[ Unicode ]

အိမ်မှာ မိဘတွေနဲ့ ကလေးတွေ အတူတူနေတာကြာလာတော့ ကလေးတွေ ဆော့ကစားထားတဲ့ အရုပ်တွေသိမ်းရတဲ့ အခက်အခဲနဲ့ ဆော့ကစားချင်တဲ့ ကလေးတွေကို စာသင်ဖို့အတွက်ကြိုးစားတဲ့အခါ ကြုံရတဲ့ အခက်အခဲတွေကို အများကြီး သိမြင်ကြားရပါတယ်။ ကစားခြင်းလို့ ဆိုတဲ့အခါ ကိုယ်လက်လှုပ်ရှားကစားတာ၊ သင်ယူဖို့ အထောက်ကူပြုပစ္စည်းတွေ အသုံးပြုပြီး ကစားတာတွေကို အဓိက ဆိုလိုပါတယ်။ ကလေးတွေက ကစားရတာ သဘောကျပါတယ်၊ တီဗွီ၊ ဖုန်းစွဲနေတဲ့ ကလေးတွေတောင်မှ လှုပ်ရှားကစားရတာ သဘောကျပါတယ်။ ကလေးတွေ ကစားတာဟာ စိတ်ညစ်စရာမဟုတ်ပါဘူး။ အကြောင်းကတော့ ကလေးတွေ လှုပ်ရှားကစားတဲ့အခါ ကလေးတွေရဲ့ လူမှုရေး၊ စိတ်ခံစားချက်၊ နဲ့ ဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် အထောက်ပံ့ကောင်းတွေဖြစ်စေလို့ပါပဲ။ ကစားရင်းနဲ့ သင်ယူနိုင်ဖို့ သေချာပံ့ပိုးပေးနိုင်ရင် ကလးတွေရဲ့ ဘာသာစကား ဖွံ့ဖြိုးမှု၊ ဦးနှောက်ဖွံ့ဖြိုးမှု၊ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းတွေကို မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။ ကစားရင်းနဲ့ သင်ယူနိုင်ဖို့ အတွက် မေမေ၊ ဖေဖေတို့ အိမ်မှာနေတဲ့ကာလမှာ လုပ်ပေးနိုင်မယ့်အရာ၊ သတိထားရမယ့်အရာလေးတွေ မျှဝေပေးပါ့မယ်။

၁) ကလေးကစားနေစဉ်မှာ တီဗွီ၊ Tablet တွေ ကွန်ပြူတာတွေ အသံပိတ်ထားပေးပါ။ ဖြစ်နိုင်ရင် မဖွင့်ထားပါနဲ့။ နည်းပညာသုံးပစ္စည်းတွေက ကလေးတွေအတွက် အထောက်အကူပြုပါတယ်။ ဒါပေမယ့် တီဗွီ၊ ဖုန်းနဲ့Tabletတွေက ဖွင့်ထားတဲ့ အသံတွေက ကလေးတွေရဲ့ စိတ်ဝင်စားမှုနဲ့ အာရုံစိုက်နိုင်မှုကို အနှောင့်အယှက်ပေးနိုင်ပါတယ်။

၂) ကစားချိန် များများကို သေချာ ခွဲထားပေးပါ။ ကြုံရင် ကြုံသလို ပေးကစားတာထက် နိုးထချိန်ရဲ့ သုံးပုံ တစ်ပုံကို ဆော့ကစားနိုင်အောင် အချိန်သေချာသတ်မှတ်ပြီး ကစားစေနိုင်ပါတယ်။ ကစားစေတဲ့အခါ ကလေးဖာသာ ကစားခိုင်းတဲ့အချိန်နဲ့ မိဘနဲ့အတူတူ ကစားတဲ့အချိန်ကိုလည်း သေချာလေးထားပေးပါ။ အချိန်သတ်မှတ်ပြီး များများကစားရတဲ့အခါ ကလေးတွေရဲ့ ကိုယ်ကိုကိုယ် ထိန်းချုပ်နိုင်စွမ်း၊ အချိန်လေးစားမှုတွေကို တိုးတက်စေမှာဖြစ်သလို မိဘနဲ့လည်း ပိုပြီးရင်းနှီးလာနိုင်ပါတယ်။

