[Unicode]

မိဘတွေနဲ့ ဆရာ၊မတွေရဲ့ အခန်းကဏ္ဍက ကလေးတွေ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့ လူကြီးတွေအဖြစ် လူ့အသိုင်းအဝိုင်းမှာ ကြီးပြင်းလာဖို့ ပံ့ပိုးကူညီ၊ ဖေးမရတာလို့ ကျွန်မမြင်ပါတယ်။ မိဘတွေ၊ ဆရာ၊မတွေက ကလေးတွေကို ကောင်းကောင်း ပြုစု ပျိုးထောင်နိုင်တယ်ဆိုရင် ကလေးတွေကို နောင်တစ်ချိန်မှာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသော၊ တာဝန်သိတတ်သော၊ အပြုသဘောဆောင်သော လူကြီးတွေအဖြစ် မြင်ရမှာပါ။ ပြုစုပျိုးထောင်မှု ကျရှုံးခဲ့ရင်၊ မအောင်မြင်ခဲ့ရင် ကြမ်းတမ်းသော၊ တာဝန်မဲ့သော၊ အဆိုးမြင်တတ်သော လူကြီးတွေ အဖြစ် မြင်ရမှာပါ။

တစ်ကယ်တော့….. မိဘဖြစ်ဖြစ် ဆရာ၊မဖြစ်ဖြစ် ကိုယ့်ကလေး၊သားသမီးတွေကို အကောင်းဆုံးဖြစ်ချင်ကြပါတယ်။ ဘယ်သူကမှတော့ မကောင်းအောင် မသင်ပေးကြပါဘူး။ ဒါပေမယ့် ကောင်းစေချင်တဲ့ ဆန္ဒနဲ့  ကလေးတွေကို ဆုံးမချင်တဲ့အခါ ကလေးတွေကို ကြိမ်းမောင်းတာ၊ ရိုက်နှက်တာ၊ ဆဲဆိုတာတွေလည်း လုပ်ကြပါတယ်။  ချစ်လို့ရိုက်တာ၊ ချစ်လို့ဆူတာဆိုပြီး လုပ်တတ်ပါတယ်။ တစ်ခါတစ်လေ မိဘတွေက ကလေးတွေကို ကျောင်းလာအပ်ရင်တောင် ကိုယ့်ကလေး မသေရင်ပြီးတာပဲ၊ ပညာတတ်မယ်ဆို ချသာချဆိုပြီး လာပြောကြသေးတယ်။

အမှန်မှာ… ဆဲဆိုခြင်း၊ ကြမ်းတမ်းစွာပြောဆိုခြင်းဟာ စကားဖြင့် အကြမ်းဖက်ခြင်းမြောက်ပါတယ်။ ရိုက်နှက်ခြင်းဟာ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုတစ်ခုဖြစ်ပါတယ်။ ကိုယ့်သားသမီး၊ ကိုယ့်တပည့် ကို ကိုယ်ရိုက်တာ ဘာဖြစ်လဲလို့ မေးကောင်းမေးပါလိမ့်မယ်။ အဲဒီ့ တပည့်တွေ၊ ကလေးတွေဟာ တစ်နေ့ လူ့အသိုင်းအဝိုင်းမှာ ကျင်လည် ရပ်တည်ရမယ့် လူကြီးတွေ ဖြစ်လာမှာ ဖြစ်တဲ့အတွက် သူတို့ကို ဆဲဆိုခြင်း၊ရိုက်နှက်ခြင်းကြောင့် ဖြစ်လာမယ့် အကျိုးဆက်တွေက သူတို့အတွက်မကောင်းရင် လူ့အသိုင်းအဝိုင်းအတွက် ထိခိုက်စေတယ်။

