[ Unicode ]

ကိုဗစ်စဖြစ်ချိန်ကစလို့ အခုချိန်အထိ မိဘတွေဟာ ကလေးတွေကို စာသင်ပေးတဲ့ ဆရာ၊မတွေအဖြစ်ပါ ကြိုးစားပြီး ပါဝင်လာကြပါတယ်။ အရင်ကတော့ မိခင်၊ဖခင်ဆိုတဲ့ အခန်းကဏ္ဍကိုပဲ တာဝန်ယူပြီး ပညာရေး၊ သင်ကြားရေးနဲ့ ပတ်သက်လာရင် ကျောင်းနဲ့ ဆရာ၊မတွေကိုပဲ လွှဲထားခဲ့ပြီးတော့ အခုကျမှ ကိုယ်တိုင် ဆရာ၊မဆိုတဲ့ အခန်ကဏ္ဍကိုပါ ပူးတွဲယူရတဲ့အခါ ကြည်နူးစရာ အခိုက်အတန့်တွေရှိသလို မရေရာ မသေချာမှုတွေ၊ အခက်အခဲတွေအများကြီးလည်း ကြုံတွေ့ရပါတယ်။ အဲဒီ့အထဲကမှ ဖြစ်လေ့ရှိတာက ကလေးကလည်း မိဘတွေ စာသင်ရင် နားမထောင်ချင်သလို ဖြစ်တတ်ပြီး မိဘတွေကလည်း သားသမီးတွေကို စိတ်မရှည်နေတာမျိုးဖြစ်တတ်တာပါ။

ကိုယ့်သားသမီးတွေကို ဘာကြောင့် စိတ်မရှည်လည်းဆိုရင် များသောအားဖြင့်ကတော့ ဖြစ်စေချင်တဲ့ စိတ်ဆန္ဒနဲ့ သင်ပေးချင်တဲ့ စေတနာတွေက အရမ်းများသွားတာကြောင့်ပါ။ ကိုယ်က ဖြစ်စေချင်တော့ စိတ်ကလောနေပြီး တစ်ခါတစ်လေ ကလေးက ကိုယ့်ရဲ့ စောနေတဲ့ စိတ်နောက်ကို မလိုက်နိုင်တာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ကျွန်မတို့တွေ ဖြစ်စေချင်စိတ်တွေ၊ သင်ချင်စိတ်တွေ အရမ်းများတဲ့အခါ အခြေအနေကို အမှန်အတိုင်းမမြင်နိုင်သလို ကလးရဲ့ သင်ယူနိုင်စွမ်း၊ သင်ယူပုံ၊ စိတ်ဝင်စားမှုကိုလည်း မျက်ကွယ်ပြုစေတတ်ပါတယ်။

ကျွန်မအကြံပြုချင်တာကတော့ ကလေးတွေကို ကိုယ်ကပဲ သင်ပေးမယ်ဆိုတဲ့ စိတ်မထားပါနဲ့။ ကိုယ်ကပဲတတ်တယ်၊ ကိုယ်ကပဲ သိတယ်၊ ဒါကြောင့် သူတို့ကို ကိုယ်ကပဲ သင်ပေးမယ်ဆိုတဲ့ စိတ်မထားပါနဲ့။ ကလေးတွေနဲ့ အတူ သင်ယူမယ်ဆိုတဲ့ စိတ်နဲ့ သင်ယူမှုတွေကို ဖန်တီးကြပါ။ ကျွန်မတို့ ငယ်ကတည်းက စာသင်ရမယ်၊ စာတတ်မှ ပညာတတ်ကြီးဖြစ်မယ်။ ပညာတတ်ကြီးတွေဖြစ်မှ ပျော်ရွှင်၊ ချမ်းသာစွာ နေနိုင်မယ်ဆိုတဲ့ သဘောတရားမျိုးကို ကြားဖူးနားဝ ရှိလာကြသလို ကျွန်မတို့ရဲ့ ကလေးတွေကိုလည်း စာသင်ကြဖို့၊ စာသင်ပေးဖို့ အမြဲစဉ်းစားမိကြပါတယ်။

