[Unicode]

မကြာခင်မှာ ခရစ္စမတ် ပွဲတော်ကို ရောက်တော့မယ်။ခရစ္စမတ်ဆိုတာ ခရစ်ယာန်တွေအတွက် ဘာသာရေးနဲ့ ရိုးရာယဉ်ကျေးမှုတွေ ရောယှက်နေတဲ့ ပွဲတော်တစ်ခုပါ။ ခရစ်ယာန်တွေအဓိက ပါဝင်ဆင်နွှဲကြပေမယ့် ခရစ်ယာန်မဟုတ်တဲ့သူတွေလည်း ဘာသာရေးအမြင်နဲ့မကြည့်ဘဲ ရိုးရာပွဲတစ်ခုအနေနဲ့ ပါဝင် ကျင်းပကြပါတယ်။ ဒီနေ့တော့ ခရစ်ယာန်ဘာသာဝင် ကလေးတွေရော၊ ခရစ်ယာန်ဘာသာဝင်မဟုတ်တဲ့ ကလေးတွေအတွက်ပါ ခရစ္စမတ်ပွဲတော်မှာ ပါဝင်စေနိုင်မယ့် လုပ်ငန်းလေး (၄)ခုကို မျှဝေပေးပါရစေ။

၁) လက်ဆောင်အပြန်အလှန်ပေးအပ်ခြင်း

———————————————-

သခင်ယေရှုဟာ လူသားတွေအတွက် ဘုရားသခင်က ပေးတဲ့ လက်ဆောင်ပဲဆိုတဲ့ ယုံကြည်ချက်ကြောင့် ခရစ္စမတ်ရောက်ရင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လက်ဆောင်တွေပေးကြတဲ့ ဓလေ့လေး ဖြစ်ပေါ်လာခဲ့တယ်။ အဲဒီ့ဓလေ့လေးကို အခြေခံပြီး ကလေးတွေကို လက်ဆောင်တွေ ယူလာခိုင်းလို့ရတယ်။ ပြီးရင် အချင်းချင်း ကိုယ်ပေးချင်တဲ့သူကို လက်ဆောင်ပေးတာဖြစ်ဖြစ်၊ မဲလိပ်နှိက်ပြီး အချင်းချင်းယူလာတဲ့ လက်ဆောင်ကို မဲဖောက်ယူကြတာဖြစ်ဖြစ်၊ ပါကင်တွေ ပိတ်ထားပြီး လက်ဆောင် ရွေးချယ်ယူတာဖြစ်ဖြစ် လုပ်လို့ရပါတယ်။ ကျွန်မ သူငယ်ချင်းတွေ လုပ်ဖြစ်တဲ့ လက်ဆောင် လဲလှယ်ပုံက လက်ဆောင်တွေ အများကြီးကို ပုံထားတယ်။ လူတွေ အားလုံး လက်ဆောင်ရွေးရမယ့် ကိုယ့်အလှည့်နံပါတ်ကို  မဲလိပ်နှိက်ထားရတယ်။ နံပါတ် ၁ ကျရင် အရင် ယူပေါ့။ နံပါတ် ၂ ကျတဲ့သူက နံပါတ် ၁ ရထားတဲ့လက်ဆောင်ကိုဖြစ်ဖြစ် လက်ဆောင် အသစ်ကို ဖြစ်ဖြစ် ရွေးချယ်ယူရတယ်။  ပစ္စည်းတစ်ခုကို ၃ ခါပိုင်ရှင်ပြောင်းခွင့်ရှိတယ်။ ပစ္စည်းလက်ဆောင် မပေးချင်ဘူးဆိုရင် မုန့်(ကွတ်ကီး၊ ချောကလက်၊ အချိုမုန့်… ) တွေလည်း လဲလယ်ခိုင်းလို့ရပါတယ်။ လက်ဆောင်အပြန်အလှန်ပေးကြတယ်ဆိုတာ ဒါနပြုတတ်အောင်၊ တစ်ပါးသူကို အကျိုးပြုတတ်အောင်၊ သူများအတွက် စဉ်းစားပေးတတ်အောင်၊ မေတ္တာပေးတတ်အောင် သင်ပေးတဲ့ နည်းအဖြစ်နဲ့ ယူပြီး ဒီလုပ်ငန်းလေးကို ကလေးတွေအတွက် လုပ်ပေးနိုင်ပါတယ်။

