[Unicode]

ဒီဇင်ဘာလ ၁၃ – ၁၄ ရက်နေ့က မန္တလေးက ဖောင်တော်ဦး ဘုန်းတော်ကြီးသင်ပညာရေး အထက်တန်းကျောင်းရဲ့ ၂၅ နှစ်ပြည့် ငွေရတုပွဲလေးကျင်းပခဲ့ပါတယ်။ ကျွန်မကတော့ ၂၀၀၀ ခုနှစ်မှာ ဖောင်တော်ဦးကျောင်းမှာ တက်ရောက်ဖြစ်ခဲ့ချိန်ကစပြီး အခုအချိန်ထိ ဘုနး်တော်ကြီးသင်ပညာရေးကျောင်းတွေနဲ့ဆက်စပ်နေတာဟာလည်း ဖောင်တော်ဦးရဲ့ ကျေးဇူးပါပဲ။ ဒါကြောင့်မို့ ကျွန်မရှိနေခဲ့တဲ့ နေရာကနေ မန္တလေးကို  ငွေရတုပွဲအတွက် အရောက်သွားခဲ့ပါတယ်။  ကျွန်မတက်ခဲ့တဲ့ကျောင်း၊ ကျွန်မကို ပညာတွေ အများကြီး သင်ပေးခဲ့တဲ့ကျောင်း၊ ကျွန်မပြန်ပြီး ကူညီခွင့်ရတဲ့ ကျောင်းဖြစ်တဲ့ ဖောင်တော်ဦးလို  အောင်မြင်နေတယ်လို့ သတ်မှတ်ခြင်း ခံရတဲ့ ကျောင်းဖြစ်ဖို့ ဦးဆောင်သူတွေရဲ့ ဦးဆောင်ပုံ၊ နောက်က လိုက်ပြီး အကောင်အထည်ဖေါ်ရသူတွေရဲ့ အခန်းကဏ္ဍ၊ ကိုယ်ကူညီပေးချင်သူတွေနဲ့ ရင်းနှီးမှု တည်ဆောက်ပုံ၊ စတာတွေနဲ့အတူ ဖောင်တော်ဦးအကျောင်းအကြောင်းလေးအချို့ကို ဝေမျှပေးချင်ပါတယ်။

လွန်ခဲ့တဲ့ ၂၅ နှစ် – ၁၉၉၃ ခုနှစ်မှာ ဖောင်တော်ဦးကျောင်းကို ဆရာတော် ဦးနာယက (ဘုန်းဘုန်းကြီး)နဲ့ ဆရာတော် ဦးဇောတိက (ဘုန်းဘုန်းလေး) – ညီနှောင်နှစ်ပါးက စတင်ပြီး  ဘကကျောင်းအဖြစ် တည်ထောင်ခဲ့တာပါ။ စတင်ပြီးတည်ထောင်တုန်းကဆို အခုချိန်လို တိုက်တာအဆောက်အဦအပြည့်နဲ့ ကျောင်းပရဝုဏ်ဖြစ်နေမလား ၊ ကလေးပေါင်း ၈ဝဝဝကျော်ကို ပညာသင်ပေးနေပါ့မလား၊ ဝန်ထမ်းပေါင်း ၅၀၀ ဝန်းကျင် ရှိနိုင်မလားဆိုတာ ဘယ်သူမှ ခန့်မှန်းနိုင်ခဲ့မှာမဟုတ်ပါဘူး။

ကျွန်မက မူလတန်းကို အစိုးရကျောင်းမှာတက်ခဲ့တာပါ။ မူလတန်းကျောင်းပြီးလို့ အလယ်တန်းကို ပြောင်းရမယ့်အချိန် အခြား အစိုးရကျောင်းကို အခြားသူငယ်ချင်းတွေနဲ့အတူ ပြောင်းချင်ခဲ့တာပါ။ ဖောင်တော်ဦးဆိုတာ ကိုယ့်ခေါင်းထဲမှာ မရှိခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကျောင်းဝန်းကလည်း အမှိုက်တွေနဲ့ ကျောင်းအဆောက်အဦဆိုတာလည်း ဘာမှ သိပ်မရှိဘူးလေ။ အမေက ဖောင်တော်ဦးကို ပို့မယ်လည်းဆိုရော… အရမ်းဝမ်းနည်းတာပဲ။ ၅ တန်းနှစ်ကို (ကျွန်မတို့အခေါ်) ကြက်ခြံထဲမှာ ကျောင်းတက်ရတယ်။ ထိုင်ခုံကလည်း မလောက်လေတော့ ကိုယ်ထိုင်ဖို့ ပျဉ်ပြားလေးတွေ ကိုယ်ထွက်ရှာရတယ်။ ကြာလာတော့လည်း ပျော်သွားတာပါပဲ။ ကိုယ့်စာသင်ခုံကိုယ်တိုင်ဖန်တီးရတာလည်း သိပ်စိတ်ဝင်စားစရာကောင်းတာလို့ တွေးမိတာကိုး။ တစ်ခုတည်းသော Shopping စင်တာဆိုပြီး စာရေးကိရိယာအရောင်းဆိုင်လေးဖွင့်တဲ့နေရာကိုရောက်ဖို့ နွေနေပူပူမှာ အမှိုက်လမ်းလေးကို ဖြတ်ပြီးသွားရတယ်။ အမှိုက်လမ်းဆိုပေမယ့် မြေတွေဖို့ထားလို့ အမှိုက်တွေနဲ့ မြေတွေရောနေတာပါ။ မိုးရွာရင် မြေနိမ့်နေတော့ ကျောင်းနဲ့ကပ်လျက်က မဟာနဒီချောင်း ရေလျှံသမျှ၊ မိုးရေမှှန်သမျှက ဖောင်တော်ဦးကျောင်းဝန်းကို ရေအပြည့်ဖြည့်ပါတော့တယ်။ အဲ့ဒီ့အချိန်တွေဆို အရမ်းပျော် ။ ရေက ပေါင်လည် ရောက်နေတဲ့နေရာတွေမှာ တွေ့ရာ သစ်သားတုံးကို လှေလုပ်ပြီး ကစားရတာကိုး။  ကျွန်မတို့ ဘယ်လို ကစားခဲ့ပါစေ ဘုန်းဘုန်းကြီး ဘုန်းဘုန်းလေးနှစ်ပါးက ကြည့်ပြီး ပျော်နေတတ်တာ။ အရင်ကဆို အရိုက်ခံရမလားဆိုပြီး ကြောက်ခဲ့ပေမယ့် ဘုန်းဘုန်းတို့က ကလေးတွေကို လွတ်လပ်စွာ ကစားခွင့်ပေးတယ်၊ အန္တရာယ်ကင်းနေသ၍  ကြိုက်သလို ကစားလို့ရတယ်။ ဒါကြောင့်လည်း ကလေးတွေက ချစ်ကြတာနေမယ်။  ကလေးသဘာဝကို နားလည်ပြီး တတ်နိုင်သလောက် လွတ်လပ်စွာပေးတော့ ကလေးတွေနဲ့ ဘုန်းဘုန်းတို့ကြားက ဆက်ဆံရေးက အခြားသူတွေထက် ပို ခိုင်မာတာလို့ ကျွန်မမြင်တယ်။