လက်တွေ့မှာ….. ရိုက်နှက် ဆဲဆိုပြီး ဆုံးမခြင်းခံရတဲ့ကလေးတွေဟာ မိဘတွေ ဆုံးမမှုကို နားလည်မသွားပါဘူး။ သူတို့လုပ်နေတဲ့ အလုပ်တွေကို ရပ်ကောင်းရပ်သွားမယ်၊ ငြိမ်ကောင်း ငြိမ်သွားမယ်။ တစ်ကယ် နားလည်သွားတာမျိုး မဖြစ်ပါဘူး ။ သုတေသန စာတမ်းတွေ အရ အိမ်မှာ ဆူငေါက်ရိုက်နှက်ခံရတဲ့ကလေးတွေရဲ့ ဦးနှောက်က စစ်မြေပြင်မှာ ရောက်နေတဲ့ စစ်သားတစ်ယောက်ရဲ့ ဦးနှောက်အလုပ်လုပ်ပုံနဲ့ သွားပြီး ဆင်တူပါတယ်။ စိတ်ဖိစီးမှု၊ စိတ်ဓါတ်ကျမှုတွေ ဖြစ်နိုင်ခြေအရမ်းများပြီး၊ ကိုယ့်ကိုုကိုယ်ထိန်းချုပ်နိုင်စွမ်းတွေ၊ စိတ်အားထန်သန်မှုတွေ၊ ပျော်ရွှင်စရာခံစားမှုတွေက အရိုက်အနှက်မခံရတဲ့၊ အဆဲအဆိုမခံရတဲ့ ကလေးတွေထက် ပိုပြီး လျော့နည်းနေတာ တွေ့ရပါတယ်။

ဒါဆို….. မိဘတွေ၊ ဆရာ၊မတွေ စေတနာတွေလွန်ကဲပြီး အားမလိုအားမရဖြစ်တဲ့အခါ၊ ကလေးတွေရဲ့ လုပ်ရပ်အပေါ် လက်မခံနိုင်တဲ့ အခါ ကလေးတွေကို ဆူငေါက်တာမျိုး၊ရိုက်နှက်တာမျိုးမလုပ်ဘဲ ဘာလုပ်လို့ရနိုင်မလဲ။

၁) ကလေးတွေကို ဘာမလုပ်သင့်ဘူး၊ ဘာမလုပ်ရဘူး ဆိုတာထက် ဘာလုပ်သင့်တယ်၊ ဘာလုပ်ရင် ပိုကောင်းမယ်ဆိုတာကို သင်ပေးပါ။

ဥပမာ – မပြေးနဲ့ လို့ပြောမယ့်အစား ဖြေးဖြေးချင်း သွားရအောင် လို့ ပြောတာမျိုးပေါ့။

ကလေးတွေက “မ” ဆိုတဲ့ မလုပ်ရဘူးဆိုတဲ့ စကားလုံးထက် စာကြောင်းမှာပါတဲ့ ကြိယာကိုသာ ပိုပြီး ကြားတတ်တဲ့ အတွက် ကိုယ်လုပ်စေချင်တဲ့အရာကို တန်းပြောလိုက်တာ ပိုထိရောက်ပါတယ်။

၂) ကလေးတွေအတွက် အပြုသဘောဆောင်တဲ့ စည်းမျဉ်းတွေချမှတ်ပါ။ နားလည်နိုင်ရင် အတူတူ စည်းမျဉ်းတွေ ချမှတ်ပါ။ စည်းမျည်းတွေအတိုင်း နှစ်ဦးနှစ်ဖက်လုံးက လိုက်နာပါ။

ဥပမာ – အိပ်ရာဝင်ချိန်တွေကို နေ့တိုင်း အတူတူ သတ်မှတ်ထားပါ။ အိပ်ရာဝင်ခါနီးတိုင်း တီဗွီပိတ်၊ အရုပ်တွေသိမ်း တာမျိုးကို အမြဲ ပုံမှန် လုပ်ပါ။ ပုံမှန် လုပ်ဖို့ စည်းမျဉ်းတစ်ခု အဖြစ် သတ်မှတ်ထားရင် ကလေးတွေအတွက် အပြုသဘောဆောင်တဲ့ အကျင့်တစ်ခု ဖြစ်လာမှာပါ။

၃) ကလေးတွေရဲ့ အသက်အရွယ်နဲ့ အရွယ်အလိုက်ရရှိထားတဲ့ အတွေ့အကြုံတွေကို ထည့်သွင်းစဉ်းစားပါ။

