[ Unicode ]

သတိတရား လို့ပြောရင် ဘာသာရေး စကားလုံးလို့ မှတ်ယူကြပေမယ့် လူတိုင်းအတွက် အရေးပါလို့ ဘာသာ လူမျိုး မခွဲခြားဘဲ နိုင်ငံတကာမှာ ကလေးငယ်တွေကစလို့ သတိတရား အခြေပြု သင်ခန်းစာ (mindfulness based lessons)တွေကို ထည့်သွင်းအသုံးပြုနေကြပါတယ်။ အထူးသဖြင့် အနိုင်ကျင့်တတ်တဲ့ကလေးတွေ၊ လူဆိုးလေးတွေများတဲ့ အတန်းတွေ၊ ကျောင်းတွေမှာ သတိတရားဆိုင်ရာ သင်ခန်းစာတွေ၊ စိတ်ငြိမ်စေသော လေ့ကျင့်ခန်းတွေလုပ်ပေးရင် ကလေးအချင်းချင်း အနိုင်ကျင့်ကြတဲ့ ပြဿနာတွေ လျော့ကြသွားကြောင်း သုတေသနတွေမှာ တွေ့ရှိရပါတယ်။

သတိတရား (mindfulness) ဆိုတာ ကျွန်မတို့ရဲ့ လူမှုဝန်းကျင်မှာ အထူးလိုအပ်တဲ့ လူမှု-စိတ်ခံစားချက်ဆိုင်ရာ စွမ်းရည် (Social-emotional skills)တွေဖြစ်တဲ့ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း နဲ့ မိမိကိုယ်ကို သိမှုစွမ်းရည်တို့ကို တိုးတက်စေပါတယ်။ သတိတရားသင်ခန်းစာတွေမှာ ကလေးတွေကို သူတို့ရဲ့ အတွေးတွေ၊ ခံစားချက်တွေနဲ့ လုပ်ရပ်တွေကို သတိမူ၊ သတိထားမိပြီး အပြုသဘောဆောင်သော တုန့်ပြန်မှုတွေရှိနိုင်အောင် ကူညီပေးတာပါ။ အထူးလိုအပ်ချက်ရှိတဲ့ကလေးတွေ၊ ADHDလို သင်ယူမှုဆိုင်ရာ အခက်အခဲ ရှိတဲ့ကလေးတွေအတွက်လည်း စိတ်ပိုင်းဆိုင်ရာ ပိုမိုတည်ငြိမ်မှုရစေပြီး အခြားကလေးငယ်တွေနဲ့ ပိုပြီး ပြောဆိုဆက်ဆံ ချိတ်ဆက်နိုင်တယ်လို့လည်း တွေ့ရှိကြပါတယ်။

ဒါကြောင့် ကျွန်မတို့ ဒီ ကိုဗစ်ကာလမှာ စိတ်တိုလွယ်လာတဲ့ ကလေးတွေ၊ စိတ်ညစ် စိတ်ရှုပ်စရာများလာတဲ့ ကလေးတွေအတွက် အသုံးဝင်စေမယ့် သတိတရားဆိုင်ရာ သင်ပြနိုင်ပုံလေးတွေကို လေ့လာမိသလောက် မျှဝေပါ့မယ်။

၁) နှလုံးခုန်နှုန်းနားထောင်ခြင်း – အသက်ရှူနေစဉ် ကိုယ့်ရဲ့ နှလုံးခုန်သံကို သတိပြု နားထောင်စေခြင်း၊ မှတ်သားစေခြင်းဖြစ်ပါတယ်။ ကလေးကို မတ်တပ်ရပ်ခိုင်းပါ၊ လှုပ်ရှားမှု တစ်ခုခု (သို့) သွေးပူလေ့ကျင့်ခန်း တစ်ခုခု ကို (၁) မိနစ်လုပ်ခိုင်းပါ။ ပြီးရင် ကလေးတွေရဲ့ လက်ကို နှလုံးပေါ်တင်စေပြီး နှလုံးခုန်သံနဲ့ အသက်ရှူသံကို နားထောင် သတိပြုရမှာပါ။ အချိန်ကာလတစ်ခုထိ နားထောင်ရင် ကလေးတွေက သူတို့ရဲ့ ခန္ဓာကိုယ်ရဲ့ ခံစားမှုတွေကို ပိုပြီး သတိပြုလာနိုင်ပါလိမ့်မယ်။

