[Unicode]
ဆရာဆိုတာ အေးရိပ်လို့ အဓိပ္ပါယ်ရတဲ့ ဆာယာဆိုတဲ့ ပါဠိစကားလုံးကနေ ဆင်းသက်လာတဲ့အတွက် ကလေးတွေရဲ့ သင်ယူမှုပတ်ဝန်းကျင်ကို ပျော်ရွှင်၊ အေးချမ်းပြီး ငြိမ်းချမ်းစွာ ပညာသင်ယူဖို့ စွမ်းဆောင်ပေးနိုင်သူလို့လည်း ပြောကြတယ်။ “ဆ” ဆိုတဲ့ နှိုင်းဆခြင်း၊ ချိန်ဆခြင်း နဲ့ “ရာ”ဆိုတဲ့ အကဲဖြတ်ခြင်း၊ တန်ဖိုးဖြတ်ခြင်း ကို ပေါင်းစပ်ပြီး ကလေးတွေရဲ့ ဉာဏ်ပညာအတွေးအခေါ်တွေနဲ့ တတ်မြောက်သင်ယူမှုတွေကို ကူညီချင့်ချိန်အကဲဖြတ်ပေးသူဆိုပြီးတော့လည်း ပြောကြတယ်။
ပညာရေးတက္ကသိုလ် ဆင်းသည်ဖြစ်စေ၊ မဆင်းသည်ဖြစ်စေ၊ သင်ကြားရေးနဲ့ ဘွဲ့ရခဲ့သည်ဖြစ်စေ၊ မရခဲ့သည်ဖြစ်စေ ကလေးတွေအတွက် လိုအပ်တဲ့ အေးငြိမ်းတဲ့ ပညာအရိပ်ကို ပေးနိုင်တယ်၊ ကလေးတွေရဲ့ အသိပညာတွေ စွမ်းရည်တွေ တိုးတက်ဖို့ ပံ့ပိုး အကဲဖြတ်နိုင်တယ်ဆိုရင် ကျွန်မတို့ ဆရာ၊မလို့ခေါ်နိုင်မလား။
အကြောင်းအမျိုးမျိုးကြောင့် ဆရာ၊မဆိုတဲ့ အလုပ်ကို လုပ်ခဲ့ကြပြီဆိုရင် ပညာရေးတက္ကသိုလ် တက်ခဲ့သည်ဖြစ်စေ၊ မတက်ခဲ့သည်ဖြစ်စေ၊ ဆရာ့ဂုဏ်နဲ့ညီအောင်၊ ဆရာတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ဗဟုသုတ၊ ကျွမ်းကျင်မှုနဲ့ စိတ်နေသဘောထားတွေရှိနေအောင်ကတော့ အမြဲ လေ့လာ လေ့ကျင့် သင်ယူနေဖို့ အရေးကြီးပါတယ်။ ဒီအပတ်မှာတော့ အမြဲ သင်ယူမှုရှိပြီး အောင်မြင်ထိရောက်သော ဆရာ၊မတွေဖြစ်ဖို့ အထောက်အကူပြုမယ့် အတွေ့အကြုံအခြေပြုသင်ယူခြင်း သီအိုရီအကြောင်းကို ကျွန်မ မျှဝေပါရစေ။
အမေရိကန် စိတ်ပညာရှင် Kolbက ပညာရေးနယ်ပယ်မှာ ထင်ပေါ်ကျော်ကြားတဲ့ Jean Piaget၊ John Dewey၊ Kurt Lewin တို့ရဲ့ အတွေးအမြင် အယူအဆတွေအပေါ်ကို အခြေခံပြီး အတွေ့အကြုံအခြေပြုသင်ယူခြင်း သီအိုရီကို ဖေါ်ထုတ်ခဲ့ပါတယ်။ အဲဒီ့သီအိုရီက နာမည်အတိုင်းပဲ သင်ယူသူတွေရဲ့ အတွေ့အကြုံတွေ၊ လက်တွေ့လုပ်ဆောင်ချက်တွေအပေါ် အခြေပြုပြီး နောက်ထပ် သင်ယူမှု အသစ်အသစ်တွေ ဘယ်လို ဖန်တီးနိုင်မယ်ဆိုတာကို အဆင့်လေးဆင့်နဲ့ ရှင်းပြထားပါတယ်။
