[Unicode]

 နှစ်သစ်ကူးကာလမှာ နှစ်ဟောင်းက အဖြစ်အပျက်တွေကို ပြန်လည် သုံးသပ်၊ ဆင်ခြင်စဉ်းစားပြီး  သင်ယူခဲ့ရတဲ့အရာတွေကို နောင်လာမယ့် နှစ်သစ်က နေ့ရက်တွေအတွက် ဘယ်လို ပြန်လည် အကောင်းဆုံး အသုံးချမယ်ဆိုတာ ပြင်ဆင်လေ့ရှိကြပါတယ်။ ဒါကြောင့် ၂၀၁၉ ရဲ့ ပထမဆုံး စနေနေ့မှာ  ပထမဆုံး ကျွန်မရဲ့ မျှဝေချက်အနေနဲ့ နှစ်သစ်ကူးကာလအတွင်း ကလေးတွေအတွက် ပြုလုပ်ပေးသင့်တဲ့ လုပ်ငန်း ၄ ခုကို မျှဝေမှာ ဖြစ်ပါတယ်။

၁) Gratitude Circle (ကျေးဇူးစကားဝိုင်း)

————————————————

 ၂၀၁၈ တစ်နှစ်လုံးအတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ ပျော်ရွှင်စရာ၊ သင်ယူလေ့လာစရာတွေအတွက် ကျေးဇူးတင်ထိုက်သူတွေကို ကျေးဇူးတင်ရမယ့်လုပ်ငန်းပါ။ ကလေးတွေကို ဝိုင်းထိုင်ခိုင်းတာဖြစ်ဖြစ်၊ သူတို့ထိုင်နေတဲ့အခြားပုံစံမှာဖြစ်ဖြစ် သူတို့ရဲ့ အတွေးအမြင်လေးတွေကို မေးပါ၊ စာသင်ခန်းထဲက  ကိုယ့်ကို ကူညီဖူးတဲ့သူ၊ ကိုယ်စာမေးတဲ့အခါ ရှင်းပြပေးဖူးတဲ့သူ၊ ကိုယ့်ခဲတံကျသွားတဲ့အခါ ကောက်ပေးတဲ့သူ စတဲ့ နိစ္စဓူဝ ကိစ္စလေးတွေအပေါ်မှာကိုပဲ ကျေးဇူးတင်ဖို့ အခွင့်အလမ်းပေးပါ။ အားလုံးရှေ့မှာ နှုတ်ကနေ ဖွင့်ပြီး ပြောပြ ခိုင်းခြင်းအားဖြင့်  အပြုသဘောဆောင်တဲ့ စကားလုံးတွေ ပြောဖို့ အလေ့အကျင့်တစ်ခုရဲ့ အစဖြစ်သွားစေပါတယ်၊ ကြားလိုက်ရတဲ့သူတွေအနေနဲ့လည်း ပိုပြီး ပီတိဖြစ်စေပါတယ်။ တစ်ခါတစ်လေ ကိုယ်မထင်မှတ်ထားတဲ့အရာလေးတွေကို ကျေးဇူးတင်ကြောင်း ပြောခံရတဲ့အခါ ပိုလို့တောင် ကောင်းတဲ့အလုပ်ကို လုပ်ချင်စိတ်ပေါက်သွားစေတဲ့အတွက် ကလေးတွေတင်မက လူကြီးတွေပါ လုပ်သင့်တဲ့ လုပ်ငန်းလေးတစ်ခုဖြစ်ပါတယ်။  အကယ်၍ လူတွေကို ကျေးဇူးတင်တာမျိုးမဟုတ်ဘဲ အကြောင်းအရာ၊ အဖြစ်အပျက်၊ အခြေအနေ စတာတွေအပေါ်မှာလည်း  ကျေနပ်ကြောင်း၊ ကြည်နူးရကြောင်းတွေလည်း မျှဝေခိုင်းလို့ရပါတယ်။ ဥပမာ – မနက်အိပ်ရာထလိုက်တဲ့အခါ အသက်ရှင်နေသေးတဲ့ အတွက် ကျေနပ်မိတယ် – ဆိုတာမျိုးပေါ့။   ဒီလုပ်ငန်းလေးကို ကလေးတွေအတွက် တစ်နေ့တာ အတွက် ရည်ရွယ်ပြီး နေ့စဉ်လုပ်ပေးကြတဲ့ ဆရာ၊မတွေလည်းရှိပါတယ်။ နှစ်သစ်အတွက်တင်မကဘဲ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် အဆင်ပြေသလို အသက်အရွယ်အကန့်အသတ်မရှိ အသုံးပြုနိုင်ပါတယ်။

