[ Unicode ]
ကလေးများကို တွေးတတ်အောင် သင်ခြင်းဟာ ဘဝနေနည်းကို သင်ခြင်းဖြစ်ပါတယ်။ ကျွန်မတို့ ဘဝ တစ်လျှောက်လုံးမှာ ဆုံးဖြတ်ချက်ပေါင်း များစွာ ချကြရပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်သော ထမင်းဟင်း ဘယ်လို စီမံ စားသောက်မလဲ ဆိုတာက အစ လုပ်ငန်းဆောင်တာတွေအတွက် ဆုံးဖြတ်ရတာ အဆုံး လုပ်ဆောင်မှုတိုင်းမှာ တွေးရတယ်၊ ဆုံးဖြတ်ရပါတယ်။ အတွေးမှားရင် ဆုံးဖြတ်ချက်တွေ မှားတယ်။ ဆုံးဖြတ်ချက်တွေ မှားရင် ဘဝလမ်းကြောင်းမှားကြတယ်။ ဒါကြောင့် ကလေးဘဝ က စလို့ တွေးတတ်အောင် သင်ပေးပါ။ဒီတစ်ပတ်မှာတော့ ကလေးတွေ တွေးတတ်အောင် သင်ပေးနိုင်မယ့် နည်းလမ်း (၅)ခုကို မျှဝေပေးချင်ပါတယ်။
၁) မေးခွန်း မေးခြင်းဖြင့် တွေးစေပါ။
ကလေးတွေကို တွေးတတ်အောင်၊ အမြင်တွေ ဖေါ်ထုတ်တတ်အောင် မေးခွန်းတွေ မေးပေးပါ။ ဟုတ်တယ်၊ မဟုတ်ဘူး ဆိုတဲ့ အဖြေကိုပဲ ပေးမယ့် မေးခွန်းတွေထက် သူတို့ရဲ့ ထင်မြင်ယူဆချက်တွေ၊ အတွေ့အကြုံနဲ့ ဗဟုသုတကို ချိန်ထိုးဖြေဆိုရမယ့် မေးခွန်းမျိုးတွေကို မေးပါ။ မေးခွန်းမေးခြင်းဟာ ကလေးတွေကို စဉ်းစားဖို့၊ တွေးခေါ်ဖို့၊ ကိုယ့်အမြင်အပေါ် သုံးသပ်နိုင်ဖို့ အခွင့်အလမ်းတွေ ပေးပါတယ်။
၂) အခြေခံ အတွေး အုတ်မြစ် တည်ဆောက်ပေးပါ။
တွေးနိုင်ဖို့ ချိတ်ဆက်စဉ်းစားရမယ့် ဗဟုသုတတွေ၊ အတွေ့အကြုံတွေ လိုအပ်ပါတယ်။ လေ့လာမှု၊ အတွေ့အကြုံတွေ မရှိရင် တွေးတတ်အောင် သင်လို့ ခက်ခဲပါတယ်။ ဒါကြောင့် တွေးတတ်အောင် သင်ချင်တဲ့အခါ ကလေးတွေကို စာတွေဖတ်ဖို့၊ လေ့လာရေးခရီးတွေ ထွက်ဖို့၊ ပညာရစေမယ့် ဖျော်ဖြေရေးအစီအစဉ်တွေလုပ်ကြဖို့၊ စတဲ့ အတွေ့အကြုံနဲ့ ပညာ ဗဟုသုတပေးမယ့် အစီအစဉ်တွေ လုပ်ပေးခြင်းဖြင့် အခြေခံ အတွေး အုတ်မြစ်ကို တည်ဆောက်ပေးပါ။
၃) ဖန်တီးရင်း၊ အလုပ်လုပ်ရင်း တွေးစေပါ။
အခြေခံ ဗဟုသုတနဲ့ အတွေ့အကြုံတွေ မရှိရင် အစာအိမ်ကို အစာမရှိဘဲ အစာချက်ခိုင်းသလိုပါပဲ။ ဒါကြောင့် ကလေးတွေတွေးဖို့ အထောက်အကူပြုဖို့ လုပ်ငန်းတွေပေးပါ။ ပတ်ဝန်းကျင်က လူမှုရေး၊ စီးပွါးရေး၊ ပညာရေး စတဲ့အကြောင်းအရာတွေ ဖတ်ခိုင်းပါ။ ပြီးရင်း စာအသစ်ဖြစ်စေ ပစ္စည်းတွေဖြစ်စေ ဖန်တီးခိုင်းပါ။ မေးခွန်းမေးခြင်းကို အကျင့်မရှိသေးလို့ ကြောက်တဲ့ ကလေးတွေအတွက် လေ့လာရေး၊ ဖန်တီးရေးလုပ်ငန်းတွေကနေတစ်ဆင့် တွေးတတ်အောင် သင်ပေးပါ။