သင်ယူမှုဆိုင်ရာ သီအိုရီတွေမှာ သင်ယူသူတွေဟာ သင်ပေးသူဆီက သင်ပေးသလောက်ပဲတတ်မြောက်ကြတာမဟုတ်ဘူး၊ သင်ယူသူတွေဟာ နေရာပေါင်းစုံကနေ ပုံစံမျိုးစုံနဲ့ သင်ယူ
ကြတယ်ဆိုတာ အမြဲ အလေးပေးပြောကြားကြပါတယ်။ ဆိုတော့ ကျွန်မတို့ ကလေးတွေရဲ့ သင်ယူနိုင်စွမ်းက ကျွန်မတို့ စာသင်ပေးနိုင်တာထက် ပိုပါတယ်။ ကလေးတွေဆီကနေလည်း ကိုယ့်အနေနဲ့ သင်ယူနိုင်တာတွေ အများကြီးပါ။ ဒါကြောင့် သူတို့ကို သင်ချင်စိတ်မလောဘဲ သူတို့နဲ့အတူတူ သင်ယူဖို့ ကြိုးစားပါ။

ကလေးတွေ ဘာတွေကြိုက်တတ်လဲ၊ ဘယ်လို အရာတွေ စိတ်ဝင်စားလဲ၊ ဘယ်လို သင်ရတာ ကြိုက်လဲ စတာတွေကို သိအောင် လုပ်ပြီး သူတို့ ကစားသလို ကစားရင်း သူတို့ဆီကလည်း သင်ယူ၊ ကိုယ်သိတာတွေလည်း ဝေမျှ။ ကိုယ်ရော သူရော မသိတာတွေကို အတူတူ ရှာဖွေ ဖတ်ရှု လေ့လာကြပေါ့။

ကျွန်မတို့သာ ကလေးတွေနဲ့ အတူတူ သင်ယူကြမယ် ဆိုတဲ့ စိတ်သဘောထားလေး ပြောင်းလိုက်ရင် ကျွန်မတို့တွေ ကလေးတွေကို ပိုနားလည်ပေးနိုင်လာမယ်၊ ကျွန်မတို့လည်း ကလေးတွေအကြောင်း ပိုသိလာမယ်၊ ကလေးတွေ စိတ်ဝင်စားတဲ့အရာတွေအကြောင်း ပိုပြီး နားလည်လာမယ်။ အကောင်းဆုံးကတော့ ကလေးနဲ့ ကိုယ်နဲ့ ကြားမှာ ယုံကြည်မှုတည်ဆောက်နိုင်ပြီး သူတို့ရဲ့ လိုအပ်နေတဲ့အရာ၊ လွဲနေတဲ့ အချက်လေးတွေကို တည့်မတ်ပေးနိုင်မယ်။ သူတို့ကိုယ့်ကို ယုံကြည်လာတဲ့အခါ၊ ကိုယ်က သူတို့ကို နားထောင်ပေးပြီး လေးစားမှုကို ပြတဲ့အခါ ကလေးတွေက သင်ယူဖို့၊ မျှဝေဖို့ ပိုပြီး စိတ်အားထက်သန်လာမယ်၊ သင်ယူမှုက ပိုပြီး မြန်ဆန်လာမယ်။

ဒီတော့ ကျွန်မတို့တွေ ကလေးတွေကို စာသင်မယ်ဆိုတဲ့ စိတ်မထားဘဲ၊ သူတို့နဲ့ အတူ သင်ယူမယ်ဆိုတဲ့ စိတ်ထားလေး ပြောင်းထားပြီး သင်ယူမှုတွေ အတူတူဖန်တီးကြရအောင်နော်။
အားလုံး လုံခြုံစွာနဲ့ သင်ယူမှုတွေ ဖန်တီးနိုင်ကြပါစေ။

မေတ္တာဖြင့်…
Sayarma-ဆရာမ

Photo referenced from www.slidesgo.com/ back to school slides

[ Zawgyi ]

