[ Unicode ]

ကျွန်မက စိတ်ပညာရှင်တစ်ယောက်မဟုတ်ပါ။ လူကြီးတွေ၊ ကလေးတွေရဲ့ စိတ်ဒဏ်ရာတွေက ကလေးတွေအပေါ် ဘယ်လို သက်ရောက်မှု ရှိနိုင်သလဲဆိုတာကို ပညာရေး သမားတစ်ယောက်ရဲ့ အမြင် မျှဝေချင်ပါတယ်။

ကျွန်မနားလည်ထားတဲ့ စိတ်ဒဏ်ရာဆိုတာ …….

  • ဖြစ်ရပ်တစ်ခုကြောင့် (သို့) ဆက်တိုက်ဖြစ်ရပ်အချို့ကြောင့်ဖြစ်စေ၊ လူတစ်ဦး (သို့) လူအများကြောင့်ဖြစ်စေ စိတ်ကို ပြင်းထန်စွာ ခံစားရစေခဲ့ခြင်းကြောင့် မပျောက်ပျက်နိုင်ဘဲ ကျန်ရှိနေသေးသော စိတ်အတွင်း အနာ၊ ဒဏ်ရာဖြစ်ပါတယ်။
    စိတ်ဒဏ်ရာဆိုတာ…..
  • လူတိုင်းမှာ ဖြစ်နိုင်ပါတယ်။ လူတိုင်းမှာ ရှိနိုင်ပါတယ်။ ပုံစံမျိုးမျိုးနဲ့ ကြုံတွေ့ခဲ့နိုင်သလို ဒဏ်ရာကလည်း ပုံစံ အမျိုးမျိုးနဲ့ ကြံခဲ့နိုင်ပါတယ်။

စိတ်ဒဏ်ရာဆိုတာ …..

  • ငယ်ရွယ်စဉ်မှာ စိတ်ကို အပြင်းအထန် ခံစားရစေတဲ့ မိဘတွေရဲ့ မမှန်ကန်သော ဆုံးမသွန်သင်မှုတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုလိုမျိုး၊ အဓမ္မကျင့်ခံရခြင်းလိုမျိုး၊ ကိုယ်ခန္ဓာနဲ့မမျှအောင် နာကျင်စေသော ပြစ်ဒဏ်လိုမျိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
  • စစ်ဘေး၊ သဘာဝဘေး စတဲ့ ဖြစ်ရပ်တွေကြောင့် စိတ်ကို အနာတရဖြစ်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
  • အလွန်မြတ်နိုးသော လူ၊ ပစ္စည်း စတဲ့ ကြီးမားသော ဆုံးရှုံးမှုတွေကြောင့်လည်း ဖြစ်နိုင်တာပါပဲ။
  • တိုက်ရိုက်ထိတွေ့ပါဝင်တာမျိုးမဟုတ်ဘဲ တီဗွီ၊ ရုပ်ရှင်၊ အင်တာနက်တို့ကနေတစ်ဆင့် စိတ်ကို ပြင်းထန်စွာခံစားစေတဲ့ မြင်ကွင်းမျိုးကို မြင်ရ၊ ကြားရတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
    ဘယ်လိုပုံစံနဲ့ဖြစ်ဖြစ် စိတ်ဒဏ်ရာဖြစ်သွားရင်…..
