[ Unicode ]

ကျွန်မတို့ သင်ကြားနည်း သင်တန်း ပထမဆုံးရက်မှာ ကလေးတွေအကြောင်း၊ ကလေးတွေကို ဘယ်လို ပံ့ပိုးနိုင်မလဲဆိုတာတွေ အကြောင်း မဆွေးနွေးခင် ပထမဆုံး ကိုယ့်ရဲ့ ငယ်ဘဝကို ပြန်ပြောင်း အောက်မေ့ရတဲ့ လေ့ကျင့်ခန်းလေး လုပ်ကြပါတယ်။ ကျွန်မတို့ မှတ်မိတဲ့ ငယ်ငယ်တုန်းက အတွေ့အကြုံတွေ၊ ခံစားချက်တွေ အပြန်အလှန်မျှဝေကြတယ်။ နောက်ဆုံးမှာ ကျွန်မက မေးတယ်၊ နောင် ဆယ်နှစ်၊ ဆယ်ငါးနှစ်နေလို့ ဒီလို သင်တန်းမျိုးကို သူတို့ ကလေးတွေ လာတက်တဲ့အခါ၊ ငယ်ဘဝအကြောင်း မေးခွန်းကို ဖြေခိုင်းရင် ဘယ်လိုအဖြေမျိုးကြားချင်ပါသလဲ လို့။ အဲဒီ့လို မေးခွန်းတွေနဲ့ ပြန်သုံးသပ်လိုက်တဲ့အခါ ကျွန်မတို့ ဘယ်လို ငယ်ဘဝကို ရခဲ့ပြီး ကလေးတွေကို ဘယ်လို ဘဝမျိုးကို မှတ်မိစေချင်တယ်ဆိုတာ ရှင်းလင်းလာတယ်။ ပြီးတော့ ဘယ်လို မိဘမျိုး၊ ဘယ်လို ဆရာ၊မမျိုးဖြစ်ချင်တယ်ဆိုတာ သေချာ သိလာတဲ့အခါ၊ ကလေးတွေကို ဘယ်လို ငယ်ဘဝ ပေးချင်တယ်ဆိုတာ သေချာ ရှင်းလင်းလာတဲ့အခါ ကျွန်မတို့တွေ ပိုပြီး ထိရောက်စွာ စာသင်နိုင်လာလိမ့်မယ်၊ ပံ့ပိုးနိုင်လာလိမ့်မယ်။

ကျွန်မတို့ရဲ့ ငယ်ဘဝအကြောင်း စဉ်းစားကြည့်ရင် – အရမ်းဝမ်းနည်း နာကျင်ရတာတွေ၊ အနိုင်ကျင့်ခံရတာတွေ၊ စိတ်ကို ထိခိုက်ခံစားစေခဲ့ရတာတွေကို မှတ်မိကြသလို၊ အရမ်းပျော်ခဲ့ရတာတွေ၊ အရမ်းအချစ်ခံခဲ့ရတာတွေ၊ အလိုလိုက် အကြိုက်ဆောင်ခံခဲ့ရတာတွေ၊ စတာတွေလည်း မှတ်မိတတ်ကြပါတယ်။ ယေဘူယျအားဖြင့် ကြည့်ရင် ကျွန်မတို့ ရဲ့ ပြင်းပြတဲ့ စိတ်ခံစားချက် (အပြုသဘောဖြစ်စေ၊ အပြုသဘောမဟုတ်တာဖြစ်စေ) တစ်ခုခုကြောင့် လူတစ်ယောက်၊ အတွေ့အကြုံတစ်ခု၊ နေရာတစ်ခုကို စိတ်ထဲမှာ အကြာကြီး စွဲနေတာမျိုးပါ။

