[Unicode]
ကျွန်မတို့ဆရာ၊မတွေမှာ ပျင်းချိန်မရှိအောင် စာသင်ရ၊ ကျောင်းအလုပ်လုပ်ရ၊ မိသားစုအတွက် လုပ်ရနဲ့ဆိုတော့ စာသင်ခန်းအတွင်းမှာ ပျင်းလို့ရမယ့်နည်းတွေ ပေးမယ်။
၁) တစ်သံတညး်စကားပြောဖို့ပျင်းပါ။
စကားပြောရင် အရှည်ကြီး၊ ပြောလိုက်ရင်လည်း တစ်သံတည်းပြောရင် သိပ်ပျင်းစရာကောင်းပါတယ်။ စကားသံဆိုတာ အနိမ့်အမြင့်၊ အတိုးအကျယ်အမျိုးမျိုးပြောင်းပါမှ စိတ်ဝင်စားကြမှာမို့ စာသင်တဲ့အခါ အနိမ့်အမြင့်မပါ တစ်သံတည်း ပြောဖို့ ပျင်းပါ။
၂) ကိုယ်ကကြည့်ပဲပြောဖို့ ပျင်းပါ။
စာသင်တဲ့အခါ ကိုယ်ကကြည့်ပဲပြော၊ ကိုယ်ကကြည့်ပဲ ရှင်းပြနေတာ တော်တော် ပျင်းစရာကောင်းပါတယ်။ စာလာသင်တာ သင်ယူရတဲ့ ကလေးတွေလည်း တာဝန်ရှိတဲ့အတွက် သူတို့ကိုလည်း မေးခွန်းတွေမေးခိုင်း၊ သူတို့ကိုလည်း စာဖတ်ခိုင်း၊ သူတို့ကိုလည်း ပြန်ပြီးဆွေးနွေးခိုင်းရင်း ကိုယ်ကကြည့်ပဲပြောနေရတဲ့ ပျင်းစရာ အလုပ်ကို လျှော့ချပါ။
၃) ဆရာဟာကိုယ် တပည့်ဟာ သူဆိုပြီး ခွဲခြားရခြင်းကို ပျင်းပါ။
ဘဝမှာ တစ်ယောက်ထဲနေရတာ တစ်ခါတစ်လေဆို ပိုပျင်းစရာကောင်းပါတယ်။ တပည့်တွေမှာလည်း တော်တာတွေရှိတတ်တယ်၊ ကိုယ့်ထက်သိတာတွေရှိတတ်တယ်၊ တစ်ခါတစ်လေ ဟာသတွေတောင် သူတို့က လာပြောဦးမယ်။ ဒါကြောင့် သူတို့ကို နားလည်အောင်လုပ်၊ သူတို့အကြောင်းလေ့လာရင်း ဆရာ၊တပည့်ဆိုပြီး ခွဲခြားရတဲ့ အလုပ်ကြီး လုပ်ဖို့ ပျင်းပလိုက်စမ်းပါ။
၄) အလုပ်ကို အလုပ်လိုပဲ လုပ်နေရတာကို ပျင်းပါ။
ဆရာ၊မအလုပ်ဟာ အလုပ်များပေမယ့် ကလေးတွေနဲ့ဆော့ကစားရင်း ပျော်မလား၊ ဗရုတ်ကျတတ်တဲ့ ကလေးလေးတွေကို ထိုင်ရယ်နေမလား၊ တိုးတက်သွားကြတဲ့ကလေးတွေအပေါ် ပီတိဖြစ်နေမလား၊ ပညာပါရမီဖြည့်ကျင့်တယ်ဆိုပြီး ကုသိုလ်ထိုင်ယူနေမလား – ကျေနပ်စရာတွေ အများကြီးပါ။ သင်ကြားခြင်းကို အလုပ်တစ်ခုခု သာသာ တွေးပြီး လုပ်နေရမှာကို ပျင်းလိုက်ပါ။
၅) မတိုးတက်ဘဲ ဒုံရင်း ဒုံရငး်လုပ်နေရတာကို ပျင်းပါ။
တစ်ခေါက်လာလည်း ဒီစာကို ဒီပုံစံနဲ့သင်၊ နောက်တစ်ခါလည်း ဒီလိုပဲ သင်တယ်ဆိုတာ အမှန်တစ်ကယ် ပျင်းစရာကောင်းလှပါတယ်။ သင်ခန်းစာတူရင်တောင် သင်နည်းစနစ်ပြောင်းသင်ကြည့်တာမျိုး၊ ဆွေးနွေးတဲ့ ရှုထောင့်ပြောင်းပြောကြည့်တာမျိုးတွေလုပ်ရင်း ဒုံရင်းဒုံရင်းဖြစ်နေတဲ့ အခြေအနေကို စွန့်လွှတ်လိုက်ပါ။
ကဲ ပျင်းနည်းလေးတွေ ပြောပြီးပြီဆိုတော့ တစ်ကယ် ပျင်းကြည့်ပြီးရင်် လက်တို့ပါဦးနော်… 😛
မေတ္တာဖြင့်…
Sayarma-ဆရာမ
Photo Credit – https://www.todaysparent.com/kids/school-age/why-teachers-hate-fidget-toys/
