[ Unicode ]

မိသားစုဆိုတာကို ဘယ်လို နားလည်ကြပါလဲ။ ကျွန်မကတော့ မိသားစုဆိုတာ ပူးပေါင်းဆောင်ရွက်မှု ဖြစ်စဉ်တစ်ခုအဖြစ် ယုံကြည်ထားပြီး မိသားစုဝင် အားလုံးရဲ့ မတူညီတဲ့ အခန်းကဏ္ဍက အရေးပါတယ်လို့ လက်ခံထားသူတစ်ယောက်ပါ။ ဒီတော့ ကလေးတွေကို ပြုစုပျိုးထောင်တဲ့အခါ မိဘတွေရဲ့ လုပ်ဆောင်မှုတွေက ဘယ်လို သက်ရောက်မှုရှိလဲဆိုတာလေးတွေရယ်၊ ကျွန်မရဲ့ ကိုယ်ပိုင်ဘဝမှာ ကျွန်မတို့ ဘယ်လို ပူးပေါင်းမှုလုပ်ဖြစ်လဲဆိုတာကို ကျွန်မ မျှဝေဆွေးနွေးချင်ပါတယ်။

ပူးပေါင်းဆောင်ရွက်မှု ဖြစ်စဉ်ဆိုတာ – လူတစ်ယောက်ထက် ပိုပြီး ပါဝင်ပါတယ်။ ပါဝင်တဲ့သူတွေမှာ မတူညီတဲ့ တာဝန် ဝတ္တရားတွေ ရှိကြပါတယ်။ အလုပ်ခွင်က ပူးပေါင်းမှုတွေလိုမျိုးပေါ့။ အပြန်အလှန် လေးစားမှုရှိပြီး တစ်ယောက်ရဲ့ အရေးပါပုံကို အခြားတစ်ယောက်က အသိမှတ်ပြုတယ်ဆိုရင် အလုပ်လုပ်ရတာ ပျော်မွေ့မှာပဲ။ လူတိုင်းက ကိုယ့်တာဝန်ကိုယ် တာဝန်ကျေပြီး လိုအပ်တဲ့အခါ အပြန်အလှန်ကူညီကြမယ်ဆိုရင် အလုပ်တွေလည်း ပြီးမြှောက်ကြမှာပဲ။ ပြီးရင် ကိုယ့်အလုပ်အပေါ် တန်ဖိုးထားပြီး ဒီပူးပေါင်းမှုရဲ့ ရည်ရွယ်ချက်နဲ့ တန်ဖိုးထားမှုတွေကိုလည်း အတူတူ သိရှိထားကြတယ်ဆိုရင် တက်ညီလက်ညီနဲ့ လက်တွဲလုပ်ဆောင်နိုင်မယ်လို့ မြင်မိတယ်။

ကျွန်မက အိမ်ထောင်ရေး ပညာရှင်မဟုတ်ပါဘူး။ ဒါပေမယ့် အိမ်ထောင်ပြုခြင်းဆိုတာ ဘဝအတွက် ပူးပေါင်းမှု ဖြစ်စဉ်တစ်ခုဆိုတာကိုတော့ စွဲစွဲမြဲမြဲ လက်ခံထားပါတယ်။ မိသားစုတစ်ခုအဖြစ် ပူးပေါင်းကြတဲ့အခါ ယောက်ျားရော မိန်းမပါ သူတို့ ကျရာ တာဝန်တွေကို ထမ်းဆောင်ရတာပါ။ ယောက်ျား၊မိန်းမ နှစ်ယောက်လုံး အလုပ်လုပ်ကြတဲ့ မိသားစုတွေရှိသလို၊ တစ်ယောက်က ဝင်ငွေရှာပြီး တစ်ယောက်က အိမ်ထောင် ထိန်းသိမ်းတဲ့အလုပ်လုပ်ကြတာတွေလည်း ရှိပါတယ်။ အထူးသဖြင့် တစ်ယောက်က အိမ်မှာနေကြတဲ့အခါ အဲဒီ့ အိမ်မှာနေတဲ့ (များသောအားဖြင့်) အမျိုးသမီးတွေက တစ်ဆင့်နိမ့်တယ်ဆိုတဲ့ ယုံကြည်ချက်မျိုး ရှိကြပါတယ်။ အမှန်တစ်ကယ် အိမ်မှာနေကြည့်ရင် လုပ်စရာ အလွန်များပါတယ်။ အိမ်အလုပ်ဆိုတာလည်း အလုပ်တစ်ခု၊ တာဝန်တစ်ခုပါပဲ။ ငွေရှာတဲ့ တာဝန်ယူသူကို အသိမှတ်ပြု ကျေးဇူးတင်ဖို့လိုသလို အိမ်အလုပ်လုပ်သူကိုလည်း အသိမှတ်ပြု တန်ဖိုးထားကြောင်း ပြသဖို့ လိုအပ်ပါတယ်။ မတူညီတဲ့ တာဝန်တွေကို ခွဲဝေထမ်းဆောင်ရင်း ပူးပေါင်းဆောင်ရွက်နေကြတာကို မမေ့ဖို့လိုတာပါ။ ကိုယ်ယူထားတဲ့ တာ၀န်ကိုလည်း ကိုယ်က ကျေပွန်ဖို့၊ အကောင်းဆုံး လုပ်ဆောင်ဖို့လည်း လိုတာပါပဲ။ တာ၀န်ယူမှု တာ၀န်ခံမှု ရှိမှလည်း ရေရှည်အတွက် ကောင်းမှာကိုး။

