[ Unicode ]
ကျွန်မတို့ အားလုံးမှာ တန်ဖိုးထားမှု ကိုယ်စီရှိကြတယ်။ တစ်ယောက်နဲ့ တစ်ယောက်က မတူညီကြပါဘူး။
မိဘနဲ့ သားသမီး အကြား၊ အဖေနဲ့ အမေကြား၊ အိမ်နီးနားခြင်းတွေကြား၊ ချစ်သူတွေကြား၊ ဘယ်သူ့ဘယ်သူမှ တန်ဖိုးထားမှုတွေ ထပ်တူ မကြနိုင်ကြပါဘူး။ တစ်ခါတစ်လေမှာ ကျွန်မတို့တွေက ကိုယ်ဟာ ဘယ်အရာတွေကို တန်ဖိုးထားမှန်းတောင် သုံးသပ်မှု မလုပ်နိုင်ကြဘူး။ ဒီနေ့မှာ ကျွန်မ Search Inside Yourself Leadership Institute (SIYLI) သင်တန်းကနေ သင်ယူလေ့လာထားတဲ့ တန်ဖိုးသိအောင် လုပ်တဲ့ လေ့ကျင့်ခန်းလေး မျှဝေပါ့မယ်။ လေ့ကျင့်ခန်းလေး လုပ်ပြီးတဲ့အခါ ကွန်းမန့်မှာ ကိုယ့်ရဲ့ တန်ဖိုးထားမှုကို ရေးခဲ့ပါ။
တန်ဖိုးလေ့ကျင့်ခန်းလေး လုပ်ဖို့ စာအုပ်နဲ့ ရေးစရာတစ်ခုခု အနားမှာ ယူထားပါ။ ဒီစာဖတ်ရင်း တစ်ခါတည်း လိုက်လုပ်ပါနော်။
၁) ပထမအဆင့်အနေနဲ့ —ဘဝမှာ ကိုယ်လေးစား အားကျရဆုံး၊ သဘောအကျဆုံး လူ (၃) ယောက်ကို စဉ်းစားပါ။ ကျွန်မတို့ဘဝမှာ လူအများကြီးတွေ့ဖူးမယ်၊ သဘောကျ၊ အားကျ၊ လေးစားရတဲ့သူတွေအများကြီးလည်း ရှိမှာပဲ။ အဲဒီ့ထဲကမှ ထိပ်ဆုံးမှာ အမြဲရှိနေတဲ့ သူ (၃) ယောက် က ဘယ်သူတွေလဲ။ နာမည်တွေကို စာအုပ်ထဲမှာ ချရေးထားပါ။ ဥပမာ – ကျွန်မ လေးစားရဆုံးထဲမှာ Ellen DeGeneres ပါတယ်။
၂) ဒုတိယအဆင့်အနေနဲ့ —- ခုဏက လေးစားရတဲ့သူတို့တွေရဲ့ ဘယ်လို လုပ်ကိုင်ပုံတွေ၊ လုပ်ရပ်တွေ၊ စိတ်နေသဘောထားတွေက ကိုယ့်ကို လေးစားစေတာလဲဆိုတာ စဉ်းစားပါ။ ဘယ်လို အခြေအနေတွေမှာ သူတို့ရဲ့ လေးစားဖွယ်၊ အားကျဖွယ် လုပ်ရပ်၊ စိတ်နေစိတ်ထားနဲ့ အမြင်တွေကို တွေ့နိုင်တာလဲ။ သူတို့မှာ ရှိနေတဲ့ ဘယ်အရာတွေက လေးစားစရာ၊ အားကျစရာကောင်းနေတာလဲ – ဆိုတာကို ခုဏက နာမည်လေးတွေဘေးမှာ ချရေးထားပါ။
ဥပမာ – ကျွန်မအမြင် Ellen က အပြုသဘောဆောင်တဲ့ အတွေးအမြင်တွေရှိတယ်၊ အများကို ကူညီပံ့ပိုးပေးလေ့ရှိပြီး ကြင်နာတတ်တယ်၊ လုပ်ဆောင်မှုတွေက တီထွင်ဖန်တီးနိုင်စွမ်းရှိတယ်၊ လူအများကို ပျော်ရွှင်စေတယ်၊ မှန်တယ်ထင်တဲ့ အရာတွေကို ရဲရင့်စွာ လုပ်ဆောင်တယ်….စသည်ဖြင့် (၃)ယောက်လုံး အကြောင်းကို ရေးရမှာပါ။
