[Unicode]
သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့က မုံရွာမှာ ကလေးတွေ၊ လူငယ်တွေအတွက် ပညာသင်ယူမှု အခွင့်အလမ်းတွေနဲ့ ပတ်သတ်တဲ့ ဆွေးနွေးဝိုင်းလေးမှာ ပါဝင်ခဲ့ပြီး အဲဒီ့ပွဲလေးမှာ ကျွန်မ မျှဝေခဲ့တာလေးကို ပြန်ပြောပြချင်ပါ တယ်။ အကြောင်းကတော့ သင်ယူလိုစိတ်ပါ။ မိဘတွေအနေနဲ့ ဆရာ၊မတွေအနေနဲ့ ကလေးတွေရဲ့ သင်ယူလိုစိတ်ကို နှိုးဆွပေးနိုင်မယ့် နည်းလမ်းလေးတွေနဲ့ ကိုယ်တိုင် ကျင့်သုံးသင့်တဲ့ နည်းလမ်းလေးတွေ မျှဝေပေးပါရစေ။
သင်ယူလိုစိတ်ဆိုတာ – လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ လုပ်နေရတဲ့အခါ တစ်ခုခု သင်ယူနိုင်မယ်ဆိုတဲ့ စိတ်နဲ့ လုပ်တာ၊ လွယ်တဲ့အလုပ်လုပ်ရရင်တောင် ဒီကနေ ပိုပြီး သင်ယူမှုတစ်ခုခုရအောင် ခက်တဲ့အလုပ် မလုပ်ဖူးတဲ့အလုပ်မျိုးကို လုပ်ဖို့ ကြိုးစားချင်တာ၊ အခက်အခဲကြုံရတဲ့အခါ ဖြေရှင်းနိုင်ဖို့ သင်ယူစရာတွေကို ပြင်ဆင်စဉ်းစားပြီး မှားသွားတဲ့အခါ သင်ယူစရာတစ်ခုခုကို ရှာဖွေတတ်တာ။
သင်ယူလိုစိတ်ကလေးတွေမှာ ရှိဖို့ဆိုရင် …
၁) ကလေးတွေရဲ့ အားသာချက်တွေကို အသိမှတ်ပြုပေးပါ။
ကလေးတွေရဲ့ အားနည်းချက်ကိုလိုက်ထောက်ပြီး ညံ့ကြောင်း ဖျဉ်းကြောင်းပြောရင် ပြောတဲ့အတိုင်း ဖြစ်ဖို့ ရာခိုင်နှုန်းပိုများပါတယ်။ ကလေးတွေကို ဘယ်နေရာမှာ တော်ကြောင်း အားသာကြောင်း သိအောင် လုပ်ပေးပါ၊ သူ့ရဲ့ အားသာချက်ကို ကောင်းတဲ့နေရာ အကျိုးရှိတဲ့နေရာမှာ အသုံးပြုနိုင်ဖို့ အခွင့်အလမ်းပေးပါ။
၂) အပြုသဘောဆောင်သော အကြံပြုချက်ပေးပါ။
လူတိုင်းမှာ အားသာချက် အားနည်းချက်တွေရှိပါတယ်။ အားနည်းချက်ကို သင်ယူရန် လိုအပ်သေးတဲ့ အရာလို့မြင်ဖို့လိုပါတယ်။ ပိုပြီး သင်ယူရမယ့်ခေါင်းစဉ်၊ ပိုပြီး အားစိုက်လေ့ကျင့်ရမယ့် စွမ်းရည် အဖြစ် မြင်ပေးပြီး အဲဒီ့ ပိုသင်ယူဖို့လိုအပ်နေတဲ့အရာတွေ သင်ယူခွင့်ရဖို့ အပြုသဘောဆောင်တဲ့ အကြံပြုချက်တွေပေးပါ။
၃) အကောင်းမြင်စိတ်ဖြစ်အောင် တွေးခိုင်းပါ။
