[ Unicode ]

လူကြီးတွေနဲ့ အတူနေကြတဲ့ ကလေးတွေဆိုတော့ တစ်နေ့တစ်နေ့ အိမ်မှာ လူကြီးတွေ ပြောသမျှ ကလေးတွေက ကြားပြီး သင်ယူနေကြတာပါပဲ။ ရွေးကောက်ပွဲ ကာလကလဲ ရွေးကောက်ပွဲအကြောင်း၊ အခုလို အခြေအနေ ရှုပ်ထွေးတဲ့ ကာလမှာလဲ ဒီကာလအကြောင်း ကလေးတွေ ရှေ့မှာရော ကွယ်ရာမှာပါ ကျွန်မတို့တွေပြောကြတယ်။ ကျွန်မတို့စကားဝိုင်းတွေကနေ သွယ်ဝိုက်ပြီးတော့မဟုတ်ဘဲ ကလေးတွေကို နိုင်ငံရေး အကြောင်း သင်ပြတာဟာ အရေးပါတဲ့ အရာတစ်ခုဖြစ်တယ်လို့ ကျွန်မထင်ပါတယ်။

ဘာကြောင့်လဲ ဆိုရင်…….
၁) ကလေးတွေဟာ အနာဂါတ်ပါပဲ။
နိုင်ငံရေး သမိုင်းတွေ၊ ဘယ်လို မဲပေးရမယ်ဆိုတာတွေ၊ နိုင်ငံရဲ့ အုပ်ချုပ်မှု ပုံစံ စနစ်တွေအကြောင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်း စတဲ့ နိုင်ငံရေး အခြေခံ ဗဟုသုတတွေ သိပါမှ အနာဂါတ်ကို ကိုယ်တိုင်ထုဆစ်တဲ့အခါ ကောင်းမွန်သော အနာဂါတ်တွေ ဖန်တီးဖို့ ကြိုးစားကြတဲ့အခါ ပိုပြီးကောင်းမွန်ထိရောက်စွာ လုပ်နိုင်မယ်။

၂) သူတို့ရဲ့ လုပ်ပိုင်ခွင့်၊ တာဝန်တွေ သိမှ နိုင်ငံသားကောင်းဖြစ်မယ်။
နိုင်ငံရေးသင်ခန်းစာတွေထဲက ပြည်သူတစ်ယောက် ထမ်းဆောင်ရမယ့် တာဝန်တွေ၊ ပြည်သူတစ်ယောက် ခံစားရမယ့် အခွင့်အလမ်းတွေကို သူတို့သိဖို့လိုတယ်။ ဒါမှ ဒီနိုင်ငံမှာ သူတို့ရဲ့ အခန်းကဏ္ဍကဘာလဲ၊ သူတို့ ဘာလုပ်ပေးနိုင်မလဲဆိုတာ သေချာ ကွဲကွဲပြားပြားသိပြီး နိုင်ငံဖွံ့ဖြိုးဖို့၊ ကိုယ်တိုင်တိုးတက်ဖို့ အထောက်ကူဖြစ်မယ်။

၃) အသိပညာတိုးပွါးပြီး ဆွေးနွေးပြောဆိုနိုင်မှု စွမ်းရည်၊ အတွေးအခေါ်စွမ်းရည် တိုးတက်မယ်။
နိုင်ငံရေးအကြောင်းသင်တဲ့အခါ မတူညီတဲ့ အယူဝါဒတွေအကြောင်း၊ အုပ်ချုပ်မှု ပုံစံအမျိုးအစားတွေအကြောင်း၊ ပြဿနာဖြေရှင်းနိုင်ပုံတွေအကြောင်း စတဲ့ သဘောထားကွဲလွဲနိုင်တဲ့ အကြောင်းအရာတွေအများကြီး သင်ယူရမယ်။ မတူညီတဲ့ ရှုထောင့်ကနေ ကြည့်ပြီး ပြောကြတဲ့ အကြောင်းအရာတွေဆီကနေ သင်ယူရင်း ကိုယ်ပိုင် ခိုင်မာတဲ့ ရပ်တည်ချက်တွေ ရှိလာမယ်။ ကိုယ့်ရပ်တည်ချက်ကို ကြောင်းကျိုး ဆက်စပ်ပြီးပြောဆိုဆွေးနွေးနိုင်လာမယ်။

