[Unicode]

ကျောင်းသားတွေရဲ့ အခန်းကဏ္ဍတွေ၊ ဦးဆောင်နိုင်စွမ်းတွေ၊ ရဲရင့်မှုတွေကို မီးမောင်းထိုးပြခဲ့တဲ့ ၈၈ အရေးတော်ပုံနဲ့ ဆက်စပ်ရင်း ကျောင်းသား၊သူတွေရဲ့ ဦးဆောင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မယ့်၊ တာဝန်ယူလိုစိတ်ကို တွန်းတင်ပေးမယ့်၊ ပူးပေါင်းလုပ်ဆောင်မှုတွေ တိုးတက်စေမယ့်၊ လုပ်ငန်းလေးတစ်ခု မျှဝေချင်ပါတယ်။ ကျောင်းသား ကောင်စီလို့ခေါ်ပါတယ်။ ဥပမာ နှစ်ခု မျှဝေပါ့မယ်။

ထိုင်းနိုင်ငံမှ ကျောင်းသားကောင်စီ

 – ၂၀၀၉ ခုနှစ်၊ ထိုင်းက Moo Baan Dek ဆိုတဲ့ ကျောင်းလေးမှာ စာသင်ပါတယ်။ မိဘမဲ့ကလေး၊ ဆင်းရဲနွမ်းပါးတဲ့ကလေးတွေကို များမတူတဲ့ သင်ယူမှုနည်းစနစ်တွေနဲ့ သင်ပေးလို့ အရမ်းနာမည် ကြီးတဲ့ ကျောင်းလေး တစ်ကျောင်းပေါ့။ ကျောင်းရဲ့ ထူးခြားချက်က သင်ကြားနည်းစနစ်တွေတင်မဟုတ်ဘဲ ကျောင်းနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေကို ကလေးတွေ ပါဝင်ဆုံးဖြတ်ခွင့်ရတာပါ။ ကျောင်းမှာရှိတဲ့ ဆရာ၊မ ကလေး အားလုံးကို ရောပြီး အဖွဲ့တွေ ဖွဲ့ပေးပါတယ်။ အပတ်စဉ် တစ်ဖွဲ့စီက ဦးဆောင်ပြီး ဆွေးနွေးပွဲ ကျင်းပပါတယ်။ ဆွေးနွေးပွဲကို ဦးဆောင် မေးပြီးဆွေးနွေးမယ့်သူက အဖွဲ့ဝင် ဆရာ၊မ ဆိုတာထက် ကလေးတွေများပါတယ်။ ဆွေးနွေးတဲ့အခါ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးအကြောင်း၊ ကလေးတွေကို ဆရာ၊မတွေက ပြုမူတဲ့ပုံ၊ ကလေးအချင်းချင်းကြားက ဖြစ်တဲ့ပြဿနာ၊ ကျောင်းရဲ့ စီမံချက် စတဲ့ အဖွဲ့ဝင်တွေ ဆွေးနွေးချင်တဲ့ အကြောင်းရင်းကို ဆွေးနွေးရပါတယ်။ တစ်ခုခု ဆုံးဖြတ်ချက်ချမယ်ဆိုရင် Voting စနစ်နဲ့ ရွေးချယ်ပြီး တစ်ခါတည်း ဖြေရှင်းရပါတယ်။ ဒီလိုနည်းနဲ့ ကလေးတွေကို ဦးဆောင်နိုင်အောင်၊ တာဝန်ယူနိုင်အောင် သင်ပေးပါတယ်။ 

