[Unicode]
ကျွန်မတို့ လူသားတွေက အလွန် တန်ဖိုးထား အသိမှတ်ပြုမှုကို လိုလားကြပါတယ်။ သို့ပေမယ့် တစ်ဦးနဲ့ တစ်ဦး မတူညီကြတဲ့အခါ နားလည်မှုတွေလွဲပြီး တန်ဖိုးထားခြင်းမခံရသလိုတွေလည်း ခံစားရလေ့ရှိပါတယ်။ လွန်ခဲ့တဲ့ စနေ (၂) ပတ်မှာ ကျွန်မ အချင်းချင်း အပြန်အလှန် အသိမှတ်ပြုဖို့ လိုအပ်ရခြင်းအကြောင်းနဲ့ ကလေးတွေရဲ့ ဂုဏ်သိက္ခာ အကြောင်းတွေကို ရေးသားခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ – ကိုယ်မဟုတ်သော အခြားသူတွေရဲ့ အရည်အချင်းတွေ၊ ကူညီလုပ်ဆောင်မှုတွေကို အသိမှတ်ပြုတဲ့အခါ အသုံးပြုနိုင်တဲ့ နည်းလမ်း (၅)သွယ်ကို မျှဝေပေးချင်ပါတယ်။ အချက်အလက်တွေကို Gary Chapman နဲ့ Paul White ရေးသားထားတဲ့ The 5 Languages of Appreciation in the Workplace ဆိုတဲ့ စာအုပ်ကနေ ထုတ်နှုတ်ထားပါတယ်။
၁) စကားလုံးများဖြင့်
——————
စကားနဲ့ အသိမှတ်ပြုတဲ့အခါ အကြောင်းအရာ အမျိုးမျိုးနဲ့ ဆက်စပ်ပြီး အသိမှတ်ပြုနိိုင်ပါတယ်။ တစ်ဦးတစ်ယောက်ရဲ့ လုပ်ရပ်ကိုဖြစ်စေ၊ ကျွမ်းကျင်မှုကိုဖြစ်စေ အသိမှတ်ပြုချင်ရင် သူတို့ရဲ့ ကောင်းကွက်တွေ၊ အားသာချက်တွေ၊ ကိုယ်သဘောကျတဲ့ အကျင့်စရိုက်တွေ၊ အလုပ်အတွက် အထောက်ကူပြုတဲ့ စိတ်နေစိတ်ထားတွေကို အများရှေ့မှာသော်လည်းကောင်း၊ တစ်ဦးချင်းတွေ့သည့်အခါသော်လည်းကောင်းပြောပြသင့်ပါတယ်။ ဒါမှမဟုတ် ကိုယ်အသိမှတ်ပြုချင်တဲ့ အကြောင်းအရာတွေကို မှတ်စုလေးတွေ ရေးပေးပြီး ပြောပြတာမျိုးလည်း လုပ်နိုင်ပါတယ်။ လူရဲ့ လုပ်ရပ်အတွက် ဘယ်လို အကျိုးကျေးဇူးရကြောင်းပြောပြီး ကျေးဇူးတင်စကားလည်း ဆိုနိုင်ပါတယ်။ စကားလုံးတွေနဲ့ အသိမှတ်ပြုတဲ့အခါ စိတ်ထဲကပါဖို့တော့လိုပါတယ်။ အသိမှတ်ပြုသူရဲ့ စိတ်ရင်းမှန်ကို မြင်အောင်လည်း ပြနိုင်ဖို့လည်း လိုပါသေးတယ်။
၂) အချိန်ပေးခြင်းအားဖြင့်
—————————–