ကိုဗစ္စျဖစ္ခ်ိန္ကစလို႔ အခုခ်ိန္အထိ မိဘေတြဟာ ကေလးေတြကို စာသင္ေပးတဲ့ ဆရာ၊မေတြအျဖစ္ပါ ႀကိဳးစားၿပီး ပါဝင္လာၾကပါတယ္။ အရင္ကေတာ့ မိခင္၊ဖခင္ဆိုတဲ့ အခန္းက႑ကိုပဲ တာဝန္ယူၿပီး ပညာေရး၊ သင္ၾကားေရးနဲ႔ ပတ္သက္လာရင္ ေက်ာင္းနဲ႔ ဆရာ၊မေတြကိုပဲ လႊဲထားခဲ့ၿပီးေတာ့ အခုက်မွ ကိုယ္တိုင္ ဆရာ၊မဆိုတဲ့ အခန္က႑ကိုပါ ပူးတြဲယူရတဲ့အခါ ၾကည္ႏူးစရာ အခိုက္အတန႔္ေတြရွိသလို မေရရာ မေသခ်ာမႈေတြ၊ အခက္အခဲေတြအမ်ားႀကီးလည္း ၾကဳံေတြ႕ရပါတယ္။ အဲဒီ့အထဲကမွ ျဖစ္ေလ့ရွိတာက ကေလးကလည္း မိဘေတြ စာသင္ရင္ နားမေထာင္ခ်င္သလို ျဖစ္တတ္ၿပီး မိဘေတြကလည္း သားသမီးေတြကို စိတ္မရွည္ေနတာမ်ိဳးျဖစ္တတ္တာပါ။

ကိုယ့္သားသမီးေတြကို ဘာေၾကာင့္ စိတ္မရွည္လည္းဆိုရင္ မ်ားေသာအားျဖင့္ကေတာ့ ျဖစ္ေစခ်င္တဲ့ စိတ္ဆႏၵနဲ႔ သင္ေပးခ်င္တဲ့ ေစတနာေတြက အရမ္းမ်ားသြားတာေၾကာင့္ပါ။ ကိုယ္က ျဖစ္ေစခ်င္ေတာ့ စိတ္ကေလာေနၿပီး တစ္ခါတစ္ေလ ကေလးက ကိုယ့္ရဲ့ ေစာေနတဲ့ စိတ္ေနာက္ကို မလိုက္နိုင္တာမ်ိဳးေတြလည္း ျဖစ္တတ္ပါတယ္။ ကၽြန္မတို႔ေတြ ျဖစ္ေစခ်င္စိတ္ေတြ၊ သင္ခ်င္စိတ္ေတြ အရမ္းမ်ားတဲ့အခါ အေျခအေနကို အမွန္အတိုင္းမျမင္နိုင္သလို ကလးရဲ့ သင္ယူနိုင္စြမ္း၊ သင္ယူပုံ၊ စိတ္ဝင္စားမႈကိုလည္း မ်က္ကြယ္ျပဳေစတတ္ပါတယ္။

ကၽြန္မအႀကံျပဳခ်င္တာကေတာ့ ကေလးေတြကို ကိုယ္ကပဲ သင္ေပးမယ္ဆိုတဲ့ စိတ္မထားပါနဲ႔။ ကိုယ္ကပဲတတ္တယ္၊ ကိုယ္ကပဲ သိတယ္၊ ဒါေၾကာင့္ သူတို႔ကို ကိုယ္ကပဲ သင္ေပးမယ္ဆိုတဲ့ စိတ္မထားပါနဲ႔။ ကေလးေတြနဲ႔ အတူ သင္ယူမယ္ဆိုတဲ့ စိတ္နဲ႔ သင္ယူမႈေတြကို ဖန္တီးၾကပါ။ ကၽြန္မတို႔ ငယ္ကတည္းက စာသင္ရမယ္၊ စာတတ္မွ ပညာတတ္ႀကီးျဖစ္မယ္။ ပညာတတ္ႀကီးေတြျဖစ္မွ ေပ်ာ္ရႊင္၊ ခ်မ္းသာစြာ ေနနိုင္မယ္ဆိုတဲ့ သေဘာတရားမ်ိဳးကို ၾကားဖူးနားဝ ရွိလာၾကသလို ကၽြန္မတို႔ရဲ့ ကေလးေတြကိုလည္း စာသင္ၾကဖို႔၊ စာသင္ေပးဖို႔ အျမဲစဥ္းစားမိၾကပါတယ္။

