[Unicode]

ဒီရက်ပိုင်း အရမ်း ရေပန်းစားနေတဲ့ အကြောင်းအရာလေးက ရုပ်ရှင်တွေနဲ့ လူငယ်တွေ ကလေးတွေရဲ့ သင်ယူမှုဆိုတော့ အဲဒီ့ခေါင်းစဉ်နဲ့ဆက်စပ်တဲ့ ကလေးတွေအတွက် ဘယ်လို ရုပ်ရှင်တွေ၊ ဗွီဒီယိုတွေ ပြမလဲ၊ ဖုန်းတွေ တီဗွီတွေ အကြည့်လွန်ရင် ဘာဖြစ်မလဲ၊ ဘယ်လို ကာကွယ်နိုင်မလဲဆိုတာက ခေါင်းထဲဝင်လာလို့ ဒီအပတ်မှာ ကလေးများအတွက် ဖုန်း၊ တီဗွီကြည့်ခြင်းအကြောင်းတွေရော၊ ကွမ်း၊အရက်၊ဆေးလိပ်အကြောင်းရော မျှဝေချင်ပါတယ်။

ဖုန်း၊ကွန်ပြူတာ၊တွီဗွီမှာ ပါတဲ့ ဗွီဒီယိုတွေ၊ ကစားနည်းတွေဟာ ကလေးတွေအတွက် တီထွင်ဖန်တီးနိုင်စွမ်းတို့၊ ပြဿနာဖြေရှင်းနိုင်စွမ်းတို့ကို ပေးနိုင်တာတွေလည်းရှိတယ်၊ ပြင်ပလောကအကြောင်းတွေကို ကလေးတွေကို မိတ်ဆက်ပေးလို့ရတယ်။ ဒါပေမယ့်…..

၁) တစ်နေ့ကို လေးနာရီအထက် ပိုပြီးတော့ ကြည့်တဲ့ကလေးဟာ အဝလွန်ရောဂါဖြစ်နိုင်ခြေများပါတယ်။  တွီဗွီကြည့်တဲ့အချိန်၊ ဗွီဒီယိုဂိမ်းကစားနေတဲ့အချိန်မျိုးဆိုရင် ခန္ဓာကိုယ်တွေက အမြဲ ငြိမ်နေရလေ့ရှိတယ်၊ တစ်ခါတစ်လေ ရှိတဲ့မုန့်ထိုင်စားတာမျိုးတွေလုပ်တယ်။ ဆိုတော့ လုှပ်ရှားမှုအားနည်းတာကို ပံ့ပိုးနေတဲ့အတွက် အဝလွန်ရောဂါနဲ့ အခြားရောဂါတွေ ဖြစ်ဖို့ ရာခိုင်နှုန်းများလာတယ်။

၂) ကလေးတွေ ကြည့်နေတဲ့ ဗွီဒီယိုတွေ၊ ရုပ်ရှင်တွေ၊ ကစားတဲ့ ဖုန်းဂိမ်းတွေဟာ တိုက်ခိုက်တာတွေ၊ ကြမ်းတမ်းတဲ့ အပြုအမူတွေ၊ သတ်ဖြတ်ကြတာတွေ စတာတွေပဲ အမြဲပါတတ်တယ်ဆိုရင် ကလေးတွေရဲ့ စိတ်ပိုင်းဆိိုင်ရာအခြေအနေကို ထိခိုက်နိုင်ပါတယ်။ ဥပမာ ကလေးဟာ လိုတာထက်ပိုပြီး ကြမ်းတမ်းလာတာမျိုး၊ ပုံမှန်ထက်ပိုပြီး ကြောက်တတ်တာမျိုးပေါ့။ တစ်ခါတစ်လေ သူတို့သဘောကျတဲ့ မင်းသားက လူဆိုးနေရာမှာပါနေတာမျိုး၊ကြမ်းတမ်းတဲ့ ဇာတ်ကောင်နေရာမှာ ပါတာမျိုးဆိုရင် အကောင်း၊ အဆိုး၊ အမှား၊ အမှန် ခွဲခြားစဉ်းစားတဲ့အခါမှာ ခက်ခဲတတ်ပါတယ်။