၂) Positive and Learning Reflections (သင်ယူမှုများနှင့် ကောင်းမွန်သော အတွေ့အကြုံများကို သုံးသပ်ခြင်း)

————————————————————————

တစ်နှစ်ပတ်လုံးမှာ ကိုယ့်ကို ပျော်ရွှင်စေတဲ့အရာ၊ ကိုယ်အကောင်းဆုံးလုပ်ခဲ့တဲ့အခါ၊ ရလဒ်အကောင်းဆုံးရခဲ့တဲ့အရာ စတဲ့ အပြုသဘောဆောင်တဲ့ အရာတွေကို ပြန်လည် စဉ်းစားခိုင်းပါ။ အဆင်မပြေခဲ့တဲ့အရာတွေကိုလည်း စဉ်းစားခိုင်းပါ။ အဆင်မပြေခဲ့တဲ့အရာတွေကို နောက်ထပ်ပြန်မဖြစ်အောင် ဘယ်လို ပြင်ဆင်နိုင်မလဲ၊ အဆင်မပြေခဲ့တဲ့ အတွေ့အကြုံတွေကနေ ဘာတွေ သိလိုက်ရလဲ၊ သင်ယူလိုက်ရသလဲ စတာတွေကို ဆက်ပြီး စဉ်းစားခိုင်းပါ။ စဉ်းစားထားတာတွေကို အတန်းထဲမှာ ပြန်လည် ပြောပြခိုင်းတာမျိုး၊ သုံးသပ်လွှာ ရေးခိုင်းတာမျိုး၊ အနုပညာတစ်ခုခုနဲ့ လုပ်လို့ရပါတယ်။ ကလေးတွေရဲ့ သုံးသပ်လွှာကို စာသင်ခန်းတွေထဲမှာလည်း ကပ်ထားလို့ရပါတယ်။ ကျွန်မတို့ နေ့စဉ်ဘဝမှာ အမှားတစ်ခု လုပ်လိုက်မိရင် အပြစ်တင်ခံစရာတစ်ခုလို့သတ်မှတ်ကြတယ်။ အဲဒီ့အတွက် အမှားဆိုတာ အမှန်ဆိုတဲ့ အရာကို ပိုရှင်းလင်းအောင် သင်ပေးတဲ့အရာမှန်း မမြင်နိုင်ကြတော့ဘူး။  ဒီလေ့ကျင့်ခန်းလေးက အပြုသဘောမဆောင်တဲ့အတွေ့အကြုံတွေကနေ သင်ယူမှုတွေကို စဉ်းစားတတ်ဖို့နဲ့ အပြုသဘော အတွေ့အကြုံတွေကိုလည်း အသိမှတ်ပြုတတ်ဖို့ လေ့ကျင့်ပေးနိုင်ပါလိမ့်မယ်။ ဒီလုပ်ငန်းကို အပတ်စဉ်၊ လစဉ် ပုံမှန် ပြုလုပ်ပေးလို့ရပါတယ်။

၃) New Year’s Resolutions (တစ်နှစ်တာအတွက် ရည်ရွယ်ချက်များ ချမှတ်ခြင်း)