သင္ယူမႈဆိုင္ရာ သီအိုရီေတြမွာ သင္ယူသူေတြဟာ သင္ေပးသူဆီက သင္ေပးသေလာက္ပဲတတ္ေျမာက္ၾကတာမဟုတ္ဘူး၊ သင္ယူသူေတြဟာ ေနရာေပါင္းစုံကေန ပုံစံမ်ိဳးစုံနဲ႔ သင္ယူ
ၾကတယ္ဆိုတာ အျမဲ အေလးေပးေျပာၾကားၾကပါတယ္။ ဆိုေတာ့ ကၽြန္မတို႔ ကေလးေတြရဲ့ သင္ယူနိုင္စြမ္းက ကၽြန္မတို႔ စာသင္ေပးနိုင္တာထက္ ပိုပါတယ္။ ကေလးေတြဆီကေနလည္း ကိုယ့္အေနနဲ႔ သင္ယူနိုင္တာေတြ အမ်ားႀကီးပါ။ ဒါေၾကာင့္ သူတို႔ကို သင္ခ်င္စိတ္မေလာဘဲ သူတို႔နဲ႔အတူတူ သင္ယူဖို႔ ႀကိဳးစားပါ။

ကေလးေတြ ဘာေတြႀကိဳက္တတ္လဲ၊ ဘယ္လို အရာေတြ စိတ္ဝင္စားလဲ၊ ဘယ္လို သင္ရတာ ႀကိဳက္လဲ စတာေတြကို သိေအာင္ လုပ္ၿပီး သူတို႔ ကစားသလို ကစားရင္း သူတို႔ဆီကလည္း သင္ယူ၊ ကိုယ္သိတာေတြလည္း ေဝမၽွ။ ကိုယ္ေရာ သူေရာ မသိတာေတြကို အတူတူ ရွာေဖြ ဖတ္ရႈ ေလ့လာၾကေပါ့။

ကၽြန္မတို႔သာ ကေလးေတြနဲ႔ အတူတူ သင္ယူၾကမယ္ ဆိုတဲ့ စိတ္သေဘာထားေလး ေျပာင္းလိုက္ရင္ ကၽြန္မတို႔ေတြ ကေလးေတြကို ပိုနားလည္ေပးနိုင္လာမယ္၊ ကၽြန္မတို႔လည္း ကေလးေတြအေၾကာင္း ပိုသိလာမယ္၊ ကေလးေတြ စိတ္ဝင္စားတဲ့အရာေတြအေၾကာင္း ပိုၿပီး နားလည္လာမယ္။ အေကာင္းဆုံးကေတာ့ ကေလးနဲ႔ ကိုယ္နဲ႔ ၾကားမွာ ယုံၾကည္မႈတည္ေဆာက္နိုင္ၿပီး သူတို႔ရဲ့ လိုအပ္ေနတဲ့အရာ၊ လြဲေနတဲ့ အခ်က္ေလးေတြကို တည့္မတ္ေပးနိုင္မယ္။ သူတို႔ကိုယ့္ကို ယုံၾကည္လာတဲ့အခါ၊ ကိုယ္က သူတို႔ကို နားေထာင္ေပးၿပီး ေလးစားမႈကို ျပတဲ့အခါ ကေလးေတြက သင္ယူဖို႔၊ မၽွေဝဖို႔ ပိုၿပီး စိတ္အားထက္သန္လာမယ္၊ သင္ယူမႈက ပိုၿပီး ျမန္ဆန္လာမယ္။

ဒီေတာ့ ကၽြန္မတို႔ေတြ ကေလးေတြကို စာသင္မယ္ဆိုတဲ့ စိတ္မထားဘဲ၊ သူတို႔နဲ႔ အတူ သင္ယူမယ္ဆိုတဲ့ စိတ္ထားေလး ေျပာင္းထားၿပီး သင္ယူမႈေတြ အတူတူဖန္တီးၾကရေအာင္ေနာ္။
အားလုံး လုံျခဳံစြာနဲ႔ သင္ယူမႈေတြ ဖန္တီးနိုင္ၾကပါေစ။

ေမတၱာျဖင့္…
Sayarma-ဆရာမ

Photo referenced from www.slidesgo.com/ back to school slides