၃) ကလေးဦးဆောင်သော ကစားခြင်း ဖြစ်ပါစေ။ ကစားတဲ့အခါ၊ ကစားနည်းရွေးချယ်တဲ့အခါ ကလေးတွေကို ဦးဆောင်ခိုင်းပါ။ ကလေးတွေက သူတို့ကိုယ်တိုင် ဖန်တီးတီထွင်ထားတဲ့ ကစားနည်းတွေလည်း ရှိတတ်ပါတယ်။ အဲဒီ့အခါ လှောင်ပြောင်တာမဟုတ်ဘဲ သူတို့နဲ့အတူတူ ၊ သူတို့ အတိုင်း လိုက်လုပ်ပါ။ ကလေးတွေဟာ တစ်နေ့မှာ ဦးဆောင်သူတွေဖြစ်လာမှာပါ။ ဖြစ်လာတဲ့အခါ ကိုယ်နဲ့အတူ အလုပ်လုပ်တဲ့သူတွေနဲ့ ဘယ်လိုပြောဆိုမလဲ၊ ဘယ်လိုဦးဆောင်မလဲဆိုတာတွေက ငယ်ရွယ်စဉ် ကစားတဲ့အချိန်မှာကတည်းက သင်ယူနိုင်ပါတယ်။

၄) မေးခွန်းမေးပါ၊ အပြန်အလှန်ဆွေးနွေးပါ။ သူတို့ ဦးဆောင်တဲ့ ကစားနည်းတွေမှာ မိဘတွေက လိုက်လုပ်ကြ၊ ပါဝင်ကြတဲ့အခါ မေးခွန်းတွေမေးကြဖို့လိုပါတယ်။ သူတို့ ရှင်းပြတာနားမလည်တဲ့အခါ အဓိပ္ပါယ်မေးတာ၊ ဘာကြောင့် အခုလိုကစားလိုဖို့တာမေးတာ၊ စတဲ့ မေးခွန်းတွေက ကလေးတွေရဲ့ အတွေးအမြင်တွေကို ပိုရှင်းလင်းစေပါတယ်။ သူတို့ပြောတဲ့စကား၊ သူတို့လုပ်နေတဲ့အလုပ်တွေအကြောင်း ပိုပြီး ပြောဆိုနိုင်ပြီး တင်ပြနိုင်လာကြပါလိမ့်မယ်။ မေးခွန်းမေးတဲ့အခါ ကလေးသုံးနှုန်းတဲ့ စကားလုံးတွေကို အဓိကထားပြီး သုံးနှုန်းဖို့လည်း လိုအပ်ပါတယ်။

၅) အိမ်သုံးပစ္စည်းတွေလည်း ထည့်သွင်းအသုံးပြုပါ။ အမြဲတမ်း ကစားစရာပစ္စည်းတွေ ဝယ်နေဖို့မလိုပါဘူး။ အိမ်က မီးဖိုချောင်မှာ အသုံးပြုနေပြီးသား ပစ္စည်းတွေဖြစ်တဲ့ ဂျုံမှုန့်လိုမျိုး၊ ဆန်စေ့လိုမျိုးအရာတွေနဲ့ ကစားစေနိုင်ပါတယ်။ အိမ်တွင်းသုံး အခြားပစ္စည်းတွေလည်း အသုံးပြုပြီး ကစားစေပါ။ ကစားတဲ့အခါတိုင်းမှာ အဲဒီ့ပစ္စည်းတွေအကြောင်း သင်ယူနိုင်ဖို့ ဆွေးနွေးမှုတွေ၊ ရှင်းပြမှုတွေကို ပြုလုပ်ပေးနိုင်ပါတယ်။