တစ်ခါတစ်လေမှာ စကားတွေထပ် ကိုယ့်ရဲ့ တန်ဖိုးအရှိဆုံးအချိန်တွေကို ရရှိခြင်းက အသိမှတ်ပြုခံရခြင်းလို့ သတ်မှတ်လေ့ရှိတဲ့သူတွေလည်းရှိပါတယ်။ အတူရှိနေချိန် အဓိပ္ပါယ်ပြည့်ဝသောစကားဝိုင်း၊ နားထောင်ပေးသော စကားဝိုင်း၊ အတွေ့အကြုံမျှဝေခွင့်ရသော စကားဝိုင်းမျိုး ဖြစ်အောင် ဖန်တီးပေးခြင်းအားဖြင့် ကိုယ်နဲ့ အတူရှိနေချိန်ဟာ အခြားသူတစ်ယောက်ကို တန်ဖိုးထားရာ၊ အသိမှတ်ပြုရရောက်ပါတယ်။ အဖွဲ့ ငယ်များဖွဲ့ပြီး စကားပြောခြင်း (သို့) တစ်ဦးချင်းစကားပြောခြင်း ဆိုပြီး အမျိုးမျိုးလုပ်နိုင်ပါတယ်။ သို့သော် အချိန်ပေးပြီး စကားဝိုင်းတွေ လုပ်တော့မယ်ဆိုရင် ယဉ်ကျေးမှု၊ စနစ်၊ လူ၊ အခြေအနေပေါ်မူတည်ပြီး ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လိုပြောမယ်ဆိုတာ ကြိုတင်ပြီး စဉ်းစားထားဖို့တော့လိုပါတယ်။
၃) ကူညီလုပ်ကိုင်ပေးခြင်း အားဖြင့်
—————————————
အချို့လူတွေကတော့ သူတို့လိုအပ်နေတဲ့ အကူညီတွေကို အကူညီတောင်းစရာမလိုဘဲ အကူညီပေးခြင်းခံရတာကို တန်ဖိုးထားခံရတယ်၊ အသိမှတ်ပြုခံရတယ်လို့ တွေးကြပါတယ်။ တစ်ပါးသူကို တန်ဖိုးထား အသိမှတ်ပြုကြောင်း ပြချင်လို ကူညီလုပ်ကိုင်ပေးချင်ရင်် ကိုယ့်ရဲ့ ကိိုယ်ပိုင်အလုပ်တွေကိုတော့ အရင် ပြီးအောင် လုပ်ဖို့လိုပါမယ်၊ အကူညီပေးတော့မယ်ဆိုရင်လည်း ဘယ်လိုပုံစံ ကူညီပေးစေချင်တယ်ဆိုတာမေးပါ၊ ကူညီမယ်ပြောပြီးရင် အတတ်နိုင်ဆုံး ပြီးစီးသည်အထိကူညီပါ၊ သူဘာလိုနေတယ်ဆိုတာ ကိုယ်သိတယ်ဆိုတဲ့ အတွေးကို ခဏဘေးဖယ်ထားပါ၊ နောက်ဆုံးကတော့ သူများကို ကူညီချင်ရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့မဟုတ်ဘဲ သူ့နည်းသူ့ဟန်နဲ့ ကူညီပါ။
၄) လက်ဆောင်များဖြင့်
—————————
လက်ဆောင်ပစ္စည်းများရခြင်းအားဖြင့် ဂရုစိုက်ခံရတယ်၊ တန်ဖိုးထားခံရတယ်လို့ တွေးတတ်တဲ့သူတွေလည်းရှိပါတယ်။ ဝန်ထမ်း ၁သိန်းကို သုတေသနပြုလုပ်ခဲ့တုန်းက လက်ဆောင်ပဏ္ဍာတွေနဲ့ အသိမှတ်ပြုတာကိုသဘောကျ ကြတဲ့သူတွေက ၆ရာခိုင်နှုန်းပဲရှိပါတယ်။ လက်ဆောင်တွေနဲ့ အသိမှတ်ပြုမှုကို ပြချင်ရင် လက်ဆောင်ဟာ ကိုယ်ပေးချင်သူရဲ့ တန်ဖိုးထားမှုနဲ့ကိုက်ညီဖို့လိုပါတယ်၊ အသုံးဝင်ဖို့လိုပါတယ်၊ သဘောကျနှစ်ခြိုက်ဖို့လည်းလိုပါသေးတယ်။ အချို့က ဆုလက်ဆောင်အနေနဲ့ နားချိန်တွေ လိုချင်ကြတယ်၊ အချို့ကတော့ ပစ္စည်းလိုချင်ကြတယ်။ ပစ္စည်းဆိုတဲ့အခါ ဆီးချိုသမားကိုထန်းလျက်ခဲတွေ သွားမပေးဖို့လိုသလိုပေါ့ လိုအပ်မယ့်၊ ကိုက်ညီမယ့် ဆုလာဘ်တွေဖြစ်အောင် လေ့လာပြီးမှပေးဖို့လိုပါတယ်။
၅) အထိအတွေ့အားဖြင့်
—————————–
ဒီအရာကတော့ အတော်လေး အငြင်းအခုံဖြစ်နေဆဲလည်းဖြစ်တဲ့အပြင် သတိထားစရာတွေ အများကြီးပါတဲ့ အသိမှတ်ပြုမှုတစ်မျိုးပါ။ တစ်ခုခုအောင်မြင်အောင် လုပ်နိုင်တဲ့အခါ လက်ဆွဲနှုတ်ဆက်တာ၊ လက်ဝါးချင်းရိုက်ကြတာ မျိုးလောက်ပဲ အဆင်ပြေနိုင်မယ်ထင်ပါတယ်။ ကလေးတွေဆိုရင်တော့ ခေါင်းလေး ဖွဖွလေး ပုတ်တာ၊ ပုခုံးလေးကို သာသာလေး ပုတ်တာတွေကို သဘောကျကြတဲ့သူတွေရှိတယ်။ အချို့လူတွေက ဒီ့ထက်ပိုပြီး ပွတ်သီကာသီနေတတ်ကြတာမျိုးရှိပါတယ်၊ ဒါပေမယ့် အခြားသူတစ်ယောက်ရဲ့ နှစ်သက်မှု၊မနှစ်သက်မှုဟာ အလေးထားစရာဖြစ်လို့ အလုပ်ခွင်မှာ ဖက်လည်းတကင်းလုပ်ခြင်းကို ရှောင်ကြဉ်ခြင်းဟာ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်နိုင်ပါတယ်။
ကျွန်မတို့လုပ်ငန်းခွင်မှာ၊ ကျောင်းတွေမှာ၊ မိသားစုတွေမှာ တစ်ဦးနဲ့တစ်ဦးက မတူညီကြပါဘူး။ မတူညီတဲ့အခါ အသိမှတ်ပြုတတ်ပုံတွေလည်းမတူညီကြသလို အသိမှတ်ပြုခံရတဲ့ နည်းလမ်းတွေကို သဘောကျကြတာတွေလည်းမတူညီကြပါဘူး။ တန်ဖိုးထားမှု၊ အသိမှတ်ပြုမှု ကို ပြဖို့ ကျွန်မ ပြောပြဖြစ်တဲ့ နည်းလမ်း (၅)ခုထဲက ဘယ်နည်းကို ကိုယ်တိုင် ပိုသဘောကျလဲ ဆိုတာလည်း ဆန်းစစ်ကြည့်ပါ၊ ကိုယ့်မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ မိတ်ဆွေတွေကိုလည်း ဘယ်လိုနည်းက သူတို့အတွက် ပိုအဓိပ္ပါယ်ရှိစေသလဲဆိုတာမေးကြည့်ပါ။ ပြီးရင် ကျွန်မတို့ တန်ဖိုးထားသူတွေကို တန်ဖိုးထားကြောင်း အဓိပ္ပါယ်ရှိရှိ ပြကြည့်ပါ။ အားလုံးတန်ဖိုးထား အသိမှတ်ပြုခံရသလို အများကိုလည်း တန်ဖိုးထား အသိမှတ်ပြုနိုင်ကြပါစေ။
