[Unicode]
မိဘဖြစ်ဖြစ်၊ ကျောင်းဆရာ၊မဖြစ်ဖြစ် ကိုယ့်ကလေး၊ ကိုယ့်အတန်းက ကလေး အားလုံးကို ကျမ်းမာစေချင်ကြတယ်၊ ပညာတတ်ကြီးတွေ ဖြစ်စေချင်ကြတယ်၊ တော်စေ တတ်စေချင်ကြတယ်။ ကျွန်မ ဒီနေ့ မျှဝေချင်တာကတော့ ပညာတော်သော ပညာတတ်သော ကျမ်းမာသော လူကြီးတွေအဖြစ် ကြီးပြင်းစေဖို့ ကလေးတွေကို ငယ်ကတည်းက မိဘတွေ၊ ဆရာ၊မတွေအနေနဲ့ ကူညီပံ့ပိုးပေးနိုင်မယ့် အချက်တွေပါပဲ။
ကလေးတွေ အရွယ်ရောက်တဲ့အခါ ပညာတတ်သော၊ ကျမ်းမာပျော်ရွှင်သော လူကြီးတွေဖြစ်ဖို့ဆိုတာမှာ ထည့့်သွင်းစဉ်းစားစရာတွေက အများကြီးပါပဲ။ ဒါပေမယ့် အရေးကြီးတဲ့ ၃ ခုကို မျှဝေချင်ပါတယ်။ ကလေးတွေမှာ ၁) တက်ကြွတဲ့ ဘဝ နေထိုင်မှုပုံစံ (Active lifestlye)၊ ၂) တက်ကြွတဲ့ အတွေးအခေါ် (Active and mindful thinking) ၊ ၃) အပြုသဘောစိတ်နေစိတ်ထား (Positive Attitude) တွေရှိဖို့လိုပါတယ်။ လွယ်လွယ်ပြောရင်တော့ ကိုယ်စိတ်နှလုံး (၃)သုံးပါးလုံး တက်ကြွပျော်ရွှင်ပါမှ ကလေးတွေ ပညာတော်ပြီး ကျမ်းမာပျော်ရွှင်မယ်။
၁) တက်ကြွတဲ့ နေထိုင်မှုပုံစံဆိုတာ …….
လေးလံထိုင်းမှိုင်းမှု မရှိဘဲ၊ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ လှုပ်ရှားမှုတွေ ရှိအောင် နေထိုင်ခြင်းကို ဆိုလိုတာပါ။ အဲ့ဒီ့လှုပ်ရှားမှုတွေကနေတစ်ဆင့် ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်ကူပြုပါတယ်။ အထောက်အကူပြုတဲ့အတွက် ကစားချိန်မှာ ကောင်းကောင်းကစားရတဲ့ကလေးတွေနဲ့ ကစားခွင့်မရတဲ့ကလေးတွေကို ယှဉ်ကြည့်ရင် ကစားချိန်မှာ ကောင်းကောင်းကစားပြီး စာကို လေ့လာနိုင်တဲ့သူတွေက တီထွင်ဖန်တီးနိုင်စွမ်းတွေ၊ လုပ်ဆောင်နိုင်စွမ်းတွေပိုသာတာ တွေ့ရပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ လှုပ်ရှားမှုတွေရအောင် အပိုင်းနှစ်ပိုင်းလုပ်လို့ရပါတယ်။ (ကျွန်မနဲ့ Renee ရဲ့ ဆွေးနွေးထားတဲ့ videoထဲမှာလည်း သိနိုင်ပါတယ်) ကလေးတွေကို စနစ်တကျ အားကစားလုပ်နိုင်ဖို့ ကူညီပေးတာရယ်၊ ကလေးတွေကို လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာ ကစားစေတာပါ။
ပထမတစ်ပိုင်းကတော့ ဘောလုံး၊ ကြက်တောင်ရိုက်၊ အေရိုးဗစ်ကစားခြင်း၊ ဘောလီဘောပုတ်ခြင်း၊ ယောဂလုပ်ခြင်း စတဲ့ လေ့ကျင့်ခန်း၊အားကစားလို့ သတ်မှတ်ထားတဲ့ နည်းလမ်းတွေကို စနစ်တကျ သင်ကြားပေးပြီး ကစားခွင့် ပုံမှန်ပြုခြင်းအားဖြင့် ကလေးတွေ ကျမ်းမာတဲ့ ကိုယ်ခန္ဓာအတွက် လိုအပ်မယ့် လှုပ်ရှားမှုတွေကို ပေးတာပါ။ (အပိုဆုလာဒ်အနေနဲ့ အသင်းအဖွဲ့နဲ့ အလုပ်လုပ်ဆောင်တတ်တာ၊ အားကစား စိတ်ဓါတ်တိုးတက်လာတာတွေလည်း ကြုံရမှာပါ။) ။ ကျောင်းတွေမှာ အားကစားချိန်တွေထည့်ပေးတာမျိုး၊ ကိုယ်တတ်တဲ့ အားကစားတစ်ခုခုကလေးတွေကို သင်ပေးတာမျိုး၊ ကလေးအချင်းချင်း ပြန်သင်ပေးခိုင်းတာမျိုးတွေက အထောက်ကူပြုပါတယ်။