၂) လုပ်အားပေးခြင်း၊ အလှူဒါနတစ်ခုခုပြုလုပ်ခြင်း

——————————————————-

ခရစ္စမတ်မှာ မိသားစုတွေ စုံညီကြတယ်။ တစ်ချို့တွေက ဒီလို မိသားစုဆုံညီကြချိန်မှာ တစ်နေရာရာမှာ လုပ်အားပေးတာတွေ၊ အလှူဒါနလုပ်ကြတာတွေကလည်း ဓလေ့တွေ ထဲက တစ်ခုပါဝင်ပါတယ်။ ဒါကြောင့် ခရစ္စမတ် အထိမ်းအမှတ် အနေနဲ့ ကျောင်းမှာ တစ်ခုခု  လုပ် အားပေးကြတာမျိုး၊ မိသားစုစုံစုံညီညီ တစ်ခုခု လှူဒါန်းပေးကမ်းကြတာမျိုးလုပ်လို့ရပါတယ်။ လုပ်အားပဲဖြစ်ဖြစ်၊ ပစ္စည်းပဲဖြစ်ဖြစ်၊ ငွေကြေးပဲဖြစ်ဖြစ် လိုအပ်နေသူ၊ လိုအပ်နေတဲ့နေရာကို ပေးလိုက်ရတဲ့ ခံစားချက်၊ အရသာဟာ ဘာနဲ့မှ လဲလို့မရတဲ့အရာဆိုတာကို ကလေးတွေသိလာအောင် ကူညီပေးနိုင်မယ့်လုပ်ငန်းမျိုးပါ။ သူငယ်ချင်းတွေ မိသားစုတွေ စုပြီး လုပ်အားပေးခြင်းကနေလည်း စည်းလုံးညီညွတ်ဖို့၊ တစ်ဦးနဲ့တစ်ဦး ပိုပြီး ရင်းနှီးစေတဲ့ အကျိုးရလဒ်တွေရနိုင်ပါတယ်။  လူကြီးတွေကပဲ ဦးဆောင်ပြီး လုပ်သင့်တာ ရွေးချယ်တာထက် ကလေး လူကြီး အားလုံးရဲ့ သဘောတူညီမှုနဲ့ အားလုံးရဲ့ ထင်မြင်ယူဆချက်တွေကိုလည်း ထည့်သွင်းစဉ်းစားဖို့တော့ လိုပါတယ်။