ကျွန်မနဲ့ ကျွန်မအမျိုးသား အတူလက်တွဲ လုပ်ဖြစ်တာလေး (၃)ခု မျှဝေပေးချင်ပါတယ်။ ကျွန်မတို့ နှစ်ယောက်လုံးက ပညာရေးကို အလွန်တန်ဖိုးထားသလို အလုပ်လည်း အရမ်းလုပ်ကြတယ်။ တစ်ခုပဲကွာတယ်။ သူ့အလုပ်က ဝင်ငွေရပြီး ကျွန်မလုပ်တဲ့ အလုပ်တွေက ငွေကုန်တယ်။ ကျွန်မက ပညာရေး ပရဟိတကို အချိန်ပြည့် လုပ်တာကိုး။

(၁) ပထမတစ်ခု ကျွန်မတို့ သေချာ လုပ်ဖြစ်တာက တစ်နေ့တာ အလုပ်တွေ ရပ်ပြီးတဲ့အခါ ကျွန်မတို့ နှစ်ယောက် အေးအေး ဆေးဆေး အမြဲ စကားပြောပါတယ်။ အလုပ်က ည ၁ နာရီလောက်မှ ရပ်လည်း မအိပ်ခင် စကားပြောပါတာပါပဲ။ အလုပ်ခွင်အကြောင်း၊ တစ်နေ့တာ အတွေ့အကြုံတွေ အကြောင်း၊ အဲဒီ့ မျှဝေမှုတွေကနေ အခြေခံတဲ့ ကိုယ့်တွေ့ရှိချက်တွေ သင်ယူမှုတွေ….. အစုံပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် သေချာ နားထောင်ပေးကြပြီး တစ်ယောက်ကို တစ်ယောက် ဘယ်လို ပံ့ပိုးပေးနိုင်မလဲဆိုတဲ့ ရှုထောင့်ကနေ အမြဲ မျှဝေကြပါတယ်။

(၂) ဒုတိယတစ်ခုက ကျွန်မတို့ အချိန်ယူပြီး စကားပြောကြတဲ့အပြင် တစ်ယောက်နဲ့တစ်ယောက် ဘယ်လို ကျေးဇူးတင်ကြောင်းကိုလည်း ခဏခဏ ပြောဖြစ်ပါတယ်။ ဘာကြောင့် ကျေးဇူးတင်ရတယ်ဆိုတာကို အသေးစိတ်လေး မျှဝေကြတယ်။ အပေါ်ယံ စကားအဖြစ် ကျေးဇူးတင်တာမျိုးမဟုတ်ဘဲ စိတ်ရင်းနဲ့ ကျေးဇူးတင်မိတာကို ပေါ်လွင်အောင် သေချာ အလေးထားပြောကြပါတယ်။ ကျွန်မတို့ နှစ်ယောက်လုံး အဲ့လို လုပ်ရတာ ကြိုက်တယ်။ ပိုကောင်းအောင် ကြိုးစားချင်စိတ်လည်း အရမ်း ဖြစ်မိတယ်။