နင်တော်တော်တုံးတာပဲ၊ သူများလောက်တောင် မရဘူးလား စတဲ့ ကိုယ့်ကိုကိုယ်အကောင်းမမြင်စေတဲ့ အပြောအဆိုတွေ ရှောင်ပါ။ လူကြီးတွေက အဲ့လိုပြောပါများရင် ကလေးတွေက ငါတော်တော်ညံ့တယ်၊ ငါက မကောင်းတာပါဆိုတာမျိုးစိတ်ထဲဝင်သွားတယ်။ အဲ့လို စိတ်ထဲဝင်သွားရင် ကိုယ့်ကိုကိုယ် တန်ဖိုးမထားတော့ဘူး။ ကိုယ်တန်ဖိုးမထားတဲ့အရာကို အကောင်းဆုံးဖြစ်အောင် ဘယ်သူမှ လုပ်မှာမဟုတ်သလို ကိုယ့်ကိုကိုယ်တန်ဖိုးထားဖို့ သင်ပေးခြင်း မခံရတဲ့ကလေးတွေက ကိုယ့်အတွက်ကောင်းအောင် လုပ်ကြဖို့ ခဲယဉ်းတယ်။ ဒါကြောင့် ကလေးတွေကို ကိုယ့်ကိုကိုယ် အပြုသဘောဆောင်တဲ့အတွေးမြင်အောင်၊ တန်ဖိုးထားတတ်အောင် တွေးခိုင်းပါ။
၄) အမှားထဲက သင်ယူခိုင်းပါ။
မှားရင် ဆူတာထက် မှားသွားတဲ့အထဲကနေ ဘာတွေ သင်ယူနိုင်မလဲ ကိုယ်တိုင်စဉ်းစားစေပါ။ လုပ်နေတဲ့ ဖြစ်စဉ်မှားတာလား၊ သုံးတဲ့ဟာမှားတာလား၊ တွေးတာက မှားတာလား။ ဘယ်နားမှားပြီး နောက်တစ်ခါ မမှားအောင် ဘယ်လို ပြင်ဆင်ရမလဲဆိုတာမျိုးတွေးခိုင်းပါ။ အမှားထဲကနေ မသင်ယူခိုင်းပဲ မှားလို့ ရှက်အောင်၊ သိမ်ငယ်အောင် လုပ်ခြင်းခံခဲ့ရတဲ့ကလေးတွေက သင်ယူဖို့အခွင့်အလမ်းဆုံးရှုံးသွားတယ်။ အနာဂါတ်မှာ မှားရင်တောင် မှားမှန်းမပြောရဲ၊ မှားရင် သူများပုံချတာတွေ၊ တစ်ခါမှားပြီး တစ်ဘဝလုံး ဘာမှဖြစ်မလာတော့အောင် သိမ်ငယ်တာမျိုးတွေ ဖြစ်တတ်တာမို့ အမှားထဲက သင်ယူခိုင်းပါ။
၅) လုပ်နိုင်စွမ်းကို ချဲ့ထွင်ခိုင်းပါ။
လူတိိုင်း ကိုယ်သိ၊ ကိုယ်တတ်၊ ကိုယ်လုပ်နိုင်တဲ့ စက်ဝန်း (Comfort Zone) ဆိုတာ ရှိတယ်။ အဲဒီ့ စက်ဝန်းထဲမှာ လုပ်ရတယ်၊ နေရတယ်ဆိုရင် အေးဆေးပဲ၊ ဘာအခက်အခဲမှ မရှိဘူးလေ။ ကိုယ်က ၅ဝဖိုးလောက်သိပြီး ၅၀ ဖိုးပဲ လုပ်နေရင် တစ်သက်လုံး ၅ဝဖိုးနဲ့ပဲ ကျေနပ်နေရမှာပေါ့။ အချိန်နဲ့အမျှပြောင်းလဲနေတဲ့ ၂၁ရာစုမှာ ၅ဝဖိုးလောက်နဲ့ မရနိုင်ဘူး။ ကိုယ်သိတဲ့ ၅ဝဖိုးဟာ ပြောင်းလဲမှုတွေကြောင့် ၅ဝဖိုးလုံး အသုံးမဝင်တာမျိုးဖြစ်နိုင်တယ်။ ဒါကြောင့် ကိုယ်လုပ်နိုင်တဲ့ စွမ်းရည်၊ အသိပညာ စက်ဝန်းတွေကို ချဲ့နေဖို့လိုတယ်။ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေရှိတဲ့ အလုပ်တွေလုပ်ရင်း ကိုယ့်စွမ်းဆောင်ရည်ကိုမြှင့်ရမယ်၊ လုပ်နိုင်စွမ်းကို ချဲ့ရမယ်။ ကလေးတွေကို သူတို့စွမ်းရည်ထက်နည်းနည်းပိုခက်တာကို လုပ်ဆောင်ခိုင်းဖို့လိုတယ်။