———————————————————–

၂၀၁၉ တစ်နှစ်တာအတွင်းမှာ ဖြစ်ချင်တာ၊ လုပ်ချင်တာတွေကို  ရည်ရွယ်ချက် ချမှတ်တဲ့ လုပ်ငန်းပါ။ တစ်နှစ်တာအတွက် စဉ်းစားတဲ့အခါ ပုံစံအမျိုးမျိုးနဲ့ စဉ်းစားခိုင်းလို့ရပါတယ်။ တစ်နှစ်တာအတွင်း  အဓိက ဖြစ်ချင်တဲ့ အချက် ၃ ချက်လောက်ကို စဉ်းစားခိုငး်တာဖြစ်ဖြစ်၊ ၁ ခုထဲကိုပဲ စဉ်းစားခိုင်းတာဖြစ်ဖြစ်၊ ပညာရေး – ကျမ်းမာရေး-လူမှုရေး စသည်ဖြင့် ခေါင်းစဉ်အလိုက် စဉ်းစားခိုင်းတာဖြစ်ဖြစ် ရပါတယ်။ ရည်ရွယ်ချက် ချမှတ်တဲ့အခါ – SMART ဖြစ်ဖို့လိုပါတယ်။ S – Specific (တိကျမှု)၊ M – Measurable (စစ်ဆေးတိုင်းတာနိုင်မှု)၊ A- Achievable (ဖြစ်နိုင်ချေရှိမှု)၊ R-Relevant (သင့်တင့်လျောက်ပတ်မှု)၊ T-Time bound (အချိန်သတ်မှတ်ထားရှိမှု) စတာတွေနဲ့ ကိုက်ညီဖို့လိုပါတယ်။ SMARTနဲ့ ကလေးတွေရဲ့ ရည်ရွယ်ချက်တွေအတွက် ကြည့်တဲ့အခါ SMARTကို သူတို့ နားလည်နိုင်မယ့် မေးခွန်းတွေအနေနဲ့ ပြောင်းလဲမေးဖို့ လိုပါတယ်။ ဥပမာ – ဖြစ်ချင်တဲ့အရာက ဒီတစ်နှစ်ထဲနဲ့ လုပ်ဖို့ ဖြစ်နိုင်ရဲ့လား။ ကိုယ့်ရဲ့ ရည်ရွယ်ချက်က အောင်မြင်ပြီဆိုတာ ဘယ်လို သိနိုင်မလဲ။ စတဲ့ မေးခွန်းတွေနဲ့ လမ်းညွှန်ပေးဖို့တော့လိုပါတယ်။ ဒီလုပ်ငန်းက ကလေးတွေအတွက် တစ်နှစ်တာအတွင်း တိုးတက်ဖြစ်မြောက်ချင်တဲ့အရာတွေကို ပိုုမို သေချာစွာသိစေတဲ့အတွက် လေ့လာသင်ယူမှုတွေဟာ ပိုပြီး အဓိပ္ပါယ်ရှိလာစေပါတယ်။ လေ့လာသင်ယူတွေနဲ့ သူတို့ရဲ့ ရည်ရွယ်ချက်တွေကိုက်ညီဖို့၊ လေ့လာသင်ယူမှုတွေက သူတို့အတွက် အဓိပ္ပါယ်ရှိဖို့ကလည်း ရည်ရွယ်ချက်တွေက လက်ရှိအခြေအနေနဲ့သင့်တင့်လျောက်ပတ်မှုရှိဖို့ ကူညီပံ့ပိုးပေးဖို့လိုိအပ်ပါတယ်။

၄) Special Notes (အထူးမှတ်စုများ)

———————————————

အတန်းဖေါ်သူငယ်ချင်း (သို့မဟုတ်) မိသားစုဝင်တစ်ယောက် (သို့မဟုတ်) တစ်ယောက်ထက်များသော အခြားသူတွေ အတွက် အပြုသဘောဆောင်သော မှတ်ချက်တွေ ရေးပေးခြင်းကို ဆိုလိုပါတယ်။ ဥပမာ ကိုယ့်အတန်းဖေါ်ရဲ့ ကောင်းတဲ့ အကျင့်စရိုက်တွေ၊ ကိုယ်သဘောကျမိတဲ့ လုပ်ရပ်တွေ စတဲ့ အပြုသဘော အချက်အလက်တွေကို စာတိုလေးတွေအဖြစ် ရေးပေးရမှာဖြစ်ပါတယ်။ တစ်ယောက်ထပ်မက ရေးပေးနိုင်ပါတယ်။ တစ်ခါတစ်လေမှာ ကျွန်မတို့စာသင်ခန်းမှာ ကလေးတစ်ယောက်စီရဲ့ နာမည်လေးတွေ တပ်ထားတဲ့ စာရွက်ကလေးတွေမှာ အတန်းသားတွေ အားလုံး အပြုသဘော စာတိုလေးတွေ ရေးပေးကြပါတယ်။ ဆိုတော့ အားလုံးရဲ့ စာရွက်တစ်ရွက်ချင်းစီတိုင်းမှာ အတန်းသားတိုင်းက ရေးပေးထားတဲ့ စာလေးတွေ ဖတ်ရင်း အားတက်ကြပါတယ်။ အရမ်းငယ်တဲ့ ကလေးတွေဆိုရင် နှုတ်ကနေ ပြောခိုင်းပြီး ကလေးတွေရဲ့ ရေးနိုင်တဲ့အပေါ်မူတည်ပြီး ရေးခိုင်းလို့ရပါတယ်။ အလယ်တန်းကနေ လူကြီးသင်တန်းသားတွေ အထိ ဒီလေ့ကျင့်ခန်းလေးကို ကျွန်မ လုပ်ကြည့်တဲ့အခါ ပါဝင်သူတွေ သဘောကျပြီး စိတ်ခွန်အားတိုးကြတာကို တွေ့ရပါတယ်။ ပုံမှန်အခြေအနဆိုရင် အခြားသူတစ်ယောက်အကြောင်း အကောင်းပြောကြတာက အဆိုးပြောကြတာ ပိုများကြတာမို့ ဒီလေ့ကျင့်ခန်းလေးက လူတိုင်းရဲ့ ကောင်းကွက်လေးတွေ မြင်ပြီး အသိမှတ်ပြုနိုင်ဖို့အတွက် စိတ်နဲ့ နှလုံးသားကို လေ့ကျင့်ပေးပါတယ်။

