[Unicode]
ကျွန်မမှာ ၉ နှစ် အရွယ် မောင်လေး တစ်ယောက်ရှိတယ်။ ဒီနေ့ ကျွန်မမောင်လေးနဲ့ ကျွန်မ Citymart ကိုရောက်တော့ မောင်လေးက ကျွန်မကို ပြောတယ် – မမထက်ထက်က အရမ်းမလိမ်တတ်ဘူးနော် (သူဆိုလိုတာ – အရမ်း ကတိတည်တယ်၊ မညာတတ်ဘူး)တဲ့။ ကျွန်မကလည်း ဘာလို့တုန်းလို့ပြောတော့ – မမက သားကို citymartကို သွားရင်ခေါ်သွားမယ်လို့ပြောပြီး တစ်ကယ်ခေါ်တယ်လေ -တဲ့။ ပြီးတော့ သူက ဆက်ပြောတယ် – မမထက်ထက်ကဘာလို့ လိမ်မပြောတတ်တာလဲ ။ သူ့ရဲ့ မေးခွန်းတွေကနေတစ်ဆင့် ကျွန်မတို့ ရိုးသားခြင်း အကျိုးနဲ့ လိမ်ညာပြီး ကတိမတည်ခြင်းရဲ့ အကျိုးဆက်တွေကို ဆွေးနွေးဖြစ်ခဲ့တယ်။ ကျွန်မအတွက်ကတော့ မောင်လေး ကျွန်မရဲ့ စကားတွေကို ယုံကြည်တဲ့အကြောင်း၊ ကျွန်မက ပြောပြီး ကတိတည်တတ်တာကို သူသဘောကျတဲ့အကြောင်းတွေ သိခဲ့ရတော့ ဝမ်းသာ ပီတိဖြစ်မိတယ်။ ဒီကနေတစ်ဆက်တည်း ကလေးတွေနဲ့ လူကြီးတွေရဲ့ ယုံကြည်မှုတည်ဆောက်ခြင်းအကြောင်း တွေး မိသမျှ မိဘတွေ ဆရာ၊မတွေအတွက် မျှဝေချင်ပါတယ်။
ယုံကြည်မှု => လူတွေဟာ ယုံရင် ကြည်တယ်။ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုရှိကြတယ်ဆိုတာ တစ်ယောက်အပေါ် တစ်ယောက် သံသယနည်းခြင်း (သို့) သံသယမရှိခြင်းကိုလည်း ဆိုလိုနိုင်ပါတယ်။ သံသယနည်း/ရှင်းတယ်ဆိုတော့ စိတ်ထဲက အပူသောကတွေ မကောင်းတဲ့ ခံစားချက်တွေ နည်းတယ်၊ရှင်းတယ်လို့လည်းပြောလို့ရတယ်။ မကောင်းတဲ့ခံစားချက်နည်းတဲ့အတွက် ကောင်းတဲ့ခံစားချက်ပိုပြီး များများဖြစ်တယ်။ အဲဒီ့အတွက် တစ်ယောက်နဲ့တစ်ယောက် အတူရှိနေရတာဟာ ပိုပြီး အပြုသဘောဆောင်တဲ့အပြင် စိတ်ချမ်းသာတယ်လို့ပြောလို့ရတဲ့အတွက် တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုရှိခြင်းဟာ အရေးပါတယ်လို့ ကျွန်မမြင်ပါတယ်။ ယုံကြည်မှုဟာ ကလေးနဲ့ လူကြီးအကြားတင်မက လူကြီးမိဘတွေ အချင်းချင်း၊ လုပ်ဖေါ်ကိုင်ဖက်အချင်းချင်း၊ ချစ်သူရည်းစားအချင်းချင်းကြားမှာလည်း ရှိမှ ခင်မင်မှု၊သံယောဇာဉ်က ပိုပြီး ခိုင်မြဲတယ်၊ ပျော်စရာကောင်းတယ်လို့ထင်တယ်။ ကျွန်မကတော့ ကျောင်းဆရာမဆိုတော့ ကလေးတွေနဲ့ လူကြီးတွေအကြားက ယုံကြည်မှု တည်ဆောက်ခြင်းအကြောင်းကို ဆွေးနွေးပါ့မယ်။ ကျန်တာတွေကိုတော့ ကိုယ်ဖာသာ ချိတ်ဆက် စဉ်းစားကြပါ။
ကျွန်မရဲ့ ပတ်ဝန်းကျင်က ကလေးတွေနဲ့ ယုံကြည်မှုတည်ဆောက်တဲ့အခါ အသုံးပြုဖြစ်တဲ့ နည်းလမ်း (၃) ကို ကျွန်မဝေမျှပါ့မယ်။
၁) ကတိတည်ပါ – ကလေးတွေဟာ မှတ်ဉာဏ်ကောင်းကြပါတယ်။ ကျွန်မတို့ကို သတိပေးချင်မှပေးလိမ့်မယ် – သူတို့ကို လုပ်ပေးမယ်၊ ဝယ်ပေးမယ် ပြောထားတာတွေကို မမေ့တတ်ပါဘူး။ ဒါကြောင့် ကိုယ်က လုပ်ပေးမယ်လို့ ပြောထားရင် တတ်နိုင်သလောက်လုပ်ပေးပါ။ မလုပ်ပေးနိုင်ဘူးထင်ရင် အစောကြီးကတည်းက ကတိမပေးပါနဲ့။ ကတိပေးပြီး မလုပ်နိုင်ဘူးဆိုရင်လည်း နားလည်အောင် ရှင်းပြပါ။ နောက်တစ်ကြိမ် အခွင့်အလမ်းပေးဖို့ ပြောပါ။ ကတိခဏခဏ မတည်တဲ့ သူတွေနဲ့ ကြီးပြင်းခဲ့ရတဲ့ ကလေးတွေဟာ ကတိကို လွယ်လွယ်ပေးပြီး ဖျက်တာကို သင်ယူမယ်၊ ကတိဆိုတာ တည်ရတဲ့ အရာမဟုတ်ဘူးဆိုတာကို သင်ယူမယ်၊ အပြောနဲ့ အလုပ်တစ်ထပ်တည်းကျအောင် လုပ်ဖို့ မလိုဘူးဆိုပြီး သင်ယူမယ်။ အဲဒီ့လိုငယ်စဉ်ကတည်းက ကတိတစ်လုံးရဲ့ တန်ဖိုးကို မသင်ယူခဲ့ရတဲ့ ကလေးတွေ ခေါင်းဆောင်ဖြစ်လာခဲ့မယ်ဆိုရင်….ဘယ်လိုဖြစ်နိုင်မယ်ဆိုတာ စဉ်းစားကြည့်ပါ။ ကျွန်မတို့ ပတ်ဝန်းကျင်မှာ အဲဒီ့ ဥပမာတွေပေါပါတယ်။
၂) နားထောင်ပေးပါ – ကလေးတွေပြောတဲ့ အကြောင်းအရာတွေကို ကျွန်မတို့ နားလည်ချင်မှ နားလည်လိမ့်မယ်၊ ရှေ့နောက်မညီဘူးလို့လည်း ထင်ချင်ထင်မယ်၊ စကားဝိုင်းနဲ့ အံဝင်ခွင်ကျမဖြစ်ဘူးလို့လည်း တွေးချင်တွေးလိမ့်မယ်။ ကလေးက ကလေးလို နေစမ်းပါ၊ လူကြီး စကားဝိုင်းထဲ ဝင်မပါနဲ့ ၊ လျှာကို ရှည်တယ် စတာတွေပြောမယ့်အစား ကလေးတွေကိုနားထောင်ပေးပါ။ သူတို့ပြောတာတွေကို နားထောင်ပြီး နားမလည်ရင် ဆိုလိုရင်းကို ပြန်မေးပါ၊ ရှေ့နောက်မညီရင် အရှေ့နဲ့ အနောက်ကို ပြောပြီး ဘာလို့ မတူသလဲ ဆိုတာ မေးပြီး ဆွေးနွေးပါ၊ စကားဝိုင်းနဲ့ မဆက်စပ်ရင်တောင် လေးလေးစားစားနဲ့ ကလေးပြောချင်တာကို အချိန်ပေးပြီး ထပ်ဆွေးနွေးပေးမယ်ဆိုတာကို ပြောပါ။ အချိန်ပေးပြီးတော့ ကလေးတွေ ပြောချင်တာကို နားထောင်ပေးပါ။ သူတို့ပြောတဲ့အကြောင်းအရာကို သူတို့နဲ့ ပြန်ဆွေးနွေးပါ။ ဆွေးနွေးတဲ့အခါ ကိုယ်ပြောချင်တာ၊ ကိုယ်သင်ချင်တာ၊ ကိုယ်ဆရာကြီးလုပ်ချင်တာကို လုပ်နိုင်ဖို့ ကလေးစကားပြောပြီးတဲ့အထိ စောင့်တာမျိုးမဟုတ်ဘဲ အမှတ်တကယ် ကလေးရဲ့ အတွေးနဲ့ အမြင်တွေကို နားထောင်ပေးဖို့လိုပါတယ်။ စကားကို အပြန်အလှန်နားထောင်ပေးတတ်တဲ့အကျင့်၊ စကားဝိုင်းတွေမှာ မေးခွန်းမေးနိုင်တဲ့ စွမ်းရည်၊ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေကို လေ့ကျင့်ပေးရာရောက်သလို နားထောင်ပေးတတ်တဲ့ လူကြီးနဲ့ ကလေးကြားက ရင်းနှီးမှု၊ ယုံကြည်မှုကိုလည်း တိုးတက်စေပါတယ်။
၄) ရိုးသားပါ – ကျွန်မတို့ လူကြီးတွေက ကလေးတွေထက် အများကြီးသိတယ်၊ တတ်တယ်ဆိုတဲ့ ခံစားချက်နဲ့ တော်တော်များများဆက်ဆံကြတယ်။ ကလေးတွေသိတဲ့အချက်အလက်တွေထဲမှာ လူကြီးတွေ မသိတာတွေလည်း ရှိနိုင်တယ်ဆိုတာကို မတွေးမိတတ်ဘူး။ ကလေးတွေက မေးခွန်းတွေ မေးရင် သိသလို ဖြေကြတယ်၊ မဖြေတတ်ရင် ကလေးတွေကို လျှောက်ဖြေရင်ဖြေ၊ မဖြေရင် နှင်လွှတ်ဟောက်လွှတ်တတ်ကြတယ်။ ကျွန်မအမြင်ကတော့ လူတိုင်းဟာ အလုံးစုံ သိဖို့၊ တတ်ဖို့ မဖြစ်နိုင်ဘူး။ ကလေးတွေကိုလည်း သိရင် သိတယ်၊ မသိရင် မသိဘူးဆိုတာ အမှန်တိုင်းပြောသင့်တယ်။ မသိတဲ့အရာတွေ မေးလာတဲ့အခါ မသိကြောင်းပြောပြီး အဲဒီ့ မသိတဲ့အကြောင်းအရာကို