  • များသောအားဖြင့်တော့ ဘာမှမဖြစ်သလို ပုံမှန်ပါပဲ။ ဒါပေမယ့် စိတ်ထဲမှာဖြစ်ထားတဲ့ ဒဏ်ရာဖြစ်တဲ့အတွက် တိုက်ဆိုင်မှုရှိတဲ့အခါ နာကျင်ခံစားရတာတွေကတော့ အမြဲနီးပါးရှိနေနိုင်ပါတယ်။ အများအမြင်မှာ သိပ်ပြီး သိသာမှုရှိချင်မှ ရှိလိမ့်မယ်၊ စိတ်အတွင်းထဲမှာ တားဆီးမှုတွေ၊ ကန့်သတ်ချက်တွေ ရှိနေတတ်ပါတယ်။
  • ကလေးတွေမှာ စိတ်ဒဏ်ရာဖြစ်ထားခဲ့ပြီးရင် မလိုအပ်တဲ့ ကြောက်စိတ်တွေ၊ စိုးရိမ်ပူပန်စိတ်တွေ၊ ဒေါသစိတ်တွေ၊ စိတ်ဖိစီးတာတွေ စတဲ့ မပြုသဘောမဆောင်တဲ့ စိတ်မခြေအနေတွေလည်း နောက်ဆက်တွဲ အကျိုးဆက်တွေဟာ ဒဏ်ရာရဲ့ အတိမ်အနက်အပေါ်မှာ မူတည်ပြီး ရှိနိုင်ပါတယ်။
  • ငယ်ရွယ်တဲ့အရွယ်၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်မရပ်တည်နိုင်သေးတဲ့အရွယ်တွေမှာ စိတ်ဒဏ်ရာပေးတဲ့ အဖြစ်အပျက်ကို ကြုံခဲ့ရတဲ့ ကလေးတွေဟာ အားကိုးရာမဲ့တဲ့ခံစားချက်မျိုး၊ ကိုယ်စိတ်နှလုံး လုံခြုံမှု ရှိမနေတဲ့ အခြေအနေမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲဒီ့လို ခံစားချက်မျိုးတွေကြောင့် အခြားကလေးတွေအပေါ် ကြမ်းတမ်းစွာ ဆက်ဆံခြင်းတွေ၊ ဒေါသတကြီးပြုမူတာတွေ၊ အရာရာကို အပြုသဘောမတွေးနိုင်တာမျိုးတွေဖြစ်တတ်ပါတယ်။
    စိတ်ဒဏ်ရာ ဖြစ်သွားခဲ့ရင်ဖြစ်ဖြစ်၊ မဖြစ်ခင်မှာပဲဖြစ်ဖြစ်…..
  • ကလေးတွေကို ကျွန်မတို့ အလုံးစုံမကာကွယ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ စိတ်ဒဏ်ရာပေးနိုင်သူဟာ လူတိုင်းဖြစ်နိုင်သလို၊ အခြေအနေကလည်း များစွာရှိနေနိုင်လို့ပါ။ ဒါပေမယ့် ကလေးတွေကို တတ်နိုင်သလောက် ပြင်းထန်တဲ့ မကောင်းသော စိတ်ခံစားမှုတွေမရအောင် အတတ်နိုင်ဆုံး ပံ့ပိုးပေးဖို့လိုပါတယ်။