ကျွန်မရဲ့ ငယ်ဘဝကို ပြန်စဉ်းစားကြည့်ရင် –

  • သစ်ပင်တက်လိုက်၊ ကြိုးခုန်လိုက်နဲ့ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ရတာလေးတွေကို ပြန်မြင်ယောင်မိတယ်။
  • အိမ်က နွားမွေးလို့ နွားချေးကျုံးခိုင်းရင် ကြွတ်ကြွတ်အိတ်ကို လက်နှစ်ဖက်မှာ စွပ်၊ နွားချေးပုံကို ထိုင်ကြည့်ပြီး အော်ငိုရင်း “အမေရယ်၊ ပညာတတ်ကြီးဖြစ်အောင် စာကြိုးစားပါ့မယ်၊ ဒါတွေ မခိုင်းပါနဲ့”လို့ ပြောခဲ့တာတွေကို ပြန်သတိရတယ်။
  • ကျောင်းပြေးပြီး တိရိစ္ဆာန်ဥယျာဉ်ကို သွားတာ၊ လမ်းမှာ ရဲဖမ်းခံရတော့ ဘယ်ကျောင်းကလဲလို့ မေးတဲ့အခါ၊ နာမည်တွေလွဲဖြေတာတွေ အောက်မေ့မိတယ်။
  • အရင်က အုန်းပင်တွေ အရမ်းပေါတော့ အမေက အုန်းရွက်ကလေးနဲ့ ငှက်ရုပ်ကလေးလုပ်ပေးတဲ့ အချိန်လေးတစ်ခုကိုလည်း မေ့မရဘူး။
  • အသားမည်းလို့ ညစ်ပတ်တယ်ဆိုပြီး ဆရာမက နှိမ်ပြီး ဆက်ဆံခံခဲ့ရတာတွေကိုလည်း တွေးမိတိုင်း ဝမ်းနည်းတုန်းပဲ။
  • အကြိုက်ဆုံးဘောင်းဘီလေး နေပူလှန်းထားတုန်း ဘေးအိမ်က ခွေးကိုက်ဆွဲသွားလို့ အရမ်းဝမ်းနည်းပြီး ဘေးအိမ်ကို ရန်တွေသွားထောင်တာလေးလည်း မှတ်မိတယ်။ (အခု တင်ထားတဲ့ ပုံက ကျွန်မဘောင်းဘီလေး ခွေးမကိုက်ခံရခင် ခရီးထွက်တုန်း ရိုက်ထားတာ။)

ဒီလိုပါပဲ။ ပျော်စရာ၊ ဝမ်းနည်းစရာ၊ စိတ်လှုပ်ရှားစရာ မျိုးစုံ ရောနေတဲ့ ကလေးဘဝကို ပိုင်ဆိုင်ကြသူတွေရှိသလို၊ ဝမ်းနည်းနာကျည်းစရာတွေပဲ အများဆုံး ကြုံခဲ့ရတဲ့ ကလေးတွေလည်း ရှိမယ်၊ နောင်တရစရာတွေရှိခဲ့တဲ့ ကလေးဘဝကို ပိုင်ဆိုင်သူတွေလည်း ရှိနိုင်တာပါပဲ။ ခြောက်လှန့်ခဲ့မှုတွေ၊ ကြောက်စရာဥပမာတွေကြောင့် စိတ်ဒဏ်ရာတွေ၊ မကျေနပ်မှုတွေ၊ အကြောက်တရားတွေ လွှမ်းမိုးတဲ့ သတိမရချင်တဲ့ ငယ်ဘဝတွေလည်း ရှိကြမှာပဲ။

ကျွန်မတို့ရဲ့ ငယ်ငယ်တုန်းက ဘဝဖြတ်သန်းပုံက ကျွန်မတို့ အသက်ကြီးတဲ့အခါ ဘဝကို ဘယ်လို ဆက်လက်ဖြတ်သန်းမယ်ဆိုတဲ့အပေါ်မှာ အများကြီး သက်ရောက်မှု ရှိပါတယ်။ အပြုသဘောဆောင်တဲ့ ခံစားချက်တွေ များခဲ့တဲ့ကလေးက အပြုသဘောဆောင်တဲ့ လူကြီးဖြစ်ဖို့ အခွင့်အလမ်းများပါတယ်။ အဲဒီ့လိုပဲ အပြုသဘော မဆောင်တဲ့ ခံစားချက်တွေနဲ့ ကလေးဘဝကို ဖြတ်သန်းခဲ့ရရင် အပြုသဘောဆောင်တဲ့ လူကြီးဖြစ်ဖို့ အတော် ကြိုးစားဖို့ လိုပါလိမ့်မယ်။ အချို့ စိတ်ဒဏ်ရာတွေဟာ သေရာပါမို့လို့ တစ်သက်လုံး စိတ်ဒဏ်ရာတွေ၊ မယုံကြည်မှုတွေ၊ ကြောက်ရွံ့မှုတွေ… နဲ့ ဘဝကို ဖြတ်သန်းသွားရတတ်တာပါပဲ။

