ့ဖက်က ကြိုးစားလုပ်ဆောင်ကြရတာလည်း ရှိတာပဲ။ ဘယ်လို အခက်အခဲတွေ၊ ဘယ်လို အမာရွတ်တွေ၊ ဘယ်လို စိတ်အနှောင့်အယှက်တွေ ရှိခဲ့ ရှိခဲ့၊ အတိတ်ကို ပြန်တွေးကြည့်လိုက်တဲ့အခါ အော် ငါ ဒီလောက်ထိတောင် လုပ်နိုင်ခဲ့ပါလား ဆိုတာ ပြန်တွေးဖို့ မမေ့ပါနဲ့နော်။ ကလေးပြုစုပျိုးထောင်ခြင်းနဲ့ သင်ကြားခြင်းဟာ မွန်မြတ်သလို ခက်ခဲတဲ့အလုပ်တစ်ခုပါ။ ဒီလို ခက်ခဲတဲ့ မိဘဖြစ်ခြင်း၊ ဆရာ၊မ ဖြစ်ခြင်းကို ရွေးချယ်ခဲ့သူတွေကိုလည်း ဂုဏ်ပြုပါတယ်။ ကျွန်မကိုလည်း မေမေ၊ဖေဖေတို့ ဆရာ၊မတို့ ကြုံခဲ့ရတဲ့ အလွဲတွေ၊ အခက်အခဲတွေ၊ ပျော်စရာတွေ မျှဝေပေးကြပါဦး။

အားလုံး အခက်အခဲများ အကောင်းဆုံးကျော်လွှားပြီး ကြိုးစားပံ့ပိုးနိုင်ကြပါစေ။

မေတ္တာဖြင့်…
Sayarma-ဆရာမ

Photo- ဒီကလေးတွေပေါ့ ကိုယ့်ကလေးတွေ ❤

[ Zawgyi ]

ဒီေန႔ မွန္ၾကည့္ရင္း ကၽြန္မႏွဖူးက အမာရြတ္ေတြကို ေသခ်ာၾကည့္ၿပီး အတိတ္ကို ျပန္ေတြးမိတယ္။

၂၀၀၇ ပညာသင္ႏွစ္ထဲ ကၽြန္မ ေက်ာင္းမွာ စာစသင္ေတာ့ မူလတန္းေတြကို အဓိက သင္တယ္။ ၂ တန္း၊ ၃တန္း၊ ၄ တန္း၊ ၅တန္းေလးေတြကို ျမန္မာ၊ အဂၤလိပ္စာနဲ႔ သခၤ်ာ မတူေအာင္ သင္ရတယ္။ ဆရာမ စလုပ္ခါစဆိုေတာ့ ကေလးေတြကိုရွိန္ပါတယ္။ ရွိန္တဲ့အတြက္ သူတို႔ေလးေတြကို ဘယ္လို ပညာျပလိုက္မယ္၊ ဘယ္လို အပိုးက်ိဳးေအာင္ လုပ္မယ္၊ ငယ္ေပမယ့္ မေခဘူးဆိုတာ ျပရမယ္ဆိုတဲ့ အေတြးေတြနဲ႔ စာသင္ျခင္းကို စတင္ခဲ့ပါတယ္။