ကျွန်မအမြင် – ပံ့ပိုးနိုင်မယ့် နည်းလမ်းအချို့ကတော့….

  • ချစ်ခြင်းမေတ္တာတည်ရှိကြောင်း အပြောနဲ့ရော အလုပ်နဲ့ပါ သက်သေပြပါ။ ချစ်လို့ ဆူတယ်၊ ချစ်လို့ ရိုက်တယ်၊ ချစ်လို့ ပစ်ထားတယ်ဆိုတာတွေဟာ အလွန်အကျွံဆိုရင် စိတ်ဒဏ်ရာပြင်းပြင်းထန်ထန်ရစေနိုင်ပါတယ်။ ချစ်ရင် နားထောင်ပေးပါ။ ကလေးတွေရဲ့ ခံစားချက်တွေ၊ အိမ်မှာ-ကျောင်းမှာ-လမ်းမှာ ဖြစ်ပျက်ခဲ့တာတွေ၊ အောင်မြင်မှု-သင်ယူမှုတွေအကြောင်းကို နားထောင်ပေးပါ။ ကလေးတွေပြောတာ နားထောင်ပေးတဲ့အခါ ဖုန်းကို ဘေးချပြီး၊ ကလေးအတွက်သာ အချိန်ပေးပါ။
  • ဖိအားမပေးပါနဲ့။ ကလေးမပြောချင်တဲ့ဟာကို၊ စိတ်ထဲမှာ အရမ်းခံစားနေရတဲ့ဟာတွေကို ဇွတ်ပြောဖို့ ဖိအားပေးတာမျိုးတွေမလုပ်ပါနဲ့။ အထူးသဖြင့် လူအများကြားထဲမှာ အားလုံးကြားအောင် ပြောခိုင်းတာမျိုး မလုပ်ပါနဲ့။ ကလေးတွေလည်း ရှက်တတ်ပါတယ်။
  • လုံခြုံသော ဝန်းကျင်ဖန်တီးပေးပါ။ စိတ်ပိုင်း၊ ရုပ်ပိုင်း လုံခြုံတယ်ခံစားရအောင် ယုံကြည်မှုတွေ တည်ဆောက်ပါ။ လူကြီးကိုယ်တိုင် ရိုးသားခြင်းအားဖြင့် လူကြီးတွေဟာ ယုံကြည်ထိုက်သူတွေဖြစ်တယ်၊ လုံခြုံမှုပေးနိုင်သူတွေဖြစ်တယ်ဆိုတာ သက်သေပြပါ။
  • စိတ်ပင်ပန်း၊စိတ်ဖိစီးပြီး စိတ်နေမကောင်းဖြစ်နေတဲ့အခါ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ရှိနေဖို့၊ ကျန်းမာသော အစားအသောက်ကို စားနိုင်ဖို့ ကူညီဖို့လိုပါတယ်။ ဒါကြောင့် ကလေးတွေ ပြေးလွှား ဆော့ကစားနေတာတွေဟာ အားပေးသင့်တဲ့လုပ်ရပ်တွေဖြစ်ပါတယ်။ ကျန်းမာတဲ့ အစားအသောက်တွေကို ကျောင်းတွေမှာ ရနိုင်အောင်၊ အိမ်တွေမှာ စားနိုင်အောင် ပညာပေးလုပ်ငန်းတွေလုပ်သင့်ပါတယ်။
  • ဆယ်ကျော်သက်အရွယ်မှာ စိတ်ဒဏ်ရာပေးတဲ့အရာတွေထဲက အများဆုံးက အကြမ်းဖက်မှုတွေကို မျက်မြင်ကိုယ်တွေ့တွေ့တာဖြစ်ပါတယ်လို့ သုတေသနတစ်ခုမှာ ဖတ်ရပါတယ်။ ငယ်စဉ်မှာပဲဖြစ်ဖြစ် ဆယ်ကျော်သက်အရွယ်မှာပဲဖြစ်ဖြစ် ကလေးတွေကို သွေးသံရဲရဲ ဇာတ်လမ်းတွေ၊ အကြမ်းဖက်မှုတွေကို ပြထားတဲ့ဗွီဒီယိုစတာတွေကို မပြကြဖို့ တိုက်တွန်းလိုပါတယ်။ မိဘတွေရဲ့ အပြန်အလှန် ထိုးနှက်ကျတဲ့ အိမ်တွင်းစစ်ပွဲတွေဟာလည်း ကလေးတွေကို စိတ်ဒဏ်ရာဖြစ်စေနိုင်ဆုံးထဲမှာ ပါပါတယ်။ ကိုယ်စီ အမိန့်တွေ၊ ယုံကြည်မှုတွေကြောင့် အပြန်အလှန် သတ်ဖြတ်ဖို့ ကြိုးစားကြတဲ့ စစ်ပွဲတွေလည်း အပြင်မှာ တစ်ကယ် မရှိရင်လည်း သိပ်ကောင်းမယ်လို့ တွေးမိတယ်။ တိုက်ပွဲဖြစ်နေတဲ့နေရာတွေက ကလေးတွေဟာ တစ်သက်တာ စိတ်ဒဏ်ရာနဲ့ ကြီးပြင်းနိုင်ခြေအရမ်းများတာမို့ ငြိမ်းချမ်းရေးဟာ ကလေးတွေရဲ့ အနာဂါတ်အတွက် အလွန်အရေးပါပါတယ်။

ကျွန်မတို့ ဆရာ၊မတွေဟာ……..