ဒါကြောင့် ကျွန်မတို့ကလေးတွေကို စာမသင်ခင်၊ ကလေးတွေကို ကူညီဖို့ မစဉ်းစားခင်မှာ ကျွန်မတို့ ကိုယ် ကျွန်မတို့ ပြန်ပြီး သုံးသပ်ကြည့်ရအောင်။ ကျွန်မတို့ရဲ့ ကလေးဘဝကို ကျွန်မတို့ ဘယ်လို ဖြတ်သန်းခဲ့လဲ။ ကျွန်မတို့ ကလေးတွေကိုရော ဘယ်လို ကလေးဘဝကို ဖြတ်သန်းစေချင်လဲ။ နောင်နှစ်ပေါင်းများစွာ ကြာတဲ့အခါ … ကျွန်မတို့ ကလေးတွေက သူတို့ရဲ့ ငယ်ဘဝအကြောင်းပြန်ပြောကြတဲ့အခါ ကျွန်မတို့တွေရဲ့ အကြောင်းကို ဘယ်လို ပုံဖေါ်ပြောပြတာ ခံချင်လဲ။ ဒီမေးခွန်းတွေရဲ့ အဖြေကို သေချာ စဉ်းစားဖြေပြီးတဲ့အခါ ကျွန်မတို့ရဲ့ ကလေးတွေကို ဘယ်လို ကူညီမယ်၊ သင်ကြားပေးမယ်၊ ပံ့ပိုးပေးမယ်ဆိုတဲ့ အဖြေအချို့ ခေါင်းထဲမှာ ပေါ်လာမှာပါ။

မေတ္တာ၊ ကရုဏာလွှမ်းသော ကလေးငယ်ဘဝကို ပေးစွမ်းနိုင်ကြပါစေ ဆန္ဒပြုလျက်..

မေတ္တာဖြင့်…
Sayarma-ဆရာမ

(မှတ်ချက်။ ။ ကျွန်မတို့ရဲ့ သင်ကြားနည်း အခြေခံ သင်တန်းကို စိတ်ဝင်စားရင် 09 767 984 377 ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်။)

[ Zawgyi ]

ကၽြန္မတို႔ သင္ၾကားနည္း သင္တန္း ပထမဆုံးရက္မွာ ကေလးေတြအေၾကာင္း၊ ကေလးေတြကို ဘယ္လို ပံ့ပိုးနိုင္မလဲဆိုတာေတြ အေၾကာင္း မေဆြးေႏြးခင္ ပထမဆုံး ကိုယ့္ရဲ့ ငယ္ဘဝကို ျပန္ေျပာင္း ေအာက္ေမ့ရတဲ့ ေလ့က်င့္ခန္းေလး လုပ္ၾကပါတယ္။ ကၽြန္မတို႔ မွတ္မိတဲ့ ငယ္ငယ္တုန္းက အေတြ႕အၾကဳံေတြ၊ ခံစားခ်က္ေတြ အျပန္အလွန္မၽွေဝၾကတယ္။ ေနာက္ဆုံးမွာ ကၽြန္မက ေမးတယ္၊ ေနာင္ ဆယ္ႏွစ္၊ ဆယ္ငါးႏွစ္ေနလို႔ ဒီလို သင္တန္းမ်ိဳးကို သူတို႔ ကေလးေတြ လာတက္တဲ့အခါ၊ ငယ္ဘဝအေၾကာင္း ေမးခြန္းကို ေျဖခိုင္းရင္ ဘယ္လိုအေျဖမ်ိဳးၾကားခ်င္ပါသလဲ လို႔။ အဲဒီ့လို ေမးခြန္းေတြနဲ႔ ျပန္သုံးသပ္လိုက္တဲ့အခါ ကၽြန္မတို႔ ဘယ္လို ငယ္ဘဝကို ရခဲ့ၿပီး ကေလးေတြကို ဘယ္လို ဘဝမ်ိဳးကို မွတ္မိေစခ်င္တယ္ဆိုတာ ရွင္းလင္းလာတယ္။ ၿပီးေတာ့ ဘယ္လို မိဘမ်ိဳး၊ ဘယ္လို ဆရာ၊မမ်ိဳးျဖစ္ခ်င္တယ္ဆိုတာ ေသခ်ာ သိလာတဲ့အခါ၊ ကေလးေတြကို ဘယ္လို ငယ္ဘဝ ေပးခ်င္တယ္ဆိုတာ ေသခ်ာ ရွင္းလင္းလာတဲ့အခါ ကၽြန္မတို႔ေတြ ပိုၿပီး ထိေရာက္စြာ စာသင္နိုင္လာလိမ့္မယ္၊ ပံ့ပိုးနိုင္လာလိမ့္မယ္။