၃) ကလေးတွေ မြင်ရတဲ့ အရက်သောက်တဲ့မြင်ကွင်း၊ ဆေးချတဲ့မြင်ကွင်း၊ ဆွေးလိပ်သောက်တဲ့မြင်ကွင်း၊ အသားအရောင်-ဘာသာတရား-လူမျိုးခွဲခြားပြီး နှိပ်စက်တဲ့မြင်ကွင်းမျိုးတွေက ကလေးတွေကို မြင်ကွင်းအတိုင်း လိုက်လုပ်ဖို့ တွန်းအားပေးတတ်ကြပါတယ်။ အချို့သုတေသနတွေမှာ 18+ မြင်ကွင်းတွေ မြင်ရတဲ့ကလေးတွေဟာ မမြင်ဖူးတဲ့ကလေးတွေထက် အသက်အရွယ်အားဖြင့် ပိုစောပြီး လုပ်ချင်စိတ်ပိုများတယ်လို့ ဆိုပါတယ်။

ဒီတော့ ပညာရှင်တွေက ဘာပြောလဲဆိုရင် ….

၁) No screem time for babies upto 18 months old! မွေးစကနေ အသက် ၁၈ လအထိ မိဘတွေအဝေးရောက်လို့ ဗွီဒီယိုကနေ စကားပြောတာမျိုးကလွဲရင် ဖုန်း၊ကွန်ပြူတာ၊ တွီဗွီစတာတွေကို မပြပါနဲ့။

၂) Some screem time with parents/caregivers! အသက် ၁၈လကနေ ၂၄လ အတွင်းမှာ မိဘ အုပ်ထိန်းသူနဲ့အတူ သင့်တော်သော တွီဗွီ၊ဗွီဒီိယို စတာတွေကို အချိန်အနည်းငယ်စပြလို့ရပါပြီ။

၃) No more than 1 hour a day for pre-schoolers! မူကြိုအရွယ်ကလေးတွေဆိုရင်တော့ တစ်နေ့ကို ပညာရေးဆိုင်ရာ ဗွီဒီယိုတွေ၊ သီချင်းတွေ၊ ဇာတ်လမ်းတွေ စတာတွေကို တစ်နာရီထက်မပိုပဲ ပြသဖို့လိုပါတယ်။

၄) Set time-limits together with the children!  သူငယ်တန်းက နေ အသက် ၁၈ နှစ်အထိက တော့ အချိန်အားဖြင့် ကန့်သတ်ထားတာမရှိပါဘူး။ ဒါပေမယ့် TV, video games, လူမှုကွန်ယက် စတာတွေသုံးပြီး အိပ်ရေးမဝ၊ အမြဲပင်ပန်းဖြစ်နေတတ်တာမို့ မိဘနဲ့ ကလေး သဘောတူညီမှုယူပြီး အချိန် တစ်ခုသတ်မှတ်ပြီးမှ သုံးခိုင်းဖို့လိုပါတယ်။

အိမ်တစ်လုံးမှာ တီဗွီတစ်လုံးပဲရှိတယ်ဆိုရင် အိမ်မှာ ရှိတဲ့ကလေးတွေဟာ လူကြီးတွေကြည့်တဲ့အရာတွေကို လိုက်ကြည့်ဖြစ်မှာပဲ။ ဒါကြောင့် အရွယ်ငယ်တဲ့ ကလေးတွေရှိတဲ့ အိမ်တွေမှာ ရွေးချယ်တဲ့ ဇာတ်လမ်းတွေကို သတိထားဖို့လိုပါတယ်။

ကိုရီးကားမှာဆိုရင် အရက်သောက်တာဟာ သာမာန်ကိစ္စမျိုးဖြစ်သလို- မြန်မာကားတွေမှာ ဆေးလိပ်သောက်တဲ့အခန်းတွေ၊ တက္ကသိုလ်ကျောင်းသား ဘီယာဆိုင်ထိုင်တာတွေဟာ မဆန်းတဲ့ရိုက်ကွက်မျိုး။  စိတ်ညစ်တာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့တိုင်ပင်ချင်တာပဲဖြစ်ဖြစ် အရက်ဆိုင် ဘီယာဆိုင်မှာ ထိုင်ပြီးပြောကြတယ်။ ချီးမြှောက်ချင်ရင်၊ ဂုဏ်ပြုချင်ရင် ဘီယာဆိုင်ကိုသွားကြတယ်။ အဲဒီ့လို ဇာတ်ကားတွေနဲ့ ကြီးပြင်းလာတဲ့ ကလေးတွေအတွက် ဘီယာတို့အရက်တို့ဟာ သာမာန်ကိစ္စလိုမျိုးဖြစ်လာတယ်။

