[ Unicode ]
ဒေါက်တာသန်းထွန်းရဲ့ သမိုင်းကို သင်တာ မအအောင်လို့ ဆိုတဲ့ စကားက လူအများကြားမှာ အသိများပါတယ်။ ကျွန်မက သမိုင်းဆရာမ မဟုတ်ပါဘူး ဒါပေမယ့် အရေးကြီးတဲ့ သမိုင်းဘာသာရပ်ဆိုတာ အတိတ်ဖြစ်ရပ်တွေကို ရှုထောင့်စုံကနေ လေ့လာ၊ သင်ယူစရာတွေ ထုတ်ယူ၊ ပစ္စုပ္ပါန်မှာ ပြင်ဆင်စရာပြင်၊ လုပ်သင့်တာတွေလုပ်ပြီး အနာဂါတ်ကာလ အတွက် အကောင်းဆုံးဖြစ်အောင် နေထိုင်ကြဖို့ ရည်ရွယ်တယ်လို့ ကျွန်မ ထင်မြင်မိပါတယ်။
သမိုင်းဘာသာရပ်ရဲ့ ရည်ရွယ်ချက်ကကောင်းပေမယ့် သင်ကြားရာမှာ အသုံးပြုနေတဲ့စာပေ အရည်အသွေး၊ စာပေ ဘက်မျှမှုနဲ့ သင်ကြားမှု ပုံစံပေါ်မူတည်ပြီး ထိရောက်မှု ကွာခြားနိုင်တယ်လို့ ကျွန်မမြင်မိပါတယ်။ သင်ကြားပေးတဲ့ ဆရာ၊မတွေကိုယ်တိုင် သမိုင်းဘာသာရပ်ရဲ့ တန်ဖိုးကို နားလည်ဖို့ လိုအပ်ပါတယ်။ နားလည်တန်ဖိုးထားတတ်မှ ကလေးတွေလည်း မှန်ကန်စွာ နားလည်တန်ဖိုးထားနိုင်ဖို့ သင်ပေးနိုင်မှာဖြစ်ပါတယ်။
ကျွန်မ အနေနဲ့တော့ သမိုင်းဆိုတာ မျက်မမြင် (၆)ယောက်က ဆင် တစ်ကောင်ကို စမ်းကြည့်ပြီး ဘာလဲ ခန့်မှန်းရတဲ့ ပုံပြင်လေးထဲကလို – တစ်နေရာထဲမှာပဲ ကွက်စမ်းရင် မှန်ကန်တဲ့ ရုပ်ပုံထွက်မှာမဟုတ်သလို ဘက်စုံထောင့်စုံက လေ့လာပြီး အားလုံးခြုံငုံမိမှ မှန်ကန်တဲ့ ဖြစ်ရပ်တွေကို ကလေးတွေ အနေနဲ့ ဘက်မျှစွာ မြင်နိုင်မယ်လို့ ထင်ပါတယ်။ အဲဒီ့အတွက် ကျွန်မတို့ ဆရာ၊မတွေက ဖတ်စာ စာအုပ်ထဲမှာ ပါတဲ့ အကြောင်းအရာတွေကို ကျက်မှတ်ခိုင်းရုံ၊ ရှင်းပြရုံနဲ့ မလုံလောက်ပါဘူး။ ဖတ်စာ ပြင်ပက အကြောင်းအရာတွေ၊ မတူညီတဲ့ အမြင်တွေကိုလည်း သင်ယူနိုင်အောင် ဖန်တီးဖို့လိုပါတယ်။ အဲဒီ့အပြင် မတူညီတဲ့ သမိုင်းကြောင်း ဇာတ်လမ်းတွေအပေါ် သုံးသပ်ခိုင်းတာ၊ ချိန်ထိုးနှိုင်းယှဉ်ခိုင်းတာ၊ ထင်မြင်ချက် ပြောခိုင်းတာတွေလည်း လုပ်ဖို့လိုပါတယ်။ ကျွန်မအနေနဲ့ ဆရာ၊မတွေ မိဘတွေ သမိုင်းကို ထိရောက်အောင် သင်နိုင်မယ်ထင်တဲ့ သင်ကြားနည်းပုံစံ (၂)ခုကို မျှဝေချင်ပါတယ်။
၁) သမိုင်း သုတေသန
ဆရာကြီး ဒေါက်တာသိန်းထွန်းရဲ့ မြန်မာနိုင်ငံ သမိုင်း သုတေသန ဆိုတဲ့ စာတမ်းမှာ ဆရာကြီးက ” သုတေသနဆိုတာ – အသစ်ရှာတာမဟုတ်ဘူး။ ရှိပြီးသား တိမ်ကောပျောက်ကွယ်နေတာ၊ အဓိပ္ပါယ်မပြည့်စုံတာကို ပြည့်စုံအောင် လုပ်တာ၊ မသိသေးတာကို သိအောင်လုပ်တာ၊ ရှာဖွေ ဆန်းစစ်တာပါပဲ” ဆိုပြီးရေးထားပါတယ်။ ဆရာကြီးပြောတဲ့ အဓိပ္ပါယ်မပြည့်စုံတာတွေကို ပြည့်စုံအောင် ထောင့်ပေါင်းစုံကနေ လေ့လာသင်ယူနိုင်ဖို့ ကျွန်မတို့ သမိုင်းသင်တဲ့အခါ သုတေသနနည်းတွေကို အသုံးပြုနိုင်ပါတယ်။ ဥပမာ – လူမျိုးစုတွေ အကြောင်းပါတဲ့ သမိုင်းစာပေတစ်ခုကို ဖတ်စာ စာအုပ်မှာ သင်ရပြီ ဆိုပါစို့။ ကျွန်မတို့ အနေနဲ့ သမိုင်း ဖတ်စာ စာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတွေကိုလည်း သေချာ လေ့လာမယ်။ ပြီးတော့ အဲဒီ့လူမျိုးစုတွေကိုယ်စားပြုပြီး ရေးထားတဲ့ အခြား သမိုင်းစာပေတွေကိုလည်း လေ့လာဖတ်ရှုဖို့ ကူညီရမှာဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ ဖတ်စာပါ အကြောင်းအရာတွေနဲ့ အခြားစာပေပါ အကြောင်းအရာတွေက ထပ်တူကျနိုင်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ မတူညီ ကွဲလွဲမှုတွေ ရှိနေနိုင်ပါတယ်။ အဲဒီ့ကွဲလွဲမှုတွေကို နားလည်နိုင်ဖို့၊ ဘာကြောင့် ကွဲလွဲရသလဲဆိုတာကို သိရှိ စဉ်းစားနိုင်ဖို့ ကျွန်မတို့ ဆရာ၊မတွေက ပံ့ပိုးပေးဖို့လိုပါတယ်။ လူသိများတဲ့ သမိုင်းဆိုင်ရာ သဘောထားကွဲလွဲမှုဆိုရင် – ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံရဲ့ သမိုင်းစာအုပ်တွေမှာတွေ့နိုင်မှာပါ။ ထိုင်းတွေ တင်ပြပုံနဲ့ ကျွန်မတို့ ငယ်ငယ်က သင်ယူခဲ့ရပုံက လုံးဝ မတူညီပါဘူး။ သမိုင်းသင်တဲ့အခါ မတူညီတဲ့ ရှုထောင့်တွေကနေ လေ့လာရင်း၊ အမှန်တရားအပြင် ကိုယ်ချင်းစာတရား နဲ့ မေတ္တာတရားကိုပါ သင်ရတယ်ဆိုတာ ကျွန်မ မှတ်သားဖူးပါတယ်။