ဒုတိယအပိုင်းကတော့ အားကစားလို စနစ်တကျ လုပ်ပေးတာမဟုတ်ပေမယ့် တစ်နေ့တာအတွက် လိုအပ်တဲ့ လှုပ်ရှားမှုကိုရအောင် လမ်းလျှောက်ခိုင်းတာမျိုး၊ လွတ်လွတ်လပ်လပ် ပြေးလွှားဆော့ကစားချိန် သတ်မှတ်ပေးတာမျိုး ကို ဆိုလိုတာပါ။ အိမ်နဲ့ ကျောင်းနဲ့နီးရင် စက်ဘီး၊ဆိုင်ကယ်နဲ့ လိုက်ပို့မယ့်အစား ခြေလျှင်လိုက်ပို့ပေးတာမျိုး (လမ်းသွားရင်း ကလေးနဲ့ စကားပြောလို့ရတဲ့အတွက် ကလေးနဲ့ ပိုပြီးလည်း ရင်းနှီးမှုတည်ဆောက်လို့ရပါတယ်)၊ လှေကားတက်ဖို့ အဆင်ပြေရင် ဓါတ်လှေကားအစား လှေကားအသုံးပြုခိုင်းတာမျိုးပေါ့။ စာသင်ခန်းထဲက သင်ခန်းစာတွေက တစ်ချိန်လုံး ထိုင်ပြီး စာရေး စာဖတ်နေတာမျိုးထက် အဖွဲ့လိုက် ဆွေးနွေးဝိုင်းမျိုးလေးတွေ၊ အတန်းထဲမှာ လှုပ်ရှားရတဲ့ သင်ယူမှုလုပ်ငန်းတွေကလည်း ကလေးတွေအတွက် အထောက်ကူပြုပါတယ်။
တက်ကြွလှုပ်ရှားမှုကို အထောက်ကူပြုစေတဲ့ ကျမ်းမာစေသော အစားအစာတွေနဲ့ အိပ်ချိန်မှန်ခြင်းတွေကိုလည်း သတိပြုစေချင်ပါတယ်။ တက်ကြွရမယ်ဆိုပြီး တစ်ချိန်လုံးလွှတ်ထားလို့မရပါ။ သူ့အချိန်နဲ့သူ သတ်မှတ်ထားပေးပါ။
၂) တက်ကြွတဲ့ အတွေးခေါ် ဆိုတာ ……
လက်ရှိအခြေအနေ၊ ပစ္စုပ္ပါန်မှာ နေပြီး ကိုယ့်ရှေ့ရောက်လာတဲ့ ပြဿနာ၊ ကိုယ့်ကိုမေးလာတဲ့ မေးခွန်း၊ ကိုယ်လုပ်ဆောင်ရမယ့် အရာတွေအပေါ်မှာ ဝေဖန်ပိုင်းခြားစဉ်းစားနိုင်မှုမျိုးကို ဆိုလိုတာပါ။ ခွဲခြမ်းကြည့်မယ်ဆိုရင် အဓိက နှစ်ပိုင်း ရှိပါတယ်။ ပစ္စုပ္ပါန်မှာ နေထိုင်တာနဲ့ ဝေဖန်ပိုင်းခြား စဉ်းစားနိုင်တာပေါ့။
ဖြေရမယ့်စာမေးပွဲကို တစ်ချိန်လုံးတွေးကြောက်နေရတာထက် ပစ္စုပ္ပါန်သင်နေတဲ့ သင်ခန်းစာကို အလေးထားပြီးဆွေးနွေးသင်ယူတာက ကလေးအတွက် ပိုတတ်လွယ်ပါတယ်။ ဒါမှမဟုတ် ကလေးတစ်ယောက်ရဲ့ ဖြစ်ပျက်ခဲ့ပြီးသော အရင်က မရခဲ့တဲ့စာတွေအပေါ်၊ မလုပ်သင့်ခဲ့တဲ့ လုပ်ရပ်အပေါ်မှာ ဖိပြီးပြောနေတာထက် လက်ရှိ သင်ပေးနေတဲ့ စာကို ဘယ်လို နားလည်အောင် ရှင်းပြမလဲ၊ ဘယ်လို ကူညီမလဲဆိုတာမျိုးကို ပိုကြည့်သင့်ပါတယ်။ ပစ္စုပ္ပါန်ကို တည့်တည့်ကြည့်ပြီး စာလေ့လာ လာတဲ့ ကလေးမျိုးတွေဟာ အနာဂါတ်ကို တွေးပြီး မလုပ်ရဲတာမျိုး၊ ဖြစ်ခဲ့တာတွေ ပြန်ပြီး စိတ်ပူပြီး ရှေ့မဆက်ရဲတာမျိုး သိပ်မဖြစ်တော့ဘဲ လက်ရှိအခြေအနေကို အကောင်းဆုံး ရှုမြင်သုံးသပ်နိုင်တယ်၊ လက်ရှိအခြေအနေကို ဘယ်လို ကောင်းအောင် လုပ်မလဲဆိုတာ ကောင်းကောင်းတွေးခေါ်နိုင်တယ်။ ပစ္စုပ္ပါန်ကိုပဲ ရှေးရှုနိုင်အောင် ဆရာ၊မတွေ မိဘတွေကလည်း လက်ရှိအခြေအနေကိုပဲ အဓိကထားဖို့လိုသလို၊ တရားထိုင်ခိုင်းခြင်း/ကလေးများရဲ့ စိတ်ကို အပန်းဖြေစေမယ့် လုပ်ငန်းမျိုးပေးခြင်းများ ပြုလုပ်ပေးနိုင်ပါတယ်။