ကိုယ္က ေၾကာက္လို႔ စိတ္ကို အမ်ိဳးမ်ိဳး ျပင္ဆင္ထားကာမွ စာသင္ႏွစ္အစမွာ ပညာျပခံရတဲ့ ကိစၥ ကၽြန္မ လြန္ခဲ့တဲ့ တစ္ႏွစ္ေက်ာ္က ေရးဖူးတယ္။ ဒါေပမယ့္ နည္းနည္း မၽွေဝဦးမယ္။ တစ္ရက္ ကၽြန္မ ေလးတန္းကေလးေတြကို ျမန္မာစာသင္ဖို႔ သြားတယ္။ ပထမဆုံး စာသင္ခ်ိန္ေတြမို႔ ကိုယ့္ကို အထင္မေသးေအာင္ ဆိုက္ဂိုက္အျပည့္နဲ႔သြားတယ္။ ကၽြန္မကလည္း ကၽြန္မပဲ၊ ဟိုေရာက္ေတာ့ မိတ္ဆက္တာဘာညာကို အဂၤလိပ္လိုေျပာတယ္၊ ဆရာမႀကီး အထာနဲ႔ေပါ့။ ဒီလိုနဲ႔ ကၽြန္မလည္း သူတို႔နဲ႔ မိတ္ဆက္စကားေတြဘာေတြ နည္းနည္း ၾကာၾကာေျပာၿပီး ေညာင္းလို႔ ထိုင္ခုံကို ဆြဲယူၿပီး ထိုင္လိုက္တယ္၊ တစ္ကယ္ထိုင္လိုက္တဲ့အခ်ိန္ ထိုင္ခုံေပၚမဟုတ္ဘဲ ၾကမ္းျပင္ေပၚကို ဖင္ထိုင္ရက္က်သြားပါေရာ။ ျဖစ္ခ်င္ေတာ့ ေက်ာင္းသားတစ္ေယာက္က ကၽြန္မမသိေအာင္ အျမန္ ခုံကို ေနာက္ဆုတ္ထားလိုက္တာ။ ကၽြန္မမယ္ ရွက္လည္းရွက္၊ ေဒါသလည္းထြက္၊ အလိုလို မ်က္ရည္ေတြက်လာတယ္။ ဒါနဲ႔ အတန္းထဲက ကေလးတစ္ေယာက္က အျခားအတန္းက စီနီယာအမတစ္ေယာက္ကို သြားေခၚလာတယ္။ သူလည္းလာေရာ – ထိုင္ခုံဆြဲလိုက္တဲ့ ကေလးကို လက္ညႇိုးထိုးၿပီး “သူက လုပ္တာ…” ဆိုၿပီး ကေလးတစ္ေယာက္လို ေအာ္ငိုပါေလေရာ။ ကေလးက ေနာက္ ျပန္ေတာင္းပန္ၿပီး အဲဒီ့ကိစၥကေတာ့ ၿပီးသြားတယ္ေပါ့။ ကိုယ့္ကိုကိုယ္ ျပန္ျမင္ေယာင္ၾကည့္ေတာ့ ရယ္ခ်င္စရာ။

ေနာက္ေတာ့ ကၽြန္မလည္း ဟိတ္ဟန္ေတြမရွိေတာ့ပါဘူး။ အေမက ဆံထုံးကို မ်ိဳးစုံထုံးေပးရတာ ႀကိဳက္သူမို႔ ေန႔တိုင္း ဆံထုံး ဒီဇိုင္းအမ်ိဳးမ်ိဳးနဲ႔ ဆရာမႀကီးဂိုက္နဲ႔ေတာ့ စာသြားသင္ပါေသးတယ္။ ကေလးေတြနဲ႔ကေတာ့ သူငယ္ခ်င္းေတြလိုျဖစ္ၿပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ပဲ၊ သူတို႔အတြက္ အေကာင္းဆုံး ပံ့ပိုးနိုင္တဲ့ နည္းလမ္းေတြနဲ႔ ကၽြန္မ သင္ေပးနိုင္ခဲ့တယ္။ ကေလးေတြနဲ႔ ရင္းႏွီးသြားေတာ့လည္း စာသင္ခ်ိန္တင္မကဘူး၊ ကစားခ်ိန္ကအစ အတူတူ ကစားတယ္။ တစ္ခါက တူတူပုန္းတိုင္း ကစားရင္း၊ တံခါး ေထာင့္နားမွာ ကိုယ္က ငုတ္တုတ္ေလး ထိုင္ ပုန္းေနတာ။ အဲဒီ့အခ်ိန္ ကေလး ေတြက အုံလိုက္ၿပီး ကိုယ့္အေပၚ ဝိုင္းဖက္ၿပီး “ဆရာမ ထက္ကို ေတြ႕ၿပီ” လို႔ ေျပာ။ ကေလးအမ်ားႀကီးအားနဲ႔ ကိုယ္လည္း ဟန္ခ်က္ပ်က္ၿပီး နံရံေထာင့္နဲ႔ ႏွဖူးနဲ႔ တိုက္ၿပီး ႏွဖူးေပါက္ပါေလေရာ။ ဒီလိုနဲ႔…. ကၽြန္မ ႏွဖူးမွာ ကေလးေတြနဲ႔ ကစားရင္း ရတဲ့ အမွတ္တရ အမာရြတ္ေလး ရွိလာခဲ့တာ။ ကေလးေတြကလည္း သူတို႔က ခ်စ္လို႔ စတာ၊ ကၽြန္မ ႏွဖူးေပါက္ေတာ့ စိတ္မေကာင္းၾက။ ကၽြန္မကေတာ့ စိတ္ဆိုးဝမ္းနည္းတာမ်ိဳးမရွိဘူး။ ေနာက္လည္း သူတို႔နဲ႔ ဆက္ၿပီး ေဆာ့ျဖစ္တာပဲ။ ေတြးၾကည့္ရင္ ဒဏ္ရာအနာထက္ ေတာ္ေတာ္ေပ်ာ္ခဲ့ရတာပဲ ဆိုတဲ့ အေတြးေလးနဲ႔ ကေလးေတြရဲ့ ခ်စ္ျခင္းေမတၱာ ခပ္ေႏြးေႏြးကို ခံစားမိေနဆဲပဲ။