၆) အခြားကလေးတွေနဲ့ ဆော့ကစားဖို့၊ အပြင်ထွက်ပြီး ကစားဖို့ အချိန် လည်း စဉ်းစားပြင်ဆင်ထားပါ။ အခုအချိန်ကတော့ အပြင်ထွက်ပြီး ပြေးလွှားဆော့ကစားဖို့ အဆင်မပြေဖြစ်ပါတယ်။ အခြားကလေးတွေနဲ့လည်း ဆော့လို့မရတဲ့အခါဖြစ်လို့ အိမ်မှာနေတဲ့ ကလေးအချင်းချင်းကစားနိုင်အောင်၊ မိဘနဲ့အတူတူ ကစားနိုင်အောင် ဖန်တီးပေးဖို့က အရမ်းအရေးပါပါတယ်။ အခြားကလေးတွေနဲ့ ကစားတဲ့အခါမှာ လူမှုရေးအကြောင်း ငယ်စဉ်ကတည်းက သင်ယူနိုင်ပါတယ်။
အိမ်မှာနေစဉ် ကစားဖို့အတွက် ကလေးတွေက ဦးဆောင်တဲ့အပေါ် လူကြီးတွေက ကလေးတွေရဲ့ ရွေးချယ်တဲ့ ကစားပုံတွေကနေတစ်ဆင့် ဘာလေးတွေချိတ်ဆက်သင်ပေးရမယ်ဆိုတာ စဉ်းစားပေးဖို့ပါ။ ကျွန်မမိတ်ဆွေတစ်ချို့က ကလေးတွေရဲ့ ဦးဆောင်မှုနောက်ကိုလိုက်ပြီး ကူညီပေးတဲ့အပြင် စိတ်ဝင်စားစရာ အခြားလုပ်ငန်းလေးတွေလည်း ပြင်ဆင်ပေးကြတာတွေ့ရပါတယ်။

၁) ဝါသနာ စားပွဲ – အိမ်ရဲ့ တစ်နေရာမှာ စားပွဲဖြစ်ဖြစ်၊ နေရာတစ်ခုခုဖြစ်ဖြစ် သတ်မှတ်ထားပြီး ကလေးစိတ်ဝင်စားတဲ့ အရာတွေကို စုထားပေးတာပါ။ တစ်ပတ်တစ်ခါ ပြောင်းလဲမှုတွေလုပ်တယ်။ ကားတွေအကြောင်း ဝါသနာစားပွဲကို တင်မယ်ဆိုရင် ကားအရုပ်တွေ၊ ကားပုံဆွဲထားတဲ့ ပန်းချီတွေ၊ ကလေးကိုယ်တိုင်လုပ်ထားတဲ့ကားရုပ်တွေ၊ ကားမောင်းလို့ရမယ့် လမ်းတွေ စတာတွေကို ကလေးနဲ့အတူတူ ပြင်ပါတယ်။ တစ်ပတ်လုံး ကားနဲ့ ဆိုင်တဲ့ အရာလေးတွေကို နည်းနည်းချင်း ကလေးနဲ့ အတူတူ ဖြည့်ကြပါတယ်။ နောက်ဆုံးမှာ ကားနဲ့ ပတ်သတ်တာ တစ်ခုခု ရေးကြတာလုပ်ပါတယ်။ အပတ်စဉ် ခေါင်းစဉ်ပြောင်းပြီး ပြောင်းတဲ့ခေါင်းစဉ်အကြောင်းလေ့လာရင်း ကလေးတွေရဲ့ သင်ယူမှုကို ထောက်ပံ့ပေးနည်းတစ်ခုပါပဲ။

၂) အိမ်တွင်းပစ္စည်းများနဲ့ အိမ်ဆောက်ခြင်း၊ ဇာတ်လမ်းဖန်တီးခြင်း – ဒီကစားနည်းလေးကို ကျွန်မငယ်ငယ်က သဘောကျတာ မှတ်မိပါသေးတယ်။ ခုခေတ်ကလေးတွေတော်တော်များများလည်းကြိုက်ကြပါတယ်။ စောင်တွေ၊ခေါင်းအုံးတွေနဲ့ အိမ်တွေဆောက်တာမျိုး၊ ပြီးရင် အိုးပုတ်နဲ့လိုမျိုး အိမ်တွေဆောက်၊ ဆောက်ထားတဲ့အိမ်ကို ပြင်လိုက် ဆင်လိုက်၊ ဇာတ်လမ်းအမျိုးမျိုး ပုံဖေါ်ပြီး ပြောလိုက်နဲ့ ပြောစေတာက ကလေးတွေရဲ့ စိတ်ကူးစိတ်သန်းကို ပိုပြီး မြှင့်တင်နိုင်ဖို့ ပံ့ပိုးပေးရာရောက်ပါတယ်။ ပစ္စည်းတွေ သိမ်းတတ်ဖို့ ကစားချိန်မှာ အတူကစားပြီး၊ သိမ်းချိန်မှာ တူတူသိမ်းတဲ့ အကျင့်လေးဖြစ်အောင်လည်း သင်ပေးဖို့လိုပါတယ်။