၁) လက်တွေ့လုပ်ဆောင်ခြင်း အဆင့် (လေ့ကျင့်ခြင်း၊ လက်တွေ့ကျင့်သုံးခြင်း၊ အတွေ့အကြုံရယူခြင်း)
၂) သုံးသပ်ဆင်ခြင်နိုင်ရန် စောင့်ကြည့်လေ့လာခြင်းအဆင့် (လက်တွေ့လေ့ကျင့်ခဲ့တဲ့အရာတွေအပေါ် ပြန်လည် သုံးသပ်ခြင်း၊ ဆင်ခြင်စဉ်းစားခြင်း)
၃) သဘောပေါက်နားလည်ရန် သုံးသပ်ခြင်းအဆင့် (ပြန်လည်သုံးသပ်ခြင်းကနေ ရတဲ့အချက်အလက်တွေကို အကဲဖြတ်ခြင်း၊ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကနေ သင်ယူမှုရယူခြင်း)
၄) စမ်းသပ်လုပ်ဆောင်ရန်ပြင်ဆင်ခြင်းအဆင့် (ပိုကောင်းမွန်အောင်လုပ်နိုင်ရန် အစီအစဉ်ရေးဆွဲခြင်း၊ သင်ယူခဲ့မှုတွေအပေါ်ပြန်လည် စမ်းသပ်အသုံးချကြည့်ခြင်း)
ဒီအဆင့်လေးဆင့်လုံးပြီးတာနဲ့ ရပ်တန့်ခြင်းမရှိဘဲ ဆက်သွားမှ စဉ်ဆက်မပြတ်သင်ယူခြင်း၊ တိုးတက်ခြင်းကို ရနိုင်မှာပါ။ ဆိုလိုချင်တာကတော့ အဆင့် ၄ ပြီးရင် အဆင့် ၁ကို အမြဲပြန်စဖို့လိုတာပါ။
ဥပမာ အနေနဲ့ ရှင်းပြရမယ်ဆိုရင် ….
ပထမဦးဆုံး သင်ကြားရေးပြုလုပ်ရမှာ ကလေးတွေရဲ့ အခြေအနေကို အလုံးစုံသိပြီးမှ သင်ရတာမဟုတ်ပါဘူး။ အဲဒီ့အတွက် အဆင့် ၁ ဖြစ်တဲ့ ကိုယ်ထင်မြင်မိသလို ပြင်ဆင်ပြီးတော့ စာသင်ပါတယ်။ လက်တွေ့သင်နေစဉ်မှာ ပြန်လည် တိုးတက်အောင် လုပ်နိုင်ဖို့အတွက် အခြေအနေကို အမြဲလေ့လာနေ့ဖို့လိုပါတယ်။
စာသင်ပြီးတာနဲ့ လက်တွေ့လုပ်ဆောင်ခဲ့တဲ့အပေါ် အကောင်းအဆိုး၊ အားသာချက်၊ အားနည်းချက် စတာတွေကို ပြန်သုံးသပ်ရပါတယ်။ ပြန်သုံးသပ်တာက အဆင့် ၂ ပါ။
အခြေအနေတွေကို သေချာ စဉ်းစားပြီးရင် ဘယ်လို အချက်အလက်တွေအကြောင့် ဒီနေ့ စာသင်တဲ့ အခြေအနေက ကောင်းခဲ့တယ် ဆိုးခဲ့တယ် ဆိုတဲ့ ကောက်ချက်အချို့ဆွဲတယ်၊ ပြီးတော့ ဘယ်ကလေးတွေကို ဘယ်လိုလုပ်ငန်းတွေ နောက်တစ်ခါပေးမယ်၊ အချိန်ကို ဘယ်လိုခွဲမယ်၊ ဘယ်လိုသင်ယူမှုလုပ်ငန်းတွေထည့်မယ်ဆိုပြီး ကောက်ချက်ချတဲ့အပိုင်းက အဆင့် ၃ ပါ။
ဒီအဆင့်မှာ ဆုံးဖြတ်ချက်ချခဲ့တဲ့အတိုင်း လက်တွေ့လုပ်နိုင်ဖို့ ပြင်ဆင်ဆောင်ရွက်တဲ့အပိုင်းက အဆင့် ၄ ပါ။