အပေါ်က မျှဝေသွားတာက ကလေးတွေ နိုင်ငံရေးသင်သင့်တဲ့ အကြောင်းရင်းများစွာထဲက (၃)ချက်ပါ။

ဒီတော့ ကလေးတွေ နိုင်ငံရေးအကြောင်းကို ပိုသိလာဖို့….
၁) သတင်းစာအမျိုးမျိုးကို ဖတ်ပြီး အာဘော်တွေကို သုံးသပ်တာ၊ အချက်အလက်မှားမှန်စစ်တာတွေလုပ်ခိုင်းပါ။
၂) အိမ်မှာ ဆုံးဖြတ်ချက်ချတဲ့အခါ မဲခွဲဆုံးဖြတ်တဲ့ အလေ့အထကို လုပ်ကြည့်ပါ။
၃) တာဝန်ဝတ္တရားတွေနဲ့ အခွင့်အရေးတွေ အကြောင်း သင်ပေးပါ။ အိမ်မှာလည်း တာဝန်ခွဲယူပါ၊ အခွင့်အရေးသေချာပေးပါ။
၄) လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေး အခြေအနေတွေကို ကလေးတွေ နားလည်တဲ့ စကားလုံးနဲ့ ရှင်းပြ မျှဝေပါ။
၅) ကလေးတွေရဲ့ မတူညီတဲ့ အမြင်ကို နားထောင်ပါ။ ဘာကြောင့်အဲ့လို တွေးသလဲဆိုတဲ့ မေးခွန်းမျိုးမေးပါ။
၆) နိုင်ငံရေးဆိုင်ရာ အခြေခံသိသင့်တဲ့ အချက်အလက်တွေကို အရွယ်လိုက် နည်းနည်းချင်း သင်ပေးပါ။
၇) မိဘအုပ်ထိန်းသူကိုယ်တိုင် ဘေးထိုင်ဘုပြောမလုပ်ဘဲ ကောင်းမွန်တဲ့ နိုင်ငံသားကောင်းတွေအဖြစ် စံပြဖြစ်အောင် ကြိုးစားပေးပါ။

နိုင်ငံတစ်နိုင်ငံမှာ နေမှတော့ နိုင်ငံအရေးကိစ္စတွေကို လူတိုင်းသိသင့်ပါတယ်။ နိုင်ငံရဲ့ အရေးကိစ္စကိုလုပ်တာ ရှက်စရာမဟုတ်ပါ။ နိုင်ငံရေးအကြောင်း ပြောဆိုတာ၊ ဆွေးနွေးတာ၊ သင်ပြပေးတာဟာ အရေးကြီးဆုံး လုပ်ဆောင်သင့်တဲ့ လုပ်ငန်းတွေထဲက တစ်ခုပါ။ ကျွန်မတို့တွေ ကလေးတွေရဲ့ အနာဂါတ်အတွက် အကောင်းဆုံး မျှဝေ သင်ပြရင်း ရှေ့ဆောင်လမ်းပြကောင်းတွေ ဖြစ်အောင် ကြိုးစားကြရအောင်။

မေတ္တာဖြင့်…
Sayarma-ဆရာမ

photo downloaded from https://health.clevelandclinic.org/how-to-talk-to-your-child-about-coronavirus/

[ Zawgyi ]