၂) စိတ်ငြိမ်စေသော ဆေးရောင်ခြယ်ခြင်း – အရောင်ခြယ်စရာ အကွက်တွေ နေရာတွေများများပါတဲ့ အရောင်မပါသော ပန်းချီတွေကို အသုံးပြုပြီး အသေးစိတ် အရောင်ခြယ်ခိုင်းခြင်းလုပ်ငန်းကို ဆိုလိုတာပါ။ မတူညီတဲ့ ဆေးရောင်တွေကို အာရုံစိုက် ခြယ်နေရင်း ကလေးတွေရဲ့ စိတ်ငြိမ်မှုကို ရရှိစေနိုင်ပါတယ်။ အင်တာနက်မှာ – Mandala Painting ဆိုပြီးရှာရင်လည်း တွေ့နိုင်ပါတယ်။ ပေးထားတဲ့ လင့်ခ်ထဲမှာ ကလေးတွေအတွက် ကိုးကားနိုင်မယ့် ပုံတွေ ပါပါတယ်။ https://bit.ly/2TXHvyC

၃) STOP လေ့ကျင့်ခန်း – တစ်နေ့တာအတွင်းမှာ အကြိမ်ရေ အနည်းငယ် ကလေးတွေနဲ့ အတူတူ လုပ်နိုင်မယ့်လုပ်ငန်းပါ။ S – Stop – ရပ်တန့်ပါ၊ T – Take a breath – အသက်ရှူပါ၊ O – Observe – ပတ်ဝန်းကျင်မှာ/ကိုယ့်ခန္ဓာကိုယ်ထဲမှာ/စိတ်ထဲမှာ ဘာတွေဖြစ်နေလဲ စောင့်ကြည့်ပါ၊ P – Proceed – ဆက်လုပ်ပါ။ အဓိက ကတော့ တစ်ခုခုလုပ်နေတဲ့ အချိန်မှာ ခဏလောက် ရပ်တန့်ပြီး ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို စောင့်ကြည့် သတိပြုစေတာပါ။ ကလေးနဲ့ အတူတူ STOP လုပ်ရင်း အပြန်အလှန် တွေ့ရှိချက်တွေကို မျှဝေပါ။

၄) ကျေးဇူး သတိပြု လေ့ကျင့်ခန်း – ကျေးဇူးတင်ခြင်း (သို့) ကျေးဇူးတရားကို အောက်မေ့ခြင်းဟာ ပျော်ရွှင်ခြင်း၊ စိတ်ဖိစီးမှုကို လျော့ကြခြင်းတွေကို ဖြစ်စေပါတယ်။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး တစ်ခါ ကိုယ့်ဘဝမှာ (သို့) ကိုယ့်ရဲ့ တစ်နေ့တာမှာ ကျေးဇူးတင်ရတဲ့ အရာ၊ ကျေးဇူးတင်ရတဲ့သူတွေ အကြောင်းကို ခဏ စဉ်းစားစေပြီး မျှဝေစေခြင်းဖြစ်ပါတယ်။ ကိုယ့်ကို ထမင်းချက်ပေးတဲ့ မေမေကို ကျေးဇူးတင်ပါတယ် ပြောမလား၊ ကိုယ့်ကို ရယ်မောစေတဲ့သူကို ကျေးဇူးတင်မလား၊ – ဘယ်လို အရာဖြစ်ဖြစ်၊ ဘယ်သူ့ကိုဖြစ်ဖြစ် ကျေးဇူးတင်ဖို့ လေ့ကျင့်ပေးနိုင်ပါတယ်။