ဥပမာ – နံရံပေါ်မှာ လျှောက်ခြစ်တာမျိုးကြုံရရင် အသက်အရွယ်နဲ့လိုက်မယ့် သူအသုံးပြုနိုင်မယ့် စာရွက် အကြီးမျိုးတွေပေါ်မှာ ရောင်စုံခဲတံတွေ သုံးပြီး ဆွဲနိုင်တယ်ဆိုတာ သင်ပေးပါ။ကလေးနဲ့အတူတူ ဆွဲကြည့် ခြစ်ကြည့်ရင် စာအုပ်ပေါ်မှာ ခြစ်ရပါလားဆိုတာ တဖြည်းဖြည်းနဲ့ သိသွားပါလိမ့်မယ်။ ငယ်တဲ့အရွယ်တွေဆို ပြောယုံနဲ့ သိပ်နားမလည်ဘူးဆို မိဘကိုယ်တိုင်က နံရံတွေပေါ်မှာ စက္ကူတွေကပ်ထားပြီး ကလေးတွေကို ဆွဲခိုင်းလို့ရပါတယ်။

၄) ကလေးတွေရဲ့ ကောင်းကွက်လေးတွေကို မြင်ကြည့်ပါ။ကောင်းမွန်တဲ့ အမူအကျင့်၊ အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေ လုပ်တယ်ဆိုရင် ချီးကျူးပေးပါ။

ဥပမာ – ကျသွားတဲ့ အမှိုက်ကို ကောက်ပြီး အမှိုက်ပုံးထဲ သွားထည့်တဲ့အခါ သူ့လုပ်ရပ်အတွက် ဂုဏ်ယူကြောင်း၊ ချီးကျူးစကားပြောပေးပါ။

၅) မကြိုက်တာလုပ်ရင် လုပ်ရပ်အပေါ်မှာ ပြုပြင်ဖို့ကြိုးစားပါ။ ကလေး နဲ့ ကလေးရဲ့ လုပ်ရပ်ကို ခွဲခြားမြင်တတ်ပါစေ။

ဥပမာ – ကလေးနှစ်ယောက် ရန်ဖြစ်တယ်ဆိုရင်၊ ကလေးနှစ်ယောက်ကို အရင်အတိုင်း ချစ်တယ် ဒါပေမယ့် သူတို့ရဲ့ အချင်းချင်း ရန်တွေ့ပြီး နာအောင် လုပ်တဲ့  “လုပ်ရပ်” ကိုတော့ လက်မခံနိုင်ဘူးဆိုတာမျိုး။

၆) ကိုယ်ဖြစ်စေချင်တဲ့၊ မြင်ချင်တဲ့ အပြုမူမျိုးကိုလည်း သင်ပေးပါ။ ဦးဆောင်ပြီး လုပ်ပြပါ။ ရှေ့ဆောင်ကောင်း ဖြစ်ပါစေ။ကလေးတွေက မိဘတွေ၊ ဆရာ၊မတွေရဲ့ အမူအကျင့်၊ ပြောဆိုပုံ၊ ဝတ်ပုံစားပုံ စတာတွေကို အမြဲ မျက်ချေမပြတ် လေ့လာနေပါတယ်။ ကိုယ်အခြားသူတစ်ယောက်ကို ပြောဆိုတာတွေ၊ လုပ်ဆောင်နေတာတွေကို အမြဲ အပြုသဘောဆောင်နေဖို့ ကြိုးစားဖို့လိုပါတယ်။

၇) ကိုယ်က အရမ်းစိတ်ဆိုး၊ဒေါသထွက်နေရင် ကိုယ့်စိတ်ကို အရင် ငြိမ်အောင်လုပ်ပါ။ နည်းနည်းအေးဆေးဖြစ်သွားတော့မှ နောင်တစ်ခါ ကလေးတွေကို ဘယ်လို လုပ်စေချင်တယ်၊ ဘာတွေ ပြောင်းလဲ စေချင်တယ် စတာတွေကို ပြောပါ။