၄) အဖွဲ့လိုက်အလုပ်လုပ်ခိုင်းပါ။
တစ်ဦးတည်းတွေးစေခြင်းဟာ အစပိုင်းမှာ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့်မေးခွန်းတစ်ခုကို အဖွဲ့လိုက် စဉ်းစားပြီး ဖြေစေခြင်းဟာ ကလေးတွေအတွက် စိတ်သက်သက်သာသာနဲ့ တွေးတောခြင်းလုပ်ငန်းကို လုပ်စေပါတယ်။ သူငယ်ချင်းတွေနဲ့ စကားပြောရ၊ ငြင်းရ၊ ခုံရဆိုတော့ ကြောက်စိတ်တို့ ပျင်းတာတို့ လျော့နည်းပြီး တွေးကျင့်ကို မြန်မြန် လေ့ကျင့်ပေးနိုင်ပါတယ်။
၅) ပြဿနာတွေ ဖြေရှင်းခိုင်းပါ။
ကလေးတွေကို ရှိတဲ့ ပြဿနာတွေ ပြောပြပြီး ဖြေရှင်းနည်းတွေ ရှာခိုင်းပါ။ ကျောင်းမှာ၊ စာသင်ခန်းထဲမှာ၊ သူတို့ အချင်းချင်းကြားမှာ ရှိတဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို အတူတူ ဖေါ်ထုတ်ပြီး ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေ ရှာ
ခိုင်းပြီး လက်တွေ့အကောင်အထည်ဖေါ်ခိုင်းခြင်းဟာ တွေးတောဖို့ကို တိုက်တွန်းအားပေးရာရောက်ပါတယ်။
အချုပ်မှာကျွန်မမျှဝေချင်တာကတော့ ကလေးတွေကို တွေးစေပါ။ တွေးဖို့ သင်ပေးပါ။ တွေးဖို့သင်ပေးရာမှာ သုံးတဲ့နည်းတွေကနေတစ်ဆင့် ကလေးတွေဟာ လက်တွေ့ဘဝမှာ ကြုံတွေ့လာမယ့် ပြဿနာတွေ အခက်အခဲတွေကို သေချာ စဉ်းစားပြီး ဖြေရှင်းလာနိုင်မယ်၊ အသစ်အသစ်တွေ ဖန်တီး တီထွင်ဖို့ စဉ်းစားတွေးခေါ်နိုင်လာမယ်၊ ပညာဗဟုသုတအသစ်တွေကို အမြဲ ရှာဖွေပြီး သုံးသပ် မျှဝေတတ်လာမယ်၊ ပြီးရင် ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေနဲ့လည်း မျှဝေဖလှယ်ရင်း ပူးပေါင်း လုပ်ဆောင်နိုင်လာမယ်။ ဒါကြောင့် ကျွန်မက တွေးတတ်အောင် သင်ကြားပေးခြင်းဟာ ဘတွက်တာကျွမ်းကျင်စရာတွေထဲက တစ်ခုဖြစ်တယ်လို့ ပြောခြင်းဖြစ်ပါတယ်။ ကလေးတွေကို တွေးဖို့ သင်တဲ့အခါ လူကြီးတွေက ဝေဖန်ပိုင်းခြား စဉ်းစားပြီး ပမာပြဖို့လည်းလိုပါတယ်။ ကလေးတွေ တွေးနိုင်မှ သူတို့ အနာဂါတ်လှနိုင်မယ်။ သူတို့ဘဝလှမှ ကျွန်မတို့နိုင်ငံ တိုးတက်မယ်။ ဒါကြောင့် နိုင်ငံတိုးတက်ချင်ရင် ကလေးတွေကို တွေးတတ်အောင် သင်ပေးပါ။ ကလေးတွေကို တွေးနိုင်အောင် သင်ပေးရင်း ကျွန်မတို့ အားလုံးရဲ့ အနာဂါတ်တွေကို အကောင်းဆုံး ပုံဖေါ်နိုင်ကြရပါစေ။