ပြင်ဆင်ပြီးရင် အဆင့် ၁ မှာပါတဲ့အတိုင်း လက်တွေ့လုပ်ဆောင်ကြည့်ပါမယ်။
ပြီးရင် အဆင့် ၂ အတိုင်း ပြောင်းလဲ လုပ်ဆောင်ခဲ့တာတွေကို ပြန်လည် သုံးသပ်ပါမယ်။
ဒီလိုနဲ့ စက်ဝိုင်းကို ရပ်တန့်မသွားအောင် လုပ်နိုင်ရင် အမြဲ တိုးတက်နေတဲ့ ဆရာ၊မတွေဖြစ်ဖို့အတွက် အထောက်ကူပြုနိုင်မှာပါ။
ဒီသီအိုရီဟာ ဆရာ၊မတွေတင်မကဘူး မိဘတွေ၊ ကလေးတွေလည်း အသုံးပြုနိုင်ပါတယ်။ မိဘတွေဟာ ကလေးတွေကို ဆုံးမတယ်ဆိုရင်လည်း ဆုံးမပြီးတဲ့အခါ ပြန်လည်သုံးသပ်ဖို့လိုတယ်၊ ဒီ့ထပ်ကောင်းအောင် ဘယ်လို ဆုံးမမလဲ၊ ဘယ်လိုပံ့ပိုးမလဲဆိုတာကို ဆင်ခြင်ပြီး လေ့လာသင်ယူ လေ့ကျင့်ဖို့လိုပါတယ်။
ဒီသီအိုရီကို တစ်ခုခုကို သင်ယူချင်တယ်၊ တိုးတက်ချင်တယ်၊ ဆိုတဲ့အခါမှာလည်း အသုံးပြုကြည့်ပါ။ အတွေ့အကြုံအခြေပြုသင်ယူနည်းတွေဟာ အမှားတစ်ခုခုလုပ်မိတဲ့အခါ၊ တစ်ခုခုလွဲသွားခဲ့တဲ့အခါ ပြန်ကောင်းအောင်၊ ပိုအဆင်ပြေအောင် ကြိုးစားလေ့လာနိုင်ဖို့ အထောက်ကူပြုသလို၊ မှန်နေသော်လည်း ဒီထက်ပိုကောင်းအောင် လုပ်နိုင်ဖို့ ဒီထက်ပိုပြီး ထိရောက်အောင် သင်ကြားနိုင်ဖို့အတွက် ပြင်ဆင်တဲ့အခါမှာ အထောက်ကူပြုမှာပါ။
ပြန်လည်သုံးသပ်မှုတွေ၊ သင်ယူမှုတွေ လေ့ကျင့်မှုတွေ စတာတွေကို ဒိုင်ယာရီလေးတွေအဖြစ် ရေးမှတ်ထားချင်ရင်လည်း မှတ်ထားပါ၊ ကျွန်မကို လာပြီးမျှဝေပေးချင်ရင်လည်း မျှဝေပေးပါ။ ကိုယ့်ကျောင်းက ဆရာ၊မတွေအချင်းချင်း ပြန်လည် မျှဝေပြီး အပြန်အလှန် အကြံပြုချက်တွေ ပေးတာမျိုးတွေလည်း လုပ်သင့်ပါတယ်။
အချုပ်မှာ ကျွန်မပြောချင်တာကတော့ ….. ဒီရက်ပိုင်းမှာ ပညာရေးတက္ကသိုလ်တက်ပြီး ဆရာ၊မဖြစ်လာကြတဲ့ ဆရာ၊မတွေနဲ့ ပညာရေးတက္ကသိုလ် မတက်ဘဲ အခြား တက္ကသိုလ်တွေတက်ပြီးမှ ဆရာ၊မဖြစ်လာကြသူတွေအကြား ထိခိုက်စေတဲ့ ဆွေးနွေးမှုလေးတွေကို ကျွန်မ လူမှုကွန်ယက်ပေါ်မှာ ဖတ်မိပါတယ်။ ကျွန်မအမြင်ကတော့ ဘယ်လိုနည်းနဲ့ ဆရာ၊မတွေဖြစ်လာကြပါစေ ကျောင်းသားတွေအတွက် အကောင်းဆုံး လုပ်ဆောင်ပေးမယ်၊ အမြဲတမ်းသင်ယူနေမယ်ဆိုရင် ကျေနပ်ပါတယ်။ ဆရာ၊မတွေမှာ ရှိတတ်တဲ့ အခက်အခဲအမျိုးမျိုးကို နားလည်ပေမယ့် ပညာရေးတက္ကသိုလ်ဆင်းပြီး ထိရောက်တဲ့ သင်ကြားနည်းတွေ အသုံးပြုပြီး သင်ကြားဖို့ မကြိုးစားကြသူတွေနဲ့ ပညာရေးတက္ကသိုလ်ဆင်းမဟုတ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သင်ကြားရေးကို ဖြစ်သလိုလုပ်ပြီး သင်နေတဲ့သူတွေဟာ အတူတူနည်းပါး ဆရာဂုဏ်ပြည့်ဝဖို့ လိုအပ်သေးသူတွေပါပဲ။
ဒီတော့ ကျွန်မတို့ ကလေးတွေအတွက် အကောင်းဆုံး သင်ကြားပေးနိုင်ဖို့ ကိုယ်တိုင်ကလည်း အတွေ့အကြုံအခြေပြုပြီး အမြဲသုံးသပ်၊ပြင်ဆင်၊သင်ယူ၊လေ့ကျင့်သွားမယ်ဆိုရင်ဖြင့် မြန်မာနိုင်ငံက ကလေးတွေရဲ့ ပညာရေးဟာ ဘယ်လောက်တောင်များ တိုးတက်လာမလဲဆိုတာ တွေးကြည့်ကြစမ်းပါလေ။
မေတ္တာဖြင့်…
Sayarma-ဆရာမ
Kolbရဲ့ စာတွေကို ဖတ်ချင်သူတွေအတွက် စာအုပ်အညွှန်းလေးတွေပါ။
• Kolb, A. Y., Kolb, D. A. (2011). Kolb Learning Style Inventory 4.0 Boston MA: Hay Group.
• Kolb, A. Y., Kolb, D. A. (2010). Learning to play, playing to learn: A case study of a ludic learning space (1 ed., vol. 23, pp. 26-50). Journal of Organizational Change Management.
• Kolb, A. Y., Kolb, D. A. (2009). In Armstrong, S. J. & Fukami, C. (Ed.), Experiential learning theory: A dynamic, holistic approach to management learning, education and development (pp. 50). London: Sage Publications Handbook of Management Learning, Education and Development.
• Kolb, D. A., Boyatzis, R. E., & Mainemelis, C. (2000). Experiential Learning Theory: Previous Research and New Directions. In Perspectives on cognitive, learning, and thinking styles. Sternberg & Zhang (Eds.). NJ: Lawrence Erlbaum.
• Kolb, D. A. (1984). Experiential learning: Experience as the source of learning and development. New Jersey: Prentice-Hall.