[Zawgyi]
ကၽြန္မတို႕ဆရာ၊မေတြမွာ ပ်င္းခ်ိန္မရွိေအာင္ စာသင္ရ၊ ေက်ာင္းအလုပ္လုပ္ရ၊ မိသားစုအတြက္ လုပ္ရနဲ႕ဆိုေတာ့ စာသင္ခန္းအတြင္းမွာ ပ်င္းလို႕ရမယ့္နည္းေတြ ေပးမယ္။
၁) တစ္သံတညး္စကားေျပာဖို႕ပ်င္းပါ။
စကားေျပာရင္ အရွည္ၾကီး၊ ေျပာလုိက္ရင္လည္း တစ္သံတည္းေျပာရင္ သိပ္ပ်င္းစရာေကာင္းပါတယ္။ စကားသံဆိုတာ အနိမ့္အျမင့္၊ အတိုးအက်ယ္အမ်ိဳးမ်ိဳးေျပာင္းပါမွ စိတ္ဝင္စားၾကမွာမို႕ စာသင္တဲ့အခါ အနိမ့္အျမင့္မပါ တစ္သံတည္း ေျပာဖို႕ ပ်င္းပါ။
၂) ကိုယ္ကၾကည့္ပဲေျပာဖို႕ ပ်င္းပါ။
စာသင္တဲ့အခါ ကိုယ္ကၾကည့္ပဲေျပာ၊ ကိုယ္ကၾကည့္ပဲ ရွင္းျပေနတာ ေတာ္ေတာ္ ပ်င္းစရာေကာင္းပါတယ္။ စာလာသင္တာ သင္ယူရတဲ့ ကေလးေတြလည္း တာဝန္ရွိတဲ့အတြက္ သူတို႕ကိုလည္း ေမးခြန္းေတြေမးခိုင္း၊ သူတို႕ကိုလည္း စာဖတ္ခုိင္း၊ သူတို႕ကိုလည္း ျပန္ျပီးေဆြးေႏြးခိုင္းရင္း ကိုယ္ကၾကည့္ပဲေျပာေနရတဲ့ ပ်င္းစရာ အလုပ္ကို ေလွ်ာ့ခ်ပါ။
၃) ဆရာဟာကိုယ္ တပည့္ဟာ သူဆိုျပီး ခြဲျခားရျခင္းကို ပ်င္းပါ။
ဘဝမွာ တစ္ေယာက္ထဲေနရတာ တစ္ခါတစ္ေလဆို ပိုပ်င္းစရာေကာင္းပါတယ္။ တပည့္ေတြမွာလည္း ေတာ္တာေတြရွိတတ္တယ္၊ ကိုယ့္ထက္သိတာေတြရွိတတ္တယ္၊ တစ္ခါတစ္ေလ ဟာသေတြေတာင္ သူတို႕က လာေျပာဦးမယ္။ ဒါေၾကာင့္ သူတို႕ကို နားလည္ေအာင္လုပ္၊ သူတို႕အေၾကာင္းေလ့လာရင္း ဆရာ၊တပည့္ဆိုျပီး ခြဲျခားရတဲ့ အလုပ္ၾကီး လုပ္ဖို႕ ပ်င္းပလုိက္စမ္းပါ။
၄) အလုပ္ကို အလုပ္လိုပဲ လုပ္ေနရတာကို ပ်င္းပါ။
ဆရာ၊မအလုပ္ဟာ အလုပ္မ်ားေပမယ့္ ကေလးေတြနဲ႕ေဆာ့ကစားရင္း ေပ်ာ္မလား၊ ဗရုတ္က်တတ္တဲ့ ကေလးေလးေတြကို ထုိင္ရယ္ေနမလား၊ တိုးတက္သြားၾကတဲ့ကေလးေတြအေပၚ ပီတိျဖစ္ေနမလား၊ ပညာပါရမီျဖည့္က်င့္တယ္ဆိုျပီး ကုသိုလ္ထုိင္ယူေနမလား – ေက်နပ္စရာေတြ အမ်ားၾကီးပါ။ သင္ၾကားျခင္းကို အလုပ္တစ္ခုခု သာသာ ေတြးျပီး လုပ္ေနရမွာကို ပ်င္းလိုက္ပါ။
၅) မတိုးတက္ဘဲ ဒံုရင္း ဒံုရငး္လုပ္ေနရတာကို ပ်င္းပါ။
တစ္ေခါက္လာလည္း ဒီစာကို ဒီပံုစံနဲ႕သင္၊ ေနာက္တစ္ခါလည္း ဒီလိုပဲ သင္တယ္ဆိုတာ အမွန္တစ္ကယ္ ပ်င္းစရာေကာင္းလွပါတယ္။ သင္ခန္းစာတူရင္ေတာင္ သင္နည္းစနစ္ေျပာင္းသင္ၾကည့္တာမ်ိဳး၊ ေဆြးေႏြးတဲ့ ရွဳေထာင့္ေျပာင္းေျပာၾကည့္တာမ်ိဳးေတြလုပ္ရင္း ဒံုရင္းဒံုရင္းျဖစ္ေနတဲ့ အေျခအေနကို စြန္႕လႊတ္လိုက္ပါ။
ကဲ ပ်င္းနည္းေလးေတြ ေျပာျပီးျပီဆိုေတာ့ တစ္ကယ္ ပ်င္းၾကည့္ျပီးရင္္ လက္တို႕ပါဦးေနာ္… 😛
ေမတၱာျဖင့္…
Sayarma-ဆရာမ Photo Credit – https://www.todaysparent.com/kids/school-age/why-teachers-hate-fidget-toys/