  • ကလေးတွေနဲ့ ၂၄ နာရီ အတူ ရှိနေသူတွေ မဟုတ်ကြပါဘူး။ အိမ်မှာ ကလေးတွေ ဘယ်လို နေရထိုင်ရတယ်၊ ပတ်ဝန်းကျင်က ဘယ်လို ဆက်ဆံကြတယ် စတာတွေကို အလုံးစုံ မသိနိုင်ကြပါဘူး။ ဒါကြောင့် တစ်ခါတစ်လေမှာ ကလေးတွေရဲ့ အပြုအမူနဲ့ ပြောဆိုပုံတွေကို ကျွန်မတို့က ကျွန်မတို့ အထင်နဲ့ ဘာသာပြန်တတ်ကြပါတယ်။ ကျွန်မတို့တစ်တွေ သတိထားရမှာက ကလေးတွေမှာ ပုံစံအမျိုးမျိုးနဲ့ စိတ်ဒဏ်ရာတွေ ရှိနေနိုင်တယ် ဆိုတာပါပဲ။ ကလေးတွေရဲ့ အပြုအမူတွေဟာ အစွန်းတစ်ဖက်ကို ရောက်အောင်ဖြစ်နေတယ် – ဥပမာ အရမ်းဒေါသကြီးတာမျိုး၊ သူတစ်ပါးအပေါ်ကို အရမ်း အနိုင်ကျင့်နေတာမျိုး၊ အရမ်းကြောက်တတ်တာမျုးိ…. ဖြစ်နေတယ်ဆိုရင် ဒီတိုင်း လက်လွတ်စပယ် မထားဖို့လိုပါတယ်။ ကလေးရဲ့ မိသားစုအခြေအနေ၊ ကျင်လည်ရတဲ့ ပတ်ဝန်းကျင်နဲ့ ကလေးရဲ့ စိတ်အတွင်းခံစားချက်တွေကို သိရှိနားလည်အောင်လုပ်ပြီး ကလေးနဲ့ ကိုက်ညီတဲ့ လမ်းညွှန်ပြသမှုတွ လုပ်ဖို့လိုပါတယ်။ ပြဿနာတွေကို ဆရာ၊မတွေတစ်ကိုယ်တည်း မဖြေရှင်းနိုင်ပါဘူး။ ဒါကြောင့် မိဘတွေနဲ့ အသိပေးပြီး အတူတူ ဝိုင်းပြီးလုပ်ရမယ့်လုပ်ငန်းတွေလည်းရှိနိုင်သလို ရပ်ကွက်နဲ့ ပေါင်းပြီး ကလေးတွေဘဝအတွက် တိုးတက်အောင် လုပ်ရမယ့် အချက်တွေလည်းရှိနေတယ်ဆိုတာ မမေ့ပါနဲ့နော်။ ကျွန်မတို့ ဆရာ၊မတွေဟာ ကလေးတွေရဲ့ အနာဂါတ်ဘဝပုံဖေါ်တဲ့နေရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကပါဝင်တာမို့ ကျွန်မတို့ကိုယ်တိုင် ကလေးတွေရဲ့ နောက်ခံခြေအနေတွေ၊ သင်ယူမှုပုံစံတွေ၊ လူမှုဆက်ဆံပုံတွေနဲ့ စိတ်အခြေအနေတွေကို အမြဲတမ်း လေ့လာသင်ယူပြီး ပံ့ပိုးဖို့ အဆင်သင့်ဖြစ်နေဖို့လိုပါတယ်။

အချုပ်မှာ ကျွန်မ ထပ်ဖြည့်စွက်ချင်တာကတော့ ….

  • စိတ်ဒဏ်ရာရှိခြင်းဟာ စိတ်ရောဂါဖြစ်နေတာမဟုတ်ပါဘူး၊ ရူးနေတာမဟုတ်ပါဘူး။ ဒါပေမယ့် စိတ်ကျန်းမာရေး ကောင်းနေဖို့က ဘဝအောင်မြင်မှုအတွက်၊ ပျော်ရွှင်မှုအတွက် အရေးပါတာမို့ စိတ်ဒဏ်ရာတွေကို ကုစားဖို့၊ စာနာကြဖို့၊ ဂရုစိုက်ကြဖို့၊ သတိထားကြဖို့က လိုအပ်ပါတယ်။ လူတိုင်း လူတိုင်း ကိုယ်ကျန်းမာလို့ စိတ်လည်း ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။

မေတ္တာဖြင့်……
Sayarma-ဆရာမ

Photo Credit to – http://nestcac.org/wp-content/uploads/2019/01/Sad-Child-Dealing-with-Trauma.jpg

[ Zawgyi ]

ကၽြန္မက စိတ္ပညာရွင္တစ္ေယာက္မဟုတ္ပါ။ လူႀကီးေတြ၊ ကေလးေတြရဲ့ စိတ္ဒဏ္ရာေတြက ကေလးေတြအေပၚ ဘယ္လို သက္ေရာက္မႈ ရွိနိုင္သလဲဆိုတာကို ပညာေရး သမားတစ္ေယာက္ရဲ့ အျမင္ မၽွေဝခ်င္ပါတယ္။

ကၽြန္မနားလည္ထားတဲ့ စိတ္ဒဏ္ရာဆိုတာ …….