အချုပ်အားဖြင့် ဆိုရင် အပေါ်မှာ ဖေါ်ပြခဲ့တဲ့ လုပ်ငန်း ၄ ခု ဟာ နှစ်သစ်မှာ ကလေးတွေ အပြုသဘောဆောင်သော အတွေးနဲ့ အကျင့်တွေနဲ့ စတင်နိုင်ဖို့၊ နှစ်ဟောင်းမှာ ကြုံတွေ့ခဲ့တဲ့အပေါ် အကောင်းမြင်ပြီး သင်ယူစရာတွေကို သုံးသပ်နိုင်ဖို့ ကူညီပံ့ပိုးပေးနိုင်ပါလိမ့်မယ်။ နှစ်သစ်အတွက်ဆိုပြီး ခေါင်းစဉ်တပ်ထားပေမယ့် ကလေးတွေအတွက် တစ်နှစ်ပတ်လုံး ပုံမှန်လုပ်ဆောင်ပေးသင့်တဲ့ လုပ်ငန်းတွေလည်းဖြစ်ပါတယ်။ ဆရာ၊မတွေ မိဘ အုပ်ထိန်းသူတွေလည်း ကိုယ်တိုင် စမ်းသပ်လုပ်ဆောင်သင့်တဲ့ လုပ်ငန်းတွေလည်း ဖြစ်တာမို့ နှစ်သစ်အတွက် အပြုသဘောဆောင်သော လုပ်ငန်းများကို မျှဝေဖြစ်ပါတယ်။ နှစ်သစ်မှာ ပိုကောင်းမွန်သော၊ ပိုမြင့်မြတ်သော စိတ်ထားနဲ့ ပိုထိရောက်သော၊ ပိုအပြုသဘောဆောင်သော လုပ်ငန်းများကို လုပ်ဆောင်နိုင်ပါစေကြောင်း ဆုတောင်းပေးပါတယ်။ ဖေါ်ပြခဲ့တဲ့လုပ်ငန်းတွေကို ကိုယ်တိုင် လုပ်ဆောင်ကြည့်ပြီး ကျွန်မနဲ့ မျှဝေချင်တယ်ဆိုရင်လည်း မျှဝေပေးပါ။

မေတ္တာဖြင့် —

                  Sayarma-ဆရာမ

Photo Credit : https://www.heartscapesinsight.com/workshops/2017/9/20/gratitude-circle

[Zawgyi]

 ႏွစ္သစ္ကူးကာလမွာ ႏွစ္ေဟာင္းက အျဖစ္အပ်က္ေတြကို ျပန္လည္ သံုးသပ္၊ ဆင္ျခင္စဥ္းစားျပီး  သင္ယူခဲ့ရတဲ့အရာေတြကို ေနာင္လာမယ့္ ႏွစ္သစ္က ေန႕ရက္ေတြအတြက္ ဘယ္လို ျပန္လည္ အေကာင္းဆံုး အသံုးခ်မယ္ဆိုတာ ျပင္ဆင္ေလ့ရွိၾကပါတယ္။ ဒါေၾကာင့္ ၂၀၁၉ ရဲ႕ ပထမဆံုး စေနေန႕မွာ  ပထမဆံုး ကၽြန္မရဲ႕ မွ်ေဝခ်က္အေနနဲ႕ ႏွစ္သစ္ကူးကာလအတြင္း ကေလးေတြအတြက္ ျပဳလုပ္ေပးသင့္တဲ့ လုပ္ငန္း ၄ ခုကို မွ်ေဝမွာ ျဖစ္ပါတယ္။