၃) ခရစ္စမတ် အရုပ်ကလေးတွေလုပ်ခြင်း

———————————————-

ခရစ္စမတ်ပွဲတော်တွေမှာ  ခရစ္စမတ် သစ်ပင်က အမြဲမပါမဖြစ်ပါတယ်။ ခရစ္စမတ် သစ်ပင်အောက်မှာ လက်ဆောင် ဗူးလေးတွေနဲ့ ကလေးတွေကို အံ့အားသင့်အောင် လုပ်ကြတယ်၊ အပြန်အလှန် လက်ဆောင် လဲလှယ်ဖို့အတွက် ထားကြတယ်။ သစ်ပင်ပေါ်မှာ ကံကောင်းခြင်း ပန်းခွေလေးတွေ(wreaths)၊ Ornaments လေးတွေ၊ ကြယ်လေးတွေ စသည်ဖြင့် အမျိုးမျိုးပုံဖေါ်ပြီး ချိတ်ဆွဲထားကြတယ်။ အဲဒီ့တော့ ခရစ္စမတ် ကာလအတွင်းမှာအသုံးပြုတဲ့ သစ်ပင်အသေးလေးတွေ၊ Raindeer ပုံ ခေါင်းဆောင်းလေးတွေ၊ Wreath လေးတွေ၊ Ornaments လေးတွေ စတဲ့ အရုပ်လေးတွေကို စက္ကူလေးတွေ၊ ပိုက်လေးတွေ၊ တုတ်ချောင်းလေးတွေ၊ တူလေးတွေ အသုံးပြုပြီး တီထွင်ခိုင်းလို့ရပါတယ်။ ကလေးတွေကို တီထွင် ဖန်တီးခိုင်းရင်း ဘာသာရေးဆိုင်ရာ အကြောင်းအရာတွေကို သင်ပေးလို့ရသလို၊ ကလေးတွေရဲ့ ဖန်တီးမှုစွမ်းရည်တိုးတက်ဖို့အတွက် ဦးစားပေးပြီး ဒီဇိုင်းအကြောင်း၊ အရောင်အကြောင်း၊ ပြင်ဆင်မှု ပုံစံ ဒီဇိုင်းတွေ အကြောင်းလည်း သင်ပေးလို့ရပါတယ်။

၄) မျှော်လင့်ချက်တွေ မျှဝေစေခြင်း

—————————————

ခရစ္စမတ်ရဲ့ တန်ဖိုးထားမှုတစ်ခုက မျှော်လင့်ချက်တွေကို ရှင်သန်စေခြင်းဖြစ်ပါတယ်။ ကိုယ်လုပ်ခဲ့တဲ့အရာတွေကို ပြန်လည် သုံးသပ်ကြပြီး နောက်လာမယ့် နေ့ရက်တွေအတွက် မျှော်လင့်ချက်တွေကို မျှဝေကြတဲ့ အလေ့အထရှိပါတယ်။ ကလေးတွေ မိသားစုနဲ့အတူဖြစ်ဖြစ်၊ စာသင်ခန်းက သူငယ်ချင်းတွေနဲ့ အတူတူဖြစ်ဖြစ် ကိုယ်ကြုံတွေ့ပြီးသား ကောင်းသော အရာတွေကို ပြန်လည် အောက်မေ့စဉ်းစားခိုင်းမယ်၊ မျှဝေခိုင်းမယ်၊ ကိုယ်ဖြစ်ချင်တဲ့အရာတွေ လုပ်ချင်တဲ့အရာတွေကိုလည်း ဝေမျှခိုင်းပြီး ကိုယ့်ရဲ့ မျှော်လင့်ချက်တွေကို မိသားစုတွေကရော သူငယ်ချင်းတွေကရော ဘယ်လို ပံ့ပိုးကြမလဲဆိုတာမျိုးကို ဆွေးနွေးကြမယ်ဆိုရင် ကလေးတွေလည်း ပိုပြီးတော့ အပြုသဘောဆောင်တဲ့ အတွေးတွေ တွေးတတ်လာမယ်၊ ကိုယ့်ရဲ့ မျှော်မှန်းချက်တွေကိုလည်း တစ်ဖြည်းဖြည်း ပုံဖေါ်လာနိုင်မယ်၊ အခြားသူကို ပံ့ပိုးတတ်တဲ့ အကျင့်လည်း ရလာမယ်။  ကိုယ့်ရဲ့ ကောင်းမွန်တဲ့အတိတ်ဖြစ်ရပ်ထဲမှာ ကို်ယ့်ကို ပံ့ပိုးကူညီဖူးသူတွေရဲ့ ကျေးဇူးကိုလည်း အောက်မေ့ပြီး ကျေးဇူးတင်ထိုက်သူကို ရဲရဲဝံ့ဝံ့ ကျေးဇူးတင်ရဲလာမယ်။