ကလေးတွေကို သူတို့ရဲ့ အားသာချက်တွေကိုအသိမှတ်ပြုပေးမယ်၊ အားနည်းချက်တွေကို အပြုသဘောဆွေးနွေးကူညီမယ်၊ အကောင်းမြင်တတ်အောင် သင်ပေးမယ်၊ အမှားထဲက သင်ယူခိုင်းမယ်၊ သူတို့ရဲ့ လုပ်နိုင်စွမ်းကို ချဲ့ထွင်ခိုင်းမယ်ဆိုရင် အခက်အခဲကို မကြောက်သော၊ အပြုသဘောဆောင်သော၊ စိတ်ဖိစီးမှုနည်းပါးသော၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသော၊ ထူးချွန်သော ကလေးတွေအဖြစ် မြင်တွေ့ရမှာပါ။ ကလေးတွေအတွက်တင်မဟုတ်ဘူး အထက်မှာ ပြောပြပေးထားတဲ့ အချက် (၅)ချက်ကို မိဘတွေ၊ ဆရာ၊မတွေကိုယ်တိုင်လည်း လိုက်နာလေ့ကျင့်သင့်ပါတယ်လို့ အကြံပြုပါတယ်။ ကျွန်မပြောသွားတဲ့အချက်တွေကို ကိုယ်တိုင် လေ့ကျင့်ချင်ပေမယ့် သေချာ ဘယ်လိုလုပ်ရမှန်းမသိရင် ကျွန်မကို message ပို့ပါ။ ကျွန်မ ကူနိုင်သမျှ ကူပါရစေ။
မေတ္တာဖြင့်..
Sayarma-ဆရာမ
Image : https://facilethings.com/blog/en/growth-mindset
[Zawgyi]
သီတင္းကၽြတ္လျပည့္ေက်ာ္(၁)ရက္ေန႕က မံုရြာမွာ ကေလးေတြ၊ လူငယ္ေတြအတြက္ ပညာသင္ယူမွု အခြင့္အလမ္းေတြနဲ႕ ပတ္သတ္တဲ့ ေဆြးေႏြးဝိုင္းေလးမွာ ပါဝင္ခဲ့ျပီး အဲဒီ့ပြဲေလးမွာ ကၽြန္မ မွ်ေဝခဲ့တာေလးကို ျပန္ေျပာျပခ်င္ပါ တယ္။ အေၾကာင္းကေတာ့ သင္ယူလိုစိတ္ပါ။ မိဘေတြအေနနဲ႕ ဆရာ၊မေတြအေနနဲ႕ ကေလးေတြရဲ႕ သင္ယူလိုစိတ္ကို နွိဳးဆြေပးနုိင္မယ့္ နည္းလမ္းေလးေတြနဲ႕ ကိုယ္တုိင္ က်င့္သံုးသင့္တဲ့ နည္းလမ္းေလးေတြ မွ်ေဝေပးပါရေစ။
သင္ယူလိုစိတ္ဆိုတာ – လုပ္ခ်င္သည္ျဖစ္ေစ မလုပ္ခ်င္သည္ျဖစ္ေစ လုပ္ေနရတဲ့အခါ တစ္ခုခု သင္ယူနိုင္မယ္ဆိုတဲ့ စိတ္နဲ႕ လုပ္တာ၊ လြယ္တဲ့အလုပ္လုပ္ရရင္ေတာင္ ဒီကေန ပိုျပီး သင္ယူမွဳတစ္ခုခုရေအာင္ ခက္တဲ့အလုပ္ မလုပ္ဖူးတဲ့အလုပ္မ်ိဳးကို လုပ္ဖို႕ ၾကိဳးစားခ်င္တာ၊ အခက္အခဲၾကံဳရတဲ့အခါ ေျဖရွင္းနုိင္ဖို႕ သင္ယူစရာေတြကို ျပင္ဆင္စဥ္းစားျပီး မွားသြားတဲ့အခါ သင္ယူစရာတစ္ခုခုကို ရွာေဖြတတ္တာ။