၁) Gratitude Circle (ေက်းဇူးစကားဝိုင္း)

————————————————

 ၂၀၁၈ တစ္ႏွစ္လံုးအတြင္းမွာ ၾကံဳေတြ႕ခဲ့ရတဲ့ ေပ်ာ္ရႊင္စရာ၊ သင္ယူေလ့လာစရာေတြအတြက္ ေက်းဇူးတင္ထိုက္သူေတြကို ေက်းဇူးတင္ရမယ့္လုပ္ငန္းပါ။ ကေလးေတြကို ဝိုင္းထုိင္ခိုင္းတာျဖစ္ျဖစ္၊ သူတို႕ထုိင္ေနတဲ့အျခားပံုစံမွာျဖစ္ျဖစ္ သူတို႕ရဲ႕ အေတြးအျမင္ေလးေတြကို ေမးပါ၊ စာသင္ခန္းထဲက  ကိုယ့္ကို ကူညီဖူးတဲ့သူ၊ ကိုယ္စာေမးတဲ့အခါ ရွင္းျပေပးဖူးတဲ့သူ၊ ကိုယ့္ခဲတံက်သြားတဲ့အခါ ေကာက္ေပးတဲ့သူ စတဲ့ နိစၥဓူဝ ကိစၥေလးေတြအေပၚမွာကိုပဲ ေက်းဇူးတင္ဖို႕ အခြင့္အလမ္းေပးပါ။ အားလံုးေရွ႕မွာ ႏွုတ္ကေန ဖြင့္ျပီး ေျပာျပ ခုိင္းျခင္းအားျဖင့္  အျပဳသေဘာေဆာင္တဲ့ စကားလံုးေတြ ေျပာဖို႕ အေလ့အက်င့္တစ္ခုရဲ႕ အစျဖစ္သြားေစပါတယ္၊ ၾကားလုိက္ရတဲ့သူေတြအေနနဲ႕လည္း ပိုျပီး ပီတိျဖစ္ေစပါတယ္။ တစ္ခါတစ္ေလ ကိုယ္မထင္မွတ္ထားတဲ့အရာေလးေတြကို ေက်းဇူးတင္ေၾကာင္း ေျပာခံရတဲ့အခါ ပိုလို႕ေတာင္ ေကာင္းတဲ့အလုပ္ကို လုပ္ခ်င္စိတ္ေပါက္သြားေစတဲ့အတြက္ ကေလးေတြတင္မက လူၾကီးေတြပါ လုပ္သင့္တဲ့ လုပ္ငန္းေလးတစ္ခုျဖစ္ပါတယ္။  အကယ္၍ လူေတြကို ေက်းဇူးတင္တာမ်ိဳးမဟုတ္ဘဲ အေၾကာင္းအရာ၊ အျဖစ္အပ်က္၊ အေျခအေန စတာေတြအေပၚမွာလည္း  ေက်နပ္ေၾကာင္း၊ ၾကည္နူးရေၾကာင္းေတြလည္း မွ်ေဝခုိင္းလို႕ရပါတယ္။ ဥပမာ – မနက္အိပ္ရာထလိုက္တဲ့အခါ အသက္ရွင္ေနေသးတဲ့ အတြက္ ေက်နပ္မိတယ္ – ဆိုတာမ်ိဳးေပါ့။   ဒီလုပ္ငန္းေလးကို ကေလးေတြအတြက္ တစ္ေန႕တာ အတြက္ ရည္ရြယ္ျပီး ေန႕စဥ္လုပ္ေပးၾကတဲ့ ဆရာ၊မေတြလည္းရွိပါတယ္။ ႏွစ္သစ္အတြက္တင္မကဘဲ ေန႕စဥ္၊ အပတ္စဥ္၊ လစဥ္ အဆင္ေျပသလို အသက္အရြယ္အကန္႕အသတ္မရွိ အသံုးျပဳနုိင္ပါတယ္။

၂) Positive and Learning Reflections (သင္ယူမွဳမ်ားႏွင့္ ေကာင္းမြန္ေသာ အေတြ႕အၾကံဳမ်ားကို သံုးသပ္ျခင္း)

————————————————————————

တစ္ႏွစ္ပတ္လံုးမွာ ကိုယ့္ကို ေပ်ာ္ရႊင္ေစတဲ့အရာ၊ ကိုယ္အေကာင္းဆံုးလုပ္ခဲ့တဲ့အခါ၊ ရလဒ္အေကာင္းဆံုးရခဲ့တဲ့အရာ စတဲ့ အျပဳသေဘာေဆာင္တဲ့ အရာေတြကို ျပန္လည္ စဥ္းစားခုိင္းပါ။ အဆင္မေျပခဲ့တဲ့အရာေတြကိုလည္း စဥ္းစားခုိင္းပါ။ အဆင္မေျပခဲ့တဲ့အရာေတြကို ေနာက္ထပ္ျပန္မျဖစ္ေအာင္ ဘယ္လို ျပင္ဆင္နုိင္မလဲ၊ အဆင္မေျပခဲ့တဲ့ အေတြ႕အၾကံဳေတြကေန ဘာေတြ သိလိုက္ရလဲ၊ သင္ယူလုိက္ရသလဲ စတာေတြကို ဆက္ျပီး စဥ္းစားခုိင္းပါ။ စဥ္းစားထားတာေတြကို အတန္းထဲမွာ ျပန္လည္ ေျပာျပခုိင္းတာမ်ိဳး၊ သံုးသပ္လႊာ ေရးခိုင္းတာမ်ိဳး၊ အနုပညာတစ္ခုခုနဲ႕ လုပ္လို႕ရပါတယ္။ ကေလးေတြရဲ႕ သံုးသပ္လႊာကို စာသင္ခန္းေတြထဲမွာလည္း ကပ္ထားလို႕ရပါတယ္။ ကၽြန္မတို႕ ေန႕စဥ္ဘဝမွာ အမွားတစ္ခု လုပ္လုိက္မိရင္ အျပစ္တင္ခံစရာတစ္ခုလို႕သတ္မွတ္ၾကတယ္။ အဲဒီ့အတြက္ အမွားဆိုတာ အမွန္ဆိုတဲ့ အရာကို ပိုရွင္းလင္းေအာင္ သင္ေပးတဲ့အရာမွန္း မျမင္နုိင္ၾကေတာ့ဘူး။  ဒီေလ့က်င့္ခန္းေလးက အျပဳသေဘာမေဆာင္တဲ့အေတြ႕အၾကံဳေတြကေန သင္ယူမွဳေတြကို စဥ္းစားတတ္ဖို႕နဲ႕ အျပဳသေဘာ အေတြ႕အၾကံုေတြကိုလည္း အသိမွတ္ျပဳတတ္ဖို႕ ေလ့က်င့္ေပးနုိင္ပါလိမ့္မယ္။ ဒီလုပ္ငန္းကို အပတ္စဥ္၊ လစဥ္ ပံုမွန္ ျပဳလုပ္ေပးလို႕ရပါတယ္။

၃) New Year’s Resolutions (တစ္ႏွစ္တာအတြက္ ရည္ရြယ္ခ်က္မ်ား ခ်မွတ္ျခင္း)