မေတ္တာဖြင့်……
Sayarma-ဆရာမ
Photo Credit to – https://mbainventory.com/
[Zawgyi]
ကၽြန္မတို႕ လူသားေတြက အလြန္ တန္ဖိုးထား အသိမွတ္ျပဳမွဳကို လိုလားၾကပါတယ္။ သို႕ေပမယ့္ တစ္ဦးနဲ႕ တစ္ဦး မတူညီၾကတဲ့အခါ နားလည္မွဳေတြလြဲျပီး တန္ဖိုးထားျခင္းမခံရသလိုေတြလည္း ခံစားရေလ့ရွိပါတယ္။ လြန္ခဲ့တဲ့ စေန (၂) ပတ္မွာ ကၽြန္မ အခ်င္းခ်င္း အျပန္အလွန္ အသိမွတ္ျပဳဖို႕ လိုအပ္ရျခင္းအေၾကာင္းနဲ႕ ကေလးေတြရဲ႕ ဂုဏ္သိကၡာ အေၾကာင္းေတြကို ေရးသားခဲ့ပါတယ္။ ဒါေၾကာင့္ ဒီတစ္ပတ္မွာ – ကိုယ္မဟုတ္ေသာ အျခားသူေတြရဲ႕ အရည္အခ်င္းေတြ၊ ကူညီလုပ္ေဆာင္မွဳေတြကို အသိမွတ္ျပဳတဲ့အခါ အသံုးျပဳနုိင္တဲ့ နည္းလမ္း (၅)သြယ္ကို မွ်ေဝေပးခ်င္ပါတယ္။ အခ်က္အလက္ေတြကို Gary Chapman နဲ႕ Paul White ေရးသားထားတဲ့ The 5 Languages of Appreciation in the Workplace ဆိုတဲ့ စာအုပ္ကေန ထုတ္ႏွုတ္ထားပါတယ္။
၁) စကားလံုးမ်ားျဖင့္
——————
စကားနဲ႕ အသိမွတ္ျပဳတဲ့အခါ အေၾကာင္းအရာ အမ်ိဳးမ်ိဳးနဲ႕ ဆက္စပ္ျပီး အသိမွတ္ျပဳနိုိင္ပါတယ္။ တစ္ဦးတစ္ေယာက္ရဲ႕ လုပ္ရပ္ကိုျဖစ္ေစ၊ ကၽြမ္းက်င္မွဳကိုျဖစ္ေစ အသိမွတ္ျပဳခ်င္ရင္ သူတို႕ရဲ႕ ေကာင္းကြက္ေတြ၊ အားသာခ်က္ေတြ၊ ကိုယ္သေဘာက်တဲ့ အက်င့္စရိုက္ေတြ၊ အလုပ္အတြက္ အေထာက္ကူျပဳတဲ့ စိတ္ေနစိတ္ထားေတြကို အမ်ားေရွ႕မွာေသာ္လည္းေကာင္း၊ တစ္ဦးခ်င္းေတြ႕သည့္အခါေသာ္လည္းေကာင္းေျပာျပသင့္ပါတယ္။ ဒါမွမဟုတ္ ကိုယ္အသိမွတ္ျပဳခ်င္တဲ့ အေၾကာင္းအရာေတြကို မွတ္စုေလးေတြ ေရးေပးျပီး ေျပာျပတာမ်ိဳးလည္း လုပ္နုိင္ပါတယ္။ လူရဲ႕ လုပ္ရပ္အတြက္ ဘယ္လို အက်ိဳးေက်းဇူးရေၾကာင္းေျပာျပီး ေက်းဇူးတင္စကားလည္း ဆိုနုိင္ပါတယ္။ စကားလံုးေတြနဲ႕ အသိမွတ္ျပဳတဲ့အခါ စိတ္ထဲကပါဖုိ႕ေတာ့လုိပါတယ္။ အသိမွတ္ျပဳသူရဲ႕ စိတ္ရင္းမွန္ကို ျမင္ေအာင္လည္း ျပနိုင္ဖုိ႕လည္း လိုပါေသးတယ္။
၂) အခ်ိန္ေပးျခင္းအားျဖင့္
—————————–