ခရစ္စမတ်ပွဲတော်ကာလဟာ ခရစ်ယာန်တွေအတွက်သာဆိုပြီး ပွဲတော်တွေမှာမပါဝင်တဲ့သူတွေလည်းရှိမှာပါ။ လူတိုင်းဟာ အယူအဆ အမျိုးမျိုးနဲ့ ရပ်တည်ကြတာမို့ လွတ်လပ်စွာ ရွေးချယ်နိုင်ပါတယ်။ ကျွန်မ အထက်မှာ အကြံပြုခဲ့တဲ့လုပ်ငန်းတွေက တစ်ကယ်တော့ အခြားဘာသာတရားတွေရဲ့ ရိုးရာဓလေ့တွေ၊ တန်ဖိုးထားမှုတွေမှာလည်း ရှိပါတယ်။ ဒီလုပ်ငန်းတွေကို ဘာသာရေးအမြင်နဲ့ သင်ချင်သူကလည်း သင်နိုင်သလို၊ ယဉ်ကျေးမှုဓလေ့လေးတွေကို သိစေချင်တယ် လေ့လာစေချင်တယ်ဆိုပြီး သင်ပေးမယ့်သူတွေလည်း သင်နိုင်ပါတယ်။ ကိုယ့်ဘာသာ၊ ကိုယ့်ဓလေ့ကနေပဲဖြစ်ဖြစ်၊ ကိုယ်နဲ့မတူညီသော သူတွေ၊ မတူညီသော ယဉ်ကျေးမှုဓလေ့တွေဆီကနေ ပဲဖြစ်ဖြစ် အပြုသဘောဆောင်သော သင်ယူမှုတွေရယူပြီး ပိုကောင်းသောသူတွေဖြစ်ဖို့ ကြိုးစားနိုင်ကြသလို၊ ပိုကောင်းသော ကလေးတွေဖြစ်အောင်လည်း ပ့ံပိုးပေးနိုင်ကြပါစေလို့ ဆုတောင်းရင်း….

မေတ္တာဖြင့်..

           Sayarma-ဆရာမ

မှတ်ချက်။    ။ ကျွန်မကို အချက်အလက်အချို့ပေးခဲ့တဲ့ စာစောင်တွေကိုလည်း ဖတ်ကြည့်နိုင်ပါတယ် ။

ခရစ္စမတ်နဲ့ပတ်သတ်တဲ့ တန်ဖိုးထားမှုလေးတွေ အကြောင်း

https://www.smartparenting.com.ph/life/home/7-christmas-values-to-teach-our-kids

ငွေကြေအကုန်ကျ သက်သာပြီး ပျော်စရာကောင်းတဲ့ လုပ်ငန်းလေးတွေအတွက်

https://www.familyeducation.com/fun/christmas-activities-traditions/12-days-fun-cheap-christmas-activities-families

ခရစ္စမတ်နဲ့ဆို်င်တဲ့အရုပ်လေးတွေအတွက် အိုင်ဒီယာလိုချင်ရင် https://www.brightstarkids.com.au/blog/decorating/20-easy-christmas-craft-for-kids/

Photo Credit – https://www.canvasfactory.co.nz/blog/kids-christmas-crafts-easy/kids-christmas-crafts-tree-min/

[Zawgyi]