 အဲဒီ့အပြင် ပိုဆိုးတာက စျေးဝယ်တတ်တဲ့ အရွယ်ဆိုတာနဲ့ ကလေးတွေကို ဆေးလိပ်တွေ၊ အရက်တွေ၊ ကွမ်းတွေဝယ်ခိုငး်တာပါပဲ။ ရောင်းသူကလည်း အသက်အကန့်အသတ်နဲ့မရောင်း၊ ခိုင်းသူကလည်း အသက်အကန့်အသတ်နဲ့မခိုင်း ဆိုတော့ စပြီးလုပ်တဲ့သူတွေကလည်း အသက်အကန့်အသတ်ဘယ်ရှိတော့မလဲ။ အလယ်တန်းကျောင်းသူ၊သားတွေ အရက်သောက်ကြတယ်၊ ဆေးလိပ်သောက်တယ်၊ ကွမ်းစားတယ်။ ဒါဟာ သာမာန်ကိစ္စလိုဖြစ်နေကြတယ်။ ဒီပြဿနာကို ရုပ်ရှင်တို့ဗွီဒီယိုတွေကနေကြည့်ပဲတော့ မဖြေရှင်းနိုင်ဘူး။ အားလုံးဝိုင်းရှင်းမှ ရမယ်။

၁) မိဘတွေ၊ လူကြီးတွေ ကလေးတွေကို အရက်၊ဆေးလိပ်၊ကွမ်းယာ မဝယ်ခိုင်းပါနဲ့။

၂) တာဝန်ရှိသူတွေကလည်း အသက် ၁၈ နှစ်အောက် ဆေးလိပ်၊ကွမ်း၊အရက် သောက်သုံးမှုကို တားမြစ်တဲ့ကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ်ဖို့လိုပါတယ်။

၃) ရောင်းတဲ့သူတွေကလည်း အသက် ၁၈ အောက်ဆို မရောင်းဖို့ တာဝန်ယူရမယ်။

၄) မီဒီယာမှာ ပါဝင်တဲ့သူတွေကလည်း ဇာတ်ကားတွေကို အသက်အရွယ်လိုက် ကန့်သတ်တာမျိုးလုပ်သင့်ပါတယ်။ ဥပမာ – ဘယ်ဇာတ်ကားကတော့ ၁၅ နှစ်အောက် မကြည့်သင့်ပါဆိုတာမျိုး။

ပြောချင်တာတွေကလည်း များနေပါပြီ။ အချုပ်မှာ ကျွန်မပြောချင်တာကတော့ – ကလေးတွေကို ကျမ်းမာပျော်ရွှင်ပြီးဉာဏ်ထက်မြတ်တဲ့သူတွေအဖြစ် မြင်ချင်တယ်ဆိုရင် ကလေးတွေကို Phone, Computer, TV, Video Games  စတာတွေအပေါ် သုံးတဲ့ အချိန်ကို သင့်တော်သလို သတ်မှတ်ပြီး သုံးစေပါ၊ တစ်ချို့အချိန်တွေမှာ မိဘ အုပ်ထိန်းသူတွေလည်း ရှိနေပေးပါ။ ကလေးတွေရဲ့ အသက်အရွယ်နဲ့ ကိုက်ညီမယ့် အရာတွေကိုပဲ ပြသပါ။ဆေးလိပ်၊ကွမ်းယာ၊အရက် စတာတွေကို ကလေးတွေကို မဝယ်ခိုင်းပါနဲ့။ အသိမိတ်ဆွေ စျေးရောင်းသူတွေကိုလည်း ရောင်းရဖို့တစ်ခုကိုမကြည့်ဘဲ ကလေးတွေရှေ့ရေးအတွက် ကြည့်ဖို့ အသိပညာဖြန့်ဝေပါ။ ကိုယ်နေထိုင်ရာ ရပ်ကွက်၊ဒေသ တာဝန်ခံတွေကိုလည်း ထုတ်ထားတဲ့ ဥပဒေတွေ အသက်ဝင်အောင် အလုပ်လုပ်ကြဖို့ တိုက်တွန်းပါ။ မိဘအုပ်ထိန်းသူ၊ဆရာ၊မတွေကို်တိုင်လည်း ကလေးတွေရှေ့မှာ ဖုန်းတပွတ်ပွတ်လုပ်တာတွေ၊ တီဗွီရှေ့မှာ တစ်ချိန်လုံးနေတာမျိုးတွေ မလုပ်ဘဲ ကလေးတွေအတွက် ဦးဆောင်ကောင်းတွေဖြစ်အောင် ကြိုးစားနိုင်ကြပါစေလို့ ဆုတောင်းရင်း….