သင္ယူလိုစိတ္ကေလးေတြမွာ ရွိဖို႕ဆိုရင္ …
၁) ကေလးေတြရဲ႕ အားသာခ်က္ေတြကို အသိမွတ္ျပဳေပးပါ။
ကေလးေတြရဲ႕ အားနည္းခ်က္ကိုလုိက္ေထာက္ျပီး ညံ့ေၾကာင္း ဖ်ဥ္းေၾကာင္းေျပာရင္ ေျပာတဲ့အတိုင္း ျဖစ္ဖို႕ ရာခိုင္ႏွုန္းပိုမ်ားပါတယ္။ ကေလးေတြကုိ ဘယ္ေနရာမွာ ေတာ္ေၾကာင္း အားသာေၾကာင္း သိေအာင္ လုပ္ေပးပါ၊ သူ့ရဲ႕ အားသာခ်က္ကို ေကာင္းတဲ့ေနရာ အက်ိဳးရွိတဲ့ေနရာမွာ အသံုးျပဳနိုင္ဖို႕ အခြင့္အလမ္းေပးပါ။
၂) အျပဳသေဘာေဆာင္ေသာ အၾကံျပဳခ်က္ေပးပါ။
လူတုိင္းမွာ အားသာခ်က္ အားနည္းခ်က္ေတြရွိပါတယ္။ အားနည္းခ်က္ကို သင္ယူရန္ လိုအပ္ေသးတဲ့ အရာလို့ျမင္ဖို႕လိုပါတယ္။ ပိုျပီး သင္ယူရမယ့္ေခါင္းစဥ္၊ ပိုျပီး အားစိုက္ေလ့က်င့္ရမယ့္ စြမ္းရည္ အျဖစ္ ျမင္ေပးျပီး အဲဒီ့ ပိုသင္ယူဖို႕လိုအပ္ေနတဲ့အရာေတြ သင္ယူခြင့္ရဖို႕ အျပဳသေဘာေဆာင္တဲ့ အၾကံျပဳခ်က္ေတြေပးပါ။
၃) အေကာင္းျမင္စိတ္ျဖစ္ေအာင္ ေတြးခုိင္းပါ။
နင္ေတာ္ေတာ္တုံးတာပဲ၊ သူမ်ားေလာက္ေတာင္ မရဘူးလား စတဲ့ ကိုယ့္ကိုကိုယ္အေကာင္းမျမင္ေစတဲ့ အေျပာအဆိုေတြ ေရွာင္ပါ။ လူၾကီးေတြက အဲ့လိုေျပာပါမ်ားရင္ ကေလးေတြက ငါေတာ္ေတာ္ညံ့တယ္၊ ငါက မေကာင္းတာပါဆိုတာမ်ိဳးစိတ္ထဲဝင္သြားတယ္။ အဲ့လို စိတ္ထဲဝင္သြားရင္ ကိုယ့္ကိုကိုယ္ တန္ဖိုးမထားေတာ့ဘူး။ ကိုယ္တန္ဖိုးမထားတဲ့အရာကို အေကာင္းဆံုးျဖစ္ေအာင္ ဘယ္သူမွ လုပ္မွာမဟုတ္သလို ကိုယ့္ကိုကိုယ္တန္ဖိုးထားဖို႕ သင္ေပးျခင္း မခံရတဲ့ကေလးေတြက ကိုယ့္အတြက္ေကာင္းေအာင္ လုပ္ၾကဖို႕ ခဲယဥ္းတယ္။ ဒါေၾကာင့္ ကေလးေတြကို ကိုယ့္ကိုကိုယ္ အျပဳသေဘာေဆာင္တဲ့အေတြးျမင္ေအာင္၊ တန္ဖိုးထားတတ္ေအာင္ ေတြးခုိင္းပါ။
၄) အမွားထဲက သင္ယူခုိင္းပါ။
မွားရင္ ဆူတာထက္ မွားသြားတဲ့အထဲကေန ဘာေတြ သင္ယူနုိင္မလဲ ကိုယ္တုိင္စဥ္းစားေစပါ။ လုပ္ေနတဲ့ ျဖစ္စဥ္မွားတာလား၊ သံုးတဲ့ဟာမွားတာလား၊ ေတြးတာက မွားတာလား။ ဘယ္နားမွားျပီး ေနာက္တစ္ခါ မမွားေအာင္ ဘယ္လို ျပင္ဆင္ရမလဲဆိုတာမ်ိဳးေတြးခိုင္းပါ။ အမွားထဲကေန မသင္ယူခုိင္းပဲ မွားလို့ ရွက္ေအာင္၊ သိမ္ငယ္ေအာင္ လုပ္ျခင္းခံခဲ့ရတဲ့ကေလးေတြက သင္ယူဖို႕အခြင့္အလမ္းဆံုးရွံဳးသြားတယ္။ အနာဂါတ္မွာ မွားရင္ေတာင္ မွားမွန္းမေျပာရဲ၊ မွားရင္ သူမ်ားပံုခ်တာေတြ၊ တစ္ခါမွားျပီး တစ္ဘဝလံုး ဘာမွျဖစ္မလာေတာ့ေအာင္ သိမ္ငယ္တာမ်ိဳးေတြ ျဖစ္တတ္တာမို႕ အမွားထဲက သင္ယူခုိင္းပါ။