ကမ္ဘောဒီးယားမှ ကျောင်းသား ကောင်စီ

 – ၂၀၁၇ ထဲမှာ ဘကဆရာတော်ဘုရားတွေနဲ့အတူ ကမ္ဘောဒီးယားကို ကျောင်းလေ့လာရေးလိုက်သွားခဲ့ပါတယ်။ ကျွန်မအတွက် အကြိုက်ဆုံးကတော့ ကျောင်းသားကောင်စီပါပဲ။ သူတို့ရဲ့ ကျောင်းသားကောင်စီက သင်ယူမှုကို ဦးစားပေးပါတယ်။ ပုံစံက- ကျောင်းသားတွေကို အဖွဲ့တွေခွဲပါတယ်။ ခွဲတဲ့အခါ သူတို့ စိတ်ပါဝင်စားတဲ့ ခေါင်းစဉ်တွေအတွက်ခွဲပါတယ်။ ဥပမာ အားကစား၊ စိုက်ပျိုးရေး၊ စာဖတ်ခြင်း။ ကလေးတွေက အဖွဲ့ခွဲပြီးပြီဆိုရင် သူတို့ စိတ်ဝင်စားတဲ့ ခေါင်းစဉ်တွေကို အခြားကလေးတွေလည်း အပတ်စဉ် (သို့) တစ်လတစ်ခါ ပုံမှန်လုပ်နိုင်အောင် ပံ့ပိုးဖို့လုပ်ငန်းတွေ စဉ်းစားရပါတယ်။ ဥပမာ စာဖတ်ခြင်းကို ဦးစားပေးပြီးလုပ်မယ့် အဖွဲ့က တစ်ပတ်တစ်ခါ စာဖတ်ဝိုင်းလုပ်ဖို့ ဦးဆောင်တာမျိုးပေါ့။ အဲဒီလိုမျိုး လုပ်ငန်း စဉ်းစားပြီးရင် ဆရာ၊မကိုလာပြီး ပြောရပါတယ်။ ဆရာ၊မရဲ့ အကြံပြုချက်တွေကို နားထောင်၊ထည့်သွင်းစဉ်းစားပြီးရင် သူတို့ရဲ့ စိတ်ကူးတွေကို အကောင်ထည်ဖေါ်လို့ရပါပြီ။ သူတို့က ဒီလို ကျောင်းသား ကောင်စီတွေကို မူလတန်းကျောင်းတွေမှာပါလုပ်ပါတယ်။ ကလေးတွေရဲ့ ဦးဆောင်နိုင်စွမ်း၊ တာဝန်ယူလိုစိတ်တွေတိုးတက်လာတယ်လို့ဆိုပါတယ်။

ကျွန်မပြောတဲ့ ကျောင်းသားကောင်စီမျိုးကို ကလေးတွေနဲ့တင်မကပဲ ဆရာ၊မ တွေနဲ့ပါ လုပ်ကြည့်ဖူူးပါတယ်။ နေ့စဉ်ဘဝမှာ လိုအပ်တဲ့  တာဝန်ယူမှု၊ ဦးဆောင်နိုင်စွမ်းနဲ့ ပူးပေါင်းလုပ်ဆောင်မှု စတဲ့ ကျွမ်းကျင်မှုတွေ တိုးတက်လာတာကိုတွေ့ရပါတယ်။

ကျောင်းမှာ ရှိတဲ့ ဆရာ၊မတွေဆိုရင်လည်း ကိုယ်အားသန်ရာလေးတွေကို အခြားသူတွေနဲ့ ပုံမှန်မျှဝေပေးလို့ရတာပဲ။ မိသားစုတွေထဲမှာလည်း မေမေရယ်၊ ဖေဖေရယ်၊ သားသားမီးမီးတွေရယ် တူတူ လုပ်လို့ရတာပဲ။ မိသားစု ကောင်စီပုံစံမျိုးလေး လုပ်တဲ့ သူငယ်ချင်း မိသားစုရှိတယ်။ ကလေးတွေကလည်း သူတို့ကိုယ်သူတို့ အရေးပါတဲ့မိသားစုဝင်တွေဖြစ်တယ်ဆိုတဲ့ခံစားချက် တိုးလာတဲ့အပြင် မိသားစုကို ပိုတန်ဖိုးထားတာတွေ့ရတယ်။

ကဲ ဘယ်နိုင်ငံက ကျောင်းသားကောင်စီကို ပိုသဘောကျလဲ၊ ဘာကြောင့်လဲ။

၀၇-၀၈-၂၀၁၈

Sayarma-ဆရာမ

[Zawgyi]