၂) သမိုင်းတံတား
သမိုင်းတံတားဆိုတာ ကျွန်မ ဖာသာ နာမည်ပေးထားတာပါ။ သမိုင်းဘာသာဆိုတာ အတိတ်၊ ပစ္စုပ္ပါန်နဲ့ အနာဂါတ်ကို တံတားထိုးဖို့အတွက် ပေါ်ထွန်းလာတယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် အတိတ်ကာလက သမိုင်းဖြစ်ရပ်တွေအပေါ် ပြန်လည်သုံးသပ်၊ လက်တွေ့မှာ လုပ်နိုင်မှာကို စဉ်းစား၊ အနာဂါတ်မှာပိုကောင်းအောင် ပြင်ဆင်ဖို့ လုပ်ဆောင်တဲ့လုပ်ငန်းလေး ကျွန်မကတော့ သမိုင်းတံတား သင်ကြားနည်းလို့ ခေါ်ဆိုပါ့မယ်။ အပေါ်မှာ သုံးခဲ့တဲ့ သုတေသနနည်းလမ်းကို အသုံးပြုပြီး သမိုင်းဖြစ်ရပ်မှာ ပါဝင်ခဲ့တဲ့ ပါဝင်သူတွေ၊ နေရာတွေ၊ အချက်အလက်တွေအကြောင်းကို မတူညီတဲ့ ရှုထောင့်တွေကနေ ကြည့်၊ ကွာဟနေတာတွေ ချိန်ထိုးကြည့်၊ အဓိပ္ပါယ်မပြည့်စုံတာတွေကို ရှာဖွေ လေ့လာကြည့်ပါ။ ပြီးတဲ့အခါ အရေးကြီးဆုံးက ဒီသုတေသနအချက်အလက်တွေကနေ ကိုယ်တိုင် ဘာသင်ယူရရှိမလဲဆိုတာကို စဉ်းစားဖို့ပါ။ ကောင်းတဲ့သမိုင်းကနေ ပိုကောင်းတဲ့ အနာဂါတ်ဖြစ်လာဖို့၊ လွဲမှားတဲ့ သမိုင်းကနေ မှန်ကန်တဲ့ ပစ္စုပ္ပါန်ဖြစ်လာဖို့ တို့တွေအနေနဲ့ ဘာတွေ လုပ်နိုင်မလဲ၊ ဘာတွေ သတိထားရမလဲ၊ ဘယ်လို အလေ့အကျင့်တွေ၊ ဘယ်လို စည်းမျဉ်းတွေချမှတ်ရမလဲ စတဲ့ မေးခွန်းတွေကို စဉ်းစားရပါမယ်။ ပြီးရင် တစ်ဦးချင်းစီ၊ အဖွဲ့လိုက်၊ တစ်တန်းချင်းစီ၊ ကျောင်းအလိုက် – အဆင့်အလိုက် ကိုယ်လုပ်နိုင်မယ့်လုပ်ငန်းလေးတွေကို အကောင်အထည်ဖေါ်တဲ့ လုပ်ငန်းဖြစ်ပါတယ်။
