[ Unicode ]

ရာသီဥတုပုံစံတွေ၊ ပြင်းထန်မှုတွေ၊ လေထု ညစ်ညမ်းမှုတွေ၊ ရေမသန့်ရှင်းမှုတွေနဲ့ ဓါတုရောမြေများလာမှုတွေဟာ ကျွန်မတို့တွေရဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်နေပါတယ်။ တစ်ကမ္ဘာလုံးမှာ တစ်နှစ်ကို လူပေါင်း ၄.၆သန်းလောက်က လေမသန့်လို့ အဆုတ်၊နှလုံး၊ အသက်ရှူလမ်းကြောင်း တွေထိခိုက်ပြီး သေဆုံးကြပါတယ်။ လူပေါင်း ၄ ယောက်၊ ၅ ယောက်မဟုတ်ပါဘူးနော်။ လေး ဒဿမ ခြောက် သန်းပါ။ ကျွန်မတို့ရော၊ ကျွန်မတို့ ချစ်ရတဲ့ မိသားစုဝင်တွေရော၊ ကလေးတွေရော နောက်နှစ်ရဲ့ ၄.၆ သန်းထဲမှာ မပါဘူးလို့ ပြောလို့မရပါဘူး။ ဒီလို သေကြရအောင် ဆိုးရွားလာတဲ့ သဘာဝပတ်ဝန်းကျင်ဟာ သူ့ဖာသာ ဖြစ်တာလား၊ ကျွန်မတို့ လူသားတွေကပဲလုပ်တာလား။

ကျွန်မတို့ ကမ္ဘာကြီးဟာ လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာလိုမြင်ကြည့်မယ်ဆိုရင် ဘယ်အပိုင်းကဖြစ်ဖြစ် အားလုံးနဲ့ဆက်စပ်နေတာမို့လို့ သူများဒေသမှာဖြစ်တာဟာ ကိုယ့်ဒေသအတွက်လည်း သက်ရောက်မှုရှိတာပါပဲ။ ဒါကြောင့် ကျွန်မတို့အနေနဲ့ နေမကောင်းဖြစ်နေတဲ့ ကမ္ဘာကြီးကို ကျန်းမာလာအောင် ပြန်လည်ပြုစုစောင့်ရှောက်ဖို့လိုပါတယ်။ နှမ်းတစ်စေ့ထဲနဲ့ ဆီမဖြစ်နိုင်ဘူးလို့ မပြောပါနဲ့။ နှမ်းစေ့သေးသေးလေးတွေ အားလုံးပေါင်းမှ ဆီဖြစ်တာမို့ ချမ်းသာ ဆင်းရဲ ဘွဲ့ရ ကျောင်းမပြီး မြို့နေ တောနေ အားလုံး ပါဝင်ပြီး ကမ္ဘာကြီးကို ပြုစု ကုသကြမှ ဖြစ်မှာပါ။ အဲဒီ့အထဲက ဆရာ၊မ မိဘတွေအားလုံးကလည်း ပါဝင်ပါတယ်။ ကိုယ်တိုင် ပြုစုစောင့်ရှောက်ရသလို ကလေးတွေလည်း ပါဝင်လာအောင် ကူညီပံ့ပိုးပေးရမှာပါ။

ကမ္ဘာကြီးကိုချစ်ခင်တတ်ဖို့ သင်ပေးရာဝယ်………….
Rethink (ပြန်လည်စဉ်းစားပါ) – မဝယ်ခင်ကတည်းက စဉ်းစားပါ။ ကိုယ်ဝယ်မယ့် ပစ္စည်းက ဘယ်လောက်တောင် အသုံးဝင်မလဲ။ အမြဲတမ်းသုံးဖြစ်မှာလား။ အထူးသဖြင့် အခုခေတ်မှာ အွန်လိုင်းရှော့ပင်းတွေ လုပ်ကြတာများတာမို့ ဝယ်ခါနီးရင် တစ်ကယ် အသုံးဝင်လား၊ တစ်ကယ် လိုအပ်လား၊ တစ်ကယ်အသုံးပြုမှာလားဆိုတာတွေ မေးပါ။ ကစားစရာပစ္စည်းတွေ၊ ကလေး ပစ္စည်းတွေ၊ အသုံးဆောင်တွေ ဝယ်ခါနီးရင် သေချာ ပြန်စဉ်းစားပါ။ ကလေးတွေက လိုချင်တာ တစ်ခုခု ပြောတဲ့အခါ ဘယ်လိုသုံးမလဲ၊ ဘာလို့ လိုချင်လဲ စတဲ့မေးခွန်းတွေမေးပါ။