တော်တော်များများမှာ အိုးကောင်းဖို့ နာနာရိုက်ရမယ်ဆိုတဲ့ ယုံကြည်ချက်ရှိတယ်။ ကျွန်မ အမြင်မှာတော့ အိုးဘယ်ပုံ ထွက်စေချင်တယ်ဆိုတာကို အရင် စဉ်းစားရမယ်ထင်တယ်။ ကိုယ်လိုချင်တဲ့ အိုးပုံစံရဖို့ ပုံဖေါ်ရမယ်၊ ပြီးရင် အိုးခိုင်အောင် ရိုက်တာကို ခိုင်ခံ့အောင် အားစိုက်ပြီး သေချာ တစ်စိုက်မတ်မတ် လုပ်ဆောင်ရမယ်ဆိုတဲ့ အဓိပ္ပါယ််နဲ့ကြည့်ပြီး ကိုယ်ဖြစ်စေချင်တဲ့ လူကြီးပုံစံကို ကလေးတွေကို သင်တဲ့အခါ တစ်စိုက်မတ်မတ်နဲ့ ဆရာ၊မိဘ ပူးပေါင်းပြီး အားထုတ်ကြမယ်ဆိုရင် ကိုယ့်ကိုကိုယ် ယုံကြည်သော၊ အပြုသဘောဆောင်သော၊ ပျော်ရွှင်သော၊ ပတ်ဝန်းကျင်ကို အကျိုးပြုသော လူကြီးတွေ တစ်နေ့ဖြစ်လာမှာပါ။

မေတ္တာဖြင့်…

   Sayarma-ဆရာမ

ကိုးကားစာညွှန်း

Arthur-Kelly, M., Lyons, G., Butterfield, N., & Gordan, C. (2007). Classroom Management: Creating positive learning environments (2nd ed.). Victoria, Australia: Cengage Learning Australia Pty Limited

Duchesne, S., McMaugh, A., Bochner, S., & Krause, K.-L. (2013). Educational psychology for learning and teaching (4th ed.). Australia: Cengage Learning

http://twc-tweddle.azurewebsites.net/wp-content/uploads/2017/06/DL_PositiveDiscipline_FINAL_LoRes.pdf

[Zawgyi]

မိဘေတြနဲ႕ ဆရာ၊မေတြရဲ႕ အခန္းက႑က ကေလးေတြ ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္တည္နိုင္တဲ့ လူၾကီးေတြအျဖစ္ လူ႕အသိုင္းအဝိုင္းမွာ ၾကီးျပင္းလာဖို႕ ပံ့ပိုးကူညီ၊ ေဖးမရတာလို႕ ကၽြန္မျမင္ပါတယ္။ မိဘေတြ၊ ဆရာ၊မေတြက ကေလးေတြကို ေကာင္းေကာင္း ျပဳစု ပ်ိဳးေထာင္နုိင္တယ္ဆိုရင္ ကေလးေတြကို ေနာင္တစ္ခ်ိန္မွာ ကိုယ့္ကိုကိုယ္ ယံုၾကည္မွဳရွိေသာ၊ တာဝန္သိတတ္ေသာ၊ အျပဳသေဘာေဆာင္ေသာ လူၾကီးေတြအျဖစ္ ျမင္ရမွာပါ။ ျပဳစုပ်ိဳးေထာင္မွဳ က်ရွံဳးခဲ့ရင္၊ မေအာင္ျမင္ခဲ့ရင္ ၾကမ္းတမ္းေသာ၊ တာဝန္မဲ့ေသာ၊ အဆိုးျမင္တတ္ေသာ လူၾကီးေတြ အျဖစ္ ျမင္ရမွာပါ။

တစ္ကယ္ေတာ့….. မိဘျဖစ္ျဖစ္ ဆရာ၊မျဖစ္ျဖစ္ ကိုယ့္ကေလး၊သားသမီးေတြကို အေကာင္းဆံုးျဖစ္ခ်င္ၾကပါတယ္။ ဘယ္သူကမွေတာ့ မေကာင္းေအာင္ မသင္ေပးၾကပါဘူး။ ဒါေပမယ့္ ေကာင္းေစခ်င္တဲ့ ဆႏၵနဲ႕  ကေလးေတြကို ဆံုးမခ်င္တဲ့အခါ ကေလးေတြကို ၾကိမ္းေမာင္းတာ၊ ရိုက္ႏွက္တာ၊ ဆဲဆိုတာေတြလည္း လုပ္ၾကပါတယ္။  ခ်စ္လို႕ရုိက္တာ၊ ခ်စ္လို႕ဆူတာဆိုျပီး လုပ္တတ္ပါတယ္။ တစ္ခါတစ္ေလ မိဘေတြက ကေလးေတြကို ေက်ာင္းလာအပ္ရင္ေတာင္ ကိုယ့္ကေလး မေသရင္ျပီးတာပဲ၊ ပညာတတ္မယ္ဆို ခ်သာခ်ဆိုျပီး လာေျပာၾကေသးတယ္။