ဘုန်းဘုန်းကြီးရော၊ ဘုန်းဘုန်းလေးရော နှစ်ပါးလုံးက တိုင်တိုင်ပင်ပင်အမြဲရှိတယ်။ တစ်ပါးကိုတစ်ပါး သေချာ နားထောင်ပေးတယ်၊ အမြင်မတူရင်လည်း ကိုယ့်အမြင် သူ့အမြင် ဖလှယ်တယ်။ သေချာတာကတော့ တစ်ပါးနဲ့တစ်ပါး နားထောင်ရုံတင်မဟုတ်ဘူး အချင်းချင်း ပံ့ပိုးတယ်၊ လိုတဲ့နေရာဖြည့်တယ်။ ဒီနေရာမှာ ဘုန်းဘုန်းလေး အကြောင်း မျှဝေချင်ပါတယ်။ ဘုန်းဘုန်းကြီးလို အားလုံးသိပ်မသိကြဘူး။ ကျောင်းမှာပဲအမြဲရှိတယ်။ နိုင်ငံခြားကိုတောင် မသွားဘူး။ ဘုန်းဘုန်းကြီးကသွားတယ်၊ ပြောတယ်၊ လူသိများတယ်။ ဘုန်းဘုနး်ကြီး မလုပ်နိုင်တဲ့ အလုပ်တွေကို ဘုန်းဘုန်းလေးက  နောက်ကနေ တတ်နိုင်သမျှ ကြိုးစား ဖြည့်ဆည်းပေးတယ်။ တစ်ပါးကျတော့ လူသိများပြီး နောက်တစ်ပါးကို သိပ်မသိကြဘူးဆိုပြီး စိတ်ကွက်တာမျိုးလုံးဝမရှိဘဲ၊ ဘုန်းဘုန်းကြီးလည်း  ကျောင်းအတွက် လုပ်နေတာဖြစ်လို့  ဘုန်းဘုန်းလေးကလည်း အကောင်းဆုံး တတ်နိုင်သလောက် လုပ်ပေးမယ်ဆိုတဲ့ စိတ်အပြည့်နဲ့ ပံ့ပိုးရှာတယ်။ ကျွန်မအမြင်ကတော့ ကျောင်းပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းပဲဖြစ်ဖြစ် ပါဝင် လုပ်ဆောင်နေသူတွေအားလုံးဟာတန်ဖိုးရှိတယ်။ ကိုယ်မလုပ်ဆောင်နိုင်တဲ့ အပိုင်းကို အခြားသူလုပ်ဆောင်နေရင် ဖြူစင်စွာ မုဒိတာပွါးပြီး တတ်နိုင်တဲ့ဘက်က ပံ့ပိုးပေးရင် တွဲလက်ညီစွာ ဦးဆောင်နိုင်မယ်ထင်တယ်။

ကျွန်မတို့ ငယ်ငယ်ကနေ အခုအချိန်အထိ တစ်ပါးတစ်လှည့်စီ ကျောင်းထဲကို အမြဲ လိုက်ကြည့်တယ်။ နှစ်ပါးလုံးက ကလေးတွေချစ်တတ်တော့ ကလေးတွေနဲ့အမြဲစကားပြောဖြစ်တယ်။ ကလေးတွေ ဘာလိုလို ဖြည့်ဆည်းဖို့ ကြိုးစားကြတယ်၊ ယုတ်ဆွအဆုံး ကလေးမိဘတွေရဲ့ အိမ်တွေင်းရေးပြဿနာတွေ၊ အကြွေးကိစ္စတွေကအစ ဘုန်းတော်ကြီးနှစ်ပါးခမျာ ဖြေရှင်းပေးရရှာတယ်။ အလွန်ဆုံး စီးပွါးရေးအဆင်မပြေတဲ့ အိမ်ကကလေးတွေဆိုရင် စားရိတ်တွေအကုန်ထောက်ပေးတယ်၊ မိဘနဲ့ အတူနေဖို့ မဖြစ်နိုင်တာမျိုးတွေဆိုရင် ကျောင်းထဲမှာ စားရိတ်ငြိမ်း ခေါ်ကျွေးထားတယ်။ အဖွဲ့အစည်းတစ်ခုမှာ ဦးဆောင်တဲ့သူတွေရဲ့ စိတ်နေသဘောထားနဲ့ ခံယူချက်တွေက အဲဒီ့အဖွဲ့အစည်းအပေါ်မှာ အများကြီး သက်ရောက်တယ်ဆိုတာ သိပ်မှန်တယ်။ ဦးဆောင်တဲ့ဘုန်းဘုန်းတွေက ကူညီချင်သူတွေဆိုတော့ ဘုန်းဘုန်းတို့ စတင်ပြီးထောင်ခဲ့တဲ့ ကျောင်းကလည်း အများအကျိုးအတွက်ပဲ ဖြစ်ခဲ့တယ်။ ခေါင်းဆောင်တဲ့သူတွေရဲ့ စိတ်နေသဘောထားကောင်းဖို့ဟာလည်း သိပ်ကို အရေးပါတယ်ဆိုတာကို ကျွန်မ သင်ယူခဲ့ရတယ်။

ဘုန်းဘုန်းကြီး၊ ဘုန်းဘုန်းလေးတို့ဟာ လူမျိုး၊ ဘာသာ၊ အသားရောင် မခွဲဘဲ လူကိုလူလိုမြင်ပြီး တတ်နိုင်တာကူညီမယ်၊ ကောင်းမွန်သော ပညာရေးကို ပေးဖို့ ကြိုးစားမယ်ဆိုတဲ့ ခံယူချက်ကြောင့် ဗုဒ္ဓဘာသာဘုန်းကြီးနှစ်ပါး ဦးဆောင်တဲ့ ကျောင်းဖြစ်သော်ငြားလည်း လူမျိုး၊ဘာသာမရွေးကို တန်းတူလက်ခံတယ်၊ တန်းတူ ကူညီခဲ့တယ်။ ဆရာတော်တွေရဲ့ စေတနာကတော့ အံ့မခန်းပါပဲ။ စေတနာက အကျိုးပေးတယ်ဆိုတာကိုတော့ ဘုန်းဘုန်းတို့ကို ကြည့်ရင် ယုံရတယ်။ ဘုန်းဘုန်းတို့သူတစ်ပါးအပေါ် အကျိုးမြတ်ရယူလိုမှုမရှိဘဲ ကူညီတော့ ချစ်ခင်လေးစားကြတယ်။ အခွင့်အရေးယူခံရတဲ့အခါတွေလည်းရှိပေမယ့် ကိုယ့်ဘက်က ကောင်းဖို့လိုတယ်ဆိုတဲ့ စိတ်နဲ့ ကူညီမြဲကူညီကြတယ်။ ဘယ်လို အနှောင့်ယှက်ကြောင့်မဆို ကိုယ့်ရဲ့ ရပ်တည်ချက်ကို မပြောင်းလဲဘူးဆိုတဲ့ စိတ်ဆန္ဒကလည်း ဒီနေ့လို အောင်မြင်နေတဲ့ကျောင်းတစ်ကျောင်းဖြစ်စေဖို့ တွန်းအားတစ်ခုလို့ ကျွန်မမြင်ပါတယ်။