မေတ္တာဖြင့်………
Sayarma-ဆရာမ
[ Zawgyi ]
ကေလးမ်ားကို ေတြးတတ္ေအာင္ သင္ျခင္းဟာ ဘဝေနနည္းကို သင္ျခင္းျဖစ္ပါတယ္။ ကၽြန္မတို႔ ဘဝ တစ္ေလၽွာက္လုံးမွာ ဆုံးျဖတ္ခ်က္ေပါင္း မ်ားစြာ ခ်ၾကရပါတယ္။ က်န္းမာေရးနဲ႔ ညီညႊတ္ေသာ ထမင္းဟင္း ဘယ္လို စီမံ စားေသာက္မလဲ ဆိုတာက အစ လုပ္ငန္းေဆာင္တာေတြအတြက္ ဆုံးျဖတ္ရတာ အဆုံး လုပ္ေဆာင္မႈတိုင္းမွာ ေတြးရတယ္၊ ဆုံးျဖတ္ရပါတယ္။ အေတြးမွားရင္ ဆုံးျဖတ္ခ်က္ေတြ မွားတယ္။ ဆုံးျဖတ္ခ်က္ေတြ မွားရင္ ဘဝလမ္းေၾကာင္းမွားၾကတယ္။ ဒါေၾကာင့္ ကေလးဘဝ က စလို႔ ေတြးတတ္ေအာင္ သင္ေပးပါ။ဒီတစ္ပတ္မွာေတာ့ ကေလးေတြ ေတြးတတ္ေအာင္ သင္ေပးနိုင္မယ့္ နည္းလမ္း (၅)ခုကို မၽွေဝေပးခ်င္ပါတယ္။
၁) ေမးခြန္း ေမးျခင္းျဖင့္ ေတြးေစပါ။
ကေလးေတြကို ေတြးတတ္ေအာင္၊ အျမင္ေတြ ေဖၚထုတ္တတ္ေအာင္ ေမးခြန္းေတြ ေမးေပးပါ။ ဟုတ္တယ္၊ မဟုတ္ဘူး ဆိုတဲ့ အေျဖကိုပဲ ေပးမယ့္ ေမးခြန္းေတြထက္ သူတို႔ရဲ့ ထင္ျမင္ယူဆခ်က္ေတြ၊ အေတြ႕အၾကဳံနဲ႔ ဗဟုသုတကို ခ်ိန္ထိုးေျဖဆိုရမယ့္ ေမးခြန္းမ်ိဳးေတြကို ေမးပါ။ ေမးခြန္းေမးျခင္းဟာ ကေလးေတြကို စဥ္းစားဖို႔၊ ေတြးေခၚဖို႔၊ ကိုယ့္အျမင္အေပၚ သုံးသပ္နိုင္ဖို႔ အခြင့္အလမ္းေတြ ေပးပါတယ္။
၂) အေျခခံ အေတြး အုတ္ျမစ္ တည္ေဆာက္ေပးပါ။
ေတြးနိုင္ဖို႔ ခ်ိတ္ဆက္စဥ္းစားရမယ့္ ဗဟုသုတေတြ၊ အေတြ႕အၾကဳံေတြ လိုအပ္ပါတယ္။ ေလ့လာမႈ၊ အေတြ႕အၾကဳံေတြ မရွိရင္ ေတြးတတ္ေအာင္ သင္လို႔ ခက္ခဲပါတယ္။ ဒါေၾကာင့္ ေတြးတတ္ေအာင္ သင္ခ်င္တဲ့အခါ ကေလးေတြကို စာေတြဖတ္ဖို႔၊ ေလ့လာေရးခရီးေတြ ထြက္ဖို႔၊ ပညာရေစမယ့္ ေဖ်ာ္ေျဖေရးအစီအစဥ္ေတြလုပ္ၾကဖို႔၊ စတဲ့ အေတြ႕အၾကဳံနဲ႔ ပညာ ဗဟုသုတေပးမယ့္ အစီအစဥ္ေတြ လုပ္ေပးျခင္းျဖင့္ အေျခခံ အေတြး အုတ္ျမစ္ကို တည္ေဆာက္ေပးပါ။
၃) ဖန္တီးရင္း၊ အလုပ္လုပ္ရင္း ေတြးေစပါ။
အေျခခံ ဗဟုသုတနဲ႔ အေတြ႕အၾကဳံေတြ မရွိရင္ အစာအိမ္ကို အစာမရွိဘဲ အစာခ်က္ခိုင္းသလိုပါပဲ။ ဒါေၾကာင့္ ကေလးေတြေတြးဖို႔ အေထာက္အကူျပဳဖို႔ လုပ္ငန္းေတြေပးပါ။ ပတ္ဝန္းက်င္က လူမႈေရး၊ စီးပြါးေရး၊ ပညာေရး စတဲ့အေၾကာင္းအရာေတြ ဖတ္ခိုင္းပါ။ ၿပီးရင္း စာအသစ္ျဖစ္ေစ ပစၥည္းေတြျဖစ္ေစ ဖန္တီးခိုင္းပါ။ ေမးခြန္းေမးျခင္းကို အက်င့္မရွိေသးလို႔ ေၾကာက္တဲ့ ကေလးေတြအတြက္ ေလ့လာေရး၊ ဖန္တီးေရးလုပ္ငန္းေတြကေနတစ္ဆင့္ ေတြးတတ္ေအာင္ သင္ေပးပါ။