၅) အာရုံငါးပါး သတိပြုခြင်း – ကျွန်မတို့ ခံစားသိရှိနိုင်တဲ့ အာရုံတွေကို သတိမူမိအောင် သင်ကြားပေးခြင်း ဖြစ်ပါတယ်။ ပြုလုပ်ပုံကတော့ – အမြင်အာရုံ – ကိုယ်ရှေ့မှာ မြင်နိုင်တဲ့ အရာ (၅)ခုကို အချိန်တစ်ခုသတ်မှတ်ပြီး သေချာ သတိမူစေပါ။ အကြားအာရုံ – အမြင်ပြီးတဲ့အခါ အထိအတွေ့ အာရုံနဲ့ သိနိုင်တဲ့ အရာ (၄)ခုကို သတ်မှတ်ချိန်အထိ သတိမူစေပါ။ ပြီးရင် – အကြားအာရုံ – ကိုယ်ကြားနိုင်တဲ့ အသံ (၃)သံကို သတ်မှတ်ထားတဲ့ အချိန်အတွင်း သတိမူစေပါ။ နောက်တော့ – အနံ့အာရုံ – ကိုယ်ရှိနေတဲ့နေရာမှာ ရနိုင်တဲ့ အနံ့ (၂)မျိုးကို သတိမူစေပါ။ နောက်ဆုံးမှာ အရသာအာရုံ – လက်ရှိ ခံတွင်းက အရသာ (သို့) အရသာ တစ်ခုခု ခံစားနိုင်ဖို့ တစ်ခုခု သောက်တာ၊စားတာမျိုးလုပ်ပြီး ကိုယ်ရနိုင်တဲ့ အရသာ (၁)ခုကို သေချာ အာရုံထားခိုင်းပါ။

၆) ကျောက်တုံးများဖြင့် ခံစားချက်ကို သတိပြုနားလည်စေခြင်း – ခံစားချက်တွေကို စကားလုံးတွေနဲ့ ဖေါ်ပြဖို့ ခက်ခဲတဲ့ ကလေးတွေအတွက်ရော၊ ကလေးတွေနဲ့ လူကြီးတွေအကြား ဖြစ်ပေါ်နေတဲ့ ခံစားချက်တွေကို အပြန်အလှန် နားလည်နိုင်ဖို့ အသုံးပြုနိုင်တဲ့ နည်းလေးပါ။ ပြုလုပ်ပုံကတော့ ကျောက်တုံးများပေါ်မှာ ခံစားချက်အမျိုးမျိုးကို ဖေါ်ပြတဲ့ မျက်လုံးပုံစံ၊ ပါးစပ်၊ နှာခေါင်း ပုံတွေကို ဆွဲပါ။ ပြီးရင် စာရွက်ပေါ်မှာ မျက်နှာပုံစံ အဝိုင်းဆွဲပြီး၊ အဲဒီ့အဝိုင်းထဲမှာ ဆွဲထားတဲ့ မျက်လုံးတွေ၊ နှာခေါင်းတွေနဲ့ ပါးစပ်တွေကို စိတ်ခံစားချက်အလိုက် တွဲစပ်ပြီး ပြတာပါ။ ပျော်နေချိန်မှာ ရယ်နေပုံကို ပြတဲ့ မျက်လုံးနဲ့ ရယ်နေတဲ့ နှုတ်ခမ်းမျိုးကို တွဲစပ်တာမျိုးပေါ့။

၇) မေတ္တာ တရားထိုင်ခြင်း – မေတ္တာတရားဟာ မိမိကိုယ်ကို အတွက်ရော၊ အခြားသူတွေအတွက်ပါ ထားရှိနိုင်တဲ့ ကရုဏာပြည့်ဝသော နှလုံးသားကိုဖြစ်စေတယ်။ ဒီလုပ်ငန်းလေးကို ပြုလုပ်ဖို့ ပုံမှန်တရားထိုင်သလို သက်တောင့်သက်သာဖြစ်အောင် ထိုင်ခိုင်းပါ။ အသက်ရှူခြင်း (သို့) အာရုံတစ်ခုခုကို သတိပြုစေပါ။ ပြီးရင် မိမိကိုယ်ကို ဖြစ်ဖြစ်၊ အခြားသူတွေကိုဖြစ်ဖြစ် ပိုမိုကောင်းမွန်သောအခြေအနေဖြစ်ဖို့၊ မေတ္တာရှိကြစေဖို့၊ ကြင်နာတတ်ဖို့၊ ကျန်းမာစေဖို့ အစရှိတဲ့ ကောင်းမွန်သော တောင်းဆုများ ဆန္ဒများနဲ့ ငြိမ်သက်စွာ ထိုင်ရင်း မေတ္တာပို့ပါ။ ကလေးတွေအတွက်ဆိုရင် အသင့် ရေးဖွဲ့ထားတဲ့ မေတ္တာပို့စာများကို အသုံးပြုနိုင်ပါတယ်။