ဘုနး်ဘုန်းကြီးနဲ့ဘုန်းဘုန်းလေးက ကျောင်းမှာရှိတဲ့ ကလေး၊လူကြီးမခွဲခြားဘဲ အားလုံးရဲ့ ထင်မြင်ချက်၊ အတွေးအခေါ်တွေကို မျှဝေခွင့်ပြုတယ်၊ ဆွေးနွေးခွင့်ပြုတယ်။ ကိုယ့်ရဲ့ ထင်မြင်ချက်ဟာ ကောင်းမွန်သင့်တော်တယ်၊ ဖြစ်နိုင်ခြေရှိတယ်ဆိုရင် စမ်းသပ်ခွင့်ပေးတယ်။ ဒါကြောင့် မတူညီတဲ့အတွေးအမြင်တွေနဲ့ မတူညီတဲ့လုပ်ငန်းအများအပြား ကျောင်းမှာ ရှိနေတယ်။ အမျိုးမျိုးသော အကြောင်းအရာတွေကြောင့် အချို့ ဆရာ၊မတွေဟာ ဖောင်တော်ဦးကျောင်းမှာ ပညာသင်ယူ၊ ပညာပေးဝေပြီး အခြား ပြင်ပ ကျောင်းတွေမှာ အလုပ်လုပ်ကြတာ ရှိတယ်၊ ကိုယ့်အရပ်ဒေသကို ပြန်ပြီး အကျိုးပြုလုပ်ငန်းတွေလုပ်ကြတယ်၊ အမျိုးမျိုးသော ဝန်ထမ်းတွေနဲ့ အမြဲပြောင်းလဲနေတဲ့ လုပ်ငန်းအစီအစဉ်တွေကြားမှာ ရည်ရှည်တည်တံ့နိုင်ဖို့ ကြံ့ကြံ့ခံနိုင်ဖို့၊ ကြိုးစားရတာဟာ တစ်ခါတစ်လေ ပျော်စရာကောင်းတယ်လို့တောင် မြင်မိတယ်။ အမြဲတစ်သတ်မှတ်ထဲဖြစ်နေတဲ့ စနစ်ကြီးမှာ ပုံမှန်လုပ်တွေကို အမြဲလုပ်နေသူ လူတစ်စုကပဲ တစ်ပုံစံထဲလုပ်နေရရင် သင်ယူမှုအသစ်တွေမရှိဘဲ ပျင်းစရာကောင်းနေပြီး ဦးနောက်အတွက်လည်း အလုပ်သိပ်စရာမရှိတော့ ဦးနှောက်သံချေးတက်ကုန်မှာ စိုးရတယ်။  ဒါပေမယ့် ဖောင်တော်ဦးကို ဦးဆောင်နေတဲ့ ဆရာတော်တွေ၊ ဆရာ၊မတွေ၊ ကလေးတွေနဲ့ ကူညီပါဝင်ကြသူတွေဟာ အမြဲစဉ်းစားဝေဖန်သုံးသပ်နေရပြီး တီထွင်ဆန်းသစ်ဖို့အတွက် အတွေးအမြင်တွေ ထက်အောင်၊ လုပ်ဆောင်ချက်တွေ မြတ်အောင် အမြဲ ကြိုးစားနေရတယ်။ ဒါကြောင့် ဖောင်တော်ဦးကျောင်းကို ပြီးပြည့်စုံနေလို့ အောင်မြင်နေတဲ့ကျောင်းလို့ ကျွန်မကသတ်မှတ်တာ မဟုတ်ဘဲ၊ ပြောင်းလဲနေတဲ့ အခြေအနေ၊ အတွေးအခေါ်၊ အယူအဆ၊ လူသားအရင်းအမြစ်နဲ့ အချိန်အခါပေါ်မှာ အပြုသဘောနဲ့ တိုးတက်ပြောင်းလဲမှုရှိအောင် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်မှုရှိနေလို့ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းပြီး သင်ယူမှုတွေနဲ့ ပြည့်နှက်နေလို့ အောင်မြင်တယ်လို့ ပြောတာပါ။

အဖွဲ့အစည်းတစ်ခု၊ကျောင်းတစ်ကျောင်း နောက်ဆုံး နိုင်ငံတစ်နိုင်ငံမှာ  ဦးဆောင်သူတွေနဲ့ နောက်က လိုက်ကြသူတွေ ညီကြဖို့လိုပါတယ်။ ညီတယ်ဆိုတာ အပြန်အလှန်လေးစားမှုရှိတယ်၊ မတူညီတဲ့အမြင်တွေကို နားထောင်ကြတယ် ဆွေးနွေးကြတယ်၊ အတတ်နိုင်ဆုံး ကြိုးစားပြီးတော့လည်း အကောင်အထည်ဖေါ်ကြတယ် ဆိုတာမျိုးကို ဆိုလိုချင်တာပါ။ ဦးဆောင်သူ ကျောင်းအုပ်ဘုန်းဘုန်းတွေက တက်ကြွထက်မြတ် ကြပေမယ့် ကိုယ်လုပ်ချင်တာ၊ ဖြစ်ချင်တာကို တိုင်ပင်ဆွေးနွေးမှုမရှိ၊ မတူညီတဲ့အမြင်တွေကိုလည်း လေးလေးစားစား နားမထောင်၊ နောက်ကလိုက်တဲ့သူတွေကလည်း လုပ်ချင်တာလုပ်ရင် ရှေ့ကို ရောက်ဖို့ မလွယ်ဘူး။ ဥပမာ တစ်ခုပေးရရင်-  အခု ကျွန်မတို့ဖောင်တော်ဦးမှာ တက္ကသိုလ်ဖွင့်ဖို့စီစဉ်နေပါတယ်။ အပြည်ပြည်ဆိုင်ရာတက္ကသိုလ်တစ်ခုမို့နိုင်ငံတစ်ကာ စံချိန်စံချိုးတွေနဲ့ညီဖို့ ကြိုးပမ်းရပါတယ်။ဒီလို နိုင်ငံတစ်ကာ အဆင့်မီတက္ကသိုလ်ဖြစ်ဖို့ အဲဒီ့နိုင်ငံတစ်ကာအဆင့်မီပညာရေးတစ်ခုဆိုတာ ဘယ်လိုမျိုးလည်းဆိုတာ သိဖို့လိုသလို လက်တွေ့အကောင်အထည်ဖေါ်ကြမယ့် ကျွန်မတို့တွေကလည်း အတွေ့အကြုံရှိဖို့အများကြီးလိုပါတယ်။ မတူညီတဲ့ အတွေ့အကြုံတွေရှိကြတာမို့ တစ်ခါတစ်လေ ဘုန်းဘုန်းတို့နဲ့ ကျွန်မအမြင်ကွဲလွဲတာတွေရှိပါတယ်။ ဘုန်းဘုန်းတို့က ကျွန်မအမြင်ကို လက်ခံလိုက်ရတာရှိသလို ၊ ကျွန်မကလည်း လက်ခံရတာရှိပါတယ်။ အပြန်အလှန်လေးစားကြရသလို အကောင်းဆုံးအကောင်အထည်ဖေါ်ကြဖို့ ဦးဆောင်သူရော၊  အကောင်အထည်ဖေါ်သူရော ကောင်းမွန်စွာ ပူးပေါင်းလုပ်ဆောင်ကြရပါတယ်။