ကျွန်မရဲ့ စင်္ကာပူက မိတ်ဆွေတစ်ယောက်ကတော့ ကစားစရာတွေ ဆော့ကစားပြီးတိုင်း ပစ္စည်းတွေကို အတူတူ ပြန်ရှင်း၊ ပြန်သိမ်းတဲ့အလုပ် တူတူ လုပ်ရင်းကနေ သင်ပေးပါတယ်။ ကစားပြီးတာနဲ့ ပစ္စည်းတွေသိမ်းကြမယ်ဆိုပြီး ကစားစရာ ပစ္စည်းတွေ ထားတဲ့ ပုံးတစ်ပုံးထဲ ထည့်ထားပါ။ ကလေးက နည်းနည်းသိတတ်လာတဲ့အခါ ဖွပြီးသား ကစားစရာတွေကို ပြန်မရှင်းရင် လုံးဝ မဝယ်ပေးတဲ့အကြောင်း သေချာပြောထားပြီးတော့ ပြောတဲ့အတိုင်း လုပ်ပါတယ်။ ကလေးတွေကငယ်ကတည်းက သိမ်းဆည်းတတ်တဲ့ အကျင့်ရှိတာရော၊ မိဘတွေက သန့်သန့်ရှင်းရှင်းနေထိုင်တာကို မျက်မြင်ကြုံတွေခဲ့ရတာရော၊ သေချာသင်ပြပေးထားတာရောကြောင့်မို့ကစားစရာတွေကို ပြန်ရှင်းတတ်ကြပါတယ်။

ကစားခြင်းဟာ ငယ်ရွယ်ချိန်ပဲ အများဆုံး လုပ်ခွင့်ရတာပါ။ အသက်အရွယ်ရလာတဲ့အခါ ကစားချင်လို့ ကစားဖို့ မလွယ်ပါဘူး။ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုအတွက်လည်း အထောက်အကူပြုတာဖြစ်တဲ့အတွက် ကလေးတွေ ကစားတဲ့အခါ စိတ်ညစ်တာ၊ အော်ငေါက်တာထက် ဝမ်းသာကြစေလိုပါတယ်။ ကလေးတွေ ကစားတဲ့အခါ သင်ယူခွင့်ရဖို့ ပံ့ပိုးပေးခြင်းအားဖြင့် ပျော်ရွှင်စွာ သင်ယူရင်း ကစားခွင့်ရသော ကလေးတွေ ဖြစ်နိုင်ကြပါစေ။

မေတ္တာဖြင့်….
Sayarma-ဆရာမ

Photo Retrieved from – https://www.mmtimes.com/sports/21011-the-encyclopedia-of-myanmar-games-volume-ii.html?fbclid=IwAR0U1_eVLRB3XxtuwlWipeBPAwsv072PnFrsFHG0JvFeiecVlOedxoe6NUM

[ Zawgyi ]