[Zawgyi]
ဆရာဆိုတာ ေအးရိပ္လို႕ အဓိပၸါယ္ရတဲ့ ဆာယာဆိုတဲ့ ပါဠိစကားလံုးကေန ဆင္းသက္လာတဲ့အတြက္ ကေလးေတြရဲ႕ သင္ယူမွုပတ္ဝန္းက်င္ကို ေပ်ာ္ရႊင္၊ ေအးခ်မ္းျပီး ျငိမ္းခ်မ္းစြာ ပညာသင္ယူဖို႕ စြမ္းေဆာင္ေပးနုိင္သူလို႕လည္း ေျပာၾကတယ္။ “ဆ” ဆိုတဲ့ ႏွုိင္းဆျခင္း၊ ခ်ိန္ဆျခင္း နဲ႕ “ရာ”ဆိုတဲ့ အကဲျဖတ္ျခင္း၊ တန္ဖုိးျဖတ္ျခင္း ကို ေပါင္းစပ္ျပီး ကေလးေတြရဲ႕ ဥာဏ္ပညာအေတြးအေခၚေတြနဲ႕ တတ္ေျမာက္သင္ယူမွဳေတြကို ကူညီခ်င့္ခ်ိန္အကဲျဖတ္ေပးသူဆိုျပီးေတာ့လည္း ေျပာၾကတယ္။
ပညာေရးတကၠသိုလ္ ဆင္းသည္ျဖစ္ေစ၊ မဆင္းသည္ျဖစ္ေစ၊ သင္ၾကားေရးနဲ႕ ဘြဲ႕ရခဲ့သည္ျဖစ္ေစ၊ မရခဲ့သည္ျဖစ္ေစ ကေလးေတြအတြက္ လိုအပ္တဲ့ ေအးျငိမ္းတဲ့ ပညာအရိပ္ကို ေပးနုိင္တယ္၊ ကေလးေတြရဲ႕ အသိပညာေတြ စြမ္းရည္ေတြ တိုးတက္ဖို႕ ပံ့ပိုး အကဲျဖတ္နုိင္တယ္ဆိုရင္ ကၽြန္မတို႕ ဆရာ၊မလို႕ေခၚနုိင္မလား။
အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဆရာ၊မဆိုတဲ့ အလုပ္ကို လုပ္ခဲ့ၾကျပီဆိုရင္ ပညာေရးတကၠသိုလ္ တက္ခဲ့သည္ျဖစ္ေစ၊ မတက္ခဲ့သည္ျဖစ္ေစ၊ ဆရာ့ဂုဏ္နဲ႕ညီေအာင္၊ ဆရာတစ္ေယာက္မွာ ရွိသင့္ရွိထိုက္တဲ့ ဗဟုသုတ၊ ကၽြမ္းက်င္မွုနဲ႕ စိတ္ေနသေဘာထားေတြရွိေနေအာင္ကေတာ့ အျမဲ ေလ့လာ ေလ့က်င့္ သင္ယူေနဖို႕ အေရးၾကီးပါတယ္။ ဒီအပတ္မွာေတာ့ အျမဲ သင္ယူမွဳရွိျပီး ေအာင္ျမင္ထိေရာက္ေသာ ဆရာ၊မေတြျဖစ္ဖို႕ အေထာက္အကူျပဳမယ့္ အေတြ႕အၾကံုအေျချပဳသင္ယူျခင္း သီအိုရီအေၾကာင္းကို ကၽြန္မ မွ်ေဝပါရေစ။
အေမရိကန္ စိတ္ပညာရွင္ Kolbက ပညာေရးနယ္ပယ္မွာ ထင္ေပၚေက်ာ္ၾကားတဲ့ Jean Piaget၊ John Dewey၊ Kurt Lewin တုိ႕ရဲ႕ အေတြးအျမင္ အယူအဆေတြအေပၚကို အေျခခံျပီး အေတြ႕အၾကံဳအေျချပဳသင္ယူျခင္း သီအိုရီကို ေဖၚထုတ္ခဲ့ပါတယ္။ အဲဒီ့သီအိုရီက နာမည္အတုိင္းပဲ သင္ယူသူေတြရဲ႕ အေတြ႕အၾကံဳေတြ၊ လက္ေတြ႕လုပ္ေဆာင္ခ်က္ေတြအေပၚ အေျချပဳျပီး ေနာက္ထပ္ သင္ယူမွု အသစ္အသစ္ေတြ ဘယ္လို ဖန္တီးနုိင္မယ္ဆိုတာကို အဆင့္ေလးဆင့္နဲ႕ ရွင္းျပထားပါတယ္။