အချုပ်မှာ ကျွန်မပြောချင်တာကတော့… ဖောင်တော်ဦးကျောင်းကို ပမာပြုပြီး အောင်မြင်တဲ့ကျောင်းတစ်ကျောင်းဖြစ်ဖို့ကြိုးစားကြမယ်ဆိုရင်  ၁) အောင်မြင်မှုရဲ့ အဓိပ္ပါယ်ကို သေချာဖွင့်ဆိုဖို့လိုမယ်၊ ၂) ဦးဆောင်သူဟာ  စိတ်သဘောထား မှန်ကန် ကောင်းမွန်သူတွေဖြစ်တဲ့အပြင် ၊ ကိုယ်တိုင် အမြဲ လေ့လာသင်ယူနေပြီး အမြင်ပွင့်ဖို့၊ မတူညီတဲ့ အတွေးမြင်တွေကို လက်ခံနိုင်ဖို့လိုတယ်၊ ၃) ဦးဆောင်သူနဲ့ အကောင်အထည်ဖေါ်သူတွေ၊ ဝန်ထမ်းတွေအကြား အပြန်အလှန်လေးစားမှုရှိရမယ်၊ ၄) ရည်ရွယ်ချက်ပန်းတိုင်ကို လွယ်လွယ်နဲ့လက်မလျှော့ဘဲ တစ်စိုက်မတ်မတ် မဆုတ်နစ်သော ဇွဲနဲ့ ကြိုးစားသွားရမယ်၊  ၅) ပါဝင်သူတွေ၊ ဦးဆောင်သူတွေအချင်းချင်း မနာလိုဝန်တိုစိတ်ကင်းကင်းနဲ့ ပူးပေါင်းလုပ်ဆောင်ရမယ်။ ဒီလိုအချက်တွေရှိဖို့ အတတ်နိုင်ဆုံး ကြိုးစားနေတဲ့ ဖောင်တော်ဦးကျောင်းမှာလည်း အမြဲပြောင်းလဲနေတဲ့ အခြေအနေတွေကြောင့် မတူညီသော အခက်အခဲတွေလည်း ရှိနေပါတယ်။ ကျောင်းနေကျောင်းစား ကလေး ၅၀၀ ပတ်ဝန်းကျင်အတွက် နေ့စဉ် စားစရိတ်၊ ဆရာ ဆရာမ ၅၀၀ ဝန်းကျင်အတွက် လစဉ် လစာ၊ ကျောင်းသား ၈၀၀၀ ကျော်တက်နေတဲ့ စာသင်ခန်းတွေမှာ သုံးရတဲ့ ပစ္စည်းတွေနဲ့ လျပ်စစ်မီး စတာတွေရဲ့ ကုန်ကျစရိတ်တွေရှိနေတဲ့အပြင် အသစ်တည်ဆောက်ဖို့လိုနေတဲ့ ကျောင်းဆောင်တွေကြောင့် အကူအညီတွေလိုနေဆဲ။ ဒါ့အပြင် အခြားလိုအပ်နေသေးတဲ့ နည်းပညာပိုင်း၊ လုပ်အားပိုင်း ကူညီနိုင်တာမှန်သမျှကူညီရင်း ကလေးငယ််များနှင့် လူငယ်များရဲ့ အနာဂါတ်ကို မြှင့်တင်ပေးကြဖို့လည်း တိုက်တွန်းရင်း….

မေတ္တာဖြင့်…

              Sayarma-ဆရာမ

မှတ်ချက် ။  ။  ဖောင်တော်ဦးကျောင်းကို အလှူငွေလှူချင်တယ်ဆိုရင် – ဖောင်တော်ဦးရဲ့ Wave Money Account ကနေလည်း လှူလို့ရပါတယ် – Wave Account နံပါတ် – 09771315038 .. ဖောင်တော်ဦးကျောင်းရဲ့ Facebook Pageကတော့ https://www.facebook.com/phaungdawooschool/ ဖြစ်ပါတယ်။ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။ 

ဒီဓါတ်ပုံကို ဖောင်တော်ဦးငွေရတုပွဲရဲ့ ဒုတိယနေ့မှာ မန္တလေးတိုင်းဝန်ကြီးချုပ်လာရောက်တုန်းက ကျောင်းကဆရာ MyatMin Khant ရိုက်ထားတဲ့ပုံပါ။ ကျွန်မပုံကိုရော တွေ့မိလားရှင်။

Photo Credit to – @Myatmin khant https://www.facebook.com/john.edison.90038

[Zawgyi]

ဒီဇင္ဘာလ ၁၃ – ၁၄ ရက္ေန႕က မႏၱေလးက ေဖာင္ေတာ္ဦး ဘုန္းေတာ္ၾကီးသင္ပညာေရး အထက္တန္းေက်ာင္းရဲ႕ ၂၅ ႏွစ္ျပည့္ ေငြရတုပြဲေလးက်င္းပခဲ့ပါတယ္။ ကၽြန္မကေတာ့ ၂၀၀၀ ခုႏွစ္မွာ ေဖာင္ေတာ္ဦးေက်ာင္းမွာ တက္ေရာက္ျဖစ္ခဲ့ခ်ိန္ကစျပီး အခုအခ်ိန္ထိ ဘုနး္ေတာ္ၾကီးသင္ပညာေရးေက်ာင္းေတြနဲ႕ဆက္စပ္ေနတာဟာလည္း ေဖာင္ေတာ္ဦးရဲ႕ ေက်းဇူးပါပဲ။ ဒါေၾကာင့္မို႕ ကၽြန္မရွိေနခဲ့တဲ့ ေနရာကေန မႏၱေလးကို  ေငြရတုပြဲအတြက္ အေရာက္သြားခဲ့ပါတယ္။  ကၽြန္မတက္ခဲ့တဲ့ေက်ာင္း၊ ကၽြန္မကို ပညာေတြ အမ်ားၾကီး သင္ေပးခဲ့တဲ့ေက်ာင္း၊ ကၽြန္မျပန္ျပီး ကူညီခြင့္ရတဲ့ ေက်ာင္းျဖစ္တဲ့ ေဖာင္ေတာ္ဦးလို  ေအာင္ျမင္ေနတယ္လို႕ သတ္မွတ္ျခင္း ခံရတဲ့ ေက်ာင္းျဖစ္ဖို႕ ဦးေဆာင္သူေတြရ႕ဲ ဦးေဆာင္ပံု၊ ေနာက္က လိုက္ျပီး အေကာင္အထည္ေဖၚရသူေတြရဲ႕ အခန္းက႑၊ ကိုယ္ကူညီေပးခ်င္သူေတြနဲ႕ ရင္းႏွီးမွု တည္ေဆာက္ပံု၊ စတာေတြနဲ႕အတူ ေဖာင္ေတာ္ဦးအေက်ာင္းအေၾကာင္းေလးအခ်ိဳ႕ကို ေဝမွ်ေပးခ်င္ပါတယ္။