ဘယ်လို သိအောင် လုပ်ကြမလဲဆိုတာကို အတူတူရှာဖွေတာမျိုး၊ လမ်းညွှန်တာမျိုးတွေ လုပ်ပေးဖို့လိုတယ်။ ရိုးသားမှုမရှိတဲ့ လူကြီးတွေရဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရမယ့် ကလေးတွေဟာ လိမ်ညာတတ်သူ၊ ဗလောင်းဗလဲပြောတတ်သူ၊ မေးခွန်းမမေးရဲသူ၊ ကြောက်တတ်သူ စတာတွေ ဖြစ်ဖို့ အလားအလာ အများကြီးရှိပါတယ်။ မသိတာဟာ ရှက်စရာ မဟုတ်ဘဲ မရိုးသားတာဟာ ရှက်စရာဆိုတာကို သင်ပေးနိုင်တဲ့အပြင် ရိုးသားတဲ့လူကြီးကို ကလေးတွေက ပိုယုံကြည်ကြတာမို့ ရိုးသားပေးကြပါ။
ကလေးတွေဟာ ပတ်ဝန်းကျင်က ကျောင်းစာသင်ခန်း၊ ဖတ်စာ စာအုပ်တွေနဲ့ ဆရာ၊မတွေဆီကတင်မကဘဲ ပတ်ဝန်းကျင်က အရာအားလုံးကို ကြည့်ရင်း၊ လေ့လာရင်း၊ နားထောင်ရင်း သင်ယူကြပါတယ်။ ဒါကြောင့် ကလေးနားက လူကြီးမိဘတွေက ကလေးတွေကို ဖြစ်စေချင်တဲ့အတိုင်း ကိုယ်တိုင် လိုက်နာဖို့လိုပါတယ်။ လိမ်ပြောတတ်တဲ့ မိဘတွေ ဆရာ၊မတွေက ရိုးသားဖို့ သင်ရင် သင်ပေးတဲ့သူကို ကလေးက ယုံကြည်နိုင်ပါ့မလား။ ခံစားချက်တွေ၊ အတွေးအမြင်တွေကို သေချာ နားမထောင်ပေးဘဲ ပြောချင်တာပြောတတ်တဲ့ လူကြီးတွေကို ယုံကြည်လေးစားပါ့မလား။ လူကြီးတွေကို ကလေးတွေက ယုံကြည်လေးစားပြီး အထင်ကြီးစေချင်ရင် ယုံကြည်လေးစားအထင်ကြီးထိုက်တဲ့ အပြုအမူတွေ၊ အလေ့အကျင့်တွေလည်း ရှိဖို့လိုပါတယ်။ ယုံကြည်မှု တည်ဆောက်တဲ့အခါ သုံးရမယ့် အခြားနည်းလမ်းတွေလည်း ရှိမှာပါ ဒါပေမယ့် ကျွန်မ စဉ်းစားမိသလောက်ကတော့ – ကတိတည်ပါ၊ ရိုးသားပါ၊ နားထောင်ပေးပါ။ လူကြီးတွေအချင်းချင်းကြားမှာလည်း လိုအပ်ပါတယ်။ စစ်မှန်စွာ ကြိုးစားရင် ကလေးနဲ့ ကိုယ့်ကြားက ယုံကြည်မှုတိုးပွါးနိုင်တယ်ဆိုတာ ကျွန်မကိုယ်တွေ့ အတွေ့အကြုံနဲ့ ယှဉ်ပြီး အာမခံနိုင်ပါတယ်။
သံသယကင်းပြီး မေတ္တာဖြင့် ထုံးဖွဲ့သော ဆက်ဆံရေးမျိုး ပိုင်ဆိုင်နိုင်ကြပါစေ။
မေတ္တာဖြင့်…