ဒုတိယအပိုင်းဖြစ်တဲ့ ဝေဖန်ပိုင်းခြားစဉ်းစားခြင်းဆိုတာ အကြောင်းအရာတစ်ခုအပေါ်မှာ သေချာ ဝေဖန်၊ သုံးသပ်၊ ခွဲခြမ်း၊စိတ်ဖြာ ပြီး ဘက်စုံ ထောင်စုံကနေတွေးတတ်တာပါ။ စိတ်က တွေးခေါ်နိုင်မှုဟာ ချွန်လေ ထက်လေ၊ တွေးလေ တက်လေပါပဲ။ စိတ်က ထူးဆန်းတယ်၊ တွေးနေမကျတော့ဘူးဆိုရင် မတွေးတတ်တော့ဘူး။ ဒါမေး ဒါဖတ် ဒါကျက်ဆိုတာဟာ ကလေးတွေရဲ့ တွေးခေါ်မှု၊ တီထွင်ကြံဆမှုတွေကို အကူညီမပေးနိုင်ပါဘူး။ သိဖို့လိုတယ်၊ မှတ်မိဖို့လိုတယ်ဆိုတဲ့ အချက်တွေကို မှတ်မိဖို့ကြိုးစားဖို့ လိုပေမယ့် အရာအားလုံး ၏သည်မရွေး (တစ်ကယ်လည်း နားမလည်ဘဲနဲ့) ကျက်နေရတာဆိုရင်တော့ အဲ့ဒီ့ကလေးတွေမှာ တက်ကြွတဲ့ အတွေးအခေါ်မရှိတော့ပါဘူး။ တွေးနေမကျတဲ့ကလေးတွေဟာ ကြီးလာတဲ့အခါ အချက်အလက်တွေကို မှတ်မိမှ လုပ်လို့ရတဲ့လုပ်ငန်း၊ သူများခိုင်းသမျှ အကုန်လိုက်လုပ်ရတဲ့ လုပ်ငန်းမျိုးမှာပဲ ဝဲလည်လည်ဖြစ်ကြတာပါပဲ။ ဝေဖန်ပိုင်းခြားစဉ်းစားနိုင်ဖို့ ကလေးတွေကို တွေးခေါ်စေတဲ့မေးခွန်းမျိုးများများမေးပေးဖို့လိုတယ်၊ သူတို့မေးတဲ့ မေးခွန်းတွေကိုလည်း သိရင်သိသလောက်ဖြေပြီး မသိရင်လည်း ပွင့်ပွင့်လင်းလင်း မသိကြောင်းပြောပြီး အတူတူ အဖြေရှာဖို့လိုတယ်။
၃) အပြုသဘော စိတ်နေသဘောထား ဆိုတာ……
ဖြစ်လာတဲ့အခြေအနေတွေ၊ ကြုံနေရတဲ့ အတွေ့အကြုံတွေအပေါ်မှာ အကောင်းမြင်စိတ်ခံစားပြီး သင်ယူစရာရှာဖွေတတ်တယ်လို့ ကျွန်မအဓိပ္ပါယ်ဖွင့်ချင်ပါတယ်။ လူတွေမှာ အပြုသဘောဆောင်တဲ့ စိတ်နေသဘောထား/ခံစားချက်နဲ့ အပြုသဘောမဆောင်သော (မကောင်းမြင်သော) စိတ်နေသဘောထား/ခံစားချက်တွေရှိနေတတ်တယ်။ ကိုယ်က ကောင်းတာပိုတွေးပြီး အကောင်းဖက်က ခံစားလေ့ရှိရင် ကိုယ်က အမြဲတမ်း စိတ်ချမ်းသာပြီး အပြုသဘောဆောင်တဲ့ စိတ်နဲ့ နေရတတ်ပြီး အမြဲ အပြုသဘောမတွေးဘဲ မကောင်းမြင်တယ်၊ မကောင်းတာဘဲ တွေးတယ်ဆိုရင် ဘဝဟာ စိတ်ချမ်းသာခြင်း စိတ်သုဉ်းပြီး အမြဲ အဆိုးမြင်နေလေ့ရှိတယ်။ အလုပ်ခွင်ထဲမှာ အမြဲ မကောင်းပြောတတ်တတ်တဲ့သူထက် အကောင်းမြင်ပြီး သင်ယူစရာရှာဖွေတတ်တဲ့သူတွေက ပိုအောင်မြင်ပြီး၊ ကိုယ့်လုပ်ဖေါ်ကိုင်ဖက်တွေကလည်း ပိုပေါင်းသင်းချင်ကြပါတယ်။