အိမ္မွာ မိဘေတြနဲ႔ ကေလးေတြ အတူတူေနတာၾကာလာေတာ့ ကေလးေတြ ေဆာ့ကစားထားတဲ့ အ႐ုပ္ေတြသိမ္းရတဲ့ အခက္အခဲနဲ႔ ေဆာ့ကစားခ်င္တဲ့ ကေလးေတြကို စာသင္ဖို႔အတြက္ႀကိဳးစားတဲ့အခါ ၾကဳံရတဲ့ အခက္အခဲေတြကို အမ်ားႀကီး သိျမင္ၾကားရပါတယ္။ ကစားျခင္းလို႔ ဆိုတဲ့အခါ ကိုယ္လက္လႈပ္ရွားကစားတာ၊ သင္ယူဖို႔ အေထာက္ကူျပဳပစၥည္းေတြ အသုံးျပဳၿပီး ကစားတာေတြကို အဓိက ဆိုလိုပါတယ္။ ကေလးေတြက ကစားရတာ သေဘာက်ပါတယ္၊ တီဗြီ၊ ဖုန္းစြဲေနတဲ့ ကေလးေတြေတာင္မွ လႈပ္ရွားကစားရတာ သေဘာက်ပါတယ္။ ကေလးေတြ ကစားတာဟာ စိတ္ညစ္စရာမဟုတ္ပါဘူး။ အေၾကာင္းကေတာ့ ကေလးေတြ လႈပ္ရွားကစားတဲ့အခါ ကေလးေတြရဲ့ လူမႈေရး၊ စိတ္ခံစားခ်က္၊ နဲ႔ ဉာဏ္ပညာ ဖြံ့ၿဖိဳးတိုးတက္မႈေတြအတြက္ အေထာက္ပံ့ေကာင္းေတြျဖစ္ေစလို႔ပါပဲ။ ကစားရင္းနဲ႔ သင္ယူနိုင္ဖို႔ ေသခ်ာပံ့ပိုးေပးနိုင္ရင္ ကလးေတြရဲ့ ဘာသာစကား ဖြံ့ၿဖိဳးမႈ၊ ဦးေႏွာက္ဖြံ့ၿဖိဳးမႈ၊ ကိုယ့္ကိုကိုယ္ထိန္းခ်ဳပ္နိုင္စြမ္း၊ ျပႆနာေျဖရွင္းနိုင္စြမ္းေတြကို ျမႇင့္တင္ေပးနိုင္မွာျဖစ္ပါတယ္။ ကစားရင္းနဲ႔ သင္ယူနိုင္ဖို႔ အတြက္ ေမေမ၊ ေဖေဖတို႔ အိမ္မွာေနတဲ့ကာလမွာ လုပ္ေပးနိုင္မယ့္အရာ၊ သတိထားရမယ့္အရာေလးေတြ မၽွေဝေပးပါ့မယ္။

၁) ကေလးကစားေနစဥ္မွာ တီဗြီ၊ Tablet ေတြ ကြန္ျပဴတာေတြ အသံပိတ္ထားေပးပါ။ ျဖစ္နိုင္ရင္ မဖြင့္ထားပါနဲ႔။ နည္းပညာသုံးပစၥည္းေတြက ကေလးေတြအတြက္ အေထာက္အကူျပဳပါတယ္။ ဒါေပမယ့္ တီဗြီ၊ ဖုန္းနဲ႔Tabletေတြက ဖြင့္ထားတဲ့ အသံေတြက ကေလးေတြရဲ့ စိတ္ဝင္စားမႈနဲ႔ အာ႐ုံစိုက္နိုင္မႈကို အေႏွာင့္အယွက္ေပးနိုင္ပါတယ္။

၂) ကစားခ်ိန္ မ်ားမ်ားကို ေသခ်ာ ခြဲထားေပးပါ။ ၾကဳံရင္ ၾကဳံသလို ေပးကစားတာထက္ နိုးထခ်ိန္ရဲ့ သုံးပုံ တစ္ပုံကို ေဆာ့ကစားနိုင္ေအာင္ အခ်ိန္ေသခ်ာသတ္မွတ္ၿပီး ကစားေစနိုင္ပါတယ္။ ကစားေစတဲ့အခါ ကေလးဖာသာ ကစားခိုင္းတဲ့အခ်ိန္နဲ႔ မိဘနဲ႔အတူတူ ကစားတဲ့အခ်ိန္ကိုလည္း ေသခ်ာေလးထားေပးပါ။ အခ်ိန္သတ္မွတ္ၿပီး မ်ားမ်ားကစားရတဲ့အခါ ကေလးေတြရဲ့ ကိုယ္ကိုကိုယ္ ထိန္းခ်ဳပ္နိုင္စြမ္း၊ အခ်ိန္ေလးစားမႈေတြကို တိုးတက္ေစမွာျဖစ္သလို မိဘနဲ႔လည္း ပိုၿပီးရင္းႏွီးလာနိုင္ပါတယ္။