လူႀကီးေတြနဲ႔ အတူေနၾကတဲ့ ကေလးေတြဆိုေတာ့ တစ္ေန႔တစ္ေန႔ အိမ္မွာ လူႀကီးေတြ ေျပာသမၽွ ကေလးေတြက ၾကားၿပီး သင္ယူေနၾကတာပါပဲ။ ေရြးေကာက္ပြဲ ကာလကလဲ ေရြးေကာက္ပြဲအေၾကာင္း၊ အခုလို အေျခအေန ရႈပ္ေထြးတဲ့ ကာလမွာလဲ ဒီကာလအေၾကာင္း ကေလးေတြ ေရွ႕မွာေရာ ကြယ္ရာမွာပါ ကၽြန္မတို႔ေတြေျပာၾကတယ္။ ကၽြန္မတို႔စကားဝိုင္းေတြကေန သြယ္ဝိုက္ၿပီးေတာ့မဟုတ္ဘဲ ကေလးေတြကို နိုင္ငံေရး အေၾကာင္း သင္ျပတာဟာ အေရးပါတဲ့ အရာတစ္ခုျဖစ္တယ္လို႔ ကၽြန္မထင္ပါတယ္။

ဘာေၾကာင့္လဲ ဆိုရင္…….
၁) ကေလးေတြဟာ အနာဂါတ္ပါပဲ။
နိုင္ငံေရး သမိုင္းေတြ၊ ဘယ္လို မဲေပးရမယ္ဆိုတာေတြ၊ နိုင္ငံရဲ့ အုပ္ခ်ဳပ္မႈ ပုံစံ စနစ္ေတြအေၾကာင္း၊ တန္းတူညီမၽွျခင္း၊ တရားမၽွတျခင္း စတဲ့ နိုင္ငံေရး အေျခခံ ဗဟုသုတေတြ သိပါမွ အနာဂါတ္ကို ကိုယ္တိုင္ထုဆစ္တဲ့အခါ ေကာင္းမြန္ေသာ အနာဂါတ္ေတြ ဖန္တီးဖို႔ ႀကိဳးစားၾကတဲ့အခါ ပိုၿပီးေကာင္းမြန္ထိေရာက္စြာ လုပ္နိုင္မယ္။

၂) သူတို႔ရဲ့ လုပ္ပိုင္ခြင့္၊ တာဝန္ေတြ သိမွ နိုင္ငံသားေကာင္းျဖစ္မယ္။
နိုင္ငံေရးသင္ခန္းစာေတြထဲက ျပည္သူတစ္ေယာက္ ထမ္းေဆာင္ရမယ့္ တာဝန္ေတြ၊ ျပည္သူတစ္ေယာက္ ခံစားရမယ့္ အခြင့္အလမ္းေတြကို သူတို႔သိဖို႔လိုတယ္။ ဒါမွ ဒီနိုင္ငံမွာ သူတို႔ရဲ့ အခန္းက႑ကဘာလဲ၊ သူတို႔ ဘာလုပ္ေပးနိုင္မလဲဆိုတာ ေသခ်ာ ကြဲကြဲျပားျပားသိၿပီး နိုင္ငံဖြံ့ၿဖိဳးဖို႔၊ ကိုယ္တိုင္တိုးတက္ဖို႔ အေထာက္ကူျဖစ္မယ္။

၃) အသိပညာတိုးပြါးၿပီး ေဆြးေႏြးေျပာဆိုနိုင္မႈ စြမ္းရည္၊ အေတြးအေခၚစြမ္းရည္ တိုးတက္မယ္။
နိုင္ငံေရးအေၾကာင္းသင္တဲ့အခါ မတူညီတဲ့ အယူဝါဒေတြအေၾကာင္း၊ အုပ္ခ်ဳပ္မႈ ပုံစံအမ်ိဳးအစားေတြအေၾကာင္း၊ ျပႆနာေျဖရွင္းနိုင္ပုံေတြအေၾကာင္း စတဲ့ သေဘာထားကြဲလြဲနိုင္တဲ့ အေၾကာင္းအရာေတြအမ်ားႀကီး သင္ယူရမယ္။ မတူညီတဲ့ ရႈေထာင့္ကေန ၾကည့္ၿပီး ေျပာၾကတဲ့ အေၾကာင္းအရာေတြဆီကေန သင္ယူရင္း ကိုယ္ပိုင္ ခိုင္မာတဲ့ ရပ္တည္ခ်က္ေတြ ရွိလာမယ္။ ကိုယ့္ရပ္တည္ခ်က္ကို ေၾကာင္းက်ိဳး ဆက္စပ္ၿပီးေျပာဆိုေဆြးေႏြးနိုင္လာမယ္။