၅) လုပ္နုိင္စြမ္းကို ခ်ဲ႕ထြင္ခိုင္းပါ။
လူတိုိင္း ကိုယ္သိ၊ ကိုယ္တတ္၊ ကိုယ္လုပ္နုိင္တဲ့ စက္ဝန္း (Comfort Zone) ဆိုတာ ရွိတယ္။ အဲဒီ့ စက္ဝန္းထဲမွာ လုပ္ရတယ္၊ ေနရတယ္ဆိုရင္ ေအးေဆးပဲ၊ ဘာအခက္အခဲမွ မရွိဘူးေလ။ ကိုယ္က ၅၀ဖိုးေလာက္သိျပီး ၅၀ ဖိုးပဲ လုပ္ေနရင္ တစ္သက္လံုး ၅၀ဖုိးနဲ့ပဲ ေက်နပ္ေနရမွာေပါ့။ အခ်ိန္နဲ႕အမွ်ေျပာင္းလဲေနတဲ့ ၂၁ရာစုမွာ ၅၀ဖိုးေလာက္နဲ႕ မရနုိင္ဘူး။ ကိုယ္သိတဲ့ ၅၀ဖိုးဟာ ေျပာင္းလဲမွဳေတြေၾကာင့္ ၅၀ဖိုးလံုး အသံုးမဝင္တာမ်ိဳးျဖစ္နုိင္တယ္။ ဒါေၾကာင့္ ကိုယ္လုပ္နုိင္တဲ့ စြမ္းရည္၊ အသိပညာ စက္ဝန္းေတြကို ခ်ဲ႕ေနဖို႕လိုတယ္။ အခက္အခဲေတြ၊ စိန္ေခၚမွဳေတြရွိတဲ့ အလုပ္ေတြလုပ္ရင္း ကိုယ့္စြမ္းေဆာင္ရည္ကိုျမွင့္ရမယ္၊ လုပ္နုိင္စြမ္းကို ခ်ဲ႕ရမယ္။ ကေလးေတြကို သူတို့စြမ္းရည္ထက္နည္းနည္းပိုခက္တာကို လုပ္ေဆာင္ခိုင္းဖုိ့လုိတယ္။
ကေလးေတြကို သူတို့ရဲ႕ အားသာခ်က္ေတြကိုအသိမွတ္ျပဳေပးမယ္၊ အားနည္းခ်က္ေတြကို အျပဳသေဘာေဆြးေႏြးကူညီမယ္၊ အေကာင္းျမင္တတ္ေအာင္ သင္ေပးမယ္၊ အမွားထဲက သင္ယူခုိင္းမယ္၊ သူတုိ့ရဲ႕ လုပ္နုိင္စြမ္းကို ခ်ဲ႕ထြင္ခိုင္းမယ္ဆိုရင္ အခက္အခဲကို မေၾကာက္ေသာ၊ အျပဳသေဘာေဆာင္ေသာ၊ စိတ္ဖိစီးမွဳနည္းပါးေသာ၊ ကုိယ့္ကိုကိုယ္ ယံုၾကည္မွဳရွိေသာ၊ ထူးခၽြန္ေသာ ကေလးေတြအျဖစ္ ျမင္ေတြ႕ရမွာပါ။ ကေလးေတြအတြက္တင္မဟုတ္ဘူး အထက္မွာ ေျပာျပေပးထားတဲ့ အခ်က္ (၅)ခ်က္ကို မိဘေတြ၊ ဆရာ၊မေတြကိုယ္တိုင္လည္း လုိက္နာေလ့က်င့္သင့္ပါတယ္လုိ့ အၾကံျပဳပါတယ္။ ကၽြန္မေျပာသြားတဲ့အခ်က္ေတြကို ကိုယ္တုိင္ ေလ့က်င့္ခ်င္ေပမယ့္ ေသခ်ာ ဘယ္လိုလုပ္ရမွန္းမသိရင္ ကၽြန္မကို message ပို႕ပါ။ ကၽြန္မ ကူနုိင္သမွ် ကူပါရေစ။
ေမတၱာျဖင့္..
Sayarma-ဆရာမ Image : https://facilethings.com/blog/en/growth-mindset