  • ျဖစ္ရပ္တစ္ခုေၾကာင့္ (သို႔) ဆက္တိုက္ျဖစ္ရပ္အခ်ိဳ႕ေၾကာင့္ျဖစ္ေစ၊ လူတစ္ဦး (သို႔) လူအမ်ားေၾကာင့္ျဖစ္ေစ စိတ္ကို ျပင္းထန္စြာ ခံစားရေစခဲ့ျခင္းေၾကာင့္ မေပ်ာက္ပ်က္နိုင္ဘဲ က်န္ရွိေနေသးေသာ စိတ္အတြင္း အနာ၊ ဒဏ္ရာျဖစ္ပါတယ္။
    စိတ္ဒဏ္ရာဆိုတာ…..
  • လူတိုင္းမွာ ျဖစ္နိုင္ပါတယ္။ လူတိုင္းမွာ ရွိနိုင္ပါတယ္။ ပုံစံမ်ိဳးမ်ိဳးနဲ႔ ၾကဳံေတြ႕ခဲ့နိုင္သလို ဒဏ္ရာကလည္း ပုံစံ အမ်ိဳးမ်ိဳးနဲ႔ ႀကံခဲ့နိုင္ပါတယ္။

စိတ္ဒဏ္ရာဆိုတာ …..

  • ငယ္ရြယ္စဥ္မွာ စိတ္ကို အျပင္းအထန္ ခံစားရေစတဲ့ မိဘေတြရဲ့ မမွန္ကန္ေသာ ဆုံးမသြန္သင္မႈေတြေၾကာင့္လည္းျဖစ္နိုင္ပါတယ္။ အိမ္တြင္းအၾကမ္းဖက္မႈလိုမ်ိဳး၊ အဓမၼက်င့္ခံရျခင္းလိုမ်ိဳး၊ ကိုယ္ခႏၶာနဲ႔မမၽွေအာင္ နာက်င္ေစေသာ ျပစ္ဒဏ္လိုမ်ိဳးေတြေၾကာင့္လည္း ျဖစ္နိုင္ပါတယ္။
  • စစ္ေဘး၊ သဘာဝေဘး စတဲ့ ျဖစ္ရပ္ေတြေၾကာင့္ စိတ္ကို အနာတရျဖစ္သြားတာမ်ိဳးလည္း ျဖစ္နိုင္ပါတယ္။
  • အလြန္ျမတ္နိုးေသာ လူ၊ ပစၥည္း စတဲ့ ႀကီးမားေသာ ဆုံးရႈံးမႈေတြေၾကာင့္လည္း ျဖစ္နိုင္တာပါပဲ။
  • တိုက္ရိုက္ထိေတြ႕ပါဝင္တာမ်ိဳးမဟုတ္ဘဲ တီဗြီ၊ ႐ုပ္ရွင္၊ အင္တာနက္တို႔ကေနတစ္ဆင့္ စိတ္ကို ျပင္းထန္စြာခံစားေစတဲ့ ျမင္ကြင္းမ်ိဳးကို ျမင္ရ၊ ၾကားရတာေတြေၾကာင့္လည္း ျဖစ္နိုင္ပါတယ္။
    ဘယ္လိုပုံစံနဲ႔ျဖစ္ျဖစ္ စိတ္ဒဏ္ရာျဖစ္သြားရင္…..