အေပၚက မၽွေဝသြားတာက ကေလးေတြ နိုင္ငံေရးသင္သင့္တဲ့ အေၾကာင္းရင္းမ်ားစြာထဲက (၃)ခ်က္ပါ။

ဒီေတာ့ ကေလးေတြ နိုင္ငံေရးအေၾကာင္းကို ပိုသိလာဖို႔….
၁) သတင္းစာအမ်ိဳးမ်ိဳးကို ဖတ္ၿပီး အာေဘာ္ေတြကို သုံးသပ္တာ၊ အခ်က္အလက္မွားမွန္စစ္တာေတြလုပ္ခိုင္းပါ။
၂) အိမ္မွာ ဆုံးျဖတ္ခ်က္ခ်တဲ့အခါ မဲခြဲဆုံးျဖတ္တဲ့ အေလ့အထကို လုပ္ၾကည့္ပါ။
၃) တာဝန္ဝတၱရားေတြနဲ႔ အခြင့္အေရးေတြ အေၾကာင္း သင္ေပးပါ။ အိမ္မွာလည္း တာဝန္ခြဲယူပါ၊ အခြင့္အေရးေသခ်ာေပးပါ။
၄) လက္ရွိျဖစ္ပ်က္ေနတဲ့ နိုင္ငံေရး အေျခအေနေတြကို ကေလးေတြ နားလည္တဲ့ စကားလုံးနဲ႔ ရွင္းၿပ မၽွေဝပါ။
၅) ကေလးေတြရဲ့ မတူညီတဲ့ အျမင္ကို နားေထာင္ပါ။ ဘာေၾကာင့္အဲ့လို ေတြးသလဲဆိုတဲ့ ေမးခြန္းမ်ိဳးေမးပါ။
၆) နိုင္ငံေရးဆိုင္ရာ အေျခခံသိသင့္တဲ့ အခ်က္အလက္ေတြကို အရြယ္လိုက္ နည္းနည္းခ်င္း သင္ေပးပါ။
၇) မိဘအုပ္ထိန္းသူကိုယ္တိုင္ ေဘးထိုင္ဘုေျပာမလုပ္ဘဲ ေကာင္းမြန္တဲ့ နိုင္ငံသားေကာင္းေတြအျဖစ္ စံျပျဖစ္ေအာင္ ႀကိဳးစားေပးပါ။

နိုင္ငံတစ္နိုင္ငံမွာ ေနမွေတာ့ နိုင္ငံအေရးကိစၥေတြကို လူတိုင္းသိသင့္ပါတယ္။ နိုင္ငံရဲ့ အေရးကိစၥကိုလုပ္တာ ရွက္စရာမဟုတ္ပါ။ နိုင္ငံေရးအေၾကာင္း ေျပာဆိုတာ၊ ေဆြးေႏြးတာ၊ သင္ျပေပးတာဟာ အေရးႀကီးဆုံး လုပ္ေဆာင္သင့္တဲ့ လုပ္ငန္းေတြထဲက တစ္ခုပါ။ ကၽြန္မတို႔ေတြ ကေလးေတြရဲ့ အနာဂါတ္အတြက္ အေကာင္းဆုံး မၽွေဝ သင္ျပရင္း ေရွ႕ေဆာင္လမ္းျပေကာင္းေတြ ျဖစ္ေအာင္ ႀကိဳးစားၾကရေအာင္။

ေမတၱာျဖင့္…
Sayarma-ဆရာမ

photo downloaded from https://health.clevelandclinic.org/how-to-talk-to-your-child-about-coronavirus/