ဆရာမဘဝမွာ ကေလးေတြကို ကိုယ္က ပညာေပးဖို႔ ႀကိဳးစားရင္း သူတို႔ ပညာေပးတာ ခံရတယ္၊ အေတြ႕အၾကဳံေတြရဲ့ ပညာေပးမႈကို ခံရတယ္။ အဲဒါဟာ ဆရာ၊မျဖစ္ျခင္းရဲ့ အႏွစ္သာရလို႔ ေျပာရမလားပဲ။ ကေလးေတြကို သင္ေပးနိုင္ဖို႔ ကၽြန္မတို႔ ကိုယ္တိုင္ ေသခ်ာေလ့လာရတယ္၊ အခ်ိဳ႕အျမင္ေတြကို ေျပာင္းလဲ လက္ခံရတယ္၊ ႀကိဳးစားလုပ္ေဆာင္ၾကည့္ရတယ္။ တစ္ကယ္ေတာ့ စိတ္ဝင္စားစရာပါပဲ။ ကၽြန္မတို႔ ဆရာ၊မေတြတင္မကပါဘူး၊ မိခင္ ဖခင္ျဖစ္ျခင္းမွာလဲ ဒီလို အေျခအေနေတြ ရွိၾကတာပါပဲ။ ကိုယ့္ကေလးကို လမ္းညႊန္နိုင္ဖို႔ ကိုယ္က ႀကိဳးစားသင္ယူရတာေတြရွိတယ္၊ ကေလးအတြက္ ကိုယ့္အယူအဆ အခ်ိဳ႕ ေျပာင္းလဲလိုက္ၾကတာေတြရွိတယ္၊ တတ္နိုင္တဲ့ဖက္က ႀကိဳးစားလုပ္ေဆာင္ၾကရတာလည္း ရွိတာပဲ။ ဘယ္လို အခက္အခဲေတြ၊ ဘယ္လို အမာရြတ္ေတြ၊ ဘယ္လို စိတ္အေႏွာင့္အယွက္ေတြ ရွိခဲ့ ရွိခဲ့၊ အတိတ္ကို ျပန္ေတြးၾကည့္လိုက္တဲ့အခါ ေအာ္ ငါ ဒီေလာက္ထိေတာင္ လုပ္နိုင္ခဲ့ပါလား ဆိုတာ ျပန္ေတြးဖို႔ မေမ့ပါနဲ႔ေနာ္။ ကေလးျပဳစုပ်ိဳးေထာင္ျခင္းနဲ႔ သင္ၾကားျခင္းဟာ မြန္ျမတ္သလို ခက္ခဲတဲ့အလုပ္တစ္ခုပါ။ ဒီလို ခက္ခဲတဲ့ မိဘျဖစ္ျခင္း၊ ဆရာ၊မ ျဖစ္ျခင္းကို ေရြးခ်ယ္ခဲ့သူေတြကိုလည္း ဂုဏ္ျပဳပါတယ္။ ကၽြန္မကိုလည္း ေမေမ၊ေဖေဖတို႔ ဆရာ၊မတို႔ ၾကဳံခဲ့ရတဲ့ အလြဲေတြ၊ အခက္အခဲေတြ၊ ေပ်ာ္စရာေတြ မၽွေဝေပးၾကပါဦး။

အားလုံး အခက္အခဲမ်ား အေကာင္းဆုံးေက်ာ္လႊားၿပီး ႀကိဳးစားပံ့ပိုးနိုင္ၾကပါေစ။

ေမတၱာျဖင့္…
Sayarma-ဆရာမ

Photo- ဒီကေလးေတြေပါ့ ကိုယ့္ကေလးေတြ ❤