ေက်ာင္းသားေတြရဲ႕ အခန္းက႑ေတြ၊ ဦးေဆာင္နုိင္စြမ္းေတြ၊ ရဲရင့္မွဳေတြကို မီးေမာင္းထိုးျပခဲ႕တဲ့ ၈၈ အေရးေတာ္ပံုနဲ႕ ဆက္စပ္ရင္း ေက်ာင္းသား၊သူေတြရဲ႕ ဦးေဆာင္နုိင္စြမ္းကို ျမွင့္တင္ေပးနုိင္မယ့္၊ တာဝန္ယူလိုစိတ္ကို တြန္းတင္ေပးမယ့္၊ ပူးေပါင္းလုပ္ေဆာင္မွဳေတြ တိုးတက္ေစမယ့္၊ လုပ္ငန္းေလးတစ္ခု မွ်ေဝခ်င္ပါတယ္။ ေက်ာင္းသား ေကာင္စီလို႕ေခၚပါတယ္။ ဥပမာ ႏွစ္ခု မွ်ေဝပါ့မယ္။

ထုိင္းနုိင္ငံမွ ေက်ာင္းသားေကာင္စီ

 – ၂၀၀၉ ခုႏွစ္၊ ထုိင္းက Moo Baan Dek ဆိုတဲ့ ေက်ာင္းေလးမွာ စာသင္ပါတယ္။ မိဘမဲ့ကေလး၊ ဆင္းရဲႏြမ္းပါးတဲ့ကေလးေတြကို မ်ားမတူတဲ့ သင္ယူမွဳနည္းစနစ္ေတြနဲ႕ သင္ေပးလို႕ အရမ္းနာမည္ ၾကီးတဲ့ ေက်ာင္းေလး တစ္ေက်ာင္းေပါ့။ ေက်ာင္းရဲ့ ထူးျခားခ်က္က သင္ၾကားနည္းစနစ္ေတြတင္မဟုတ္ဘဲ ေက်ာင္းနဲ႕ဆိုင္တဲ့ ဆံုးျဖတ္ခ်က္ေတြကို ကေလးေတြ ပါဝင္ဆံုးျဖတ္ခြင့္ရတာပါ။ ေက်ာင္းမွာရွိတဲ့ ဆရာ၊မ ကေလး အားလံုးကို ေရာျပီး အဖြဲ႕ေတြ ဖြဲ႕ေပးပါတယ္။ အပတ္စဥ္ တစ္ဖြဲ႕စီက ဦးေဆာင္ျပီး ေဆြးေႏြးပြဲ က်င္းပပါတယ္။ ေဆြးေႏြးပြဲကို ဦးေဆာင္ ေမးျပီးေဆြးေႏြးမယ့္သူက အဖြဲ႕ဝင္ ဆရာ၊မ ဆိုတာထက္ ကေလးေတြမ်ားပါတယ္။ ေဆြးေႏြးတဲ့အခါ ေက်ာင္းပတ္ဝန္းက်င္ သန္႕ရွင္းေရးအေၾကာင္း၊ ကေလးေတြကို ဆရာ၊မေတြက ျပဳမူတဲ့ပံု၊ ကေလးအခ်င္းခ်င္းၾကားက ျဖစ္တဲ့ျပႆနာ၊ ေက်ာင္းရဲ့ စီမံခ်က္ စတဲ့ အဖြဲ႕ဝင္ေတြ ေဆြးေႏြးခ်င္တဲ့ အေၾကာင္းရင္းကို ေဆြးေႏြးရပါတယ္။ တစ္ခုခု ဆံုးျဖတ္ခ်က္ခ်မယ္ဆိုရင္ Voting စနစ္နဲ႕ ေရြးခ်ယ္ျပီး တစ္ခါတည္း ေျဖရွင္းရပါတယ္။ ဒီလိုနည္းနဲ႕ ကေလးေတြကို ဦးေဆာင္နိုင္ေအာင္၊ တာဝန္ယူနိုင္ေအာင္ သင္ေပးပါတယ္။ 