မၾကာခင္မွာ ခရစၥမတ္ ပြဲေတာ္ကို ေရာက္ေတာ့မယ္။ခရစၥမတ္ဆိုတာ ခရစ္ယာန္ေတြအတြက္ ဘာသာေရးနဲ႕ ရိုးရာယဥ္ေက်းမွဳေတြ ေရာယွက္ေနတဲ့ ပြဲေတာ္တစ္ခုပါ။ ခရစ္ယာန္ေတြအဓိက ပါဝင္ဆင္ႏႊဲၾကေပမယ့္ ခရစ္ယာန္မဟုတ္တဲ့သူေတြလည္း ဘာသာေရးအျမင္နဲ႕မၾကည့္ဘဲ ရိုးရာပြဲတစ္ခုအေနနဲ႕ ပါဝင္ က်င္းပၾကပါတယ္။ ဒီေန႕ေတာ့ ခရစ္ယာန္ဘာသာဝင္ ကေလးေတြေရာ၊ ခရစ္ယာန္ဘာသာဝင္မဟုတ္တဲ့ ကေလးေတြအတြက္ပါ ခရစၥမတ္ပြဲေတာ္မွာ ပါဝင္ေစနုိင္မယ့္ လုပ္ငန္းေလး (၄)ခုကို မွ်ေဝေပးပါရေစ။

၁) လက္ေဆာင္အျပန္အလွန္ေပးအပ္ျခင္း

———————————————-

သခင္ေယရွဳဟာ လူသားေတြအတြက္ ဘုရားသခင္က ေပးတဲ့ လက္ေဆာင္ပဲဆိုတဲ့ ယံုၾကည္ခ်က္ေၾကာင့္ ခရစၥမတ္ေရာက္ရင္ တစ္ေယာက္နဲ႕တစ္ေယာက္ အျပန္အလွန္လက္ေဆာင္ေတြေပးၾကတဲ့ ဓေလ့ေလး ျဖစ္ေပၚလာခဲ့တယ္။ အဲဒီ့ဓေလ့ေလးကို အေျခခံျပီး ကေလးေတြကို လက္ေဆာင္ေတြ ယူလာခုိင္းလို႕ရတယ္။ ျပီးရင္ အခ်င္းခ်င္း ကိုယ္ေပးခ်င္တဲ့သူကို လက္ေဆာင္ေပးတာျဖစ္ျဖစ္၊ မဲလိပ္ႏွိက္ျပီး အခ်င္းခ်င္းယူလာတဲ့ လက္ေဆာင္ကို မဲေဖာက္ယူၾကတာျဖစ္ျဖစ္၊ ပါကင္ေတြ ပိတ္ထားျပီး လက္ေဆာင္ ေရြးခ်ယ္ယူတာျဖစ္ျဖစ္ လုပ္လို႕ရပါတယ္။ ကၽြန္မ သူငယ္ခ်င္းေတြ လုပ္ျဖစ္တဲ့ လက္ေဆာင္ လဲလွယ္ပံုက လက္ေဆာင္ေတြ အမ်ားၾကီးကို ပံုထားတယ္။ လူေတြ အားလံုး လက္ေဆာင္ေရြးရမယ့္ ကိုယ့္အလွည့္နံပါတ္ကို  မဲလိပ္ႏွိက္ထား၇တယ္။ နံပါတ္ ၁ က်ရင္ အရင္ ယူေပါ့။ နံပါတ္ ၂ က်တဲ့သူက နံပါတ္ ၁ ရထားတဲ့လက္ေဆာင္ကိုျဖစ္ျဖစ္ လက္ေဆာင္ အသစ္ကို ျဖစ္ျဖစ္ ေရြးခ်ယ္ယူရတယ္။  ပစၥည္းတစ္ခုကို ၃ ခါပိုင္ရွင္ေျပာင္းခြင့္ရွိတယ္။ ပစၥည္းလက္ေဆာင္ မေပးခ်င္ဘူးဆိုရင္ မုန္႕(ကြတ္ကီး၊ ေခ်ာကလက္၊ အခ်ိဳမုန္႕… ) ေတြလည္း လဲလယ္ခုိင္းလို႕ရပါတယ္။ လက္ေဆာင္အျပန္အလွန္ေပးၾကတယ္ဆိုတာ ဒါနျပဳတတ္ေအာင္၊ တစ္ပါးသူကို အက်ိဳးျပဳတတ္ေအာင္၊ သူမ်ားအတြက္ စဥ္းစားေပးတတ္ေအာင္၊ ေမတၱာေပးတတ္ေအာင္ သင္ေပးတဲ့ နည္းအျဖစ္နဲ႕ ယူျပီး ဒီလုပ္ငန္းေလးကို ကေလးေတြအတြက္ လုပ္ေပးနုိင္ပါတယ္။