၃) ကေလးဦးေဆာင္ေသာ ကစားျခင္း ျဖစ္ပါေစ။ ကစားတဲ့အခါ၊ ကစားနည္းေရြးခ်ယ္တဲ့အခါ ကေလးေတြကို ဦးေဆာင္ခိုင္းပါ။ ကေလးေတြက သူတို႔ကိုယ္တိုင္ ဖန္တီးတီထြင္ထားတဲ့ ကစားနည္းေတြလည္း ရွိတတ္ပါတယ္။ အဲဒီ့အခါ ေလွာင္ေျပာင္တာမဟုတ္ဘဲ သူတို႔နဲ႔အတူတူ ၊ သူတို႔ အတိုင္း လိုက္လုပ္ပါ။ ကေလးေတြဟာ တစ္ေန႔မွာ ဦးေဆာင္သူေတြျဖစ္လာမွာပါ။ ျဖစ္လာတဲ့အခါ ကိုယ္နဲ႔အတူ အလုပ္လုပ္တဲ့သူေတြနဲ႔ ဘယ္လိုေျပာဆိုမလဲ၊ ဘယ္လိုဦးေဆာင္မလဲဆိုတာေတြက ငယ္ရြယ္စဥ္ ကစားတဲ့အခ်ိန္မွာကတည္းက သင္ယူနိုင္ပါတယ္။

၄) ေမးခြန္းေမးပါ၊ အျပန္အလွန္ေဆြးေႏြးပါ။ သူတို႔ ဦးေဆာင္တဲ့ ကစားနည္းေတြမွာ မိဘေတြက လိုက္လုပ္ၾက၊ ပါဝင္ၾကတဲ့အခါ ေမးခြန္းေတြေမးၾကဖို႔လိုပါတယ္။ သူတို႔ ရွင္းျပတာနားမလည္တဲ့အခါ အဓိပၸါယ္ေမးတာ၊ ဘာေၾကာင့္ အခုလိုကစားလိုဖို႔တာေမးတာ၊ စတဲ့ ေမးခြန္းေတြက ကေလးေတြရဲ့ အေတြးအျမင္ေတြကို ပိုရွင္းလင္းေစပါတယ္။ သူတို႔ေျပာတဲ့စကား၊ သူတို႔လုပ္ေနတဲ့အလုပ္ေတြအေၾကာင္း ပိုၿပီး ေျပာဆိုနိုင္ၿပီး တင္ျပနိုင္လာၾကပါလိမ့္မယ္။ ေမးခြန္းေမးတဲ့အခါ ကေလးသုံးႏႈန္းတဲ့ စကားလုံးေတြကို အဓိကထားၿပီး သုံးႏႈန္းဖို႔လည္း လိုအပ္ပါတယ္။

၅) အိမ္သုံးပစၥည္းေတြလည္း ထည့္သြင္းအသုံးျပဳပါ။ အျမဲတမ္း ကစားစရာပစၥည္းေတြ ဝယ္ေနဖို႔မလိုပါဘူး။ အိမ္က မီးဖိုေခ်ာင္မွာ အသုံးျပဳေနၿပီးသား ပစၥည္းေတြျဖစ္တဲ့ ဂ်ဳံမႈန႔္လိုမ်ိဳး၊ ဆန္ေစ့လိုမ်ိဳးအရာေတြနဲ႔ ကစားေစနိုင္ပါတယ္။ အိမ္တြင္းသုံး အျခားပစၥည္းေတြလည္း အသုံးျပဳၿပီး ကစားေစပါ။ ကစားတဲ့အခါတိုင္းမွာ အဲဒီ့ပစၥည္းေတြအေၾကာင္း သင္ယူနိုင္ဖို႔ ေဆြးေႏြးမႈေတြ၊ ရွင္းျပမႈေတြကို ျပဳလုပ္ေပးနိုင္ပါတယ္။