အမွန္မွာ… ဆဲဆိုျခင္း၊ ၾကမ္းတမ္းစြာေျပာဆိုျခင္းဟာ စကားျဖင့္ အၾကမ္းဖက္ျခင္းေျမာက္ပါတယ္။ ရိုက္ႏွက္ျခင္းဟာ ကိုယ္ထိလက္ေရာက္ အၾကမ္းဖက္မွုတစ္ခုျဖစ္ပါတယ္။ ကိုယ့္သားသမီး၊ ကိုယ့္တပည့္ ကို ကိုယ္ရိုက္တာ ဘာျဖစ္လဲလို႕ ေမးေကာင္းေမးပါလိမ့္မယ္။ အဲဒီ့ တပည့္ေတြ၊ ကေလးေတြဟာ တစ္ေန႕ လူ႕အသိုင္းအဝိုင္းမွာ က်င္လည္ ရပ္တည္ရမယ့္ လူၾကီးေတြ ျဖစ္လာမွာ ျဖစ္တဲ့အတြက္ သူတို႕ကို ဆဲဆိုျခင္း၊ရုိက္ႏွက္ျခင္းေၾကာင့္ ျဖစ္လာမယ့္ အက်ိဳးဆက္ေတြက သူတို႕အတြက္မေကာင္းရင္ လူ႕အသိုင္းအဝိုင္းအတြက္ ထိခုိက္ေစတယ္။

လက္ေတြ႕မွာ….. ရုိက္ႏွက္ ဆဲဆိုျပီး ဆံုးမျခင္းခံရတဲ့ကေလးေတြဟာ မိဘေတြ ဆံုးမမွဳကို နားလည္မသြားပါဘူး။ သူတို႕လုပ္ေနတဲ့ အလုပ္ေတြကို ရပ္ေကာင္းရပ္သြားမယ္၊ ျငိမ္ေကာင္း ျငိမ္သြားမယ္။ တစ္ကယ္ နားလည္သြားတာမ်ိဳး မျဖစ္ပါဘူး ။ သုေတသန စာတမ္းေတြ အရ အိမ္မွာ ဆူေငါက္ရိုက္ႏွက္ခံရတဲ့ကေလးေတြရဲ႕ ဦးေႏွာက္က စစ္ေျမျပင္မွာ ေရာက္ေနတဲ့ စစ္သားတစ္ေယာက္ရဲ့ ဦးေႏွာက္အလုပ္လုပ္ပံုနဲ႕ သြားျပီး ဆင္တူပါတယ္။ စိတ္ဖိစီးမွဳ၊ စိတ္ဓါတ္က်မွဳေတြ ျဖစ္နုိင္ေျခအရမ္းမ်ားျပီး၊ ကိုယ့္ကိုုကိုယ္ထိန္းခ်ဳပ္နုိင္စြမ္းေတြ၊ စိတ္အားထန္သန္မွဳေတြ၊ ေပ်ာ္ရႊင္စရာခံစားမွုေတြက အရိုက္အႏွက္မခံရတဲ့၊ အဆဲအဆိုမခံရတဲ့ ကေလးေတြထက္ ပိုျပီး ေလ်ာ့နည္းေနတာ ေတြ႕ရပါတယ္။

ဒါဆို….. မိဘေတြ၊ ဆရာ၊မေတြ ေစတနာေတြလြန္ကဲျပီး အားမလိုအားမရျဖစ္တဲ့အခါ၊ ကေလးေတြရဲ႕ လုပ္ရပ္အေပၚ လက္မခံနုိင္တဲ့ အခါ ကေလးေတြကို ဆူေငါက္တာမ်ိဳး၊ရိုက္ႏွက္တာမ်ိဳးမလုပ္ဘဲ ဘာလုပ္လို႕ရနုိင္မလဲ။

၁) ကေလးေတြကို ဘာမလုပ္သင့္ဘူး၊ ဘာမလုပ္ရဘူး ဆိုတာထက္ ဘာလုပ္သင့္တယ္၊ ဘာလုပ္ရင္ ပိုေကာင္းမယ္ဆိုတာကို သင္ေပးပါ။