သတိတရားတိုးတက်ပြီး ပို၍ ကောင်းသောသူ၊ ပိုပြီး သမာဓိအားကောင်းသောသူ၊ ပိုပြီး ကြင်နာတတ်သူတွေဖြစ်နိုင်ဖို့ အခုမျှဝေထားတဲ့လုပ်ငန်း (၇)ခု အပြင် အများကြီး ချဲ့ထွင် ပြုလုပ်နိုင်ပါတယ်။ သတိတရားရှိခြင်းဟာ ဘာသာမခွဲခြား၊ အဆင့်အတန်းနဲ့ လူမျိုး မခွဲခြားဘဲ အရေးပါတဲ့ လိုအပ်တဲ့ စွမ်းရည်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အခုမျှဝေမှုလေးကို ကိုးကားပြီး သတိတရား လက်ကိုင်ထားသော၊ မေတ္တာပြည့်ဝသော ကလေးငယ်များဖြစ်အောင် ကူညီပံ့ပိုးနိုင်ပါစေလို့ ကျွန်မ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

မေတ္တာဖြင့်…
Sayarma-ဆရာမ

ကိုးကား

  1. Davidson, R. and Lutz, A. Buddha’s brain: neuroplasticity and meditation. IEEE Signal Process Magazine, 2008, 25(1), pp. 174–176.
  2. Weare, K. Evidence for the Impact of Mindfulness on Children and Young People. The Mindfulness in Schools Project, April 2012, pp. 1-12.
  3. Greater Good Magazine. Mindfulness Definition: What Is Mindfulness? Retrieved from berkeley.edu: https://greatergood.berkeley.edu/…/mindfulness/definition.
  4. Napoli, M.N., Krech, P.R., and Holley, L.C. Mindfulness Training for Elementary School Students. Journal of Applied School Psychology, 2005, 21(1), pp. 99-125.
  5. Meiklejohn, J. et. al. Integrating Mindfulness Training into K-12 Education: Fostering the Resilience of Teachers and Students. Mindfulness, 3(4), pp. 291-307.
  6. Leland, M. Mindfulness and Student Success. Journal of Adult Education, 2015, 44(1), pp. 19-24.
  7. Benn, R., Akiva, T., Arel, S., and Roeser, R. W. Mindfulness training effects for parents and educators of children with special needs. Developmental Psychology, 2012, 48(5), pp. 1476-87.

Photo Credit – https://www.pinterest.com.au/pin/310748443043238000/

[ Zawgyi ]

သတိတရား လို႔ေျပာရင္ ဘာသာေရး စကားလုံးလို႔ မွတ္ယူၾကေပမယ့္ လူတိုင္းအတြက္ အေရးပါလို႔ ဘာသာ လူမ်ိဳး မခြဲျခားဘဲ နိုင္ငံတကာမွာ ကေလးငယ္ေတြကစလို႔ သတိတရား အေျချပဳ သင္ခန္းစာ (mindfulness based lessons)ေတြကို ထည့္သြင္းအသုံးျပဳေနၾကပါတယ္။ အထူးသျဖင့္ အနိုင္က်င့္တတ္တဲ့ကေလးေတြ၊ လူဆိုးေလးေတြမ်ားတဲ့ အတန္းေတြ၊ ေက်ာင္းေတြမွာ သတိတရားဆိုင္ရာ သင္ခန္းစာေတြ၊ စိတ္ၿငိမ္ေစေသာ ေလ့က်င့္ခန္းေတြလုပ္ေပးရင္ ကေလးအခ်င္းခ်င္း အနိုင္က်င့္ၾကတဲ့ ျပႆနာေတြ ေလ်ာ့ၾကသြားေၾကာင္း သုေတသနေတြမွာ ေတြ႕ရွိရပါတယ္။