လြန္ခဲ့တဲ႕ ၂၅ ႏွစ္ – ၁၉၉၃ ခုႏွစ္မွာ ေဖာင္ေတာ္ဦးေက်ာင္းကို ဆရာေတာ္ ဦးနာယက (ဘုန္းဘုန္းၾကီး)နဲ႕ ဆရာေတာ္ ဦးေဇာတိက (ဘုန္းဘုန္းေလး) – ညီေႏွာင္ႏွစ္ပါးက စတင္ျပီး  ဘကေက်ာင္းအျဖစ္ တည္ေထာင္ခဲ့တာပါ။ စတင္ျပီးတည္ေထာင္တုန္းကဆို အခုခ်ိန္လို တိုက္တာအေဆာက္အဦအျပည့္နဲ႕ ေက်ာင္းပရဝုဏ္ျဖစ္ေနမလား ၊ ကေလးေပါင္း ၈၀၀၀ေက်ာ္ကို ပညာသင္ေပးေနပါ့မလား၊ ဝန္ထမ္းေပါင္း ၅၀၀ ဝန္းက်င္ ရွိနိုင္မလားဆိုတာ ဘယ္သူမွ ခန္႕မွန္းနုိင္ခဲ့မွာမဟုတ္ပါဘူး။

ကၽြန္မက မူလတန္းကို အစိုးရေက်ာင္းမွာတက္ခဲ့တာပါ။ မူလတန္းေက်ာင္းျပီးလို႕ အလယ္တန္းကို ေျပာင္းရမယ့္အခ်ိန္ အျခား အစိုးရေက်ာင္းကို အျခားသူငယ္ခ်င္းေတြနဲ႕အတူ ေျပာင္းခ်င္ခဲ့တာပါ။ ေဖာင္ေတာ္ဦးဆိုတာ ကိုယ့္ေခါင္းထဲမွာ မရွိခဲ့ဘူး။ ဘာလို႕လဲဆိုေတာ့ ေက်ာင္းဝန္းကလည္း အမိွဳက္ေတြနဲ႕ ေက်ာင္းအေဆာက္အဦဆိုတာလည္း ဘာမွ သိပ္မရွိဘူးေလ။ အေမက ေဖာင္ေတာ္ဦးကို ပို႕မယ္လည္းဆိုေရာ… အရမ္းဝမ္းနည္းတာပဲ။ ၅ တန္းႏွစ္ကို (ကၽြန္မတို႕အေခၚ) ၾကက္ျခံထဲမွာ ေက်ာင္းတက္ရတယ္။ ထုိင္ခံုကလည္း မေလာက္ေလေတာ့ ကိုယ္ထုိင္ဖို႕ ပ်ဥ္ျပားေလးေတြ ကိုယ္ထြက္ရွာရတယ္။ ၾကာလာေတာ့လည္း ေပ်ာ္သြားတာပါပဲ။ ကိုယ့္စာသင္ခံုကိုယ္တိုင္ဖန္တီးရတာလည္း သိပ္စိတ္ဝင္စားစရာေကာင္းတာလို႕ ေတြးမိတာကိုး။ တစ္ခုတည္းေသာ Shopping စင္တာဆိုျပီး စာေရးကိရိယာအေရာင္းဆိုင္ေလးဖြင့္တဲ့ေနရာကိုေရာက္ဖို႕ ေႏြေနပူပူမွာ အမွိဳက္လမ္းေလးကို ျဖတ္ျပီးသြားရတယ္။ အမွိဳက္လမ္းဆိုေပမယ့္ ေျမေတြဖို႕ထားလို႕ အမိွဳက္ေတြနဲ႕ ေျမေတြေရာေနတာပါ။ မိုးရြာရင္ ေျမနိမ့္ေနေတာ့ ေက်ာင္းနဲ႕ကပ္လ်က္က မဟာနဒီေခ်ာင္း ေရလွ်ံသမွ်၊ မိုးေရမွွန္သမွ်က ေဖာင္ေတာ္ဦးေက်ာင္းဝန္းကုိ ေရအျပည့္ျဖည့္ပါေတာ့တယ္။ အဲ့ဒီ့အခ်ိန္ေတြဆို အရမ္းေပ်ာ္ ။ ေရက ေပါင္လည္ ေရာက္ေနတဲ့ေနရာေတြမွာ ေတြ႕ရာ သစ္သားတံုးကို ေလွလုပ္ျပီး ကစားရတာကိုး။  ကၽြန္မတို႕ ဘယ္လို ကစားခဲ့ပါေစ ဘုန္းဘုန္းၾကီး ဘုန္းဘုန္းေလးႏွစ္ပါးက ၾကည့္ျပီး ေပ်ာ္ေနတတ္တာ။ အရင္ကဆို အရိုက္ခံရမလားဆိုျပီး ေၾကာက္ခဲ့ေပမယ့္ ဘုန္းဘုန္းတို႕က ကေလးေတြကို လြတ္လပ္စြာ ကစားခြင့္ေပးတယ္၊ အႏၱရာယ္ကင္းေနသ၍  ၾကိဳက္သလို ကစားလို႕ရတယ္။ ဒါေၾကာင့္လည္း ကေလးေတြက ခ်စ္ၾကတာေနမယ္။  ကေလးသဘာဝကို နားလည္ျပီး တတ္နိုင္သေလာက္ လြတ္လပ္စြာေပးေတာ့ ကေလးေတြနဲ႕ ဘုန္းဘုန္းတို႕ၾကားက ဆက္ဆံေရးက အျခားသူေတြထက္ ပို ခုိင္မာတာလို႕ ကၽြန္မျမင္တယ္။