ဥပမာ – မေျပးနဲ႕ လို႕ေျပာမယ့္အစား ေျဖးေျဖးခ်င္း သြားရေအာင္ လို႕ ေျပာတာမ်ိဳးေပါ့။

ကေလးေတြက “မ” ဆိုတဲ့ မလုပ္ရဘူးဆိုတဲ့ စကားလံုးထက္ စာေၾကာင္းမွာပါတဲ့ ၾကိယာကိုသာ ပိုျပီး ၾကားတတ္တဲ့ အတြက္ ကိုယ္လုပ္ေစခ်င္တဲ့အရာကို တန္းေျပာလုိက္တာ ပိုထိေရာက္ပါတယ္။

၂) ကေလးေတြအတြက္ အျပဳသေဘာေဆာင္တဲ့ စည္းမ်ဥ္းေတြခ်မွတ္ပါ။ နားလည္နုိင္ရင္ အတူတူ စည္းမ်ဥ္းေတြ ခ်မွတ္ပါ။ စည္းမ်ည္းေတြအတိုင္း ႏွစ္ဦးႏွစ္ဖက္လံုးက လုိက္နာပါ။

ဥပမာ – အိပ္ရာဝင္ခ်ိန္ေတြကို ေန႕တုိင္း အတူတူ သတ္မွတ္ထားပါ။ အိပ္ရာဝင္ခါနီးတုိင္း တီဗြီပိတ္၊ အရုပ္ေတြသိမ္း တာမ်ိဳးကို အျမဲ ပံုမွန္ လုပ္ပါ။ ပံုမွန္ လုပ္ဖို႕ စည္းမ်ဥ္းတစ္ခု အျဖစ္ သတ္မွတ္ထားရင္ ကေလးေတြအတြက္ အျပဳသေဘာေဆာင္တဲ့ အက်င့္တစ္ခု ျဖစ္လာမွာပါ။

၃) ကေလးေတြရဲ႕ အသက္အရြယ္နဲ႕ အရြယ္အလုိက္ရရွိထားတဲ့ အေတြ႕အၾကံဳေတြကို ထည့္သြင္းစဥ္းစားပါ။

ဥပမာ – နံရံေပၚမွာ ေလွ်ာက္ျခစ္တာမ်ိဳးၾကံဳရရင္ အသက္အရြယ္နဲ႕လုိက္မယ့္ သူအသံုးျပဳနုိင္မယ့္ စာရြက္ အၾကီးမ်ိဳးေတြေပၚမွာ ေရာင္စံုခဲတံေတြ သံုးျပီး ဆြဲနုိင္တယ္ဆိုတာ သင္ေပးပါ။ကေလးနဲ႕အတူတူ ဆြဲၾကည့္ ျခစ္ၾကည့္ရင္ စာအုပ္ေပၚမွာ ျခစ္ရပါလားဆိုတာ တျဖည္းျဖည္းနဲ႕ သိသြားပါလိမ့္မယ္။ ငယ္တဲ့အရြယ္ေတြဆို ေျပာယံုနဲ႕ သိပ္နားမလည္ဘူးဆို မိဘကိုယ္တုိင္က နံရံေတြေပၚမွာ စကၠဴေတြကပ္ထားျပီး ကေလးေတြကို ဆြဲခိုင္းလို႕ရပါတယ္။

၄) ကေလးေတြရဲ႕ ေကာင္းကြက္ေလးေတြကို ျမင္ၾကည့္ပါ။ေကာင္းမြန္တဲ့ အမူအက်င့္၊ အျပဳသေဘာေဆာင္တဲ့ လုပ္ရပ္ေတြ လုပ္တယ္ဆိုရင္ ခ်ီးက်ဴးေပးပါ။

ဥပမာ – က်သြားတဲ့ အမွိဳက္ကို ေကာက္ျပီး အမွိဳက္ပံုးထဲ သြားထည့္တဲ့အခါ သူ႕လုပ္ရပ္အတြက္ ဂုဏ္ယူေၾကာင္း၊ ခ်ီးက်ဴးစကားေျပာေပးပါ။

၅) မၾကိဳက္တာလုပ္ရင္ လုပ္ရပ္အေပၚမွာ ျပဳျပင္ဖို႕ၾကိဳးစားပါ။ ကေလး နဲ႕ ကေလးရဲ႕ လုပ္ရပ္ကို ခြဲျခားျမင္တတ္ပါေစ။