၂) လုပ္အားေပးျခင္း၊ အလွဴဒါနတစ္ခုခုျပဳလုပ္ျခင္း

——————————————————-

ခရစၥမတ္မွာ မိသားစုေတြ စံုညီၾကတယ္။ တစ္ခ်ိဳ႕ေတြက ဒီလို မိသားစုဆံုညီၾကခ်ိန္မွာ တစ္ေနရာရာမွာ လုပ္အားေပးတာေတြ၊ အလွဴဒါနလုပ္ၾကတာေတြကလည္း ဓေလ့ေတြ ထဲက တစ္ခုပါဝင္ပါတယ္။ ဒါေၾကာင့္ ခရစၥမတ္ အထိမ္းအမွတ္ အေနနဲ႕ ေက်ာင္းမွာ တစ္ခုခု  လုပ္ အားေပးၾကတာမ်ိဳး၊ မိသားစုစံုစံုညီညီ တစ္ခုခု လွဴဒါန္းေပးကမ္းၾကတာမ်ိဳးလုပ္လို႕ရပါတယ္။ လုပ္အားပဲျဖစ္ျဖစ္၊ ပစၥည္းပဲျဖစ္ျဖစ္၊ ေငြေၾကးပဲျဖစ္ျဖစ္ လိုအပ္ေနသူ၊ လိုအပ္ေနတဲ့ေနရာကို ေပးလိုက္ရတဲ့ ခံစားခ်က္၊ အရသာဟာ ဘာနဲ႕မွ လဲလို႕မရတဲ့အရာဆိုတာကို ကေလးေတြသိလာေအာင္ ကူညီေပးနုိင္မယ့္လုပ္ငန္းမ်ိဳးပါ။ သူငယ္ခ်င္းေတြ မိသားစုေတြ စုျပီး လုပ္အားေပးျခင္းကေနလည္း စည္းလံုးညီညြတ္ဖုိ႕၊ တစ္ဦးနဲ႕တစ္ဦး ပိုျပီး ရင္းႏွီးေစတဲ့ အက်ိဳးရလဒ္ေတြရနုိင္ပါတယ္။  လူၾကီးေတြကပဲ ဦးေဆာင္ျပီး လုပ္သင့္တာ ေရြးခ်ယ္တာထက္ ကေလး လူၾကီး အားလံုးရဲ႕ သေဘာတူညီမွဳနဲ႕ အားလံုးရဲ႕ ထင္ျမင္ယူဆခ်က္ေတြကိုလည္း ထည့္သြင္းစဥ္းစားဖို႕ေတာ့ လိုပါတယ္။