အပြုသဘောစိတ်နေသဘောထားမှာ နှစ်ပိုင်းပါပါတယ်။ အပြုသဘော စိတ်ခံစားချက်နဲ့ သင်ယူလိုတဲ့ စိတ်နေသဘောထားပေါ့။ အပြုသဘောစိတ်ခံစားချက်ဆိုတာ ဖြစ်လာသမျှအရာအားလုံးရဲ့ ကောင်းကွက်ကို မြင်တယ်၊ ဘယ်လို ပြုပြင်လိုက်ရင် ပိုကောင်းသွားမလဲဆိုတာ စဉ်းစားတယ်။ သင်ယူလိုစိတ်ဆိုတာက ကိုယ့်လုပ်ရပ်/သူများလုပ်ရပ်တွေကနေ သင်ယူစရာကိုရှိပြီး ပိုတိုးတက်ရာ တိုးတက်ကြောင်းကိုတွေးတယ်။ ဥပမာ အမှားလုပ်ရင်တောင် ဘယ်အကြောင်းအရင်းက မှားစေတာလဲ၊ ဘယ်လို လုပ်လိုက်ရင် မှန်သွားနိုင်မလဲ၊ နောက်တစ်ခါ မမှားအောင် ဘာတွေသင်ယူဖို့လိုသလဲဆိုတာမျိုးတွေးတာပေါ့။
ကလေးတွေကို အပြုသဘောဆောင်တဲ့ စိတ်နေသဘောထားရှိဖို့ဆိုရင် မှားတိုင်း ဆူတာထက်၊ သူတို့မှားတဲ့အမှားကနေ ဘာတွေသင်ယူလို့ရသလဲ၊ နောင်မမှားအောင် ဘာလုပ်သင့်လဲ၊ ဘယ်လိုပိုကောင်းအောင်လုပ်မလဲဆိုတာမျိုး မေးပြီး ကူညီပေးသင့်ပါတယ်။ ကလေးတွေဟာ ကောင်းတဲ့အရာတွေကို ပိုကောင်းအောင် တွန်းအားပေးသလို မှားသွားတဲ့အခါမှာ ကြောက်စရာမလိုဘဲ အမှားကနေ အမှန်ပြင်နိုင်အောင် သင်ယူဖို့ တွန်းအားပေးရင် အပြုသဘောတဲ့ စိတ်နေသဘောထားတွေရနိုင်ပါတယ်။
အချုပ်အနေနဲ့ကတော့ စာတော်ဖို့ဆိုတာ ကျောင်းနေပျာ်ဖို့လည်း လိုသေးတယ်။ ကျောင်းနေမပျော်ရင် စာလည်း တော်မှာမဟုတ်ပါဘူး။ ကျောင်းဆိုတာ ရုပ်ဝတ္ထု ကျောင်းအဆောက်အဦထက် ပညာသင်ယူမှုကို ဆိုလိုချင်တာပါ။ ပညာသင်ယူရာမှာ ပျော်ရွှင်မှ ပညာတတ်မယ်။ ပညာတော်မယ်။ ပညာတော်ဖို့တက်ဖို့၊ သင်ယူရာမှာ ပျော်ရွှင်ဖို့ ကိုယ်ခန္ဓာ ကျမ်းမာရေး၊ တွေးခေါ်နိုင်တဲ့စိတ်နဲ့ အပြုသဘောဆောင်တဲ့ စိတ်ထားတွေလိုအပ်ပါတယ်။ ကိုယ်စိတ်နှလုံး သုံးပါးလုံးအတွက် အထောက်ကူပြုတဲ့ ပညာရေးစနစ်တစ်ခုကနေ ကြီးပြင်းလာစေချင်တယ်ဆိုရင် မိဘတွေ၊ ဆရာ၊မတွေကိုယ်တိုင်က စံပြ၊ရှေ့ဆောင်ကောင်းတွေအနေနဲ့ လမ်းပြ ကူညီဖို့လိုပါတယ်။ မမေ့ပါနဲ့နော် ပညာတတ်ကြီးတွေဖြစ်ဖို့ဆိုတာ ဟချလောင်းဆိုပြီး မှော်ပညာနဲ့ လုပ်လို့မရပါ။ ချွေးတွေ၊ အချိန်တွေ၊ စိတ်ရှည် သည်းခံမှုတွေနဲ့ စေတနာ၊မေတ္တာတွေ ပါမှဖြစ်မှာပါ။
မေတ္တာဖြင့်…
Sayarma-ဆရာမ
မှတ်ချက်။ ။ ကျွန်မပြောထားတဲ့ ကဏ္ဍတစ်ခုချင်းစီအတွက် အသေးစိတ်ဆွေးနွေးမယ်ဆိုရင် အများကြီးချဲ့ပြီး ဆွေးနွေးနိုင်ပါသေးတယ်။ အခုကို စာကတော်တော်ရှည်နေပြီမို့ လောလောဆယ်မှာ အမြည်းလေးအဖြစ် ဒီလောက်နဲ့ ကျေနပ်ပေးကြပါနော်။ နောက်ထပ်အသေးစိတ်တစ်ခုချင်းစီကို ရေးပေးပါ့မယ်။
အပတ်စဉ် စနေနေ့တိုင်း ပို့စ်တင်လေ့ရှိပေမယ့် မွေးနေ့နဲ့တိုက်သွားတာရော အိမ်မှာ ကိစ္စလေးတွေရှိနေတာကြောင့် နောက်ကျသွားပါတယ်။ နောက်တစ်ပတ်တွေမှာတော့ အချိန်မှီတင်ပါ့မယ်။ ဖတ်ပေးတဲ့ကျေးဇူးအများကြီးတင်ပါတယ်။
ကျွန်မကို အိုင်ဒီယာအချို့ပေးခဲ့သော စာညွှန်းများ..