ဥပမာ – ကေလးႏွစ္ေယာက္ ရန္ျဖစ္တယ္ဆိုရင္၊ ကေလးႏွစ္ေယာက္ကို အရင္အတုိင္း ခ်စ္တယ္ ဒါေပမယ့္ သူတို႕ရဲ႕ အခ်င္းခ်င္း ရန္ေတြ႕ျပီး နာေအာင္ လုပ္တဲ့  “လုပ္ရပ္” ကိုေတာ့ လက္မခံနုိင္ဘူးဆိုတာမ်ိဳး။

၆) ကိုယ္ျဖစ္ေစခ်င္တဲ့၊ ျမင္ခ်င္တဲ့ အျပဳမူမ်ိဳးကိုလည္း သင္ေပးပါ။ ဦးေဆာင္ျပီး လုပ္ျပပါ။ ေရွ႕ေဆာင္ေကာင္း ျဖစ္ပါေစ။ကေလးေတြက မိဘေတြ၊ ဆရာ၊မေတြရဲ့ အမူအက်င့္၊ ေျပာဆိုပံု၊ ဝတ္ပံုစားပံု စတာေတြကို အျမဲ မ်က္ေခ်မျပတ္ ေလ့လာေနပါတယ္။ ကိုယ္အျခားသူတစ္ေယာက္ကို ေျပာဆိုတာေတြ၊ လုပ္ေဆာင္ေနတာေတြကို အျမဲ အျပဳသေဘာေဆာင္ေနဖို႕ ၾကိဳးစားဖို႕လိုပါတယ္။

၇) ကိုယ္က အရမ္းစိတ္ဆိုး၊ေဒါသထြက္ေနရင္ ကိုယ့္စိတ္ကို အရင္ ျငိမ္ေအာင္လုပ္ပါ။ နည္းနည္းေအးေဆးျဖစ္သြားေတာ့မွ ေနာင္တစ္ခါ ကေလးေတြကို ဘယ္လို လုပ္ေစခ်င္တယ္၊ ဘာေတြ ေျပာင္းလဲ ေစခ်င္တယ္ စတာေတြကို ေျပာပါ။

ေတာ္ေတာ္မ်ားမ်ားမွာ အိုးေကာင္းဖို႕ နာနာရိုက္ရမယ္ဆိုတဲ့ ယံုၾကည္ခ်က္ရွိတယ္။ ကၽြန္မ အျမင္မွာေတာ့ အိုးဘယ္ပံု ထြက္ေစခ်င္တယ္ဆိုတာကို အရင္ စဥ္းစားရမယ္ထင္တယ္။ ကိုယ္လိုခ်င္တဲ့ အိုးပံုစံရဖို႕ ပံုေဖၚရမယ္၊ ျပီးရင္ အိုးခိုင္ေအာင္ ရိုက္တာကို ခုိင္ခံ့ေအာင္ အားစိုက္ျပီး ေသခ်ာ တစ္စိုက္မတ္မတ္ လုပ္ေဆာင္ရမယ္ဆိုတဲ့ အဓိပၸါယ္္နဲ႕ၾကည့္ျပီး ကိုယ္ျဖစ္ေစခ်င္တဲ့ လူၾကီးပံုစံကို ကေလးေတြကို သင္တဲ့အခါ တစ္စိုက္မတ္မတ္နဲ႕ ဆရာ၊မိဘ ပူးေပါင္းျပီး အားထုတ္ၾကမယ္ဆိုရင္ ကိုယ့္ကိုကိုယ္ ယံုၾကည္ေသာ၊ အျပဳသေဘာေဆာင္ေသာ၊ ေပ်ာ္ရႊင္ေသာ၊ ပတ္ဝန္းက်င္ကို အက်ိဳးျပဳေသာ လူၾကီးေတြ တစ္ေန့ျဖစ္လာမွာပါ။

ေမတၱာျဖင့္…

   Sayarma-ဆရာမ

ကိုးကားစာညႊန္း

Arthur-Kelly, M., Lyons, G., Butterfield, N., & Gordan, C. (2007). Classroom Management: Creating positive learning environments (2nd ed.). Victoria, Australia: Cengage Learning Australia Pty Limited

Duchesne, S., McMaugh, A., Bochner, S., & Krause, K.-L. (2013). Educational psychology for learning and teaching (4th ed.). Australia: Cengage Learning http://twc-tweddle.azurewebsites.net/wp-content/uploads/2017/06/DL_PositiveDiscipline_FINAL_LoRes.pdf