ကၽြန္မတို႔ရဲ့ ငယ္ဘဝအေၾကာင္း စဥ္းစားၾကည့္ရင္ – အရမ္းဝမ္းနည္း နာက်င္ရတာေတြ၊ အနိုင္က်င့္ခံရတာေတြ၊ စိတ္ကို ထိခိုက္ခံစားေစခဲ့ရတာေတြကို မွတ္မိၾကသလို၊ အရမ္းေပ်ာ္ခဲ့ရတာေတြ၊ အရမ္းအခ်စ္ခံခဲ့ရတာေတြ၊ အလိုလိုက္ အႀကိဳက္ေဆာင္ခံခဲ့ရတာေတြ၊ စတာေတြလည္း မွတ္မိတတ္ၾကပါတယ္။ ေယဘူယ်အားျဖင့္ ၾကည့္ရင္ ကၽြန္မတို႔ ရဲ့ ျပင္းျပတဲ့ စိတ္ခံစားခ်က္ (အျပဳသေဘာျဖစ္ေစ၊ အျပဳသေဘာမဟုတ္တာျဖစ္ေစ) တစ္ခုခုေၾကာင့္ လူတစ္ေယာက္၊ အေတြ႕အၾကဳံတစ္ခု၊ ေနရာတစ္ခုကို စိတ္ထဲမွာ အၾကာႀကီး စြဲေနတာမ်ိဳးပါ။

ကၽြန္မရဲ့ ငယ္ဘဝကို ျပန္စဥ္းစားၾကည့္ရင္ –

  • သစ္ပင္တက္လိုက္၊ ႀကိဳးခုန္လိုက္နဲ႔ ေပ်ာ္ရႊင္စြာ ျဖတ္သန္းခဲ့ရတာေလးေတြကို ျပန္ျမင္ေယာင္မိတယ္။
  • အိမ္က ႏြားေမြးလို႔ ႏြားေခ်းက်ဳံးခိုင္းရင္ ႂကြတ္ႂကြတ္အိတ္ကို လက္ႏွစ္ဖက္မွာ စြပ္၊ ႏြားေခ်းပုံကို ထိုင္ၾကည့္ၿပီး ေအာ္ငိုရင္း “အေမရယ္၊ ပညာတတ္ႀကီးျဖစ္ေအာင္ စာႀကိဳးစားပါ့မယ္၊ ဒါေတြ မခိုင္းပါနဲ႔”လို႔ ေျပာခဲ့တာေတြကို ျပန္သတိရတယ္။
  • ေက်ာင္းေျပးၿပီး တိရိစၧာန္ဥယ်ာဥ္ကို သြားတာ၊ လမ္းမွာ ရဲဖမ္းခံရေတာ့ ဘယ္ေက်ာင္းကလဲလို႔ ေမးတဲ့အခါ၊ နာမည္ေတြလြဲေျဖတာေတြ ေအာက္ေမ့မိတယ္။
  • အရင္က အုန္းပင္ေတြ အရမ္းေပါေတာ့ အေမက အုန္းရြက္ကေလးနဲ႔ ငွက္႐ုပ္ကေလးလုပ္ေပးတဲ့ အခ်ိန္ေလးတစ္ခုကိုလည္း ေမ့မရဘူး။
  • အသားမည္းလို႔ ညစ္ပတ္တယ္ဆိုၿပီး ဆရာမက ႏွိမ္ၿပီး ဆက္ဆံခံခဲ့ရတာေတြကိုလည္း ေတြးမိတိုင္း ဝမ္းနည္းတုန္းပဲ။
  • အႀကိဳက္ဆုံးေဘာင္းဘီေလး ေနပူလွန္းထားတုန္း ေဘးအိမ္က ေခြးကိုက္ဆြဲသြားလို႔ အရမ္းဝမ္းနည္းၿပီး ေဘးအိမ္ကို ရန္ေတြသြားေထာင္တာေလးလည္း မွတ္မိတယ္။ (အခု တင္ထားတဲ့ ပုံက ကၽြန္မေဘာင္းဘီေလး ေခြးမကိုက္ခံရခင္ ခရီးထြက္တုန္း ရိုက္ထားတာ။)

ဒီလိုပါပဲ။ ေပ်ာ္စရာ၊ ဝမ္းနည္းစရာ၊ စိတ္လႈပ္ရွားစရာ မ်ိဳးစုံ ေရာေနတဲ့ ကေလးဘဝကို ပိုင္ဆိုင္ၾကသူေတြရွိသလို၊ ဝမ္းနည္းနာက်ည္းစရာေတြပဲ အမ်ားဆုံး ၾကဳံခဲ့ရတဲ့ ကေလးေတြလည္း ရွိမယ္၊ ေနာင္တရစရာေတြရွိခဲ့တဲ့ ကေလးဘဝကို ပိုင္ဆိုင္သူေတြလည္း ရွိနိုင္တာပါပဲ။ ေျခာက္လွန႔္ခဲ့မႈေတြ၊ ေၾကာက္စရာဥပမာေတြေၾကာင့္ စိတ္ဒဏ္ရာေတြ၊ မေက်နပ္မႈေတြ၊ အေၾကာက္တရားေတြ လႊမ္းမိုးတဲ့ သတိမရခ်င္တဲ့ ငယ္ဘဝေတြလည္း ရွိၾကမွာပဲ။