Sayarma-ဆရာမ
ဓါတ်ပုံ – ၂၀၁၇ တုန်းက ရိုက်ထားတဲ့ မောင်လေးပုံပါ။
[Zawgyi]
ကၽြန္မမွာ ၉ ႏွစ္ အရြယ္ ေမာင္ေလး တစ္ေယာက္ရွိတယ္။ ဒီေန႕ ကၽြန္မေမာင္ေလးနဲ႕ ကၽြန္မ Citymart ကိုေရာက္ေတာ့ ေမာင္ေလးက ကၽြန္မကို ေျပာတယ္ – မမထက္ထက္က အရမ္းမလိမ္တတ္ဘူးေနာ္ (သူဆိုလိုတာ – အရမ္း ကတိတည္တယ္၊ မညာတတ္ဘူး)တဲ့။ ကၽြန္မကလည္း ဘာလို႕တုန္းလို႕ေျပာေတာ့ – မမက သားကို citymartကို သြားရင္ေခၚသြားမယ္လို႕ေျပာျပီး တစ္ကယ္ေခၚတယ္ေလ -တဲ့။ ျပီးေတာ့ သူက ဆက္ေျပာတယ္ – မမထက္ထက္ကဘာလို႕ လိမ္မေျပာတတ္တာလဲ ။ သူ႕ရဲ႕ ေမးခြန္းေတြကေနတစ္ဆင့္ ကၽြန္မတို႕ ရိုးသားျခင္း အက်ိဳးနဲ႕ လိမ္ညာျပီး ကတိမတည္ျခင္းရဲ႕ အက်ိဳးဆက္ေတြကို ေဆြးေႏြးျဖစ္ခဲ့တယ္။ ကၽြန္မအတြက္ကေတာ့ ေမာင္ေလး ကၽြန္မရဲ႕ စကားေတြကို ယံုၾကည္တဲ့အေၾကာင္း၊ ကၽြန္မက ေျပာျပီး ကတိတည္တတ္တာကို သူသေဘာက်တဲ့အေၾကာင္းေတြ သိခဲ့ရေတာ့ ဝမ္းသာ ပီတိျဖစ္မိတယ္။ ဒီကေနတစ္ဆက္တည္း ကေလးေတြနဲ႕ လူၾကီးေတြရဲ႕ ယံုၾကည္မွုတည္ေဆာက္ျခင္းအေၾကာင္း ေတြး မိသမွ် မိဘေတြ ဆရာ၊မေတြအတြက္ မွ်ေဝခ်င္ပါတယ္။
ယံုၾကည္မွဳ => လူေတြဟာ ယံုရင္ ၾကည္တယ္။ တစ္ေယာက္နဲ႕ တစ္ေယာက္ ယံုၾကည္မွုရွိၾကတယ္ဆိုတာ တစ္ေယာက္အေပၚ တစ္ေယာက္ သံသယနည္းျခင္း (သို႕) သံသယမရွိျခင္းကိုလည္း ဆိုလိုနုိင္ပါတယ္။ သံသယနည္း/ရွင္းတယ္ဆိုေတာ့ စိတ္ထဲက အပူေသာကေတြ မေကာင္းတဲ့ ခံစားခ်က္ေတြ နည္းတယ္၊ရွင္းတယ္လို႕လည္းေျပာလို႕ရတယ္။ မေကာင္းတဲ့ခံစားခ်က္နည္းတဲ့အတြက္ ေကာင္းတဲ့ခံစားခ်က္ပိုျပီး မ်ားမ်ားျဖစ္တယ္။ အဲဒီ့အတြက္ တစ္ေယာက္နဲ႕တစ္ေယာက္ အတူရွိေနရတာဟာ ပိုျပီး အျပဳသေဘာေဆာင္တဲ့အျပင္ စိတ္ခ်မ္းသာတယ္လို႕ေျပာလို႕ရတဲ့အတြက္ တစ္ဦးနဲ႕တစ္ဦး ယံုၾကည္မွုရွိျခင္းဟာ အေရးပါတယ္လို႕ ကၽြန္မျမင္ပါတယ္။ ယံုၾကည္မွဳဟာ ကေလးနဲ႕ လူၾကီးအၾကားတင္မက လူၾကီးမိဘေတြ အခ်င္းခ်င္း၊ လုပ္ေဖၚကိုင္ဖက္အခ်င္းခ်င္း၊ ခ်စ္သူရည္းစားအခ်င္းခ်င္းၾကားမွာလည္း ရွိမွ ခင္မင္မွဳ၊သံေယာဇာဥ္က ပိုျပီး ခိုင္ျမဲတယ္၊ ေပ်ာ္စရာေကာင္းတယ္လို႕ထင္တယ္။ ကၽြန္မကေတာ့ ေက်ာင္းဆရာမဆိုေတာ့ ကေလးေတြနဲ႕ လူၾကီးေတြအၾကားက ယံုၾကည္မွဳ တည္ေဆာက္ျခင္းအေၾကာင္းကို ေဆြးေႏြးပါ့မယ္။ က်န္တာေတြကိုေတာ့ ကိုယ္ဖာသာ ခ်ိတ္ဆက္ စဥ္းစားၾကပါ။
ကၽြန္မရဲ႕ ပတ္ဝန္းက်င္က ကေလးေတြနဲ႕ ယံုၾကည္မွုတည္ေဆာက္တဲ့အခါ အသံုးျပဳျဖစ္တဲ့ နည္းလမ္း (၃) ကို ကၽြန္မေဝမွ်ပါ့မယ္။
၁) ကတိတည္ပါ – ကေလးေတြဟာ မွတ္ဥာဏ္ေကာင္းၾကပါတယ္။ ကၽြန္မတို႕ကို သတိေပးခ်င္မွေပးလိမ့္မယ္ – သူတို႕ကို လုပ္ေပးမယ္၊ ဝယ္ေပးမယ္ ေျပာထားတာေတြကို မေမ႕တတ္ပါဘူး။ ဒါေၾကာင့္ ကိုယ္က လုပ္ေပးမယ္လို႕ ေျပာထားရင္ တတ္နုိင္သေလာက္လုပ္ေပးပါ။ မလုပ္ေပးနုိင္ဘူးထင္ရင္ အေစာၾကီးကတည္းက ကတိမေပးပါနဲ႕။ ကတိေပးျပီး မလုပ္နုိင္ဘူးဆိုရင္လည္း နားလည္ေအာင္ ရွင္းျပပါ။ ေနာက္တစ္ၾကိမ္ အခြင့္အလမ္းေပးဖို႕ ေျပာပါ။ ကတိခဏခဏ မတည္တဲ့ သူေတြနဲ႕ ၾကီးျပင္းခဲ့ရတဲ့ ကေလးေတြဟာ ကတိကို လြယ္လြယ္ေပးျပီး ဖ်က္တာကို သင္ယူမယ္၊ ကတိဆိုတာ တည္ရတဲ့ အရာမဟုတ္ဘူးဆိုတာကို သင္ယူမယ္၊ အေျပာနဲ႕ အလုပ္တစ္ထပ္တည္းက်ေအာင္ လုပ္ဖို႕ မလိုဘူးဆိုျပီး သင္ယူမယ္။ အဲဒီ့လိုငယ္စဥ္ကတည္းက ကတိတစ္လံုးရဲ႕ တန္ဖိုးကို မသင္ယူခဲ့ရတဲ့ ကေလးေတြ ေခါင္းေဆာင္ျဖစ္လာခဲ့မယ္ဆိုရင္….ဘယ္လိုျဖစ္နုိင္မယ္ဆိုတာ စဥ္းစားၾကည့္ပါ။ ကၽြန္မတို႕ ပတ္ဝန္းက်င္မွာ အဲဒီ့ ဥပမာေတြေပါပါတယ္။
၂) နားေထာင္ေပးပါ – ကေလးေတြေျပာတဲ့ အေၾကာင္းအရာေတြကို ကၽြန္မတို႕ နားလည္ခ်င္မွ နားလည္လိမ့္မယ္၊ ေရွ႕ေနာက္မညီဘူးလို႕လည္း ထင္ခ်င္ထင္မယ္၊ စကားဝိုင္းနဲ႕ အံဝင္ခြင္က်မျဖစ္ဘူးလို႕လည္း ေတြးခ်င္ေတြးလိမ့္မယ္။ ကေလးက ကေလးလို ေနစမ္းပါ၊ လူၾကီး စကားဝိုင္းထဲ ဝင္မပါနဲ႕ ၊ လွ်ာကို ရွည္တယ္ စတာေတြေျပာမယ့္အစား ကေလးေတြကိုနားေထာင္ေပးပါ။ သူတို႕ေျပာတာေတြကို နားေထာင္ျပီး နားမလည္ရင္ ဆိုလိုရင္းကို ျပန္ေမးပါ၊ ေရွ႕ေနာက္မညီရင္ အေရွ႕နဲ႕ အေနာက္ကို ေျပာျပီး ဘာလို႕ မတူသလဲ ဆိုတာ ေမးျပီး ေဆြးေႏြးပါ၊ စကားဝိုင္းနဲ႕ မဆက္စပ္ရင္ေတာင္ ေလးေလးစားစားနဲ႕ ကေလးေျပာခ်င္တာကို အခ်ိန္ေပးျပီး ထပ္ေဆြးေႏြးေပးမယ္ဆိုတာကို ေျပာပါ။ အခ်ိန္ေပးျပီးေတာ့ ကေလးေတြ ေျပာခ်င္တာကို နားေထာင္ေပးပါ။ သူတို႕ေျပာတဲ့အေၾကာင္းအရာကို သူတို႕နဲ႕ ျပန္ေဆြးေႏြးပါ။ ေဆြးေႏြးတဲ့အခါ ကိုယ္ေျပာခ်င္တာ၊ ကိုယ္သင္ခ်င္တာ၊ ကိုယ္ဆရာၾကီးလုပ္ခ်င္တာကို လုပ္နုိင္ဖို႕ ကေလးစကားေျပာျပီးတဲ့အထိ ေစာင့္တာမ်ိဳးမဟုတ္ဘဲ အမွတ္တကယ္ ကေလးရဲ႕ အေတြးနဲ႕ အျမင္ေတြကို နားေထာင္ေပးဖို႕လိုပါတယ္။ စကားကို အျပန္အလွန္နားေထာင္ေပးတတ္တဲ့အက်င့္၊ စကားဝိုင္းေတြမွာ ေမးခြန္းေမးနုိင္တဲ့ စြမ္းရည္၊ စဥ္းစားေတြးေခၚနုိင္စြမ္းေတြကို ေလ့က်င့္ေပးရာေရာက္သလို နားေထာင္ေပးတတ္တဲ့ လူၾကီးနဲ႕ ကေလးၾကားက ရင္းႏွီးမွဳ၊ ယံုၾကည္မွုကိုလည္း တိုးတက္ေစပါတယ္။
၄) ရိုးသားပါ – ကၽြန္မတို႕ လူၾကီးေတြက ကေလးေတြထက္ အမ်ားၾကီးသိတယ္၊ တတ္တယ္ဆိုတဲ့ ခံစားခ်က္နဲ႕ ေတာ္ေတာ္မ်ားမ်ားဆက္ဆံၾကတယ္။ ကေလးေတြသိတဲ့အခ်က္အလက္ေတြထဲမွာ လူၾကီးေတြ မသိတာေတြလည္း ရွိနုိင္တယ္ဆိုတာကို မေတြးမိတတ္ဘူး။ ကေလးေတြက ေမးခြန္းေတြ ေမးရင္ သိသလို ေျဖၾကတယ္၊ မေျဖတတ္ရင္ ကေလးေတြကို ေလွ်ာက္ေျဖရင္ေျဖ၊ မေျဖရင္ ႏွင္လႊတ္ေဟာက္လႊတ္တတ္ၾကတယ္။ ကၽြန္မအျမင္ကေတာ့ လူတိုင္းဟာ အလံုးစံု သိဖို႕၊ တတ္ဖို႕ မျဖစ္နုိင္ဘူး။ ကေလးေတြကိုလည္း သိရင္ သိတယ္၊ မသိရင္ မသိဘူးဆိုတာ အမွန္တိုင္းေျပာသင့္တယ္။ မသိတဲ့အရာေတြ ေမးလာတဲ့အခါ မသိေၾကာင္းေျပာျပီး အဲဒီ့ မသိတဲ့အေၾကာင္းအရာကို ဘယ္လို သိေအာင္ လုပ္ၾကမလဲဆိုတာကို