(၃) တတိယတစ်ခုက ကျွန်မတို့ တစ်ခုခု မှားသွားခဲ့ရင်၊ လွန်သွားခဲ့ရင် သေချာ တောင်းပန်တယ်။ အဲဒီ့ အခြေအနေက ဖြစ်ခဲ့တဲ့ စိတ်အခြေအနေနဲ့ ဘာကြောင့် အဲ့လိုဖြစ်သလဲဆိုတာကို သေသေချာချာလေး ပြောဖြစ်တယ်။ အဲဒီ့လိုမျိုး မဖြစ်အောင် ဘယ်လို လုပ်ကြမလဲဆိုတာလေးပါ ထည့်စဉ်းစားပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အဲဒီ့ စိတ်အခြေအနေကို နောက်ထပ်မရောက်အောင် ကြိုးစားကြတယ်။ ဒီအချက် (၃)ချက်ကို သေချာ လုပ်ဖြစ်တာက ကျွန်မတို့က ဒီမိသားစုဘဝဟာ ပူးပေါင်းမှုဖြစ်စဉ်ဖြစ်တယ်၊ အပြန်အလှန် လေးစားတန်ဖိုးထားပြီးအသိမှတ်ပြုရမယ်ဆိုတာကို နှစ်ဦးစလုံးက သေချာ လက်ခံယုံကြည်ထားလို့ပါ။

ကျွန်မတို့လိုမျိုး လက်ခံကျင့်သုံးတဲ့ မိဘတွေလည်း ရှိနိုင်သလို၊ မကျင့်သုံးသူတွေလည်း ရှိနိုင်ပါတယ်။ ဘယ်လုပ်ရပ်မှ မှားတယ်မှန်တယ်ဆိုတာလည်း ကျွန်မမဝေဖန်လိုပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်မတို့မှာ မတူညီတဲ့ အသိုင်းအဝန်း၊ အတွေ့အကြုံတွေနဲ့ နောက်ခံတွေရှိကြတာကိုး။ ဒါပေမယ့် ကလေးတွေမှာ မိဘနှစ်ယောက်ရဲ့ တစ်ယောက်အပေါ် တစ်ယောက်ထားတဲ့ မေတ္တာ၊ တန်ဖိုးထားမှု၊ လေးစားမှုတွေဟာ ကိုယ်တွေရဲ့ သား၊သမီးတွေအပေါ်မှာ သက်ရောက်မှု ရှိပါတယ်။

တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် လေးစားမှုရှိကြတဲ့ မိဘတွေရဲ့ လုပ်ရပ်တွေဆီကနေ ကလေးတွေက လေးစားတန်ဖိုးထားတတ်သူတွေဖြစ်ဖို့ သင်ယူကြတယ်။ အပေါ်ယံ ချိုသာတဲ့စကားလုံးမဟုတ်ဘဲ အမှန်တစ်ကယ် နူးညံ့ပြီး ယဉ်ကျေးတဲ့ စကားလုံးတွေ အပြန်အလှန် သုံးပြီး သုံးသပ် မျှဝေကြတာကို ကလေးတွေ မြင်ရင် ယဉ်ကျေးလိမ္မာတဲ့ ကလေးတွေ၊ အခြားသူတွေအပေါ် မမောက်မာတဲ့ကလေးတွေ ဖြစ်ဖို့ ပိုပြီး နီးစပ်ပါတယ်။ မိဘတွေက ကလေးတွေရှေ့မှာ တစ်ယောက်နဲ့ တစ်ယောက် စစ်မှန်စွာ ကျေးဇူးတင်၊ အသိမှတ်ပြုပြီး တစ်ယောက်ကို တစ်ယောက် တန်ဖိုးထားပြကျတယ်ဆိုရင် ကလေးတွေဟာ မတူညီတဲ့ လူတွေရဲ့ အခန်းကဏ္ဍကို သေချာ နားလည်နိုင်ပြီး လေးစား တန်ဖိုးထားတတ်လာမှာပါပဲ။ မိဘတွေက ကိုယ့်ရှေ့မှာ ဟန်ဆောင် ချစ်ပြနေတာလား၊ အမှန်တစ်ကယ် တန်ဖိုးထား မေတ္တာထားကြသလားဆိုတာ ကလေးတွေက သိပ်သိပါတယ်။ မိဘတွေဆီကနေ အမြဲ သင်ယူ၊ အတုခိုးပြီး လက်တွေ့ ဘဝမှာ ပြန်လည် အသုံးချကြတာပါပဲ။