သတိတရား (mindfulness) ဆိုတာ ကၽြန္မတို႔ရဲ့ လူမႈဝန္းက်င္မွာ အထူးလိုအပ္တဲ့ လူမႈ-စိတ္ခံစားခ်က္ဆိုင္ရာ စြမ္းရည္ (Social-emotional skills)ေတြျဖစ္တဲ့ မိမိကိုယ္ကို ထိန္းခ်ဳပ္နိုင္စြမ္း နဲ႔ မိမိကိုယ္ကို သိမႈစြမ္းရည္တို႔ကို တိုးတက္ေစပါတယ္။ သတိတရားသင္ခန္းစာေတြမွာ ကေလးေတြကို သူတို႔ရဲ့ အေတြးေတြ၊ ခံစားခ်က္ေတြနဲ႔ လုပ္ရပ္ေတြကို သတိမူ၊ သတိထားမိၿပီး အျပဳသေဘာေဆာင္ေသာ တုန႔္ျပန္မႈေတြရွိနိုင္ေအာင္ ကူညီေပးတာပါ။ အထူးလိုအပ္ခ်က္ရွိတဲ့ကေလးေတြ၊ ADHDလို သင္ယူမႈဆိုင္ရာ အခက္အခဲ ရွိတဲ့ကေလးေတြအတြက္လည္း စိတ္ပိုင္းဆိုင္ရာ ပိုမိုတည္ၿငိမ္မႈရေစၿပီး အျခားကေလးငယ္ေတြနဲ႔ ပိုၿပီး ေျပာဆိုဆက္ဆံ ခ်ိတ္ဆက္နိုင္တယ္လို႔လည္း ေတြ႕ရွိၾကပါတယ္။

ဒါေၾကာင့္ ကၽြန္မတို႔ ဒီ ကိုဗစ္ကာလမွာ စိတ္တိုလြယ္လာတဲ့ ကေလးေတြ၊ စိတ္ညစ္ စိတ္ရႈပ္စရာမ်ားလာတဲ့ ကေလးေတြအတြက္ အသုံးဝင္ေစမယ့္ သတိတရားဆိုင္ရာ သင္ျပနိုင္ပုံေလးေတြကို ေလ့လာမိသေလာက္ မၽွေဝပါ့မယ္။

၁) ႏွလုံးခုန္ႏႈန္းနားေထာင္ျခင္း – အသက္ရႉေနစဥ္ ကိုယ့္ရဲ့ ႏွလုံးခုန္သံကို သတိျပဳ နားေထာင္ေစျခင္း၊ မွတ္သားေစျခင္းျဖစ္ပါတယ္။ ကေလးကို မတ္တပ္ရပ္ခိုင္းပါ၊ လႈပ္ရွားမႈ တစ္ခုခု (သို႔) ေသြးပူေလ့က်င့္ခန္း တစ္ခုခု ကို (၁) မိနစ္လုပ္ခိုင္းပါ။ ၿပီးရင္ ကေလးေတြရဲ့ လက္ကို ႏွလုံးေပၚတင္ေစၿပီး ႏွလုံးခုန္သံနဲ႔ အသက္ရႉသံကို နားေထာင္ သတိျပဳရမွာပါ။ အခ်ိန္ကာလတစ္ခုထိ နားေထာင္ရင္ ကေလးေတြက သူတို႔ရဲ့ ခႏၶာကိုယ္ရဲ့ ခံစားမႈေတြကို ပိုၿပီး သတိျပဳလာနိုင္ပါလိမ့္မယ္။