၁) လက္ေတြ႕လုပ္ေဆာင္ျခင္း အဆင့္ (ေလ့က်င့္ျခင္း၊ လက္ေတြ႕က်င့္သံုးျခင္း၊ အေတြ႕အၾကံဳရယူျခင္း)
၂) သံုးသပ္ဆင္ျခင္နုိင္ရန္ ေစာင့္ၾကည့္ေလ့လာျခင္းအဆင့္ (လက္ေတြ႕ေလ့က်င့္ခဲ့တဲ့အရာေတြအေပၚ ျပန္လည္ သံုးသပ္ျခင္း၊ ဆင္ျခင္စဥ္းစားျခင္း)
၃) သေဘာေပါက္နားလည္ရန္ သံုးသပ္ျခင္းအဆင့္ (ျပန္လည္သံုးသပ္ျခင္းကေန ရတဲ့အခ်က္အလက္ေတြကို အကဲျဖတ္ျခင္း၊ ျဖစ္ပ်က္ခဲ့တဲ့ အေျခအေနေတြကေန သင္ယူမွုရယူျခင္း)
၄) စမ္းသပ္လုပ္ေဆာင္ရန္ျပင္ဆင္ျခင္းအဆင့္ (ပိုေကာင္းမြန္ေအာင္လုပ္နုိင္ရန္ အစီအစဥ္ေရးဆြဲျခင္း၊ သင္ယူခဲ့မွုေတြအေပၚျပန္လည္ စမ္းသပ္အသံုးခ်ၾကည့္ျခင္း)
ဒီအဆင့္ေလးဆင့္လံုးျပီးတာနဲ႕ ရပ္တန္႕ျခင္းမရွိဘဲ ဆက္သြားမွ စဥ္ဆက္မျပတ္သင္ယူျခင္း၊ တိုးတက္ျခင္းကို ရနုိင္မွာပါ။ ဆိုလိုခ်င္တာကေတာ့ အဆင့္ ၄ ျပီးရင္ အဆင့္ ၁ကို အျမဲျပန္စဖို႕လိုတာပါ။
ဥပမာ အေနနဲ႕ ရွင္းျပရမယ္ဆိုရင္ ….
ပထမဦးဆံုး သင္ၾကားေရးျပဳလုပ္ရမွာ ကေလးေတြရဲ႕ အေျခအေနကို အလံုးစံုသိျပီးမွ သင္ရတာမဟုတ္ပါဘူး။ အဲဒီ့အတြက္ အဆင့္ ၁ ျဖစ္တဲ့ ကိုယ္ထင္ျမင္မိသလို ျပင္ဆင္ျပီးေတာ့ စာသင္ပါတယ္။ လက္ေတြ႕သင္ေနစဥ္မွာ ျပန္လည္ တိုးတက္ေအာင္ လုပ္နုိင္ဖို႕အတြက္ အေျခအေနကို အျမဲေလ့လာေန႕ဖို႕လိုပါတယ္။
စာသင္ျပီးတာနဲ႕ လက္ေတြ႕လုပ္ေဆာင္ခဲ့တဲ့အေပၚ အေကာင္းအဆိုး၊ အားသာခ်က္၊ အားနည္းခ်က္ စတာေတြကို ျပန္သံုးသပ္ရပါတယ္။ ျပန္သံုးသပ္တာက အဆင့္ ၂ ပါ။
အေျခအေနေတြကို ေသခ်ာ စဥ္းစားျပီးရင္ ဘယ္လို အခ်က္အလက္ေတြအေၾကာင့္ ဒီေန႕ စာသင္တဲ့ အေျခအေနက ေကာင္းခဲ့တယ္ ဆိုးခဲ့တယ္ ဆိုတဲ့ ေကာက္ခ်က္အခ်ိဳ႕ဆြဲတယ္၊ ျပီးေတာ့ ဘယ္ကေလးေတြကို ဘယ္လိုလုပ္ငန္းေတြ ေနာက္တစ္ခါေပးမယ္၊ အခ်ိန္ကို ဘယ္လိုခြဲမယ္၊ ဘယ္လိုသင္ယူမွုလုပ္ငန္းေတြထည့္မယ္ဆိုျပီး ေကာက္ခ်က္ခ်တဲ့အပုိင္းက အဆင့္ ၃ ပါ။
ဒီအဆင့္မွာ ဆံုးျဖတ္ခ်က္ခ်ခဲ့တဲ့အတုိင္း လက္ေတြ႕လုပ္နုိင္ဖို႕ ျပင္ဆင္ေဆာင္ရြက္တဲ့အပုိင္းက အဆင့္ ၄ ပါ။
ျပင္ဆင္ျပီးရင္ အဆင့္ ၁ မွာပါတဲ့အတုိင္း လက္ေတြ႕လုပ္ေဆာင္ၾကည့္ပါမယ္။