ကေမာၻဒီးယားမွ ေက်ာင္းသား ေကာင္စီ

 – ၂၀၁၇ ထဲမွာ ဘကဆရာေတာ္ဘုရားေတြနဲ႕အတူ ကေမာၻဒီးယားကို ေက်ာင္းေလ့လာေရးလိုက္သြားခဲ့ပါတယ္။ ကၽြန္မအတြက္ အၾကိဳက္ဆံုးကေတာ့ ေက်ာင္းသားေကာင္စီပါပဲ။ သူတို႕ရဲ့ ေက်ာင္းသားေကာင္စီက သင္ယူမွုကို ဦးစားေပးပါတယ္။ ပံုစံက- ေက်ာင္းသားေတြကို အဖြဲ႕ေတြခြဲပါတယ္။ ခြဲတဲ့အခါ သူတို႕ စိတ္ပါဝင္စားတဲ့ ေခါင္းစဥ္ေတြအတြက္ခြဲပါတယ္။ ဥပမာ အားကစား၊ စိုက္ပ်ိဳးေရး၊ စာဖတ္ျခင္း။ ကေလးေတြက အဖြဲ႕ခြဲျပီးျပီဆိုရင္ သူတို႕ စိတ္ဝင္စားတဲ့ ေခါင္းစဥ္ေတြကို အျခားကေလးေတြလည္း အပတ္စဥ္ (သို႕) တစ္လတစ္ခါ ပံုမွန္လုပ္နိုင္ေအာင္ ပံ့ပိုးဖုိ႕လုပ္ငန္းေတြ စဥ္းစားရပါတယ္။ ဥပမာ စာဖတ္ျခင္းကို ဦးစားေပးျပီးလုပ္မယ့္ အဖြဲ႕က တစ္ပတ္တစ္ခါ စာဖတ္ဝိုင္းလုပ္ဖို႕ ဦးေဆာင္တာမ်ိဳးေပါ့။ အဲဒီလိုမ်ိဳး လုပ္ငန္း စဥ္းစားျပီးရင္ ဆရာ၊မကိုလာျပီး ေျပာရပါတယ္။ ဆရာ၊မရဲ့ အၾကံျပဳခ်က္ေတြကို နားေထာင္၊ထည့္သြင္းစဥ္းစားျပီးရင္ သူတို႕ရဲ့ စိတ္ကူးေတြကို အေကာင္ထည္ေဖၚလို႕ရပါျပီ။ သူတို႕က ဒီလို ေက်ာင္းသား ေကာင္စီေတြကို မူလတန္းေက်ာင္းေတြမွာပါလုပ္ပါတယ္။ ကေလးေတြရဲ႕ ဦးေဆာင္နုိင္စြမ္း၊ တာဝန္ယူလိုစိတ္ေတြတိုးတက္လာတယ္လို႕ဆိုပါတယ္။

ကၽြန္မေျပာတဲ့ ေက်ာင္းသားေကာင္စီမ်ိဳးကို ကေလးေတြနဲ႕တင္မကပဲ ဆရာ၊မ ေတြနဲ႕ပါ လုပ္ၾကည့္ဖူူးပါတယ္။ ေန႕စဥ္ဘဝမွာ လိုအပ္တဲ့  တာဝန္ယူမွဳ၊ ဦးေဆာင္နိုင္စြမ္းနဲ႕ ပူးေပါင္းလုပ္ေဆာင္မွဳ စတဲ့ ကၽြမ္းက်င္မွဳေတြ တိုးတက္လာတာကိုေတြ႕ရပါတယ္။

ေက်ာင္းမွာ ရွိတဲ႕ ဆရာ၊မေတြဆိုရင္လည္း ကိုယ္အားသန္ရာေလးေတြကို အျခားသူေတြနဲ႕ ပံုမွန္မွ်ေဝေပးလို႕ရတာပဲ။ မိသားစုေတြထဲမွာလည္း ေမေမရယ္၊ ေဖေဖရယ္၊ သားသားမီးမီးေတြရယ္ တူတူ လုပ္လို႕ရတာပဲ။ မိသားစု ေကာင္စီပံုစံမ်ိဳးေလး လုပ္တဲ့ သူငယ္ခ်င္း မိသားစုရွိတယ္။ ကေလးေတြကလည္း သူတို႕ကိုယ္သူတို႕ အေရးပါတဲ့မိသားစုဝင္ေတြျဖစ္တယ္ဆိုတဲ့ခံစားခ်က္ တိုးလာတဲ့အျပင္ မိသားစုကို ပိုတန္ဖိုးထားတာေတြ႕ရတယ္။

ကဲ ဘယ္နိုင္ငံက ေက်ာင္းသားေကာင္စီကို ပိုသေဘာက်လဲ၊ ဘာေၾကာင့္လဲ။

၀၇-၀၈-၂၀၁၈ Sayarma-ဆရာမ