၂) စိတ္ၿငိမ္ေစေသာ ေဆးေရာင္ျခယ္ျခင္း – အေရာင္ျခယ္စရာ အကြက္ေတြ ေနရာေတြမ်ားမ်ားပါတဲ့ အေရာင္မပါေသာ ပန္းခ်ီေတြကို အသုံးျပဳၿပီး အေသးစိတ္ အေရာင္ျခယ္ခိုင္းျခင္းလုပ္ငန္းကို ဆိုလိုတာပါ။ မတူညီတဲ့ ေဆးေရာင္ေတြကို အာ႐ုံစိုက္ ျခယ္ေနရင္း ကေလးေတြရဲ့ စိတ္ၿငိမ္မႈကို ရရွိေစနိုင္ပါတယ္။ အင္တာနက္မွာ – Mandala Painting ဆိုၿပီးရွာရင္လည္း ေတြ႕နိုင္ပါတယ္။ ေပးထားတဲ့ လင့္ခ္ထဲမွာ ကေလးေတြအတြက္ ကိုးကားနိုင္မယ့္ ပုံေတြ ပါပါတယ္။ https://bit.ly/2TXHvyC

၃) STOP ေလ့က်င့္ခန္း – တစ္ေန႔တာအတြင္းမွာ အႀကိမ္ေရ အနည္းငယ္ ကေလးေတြနဲ႔ အတူတူ လုပ္နိုင္မယ့္လုပ္ငန္းပါ။ S – Stop – ရပ္တန႔္ပါ၊ T – Take a breath – အသက္ရႉပါ၊ O – Observe – ပတ္ဝန္းက်င္မွာ/ကိုယ့္ခႏၶာကိုယ္ထဲမွာ/စိတ္ထဲမွာ ဘာေတြျဖစ္ေနလဲ ေစာင့္ၾကည့္ပါ၊ P – Proceed – ဆက္လုပ္ပါ။ အဓိက ကေတာ့ တစ္ခုခုလုပ္ေနတဲ့ အခ်ိန္မွာ ခဏေလာက္ ရပ္တန႔္ၿပီး ျဖစ္ပ်က္ေနတဲ့ အေျခအေနေတြကို ေစာင့္ၾကည့္ သတိျပဳေစတာပါ။ ကေလးနဲ႔ အတူတူ STOP လုပ္ရင္း အျပန္အလွန္ ေတြ႕ရွိခ်က္ေတြကို မၽွေဝပါ။

၄) ေက်းဇူး သတိျပဳ ေလ့က်င့္ခန္း – ေက်းဇူးတင္ျခင္း (သို႔) ေက်းဇူးတရားကို ေအာက္ေမ့ျခင္းဟာ ေပ်ာ္ရႊင္ျခင္း၊ စိတ္ဖိစီးမႈကို ေလ်ာ့ၾကျခင္းေတြကို ျဖစ္ေစပါတယ္။ ဒါေၾကာင့္ တစ္ေန႔ကို အနည္းဆုံး တစ္ခါ ကိုယ့္ဘဝမွာ (သို႔) ကိုယ့္ရဲ့ တစ္ေန႔တာမွာ ေက်းဇူးတင္ရတဲ့ အရာ၊ ေက်းဇူးတင္ရတဲ့သူေတြ အေၾကာင္းကို ခဏ စဥ္းစားေစၿပီး မၽွေဝေစျခင္းျဖစ္ပါတယ္။ ကိုယ့္ကို ထမင္းခ်က္ေပးတဲ့ ေမေမကို ေက်းဇူးတင္ပါတယ္ ေျပာမလား၊ ကိုယ့္ကို ရယ္ေမာေစတဲ့သူကို ေက်းဇူးတင္မလား၊ – ဘယ္လို အရာျဖစ္ျဖစ္၊ ဘယ္သူ႔ကိုျဖစ္ျဖစ္ ေက်းဇူးတင္ဖို႔ ေလ့က်င့္ေပးနိုင္ပါတယ္။