မေတ္တာဖြင့်..

            Sayarma-ဆရာမ

References :

http://pediatrics.aappublications.org/content/118/5/1932.short
https://kidshealth.org/en/parents/tv-affects-child.html
https://www.verywellfamily.com/what-kids-miss-out-on-when-on-a-screen-4106100

Photo Credit : JGI/Jamie Grill/Getty Images

[Zawgyi]

ဒီရက္ပိုင္း အရမ္း ေရပန္းစားေနတဲ့ အေၾကာင္းအရာေလးက ရုပ္ရွင္ေတြနဲ႕ လူငယ္ေတြ ကေလးေတြရဲ႕ သင္ယူမွဳဆိုေတာ့ အဲဒ့ီေခါင္းစဥ္နဲ႕ဆက္စပ္တဲ့ ကေလးေတြအတြက္ ဘယ္လို ရုပ္ရွင္ေတြ၊ ဗြီဒီယိုေတြ ျပမလဲ၊ ဖုန္းေတြ တီဗြီေတြ အၾကည့္လြန္ရင္ ဘာျဖစ္မလဲ၊ ဘယ္လို ကာကြယ္နုိင္မလဲဆိုတာက ေခါင္းထဲဝင္လာလို႕ ဒီအပတ္မွာ ကေလးမ်ားအတြက္ ဖုန္း၊ တီဗြီၾကည့္ျခင္းအေၾကာင္းေတြေရာ၊ ကြမ္း၊အရက္၊ေဆးလိပ္အေၾကာင္းေရာ မွ်ေဝခ်င္ပါတယ္။

ဖုန္း၊ကြန္ျပဴတာ၊တီြဗြီမွာ ပါတဲ့ ဗြီဒီယိုေတြ၊ ကစားနည္းေတြဟာ ကေလးေတြအတြက္ တီထြင္ဖန္တီးနုိင္စြမ္းတို႕၊ ျပႆနာေျဖရွင္းနုိင္စြမ္းတို႕ကို ေပးနိုင္တာေတြလည္းရွိတယ္၊ ျပင္ပေလာကအေၾကာင္းေတြကို ကေလးေတြကို မိတ္ဆက္ေပးလို႕ရတယ္။ ဒါေပမယ့္…..

၁) တစ္ေန႕ကို ေလးနာရီအထက္ ပိုျပီးေတာ့ ၾကည့္တဲ့ကေလးဟာ အဝလြန္ေရာဂါျဖစ္နုိင္ေျခမ်ားပါတယ္။  တြီဗြီၾကည့္တဲ့အခ်ိန္၊ ဗြီဒီယိုဂိမ္းကစားေနတဲ့အခ်ိန္မ်ိဳးဆိုရင္ ခႏၶာကိုယ္ေတြက အျမဲ ျငိမ္ေနရေလ့ရွိတယ္၊ တစ္ခါတစ္ေလ ရွိတဲ့မုန္႕ထုိင္စားတာမ်ိဳးေတြလုပ္တယ္။ ဆိုေတာ့ လုွပ္ရွားမွဳအားနည္းတာကို ပံ့ပိုးေနတဲ့အတြက္ အဝလြန္ေရာဂါနဲ႕ အျခားေရာဂါေတြ ျဖစ္ဖို႕ ရာခိုင္ႏွုန္းမ်ားလာတယ္။