[Zawgyi]
မိဘျဖစ္ျဖစ္၊ ေက်ာင္းဆရာ၊မျဖစ္ျဖစ္ ကိုယ့္ကေလး၊ ကိုယ့္အတန္းက ကေလး အားလံုးကို က်မ္းမာေစခ်င္ၾကတယ္၊ ပညာတတ္ၾကီးေတြ ျဖစ္ေစခ်င္ၾကတယ္၊ ေတာ္ေစ တတ္ေစခ်င္ၾကတယ္။ ကၽြန္မ ဒီေန႕ မွ်ေဝခ်င္တာကေတာ့ ပညာေတာ္ေသာ ပညာတတ္ေသာ က်မ္းမာေသာ လူၾကီးေတြအျဖစ္ ၾကီးျပင္းေစဖို႕ ကေလးေတြကို ငယ္ကတည္းက မိဘေတြ၊ ဆရာ၊မေတြအေနနဲ႕ ကူညီပံ့ပိုးေပးနုိင္မယ့္ အခ်က္ေတြပါပဲ။
ကေလးေတြ အရြယ္ေရာက္တဲ့အခါ ပညာတတ္ေသာ၊ က်မ္းမာေပ်ာ္ရႊင္ေသာ လူၾကီးေတြျဖစ္ဖို႕ဆိုတာမွာ ထည့္႕သြင္းစဥ္းစားစရာေတြက အမ်ားၾကီးပါပဲ။ ဒါေပမယ့္ အေရးၾကီးတဲ႕ ၃ ခုကို မွ်ေဝခ်င္ပါတယ္။ ကေလးေတြမွာ ၁) တက္ၾကြတဲ႕ ဘဝ ေနထိုင္မွဳပံုစံ (Active lifestlye)၊ ၂) တက္ၾကြတဲ႕ အေတြးအေခၚ (Active and mindful thinking) ၊ ၃) အျပဳသေဘာစိတ္ေနစိတ္ထား (Positive Attitude) ေတြရွိဖို႕လိုပါတယ္။ လြယ္လြယ္ေျပာရင္ေတာ့ ကိုယ္စိတ္ႏွလံုး (၃)သံုးပါးလံုး တက္ၾကြေပ်ာ္ရႊင္ပါမွ ကေလးေတြ ပညာေတာ္ျပီး က်မ္းမာေပ်ာ္ရႊင္မယ္။
၁) တက္ၾကြတဲ့ ေနထုိင္မွဳပံုစံဆိုတာ …….
ေလးလံထုိင္းမွိဳင္းမွု မရွိဘဲ၊ ကိုယ္ခႏၶာအတြက္ လိုအပ္တဲ့ လွဳပ္ရွားမွဳေတြ ရွိေအာင္ ေနထုိင္ျခင္းကို ဆိုလိုတာပါ။ အဲ႕ဒီ့လွဳပ္ရွားမွဳေတြကေနတစ္ဆင့္ ကေလးေတြရဲ႕ ဦးေႏွာက္ဖြံ႕ျဖိဳးမွဳကို အေထာက္ကူျပဳပါတယ္။ အေထာက္အကူျပဳတဲ႕အတြက္ ကစားခ်ိန္မွာ ေကာင္းေကာင္းကစားရတဲ႕ကေလးေတြနဲ႕ ကစားခြင့္မရတဲ႕ကေလးေတြကို ယွဥ္ၾကည့္ရင္ ကစားခ်ိန္မွာ ေကာင္းေကာင္းကစားျပီး စာကို ေလ့လာနုိင္တဲ့သူေတြက တီထြင္ဖန္တီးနုိင္စြမ္းေတြ၊ လုပ္ေဆာင္နိုင္စြမ္းေတြပိုသာတာ ေတြ႕ရပါတယ္။ ခႏၶာကိုယ္အတြက္ လုိအပ္တဲ႕ လွဳပ္ရွားမွုေတြရေအာင္ အပိုင္းႏွစ္ပိုင္းလုပ္လို႕ရပါတယ္။ (ကၽြန္မနဲ႕ Renee ရဲ႕ ေဆြးေႏြးထားတ့ဲ videoထဲမွာလည္း သိနုိင္ပါတယ္) ကေလးေတြကို စနစ္တက် အားကစားလုပ္နိုင္ဖို႕ ကူညီေပးတာရယ္၊ ကေလးေတြကို လြတ္လြတ္လပ္လပ္ လွဳပ္ရွားသြားလာ ကစားေစတာပါ။
ပထမတစ္ပိုင္းကေတာ့ ေဘာလံုး၊ ၾကက္ေတာင္ရိုက္၊ ေအရိုးဗစ္ကစားျခင္း၊ ေဘာလီေဘာပုတ္ျခင္း၊ ေယာဂလုပ္ျခင္း စတဲ့ ေလ့က်င့္ခန္း၊အားကစားလို႕ သတ္မွတ္ထားတဲ့ နည္းလမ္းေတြကို စနစ္တက် သင္ၾကားေပးျပီး ကစားခြင့္ ပံုမွန္ျပဳျခင္းအားျဖင့္ ကေလးေတြ က်မ္းမာတဲ႕ ကိုယ္ခႏၶာအတြက္ လုိအပ္မယ့္ လွဳပ္ရွားမွဳေတြကို ေပးတာပါ။ (အပုိဆုလာဒ္အေနနဲ႕ အသင္းအဖြဲ႕နဲ႕ အလုပ္လုပ္ေဆာင္တတ္တာ၊ အားကစား စိတ္ဓါတ္တိုးတက္လာတာေတြလည္း ၾကံဳရမွာပါ။) ။ ေက်ာင္းေတြမွာ အားကစားခ်ိန္ေတြထည့္ေပးတာမ်ိဳး၊ ကိုယ္တတ္တဲ႕ အားကစားတစ္ခုခုကေလးေတြကို သင္ေပးတာမ်ိဳး၊ ကေလးအခ်င္းခ်င္း ျပန္သင္ေပးခုိင္းတာမ်ိဳးေတြက အေထာက္ကူျပဳပါတယ္။