၅) အာ႐ုံငါးပါး သတိျပဳျခင္း – ကၽြန္မတို႔ ခံစားသိရွိနိုင္တဲ့ အာ႐ုံေတြကို သတိမူမိေအာင္ သင္ၾကားေပးျခင္း ျဖစ္ပါတယ္။ ျပဳလုပ္ပုံကေတာ့ – အျမင္အာ႐ုံ – ကိုယ္ေရွ႕မွာ ျမင္နိုင္တဲ့ အရာ (၅)ခုကို အခ်ိန္တစ္ခုသတ္မွတ္ၿပီး ေသခ်ာ သတိမူေစပါ။ အၾကားအာ႐ုံ – အျမင္ၿပီးတဲ့အခါ အထိအေတြ႕ အာ႐ုံနဲ႔ သိနိုင္တဲ့ အရာ (၄)ခုကို သတ္မွတ္ခ်ိန္အထိ သတိမူေစပါ။ ၿပီးရင္ – အၾကားအာ႐ုံ – ကိုယ္ၾကားနိုင္တဲ့ အသံ (၃)သံကို သတ္မွတ္ထားတဲ့ အခ်ိန္အတြင္း သတိမူေစပါ။ ေနာက္ေတာ့ – အနံ့အာ႐ုံ – ကိုယ္ရွိေနတဲ့ေနရာမွာ ရနိုင္တဲ့ အနံ့ (၂)မ်ိဳးကို သတိမူေစပါ။ ေနာက္ဆုံးမွာ အရသာအာ႐ုံ – လက္ရွိ ခံတြင္းက အရသာ (သို႔) အရသာ တစ္ခုခု ခံစားနိုင္ဖို႔ တစ္ခုခု ေသာက္တာ၊စားတာမ်ိဳးလုပ္ၿပီး ကိုယ္ရနိုင္တဲ့ အရသာ (၁)ခုကို ေသခ်ာ အာ႐ုံထားခိုင္းပါ။

၆) ေက်ာက္တုံးမ်ားျဖင့္ ခံစားခ်က္ကို သတိျပဳနားလည္ေစျခင္း – ခံစားခ်က္ေတြကို စကားလုံးေတြနဲ႔ ေဖၚျပဖို႔ ခက္ခဲတဲ့ ကေလးေတြအတြက္ေရာ၊ ကေလးေတြနဲ႔ လူႀကီးေတြအၾကား ျဖစ္ေပၚေနတဲ့ ခံစားခ်က္ေတြကို အျပန္အလွန္ နားလည္နိုင္ဖို႔ အသုံးျပဳနိုင္တဲ့ နည္းေလးပါ။ ျပဳလုပ္ပုံကေတာ့ ေက်ာက္တုံးမ်ားေပၚမွာ ခံစားခ်က္အမ်ိဳးမ်ိဳးကို ေဖၚျပတဲ့ မ်က္လုံးပုံစံ၊ ပါးစပ္၊ ႏွာေခါင္း ပုံေတြကို ဆြဲပါ။ ၿပီးရင္ စာရြက္ေပၚမွာ မ်က္ႏွာပုံစံ အဝိုင္းဆြဲၿပီး၊ အဲဒီ့အဝိုင္းထဲမွာ ဆြဲထားတဲ့ မ်က္လုံးေတြ၊ ႏွာေခါင္းေတြနဲ႔ ပါးစပ္ေတြကို စိတ္ခံစားခ်က္အလိုက္ တြဲစပ္ၿပီး ျပတာပါ။ ေပ်ာ္ေနခ်ိန္မွာ ရယ္ေနပုံကို ျပတဲ့ မ်က္လုံးနဲ႔ ရယ္ေနတဲ့ ႏႈတ္ခမ္းမ်ိဳးကို တြဲစပ္တာမ်ိဳးေပါ့။