တစ္ခါတစ္ေလမွာ စကားေတြထပ္ ကိုယ့္ရဲ႕ တန္ဖိုးအရွိဆံုးအခ်ိန္ေတြကို ရရွိျခင္းက အသိမွတ္ျပဳခံရျခင္းလို႕ သတ္မွတ္ေလ့ရွိတဲ့သူေတြလည္းရွိပါတယ္။ အတူရွိေနခ်ိန္ အဓိပၸါယ္ျပည့္ဝေသာစကားဝိုင္း၊ နားေထာင္ေပးေသာ စကားဝိုင္း၊ အေတြ႕အၾကံဳမွ်ေဝခြင့္ရေသာ စကားဝိုင္းမ်ိဳး ျဖစ္ေအာင္ ဖန္တီးေပးျခင္းအားျဖင့္ ကိုယ္နဲ႕ အတူရွိေနခ်ိန္ဟာ အျခားသူတစ္ေယာက္ကို တန္ဖိုးထားရာ၊ အသိမွတ္ျပဳရေရာက္ပါတယ္။ အဖြဲ႕ ငယ္မ်ားဖြဲ႕ျပီး စကားေျပာျခင္း (သို႕) တစ္ဦးခ်င္းစကားေျပာျခင္း ဆိုျပီး အမ်ိဳးမ်ိဳးလုပ္နုိင္ပါတယ္။ သို႕ေသာ္ အခ်ိန္ေပးျပီး စကားဝိုင္းေတြ လုပ္ေတာ့မယ္ဆိုရင္ ယဥ္ေက်းမွဳ၊ စနစ္၊ လူ၊ အေျခအေနေပၚမူတည္ျပီး ဘယ္အခ်ိန္၊ ဘယ္ေနရာမွာ ဘယ္လိုေျပာမယ္ဆိုတာ ၾကိဳတင္ျပီး စဥ္းစားထားဖုိ႕ေတာ့လိုပါတယ္။
၃) ကူညီလုပ္ကိုင္ေပးျခင္း အားျဖင့္
—————————————
အခ်ိဳ႕လူေတြကေတာ့ သူတို႕လုိအပ္ေနတဲ့ အကူညီေတြကို အကူညီေတာင္းစရာမလိုဘဲ အကူညီေပးျခင္းခံရတာကို တန္ဖိုးထားခံရတယ္၊ အသိမွတ္ျပဳခံရတယ္လို႕ ေတြးၾကပါတယ္။ တစ္ပါးသူကို တန္ဖိုးထား အသိမွတ္ျပဳေၾကာင္း ျပခ်င္လို ကူညီလုပ္ကိုင္ေပးခ်င္ရင္္ ကိုယ့္ရဲ႕ ကိုိယ္ပုိင္အလုပ္ေတြကိုေတာ့ အရင္ ျပီးေအာင္ လုပ္ဖုိ႕လုိပါမယ္၊ အကူညီေပးေတာ့မယ္ဆိုရင္လည္း ဘယ္လိုပံုစံ ကူညီေပးေစခ်င္တယ္ဆိုတာေမးပါ၊ ကူညီမယ္ေျပာျပီးရင္ အတတ္နိုင္ဆံုး ျပီးစီးသည္အထိကူညီပါ၊ သူဘာလုိေနတယ္ဆိုတာ ကိုယ္သိတယ္ဆိုတဲ့ အေတြးကို ခဏေဘးဖယ္ထားပါ၊ ေနာက္ဆံုးကေတာ့ သူမ်ားကို ကူညီခ်င္ရင္ ကိုယ့္နည္းကိုယ့္ဟန္နဲ႕မဟုတ္ဘဲ သူ႕နည္းသူ႕ဟန္နဲ႕ ကူညီပါ။
၄) လက္ေဆာင္မ်ားျဖင့္
—————————
လက္ေဆာင္ပစၥည္းမ်ားရျခင္းအားျဖင့္ ဂရုစိုက္ခံရတယ္၊ တန္ဖိုးထားခံရတယ္လို႕ ေတြးတတ္တဲ့သူေတြလည္းရွိပါတယ္။ ဝန္ထမ္း ၁သိန္းကို သုေတသနျပဳလုပ္ခဲ့တုန္းက လက္ေဆာင္ပ႑ာေတြနဲ႕ အသိမွတ္ျပဳတာကိုသေဘာက် ၾကတဲ့သူေတြက ၆ရာခိုင္ႏွုန္းပဲရွိပါတယ္။ လက္ေဆာင္ေတြနဲ႕ အသိမွတ္ျပဳမွဳကို ျပခ်င္ရင္ လက္ေဆာင္ဟာ ကိုယ္ေပးခ်င္သူရဲ႕ တန္ဖိုးထားမွဳနဲ႕ကိုက္ညီဖုိ႕လိုပါတယ္၊ အသံုးဝင္ဖို႕လိုပါတယ္၊ သေဘာက်ႏွစ္ျခိဳက္ဖို႕လည္းလိုပါေသးတယ္။ အခ်ိဳ႕က ဆုလက္ေဆာင္အေနနဲ႕ နားခ်ိန္ေတြ လိုခ်င္ၾကတယ္၊ အခ်ိဳ႕ကေတာ့ ပစၥည္းလိုခ်င္ၾကတယ္။ ပစၥည္းဆိုတဲ့အခါ ဆီးခ်ိဳသမားကိုထန္းလ်က္ခဲေတြ သြားမေပးဖို႕လိုသလိုေပါ့ လိုအပ္မယ့္၊ ကိုက္ညီမယ့္ ဆုလာဘ္ေတြျဖစ္ေအာင္ ေလ့လာျပီးမွေပးဖုိ႕လိုပါတယ္။
၅) အထိအေတြ႕အားျဖင့္
—————————–
ဒီအရာကေတာ့ အေတာ္ေလး အျငင္းအခံုျဖစ္ေနဆဲလည္းျဖစ္တဲ့အျပင္ သတိထားစရာေတြ အမ်ားၾကီးပါတဲ့ အသိမွတ္ျပဳမွုတစ္မ်ိဳးပါ။ တစ္ခုခုေအာင္ျမင္ေအာင္ လုပ္နုိင္တဲ့အခါ လက္ဆြဲႏွဳတ္ဆက္တာ၊ လက္ဝါးခ်င္းရုိက္ၾကတာ မ်ိဳးေလာက္ပဲ အဆင္ေျပနုိင္မယ္ထင္ပါတယ္။ ကေလးေတြဆိုရင္ေတာ့ ေခါင္းေလး ဖြဖြေလး ပုတ္တာ၊ ပုခံုးေလးကို သာသာေလး ပုတ္တာေတြကို သေဘာက်ၾကတဲ့သူေတြရွိတယ္။ အခ်ိဳ႕လူေတြက ဒီ့ထက္ပိုျပီး ပြတ္သီကာသီေနတတ္ၾကတာမ်ိဳးရွိပါတယ္၊ ဒါေပမယ့္ အျခားသူတစ္ေယာက္ရဲ႕ ႏွစ္သက္မွဳ၊မႏွစ္သက္မွဳဟာ အေလးထားစရာျဖစ္လုိ႕ အလုပ္ခြင္မွာ ဖက္လည္းတကင္းလုပ္ျခင္းကို ေရွာင္ၾကဥ္ျခင္းဟာ အေကာင္းဆံုးနည္းလမ္းတစ္ခုျဖစ္နုိင္ပါတယ္။
ကၽြန္မတို႕လုပ္ငန္းခြင္မွာ၊ ေက်ာင္းေတြမွာ၊ မိသားစုေတြမွာ တစ္ဦးနဲ႕တစ္ဦးက မတူညီၾကပါဘူး။ မတူညီတဲ့အခါ အသိမွတ္ျပဳတတ္ပံုေတြလည္းမတူညီၾကသလို အသိမွတ္ျပဳခံရတဲ့ နည္းလမ္းေတြကို သေဘာက်ၾကတာေတြလည္းမတူညီၾကပါဘူး။ တန္ဖိုးထားမွဳ၊ အသိမွတ္ျပဳမွဳ ကို ျပဖုိ႕ ကၽြန္မ ေျပာျပျဖစ္တဲ့ နည္းလမ္း (၅)ခုထဲက ဘယ္နည္းကို ကိုယ္တုိင္ ပိုသေဘာက်လဲ ဆိုတာလည္း ဆန္းစစ္ၾကည့္ပါ၊ ကိုယ့္မိတ္ေဆြေတြ၊ သူငယ္ခ်င္းေတြ မိတ္ေဆြေတြကိုလည္း ဘယ္လိုနည္းက သူတို႕အတြက္ ပိုအဓိပၸါယ္ရွိေစသလဲဆိုတာေမးၾကည့္ပါ။ ျပီးရင္ ကၽြန္မတို႕ တန္ဖိုးထားသူေတြကို တန္ဖိုးထားေၾကာင္း အဓိပၸါယ္ရွိရွိ ျပၾကည့္ပါ။ အားလံုးတန္ဖိုးထား အသိမွတ္ျပဳခံရသလို အမ်ားကိုလည္း တန္ဖိုးထား အသိမွတ္ျပဳနုိင္ၾကပါေစ။
ေမတၱာျဖင့္……
Sayarma-ဆရာမ Photo Credit to – https://mbainventory.com/