ဒုတိယအပုိင္းကေတာ့ အားကစားလို စနစ္တက် လုပ္ေပးတာမဟုတ္ေပမယ့္ တစ္ေန႕တာအတြက္ လိုအပ္တဲ႕ လွဳပ္ရွားမွဳကိုရေအာင္ လမ္းေလွ်ာက္ခိုင္းတာမ်ိဳး၊ လြတ္လြတ္လပ္လပ္ ေျပးလႊားေဆာ့ကစားခ်ိန္ သတ္မွတ္ေပးတာမ်ိဳး ကို ဆိုလုိတာပါ။ အိမ္နဲ႕ ေက်ာင္းနဲ႕နီးရင္ စက္ဘီး၊ဆိုင္ကယ္နဲ႕ လုိက္ပို႕မယ့္အစား ေျခလွ်င္လိုက္ပို႕ေပးတာမ်ိဳး (လမ္းသြားရင္း ကေလးနဲ႕ စကားေျပာလို႕ရတဲ႕အတြက္ ကေလးနဲ႕ ပိုျပီးလည္း ရင္းႏွီးမွုတည္ေဆာက္လို႕ရပါတယ္)၊ ေလွကားတက္ဖို႕ အဆင္ေျပရင္ ဓါတ္ေလွကားအစား ေလွကားအသံုးျပဳခိုင္းတာမ်ိဳးေပါ့။ စာသင္ခန္းထဲက သင္ခန္းစာေတြက တစ္ခ်ိန္လံုး ထုိင္ျပီး စာေရး စာဖတ္ေနတာမ်ိဳးထက္ အဖြဲ႕လုိက္ ေဆြးေႏြးဝိုင္းမ်ိဳးေလးေတြ၊ အတန္းထဲမွာ လွဳပ္ရွားရတဲ့ သင္ယူမွဳလုပ္ငန္းေတြကလည္း ကေလးေတြအတြက္ အေထာက္ကူျပဳပါတယ္။
တက္ၾကြလွဳပ္ရွားမွဳကို အေထာက္ကူျပဳေစတဲ႕ က်မ္းမာေစေသာ အစားအစာေတြနဲ႕ အိပ္ခ်ိန္မွန္ျခင္းေတြကိုလည္း သတိျပဳေစခ်င္ပါတယ္။ တက္ၾကြရမယ္ဆိုျပီး တစ္ခ်ိန္လံုးလႊတ္ထားလို႕မရပါ။ သူ႕အခ်ိန္နဲ႕သူ သတ္မွတ္ထားေပးပါ။
၂) တက္ၾကြတဲ႕ အေတြးေခၚ ဆိုတာ ……
လက္ရွိအေျခအေန၊ ပစၥဳပၸါန္မွာ ေနျပီး ကိုယ့္ေရွ႕ေရာက္လာတဲ့ ျပႆနာ၊ ကိုယ့္ကိုေမးလာတဲ့ ေမးခြန္း၊ ကိုယ္လုပ္ေဆာင္ရမယ့္ အရာေတြအေပၚမွာ ေဝဖန္ပိုင္းျခားစဥ္းစားနုိင္မွဳမ်ိဳးကို ဆိုလိုတာပါ။ ခြဲျခမ္းၾကည့္မယ္ဆိုရင္ အဓိက ႏွစ္ပိုင္း ရွိပါတယ္။ ပစၥဳပၸါန္မွာ ေနထိုင္တာနဲ႕ ေဝဖန္ပိုင္းျခား စဥ္းစားနုိင္တာေပါ့။
ေျဖရမယ့္စာေမးပြဲကို တစ္ခ်ိန္လံုးေတြးေၾကာက္ေနရတာထက္ ပစၥဳပၸါန္သင္ေနတဲ့ သင္ခန္းစာကို အေလးထားျပီးေဆြးေႏြးသင္ယူတာက ကေလးအတြက္ ပိုတတ္လြယ္ပါတယ္။ ဒါမွမဟုတ္ ကေလးတစ္ေယာက္ရဲ႕ ျဖစ္ပ်က္ခဲ႕ျပီးေသာ အရင္က မရခဲ႕တဲ့စာေတြအေပၚ၊ မလုပ္သင့္ခဲ႕တဲ႕ လုပ္ရပ္အေပၚမွာ ဖိျပီးေျပာေနတာထက္ လက္ရွိ သင္ေပးေနတဲ့ စာကို ဘယ္လို နားလည္ေအာင္ ရွင္းျပမလဲ၊ ဘယ္လုိ ကူညီမလဲဆိုတာမ်ိဳးကို ပိုၾကည့္သင့္ပါတယ္။ ပစၥဳပၸါန္ကို တည့္တည့္ၾကည့္ျပီး စာေလ့လာ လာတဲ့ ကေလးမ်ိဳးေတြဟာ အနာဂါတ္ကို ေတြးျပီး မလုပ္ရဲတာမ်ိဳး၊ ျဖစ္ခဲ႕တာေတြ ျပန္ျပီး စိတ္ပူျပီး ေရွ႕မဆက္ရဲတာမ်ိဳး သိပ္မျဖစ္ေတာ့ဘဲ လက္ရွိအေျခအေနကို အေကာင္းဆံုး ရွဳျမင္သံုးသပ္နုိင္တယ္၊ လက္ရွိအေျခအေနကို ဘယ္လို ေကာင္းေအာင္ လုပ္မလဲဆိုတာ ေကာင္းေကာင္းေတြးေခၚနုိင္တယ္။ ပစၥဳပၸါန္ကိုပဲ ေရွးရွဳနုိင္ေအာင္ ဆရာ၊မေတြ မိဘေတြကလည္း လက္ရွိအေျခအေနကိုပဲ အဓိကထားဖို႕လိုသလို၊ တရားထိုင္ခိုင္းျခင္း/ကေလးမ်ားရဲ႕ စိတ္ကို အပန္းေျဖေစမယ့္ လုပ္ငန္းမ်ိဳးေပးျခင္းမ်ား ျပဳလုပ္ေပးနိုင္ပါတယ္။