သမိုင်းဘာသာရပ်ကို သင်ကြတဲ့အခါ ကျွန်မအနေနဲ့လေ့လာမိသလောက် ကျောင်းသား၊သူတွေရဲ့ စိတ်ဝင်စားမှု တော်တော်နည်းပါတယ်။ သမိုင်းဆိုရင် ခုနှစ်သက္ကရာဇ်တွေကို အဓိက မှတ်ပြီး ဘယ်သူဘာလုပ်ခဲ့တယ်၊ သူရဲကောင်းက ဘယ်သူဆိုတာကိုပဲ အဓိက သင်ယူခဲ့ရတာပါ။ သမိုင်းဘာသာရပ်ဟာ သူရဲကောင်းဘာသာရပ်မဟုတ်ဘူးလို့ ထင်မြင်မိပါတယ်။ အတိတ်မှာ ရှိခဲ့တဲ့ သူရဲကောင်းတွေအကြောင်းဟာ သမိုင်းဘာသာရပ်ရဲ့ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါတယ်။ လွန်ခဲ့သော အတိတ်ကာလက ဖြစ်ရပ်တွေ၊ လူတွေ၊ အခြေအနေတွေအားလုံးကို ဘက်စုံထောင့်စုံကနေ သေချာ လေ့လာမှ၊ သေချာ နားလည်မှ၊ သေချာ သုတေသနလုပ်မှ၊ သေချာ သုံးသပ်မှ၊ လက်ရှိ ဘဝမှာ ပိုကောင်းတာတွေ လုပ်နိုင်ပြီး ပိုလှတဲ့၊ ပိုမျှတတဲ့၊ ပိုမှန်ကန်တဲ့ အနာဂါတ်ကို ပိုင်ဆိုင်နိုင်မယ်လို့ ကျွန်မ ထင်မြင်မိပါတယ်။ ထပ်ပြောပါရစေ၊ ကျွန်မက သမိုင်းဆရာမ မဟုတ်ပါဘူး၊ ဒါပေမယ့် သမိုင်းကို တန်ဖိုးထားပြီး မပြည့်စုံတဲ့ အဓိပ္ပါယ်တွေကို သေချာ နားလည်စေချင်တဲ့ ပညာရေးလုပ်သားတစ်ဦးပါ။ ကလေးတွေကို အနာဂါတ်ခေါင်းဆောင်ကောင်းတွေဖြစ်နိုင်ဖို့ သမိုင်းအကြောင်းကို ထိရောက်စွာ သင်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်…
Sayarma-ဆရာမ
[ Zawgyi ]
ေဒါက္တာသန္းထြန္းရဲ့ သမိုင္းကို သင္တာ မအေအာင္လို႔ ဆိုတဲ့ စကားက လူအမ်ားၾကားမွာ အသိမ်ားပါတယ္။ ကၽြန္မက သမိုင္းဆရာမ မဟုတ္ပါဘူး ဒါေပမယ့္ အေရးႀကီးတဲ့ သမိုင္းဘာသာရပ္ဆိုတာ အတိတ္ျဖစ္ရပ္ေတြကို ရႈေထာင့္စုံကေန ေလ့လာ၊ သင္ယူစရာေတြ ထုတ္ယူ၊ ပစၥဳပၸါန္မွာ ျပင္ဆင္စရာျပင္၊ လုပ္သင့္တာေတြလုပ္ၿပီး အနာဂါတ္ကာလ အတြက္ အေကာင္းဆုံးျဖစ္ေအာင္ ေနထိုင္ၾကဖို႔ ရည္ရြယ္တယ္လို႔ ကၽြန္မ ထင္ျမင္မိပါတယ္။
သမိုင္းဘာသာရပ္ရဲ့ ရည္ရြယ္ခ်က္ကေကာင္းေပမယ့္ သင္ၾကားရာမွာ အသုံးျပဳေနတဲ့စာေပ အရည္အေသြး၊ စာေပ ဘက္မၽွမႈနဲ႔ သင္ၾကားမႈ ပုံစံေပၚမူတည္ၿပီး ထိေရာက္မႈ ကြာျခားနိုင္တယ္လို႔ ကၽြန္မျမင္မိပါတယ္။ သင္ၾကားေပးတဲ့ ဆရာ၊မေတြကိုယ္တိုင္ သမိုင္းဘာသာရပ္ရဲ့ တန္ဖိုးကို နားလည္ဖို႔ လိုအပ္ပါတယ္။ နားလည္တန္ဖိုးထားတတ္မွ ကေလးေတြလည္း မွန္ကန္စြာ နားလည္တန္ဖိုးထားနိုင္ဖို႔ သင္ေပးနိုင္မွာျဖစ္ပါတယ္။