  • မ်ားေသာအားျဖင့္ေတာ့ ဘာမွမျဖစ္သလို ပုံမွန္ပါပဲ။ ဒါေပမယ့္ စိတ္ထဲမွာျဖစ္ထားတဲ့ ဒဏ္ရာျဖစ္တဲ့အတြက္ တိုက္ဆိုင္မႈရွိတဲ့အခါ နာက်င္ခံစားရတာေတြကေတာ့ အျမဲနီးပါးရွိေနနိုင္ပါတယ္။ အမ်ားအျမင္မွာ သိပ္ၿပီး သိသာမႈရွိခ်င္မွ ရွိလိမ့္မယ္၊ စိတ္အတြင္းထဲမွာ တားဆီးမႈေတြ၊ ကန႔္သတ္ခ်က္ေတြ ရွိေနတတ္ပါတယ္။
  • ကေလးေတြမွာ စိတ္ဒဏ္ရာျဖစ္ထားခဲ့ၿပီးရင္ မလိုအပ္တဲ့ ေၾကာက္စိတ္ေတြ၊ စိုးရိမ္ပူပန္စိတ္ေတြ၊ ေဒါသစိတ္ေတြ၊ စိတ္ဖိစီးတာေတြ စတဲ့ မျပဳသေဘာမေဆာင္တဲ့ စိတ္မေျခအေနေတြလည္း ေနာက္ဆက္တြဲ အက်ိဳးဆက္ေတြဟာ ဒဏ္ရာရဲ့ အတိမ္အနက္အေပၚမွာ မူတည္ၿပီး ရွိနိုင္ပါတယ္။
  • ငယ္ရြယ္တဲ့အရြယ္၊ ကိုယ့္ေျခေထာက္ေပၚကိုယ္မရပ္တည္နိုင္ေသးတဲ့အရြယ္ေတြမွာ စိတ္ဒဏ္ရာေပးတဲ့ အျဖစ္အပ်က္ကို ၾကဳံခဲ့ရတဲ့ ကေလးေတြဟာ အားကိုးရာမဲ့တဲ့ခံစားခ်က္မ်ိဳး၊ ကိုယ္စိတ္ႏွလုံး လုံျခဳံမႈ ရွိမေနတဲ့ အေျခအေနမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ အဲဒီ့လို ခံစားခ်က္မ်ိဳးေတြေၾကာင့္ အျခားကေလးေတြအေပၚ ၾကမ္းတမ္းစြာ ဆက္ဆံျခင္းေတြ၊ ေဒါသတႀကီးျပဳမူတာေတြ၊ အရာရာကို အျပဳသေဘာမေတြးနိုင္တာမ်ိဳးေတြျဖစ္တတ္ပါတယ္။
    စိတ္ဒဏ္ရာ ျဖစ္သြားခဲ့ရင္ျဖစ္ျဖစ္၊ မျဖစ္ခင္မွာပဲျဖစ္ျဖစ္…..
  • ကေလးေတြကို ကၽြန္မတို႔ အလုံးစုံမကာကြယ္နိုင္ပါဘူး။ ဘာလို႔လဲဆိုေတာ့ စိတ္ဒဏ္ရာေပးနိုင္သူဟာ လူတိုင္းျဖစ္နိုင္သလို၊ အေျခအေနကလည္း မ်ားစြာရွိေနနိုင္လို႔ပါ။ ဒါေပမယ့္ ကေလးေတြကို တတ္နိုင္သေလာက္ ျပင္းထန္တဲ့ မေကာင္းေသာ စိတ္ခံစားမႈေတြမရေအာင္ အတတ္နိုင္ဆုံး ပံ့ပိုးေပးဖို႔လိုပါတယ္။