Refuse (ငြင်းဆိုပါ) – မလိုတဲ့အရာတွေ ရယူရမယ်ဆိုရင် ငြင်းဆိုပါ။ ဈေးဆိုင်သွားတဲ့အခါ မလိုတဲ့ ပလက်စတစ်အိတ်တွေ မယူပါနဲ့။ ကြွပ်ကြွပ်အိတ်နဲ့ ထုတ်ထားတဲ့ ပစ္စည်းတွေ၊ ပလက်စတတ်ဗူးတွေကို ငြင်းဆိုပါ။ ကလေးတွေ ဆေးဆိုးတဲ့အစားအစာတွေ၊ ဓါတုပါတဲ့ အသုံးအဆောင်တွေ အသုံးမပြုဖို့ တိုက်တွန်းပါ။ ဘယ်လိုအကြောင်းရင်းတွေကြောင့် ငြင်းဆိုရသလဲဆိုတာတွေလည်း ရှင်းပြပါ။

Reduce (လျှော့ပါ) – ကလေးတွေရဲ့ ရှေ့ဆောင်တွေဖြစ်တဲ့ ကိုယ်တိုင်က မလိုတာတွေ လျှော့သုံးပါ။ အိမ်မှာ လိုတာထက် ပိုပြီး အသုံးပြုတာမျိုးရှိနေတာတွေကို လျှော့ပါ။ ရိုးရှင်းလှတယ်ထင်ရတဲ့ ရေ အသုံးပြုမှုလိုမျိုးပေါ့။ ရေဖွင့်တဲ့အခါ ရေတွေကို တစ်ရစက်ဖွင့်ထားတာမျိုးတွေ လျှော့ဖို့ပါ။ စာရွက်တွေ မလိုရင် မသုံးဖို့ပါ။

Reuse (ပြန်သုံးပါ) – တစ်ခါသုံးပစ္စည်းတွေကို ရှောင်ပါ။ မရှောင်နိုင်ရင် လျှော့ပါ။ တစ်ခါသုံးခွက်တွေ ဆိုတာ တစ်ခါထဲပဲ သုံးပြီး စွန့်ပစ်လိုက်တဲ့အခါမှာလည်း ဆွေးမြေ့ဖို့ခက်ခဲတာမို့ တစ်ခါသုံးပစ္စည်းတွေကို မသုံးပါနဲ့။ တတ်နိုင်သလောက် ပြန်သုံးလို့ ရတဲ့ ပစ္စည်းများကို သုံးပါ။ ဥပမာ – သောက်ရေဗူးဆောင်ထားတာမျိုး။

Refurbish (ပြန်ပြင်ဆင်ပါ) – အသုံးအဆောင်ပစ္စည်းတွေကို ပုံစံတစ်မျိုးနဲ့ ပြန်လည် ဒီဇိုင်းဆင်သုံးတာမျိုး၊ ပြန်လည် ပြင်ဆင်တာမျိုးကို ဆိုလိုပါတယ်။ အဟောင်းတွေကို ချောင်မထိုးထားပဲ ပြန်လည် အသုံးပြုပါ။ အရင်လူတွေသုံးခဲ့တာတွေကို ခေတ်မီအောင် ပြန်လည်ပြင်ဆင်ပြီး သုံးခိုင်းပါ။

Repair (ပြုပြင်ပါ) – မလွှင့်ပစ်ခင်မှာ ပြန်ပြင်လို့ရမရ အရင် ကြည့်ပါ။ ပြန်ပြင်လို့ရရင် ပြင်သုံးပါ။ စာသင်ခန်းထဲမှာ ခုံတွေ ကျိုးတာ၊ပျက်တာရှိရင် ဒီတိုင်း အပြင်မှာ ပုံထားတာမျိုးမဟုတ်ဘဲ ပြင်နိုင်သလောက် ပြန်ပြင်ပြီး သုံးပါ။ စာအုပ်တွေ စုတ်ပြဲတာတွေရှိရင် အဖုံးသေချာ ပြန်ပြင်ပြီး သုံးခိုင်းပါ။ အရုပ်တွေ ပြဲတာရှိရင် သေချာပြန်ချုပ်ပေးတာမျိုးလုပ်ပါ။