မိခင်၊ ဖခင် တွေကို ဘာကြောင့် လက်ဦးဆရာလို့ ခေါ်တာလဲဆိုရင် ဘယ်ကျောင်းကိုမှ မပို့ခင်၊ ဘယ်ဆရာ၊မနဲ့မှ မသင်ခင် ကျွန်မတို့ မိဘတွေရဲ့ ပြောဆို၊ နေထိုင်၊ ပြုမူပုံတွေ ဆီကနေ ကလေးတွေက သင်ယူကြတာကိုး။ ဒါကြောင့် ကလေးတွေကို ဟိုဟာ မလုပ်ရ ဒီဟာ မလုပ်ရ ဆိုတာမျိုး လမ်းညွှန်နေရုံတင်သာမက ကိုယ်တိုင်လည်း မိသားစုရဲ့ ပူးပေါင်းမှု လုပ်ငန်းကို အကောင်းဆုံး လုပ်ဆောင်ကြဖို့၊ တာဝန်ယူကြဖို့လိုပါတယ်။

ကျွန်မကတော့ ကျွန်မတို့ အသိုင်းအဝန်းမှာ အိမ်ထောင်ဦးစီးမို့ အရိုသေခံရပြီး အိမ်ထောင်ရှင်မမို့ မှီခို နေရတယ်ဆိုတဲ့ အမြင်တွေ မရှိကြဘဲ မိသားစုတစ်ခုမှာ မတူညီတဲ့ တာဝန်တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေကြတယ်ဆိုတာကို လက်ခံလာနိုင်ဖို့ မျှော်လင့်မိသလို၊ ကလေးတွေရဲ့ လက်ဦးဆရာဖြစ်တဲ့ မိဘတွေ အပြန်အလှန် လေးစား၊ တန်ဖိုးထားပြီး အသိမှတ်ပြုတတ်ကြမယ်ဆိုရင် ကျွန်မတို့ရဲ့ ကလေးတွေဟာ လူအများကို လေးစားတတ်သူ၊ တန်ဖိုးထားတတ်သူ၊ အသိမှတ်ပြုတတ်သူတွေ ဖြစ်လာမယ်လို့ ယုံကြည်မိပါတယ်။

မေတ္တာဖြင့်…
Sayarma-ဆရာမ

ဓါတ်ပုံ – ဒီပုံလေးက အောက်တိုဘာ ၂၅ ရက်၊ ကျွန်မတို့ အိမ်မှာနေရင်းသင်ယူမယ်အစီအစဉ်ရဲ့ ဆုပေးပွဲလေးအပြီးမှာ ရိုက်ထားတာပါ။ ကျွန်မက အိပ်ခန်းထဲမှာ ဆုပေးပွဲလုပ်နေတုန်း အခန်းအပြင်မှာ ကျွန်မတို့ရဲ့ အိမ်မှာနေရင်း သင်ယူမယ်အစီစဉ်အတွက် ကျောင်းသားစာရင်းကိစ္စတွေကို တကုပ်ကုပ်နဲ့ ဝိုင်းကူလုပ်ပေးနေတဲ့ ကျွန်မ အမျိုးသားကို ကျေးဇူးတင်စကား သွားပြောနေရင်း မောင်လေးကို အမှတ်တရ ရိုက်ခိုင်းထားခဲ့တာပါ။ အဲဒီ့အချိန်က ကျွန်မ ကိုယ်ဝန် (၃၃) ပတ်ပေါ့။

[ Zawgyi ]

မိသားစုဆိုတာကို ဘယ္လို နားလည္ၾကပါလဲ။ ကၽြန္မကေတာ့ မိသားစုဆိုတာ ပူးေပါင္းေဆာင္ရြက္မႈ ျဖစ္စဥ္တစ္ခုအျဖစ္ ယုံၾကည္ထားၿပီး မိသားစုဝင္ အားလုံးရဲ့ မတူညီတဲ့ အခန္းက႑က အေရးပါတယ္လို႔ လက္ခံထားသူတစ္ေယာက္ပါ။ ဒီေတာ့ ကေလးေတြကို ျပဳစုပ်ိဳးေထာင္တဲ့အခါ မိဘေတြရဲ့ လုပ္ေဆာင္မႈေတြက ဘယ္လို သက္ေရာက္မႈရွိလဲဆိုတာေလးေတြရယ္၊ ကၽြန္မရဲ့ ကိုယ္ပိုင္ဘဝမွာ ကၽြန္မတို႔ ဘယ္လို ပူးေပါင္းမႈလုပ္ျဖစ္လဲဆိုတာကို ကၽြန္မ မၽွေဝေဆြးေႏြးခ်င္ပါတယ္။