ဘုန္းဘုန္းၾကီးေရာ၊ ဘုန္းဘုန္းေလးေရာ ႏွစ္ပါးလံုးက တိုင္တိုင္ပင္ပင္အျမဲရွိတယ္။ တစ္ပါးကိုတစ္ပါး ေသခ်ာ နားေထာင္ေပးတယ္၊ အျမင္မတူရင္လည္း ကိုယ့္အျမင္ သူ႕အျမင္ ဖလွယ္တယ္။ ေသခ်ာတာကေတာ့ တစ္ပါးနဲ႕တစ္ပါး နားေထာင္ရံုတင္မဟုတ္ဘူး အခ်င္းခ်င္း ပံ့ပိုးတယ္၊ လိုတဲ့ေနရာျဖည့္တယ္။ ဒီေနရာမွာ ဘုန္းဘုန္းေလး အေၾကာင္း မွ်ေဝခ်င္ပါတယ္။ ဘုန္းဘုန္းၾကီးလို အားလံုးသိပ္မသိၾကဘူး။ ေက်ာင္းမွာပဲအျမဲရွိတယ္။ နုိင္ငံျခားကိုေတာင္ မသြားဘူး။ ဘုန္းဘုန္းၾကီးကသြားတယ္၊ ေျပာတယ္၊ လူသိမ်ားတယ္။ ဘုန္းဘုနး္ၾကီး မလုပ္နုိင္တဲ့ အလုပ္ေတြကို ဘုန္းဘုန္းေလးက  ေနာက္ကေန တတ္နုိင္သမွ် ၾကိဳးစား ျဖည့္ဆည္းေပးတယ္။ တစ္ပါးက်ေတာ့ လူသိမ်ားျပီး ေနာက္တစ္ပါးကို သိပ္မသိၾကဘူးဆိုျပီး စိတ္ကြက္တာမ်ိဳးလံုးဝမရွိဘဲ၊ ဘုန္းဘုန္းၾကီးလည္း  ေက်ာင္းအတြက္ လုပ္ေနတာျဖစ္လို႕  ဘုန္းဘုန္းေလးကလည္း အေကာင္းဆံုး တတ္နုိင္သေလာက္ လုပ္ေပးမယ္ဆိုတဲ့ စိတ္အျပည့္နဲ႕ ပံ့ပိုးရွာတယ္။ ကၽြန္မအျမင္ကေတာ့ ေက်ာင္းပဲျဖစ္ျဖစ္၊ အဖြဲ႕အစည္းပဲျဖစ္ျဖစ္ ပါဝင္ လုပ္ေဆာင္ေနသူေတြအားလံုးဟာတန္ဖိုးရွိတယ္။ ကိုယ္မလုပ္ေဆာင္နုိင္တဲ့ အပိုင္းကို အျခားသူလုပ္ေဆာင္ေနရင္ ျဖဴစင္စြာ မုဒိတာပြါးျပီး တတ္နိုင္တဲ့ဘက္က ပံ့ပိုးေပးရင္ တြဲလက္ညီစြာ ဦးေဆာင္နုိင္မယ္ထင္တယ္။

ကၽြန္မတို႕ ငယ္ငယ္ကေန အခုအခ်ိန္အထိ တစ္ပါးတစ္လွည့္စီ ေက်ာင္းထဲကို အျမဲ လိုက္ၾကည့္တယ္။ ႏွစ္ပါးလံုးက ကေလးေတြခ်စ္တတ္ေတာ့ ကေလးေတြနဲ႕အျမဲစကားေျပာျဖစ္တယ္။ ကေလးေတြ ဘာလိုလို ျဖည့္ဆည္းဖို႕ ၾကိဳးစားၾကတယ္၊ ယုတ္ဆြအဆံုး ကေလးမိဘေတြရဲ႕ အိမ္ေတြင္းေရးျပႆနာေတြ၊ အေၾကြးကိစၥေတြကအစ ဘုန္းေတာ္ၾကီးႏွစ္ပါးခမ်ာ ေျဖရွင္းေပးရရွာတယ္။ အလြန္ဆံုး စီးပြါးေရးအဆင္မေျပတဲ့ အိမ္ကကေလးေတြဆိုရင္ စားရိတ္ေတြအကုန္ေထာက္ေပးတယ္၊ မိဘနဲ႕ အတူေနဖို႕ မျဖစ္နုိင္တာမ်ိဳးေတြဆိုရင္ ေက်ာင္းထဲမွာ စားရိတ္ျငိမ္း ေခၚေကၽြးထားတယ္။ အဖြဲ႕အစည္းတစ္ခုမွာ ဦးေဆာင္တဲ့သူေတြရဲ႕ စိတ္ေနသေဘာထားနဲ႕ ခံယူခ်က္ေတြက အဲဒီ့အဖြဲ႕အစည္းအေပၚမွာ အမ်ားၾကီး သက္ေရာက္တယ္ဆိုတာ သိပ္မွန္တယ္။ ဦးေဆာင္တဲ့ဘုန္းဘုန္းေတြက ကူညီခ်င္သူေတြဆိုေတာ့ ဘုန္းဘုန္းတို႕ စတင္ျပီးေထာင္ခဲ့တဲ့ ေက်ာင္းကလည္း အမ်ားအက်ိုးအတြက္ပဲ ျဖစ္ခဲ့တယ္။ ေခါင္းေဆာင္တဲ့သူေတြရဲ႕ စိတ္ေနသေဘာထားေကာင္းဖို႕ဟာလည္း သိပ္ကို အေရးပါတယ္ဆိုတာကို ကၽြန္မ သင္ယူခဲ့ရတယ္။

ဘုန္းဘုန္းၾကီး၊ ဘုန္းဘုန္းေလးတို႕ဟာ လူမ်ိဳး၊ ဘာသာ၊ အသားေရာင္ မခြဲဘဲ လူကိုလူလိုျမင္ျပီး တတ္နိုင္တာကူညီမယ္၊ ေကာင္းမြန္ေသာ ပညာေရးကို ေပးဖုိ႕ ၾကိဳးစားမယ္ဆိုတဲ့ ခံယူခ်က္ေၾကာင့္ ဗုဒၶဘာသာဘုန္းၾကီးႏွစ္ပါး ဦးေဆာင္တဲ့ ေက်ာင္းျဖစ္ေသာ္ျငားလည္း လူမ်ိဳး၊ဘာသာမေရြးကို တန္းတူလက္ခံတယ္၊ တန္းတူ ကူညီခဲ့တယ္။ ဆရာေတာ္ေတြရဲ႕ ေစတနာကေတာ့ အံ့မခန္းပါပဲ။ ေစတနာက အက်ိဳးေပးတယ္ဆိုတာကိုေတာ့ ဘုန္းဘုန္းတုိ႕ကို ၾကည့္ရင္ ယံုရတယ္။ ဘုန္းဘုန္းတုိ႕သူတစ္ပါးအေပၚ အက်ိဳးျမတ္ရယူလိုမွဳမရွိဘဲ ကူညီေတာ့ ခ်စ္ခင္ေလးစားၾကတယ္။ အခြင့္အေရးယူခံရတဲ့အခါေတြလည္းရွိေပမယ့္ ကိုယ့္ဘက္က ေကာင္းဖုိ႕လိုတယ္ဆိုတဲ့ စိတ္နဲ႕ ကူညီျမဲကူညီၾကတယ္။ ဘယ္လို အေႏွာင့္ယွက္ေၾကာင့္မဆို ကိုယ့္ရဲ႕ ရပ္တည္ခ်က္ကို မေျပာင္းလဲဘူးဆိုတဲ့ စိတ္ဆႏၵကလည္း ဒီေန့လို ေအာင္ျမင္ေနတဲ့ေက်ာင္းတစ္ေက်ာင္းျဖစ္ေစဖို႕ တြန္းအားတစ္ခုလို႕ ကၽြန္မျမင္ပါတယ္။