၃) ခရစၥမတ္ အရုပ္ကေလးေတြလုပ္ျခင္း

———————————————-

ခရစၥမတ္ပြဲေတာ္ေတြမွာ  ခရစၥမတ္ သစ္ပင္က အျမဲမပါမျဖစ္ပါတယ္။ ခရစၥမတ္ သစ္ပင္ေအာက္မွာ လက္ေဆာင္ ဗူးေလးေတြနဲ႕ ကေလးေတြကို အံ့အားသင့္ေအာင္ လုပ္ၾကတယ္၊ အျပန္အလွန္ လက္ေဆာင္ လဲလွယ္ဖို႕အတြက္ ထားၾကတယ္။ သစ္ပင္ေပၚမွာ ကံေကာင္းျခင္း ပန္းေခြေလးေတြ(wreaths)၊ Ornaments ေလးေတြ၊ ၾကယ္ေလးေတြ စသည္ျဖင့္ အမ်ိဳးမ်ိဳးပံုေဖၚျပီး ခ်ိတ္ဆြဲထားၾကတယ္။ အဲဒီ့ေတာ့ ခရစၥမတ္ ကာလအတြင္းမွာအသံုးျပဳတဲ့ သစ္ပင္အေသးေလးေတြ၊ Raindeer ပံု ေခါင္းေဆာင္းေလးေတြ၊ Wreath ေလးေတြ၊ Ornaments ေလးေတြ စတဲ့ အရုပ္ေလးေတြကို စကၠဴေလးေတြ၊ ပုိက္ေလးေတြ၊ တုတ္ေခ်ာင္းေလးေတြ၊ တူေလးေတြ အသံုးျပဳျပီး တီထြင္ခိုင္းလို႕ရပါတယ္။ ကေလးေတြကို တီထြင္ ဖန္တီးခိုင္းရင္း ဘာသာေရးဆိုင္ရာ အေၾကာင္းအရာေတြကို သင္ေပးလို႕ရသလို၊ ကေလးေတြရဲ႕ ဖန္တီးမွဳစြမ္းရည္တိုးတက္ဖို႕အတြက္ ဦးစားေပးျပီး ဒီဇိုင္းအေၾကာင္း၊ အေရာင္အေၾကာင္း၊ ျပင္ဆင္မွု ပံုစံ ဒီဇိုင္းေတြ အေၾကာင္းလည္း သင္ေပးလို႕ရပါတယ္။

၄) ေမွ်ာ္လင့္ခ်က္ေတြ မွ်ေဝေစျခင္း

—————————————

ခရစၥမတ္ရဲ႕ တန္ဖိုးထားမွဳတစ္ခုက ေမွ်ာ္လင့္ခ်က္ေတြကို ရွင္သန္ေစျခင္းျဖစ္ပါတယ္။ ကိုယ္လုပ္ခဲ့တဲ့အရာေတြကို ျပန္လည္ သံုးသပ္ၾကျပီး ေနာက္လာမယ့္ ေန႕ရက္ေတြအတြက္ ေမွ်ာ္လင့္ခ်က္ေတြကို မွ်ေဝၾကတဲ့ အေလ့အထရွိပါတယ္။ ကေလးေတြ မိသားစုနဲ႕အတူျဖစ္ျဖစ္၊ စာသင္ခန္းက သူငယ္ခ်င္းေတြနဲ႕ အတူတူျဖစ္ျဖစ္ ကိုယ္ၾကံဳေတြ႕ျပီးသား ေကာင္းေသာ အရာေတြကို ျပန္လည္ ေအာက္ေမ့စဥ္းစားခုိင္းမယ္၊ မွ်ေဝခုိင္းမယ္၊ ကိုယ္ျဖစ္ခ်င္တဲ့အရာေတြ လုပ္ခ်င္တဲ့အရာေတြကိုလည္း ေဝမွ်ခိုင္းျပီး ကိုယ့္ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို မိသားစုေတြကေရာ သူငယ္ခ်င္းေတြကေရာ ဘယ္လို ပံ့ပိုးၾကမလဲဆုိတာမ်ိဳးကို ေဆြးေႏြးၾကမယ္ဆိုရင္ ကေလးေတြလည္း ပိုျပီးေတာ့ အျပဳသေဘာေဆာင္တဲ့ အေတြးေတြ ေတြးတတ္လာမယ္၊ ကိုယ့္ရဲ႕ ေမွ်ာ္မွန္းခ်က္ေတြကိုလည္း တစ္ျဖည္းျဖည္း ပံုေဖၚလာနုိင္မယ္၊ အျခားသူကို ပံ့ပိုးတတ္တဲ့ အက်င့္လည္း ရလာမယ္။  ကိုယ့္ရဲ႕ ေကာင္းမြန္တဲ့အတိတ္ျဖစ္ရပ္ထဲမွာ ကို္ယ့္ကို ပံ့ပိုးကူညီဖူးသူေတြရဲ႕ ေက်းဇူးကိုလည္း ေအာက္ေမ့ျပီး ေက်းဇူးတင္ထိုက္သူကို ရဲရဲဝံ့ဝံ့ ေက်းဇူးတင္ရဲလာမယ္။