ျပီးရင္ အဆင့္ ၂ အတိုင္း ေျပာင္းလဲ လုပ္ေဆာင္ခဲ့တာေတြကို ျပန္လည္ သံုးသပ္ပါမယ္။
ဒီလိုနဲ႕ စက္ဝုိင္းကို ရပ္တန္႕မသြားေအာင္ လုပ္နုိင္ရင္ အျမဲ တိုးတက္ေနတဲ့ ဆရာ၊မေတြျဖစ္ဖုိ႕အတြက္ အေထာက္ကူျပဳနုိင္မွာပါ။
ဒီသီအိုရီဟာ ဆရာ၊မေတြတင္မကဘူး မိဘေတြ၊ ကေလးေတြလည္း အသံုးျပဳနုိင္ပါတယ္။ မိဘေတြဟာ ကေလးေတြကို ဆံုးမတယ္ဆိုရင္လည္း ဆံုးမျပီးတဲ့အခါ ျပန္လည္သံုးသပ္ဖို႕လိုတယ္၊ ဒီ့ထပ္ေကာင္းေအာင္ ဘယ္လို ဆံုးမမလဲ၊ ဘယ္လိုပံ့ပိုးမလဲဆိုတာကို ဆင္ျခင္ျပီး ေလ့လာသင္ယူ ေလ့က်င့္ဖို႕လိုပါတယ္။
ဒီသီအိုရီကို တစ္ခုခုကို သင္ယူခ်င္တယ္၊ တုိးတက္ခ်င္တယ္၊ ဆိုတဲ့အခါမွာလည္း အသံုးျပဳၾကည့္ပါ။ အေတြ႕အၾကံဳအေျချပဳသင္ယူနည္းေတြဟာ အမွားတစ္ခုခုလုပ္မိတဲ့အခါ၊ တစ္ခုခုလြဲသြားခဲ့တဲ့အခါ ျပန္ေကာင္းေအာင္၊ ပိုအဆင္ေျပေအာင္ ၾကိဳးစားေလ့လာနုိင္ဖို႕ အေထာက္ကူျပဳသလို၊ မွန္ေနေသာ္လည္း ဒီထက္ပိုေကာင္းေအာင္ လုပ္နုိင္ဖို႕ ဒီထက္ပိုျပီး ထိေရာက္ေအာင္ သင္ၾကားနုိင္ဖုိ႕အတြက္ ျပင္ဆင္တဲ့အခါမွာ အေထာက္ကူျပဳမွာပါ။
ျပန္လည္သံုးသပ္မွဳေတြ၊ သင္ယူမွဳေတြ ေလ့က်င့္မွဳေတြ စတာေတြကို ဒိုင္ယာရီေလးေတြအျဖစ္ ေရးမွတ္ထားခ်င္ရင္လည္း မွတ္ထားပါ၊ ကၽြန္မကို လာျပီးမွ်ေဝေပးခ်င္ရင္လည္း မွ်ေဝေပးပါ။ ကိုယ့္ေက်ာင္းက ဆရာ၊မေတြအခ်င္းခ်င္း ျပန္လည္ မွ်ေဝျပီး အျပန္အလွန္ အၾကံျပဳခ်က္ေတြ ေပးတာမ်ိဳးေတြလည္း လုပ္သင့္ပါတယ္။
အခ်ဳပ္မွာ ကၽြန္မေျပာခ်င္တာကေတာ့ ….. ဒီရက္ပုိင္းမွာ ပညာေရးတကၠသိုလ္တက္ျပီး ဆရာ၊မျဖစ္လာၾကတဲ့ ဆရာ၊မေတြနဲ႕ ပညာေရးတကၠသိုလ္ မတက္ဘဲ အျခား တကၠသိုလ္ေတြတက္ျပီးမွ ဆရာ၊မျဖစ္လာၾကသူေတြအၾကား ထိခုိက္ေစတဲ့ ေဆြးေႏြးမွုေလးေတြကို ကၽြန္မ လူမွုကြန္ယက္ေပၚမွာ ဖတ္မိပါတယ္။ ကၽြန္မအျမင္ကေတာ့ ဘယ္လုိနည္းနဲ႕ ဆရာ၊မေတြျဖစ္လာၾကပါေစ ေက်ာင္းသားေတြအတြက္ အေကာင္းဆံုး လုပ္ေဆာင္ေပးမယ္၊ အျမဲတမ္းသင္ယူေနမယ္ဆိုရင္ ေက်နပ္ပါတယ္။ ဆရာ၊မေတြမွာ ရွိတတ္တဲ့ အခက္အခဲအမ်ိဳးမိ်ဳးကို နားလည္ေပမယ့္ ပညာေရးတကၠသိုလ္ဆင္းျပီး ထိေရာက္တဲ့ သင္ၾကားနည္းေတြ အသံုးျပဳျပီး သင္ၾကားဖို႕ မၾကိဳးစားၾကသူေတြနဲ႕ ပညာေရးတကၠသိုလ္ဆင္းမဟုတ္လို႕ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႕ သင္ၾကားေရးကို ျဖစ္သလိုလုပ္ျပီး သင္ေနတဲ့သူေတြဟာ အတူတူနည္းပါး ဆရာဂုဏ္ျပည့္ဝဖုိ႕ လိုအပ္ေသးသူေတြပါပဲ။
ဒီေတာ့ ကၽြန္မတို႕ ကေလးေတြအတြက္ အေကာင္းဆံုး သင္ၾကားေပးနုိင္ဖုိ႕ ကိုယ္တုိင္ကလည္း အေတြ႕အၾကံုအေျချပဳျပီး အျမဲသံုးသပ္၊ျပင္ဆင္၊သင္ယူ၊ေလ့က်င့္သြားမယ္ဆိုရင္ျဖင့္ ျမန္မာနုိင္ငံက ကေလးေတြရဲ႕ ပညာေရးဟာ ဘယ္ေလာက္ေတာင္မ်ား တိုးတက္လာမလဲဆိုတာ ေတြးၾကည့္ၾကစမ္းပါေလ။
ေမတၱာျဖင့္…
Sayarma-ဆရာမ
Kolbရဲ႕ စာေတြကို ဖတ္ခ်င္သူေတြအတြက္ စာအုပ္အညႊန္းေလးေတြပါ။
• Kolb, A. Y., Kolb, D. A. (2011). Kolb Learning Style Inventory 4.0 Boston MA: Hay Group.
• Kolb, A. Y., Kolb, D. A. (2010). Learning to play, playing to learn: A case study of a ludic learning space (1 ed., vol. 23, pp. 26-50). Journal of Organizational Change Management.
• Kolb, A. Y., Kolb, D. A. (2009). In Armstrong, S. J. & Fukami, C. (Ed.), Experiential learning theory: A dynamic, holistic approach to management learning, education and development (pp. 50). London: Sage Publications Handbook of Management Learning, Education and Development.
• Kolb, D. A., Boyatzis, R. E., & Mainemelis, C. (2000). Experiential Learning Theory: Previous Research and New Directions. In Perspectives on cognitive, learning, and thinking styles. Sternberg & Zhang (Eds.). NJ: Lawrence Erlbaum.
• Kolb, D. A. (1984). Experiential learning: Experience as the source of learning and development. New Jersey: Prentice-Hall.