ဘုနး္ဘုန္းၾကီးနဲ႕ဘုန္းဘုန္းေလးက ေက်ာင္းမွာရွိတဲ့ ကေလး၊လူၾကီးမခြဲျခားဘဲ အားလံုးရဲ႕ ထင္ျမင္ခ်က္၊ အေတြးအေခၚေတြကို မွ်ေဝခြင့္ျပဳတယ္၊ ေဆြးေႏြးခြင့္ျပဳတယ္။ ကိုယ့္ရဲ႕ ထင္ျမင္ခ်က္ဟာ ေကာင္းမြန္သင့္ေတာ္တယ္၊ ျဖစ္နုိင္ေျခရွိတယ္ဆိုရင္ စမ္းသပ္ခြင့္ေပးတယ္။ ဒါေၾကာင့္ မတူညီတဲ့အေတြးအျမင္ေတြနဲ႕ မတူညီတဲ့လုပ္ငန္းအမ်ားအျပား ေက်ာင္းမွာ ရွိေနတယ္။ အမ်ိဳးမ်ိဳးေသာ အေၾကာင္းအရာေတြေၾကာင့္ အခ်ိဳ႕ ဆရာ၊မေတြဟာ ေဖာင္ေတာ္ဦးေက်ာင္းမွာ ပညာသင္ယူ၊ ပညာေပးေဝျပီး အျခား ျပင္ပ ေက်ာင္းေတြမွာ အလုပ္လုပ္ၾကတာ ရွိတယ္၊ ကိုယ့္အရပ္ေဒသကို ျပန္ျပီး အက်ိဳးျပဳလုပ္ငန္းေတြလုပ္ၾကတယ္၊ အမ်ိဳးမ်ိဳးေသာ ဝန္ထမ္းေတြနဲ႕ အျမဲေျပာင္းလဲေနတဲ့ လုပ္ငန္းအစီအစဥ္ေတြၾကားမွာ ရည္ရွည္တည္တံ့နုိင္ဖို႕ ၾကံ့ၾကံ့ခံနိုင္ဖို႕၊ ၾကိဳးစားရတာဟာ တစ္ခါတစ္ေလ ေပ်ာ္စရာေကာင္းတယ္လို႕ေတာင္ ျမင္မိတယ္။ အျမဲတစ္သတ္မွတ္ထဲျဖစ္ေနတဲ့ စနစ္ၾကီးမွာ ပံုမွန္လုပ္ေတြကို အျမဲလုပ္ေနသူ လူတစ္စုကပဲ တစ္ပံုစံထဲလုပ္ေနရရင္ သင္ယူမွဳအသစ္ေတြမရွိဘဲ ပ်င္းစရာေကာင္းေနျပီး ဦးေနာက္အတြက္လည္း အလုပ္သိပ္စရာမရွိေတာ့ ဦးေႏွာက္သံေခ်းတက္ကုန္မွာ စိုးရတယ္။  ဒါေပမယ့္ ေဖာင္ေတာ္ဦးကို ဦးေဆာင္ေနတဲ့ ဆရာေတာ္ေတြ၊ ဆရာ၊မေတြ၊ ကေလးေတြနဲ႕ ကူညီပါဝင္ၾကသူေတြဟာ အျမဲစဥ္းစားေဝဖန္သံုးသပ္ေနရျပီး တီထြင္ဆန္းသစ္ဖုိ႕အတြက္ အေတြးအျမင္ေတြ ထက္ေအာင္၊ လုပ္ေဆာင္ခ်က္ေတြ ျမတ္ေအာင္ အျမဲ ၾကိဳးစားေနရတယ္။ ဒါေၾကာင့္ ေဖာင္ေတာ္ဦးေက်ာင္းကို ျပီးျပည့္စံုေနလို႕ ေအာင္ျမင္ေနတဲ့ေက်ာင္းလို႕ ကၽြန္မကသတ္မွတ္တာ မဟုတ္ဘဲ၊ ေျပာင္းလဲေနတဲ့ အေျခအေန၊ အေတြးအေခၚ၊ အယူအဆ၊ လူသားအရင္းအျမစ္နဲ႕ အခ်ိန္အခါေပၚမွာ အျပဳသေဘာနဲ႕ တိုးတက္ေျပာင္းလဲမွုရွိေအာင္ စဥ္ဆက္မျပတ္ ၾကိဳးစားအားထုတ္မွဳရွိေနလို႕ ရင္ခုန္စိတ္လွုပ္ရွားစရာေကာင္းျပီး သင္ယူမွဳေတြနဲ႕ ျပည့္ႏွက္ေနလို႕ ေအာင္ျမင္တယ္လို႕ ေျပာတာပါ။