၇) ေမတၱာ တရားထိုင္ျခင္း – ေမတၱာတရားဟာ မိမိကိုယ္ကို အတြက္ေရာ၊ အျခားသူေတြအတြက္ပါ ထားရွိနိုင္တဲ့ က႐ုဏာျပည့္ဝေသာ ႏွလုံးသားကိုျဖစ္ေစတယ္။ ဒီလုပ္ငန္းေလးကို ျပဳလုပ္ဖို႔ ပုံမွန္တရားထိုင္သလို သက္ေတာင့္သက္သာျဖစ္ေအာင္ ထိုင္ခိုင္းပါ။ အသက္ရႉျခင္း (သို႔) အာ႐ုံတစ္ခုခုကို သတိျပဳေစပါ။ ၿပီးရင္ မိမိကိုယ္ကို ျဖစ္ျဖစ္၊ အျခားသူေတြကိုျဖစ္ျဖစ္ ပိုမိုေကာင္းမြန္ေသာအေျခအေနျဖစ္ဖို႔၊ ေမတၱာရွိၾကေစဖို႔၊ ၾကင္နာတတ္ဖို႔၊ က်န္းမာေစဖို႔ အစရွိတဲ့ ေကာင္းမြန္ေသာ ေတာင္းဆုမ်ား ဆႏၵမ်ားနဲ႔ ၿငိမ္သက္စြာ ထိုင္ရင္း ေမတၱာပို႔ပါ။ ကေလးေတြအတြက္ဆိုရင္ အသင့္ ေရးဖြဲ႕ထားတဲ့ ေမတၱာပို႔စာမ်ားကို အသုံးျပဳနိုင္ပါတယ္။

သတိတရားတိုးတက္ၿပီး ပို၍ ေကာင္းေသာသူ၊ ပိုၿပီး သမာဓိအားေကာင္းေသာသူ၊ ပိုၿပီး ၾကင္နာတတ္သူေတြျဖစ္နိုင္ဖို႔ အခုမၽွေဝထားတဲ့လုပ္ငန္း (၇)ခု အျပင္ အမ်ားႀကီး ခ်ဲ႕ထြင္ ျပဳလုပ္နိုင္ပါတယ္။ သတိတရားရွိျခင္းဟာ ဘာသာမခြဲျခား၊ အဆင့္အတန္းနဲ႔ လူမ်ိဳး မခြဲျခားဘဲ အေရးပါတဲ့ လိုအပ္တဲ့ စြမ္းရည္တစ္ခုျဖစ္ပါတယ္။ ဒါေၾကာင့္ အခုမၽွေဝမႈေလးကို ကိုးကားၿပီး သတိတရား လက္ကိုင္ထားေသာ၊ ေမတၱာျပည့္ဝေသာ ကေလးငယ္မ်ားျဖစ္ေအာင္ ကူညီပံ့ပိုးနိုင္ပါေစလို႔ ကၽြန္မ ဆုမြန္ေကာင္းေတာင္းလိုက္ရပါတယ္။

ေမတၱာျဖင့္…
Sayarma-ဆရာမ

ကိုးကား

  1. Davidson, R. and Lutz, A. Buddha’s brain: neuroplasticity and meditation. IEEE Signal Process Magazine, 2008, 25(1), pp. 174–176.
  2. Weare, K. Evidence for the Impact of Mindfulness on Children and Young People. The Mindfulness in Schools Project, April 2012, pp. 1-12.
  3. Greater Good Magazine. Mindfulness Definition: What Is Mindfulness? Retrieved from berkeley.edu: https://greatergood.berkeley.edu/…/mindfulness/definition.
  4. Napoli, M.N., Krech, P.R., and Holley, L.C. Mindfulness Training for Elementary School Students. Journal of Applied School Psychology, 2005, 21(1), pp. 99-125.
  5. Meiklejohn, J. et. al. Integrating Mindfulness Training into K-12 Education: Fostering the Resilience of Teachers and Students. Mindfulness, 3(4), pp. 291-307.
  6. Leland, M. Mindfulness and Student Success. Journal of Adult Education, 2015, 44(1), pp. 19-24.
  7. Benn, R., Akiva, T., Arel, S., and Roeser, R. W. Mindfulness training effects for parents and educators of children with special needs. Developmental Psychology, 2012, 48(5), pp. 1476-87.

Photo Credit – https://www.pinterest.com.au/pin/310748443043238000/