ပူးေပါင္းေဆာင္ရြက္မႈ ျဖစ္စဥ္ဆိုတာ – လူတစ္ေယာက္ထက္ ပိုၿပီး ပါဝင္ပါတယ္။ ပါဝင္တဲ့သူေတြမွာ မတူညီတဲ့ တာဝန္ ဝတၱရားေတြ ရွိၾကပါတယ္။ အလုပ္ခြင္က ပူးေပါင္းမႈေတြလိုမ်ိဳးေပါ့။ အျပန္အလွန္ ေလးစားမႈရွိၿပီး တစ္ေယာက္ရဲ့ အေရးပါပုံကို အျခားတစ္ေယာက္က အသိမွတ္ျပဳတယ္ဆိုရင္ အလုပ္လုပ္ရတာ ေပ်ာ္ေမြ႕မွာပဲ။ လူတိုင္းက ကိုယ့္တာဝန္ကိုယ္ တာဝန္ေက်ၿပီး လိုအပ္တဲ့အခါ အျပန္အလွန္ကူညီၾကမယ္ဆိုရင္ အလုပ္ေတြလည္း ၿပီးေျမႇာက္ၾကမွာပဲ။ ၿပီးရင္ ကိုယ့္အလုပ္အေပၚ တန္ဖိုးထားၿပီး ဒီပူးေပါင္းမႈရဲ့ ရည္ရြယ္ခ်က္နဲ႔ တန္ဖိုးထားမႈေတြကိုလည္း အတူတူ သိရွိထားၾကတယ္ဆိုရင္ တက္ညီလက္ညီနဲ႔ လက္တြဲလုပ္ေဆာင္နိုင္မယ္လို႔ ျမင္မိတယ္။

ကၽြန္မက အိမ္ေထာင္ေရး ပညာရွင္မဟုတ္ပါဘူး။ ဒါေပမယ့္ အိမ္ေထာင္ျပဳျခင္းဆိုတာ ဘဝအတြက္ ပူးေပါင္းမႈ ျဖစ္စဥ္တစ္ခုဆိုတာကိုေတာ့ စြဲစြဲျမဲျမဲ လက္ခံထားပါတယ္။ မိသားစုတစ္ခုအျဖစ္ ပူးေပါင္းၾကတဲ့အခါ ေယာက္်ားေရာ မိန္းမပါ သူတို႔ က်ရာ တာဝန္ေတြကို ထမ္းေဆာင္ရတာပါ။ ေယာက္်ား၊မိန္းမ ႏွစ္ေယာက္လုံး အလုပ္လုပ္ၾကတဲ့ မိသားစုေတြရွိသလို၊ တစ္ေယာက္က ဝင္ေငြရွာၿပီး တစ္ေယာက္က အိမ္ေထာင္ ထိန္းသိမ္းတဲ့အလုပ္လုပ္ၾကတာေတြလည္း ရွိပါတယ္။ အထူးသျဖင့္ တစ္ေယာက္က အိမ္မွာေနၾကတဲ့အခါ အဲဒီ့ အိမ္မွာေနတဲ့ (မ်ားေသာအားျဖင့္) အမ်ိဳးသမီးေတြက တစ္ဆင့္နိမ့္တယ္ဆိုတဲ့ ယုံၾကည္ခ်က္မ်ိဳး ရွိၾကပါတယ္။ အမွန္တစ္ကယ္ အိမ္မွာေနၾကည့္ရင္ လုပ္စရာ အလြန္မ်ားပါတယ္။ အိမ္အလုပ္ဆိုတာလည္း အလုပ္တစ္ခု၊ တာဝန္တစ္ခုပါပဲ။ ေငြရွာတဲ့ တာဝန္ယူသူကို အသိမွတ္ျပဳ ေက်းဇူးတင္ဖို႔လိုသလို အိမ္အလုပ္လုပ္သူကိုလည္း အသိမွတ္ျပဳ တန္ဖိုးထားေၾကာင္း ျပသဖို႔ လိုအပ္ပါတယ္။ မတူညီတဲ့ တာဝန္ေတြကို ခြဲေဝထမ္းေဆာင္ရင္း ပူးေပါင္းေဆာင္ရြက္ေနၾကတာကို မေမ့ဖို႔လိုတာပါ။ ကိုယ္ယူထားတဲ့ တာ၀န္ကိုလည္း ကိုယ္က ေက်ပြန္ဖို႔၊ အေကာင္းဆုံး လုပ္ေဆာင္ဖို႔လည္း လိုတာပါပဲ။ တာ၀န္ယူမႈ တာ၀န္ခံမႈ ရွိမွလည္း ေရရွည္အတြက္ ေကာင္းမွာကိုး။