———————————————————–

၂၀၁၉ တစ္ႏွစ္တာအတြင္းမွာ ျဖစ္ခ်င္တာ၊ လုပ္ခ်င္တာေတြကို  ရည္ရြယ္ခ်က္ ခ်မွတ္တဲ့ လုပ္ငန္းပါ။ တစ္ႏွစ္တာအတြက္ စဥ္းစားတဲ့အခါ ပံုစံအမ်ိဳးမ်ိဳးနဲ႕ စဥ္းစားခုိင္းလို႕ရပါတယ္။ တစ္ႏွစ္တာအတြင္း  အဓိက ျဖစ္ခ်င္တဲ့ အခ်က္ ၃ ခ်က္ေလာက္ကို စဥ္းစားခုိငး္တာျဖစ္ျဖစ္၊ ၁ ခုထဲကိုပဲ စဥ္းစားခုိင္းတာျဖစ္ျဖစ္၊ ပညာေရး – က်မ္းမာေရး-လူမွဳေရး စသည္ျဖင့္ ေခါင္းစဥ္အလုိက္ စဥ္းစားခုိင္းတာျဖစ္ျဖစ္ ရပါတယ္။ ရည္ရြယ္ခ်က္ ခ်မွတ္တဲ့အခါ – SMART ျဖစ္ဖို႕လိုပါတယ္။ S – Specific (တိက်မွဳ)၊ M – Measurable (စစ္ေဆးတိုင္းတာနုိင္မွဳ)၊ A- Achievable (ျဖစ္နုိင္ေခ်ရွိမွဳ)၊ R-Relevant (သင့္တင့္ေလ်ာက္ပတ္မွဳ)၊ T-Time bound (အခ်ိန္သတ္မွတ္ထားရွိမွဳ) စတာေတြနဲ႕ ကိုက္ညီဖို႕လိုပါတယ္။ SMARTနဲ႕ ကေလးေတြရဲ႕ ရည္ရြယ္ခ်က္ေတြအတြက္ ၾကည့္တဲ့အခါ SMARTကို သူတို႕ နားလည္နုိင္မယ့္ ေမးခြန္းေတြအေနနဲ႕ ေျပာင္းလဲေမးဖို႕ လုိပါတယ္။ ဥပမာ – ျဖစ္ခ်င္တဲ့အရာက ဒီတစ္ႏွစ္ထဲနဲ႕ လုပ္ဖို႕ ျဖစ္နုိင္ရဲ႕လား။ ကုိယ့္ရဲ႕ ရည္ရြယ္ခ်က္က ေအာင္ျမင္ျပီဆိုတာ ဘယ္လို သိနုိင္မလဲ။ စတဲ့ ေမးခြန္းေတြနဲ႕ လမ္းညႊန္ေပးဖို႕ေတာ့လိုပါတယ္။ ဒီလုပ္ငန္းက ကေလးေတြအတြက္ တစ္ႏွစ္တာအတြင္း တိုးတက္ျဖစ္ေျမာက္ခ်င္တဲ့အရာေတြကို ပိုုမို ေသခ်ာစြာသိေစတဲ့အတြက္ ေလ့လာသင္ယူမွဳေတြဟာ ပိုျပီး အဓိပၸါယ္ရွိလာေစပါတယ္။ ေလ့လာသင္ယူေတြနဲ႕ သူတို႕ရဲ႕ ရည္ရြယ္ခ်က္ေတြကုိက္ညီဖို႕၊ ေလ့လာသင္ယူမွဳေတြက သူတို႕အတြက္ အဓိပၸါယ္ရွိဖို႕ကလည္း ရည္ရြယ္ခ်က္ေတြက လက္ရွိအေျခအေနနဲ႕သင့္တင့္ေလ်ာက္ပတ္မွုရွိဖို႕ ကူညီပံ့ပိုးေပးဖို႕လုိိအပ္ပါတယ္။

၄) Special Notes (အထူးမွတ္စုမ်ား)