ဒုတိယအပိုင္းျဖစ္တဲ႕ ေဝဖန္ပိုင္းျခားစဥ္းစားျခင္းဆိုတာ အေၾကာင္းအရာတစ္ခုအေပၚမွာ ေသခ်ာ ေဝဖန္၊ သံုးသပ္၊ ခြဲျခမ္း၊စိတ္ျဖာ ျပီး ဘက္စံု ေထာင္စံုကေနေတြးတတ္တာပါ။ စိတ္က ေတြးေခၚနုိင္မွဳဟာ ခၽြန္ေလ ထက္ေလ၊ ေတြးေလ တက္ေလပါပဲ။ စိတ္က ထူးဆန္းတယ္၊ ေတြးေနမက်ေတာ့ဘူးဆိုရင္ မေတြးတတ္ေတာ့ဘူး။ ဒါေမး ဒါဖတ္ ဒါက်က္ဆိုတာဟာ ကေလးေတြရဲ႕ ေတြးေခၚမွဳ၊ တီထြင္ၾကံဆမွဳေတြကို အကူညီမေပးနိုင္ပါဘူး။ သိဖို႕လိုတယ္၊ မွတ္မိဖို႕လိုတယ္ဆိုတဲ႕ အခ်က္ေတြကို မွတ္မိဖို႕ၾကိဳးစားဖို႕ လိုေပမယ့္ အရာအားလံုး ၏သည္မေရြး (တစ္ကယ္လည္း နားမလည္ဘဲနဲ႕) က်က္ေနရတာဆိုရင္ေတာ့ အဲ့ဒီ့ကေလးေတြမွာ တက္ၾကြတဲ႕ အေတြးအေခၚမရွိေတာ့ပါဘူး။ ေတြးေနမက်တဲ႕ကေလးေတြဟာ ၾကီးလာတဲ့အခါ အခ်က္အလက္ေတြကို မွတ္မိမွ လုပ္လို႕ရတဲ့လုပ္ငန္း၊ သူမ်ားခုိင္းသမွ် အကုန္လိုက္လုပ္ရတဲ့ လုပ္ငန္းမ်ိဳးမွာပဲ ဝဲလည္လည္ျဖစ္ၾကတာပါပဲ။ ေဝဖန္ပိုင္းျခားစဥ္းစားနုိင္ဖို႕ ကေလးေတြကို ေတြးေခၚေစတဲ့ေမးခြန္းမ်ိဳးမ်ားမ်ားေမးေပးဖို႕လိုတယ္၊ သူတို႕ေမးတဲ့ ေမးခြန္းေတြကိုလည္း သိရင္သိသေလာက္ေျဖျပီး မသိရင္လည္း ပြင့္ပြင့္လင္းလင္း မသိေၾကာင္းေျပာျပီး အတူတူ အေျဖရွာဖို႕လိုတယ္။
၃) အျပဳသေဘာ စိတ္ေနသေဘာထား ဆိုတာ……
ျဖစ္လာတဲ့အေျခအေနေတြ၊ ၾကံဳေနရတဲ့ အေတြ႕အၾကံဳေတြအေပၚမွာ အေကာင္းျမင္စိတ္ခံစားျပီး သင္ယူစရာရွာေဖြတတ္တယ္လို႕ ကၽြန္မအဓိပၸါယ္ဖြင့္ခ်င္ပါတယ္။ လူေတြမွာ အျပဳသေဘာေဆာင္တဲ့ စိတ္ေနသေဘာထား/ခံစားခ်က္နဲ႕ အျပဳသေဘာမေဆာင္ေသာ (မေကာင္းျမင္ေသာ) စိတ္ေနသေဘာထား/ခံစားခ်က္ေတြရွိေနတတ္တယ္။ ကိုယ္က ေကာင္းတာပိုေတြးျပီး အေကာင္းဖက္က ခံစားေလ့ရွိရင္ ကိုယ္က အျမဲတမ္း စိတ္ခ်မ္းသာျပီး အျပဳသေဘာေဆာင္တဲ့ စိတ္နဲ႕ ေနရတတ္ျပီး အျမဲ အျပဳသေဘာမေတြးဘဲ မေကာင္းျမင္တယ္၊ မေကာင္းတာဘဲ ေတြးတယ္ဆိုရင္ ဘဝဟာ စိတ္ခ်မ္းသာျခင္း စိတ္သုဥ္းျပီး အျမဲ အဆိုးျမင္ေနေလ့ရွိတယ္။ အလုပ္ခြင္ထဲမွာ အျမဲ မေကာင္းေျပာတတ္တတ္တဲ႕သူထက္ အေကာင္းျမင္ျပီး သင္ယူစရာရွာေဖြတတ္တဲ့သူေတြက ပိုေအာင္ျမင္ျပီး၊ ကိုယ့္လုပ္ေဖၚကိုင္ဖက္ေတြကလည္း ပိုေပါင္းသင္းခ်င္ၾကပါတယ္။