၂) ကေလးေတြ ၾကည့္ေနတဲ့ ဗြီဒီယိုေတြ၊ ရုပ္ရွင္ေတြ၊ ကစားတဲ့ ဖုန္းဂိမ္းေတြဟာ တိုက္ခိုက္တာေတြ၊ ၾကမ္းတမ္းတဲ့ အျပဳအမူေတြ၊ သတ္ျဖတ္ၾကတာေတြ စတာေတြပဲ အျမဲပါတတ္တယ္ဆိုရင္ ကေလးေတြရဲ႕ စိတ္ပုိင္းဆိုိင္ရာအေျခအေနကို ထိခိုက္နုိင္ပါတယ္။ ဥပမာ ကေလးဟာ လိုတာထက္ပိုျပီး ၾကမ္းတမ္းလာတာမ်ိဳး၊ ပံုမွန္ထက္ပိုျပီး ေၾကာက္တတ္တာမ်ိဳးေပါ့။ တစ္ခါတစ္ေလ သူတို႕သေဘာက်တဲ့ မင္းသားက လူဆိုးေနရာမွာပါေနတာမ်ိဳး၊ၾကမ္းတမ္းတဲ့ ဇာတ္ေကာင္ေနရာမွာ ပါတာမ်ိဳးဆိုရင္ အေကာင္း၊ အဆိုး၊ အမွား၊ အမွန္ ခြဲျခားစဥ္းစားတဲ့အခါမွာ ခက္ခဲတတ္ပါတယ္။

၃) ကေလးေတြ ျမင္ရတဲ့ အရက္ေသာက္တဲ့ျမင္ကြင္း၊ ေဆးခ်တဲ့ျမင္ကြင္း၊ ေဆြးလိပ္ေသာက္တဲ့ျမင္ကြင္း၊ အသားအေရာင္-ဘာသာတရား-လူမ်ိဳးခဲြျခားျပီး ႏွိပ္စက္တဲ့ျမင္ကြင္းမ်ိဳးေတြက ကေလးေတြကို ျမင္ကြင္းအတိုင္း လုိက္လုပ္ဖို႕ တြန္းအားေပးတတ္ၾကပါတယ္။ အခ်ိဳ႕သုေတသနေတြမွာ 18+ ျမင္ကြင္းေတြ ျမင္ရတဲ့ကေလးေတြဟာ မျမင္ဖူးတဲ့ကေလးေတြထက္ အသက္အရြယ္အားျဖင့္ ပိုေစာျပီး လုပ္ခ်င္စိတ္ပိုမ်ားတယ္လို့ ဆိုပါတယ္။

ဒီေတာ့ ပညာရွင္ေတြက ဘာေျပာလဲဆိုရင္ ….

၁) No screem time for babies upto 18 months old! ေမြးစကေန အသက္ ၁၈ လအထိ မိဘေတြအေဝးေရာက္လို့ ဗြီဒီယိုကေန စကားေျပာတာမ်ိဳးကလြဲရင္ ဖုန္း၊ကြန္ျပဴတာ၊ တီြဗြီစတာေတြကို မျပပါနဲ႕။

၂) Some screem time with parents/caregivers! အသက္ ၁၈လကေန ၂၄လ အတြင္းမွာ မိဘ အုပ္ထိန္းသူနဲ႕အတူ သင့္ေတာ္ေသာ တီြဗြီ၊ဗြီဒီိယို စတာေတြကို အခ်ိန္အနည္းငယ္စျပလို႕ရပါျပီ။

၃) No more than 1 hour a day for pre-schoolers! မူၾကိဳအရြယ္ကေလးေတြဆိုရင္ေတာ့ တစ္ေန႕ကို ပညာေရးဆိုင္ရာ ဗြီဒီယိုေတြ၊ သီခ်င္းေတြ၊ ဇာတ္လမ္းေတြ စတာေတြကို တစ္နာရီထက္မပိုပဲ ျပသဖို႕လိုပါတယ္။