———————————————

အတန္းေဖၚသူငယ္ခ်င္း (သို႕မဟုတ္) မိသားစုဝင္တစ္ေယာက္ (သုိ႕မဟုတ္) တစ္ေယာက္ထက္မ်ားေသာ အျခားသူေတြ အတြက္ အျပဳသေဘာေဆာင္ေသာ မွတ္ခ်က္ေတြ ေရးေပးျခင္းကို ဆိုလိုပါတယ္။ ဥပမာ ကိုယ့္အတန္းေဖၚရဲ႕ ေကာင္းတဲ့ အက်င့္စရုိက္ေတြ၊ ကိုယ္သေဘာက်မိတဲ့ လုပ္ရပ္ေတြ စတဲ့ အျပဳသေဘာ အခ်က္အလက္ေတြကို စာတိုေလးေတြအျဖစ္ ေရးေပးရမွာျဖစ္ပါတယ္။ တစ္ေယာက္ထပ္မက ေရးေပးနုိင္ပါတယ္။ တစ္ခါတစ္ေလမွာ ကၽြန္မတို႕စာသင္ခန္းမွာ ကေလးတစ္ေယာက္စီရဲ႕ နာမည္ေလးေတြ တပ္ထားတဲ့ စာရြက္ကေလးေတြမွာ အတန္းသားေတြ အားလံုး အျပဳသေဘာ စာတိုေလးေတြ ေရးေပးၾကပါတယ္။ ဆိုေတာ့ အားလံုးရဲ႕ စာရြက္တစ္ရြက္ခ်င္းစီတုိင္းမွာ အတန္းသားတိုင္းက ေရးေပးထားတဲ့ စာေလးေတြ ဖတ္ရင္း အားတက္ၾကပါတယ္။ အရမ္းငယ္တဲ့ ကေလးေတြဆိုရင္ ႏွုတ္ကေန ေျပာခုိင္းျပီး ကေလးေတြရဲ႕ ေရးနုိင္တဲ့အေပၚမူတည္ျပီး ေရးခုိင္းလို႕ရပါတယ္။ အလယ္တန္းကေန လူၾကီးသင္တန္းသားေတြ အထိ ဒီေလ့က်င့္ခန္းေလးကို ကၽြန္မ လုပ္ၾကည့္တဲ့အခါ ပါဝင္သူေတြ သေဘာက်ျပီး စိတ္ခြန္အားတိုးၾကတာကို ေတြ႕ရပါတယ္။ ပံုမွန္အေျခအနဆိုရင္ အျခားသူတစ္ေယာက္အေၾကာင္း အေကာင္းေျပာၾကတာက အဆိုးေျပာၾကတာ ပိုမ်ားၾကတာမို႕ ဒီေလ့က်င့္ခန္းေလးက လူတုိင္းရဲ႕ ေကာင္းကြက္ေလးေတြ ျမင္ျပီး အသိမွတ္ျပဳနုိင္ဖို႕အတြက္ စိတ္နဲ႕ ႏွလံုးသားကို ေလ့က်င့္ေပးပါတယ္။

အခ်ဳပ္အားျဖင့္ ဆိုရင္ အေပၚမွာ ေဖၚျပခဲ့တဲ့ လုပ္ငန္း ၄ ခု ဟာ ႏွစ္သစ္မွာ ကေလးေတြ အျပဳသေဘာေဆာင္ေသာ အေတြးနဲ႕ အက်င့္ေတြနဲ႕ စတင္နုိင္ဖို႕၊ ႏွစ္ေဟာင္းမွာ ၾကံဳေတြ႕ခဲ့တဲ့အေပၚ အေကာင္းျမင္ျပီး သင္ယူစရာေတြကို သံုးသပ္နုိင္ဖို႕ ကူညီပံ့ပိုးေပးနုိင္ပါလိမ့္မယ္။ ႏွစ္သစ္အတြက္ဆိုျပီး ေခါင္းစဥ္တပ္ထားေပမယ့္ ကေလးေတြအတြက္ တစ္ႏွစ္ပတ္လံုး ပံုမွန္လုပ္ေဆာင္ေပးသင့္တဲ့ လုပ္ငန္းေတြလည္းျဖစ္ပါတယ္။ ဆရာ၊မေတြ မိဘ အုပ္ထိန္းသူေတြလည္း ကိုယ္တုိင္ စမ္းသပ္လုပ္ေဆာင္သင့္တဲ့ လုပ္ငန္းေတြလည္း ျဖစ္တာမို႕ ႏွစ္သစ္အတြက္ အျပဳသေဘာေဆာင္ေသာ လုပ္ငန္းမ်ားကို မွ်ေဝျဖစ္ပါတယ္။ ႏွစ္သစ္မွာ ပိုေကာင္းမြန္ေသာ၊ ပိုျမင့္ျမတ္ေသာ စိတ္ထားနဲ႕ ပိုထိေရာက္ေသာ၊ ပိုအျပဳသေဘာေဆာင္ေသာ လုပ္ငန္းမ်ားကို လုပ္ေဆာင္နုိင္ပါေစေၾကာင္း ဆုေတာင္းေပးပါတယ္။ ေဖၚျပခဲ့တဲ့လုပ္ငန္းေတြကို ကိုယ္တုိင္ လုပ္ေဆာင္ၾကည့္ျပီး ကၽြန္မနဲ႕ မွ်ေဝခ်င္တယ္ဆိုရင္လည္း မွ်ေဝေပးပါ။

ေမတၱာျဖင့္ —

                  Sayarma-ဆရာမ Photo Credit : https://www.heartscapesinsight.com/workshops/2017/9/20/gratitude-circle