ကၽြန္မနဲ႔ ကၽြန္မအမ်ိဳးသား အတူလက္တြဲ လုပ္ျဖစ္တာေလး (၃)ခု မၽွေဝေပးခ်င္ပါတယ္။ ကၽြန္မတို႔ ႏွစ္ေယာက္လုံးက ပညာေရးကို အလြန္တန္ဖိုးထားသလို အလုပ္လည္း အရမ္းလုပ္ၾကတယ္။ တစ္ခုပဲကြာတယ္။ သူ႔အလုပ္က ဝင္ေငြရၿပီး ကၽြန္မလုပ္တဲ့ အလုပ္ေတြက ေငြကုန္တယ္။ ကၽြန္မက ပညာေရး ပရဟိတကို အခ်ိန္ျပည့္ လုပ္တာကိုး။

(၁) ပထမတစ္ခု ကၽြန္မတို႔ ေသခ်ာ လုပ္ျဖစ္တာက တစ္ေန႔တာ အလုပ္ေတြ ရပ္ၿပီးတဲ့အခါ ကၽြန္မတို႔ ႏွစ္ေယာက္ ေအးေအး ေဆးေဆး အျမဲ စကားေျပာပါတယ္။ အလုပ္က ည ၁ နာရီေလာက္မွ ရပ္လည္း မအိပ္ခင္ စကားေျပာပါတာပါပဲ။ အလုပ္ခြင္အေၾကာင္း၊ တစ္ေန႔တာ အေတြ႕အၾကဳံေတြ အေၾကာင္း၊ အဲဒီ့ မၽွေဝမႈေတြကေန အေျခခံတဲ့ ကိုယ့္ေတြ႕ရွိခ်က္ေတြ သင္ယူမႈေတြ….. အစုံပါပဲ။ တစ္ေယာက္နဲ႔ တစ္ေယာက္ အျပန္အလွန္ ေသခ်ာ နားေထာင္ေပးၾကၿပီး တစ္ေယာက္ကို တစ္ေယာက္ ဘယ္လို ပံ့ပိုးေပးနိုင္မလဲဆိုတဲ့ ရႈေထာင့္ကေန အျမဲ မၽွေဝၾကပါတယ္။

(၂) ဒုတိယတစ္ခုက ကၽြန္မတို႔ အခ်ိန္ယူၿပီး စကားေျပာၾကတဲ့အျပင္ တစ္ေယာက္နဲ႔တစ္ေယာက္ ဘယ္လို ေက်းဇူးတင္ေၾကာင္းကိုလည္း ခဏခဏ ေျပာျဖစ္ပါတယ္။ ဘာေၾကာင့္ ေက်းဇူးတင္ရတယ္ဆိုတာကို အေသးစိတ္ေလး မၽွေဝၾကတယ္။ အေပၚယံ စကားအျဖစ္ ေက်းဇူးတင္တာမ်ိဳးမဟုတ္ဘဲ စိတ္ရင္းနဲ႔ ေက်းဇူးတင္မိတာကို ေပၚလြင္ေအာင္ ေသခ်ာ အေလးထားေျပာၾကပါတယ္။ ကၽြန္မတို႔ ႏွစ္ေယာက္လုံး အဲ့လို လုပ္ရတာ ႀကိဳက္တယ္။ ပိုေကာင္းေအာင္ ႀကိဳးစားခ်င္စိတ္လည္း အရမ္း ျဖစ္မိတယ္။