ကၽြန္မ အေနနဲ႔ေတာ့ သမိုင္းဆိုတာ မ်က္မျမင္ (၆)ေယာက္က ဆင္ တစ္ေကာင္ကို စမ္းၾကည့္ၿပီး ဘာလဲ ခန႔္မွန္းရတဲ့ ပုံျပင္ေလးထဲကလို – တစ္ေနရာထဲမွာပဲ ကြက္စမ္းရင္ မွန္ကန္တဲ့ ႐ုပ္ပုံထြက္မွာမဟုတ္သလို ဘက္စုံေထာင့္စုံက ေလ့လာၿပီး အားလုံးျခဳံငုံမိမွ မွန္ကန္တဲ့ ျဖစ္ရပ္ေတြကို ကေလးေတြ အေနနဲ႔ ဘက္မၽွစြာ ျမင္နိုင္မယ္လို႔ ထင္ပါတယ္။ အဲဒီ့အတြက္ ကၽြန္မတို႔ ဆရာ၊မေတြက ဖတ္စာ စာအုပ္ထဲမွာ ပါတဲ့ အေၾကာင္းအရာေတြကို က်က္မွတ္ခိုင္း႐ုံ၊ ရွင္းျပ႐ုံနဲ႔ မလုံေလာက္ပါဘူး။ ဖတ္စာ ျပင္ပက အေၾကာင္းအရာေတြ၊ မတူညီတဲ့ အျမင္ေတြကိုလည္း သင္ယူနိုင္ေအာင္ ဖန္တီးဖို႔လိုပါတယ္။ အဲဒီ့အျပင္ မတူညီတဲ့ သမိုင္းေၾကာင္း ဇာတ္လမ္းေတြအေပၚ သုံးသပ္ခိုင္းတာ၊ ခ်ိန္ထိုးႏွိုင္းယွဥ္ခိုင္းတာ၊ ထင္ျမင္ခ်က္ ေျပာခိုင္းတာေတြလည္း လုပ္ဖို႔လိုပါတယ္။ ကၽြန္မအေနနဲ႔ ဆရာ၊မေတြ မိဘေတြ သမိုင္းကို ထိေရာက္ေအာင္ သင္နိုင္မယ္ထင္တဲ့ သင္ၾကားနည္းပုံစံ (၂)ခုကို မၽွေဝခ်င္ပါတယ္။
၁) သမိုင္း သုေတသန
ဆရာႀကီး ေဒါက္တာသိန္းထြန္းရဲ့ ျမန္မာနိုင္ငံ သမိုင္း သုေတသန ဆိုတဲ့ စာတမ္းမွာ ဆရာႀကီးက ” သုေတသနဆိုတာ – အသစ္ရွာတာမဟုတ္ဘူး။ ရွိၿပီးသား တိမ္ေကာေပ်ာက္ကြယ္ေနတာ၊ အဓိပၸါယ္မျပည့္စုံတာကို ျပည့္စုံေအာင္ လုပ္တာ၊ မသိေသးတာကို သိေအာင္လုပ္တာ၊ ရွာေဖြ ဆန္းစစ္တာပါပဲ” ဆိုၿပီးေရးထားပါတယ္။ ဆရာႀကီးေျပာတဲ့ အဓိပၸါယ္မျပည့္စုံတာေတြကို ျပည့္စုံေအာင္ ေထာင့္ေပါင္းစုံကေန ေလ့လာသင္ယူနိုင္ဖို႔ ကၽြန္မတို႔ သမိုင္းသင္တဲ့အခါ သုေတသနနည္းေတြကို အသုံးျပဳနိုင္ပါတယ္။ ဥပမာ – လူမ်ိဳးစုေတြ အေၾကာင္းပါတဲ့ သမိုင္းစာေပတစ္ခုကို ဖတ္စာ စာအုပ္မွာ သင္ရၿပီ ဆိုပါစို႔။ ကၽြန္မတို႔ အေနနဲ႔ သမိုင္း ဖတ္စာ စာအုပ္ထဲမွာပါတဲ့ အေၾကာင္းအရာေတြကိုလည္း ေသခ်ာ ေလ့လာမယ္။ ၿပီးေတာ့ အဲဒီ့လူမ်ိဳးစုေတြကိုယ္စားျပဳၿပီး ေရးထားတဲ့ အျခား သမိုင္းစာေပေတြကိုလည္း ေလ့လာဖတ္ရႈဖို႔ ကူညီရမွာျဖစ္ပါတယ္။ တစ္ခါတစ္ေလမွာ ဖတ္စာပါ အေၾကာင္းအရာေတြနဲ႔ အျခားစာေပပါ အေၾကာင္းအရာေတြက ထပ္တူက်နိုင္ပါတယ္။ ဒါေပမယ့္ တစ္ခါတစ္ေလမွာ မတူညီ ကြဲလြဲမႈေတြ ရွိေနနိုင္ပါတယ္။ အဲဒီ့ကြဲလြဲမႈေတြကို နားလည္နိုင္ဖို႔၊ ဘာေၾကာင့္ ကြဲလြဲရသလဲဆိုတာကို သိရွိ စဥ္းစားနိုင္ဖို႔ ကၽြန္မတို႔ ဆရာ၊မေတြက ပံ့ပိုးေပးဖို႔လိုပါတယ္။ လူသိမ်ားတဲ့ သမိုင္းဆိုင္ရာ သေဘာထားကြဲလြဲမႈဆိုရင္ – ထိုင္းနိုင္ငံနဲ႔ျမန္မာနိုင္ငံရဲ့ သမိုင္းစာအုပ္ေတြမွာေတြ႕နိုင္မွာပါ။ ထိုင္းေတြ တင္ျပပုံနဲ႔ ကၽြန္မတို႔ ငယ္ငယ္က သင္ယူခဲ့ရပုံက လုံးဝ မတူညီပါဘူး။ သမိုင္းသင္တဲ့အခါ မတူညီတဲ့ ရႈေထာင့္ေတြကေန ေလ့လာရင္း၊ အမွန္တရားအျပင္ ကိုယ္ခ်င္းစာတရား နဲ႔ ေမတၱာတရားကိုပါ သင္ရတယ္ဆိုတာ ကၽြန္မ မွတ္သားဖူးပါတယ္။
၂) သမိုင္းတံတား
သမိုင္းတံတားဆိုတာ ကၽြန္မ ဖာသာ နာမည္ေပးထားတာပါ။ သမိုင္းဘာသာဆိုတာ အတိတ္၊ ပစၥဳပၸါန္နဲ႔ အနာဂါတ္ကို တံတားထိုးဖို႔အတြက္ ေပၚထြန္းလာတယ္လို႔ ယုံၾကည္ပါတယ္။ ဒါေၾကာင့္ အတိတ္ကာလက သမိုင္းျဖစ္ရပ္ေတြအေပၚ ျပန္လည္သုံးသပ္၊ လက္ေတြ႕မွာ လုပ္နိုင္မွာကို စဥ္းစား၊ အနာဂါတ္မွာပိုေကာင္းေအာင္ ျပင္ဆင္ဖို႔ လုပ္ေဆာင္တဲ့လုပ္ငန္းေလး ကၽြန္မကေတာ့ သမိုင္းတံတား သင္ၾကားနည္းလို႔ ေခၚဆိုပါ့မယ္။ အေပၚမွာ သုံးခဲ့တဲ့ သုေတသနနည္းလမ္းကို အသုံးျပဳၿပီး သမိုင္းျဖစ္ရပ္မွာ ပါဝင္ခဲ့တဲ့ ပါဝင္သူေတြ၊ ေနရာေတြ၊ အခ်က္အလက္ေတြအေၾကာင္းကို မတူညီတဲ့ ရႈေထာင့္ေတြကေန ၾကည့္၊ ကြာဟေနတာေတြ ခ်ိန္ထိုးၾကည့္၊ အဓိပၸါယ္မျပည့္စုံတာေတြကို ရွာေဖြ ေလ့လာၾကည့္ပါ။ ၿပီးတဲ့အခါ အေရးႀကီးဆုံးက ဒီသုေတသနအခ်က္အလက္ေတြကေန ကိုယ္တိုင္ ဘာသင္ယူရရွိမလဲဆိုတာကို စဥ္းစားဖို႔ပါ။ ေကာင္းတဲ့သမိုင္းကေန ပိုေကာင္းတဲ့ အနာဂါတ္ျဖစ္လာဖို႔၊ လြဲမွားတဲ့ သမိုင္းကေန မွန္ကန္တဲ့ ပစၥဳပၸါန္ျဖစ္လာဖို႔ တို႔ေတြအေနနဲ႔ ဘာေတြ လုပ္နိုင္မလဲ၊ ဘာေတြ သတိထားရမလဲ၊ ဘယ္လို အေလ့အက်င့္ေတြ၊ ဘယ္လို စည္းမ်ဥ္းေတြခ်မွတ္ရမလဲ စတဲ့ ေမးခြန္းေတြကို စဥ္းစားရပါမယ္။ ၿပီးရင္ တစ္ဦးခ်င္းစီ၊ အဖြဲ႕လိုက္၊ တစ္တန္းခ်င္းစီ၊ ေက်ာင္းအလိုက္ – အဆင့္အလိုက္ ကိုယ္လုပ္နိုင္မယ့္လုပ္ငန္းေလးေတြကို အေကာင္အထည္ေဖၚတဲ့ လုပ္ငန္းျဖစ္ပါတယ္။
သမိုင္းဘာသာရပ္ကို သင္ၾကတဲ့အခါ ကၽြန္မအေနနဲ႔ေလ့လာမိသေလာက္ ေက်ာင္းသား၊သူေတြရဲ့ စိတ္ဝင္စားမႈ ေတာ္ေတာ္နည္းပါတယ္။ သမိုင္းဆိုရင္ ခုႏွစ္သကၠရာဇ္ေတြကို အဓိက မွတ္ၿပီး ဘယ္သူဘာလုပ္ခဲ့တယ္၊ သူရဲေကာင္းက ဘယ္သူဆိုတာကိုပဲ အဓိက သင္ယူခဲ့ရတာပါ။ သမိုင္းဘာသာရပ္ဟာ သူရဲေကာင္းဘာသာရပ္မဟုတ္ဘူးလို႔ ထင္ျမင္မိပါတယ္။ အတိတ္မွာ ရွိခဲ့တဲ့ သူရဲေကာင္းေတြအေၾကာင္းဟာ သမိုင္းဘာသာရပ္ရဲ့ အစိတ္အပိုင္းတစ္ခုသာ ျဖစ္ပါတယ္။ လြန္ခဲ့ေသာ အတိတ္ကာလက ျဖစ္ရပ္ေတြ၊ လူေတြ၊ အေျခအေနေတြအားလုံးကို ဘက္စုံေထာင့္စုံကေန ေသခ်ာ ေလ့လာမွ၊ ေသခ်ာ နားလည္မွ၊ ေသခ်ာ သုေတသနလုပ္မွ၊ ေသခ်ာ သုံးသပ္မွ၊ လက္ရွိ ဘဝမွာ ပိုေကာင္းတာေတြ လုပ္နိုင္ၿပီး ပိုလွတဲ့၊ ပိုမၽွတတဲ့၊ ပိုမွန္ကန္တဲ့ အနာဂါတ္ကို ပိုင္ဆိုင္နိုင္မယ္လို႔ ကၽြန္မ ထင္ျမင္မိပါတယ္။ ထပ္ေျပာပါရေစ၊ ကၽြန္မက သမိုင္းဆရာမ မဟုတ္ပါဘူး၊ ဒါေပမယ့္ သမိုင္းကို တန္ဖိုးထားၿပီး မျပည့္စုံတဲ့ အဓိပၸါယ္ေတြကို ေသခ်ာ နားလည္ေစခ်င္တဲ့ ပညာေရးလုပ္သားတစ္ဦးပါ။ ကေလးေတြကို အနာဂါတ္ေခါင္းေဆာင္ေကာင္းေတြျဖစ္နိုင္ဖို႔ သမိုင္းအေၾကာင္းကို ထိေရာက္စြာ သင္ေပးနိုင္ၾကပါေစ။
ေမတၱာျဖင့္…
Sayarma-ဆရာမ