၄) Set time-limits together with the children!  သူငယ္တန္းက ေန အသက္ ၁၈ ႏွစ္အထိက ေတာ့ အခ်ိန္အားျဖင့္ ကန္႕သတ္ထားတာမရွိပါဘူး။ ဒါေပမယ့္ TV, video games, လူမွုကြန္ယက္ စတာေတြသံုးျပီး အိပ္ေရးမဝ၊ အျမဲပင္ပန္းျဖစ္ေနတတ္တာမို႕ မိဘနဲ႕ ကေလး သေဘာတူညီမွဳယူျပီး အခ်ိန္ တစ္ခုသတ္မွတ္ျပီးမွ သံုးခိုင္းဖုိ႕လိုပါတယ္။

အိမ္တစ္လံုးမွာ တီဗြီတစ္လံုးပဲရွိတယ္ဆိုရင္ အိမ္မွာ ရွိတဲ့ကေလးေတြဟာ လူၾကီးေတြၾကည့္တဲ့အရာေတြကို လိုက္ၾကည့္ျဖစ္မွာပဲ။ ဒါေၾကာင့္ အရြယ္ငယ္တဲ့ ကေလးေတြရွိတဲ့ အိမ္ေတြမွာ ေရြးခ်ယ္တဲ့ ဇာတ္လမ္းေတြကို သတိထားဖုိ႕လိုပါတယ္။

ကိုရီးကားမွာဆိုရင္ အရက္ေသာက္တာဟာ သာမာန္ကိစၥမ်ိဳးျဖစ္သလို- ျမန္မာကားေတြမွာ ေဆးလိပ္ေသာက္တဲ့အခန္းေတြ၊ တကၠသိုလ္ေက်ာင္းသား ဘီယာဆုိင္ထုိင္တာေတြဟာ မဆန္းတဲ့ရိုက္ကြက္မ်ိဳး။  စိတ္ညစ္တာပဲျဖစ္ျဖစ္၊ သူငယ္ခ်င္းေတြနဲ႕တုိင္ပင္ခ်င္တာပဲျဖစ္ျဖစ္ အရက္ဆုိင္ ဘီယာဆုိင္မွာ ထုိင္ျပီးေျပာၾကတယ္။ ခ်ီးေျမွာက္ခ်င္ရင္၊ ဂုဏ္ျပဳခ်င္ရင္ ဘီယာဆုိင္ကိုသြားၾကတယ္။ အဲဒီ့လို ဇာတ္ကားေတြနဲ႕ ၾကီးျပင္းလာတဲ့ ကေလးေတြအတြက္ ဘီယာတုိ႕အရက္တုိ႕ဟာ သာမာန္ကိစၥလိုမ်ိဳးျဖစ္လာတယ္။

 အဲဒီ့အျပင္ ပိုဆိုးတာက ေစ်းဝယ္တတ္တဲ့ အရြယ္ဆိုတာနဲ႕ ကေလးေတြကို ေဆးလိပ္ေတြ၊ အရက္ေတြ၊ ကြမ္းေတြဝယ္ခုိငး္တာပါပဲ။ ေရာင္းသူကလည္း အသက္အကန့္အသတ္နဲ႕မေရာင္း၊ ခိုင္းသူကလည္း အသက္အကန့္အသတ္နဲ႕မခိုင္း ဆိုေတာ့ စျပီးလုပ္တဲ့သူေတြကလည္း အသက္အကန့္အသတ္ဘယ္ရွိေတာ့မလဲ။ အလယ္တန္းေက်ာင္းသူ၊သားေတြ အရက္ေသာက္ၾကတယ္၊ ေဆးလိပ္ေသာက္တယ္၊ ကြမ္းစားတယ္။ ဒါဟာ သာမာန္ကိစၥလိုျဖစ္ေနၾကတယ္။ ဒီျပႆနာကို ရုပ္ရွင္တို႕ဗြီဒီယိုေတြကေနၾကည့္ပဲေတာ့ မေျဖရွင္းနုိင္ဘူး။ အားလံုးဝိုင္းရွင္းမွ ရမယ္။