၄) အဖြဲ႕လိုက္အလုပ္လုပ္ခိုင္းပါ။
တစ္ဦးတည္းေတြးေစျခင္းဟာ အစပိုင္းမွာ ခက္ခဲနိုင္ပါတယ္။ ဒါေၾကာင့္ေမးခြန္းတစ္ခုကို အဖြဲ႕လိုက္ စဥ္းစားၿပီး ေျဖေစျခင္းဟာ ကေလးေတြအတြက္ စိတ္သက္သက္သာသာနဲ႔ ေတြးေတာျခင္းလုပ္ငန္းကို လုပ္ေစပါတယ္။ သူငယ္ခ်င္းေတြနဲ႔ စကားေျပာရ၊ ျငင္းရ၊ ခုံရဆိုေတာ့ ေၾကာက္စိတ္တို႔ ပ်င္းတာတို႔ ေလ်ာ့နည္းၿပီး ေတြးက်င့္ကို ျမန္ျမန္ ေလ့က်င့္ေပးနိုင္ပါတယ္။
၅) ျပႆနာေတြ ေျဖရွင္းခိုင္းပါ။
ကေလးေတြကို ရွိတဲ့ ျပႆနာေတြ ေျပာျပၿပီး ေျဖရွင္းနည္းေတြ ရွာခိုင္းပါ။ ေက်ာင္းမွာ၊ စာသင္ခန္းထဲမွာ၊ သူတို႔ အခ်င္းခ်င္းၾကားမွာ ရွိတဲ့ ျပႆနာေတြ၊ အခက္အခဲေတြကို အတူတူ ေဖၚထုတ္ၿပီး ေျဖရွင္းနိုင္ဖို႔ နည္းလမ္းေတြ ရွာ
ခိုင္းၿပီး လက္ေတြ႕အေကာင္အထည္ေဖၚခိုင္းျခင္းဟာ ေတြးေတာဖို႔ကို တိုက္တြန္းအားေပးရာေရာက္ပါတယ္။
အခ်ဳပ္မွာကၽြန္မမၽွေဝခ်င္တာကေတာ့ ကေလးေတြကို ေတြးေစပါ။ ေတြးဖို႔ သင္ေပးပါ။ ေတြးဖို႔သင္ေပးရာမွာ သုံးတဲ့နည္းေတြကေနတစ္ဆင့္ ကေလးေတြဟာ လက္ေတြ႕ဘဝမွာ ၾကဳံေတြ႕လာမယ့္ ျပႆနာေတြ အခက္အခဲေတြကို ေသခ်ာ စဥ္းစားၿပီး ေျဖရွင္းလာနိုင္မယ္၊ အသစ္အသစ္ေတြ ဖန္တီး တီထြင္ဖို႔ စဥ္းစားေတြးေခၚနိုင္လာမယ္၊ ပညာဗဟုသုတအသစ္ေတြကို အျမဲ ရွာေဖြၿပီး သုံးသပ္ မၽွေဝတတ္လာမယ္၊ ၿပီးရင္ ပတ္ဝန္းက်င္မွာ ရွိတဲ့သူေတြနဲ႔လည္း မၽွေဝဖလွယ္ရင္း ပူးေပါင္း လုပ္ေဆာင္နိုင္လာမယ္။ ဒါေၾကာင့္ ကၽြန္မက ေတြးတတ္ေအာင္ သင္ၾကားေပးျခင္းဟာ ဘတြက္တာကၽြမ္းက်င္စရာေတြထဲက တစ္ခုျဖစ္တယ္လို႔ ေျပာျခင္းျဖစ္ပါတယ္။ ကေလးေတြကို ေတြးဖို႔ သင္တဲ့အခါ လူႀကီးေတြက ေဝဖန္ပိုင္းျခား စဥ္းစားၿပီး ပမာျပဖို႔လည္းလိုပါတယ္။ ကေလးေတြ ေတြးနိုင္မွ သူတို႔ အနာဂါတ္လွနိုင္မယ္။ သူတို႔ဘဝလွမွ ကၽြန္မတို႔နိုင္ငံ တိုးတက္မယ္။ ဒါေၾကာင့္ နိုင္ငံတိုးတက္ခ်င္ရင္ ကေလးေတြကို ေတြးတတ္ေအာင္ သင္ေပးပါ။ ကေလးေတြကို ေတြးနိုင္ေအာင္ သင္ေပးရင္း ကၽြန္မတို႔ အားလုံးရဲ့ အနာဂါတ္ေတြကို အေကာင္းဆုံး ပုံေဖၚနိုင္ၾကရပါေစ။
ေမတၱာျဖင့္………
Sayarma-ဆရာမ