ကၽြန္မတို႔ရဲ့ ငယ္ငယ္တုန္းက ဘဝျဖတ္သန္းပုံက ကၽြန္မတို႔ အသက္ႀကီးတဲ့အခါ ဘဝကို ဘယ္လို ဆက္လက္ျဖတ္သန္းမယ္ဆိုတဲ့အေပၚမွာ အမ်ားႀကီး သက္ေရာက္မႈ ရွိပါတယ္။ အျပဳသေဘာေဆာင္တဲ့ ခံစားခ်က္ေတြ မ်ားခဲ့တဲ့ကေလးက အျပဳသေဘာေဆာင္တဲ့ လူႀကီးျဖစ္ဖို႔ အခြင့္အလမ္းမ်ားပါတယ္။ အဲဒီ့လိုပဲ အျပဳသေဘာ မေဆာင္တဲ့ ခံစားခ်က္ေတြနဲ႔ ကေလးဘဝကို ျဖတ္သန္းခဲ့ရရင္ အျပဳသေဘာေဆာင္တဲ့ လူႀကီးျဖစ္ဖို႔ အေတာ္ ႀကိဳးစားဖို႔ လိုပါလိမ့္မယ္။ အခ်ိဳ႕ စိတ္ဒဏ္ရာေတြဟာ ေသရာပါမို႔လို႔ တစ္သက္လုံး စိတ္ဒဏ္ရာေတြ၊ မယုံၾကည္မႈေတြ၊ ေၾကာက္ရြံ့မႈေတြ… နဲ႔ ဘဝကို ျဖတ္သန္းသြားရတတ္တာပါပဲ။

ဒါေၾကာင့္ ကၽြန္မတို႔ကေလးေတြကို စာမသင္ခင္၊ ကေလးေတြကို ကူညီဖို႔ မစဥ္းစားခင္မွာ ကၽြန္မတို႔ ကိုယ္ ကၽြန္မတို႔ ျပန္ၿပီး သုံးသပ္ၾကည့္ရေအာင္။ ကၽြန္မတို႔ရဲ့ ကေလးဘဝကို ကၽြန္မတို႔ ဘယ္လို ျဖတ္သန္းခဲ့လဲ။ ကၽြန္မတို႔ ကေလးေတြကိုေရာ ဘယ္လို ကေလးဘဝကို ျဖတ္သန္းေစခ်င္လဲ။ ေနာင္ႏွစ္ေပါင္းမ်ားစြာ ၾကာတဲ့အခါ … ကၽြန္မတို႔ ကေလးေတြက သူတို႔ရဲ့ ငယ္ဘဝအေၾကာင္းျပန္ေျပာၾကတဲ့အခါ ကၽြန္မတို႔ေတြရဲ့ အေၾကာင္းကို ဘယ္လို ပုံေဖၚေျပာျပတာ ခံခ်င္လဲ။ ဒီေမးခြန္းေတြရဲ့ အေျဖကို ေသခ်ာ စဥ္းစားေျဖၿပီးတဲ့အခါ ကၽြန္မတို႔ရဲ့ ကေလးေတြကို ဘယ္လို ကူညီမယ္၊ သင္ၾကားေပးမယ္၊ ပံ့ပိုးေပးမယ္ဆိုတဲ့ အေျဖအခ်ိဳ႕ ေခါင္းထဲမွာ ေပၚလာမွာပါ။

ေမတၱာ၊ က႐ုဏာလႊမ္းေသာ ကေလးငယ္ဘဝကို ေပးစြမ္းနိုင္ၾကပါေစ ဆႏၵျပဳလ်က္..

ေမတၱာျဖင့္…
Sayarma-ဆရာမ

(မွတ္ခ်က္။ ။ ကၽြန္မတို႔ရဲ့ သင္ၾကားနည္း အေျခခံ သင္တန္းကို စိတ္ဝင္စားရင္ 09 767 984 377 ကို ဆက္သြယ္ ေမးျမန္းနိုင္ပါတယ္။)