အျပဳသေဘာစိတ္ေနသေဘာထားမွာ ႏွစ္ပုိင္းပါပါတယ္။ အျပဳသေဘာ စိတ္ခံစားခ်က္နဲ႕ သင္ယူလိုတဲ့ စိတ္ေနသေဘာထားေပါ့။ အျပဳသေဘာစိတ္ခံစားခ်က္ဆိုတာ ျဖစ္လာသမွ်အရာအားလံုးရဲ႕ ေကာင္းကြက္ကို ျမင္တယ္၊ ဘယ္လို ျပဳျပင္လုိက္ရင္ ပိုေကာင္းသြားမလဲဆိုတာ စဥ္းစားတယ္။ သင္ယူလိုစိတ္ဆိုတာက ကိုယ့္လုပ္ရပ္/သူမ်ားလုပ္ရပ္ေတြကေန သင္ယူစရာကိုရွိျပီး ပုိတိုးတက္ရာ တိုးတက္ေၾကာင္းကိုေတြးတယ္။ ဥပမာ အမွားလုပ္ရင္ေတာင္ ဘယ္အေၾကာင္းအရင္းက မွားေစတာလဲ၊ ဘယ္လို လုပ္လုိက္ရင္ မွန္သြားနုိင္မလဲ၊ ေနာက္တစ္ခါ မမွားေအာင္ ဘာေတြသင္ယူဖို႕လိုသလဲဆိုတာမ်ိဳးေတြးတာေပါ့။
ကေလးေတြကို အျပဳသေဘာေဆာင္တဲ့ စိတ္ေနသေဘာထားရွိဖို႕ဆိုရင္ မွားတုိင္း ဆူတာထက္၊ သူတို႕မွားတဲ့အမွားကေန ဘာေတြသင္ယူလို႕ရသလဲ၊ ေနာင္မမွားေအာင္ ဘာလုပ္သင့္လဲ၊ ဘယ္လိုပိုေကာင္းေအာင္လုပ္မလဲဆိုတာမ်ိဳး ေမးျပီး ကူညီေပးသင့္ပါတယ္။ ကေလးေတြဟာ ေကာင္းတဲ့အရာေတြကို ပိုေကာင္းေအာင္ တြန္းအားေပးသလို မွားသြားတဲ့အခါမွာ ေၾကာက္စရာမလိုဘဲ အမွားကေန အမွန္ျပင္နုိင္ေအာင္ သင္ယူဖို႕ တြန္းအားေပးရင္ အျပဳသေဘာတဲ့ စိတ္ေနသေဘာထားေတြရနုိင္ပါတယ္။
အခ်ဳပ္အေနနဲ႕ကေတာ့ စာေတာ္ဖို႕ဆိုတာ ေက်ာင္းေနပ်ာ္ဖို႕လည္း လိုေသးတယ္။ ေက်ာင္းေနမေပ်ာ္ရင္ စာလည္း ေတာ္မွာမဟုတ္ပါဘူး။ ေက်ာင္းဆိုတာ ရုပ္ဝတၳဳ ေက်ာင္းအေဆာက္အဦထက္ ပညာသင္ယူမွဳကို ဆိုလိုခ်င္တာပါ။ ပညာသင္ယူရာမွာ ေပ်ာ္ရႊင္မွ ပညာတတ္မယ္။ ပညာေတာ္မယ္။ ပညာေတာ္ဖို႕တက္ဖို႕၊ သင္ယူရာမွာ ေပ်ာ္ရႊင္ဖို႕ ကိုယ္ခႏၶာ က်မ္းမာေရး၊ ေတြးေခၚနုိင္တဲ့စိတ္နဲ႕ အျပဳသေဘာေဆာင္တဲ့ စိတ္ထားေတြလိုအပ္ပါတယ္။ ကိုယ္စိတ္ႏွလံုး သံုးပါးလံုးအတြက္ အေထာက္ကူျပဳတဲ့ ပညာေရးစနစ္တစ္ခုကေန ၾကီးျပင္းလာေစခ်င္တယ္ဆိုရင္ မိဘေတြ၊ ဆရာ၊မေတြကိုယ္တိုင္က စံျပ၊ေရွ႕ေဆာင္ေကာင္းေတြအေနနဲ႕ လမ္းျပ ကူညီဖုိ႕လိုပါတယ္။ မေမ့ပါနဲ႕ေနာ္ ပညာတတ္ၾကီးေတြျဖစ္ဖို႕ဆိုတာ ဟခ်ေလာင္းဆိုျပီး ေမွာ္ပညာနဲ႕ လုပ္လို႕မရပါ။ ေခၽြးေတြ၊ အခ်ိန္ေတြ၊ စိတ္ရွည္ သည္းခံမွဳေတြနဲ႕ ေစတနာ၊ေမတၱာေတြ ပါမွျဖစ္မွာပါ။
ေမတၱာျဖင့္…
Sayarma-ဆရာမ
မွတ္ခ်က္။ ။ ကၽြန္မေျပာထားတဲ့ က႑တစ္ခုခ်င္းစီအတြက္ အေသးစိတ္ေဆြးေႏြးမယ္ဆိုရင္ အမ်ားၾကးီခ်ဲ႕ျပီး ေဆြးေႏြးနုိင္ပါေသးတယ္။ အခုကို စာကေတာ္ေတာ္ရွည္ေနျပီမို႕ ေလာေလာဆယ္မွာ အျမည္းေလးအျဖစ္ ဒီေလာက္နဲ႕ ေက်နပ္ေပးၾကပါေနာ္။ ေနာက္ထပ္အေသးစိတ္တစ္ခုခ်င္းစီကို ေရးေပးပါ့မယ္။
အပတ္စဥ္ စေနေန႕တိုင္း ပို႕စ္တင္ေလ့ရွိေပမယ့္ ေမြးေန႕နဲ႕တုိက္သြားတာေရာ အိမ္မွာ ကိစၥေလးေတြရွိေနတာေၾကာင့္ ေနာက္က်သြားပါတယ္။ ေနာက္တစ္ပတ္ေတြမွာေတာ့ အခ်ိန္မွီတင္ပါ့မယ္။ ဖတ္ေပးတဲ့ေက်းဇူးအမ်ားၾကီးတင္ပါတယ္။
ကၽြန္မကို အိုင္ဒီယာအခ်ိဳ႕ေပးခဲ႕ေသာ စာညႊန္းမ်ား..