Repurpose (ပုံစံပြောင်းသုံးပါ) – ပြန်ထွင်ပြီး သုံးဖို့ပြောတာပါ။ ဖန်ပုလင်းတွေကို ပန်းအိုးအဖြစ် ပြောင်းသုံးတာမျိုး၊ သစ်သီးခြင်းတွေကို စင်အဖြစ် အသုံးပြုတာမျိုးကို ဆိုလိုချင်တာပါ။

Recycle (အသစ်ဖန်တီးရန် အသုံးပြုပါ) – ဒါကို နောက်ဆုံးမှ စဉ်းစားပါ။ အိမ်မှာ ဘယ်လိုမှ သုံးမရပေမယ့် ဒီလွှင့်ပစ်မယ့်အရာတွေနဲ့ တစ်ခုခု ပြန်လည်ဖန်တီးဖို့အတွက် သင့်တော်ရာနေရာကို ပေးပို့တာပါ။ အခုဆိုရင် လက်မှုပစ္စည်းတွေကို စွန့်ပစ်ပစ္စည်းတွေနဲ့ပြုလုပ်လာတာတွေရှိပါတယ်။

ကလေးတွေရဲ့ စံပြဟာ လူကြီးတွေပါပဲ။ လူကြီး မိဘ ဆရာသမားတွေရဲ့ ကမ္ဘာမြေကြီးကိုချစ်ခင်ပြတာကို ကလေးတွေ မြင်တဲ့အခါ ကလေးတွေဟာ ချစ်ခြင်းမေတ္တာနဲ့ ချစ်ခြင်းကိုပုံဖေါ်ခြင်းကို အလိုလိုသင်ယူလာပါလိမ့်မယ်။ ကျွန်မတို့ ကမ္ဘာကြီးကို ချစ်ခင်တတ်ဖို့ ကလေးတွေကို သင်ပေးကြပါစို့လားရှင်။

မေတ္တာဖြင့်…
Sayarma-ဆရာမ

Photo Credit

[ Zawgyi ]

ရာသီဥတုပုံစံေတြ၊ ျပင္းထန္မႈေတြ၊ ေလထု ညစ္ညမ္းမႈေတြ၊ ေရမသန႔္ရွင္းမႈေတြနဲ႔ ဓါတုေရာေျမမ်ားလာမႈေတြဟာ ကၽြန္မတို႔ေတြရဲ့ အသက္အႏၲရာယ္ကိုပါ ထိခိုက္ေနပါတယ္။ တစ္ကမၻာလုံးမွာ တစ္ႏွစ္ကို လူေပါင္း ၄.၆သန္းေလာက္က ေလမသန႔္လို႔ အဆုတ္၊ႏွလုံး၊ အသက္ရႉလမ္းေၾကာင္း ေတြထိခိုက္ၿပီး ေသဆုံးၾကပါတယ္။ လူေပါင္း ၄ ေယာက္၊ ၅ ေယာက္မဟုတ္ပါဘူးေနာ္။ ေလး ဒႆမ ေျခာက္ သန္းပါ။ ကၽြန္မတို႔ေရာ၊ ကၽြန္မတို႔ ခ်စ္ရတဲ့ မိသားစုဝင္ေတြေရာ၊ ကေလးေတြေရာ ေနာက္ႏွစ္ရဲ့ ၄.၆ သန္းထဲမွာ မပါဘူးလို႔ ေျပာလို႔မရပါဘူး။ ဒီလို ေသၾကရေအာင္ ဆိုးရြားလာတဲ့ သဘာဝပတ္ဝန္းက်င္ဟာ သူ႔ဖာသာ ျဖစ္တာလား၊ ကၽြန္မတို႔ လူသားေတြကပဲလုပ္တာလား။

ကၽြန္မတို႔ ကမၻာႀကီးဟာ လူတစ္ေယာက္ရဲ့ ကိုယ္ခႏၶာလိုျမင္ၾကည့္မယ္ဆိုရင္ ဘယ္အပိုင္းကျဖစ္ျဖစ္ အားလုံးနဲ႔ဆက္စပ္ေနတာမို႔လို႔ သူမ်ားေဒသမွာျဖစ္တာဟာ ကိုယ့္ေဒသအတြက္လည္း သက္ေရာက္မႈရွိတာပါပဲ။ ဒါေၾကာင့္ ကၽြန္မတို႔အေနနဲ႔ ေနမေကာင္းျဖစ္ေနတဲ့ ကမၻာႀကီးကို က်န္းမာလာေအာင္ ျပန္လည္ျပဳစုေစာင့္ေရွာက္ဖို႔လိုပါတယ္။ ႏွမ္းတစ္ေစ့ထဲနဲ႔ ဆီမျဖစ္နိုင္ဘူးလို႔ မေျပာပါနဲ႔။ ႏွမ္းေစ့ေသးေသးေလးေတြ အားလုံးေပါင္းမွ ဆီျဖစ္တာမို႔ ခ်မ္းသာ ဆင္းရဲ ဘြဲ႕ရ ေက်ာင္းမၿပီး ၿမိဳ႕ေန ေတာေန အားလုံး ပါဝင္ၿပီး ကမၻာႀကီးကို ျပဳစု ကုသၾကမွ ျဖစ္မွာပါ။ အဲဒီ့အထဲက ဆရာ၊မ မိဘေတြအားလုံးကလည္း ပါဝင္ပါတယ္။ ကိုယ္တိုင္ ျပဳစုေစာင့္ေရွာက္ရသလို ကေလးေတြလည္း ပါဝင္လာေအာင္ ကူညီပံ့ပိုးေပးရမွာပါ။