ခရစၥမတ္ပြဲေတာ္ကာလဟာ ခရစ္ယာန္ေတြအတြက္သာဆိုျပီး ပြဲေတာ္ေတြမွာမပါဝင္တဲ့သူေတြလည္းရွိမွာပါ။ လူတိုင္းဟာ အယူအဆ အမ်ိဳးမ်ိဳးနဲ႕ ရပ္တည္ၾကတာမို႕ လြတ္လပ္စြာ ေရြးခ်ယ္နုိင္ပါတယ္။ ကၽြန္မ အထက္မွာ အၾကံျပဳခဲ့တဲ့လုပ္ငန္းေတြက တစ္ကယ္ေတာ့ အျခားဘာသာတရားေတြရဲ႕ ရိုးရာဓေလ့ေတြ၊ တန္ဖိုးထားမွဳေတြမွာလည္း ရွိပါတယ္။ ဒီလုပ္ငန္းေတြကို ဘာသာေရးအျမင္နဲ႕ သင္ခ်င္သူကလည္း သင္နုိင္သလို၊ ယဥ္ေက်းမွဳဓေလ့ေလးေတြကို သိေစခ်င္တယ္ ေလ့လာေစခ်င္တယ္ဆိုျပီး သင္ေပးမယ့္သူေတြလည္း သင္နုိင္ပါတယ္။ ကိုယ့္ဘာသာ၊ ကိုယ့္ဓေလ့ကေနပဲျဖစ္ျဖစ္၊ ကိုယ္နဲ႕မတူညီေသာ သူေတြ၊ မတူညီေသာ ယဥ္ေက်းမွဳဓေလ့ေတြဆီကေန ပဲျဖစ္ျဖစ္ အျပဳသေဘာေဆာင္ေသာ သင္ယူမွဳေတြရယူျပီး ပိုေကာင္းေသာသူေတြျဖစ္ဖုိ႕ ၾကိဳးစားနုိင္ၾကသလို၊ ပိုေကာင္းေသာ ကေလးေတြျဖစ္ေအာင္လည္း ပ့ံပိုးေပးနုိင္ၾကပါေစလို႕ ဆုေတာင္းရင္း….

ေမတၱာျဖင့္..

           Sayarma-ဆရာမ

မွတ္ခ်က္။    ။ ကၽြန္မကို အခ်က္အလက္အခ်ိဳ႕ေပးခဲ့တဲ့ စာေစာင္ေတြကိုလည္း ဖတ္ၾကည့္နုိင္ပါတယ္ ။

ခရစၥမတ္နဲ႕ပတ္သတ္တဲ့ တန္ဖိုးထားမွဳေလးေတြ အေၾကာင္း

https://www.smartparenting.com.ph/life/home/7-christmas-values-to-teach-our-kids

ေငြေၾကအကုန္က် သက္သာျပီး ေပ်ာ္စရာေကာင္းတဲ့ လုပ္ငန္းေလးေတြအတြက္

https://www.familyeducation.com/fun/christmas-activities-traditions/12-days-fun-cheap-christmas-activities-families

ခရစၥမတ္နဲ႕ဆို္င္တဲ့အရုပ္ေလးေတြအတြက္ အိုင္ဒီယာလိုခ်င္ရင္ https://www.brightstarkids.com.au/blog/decorating/20-easy-christmas-craft-for-kids/ Photo Credit – https://www.canvasfactory.co.nz/blog/kids-christmas-crafts-easy/kids-christmas-crafts-tree-min/