အတူတူရွာေဖြတာမ်ိဳး၊ လမ္းညႊန္တာမ်ိဳးေတြ လုပ္ေပးဖုိ႕လိုတယ္။ ရိုးသားမွုမရွိတဲ့ လူၾကီးေတြရဲ႕ ပတ္ဝန္းက်င္မွာ ၾကီးျပင္းခဲ့ရမယ့္ ကေလးေတြဟာ လိမ္ညာတတ္သူ၊ ဗေလာင္းဗလဲေျပာတတ္သူ၊ ေမးခြန္းမေမးရဲသူ၊ ေၾကာက္တတ္သူ စတာေတြ ျဖစ္ဖုိ႕ အလားအလာ အမ်ားၾကီးရွိပါတယ္။ မသိတာဟာ ရွက္စရာ မဟုတ္ဘဲ မရိုးသားတာဟာ ရွက္စရာဆိုတာကို သင္ေပးနိုင္တဲ့အျပင္ ရိုးသားတဲ့လူၾကီးကို ကေလးေတြက ပိုယံုၾကည္ၾကတာမို႕ ရိုးသားေပးၾကပါ။
ကေလးေတြဟာ ပတ္ဝန္းက်င္က ေက်ာင္းစာသင္ခန္း၊ ဖတ္စာ စာအုပ္ေတြနဲ႕ ဆရာ၊မေတြဆီကတင္မကဘဲ ပတ္ဝန္းက်င္က အရာအားလံုးကို ၾကည့္ရင္း၊ ေလ့လာရင္း၊ နားေထာင္ရင္း သင္ယူၾကပါတယ္။ ဒါေၾကာင့္ ကေလးနားက လူၾကီးမိဘေတြက ကေလးေတြကို ျဖစ္ေစခ်င္တဲ့အတိုင္း ကိုယ္တိုင္ လုိက္နာဖုိ႕လိုပါတယ္။ လိမ္ေျပာတတ္တဲ့ မိဘေတြ ဆရာ၊မေတြက ရိုးသားဖုိ႕ သင္ရင္ သင္ေပးတဲ့သူကို ကေလးက ယံုၾကည္နုိင္ပါ့မလား။ ခံစားခ်က္ေတြ၊ အေတြးအျမင္ေတြကို ေသခ်ာ နားမေထာင္ေပးဘဲ ေျပာခ်င္တာေျပာတတ္တဲ့ လူၾကီးေတြကို ယံုၾကည္ေလးစားပါ့မလား။ လူၾကီးေတြကို ကေလးေတြက ယံုၾကည္ေလးစားျပီး အထင္ၾကီးေစခ်င္ရင္ ယံုၾကည္ေလးစားအထင္ၾကီးထုိက္တဲ့ အျပဳအမူေတြ၊ အေလ့အက်င့္ေတြလည္း ရွိဖို႕လိုပါတယ္။ ယံုၾကည္မွု တည္ေဆာက္တဲ့အခါ သံုးရမယ့္ အျခားနည္းလမ္းေတြလည္း ရွိမွာပါ ဒါေပမယ့္ ကၽြန္မ စဥ္းစားမိသေလာက္ကေတာ့ – ကတိတည္ပါ၊ ရိုးသားပါ၊ နားေထာင္ေပးပါ။ လူၾကီးေတြအခ်င္းခ်င္းၾကားမွာလည္း လိုအပ္ပါတယ္။ စစ္မွန္စြာ ၾကိဳးစားရင္ ကေလးနဲ႕ ကိုယ့္ၾကားက ယံုၾကည္မွုတိုးပြါးနုိင္တယ္ဆိုတာ ကၽြန္မကိုယ္ေတြ႕ အေတြ႕အၾကံုနဲ႕ ယွဥ္ျပီး အာမခံနုိင္ပါတယ္။
သံသယကင္းျပီး ေမတၱာျဖင့္ ထံုးဖြဲ႕ေသာ ဆက္ဆံေရးမ်ိဳး ပိုင္ဆိုင္နုိင္ၾကပါေစ။
ေမတၱာျဖင့္…
Sayarma-ဆရာမ
ဓါတ္ပံု – ၂၀၁၇ တုန္းက ရိုက္ထားတဲ့ ေမာင္ေလးပံုပါ။