ကမၻာႀကီးကိုခ်စ္ခင္တတ္ဖို႔ သင္ေပးရာဝယ္………….
Rethink (ျပန္လည္စဥ္းစားပါ) – မဝယ္ခင္ကတည္းက စဥ္းစားပါ။ ကိုယ္ဝယ္မယ့္ ပစၥည္းက ဘယ္ေလာက္ေတာင္ အသုံးဝင္မလဲ။ အျမဲတမ္းသုံးျဖစ္မွာလား။ အထူးသျဖင့္ အခုေခတ္မွာ အြန္လိုင္းေရွာ့ပင္းေတြ လုပ္ၾကတာမ်ားတာမို႔ ဝယ္ခါနီးရင္ တစ္ကယ္ အသုံးဝင္လား၊ တစ္ကယ္ လိုအပ္လား၊ တစ္ကယ္အသုံးျပဳမွာလားဆိုတာေတြ ေမးပါ။ ကစားစရာပစၥည္းေတြ၊ ကေလး ပစၥည္းေတြ၊ အသုံးေဆာင္ေတြ ဝယ္ခါနီးရင္ ေသခ်ာ ျပန္စဥ္းစားပါ။ ကေလးေတြက လိုခ်င္တာ တစ္ခုခု ေျပာတဲ့အခါ ဘယ္လိုသုံးမလဲ၊ ဘာလို႔ လိုခ်င္လဲ စတဲ့ေမးခြန္းေတြေမးပါ။

Refuse (ျငင္းဆိုပါ) – မလိုတဲ့အရာေတြ ရယူရမယ္ဆိုရင္ ျငင္းဆိုပါ။ ေဈးဆိုင္သြားတဲ့အခါ မလိုတဲ့ ပလက္စတစ္အိတ္ေတြ မယူပါနဲ႔။ ႂကြပ္ႂကြပ္အိတ္နဲ႔ ထုတ္ထားတဲ့ ပစၥည္းေတြ၊ ပလက္စတတ္ဗူးေတြကို ျငင္းဆိုပါ။ ကေလးေတြ ေဆးဆိုးတဲ့အစားအစာေတြ၊ ဓါတုပါတဲ့ အသုံးအေဆာင္ေတြ အသုံးမျပဳဖို႔ တိုက္တြန္းပါ။ ဘယ္လိုအေၾကာင္းရင္းေတြေၾကာင့္ ျငင္းဆိုရသလဲဆိုတာေတြလည္း ရွင္းျပပါ။

Reduce (ေလၽွာ့ပါ) – ကေလးေတြရဲ့ ေရွ႕ေဆာင္ေတြျဖစ္တဲ့ ကိုယ္တိုင္က မလိုတာေတြ ေလၽွာ့သုံးပါ။ အိမ္မွာ လိုတာထက္ ပိုၿပီး အသုံးျပဳတာမ်ိဳးရွိေနတာေတြကို ေလၽွာ့ပါ။ ရိုးရွင္းလွတယ္ထင္ရတဲ့ ေရ အသုံးျပဳမႈလိုမ်ိဳးေပါ့။ ေရဖြင့္တဲ့အခါ ေရေတြကို တစ္ရစက္ဖြင့္ထားတာမ်ိဳးေတြ ေလၽွာ့ဖို႔ပါ။ စာရြက္ေတြ မလိုရင္ မသုံးဖို႔ပါ။