(၃) တတိယတစ္ခုက ကၽြန္မတို႔ တစ္ခုခု မွားသြားခဲ့ရင္၊ လြန္သြားခဲ့ရင္ ေသခ်ာ ေတာင္းပန္တယ္။ အဲဒီ့ အေျခအေနက ျဖစ္ခဲ့တဲ့ စိတ္အေျခအေနနဲ႔ ဘာေၾကာင့္ အဲ့လိုျဖစ္သလဲဆိုတာကို ေသေသခ်ာခ်ာေလး ေျပာျဖစ္တယ္။ အဲဒီ့လိုမ်ိဳး မျဖစ္ေအာင္ ဘယ္လို လုပ္ၾကမလဲဆိုတာေလးပါ ထည့္စဥ္းစားပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ အဲဒီ့ စိတ္အေျခအေနကို ေနာက္ထပ္မေရာက္ေအာင္ ႀကိဳးစားၾကတယ္။ ဒီအခ်က္ (၃)ခ်က္ကို ေသခ်ာ လုပ္ျဖစ္တာက ကၽြန္မတို႔က ဒီမိသားစုဘဝဟာ ပူးေပါင္းမႈျဖစ္စဥ္ျဖစ္တယ္၊ အျပန္အလွန္ ေလးစားတန္ဖိုးထားၿပီးအသိမွတ္ျပဳရမယ္ဆိုတာကို ႏွစ္ဦးစလုံးက ေသခ်ာ လက္ခံယုံၾကည္ထားလို႔ပါ။

ကၽြန္မတို႔လိုမ်ိဳး လက္ခံက်င့္သုံးတဲ့ မိဘေတြလည္း ရွိနိုင္သလို၊ မက်င့္သုံးသူေတြလည္း ရွိနိုင္ပါတယ္။ ဘယ္လုပ္ရပ္မွ မွားတယ္မွန္တယ္ဆိုတာလည္း ကၽြန္မမေဝဖန္လိုပါဘူး၊ ဘာလို႔လဲဆိုေတာ့ ကၽြန္မတို႔မွာ မတူညီတဲ့ အသိုင္းအဝန္း၊ အေတြ႕အၾကဳံေတြနဲ႔ ေနာက္ခံေတြရွိၾကတာကိုး။ ဒါေပမယ့္ ကေလးေတြမွာ မိဘႏွစ္ေယာက္ရဲ့ တစ္ေယာက္အေပၚ တစ္ေယာက္ထားတဲ့ ေမတၱာ၊ တန္ဖိုးထားမႈ၊ ေလးစားမႈေတြဟာ ကိုယ္ေတြရဲ့ သား၊သမီးေတြအေပၚမွာ သက္ေရာက္မႈ ရွိပါတယ္။

တစ္ေယာက္နဲ႔ တစ္ေယာက္ အျပန္အလွန္ ေလးစားမႈရွိၾကတဲ့ မိဘေတြရဲ့ လုပ္ရပ္ေတြဆီကေန ကေလးေတြက ေလးစားတန္ဖိုးထားတတ္သူေတြျဖစ္ဖို႔ သင္ယူၾကတယ္။ အေပၚယံ ခ်ိဳသာတဲ့စကားလုံးမဟုတ္ဘဲ အမွန္တစ္ကယ္ ႏူးညံ့ၿပီး ယဥ္ေက်းတဲ့ စကားလုံးေတြ အျပန္အလွန္ သုံးၿပီး သုံးသပ္ မၽွေဝၾကတာကို ကေလးေတြ ျမင္ရင္ ယဥ္ေက်းလိမၼာတဲ့ ကေလးေတြ၊ အျခားသူေတြအေပၚ မေမာက္မာတဲ့ကေလးေတြ ျဖစ္ဖို႔ ပိုၿပီး နီးစပ္ပါတယ္။ မိဘေတြက ကေလးေတြေရွ႕မွာ တစ္ေယာက္နဲ႔ တစ္ေယာက္ စစ္မွန္စြာ ေက်းဇူးတင္၊ အသိမွတ္ျပဳၿပီး တစ္ေယာက္ကို တစ္ေယာက္ တန္ဖိုးထားျပက်တယ္ဆိုရင္ ကေလးေတြဟာ မတူညီတဲ့ လူေတြရဲ့ အခန္းက႑ကို ေသခ်ာ နားလည္နိုင္ၿပီး ေလးစား တန္ဖိုးထားတတ္လာမွာပါပဲ။ မိဘေတြက ကိုယ့္ေရွ႕မွာ ဟန္ေဆာင္ ခ်စ္ျပေနတာလား၊ အမွန္တစ္ကယ္ တန္ဖိုးထား ေမတၱာထားၾကသလားဆိုတာ ကေလးေတြက သိပ္သိပါတယ္။ မိဘေတြဆီကေန အျမဲ သင္ယူ၊ အတုခိုးၿပီး လက္ေတြ႕ ဘဝမွာ ျပန္လည္ အသုံးခ်ၾကတာပါပဲ။