ကၽြန္မအျမင္ – ပံ့ပိုးနိုင္မယ့္ နည္းလမ္းအခ်ိဳ႕ကေတာ့….

  • ခ်စ္ျခင္းေမတၱာတည္ရွိေၾကာင္း အေျပာနဲ႔ေရာ အလုပ္နဲ႔ပါ သက္ေသျပပါ။ ခ်စ္လို႔ ဆူတယ္၊ ခ်စ္လို႔ ရိုက္တယ္၊ ခ်စ္လို႔ ပစ္ထားတယ္ဆိုတာေတြဟာ အလြန္အကၽြံဆိုရင္ စိတ္ဒဏ္ရာျပင္းျပင္းထန္ထန္ရေစနိုင္ပါတယ္။ ခ်စ္ရင္ နားေထာင္ေပးပါ။ ကေလးေတြရဲ့ ခံစားခ်က္ေတြ၊ အိမ္မွာ-ေက်ာင္းမွာ-လမ္းမွာ ျဖစ္ပ်က္ခဲ့တာေတြ၊ ေအာင္ျမင္မႈ-သင္ယူမႈေတြအေၾကာင္းကို နားေထာင္ေပးပါ။ ကေလးေတြေျပာတာ နားေထာင္ေပးတဲ့အခါ ဖုန္းကို ေဘးခ်ၿပီး၊ ကေလးအတြက္သာ အခ်ိန္ေပးပါ။
  • ဖိအားမေပးပါနဲ႔။ ကေလးမေျပာခ်င္တဲ့ဟာကို၊ စိတ္ထဲမွာ အရမ္းခံစားေနရတဲ့ဟာေတြကို ဇြတ္ေျပာဖို႔ ဖိအားေပးတာမ်ိဳးေတြမလုပ္ပါနဲ႔။ အထူးသျဖင့္ လူအမ်ားၾကားထဲမွာ အားလုံးၾကားေအာင္ ေျပာခိုင္းတာမ်ိဳး မလုပ္ပါနဲ႔။ ကေလးေတြလည္း ရွက္တတ္ပါတယ္။
  • လုံျခဳံေသာ ဝန္းက်င္ဖန္တီးေပးပါ။ စိတ္ပိုင္း၊ ႐ုပ္ပိုင္း လုံျခဳံတယ္ခံစားရေအာင္ ယုံၾကည္မႈေတြ တည္ေဆာက္ပါ။ လူႀကီးကိုယ္တိုင္ ရိုးသားျခင္းအားျဖင့္ လူႀကီးေတြဟာ ယုံၾကည္ထိုက္သူေတြျဖစ္တယ္၊ လုံျခဳံမႈေပးနိုင္သူေတြျဖစ္တယ္ဆိုတာ သက္ေသျပပါ။
  • စိတ္ပင္ပန္း၊စိတ္ဖိစီးၿပီး စိတ္ေနမေကာင္းျဖစ္ေနတဲ့အခါ ကိုယ္လက္လႈပ္ရွားမႈ ပုံမွန္ရွိေနဖို႔၊ က်န္းမာေသာ အစားအေသာက္ကို စားနိုင္ဖို႔ ကူညီဖို႔လိုပါတယ္။ ဒါေၾကာင့္ ကေလးေတြ ေျပးလႊား ေဆာ့ကစားေနတာေတြဟာ အားေပးသင့္တဲ့လုပ္ရပ္ေတြျဖစ္ပါတယ္။ က်န္းမာတဲ့ အစားအေသာက္ေတြကို ေက်ာင္းေတြမွာ ရနိုင္ေအာင္၊ အိမ္ေတြမွာ စားနိုင္ေအာင္ ပညာေပးလုပ္ငန္းေတြလုပ္သင့္ပါတယ္။
  • ဆယ္ေက်ာ္သက္အရြယ္မွာ စိတ္ဒဏ္ရာေပးတဲ့အရာေတြထဲက အမ်ားဆုံးက အၾကမ္းဖက္မႈေတြကို မ်က္ျမင္ကိုယ္ေတြ႕ေတြ႕တာျဖစ္ပါတယ္လို႔ သုေတသနတစ္ခုမွာ ဖတ္ရပါတယ္။ ငယ္စဥ္မွာပဲျဖစ္ျဖစ္ ဆယ္ေက်ာ္သက္အရြယ္မွာပဲျဖစ္ျဖစ္ ကေလးေတြကို ေသြးသံရဲရဲ ဇာတ္လမ္းေတြ၊ အၾကမ္းဖက္မႈေတြကို ျပထားတဲ့ဗြီဒီယိုစတာေတြကို မျပၾကဖို႔ တိုက္တြန္းလိုပါတယ္။ မိဘေတြရဲ့ အျပန္အလွန္ ထိုးႏွက္က်တဲ့ အိမ္တြင္းစစ္ပြဲေတြဟာလည္း ကေလးေတြကို စိတ္ဒဏ္ရာျဖစ္ေစနိုင္ဆုံးထဲမွာ ပါပါတယ္။ ကိုယ္စီ အမိန႔္ေတြ၊ ယုံၾကည္မႈေတြေၾကာင့္ အျပန္အလွန္ သတ္ျဖတ္ဖို႔ ႀကိဳးစားၾကတဲ့ စစ္ပြဲေတြလည္း အျပင္မွာ တစ္ကယ္ မရွိရင္လည္း သိပ္ေကာင္းမယ္လို႔ ေတြးမိတယ္။ တိုက္ပြဲျဖစ္ေနတဲ့ေနရာေတြက ကေလးေတြဟာ တစ္သက္တာ စိတ္ဒဏ္ရာနဲ႔ ႀကီးျပင္းနိုင္ေျခအရမ္းမ်ားတာမို႔ ၿငိမ္းခ်မ္းေရးဟာ ကေလးေတြရဲ့ အနာဂါတ္အတြက္ အလြန္အေရးပါပါတယ္။

ကၽြန္မတို႔ ဆရာ၊မေတြဟာ……..