အဖြဲ႕အစည္းတစ္ခု၊ေက်ာင္းတစ္ေက်ာင္း ေနာက္ဆံုး နုိင္ငံတစ္နုိင္ငံမွာ  ဦးေဆာင္သူေတြနဲ႕ ေနာက္က လိုက္ၾကသူေတြ ညီၾကဖုိ႕လိုပါတယ္။ ညီတယ္ဆိုတာ အျပန္အလွန္ေလးစားမွဳရွိတယ္၊ မတူညီတဲ့အျမင္ေတြကို နားေထာင္ၾကတယ္ ေဆြးေႏြးၾကတယ္၊ အတတ္နုိင္ဆံုး ၾကိုးစားျပီးေတာ့လည္း အေကာင္အထည္ေဖၚၾကတယ္ ဆိုတာမ်ိဳးကို ဆိုလိုခ်င္တာပါ။ ဦးေဆာင္သူ ေက်ာင္းအုပ္ဘုန္းဘုန္းေတြက တက္ၾကြထက္ျမတ္ ၾကေပမယ့္ ကိုယ္လုပ္ခ်င္တာ၊ ျဖစ္ခ်င္တာကို တိုင္ပင္ေဆြးေႏြးမွဳမရွိ၊ မတူညီတဲ့အျမင္ေတြကိုလည္း ေလးေလးစားစား နားမေထာင္၊ ေနာက္ကလိုက္တဲ့သူေတြကလည္း လုပ္ခ်င္တာလုပ္ရင္ ေရွ႕ကို ေရာက္ဖို႕ မလြယ္ဘူး။ ဥပမာ တစ္ခုေပးရရင္-  အခု ကၽြန္မတို႕ေဖာင္ေတာ္ဦးမွာ တကၠသိုလ္ဖြင့္ဖို႕စီစဥ္ေနပါတယ္။ အျပည္ျပည္ဆုိင္ရာတကၠသိုလ္တစ္ခုမို႕နုိင္ငံတစ္ကာ စံခ်ိန္စံခ်ိဳးေတြနဲ႕ညီဖို႕ ၾကိဳးပမ္းရပါတယ္။ဒီလို နုိင္ငံတစ္ကာ အဆင့္မီတကၠသိုလ္ျဖစ္ဖုိ႕ အဲဒီ့နုိင္ငံတစ္ကာအဆင့္မီပညာေရးတစ္ခုဆိုတာ ဘယ္လိုမ်ိဳးလည္းဆိုတာ သိဖို႕လိုသလို လက္ေတြ႕အေကာင္အထည္ေဖၚၾကမယ့္ ကၽြန္မတို႕ေတြကလည္း အေတြ႕အၾကံဳရွိဖို႕အမ်ားၾကီးလိုပါတယ္။ မတူညီတဲ႕ အေတြ႕အၾကံဳေတြရွိၾကတာမို႕ တစ္ခါတစ္ေလ ဘုန္းဘုန္းတို႕နဲ႕ ကၽြန္မအျမင္ကြဲလြဲတာေတြရွိပါတယ္။ ဘုန္းဘုန္းတို႕က ကၽြန္မအျမင္ကို လက္ခံလိုက္ရတာရွိသလို ၊ ကၽြန္မကလည္း လက္ခံရတာရွိပါတယ္။ အျပန္အလွန္ေလးစားၾကရသလို အေကာင္းဆံုးအေကာင္အထည္ေဖၚၾကဖို႕ ဦးေဆာင္သူေရာ၊  အေကာင္အထည္ေဖၚသူေရာ ေကာင္းမြန္စြာ ပူးေပါင္းလုပ္ေဆာင္ၾကရပါတယ္။

အခ်ဳပ္မွာ ကၽြန္မေျပာခ်င္တာကေတာ့… ေဖာင္ေတာ္ဦးေက်ာင္းကို ပမာျပဳျပီး ေအာင္ျမင္တဲ့ေက်ာင္းတစ္ေက်ာင္းျဖစ္ဖုိ႕ၾကိဳးစားၾကမယ္ဆိုရင္  ၁) ေအာင္ျမင္မွဳရဲ႕ အဓိပၸါယ္ကို ေသခ်ာဖြင့္ဆိုဖို႕လိုမယ္၊ ၂) ဦးေဆာင္သူဟာ  စိတ္သေဘာထား မွန္ကန္ ေကာင္းမြန္သူေတြျဖစ္တဲ့အျပင္ ၊ ကိုယ္တိုင္ အျမဲ ေလ့လာသင္ယူေနျပီး အျမင္ပြင့္ဖို႕၊ မတူညီတဲ့ အေတြးျမင္ေတြကို လက္ခံနုိင္ဖို႕လိုတယ္၊ ၃) ဦးေဆာင္သူနဲ႕ အေကာင္အထည္ေဖၚသူေတြ၊ ဝန္ထမ္းေတြအၾကား အျပန္အလွန္ေလးစားမွုရွိရမယ္၊ ၄) ရည္ရြယ္ခ်က္ပန္းတိုင္ကို လြယ္လြယ္နဲ႕လက္မေလွ်ာ့ဘဲ တစ္စိုက္မတ္မတ္ မဆုတ္နစ္ေသာ ဇြဲနဲ႕ ၾကိဳးစားသြားရမယ္၊  ၅) ပါဝင္သူေတြ၊ ဦးေဆာင္သူေတြအခ်င္းခ်င္း မနာလိုဝန္တုိစိတ္ကင္းကင္းနဲ႕ ပူးေပါင္းလုပ္ေဆာင္ရမယ္။ ဒီလိုအခ်က္ေတြရွိဖုိ႔ အတတ္နုိင္ဆံုး ၾကိဳးစားေနတဲ့ ေဖာင္ေတာ္ဦးေက်ာင္းမွာလည္း အျမဲေျပာင္းလဲေနတဲ့ အေျခအေနေတြေၾကာင့္ မတူညီေသာ အခက္အခဲေတြလည္း ရွိေနပါတယ္။ ေက်ာင္းေနေက်ာင္းစား ကေလး ၅၀၀ ပတ္ဝန္းက်င္အတြက္ ေန႕စဥ္ စားစရိတ္၊ ဆရာ ဆရာမ ၅၀၀ ဝန္းက်င္အတြက္ လစဥ္ လစာ၊ ေက်ာင္းသား ၈၀၀၀ ေက်ာ္တက္ေနတဲ့ စာသင္ခန္းေတြမွာ သံုးရတဲ့ ပစၥည္းေတြနဲ႕ လ်ပ္စစ္မီး စတာေတြရဲ႕ ကုန္က်စရိတ္ေတြရွိေနတဲ့အျပင္ အသစ္တည္ေဆာက္ဖို႕လိုေနတဲ့ ေက်ာင္းေဆာင္ေတြေၾကာင့္ အကူအညီေတြလိုေနဆဲ။ ဒါ့အျပင္ အျခားလိုအပ္ေနေသးတဲ့ နည္းပညာပိုင္း၊ လုပ္အားပုိင္း ကူညီနုိင္တာမွန္သမွ်ကူညီရင္း ကေလးငယ္္မ်ားႏွင့္ လူငယ္မ်ားရဲ႕ အနာဂါတ္ကို ျမွင့္တင္ေပးၾကဖို႕လည္း တိုက္တြန္းရင္း….

ေမတၱာျဖင့္…

              Sayarma-ဆရာမ

မွတ္ခ်က္ ။  ။  ေဖာင္ေတာ္ဦးေက်ာင္းကို အလွဴေငြလွဴခ်င္တယ္ဆိုရင္ – ေဖာင္ေတာ္ဦးရဲ႕ Wave Money Account ကေနလည္း လွဴလို႕ရပါတယ္ – Wave Account နံပါတ္ – 09771315038 .. ေဖာင္ေတာ္ဦးေက်ာင္းရဲ႕ Facebook Pageကေတာ့ https://www.facebook.com/phaungdawooschool/ ျဖစ္ပါတယ္။ ဝင္ေရာက္ၾကည့္ရွဳေလ့လာနုိင္ပါတယ္။ 

ဒီဓါတ္ပံုကို ေဖာင္ေတာ္ဦးေငြရတုပြဲရဲ႕ ဒုတိယေန႕မွာ မႏၱေလးတိုင္းဝန္ၾကီးခ်ဳပ္လာေရာက္တုန္းက ေက်ာင္းကဆရာ MyatMin Khant​ ရိုက္ထားတဲ့ပံုပါ။ ကၽြန္မပံုကိုေရာ ေတြ႕မိလားရွင္။ Photo Credit to – @Myatmin khant https://www.facebook.com/john.edison.90038