၆) အျခားကေလးေတြနဲ႔ ေဆာ့ကစားဖို႔၊ အျပင္ထြက္ၿပီး ကစားဖို႔ အခ်ိန္ လည္း စဥ္းစားျပင္ဆင္ထားပါ။ အခုအခ်ိန္ကေတာ့ အျပင္ထြက္ၿပီး ေျပးလႊားေဆာ့ကစားဖို႔ အဆင္မေျပျဖစ္ပါတယ္။ အျခားကေလးေတြနဲ႔လည္း ေဆာ့လို႔မရတဲ့အခါျဖစ္လို႔ အိမ္မွာေနတဲ့ ကေလးအခ်င္းခ်င္းကစားနိုင္ေအာင္၊ မိဘနဲ႔အတူတူ ကစားနိုင္ေအာင္ ဖန္တီးေပးဖို႔က အရမ္းအေရးပါပါတယ္။ အျခားကေလးေတြနဲ႔ ကစားတဲ့အခါမွာ လူမႈေရးအေၾကာင္း ငယ္စဥ္ကတည္းက သင္ယူနိုင္ပါတယ္။
အိမ္မွာေနစဥ္ ကစားဖို႔အတြက္ ကေလးေတြက ဦးေဆာင္တဲ့အေပၚ လူႀကီးေတြက ကေလးေတြရဲ့ ေရြးခ်ယ္တဲ့ ကစားပုံေတြကေနတစ္ဆင့္ ဘာေလးေတြခ်ိတ္ဆက္သင္ေပးရမယ္ဆိုတာ စဥ္းစားေပးဖို႔ပါ။ ကၽြန္မမိတ္ေဆြတစ္ခ်ိဳ႕က ကေလးေတြရဲ့ ဦးေဆာင္မႈေနာက္ကိုလိုက္ၿပီး ကူညီေပးတဲ့အျပင္ စိတ္ဝင္စားစရာ အျခားလုပ္ငန္းေလးေတြလည္း ျပင္ဆင္ေပးၾကတာေတြ႕ရပါတယ္။

၁) ဝါသနာ စားပြဲ – အိမ္ရဲ့ တစ္ေနရာမွာ စားပြဲျဖစ္ျဖစ္၊ ေနရာတစ္ခုခုျဖစ္ျဖစ္ သတ္မွတ္ထားၿပီး ကေလးစိတ္ဝင္စားတဲ့ အရာေတြကို စုထားေပးတာပါ။ တစ္ပတ္တစ္ခါ ေျပာင္းလဲမႈေတြလုပ္တယ္။ ကားေတြအေၾကာင္း ဝါသနာစားပြဲကို တင္မယ္ဆိုရင္ ကားအ႐ုပ္ေတြ၊ ကားပုံဆြဲထားတဲ့ ပန္းခ်ီေတြ၊ ကေလးကိုယ္တိုင္လုပ္ထားတဲ့ကား႐ုပ္ေတြ၊ ကားေမာင္းလို႔ရမယ့္ လမ္းေတြ စတာေတြကို ကေလးနဲ႔အတူတူ ျပင္ပါတယ္။ တစ္ပတ္လုံး ကားနဲ႔ ဆိုင္တဲ့ အရာေလးေတြကို နည္းနည္းခ်င္း ကေလးနဲ႔ အတူတူ ျဖည့္ၾကပါတယ္။ ေနာက္ဆုံးမွာ ကားနဲ႔ ပတ္သတ္တာ တစ္ခုခု ေရးၾကတာလုပ္ပါတယ္။ အပတ္စဥ္ ေခါင္းစဥ္ေျပာင္းၿပီး ေျပာင္းတဲ့ေခါင္းစဥ္အေၾကာင္းေလ့လာရင္း ကေလးေတြရဲ့ သင္ယူမႈကို ေထာက္ပံ့ေပးနည္းတစ္ခုပါပဲ။