  • ကေလးေတြနဲ႔ ၂၄ နာရီ အတူ ရွိေနသူေတြ မဟုတ္ၾကပါဘူး။ အိမ္မွာ ကေလးေတြ ဘယ္လို ေနရထိုင္ရတယ္၊ ပတ္ဝန္းက်င္က ဘယ္လို ဆက္ဆံၾကတယ္ စတာေတြကို အလုံးစုံ မသိနိုင္ၾကပါဘူး။ ဒါေၾကာင့္ တစ္ခါတစ္ေလမွာ ကေလးေတြရဲ့ အျပဳအမူနဲ႔ ေျပာဆိုပုံေတြကို ကၽြန္မတို႔က ကၽြန္မတို႔ အထင္နဲ႔ ဘာသာျပန္တတ္ၾကပါတယ္။ ကၽြန္မတို႔တစ္ေတြ သတိထားရမွာက ကေလးေတြမွာ ပုံစံအမ်ိဳးမ်ိဳးနဲ႔ စိတ္ဒဏ္ရာေတြ ရွိေနနိုင္တယ္ ဆိုတာပါပဲ။ ကေလးေတြရဲ့ အျပဳအမူေတြဟာ အစြန္းတစ္ဖက္ကို ေရာက္ေအာင္ျဖစ္ေနတယ္ – ဥပမာ အရမ္းေဒါသႀကီးတာမ်ိဳး၊ သူတစ္ပါးအေပၚကို အရမ္း အနိုင္က်င့္ေနတာမ်ိဳး၊ အရမ္းေၾကာက္တတ္တာမ်ဳးိ…. ျဖစ္ေနတယ္ဆိုရင္ ဒီတိုင္း လက္လြတ္စပယ္ မထားဖို႔လိုပါတယ္။ ကေလးရဲ့ မိသားစုအေျခအေန၊ က်င္လည္ရတဲ့ ပတ္ဝန္းက်င္နဲ႔ ကေလးရဲ့ စိတ္အတြင္းခံစားခ်က္ေတြကို သိရွိနားလည္ေအာင္လုပ္ၿပီး ကေလးနဲ႔ ကိုက္ညီတဲ့ လမ္းညႊန္ျပသမႈတြ လုပ္ဖို႔လိုပါတယ္။ ျပႆနာေတြကို ဆရာ၊မေတြတစ္ကိုယ္တည္း မေျဖရွင္းနိုင္ပါဘူး။ ဒါေၾကာင့္ မိဘေတြနဲ႔ အသိေပးၿပီး အတူတူ ဝိုင္းၿပီးလုပ္ရမယ့္လုပ္ငန္းေတြလည္းရွိနိုင္သလို ရပ္ကြက္နဲ႔ ေပါင္းၿပီး ကေလးေတြဘဝအတြက္ တိုးတက္ေအာင္ လုပ္ရမယ့္ အခ်က္ေတြလည္းရွိေနတယ္ဆိုတာ မေမ့ပါနဲ႔ေနာ္။ ကၽြန္မတို႔ ဆရာ၊မေတြဟာ ကေလးေတြရဲ့ အနာဂါတ္ဘဝပုံေဖၚတဲ့ေနရာမွာ အေရးႀကီးတဲ့ အခန္းက႑ကပါဝင္တာမို႔ ကၽြန္မတို႔ကိုယ္တိုင္ ကေလးေတြရဲ့ ေနာက္ခံေျခအေနေတြ၊ သင္ယူမႈပုံစံေတြ၊ လူမႈဆက္ဆံပုံေတြနဲ႔ စိတ္အေျခအေနေတြကို အျမဲတမ္း ေလ့လာသင္ယူၿပီး ပံ့ပိုးဖို႔ အဆင္သင့္ျဖစ္ေနဖို႔လိုပါတယ္။

အခ်ဳပ္မွာ ကၽြန္မ ထပ္ျဖည့္စြက္ခ်င္တာကေတာ့ ….

  • စိတ္ဒဏ္ရာရွိျခင္းဟာ စိတ္ေရာဂါျဖစ္ေနတာမဟုတ္ပါဘူး၊ ႐ူးေနတာမဟုတ္ပါဘူး။ ဒါေပမယ့္ စိတ္က်န္းမာေရး ေကာင္းေနဖို႔က ဘဝေအာင္ျမင္မႈအတြက္၊ ေပ်ာ္ရႊင္မႈအတြက္ အေရးပါတာမို႔ စိတ္ဒဏ္ရာေတြကို ကုစားဖို႔၊ စာနာၾကဖို႔၊ ဂ႐ုစိုက္ၾကဖို႔၊ သတိထားၾကဖို႔က လိုအပ္ပါတယ္။ လူတိုင္း လူတိုင္း ကိုယ္က်န္းမာလို႔ စိတ္လည္း က်န္းမာေပ်ာ္ရႊင္နိုင္ၾကပါေစ။

ေမတၱာျဖင့္……
Sayarma-ဆရာမ

Photo Credit to – http://nestcac.org/wp-content/uploads/2019/01/Sad-Child-Dealing-with-Trauma.jpg