၁) မိဘေတြ၊ လူၾကီးေတြ ကေလးေတြကို အရက္၊ေဆးလိပ္၊ကြမ္းယာ မဝယ္ခုိင္းပါနဲ႕။

၂) တာဝန္ရွိသူေတြကလည္း အသက္ ၁၈ ႏွစ္ေအာက္ ေဆးလိပ္၊ကြမ္း၊အရက္ ေသာက္သံုးမွဳကို တားျမစ္တဲ့ကိစၥကို ထိထိေရာက္ေရာက္ ကိုင္တြယ္ဖို႕လိုပါတယ္။

၃) ေရာင္းတဲ့သူေတြကလည္း အသက္ ၁၈ ေအာက္ဆို မေရာင္းဖို႕ တာဝန္ယူရမယ္။

၄) မီဒီယာမွာ ပါဝင္တဲ့သူေတြကလည္း ဇာတ္ကားေတြကို အသက္အရြယ္လုိက္ ကန့္သတ္တာမ်ိဳးလုပ္သင့္ပါတယ္။ ဥပမာ – ဘယ္ဇာတ္ကားကေတာ့ ၁၅ ႏွစ္ေအာက္ မၾကည့္သင့္ပါဆိုတာမ်ိဳး။

ေျပာခ်င္တာေတြကလည္း မ်ားေနပါျပီ။ အခ်ဳပ္မွာ ကၽြန္မေျပာခ်င္တာကေတာ့ – ကေလးေတြကို က်မ္းမာေပ်ာ္ရႊင္ျပီးဥာဏ္ထက္ျမတ္တဲ့သူေတြအျဖစ္ ျမင္ခ်င္တယ္ဆိုရင္ ကေလးေတြကို Phone, Computer, TV, Video Games  စတာေတြအေပၚ သံုးတဲ့ အခ်ိန္ကို သင့္ေတာ္သလုိ သတ္မွတ္ျပီး သံုးေစပါ၊ တစ္ခ်ိဳ႕အခ်ိန္ေတြမွာ မိဘ အုပ္ထိန္းသူေတြလည္း ရွိေနေပးပါ။ ကေလးေတြရဲ႕ အသက္အရြယ္နဲ႕ ကိုက္ညီမယ့္ အရာေတြကိုပဲ ျပသပါ။ေဆးလိပ္၊ကြမ္းယာ၊အရက္ စတာေတြကို ကေလးေတြကို မဝယ္ခုိင္းပါနဲ႕။ အသိမိတ္ေဆြ ေစ်းေရာင္းသူေတြကိုလည္း ေရာင္းရဖို႕တစ္ခုကိုမၾကည့္ဘဲ ကေလးေတြေရွ႕ေရးအတြက္ ၾကည့္ဖုိ႕ အသိပညာျဖန္႕ေဝပါ။ ကိုယ္ေနထုိင္ရာ ရပ္ကြက္၊ေဒသ တာဝန္ခံေတြကိုလည္း ထုတ္ထားတဲ့ ဥပေဒေတြ အသက္ဝင္ေအာင္ အလုပ္လုပ္ၾကဖုိ႕ တုိက္တြန္းပါ။ မိဘအုပ္ထိန္းသူ၊ဆရာ၊မေတြကို္တိုင္လည္း ကေလးေတြေရွ႕မွာ ဖုန္းတပြတ္ပြတ္လုပ္တာေတြ၊ တီဗြီေရွ႕မွာ တစ္ခ်ိန္လံုးေနတာမ်ိဳးေတြ မလုပ္ဘဲ ကေလးေတြအတြက္ ဦးေဆာင္ေကာင္းေတြျဖစ္ေအာင္ ၾကိဳးစားနုိင္ၾကပါေစလို႕ ဆုေတာင္းရင္း….

ေမတၱာျဖင့္..

            Sayarma-ဆရာမ

References :

http://pediatrics.aappublications.org/content/118/5/1932.short
https://kidshealth.org/en/parents/tv-affects-child.html

https://www.verywellfamily.com/what-kids-miss-out-on-when-on-a-screen-4106100 Photo Credit : JGI/Jamie Grill/Getty Images