Reuse (ျပန္သုံးပါ) – တစ္ခါသုံးပစၥည္းေတြကို ေရွာင္ပါ။ မေရွာင္နိုင္ရင္ ေလၽွာ့ပါ။ တစ္ခါသုံးခြက္ေတြ ဆိုတာ တစ္ခါထဲပဲ သုံးၿပီး စြန႔္ပစ္လိုက္တဲ့အခါမွာလည္း ေဆြးေျမ့ဖို႔ခက္ခဲတာမို႔ တစ္ခါသုံးပစၥည္းေတြကို မသုံးပါနဲ႔။ တတ္နိုင္သေလာက္ ျပန္သုံးလို႔ ရတဲ့ ပစၥည္းမ်ားကို သုံးပါ။ ဥပမာ – ေသာက္ေရဗူးေဆာင္ထားတာမ်ိဳး။

Refurbish (ျပန္ျပင္ဆင္ပါ) – အသုံးအေဆာင္ပစၥည္းေတြကို ပုံစံတစ္မ်ိဳးနဲ႔ ျပန္လည္ ဒီဇိုင္းဆင္သုံးတာမ်ိဳး၊ ျပန္လည္ ျပင္ဆင္တာမ်ိဳးကို ဆိုလိုပါတယ္။ အေဟာင္းေတြကို ေခ်ာင္မထိုးထားပဲ ျပန္လည္ အသုံးျပဳပါ။ အရင္လူေတြသုံးခဲ့တာေတြကို ေခတ္မီေအာင္ ျပန္လည္ျပင္ဆင္ၿပီး သုံးခိုင္းပါ။

Repair (ျပဳျပင္ပါ) – မလႊင့္ပစ္ခင္မွာ ျပန္ျပင္လို႔ရမရ အရင္ ၾကည့္ပါ။ ျပန္ျပင္လို႔ရရင္ ျပင္သုံးပါ။ စာသင္ခန္းထဲမွာ ခုံေတြ က်ိဳးတာ၊ပ်က္တာရွိရင္ ဒီတိုင္း အျပင္မွာ ပုံထားတာမ်ိဳးမဟုတ္ဘဲ ျပင္နိုင္သေလာက္ ျပန္ျပင္ၿပီး သုံးပါ။ စာအုပ္ေတြ စုတ္ျပဲတာေတြရွိရင္ အဖုံးေသခ်ာ ျပန္ျပင္ၿပီး သုံးခိုင္းပါ။ အ႐ုပ္ေတြ ျပဲတာရွိရင္ ေသခ်ာျပန္ခ်ဳပ္ေပးတာမ်ိဳးလုပ္ပါ။

Repurpose (ပုံစံေျပာင္းသုံးပါ) – ျပန္ထြင္ၿပီး သုံးဖို႔ေျပာတာပါ။ ဖန္ပုလင္းေတြကို ပန္းအိုးအျဖစ္ ေျပာင္းသုံးတာမ်ိဳး၊ သစ္သီးျခင္းေတြကို စင္အျဖစ္ အသုံးျပဳတာမ်ိဳးကို ဆိုလိုခ်င္တာပါ။

Recycle (အသစ္ဖန္တီးရန္ အသုံးျပဳပါ) – ဒါကို ေနာက္ဆုံးမွ စဥ္းစားပါ။ အိမ္မွာ ဘယ္လိုမွ သုံးမရေပမယ့္ ဒီလႊင့္ပစ္မယ့္အရာေတြနဲ႔ တစ္ခုခု ျပန္လည္ဖန္တီးဖို႔အတြက္ သင့္ေတာ္ရာေနရာကို ေပးပို႔တာပါ။ အခုဆိုရင္ လက္မႈပစၥည္းေတြကို စြန႔္ပစ္ပစၥည္းေတြနဲ႔ျပဳလုပ္လာတာေတြရွိပါတယ္။

ကေလးေတြရဲ့ စံျပဟာ လူႀကီးေတြပါပဲ။ လူႀကီး မိဘ ဆရာသမားေတြရဲ့ ကမၻာေျမႀကီးကိုခ်စ္ခင္ျပတာကို ကေလးေတြ ျမင္တဲ့အခါ ကေလးေတြဟာ ခ်စ္ျခင္းေမတၱာနဲ႔ ခ်စ္ျခင္းကိုပုံေဖၚျခင္းကို အလိုလိုသင္ယူလာပါလိမ့္မယ္။ ကၽြန္မတို႔ ကမၻာႀကီးကို ခ်စ္ခင္တတ္ဖို႔ ကေလးေတြကို သင္ေပးၾကပါစို႔လားရွင္။

ေမတၱာျဖင့္…
Sayarma-ဆရာမ

Photo Credit