၂) အိမ္တြင္းပစၥည္းမ်ားနဲ႔ အိမ္ေဆာက္ျခင္း၊ ဇာတ္လမ္းဖန္တီးျခင္း – ဒီကစားနည္းေလးကို ကၽြန္မငယ္ငယ္က သေဘာက်တာ မွတ္မိပါေသးတယ္။ ခုေခတ္ကေလးေတြေတာ္ေတာ္မ်ားမ်ားလည္းႀကိဳက္ၾကပါတယ္။ ေစာင္ေတြ၊ေခါင္းအုံးေတြနဲ႔ အိမ္ေတြေဆာက္တာမ်ိဳး၊ ၿပီးရင္ အိုးပုတ္နဲ႔လိုမ်ိဳး အိမ္ေတြေဆာက္၊ ေဆာက္ထားတဲ့အိမ္ကို ျပင္လိုက္ ဆင္လိုက္၊ ဇာတ္လမ္းအမ်ိဳးမ်ိဳး ပုံေဖၚၿပီး ေျပာလိုက္နဲ႔ ေျပာေစတာက ကေလးေတြရဲ့ စိတ္ကူးစိတ္သန္းကို ပိုၿပီး ျမႇင့္တင္နိုင္ဖို႔ ပံ့ပိုးေပးရာေရာက္ပါတယ္။ ပစၥည္းေတြ သိမ္းတတ္ဖို႔ ကစားခ်ိန္မွာ အတူကစားၿပီး၊ သိမ္းခ်ိန္မွာ တူတူသိမ္းတဲ့ အက်င့္ေလးျဖစ္ေအာင္လည္း သင္ေပးဖို႔လိုပါတယ္။

ကၽြန္မရဲ့ စကၤာပူက မိတ္ေဆြတစ္ေယာက္ကေတာ့ ကစားစရာေတြ ေဆာ့ကစားၿပီးတိုင္း ပစၥည္းေတြကို အတူတူ ျပန္ရွင္း၊ ျပန္သိမ္းတဲ့အလုပ္ တူတူ လုပ္ရင္းကေန သင္ေပးပါတယ္။ ကစားၿပီးတာနဲ႔ ပစၥည္းေတြသိမ္းၾကမယ္ဆိုၿပီး ကစားစရာ ပစၥည္းေတြ ထားတဲ့ ပုံးတစ္ပုံးထဲ ထည့္ထားပါ။ ကေလးက နည္းနည္းသိတတ္လာတဲ့အခါ ဖြၿပီးသား ကစားစရာေတြကို ျပန္မရွင္းရင္ လုံးဝ မဝယ္ေပးတဲ့အေၾကာင္း ေသခ်ာေျပာထားၿပီးေတာ့ ေျပာတဲ့အတိုင္း လုပ္ပါတယ္။ ကေလးေတြကငယ္ကတည္းက သိမ္းဆည္းတတ္တဲ့ အက်င့္ရွိတာေရာ၊ မိဘေတြက သန႔္သန႔္ရွင္းရွင္းေနထိုင္တာကို မ်က္ျမင္ၾကဳံေတြခဲ့ရတာေရာ၊ ေသခ်ာသင္ျပေပးထားတာေရာေၾကာင့္မို႔ကစားစရာေတြကို ျပန္ရွင္းတတ္ၾကပါတယ္။

ကစားျခင္းဟာ ငယ္ရြယ္ခ်ိန္ပဲ အမ်ားဆုံး လုပ္ခြင့္ရတာပါ။ အသက္အရြယ္ရလာတဲ့အခါ ကစားခ်င္လို႔ ကစားဖို႔ မလြယ္ပါဘူး။ ကေလးေတြရဲ့ ဖြံ့ၿဖိဳးမႈအတြက္လည္း အေထာက္အကူျပဳတာျဖစ္တဲ့အတြက္ ကေလးေတြ ကစားတဲ့အခါ စိတ္ညစ္တာ၊ ေအာ္ေငါက္တာထက္ ဝမ္းသာၾကေစလိုပါတယ္။ ကေလးေတြ ကစားတဲ့အခါ သင္ယူခြင့္ရဖို႔ ပံ့ပိုးေပးျခင္းအားျဖင့္ ေပ်ာ္ရႊင္စြာ သင္ယူရင္း ကစားခြင့္ရေသာ ကေလးေတြ ျဖစ္နိုင္ၾကပါေစ။

ေမတၱာျဖင့္….
Sayarma-ဆရာမ

Photo Retrieved from – https://www.mmtimes.com/sports/21011-the-encyclopedia-of-myanmar-games-volume-ii.html?fbclid=IwAR0U1_eVLRB3XxtuwlWipeBPAwsv072PnFrsFHG0JvFeiecVlOedxoe6NUM