မိခင္၊ ဖခင္ ေတြကို ဘာေၾကာင့္ လက္ဦးဆရာလို႔ ေခၚတာလဲဆိုရင္ ဘယ္ေက်ာင္းကိုမွ မပို႔ခင္၊ ဘယ္ဆရာ၊မနဲ႔မွ မသင္ခင္ ကၽြန္မတို႔ မိဘေတြရဲ့ ေျပာဆို၊ ေနထိုင္၊ ျပဳမူပုံေတြ ဆီကေန ကေလးေတြက သင္ယူၾကတာကိုး။ ဒါေၾကာင့္ ကေလးေတြကို ဟိုဟာ မလုပ္ရ ဒီဟာ မလုပ္ရ ဆိုတာမ်ိဳး လမ္းညႊန္ေန႐ုံတင္သာမက ကိုယ္တိုင္လည္း မိသားစုရဲ့ ပူးေပါင္းမႈ လုပ္ငန္းကို အေကာင္းဆုံး လုပ္ေဆာင္ၾကဖို႔၊ တာဝန္ယူၾကဖို႔လိုပါတယ္။

ကၽြန္မကေတာ့ ကၽြန္မတို႔ အသိုင္းအဝန္းမွာ အိမ္ေထာင္ဦးစီးမို႔ အရိုေသခံရၿပီး အိမ္ေထာင္ရွင္မမို႔ မွီခို ေနရတယ္ဆိုတဲ့ အျမင္ေတြ မရွိၾကဘဲ မိသားစုတစ္ခုမွာ မတူညီတဲ့ တာဝန္ေတြနဲ႔ ပူးေပါင္းလုပ္ေဆာင္ေနၾကတယ္ဆိုတာကို လက္ခံလာနိုင္ဖို႔ ေမၽွာ္လင့္မိသလို၊ ကေလးေတြရဲ့ လက္ဦးဆရာျဖစ္တဲ့ မိဘေတြ အျပန္အလွန္ ေလးစား၊ တန္ဖိုးထားၿပီး အသိမွတ္ျပဳတတ္ၾကမယ္ဆိုရင္ ကၽြန္မတို႔ရဲ့ ကေလးေတြဟာ လူအမ်ားကို ေလးစားတတ္သူ၊ တန္ဖိုးထားတတ္သူ၊ အသိမွတ္ျပဳတတ္သူေတြ ျဖစ္လာမယ္လို႔ ယုံၾကည္မိပါတယ္။

ေမတၱာျဖင့္…
Sayarma-ဆရာမ

ဓါတ္ပုံ – ဒီပုံေလးက ေအာက္တိုဘာ ၂၅ ရက္၊ ကၽြန္မတို႔ အိမ္မွာေနရင္းသင္ယူမယ္အစီအစဥ္ရဲ့ ဆုေပးပြဲေလးအၿပီးမွာ ရိုက္ထားတာပါ။ ကၽြန္မက အိပ္ခန္းထဲမွာ ဆုေပးပြဲလုပ္ေနတုန္း အခန္းအျပင္မွာ ကၽြန္မတို႔ရဲ့ အိမ္မွာေနရင္း သင္ယူမယ္အစီစဥ္အတြက္ ေက်ာင္းသားစာရင္းကိစၥေတြကို တကုပ္ကုပ္နဲ႔ ဝိုင္းကူလုပ္ေပးေနတဲ့ ကၽြန္မ အမ်ိဳးသားကို ေက်းဇူးတင္စကား သြားေျပာေနရင္း ေမာင္ေလးကို အမွတ္တရ ရိုက္ခိုင္းထားခဲ့တာပါ။ အဲဒီ့အခ်ိန္က ကၽြန္မ ကိုယ္ဝန္ (၃၃) ပတ္ေပါ့။