၃) တတိယအဆင့်အနေနဲ့ —- ဒုတိယအဆင့်မှာ စဉ်းစားခဲ့တဲ့ လေးစားရသူ (၃) ယောက်လုံးရဲ့ လုပ်ဆောင်ချက်တွေ၊ စိတ်နေစိတ်ထား စတာတွေကို ပြန်ကြည့်ပါ။ (၃)ဦးလုံးမှာ ယေဘူယျတူညီတဲ့ အရာတွေက ဘာတွေလဲဆိုတာကို သုံးသပ်ဆင်ခြင်ပါ။ ပြီးရင် ချရေးပါ။ ဥပမာ – ကျွန်မအတွက် Ellen အပါအဝင် အခြား လေးစားရသူ (၂)ယောက်ကို ပြန်ကြည့်ပြီး သုံးသပ်တော့ – အပြုသဘောဆောင်ခြင်း၊ ယုံကြည်ရာကို ဇွဲနဲ့ ဆက်လုပ်ခြင်း၊ အများအကျိုး ထမ်းရွက်ခြင်း စတဲ့ တန်ဖိုးထားမှုတွေကို မြင်ရပါတယ်။
များသောအားဖြင့် လေးစားချစ်ခင်ရတဲ့သူတွေအကြောင်း သုံးသပ်လိုက်ရင်း သိနိုင်တာက ကျွန်မတို့ရဲ့ ကိုယ်ပိုင် တန်ဖိုးထားမှုတွေပါပဲ။ အဲဒီ့တန်ဖိုးထားမှုတွေဟာ ကိုယ့်မှာ ရှိပြီးသား တန်ဖိုးထားမှုတွေ ဖြစ်နိုင်သလို၊ အချို့တန်ဖိုးထားမှုတွေဟာ ကိုယ့်မှာတော့ မရှိသေးဘူး ဒါပေမယ့် ရှိချင်တယ်၊ ရှိဖို့ ကြိုးစားနေတဲ့ တန်ဖိုးထားမှုတွေပါပဲ။
ကျွန်မတို့ မိဘတွေ၊ ဆရာ၊မတွေအနေနဲ့ ကိုယ်တိုင်လည်း ကိုယ့်မှာ ရှိတဲ့ တန်ဖိုးထားမှုတွေကို သေချာသိခြင်းဟာ မိမိကိုယ့်ကို သိရှိခြင်း (Self-awareness) အစိတ်အပိုင်း တစ်ခုဖြစ်တဲ့အတွက် ရှေ့လျှောက်ရမယ့် လမ်းကို ပိုပြီး ရှင်းလင်းစေတယ်၊ ကိုယ့်ရဲ့ လုပ်ဆောင်ချက် ရပ်တည်ချက်တွေ ပိုပြီး ခိုင်မာစေပါတယ်။
ဒီလိုပါပဲ၊ ကျွန်မတို့ရဲ့ သားသမီးတွေ၊ တပည့်တွေကိုလည်း သူတို့ဟာ ဘယ်လို တန်ဖိုးထားမှုတွေရှိသလဲဆိုတာ သိအောင် ကျွန်မတို့ လုပ်ပေးရမှာပေါ့။
ဒါပေမယ့် လေးစား ချစ်ခင် အားကျရသူတွေဟာ ကိုယ့်ရဲ့ အတွေ့အကြုံပေါ်မူတည်တာမို့ ကလေးတွေကို လေးစားစရာကောင်းတဲ့ လူတွေအကြောင်း သိစေဖို့လိုသလို၊ မတူညီတဲ့ လူမျိုးစုံအကြောင်း သိအောင် အတွေ့အကြုံပေးဖို့လည်း လိုအပ်ပါတယ်။ နောက်ထပ် အရေးကြီးတာက တန်ဖိုးထားမှု အမျိုးစားတွေကို ကလေးတွေ သိဖို့လိုပါတယ်။ ကလေးတွေကို တန်ဖိုး (value) တွေအကြောင်း ဘယ်လို သင်နိုင်မလဲဆိုတာ နောက်အပတ်မှာ မျှဝေပေးပါ့မယ်။
အားလုံးပဲ ကိုယ်ပိုင် တန်ဖိုးထားမှုတွေကို နားလည်ကြပြီး မိမိတို့ရဲ့ သားသမီးတွေကိုလည်း လမ်းညွှန် သင်ပြပေးနိုင်ကြပါစေ။
စာဖတ်ပြီး အမှန်တကယ် လိုက်မလုပ်ရင် အလကားဖြစ်မှာ စိုးရိမ်မိပါတယ်။ ဒါကြောင့် ဒီစာလေးကို အချိန်ပေးဖတ်ပြီး အချိန်ပေး စဉ်းစား သုံးသပ်ကြည့်ပါ။ Comment မှာလည်း ဒီစာဖတ်ပြီး သုံးသပ်မိရင်း သိလာတဲ့ ကိုယ့်ရဲ့ တန်ဖိုးထားမှုတွေကို မျှဝေပေးပါဦး။
မေတ္တာဖြင့်…
Sayarma-ဆရာမ
Photo Credit to https://wildoakdesign.tumblr.com/image/184948756782?epik=dj0yJnU9WHBseFdfTHZkQzBneEozbFRLQ1pqYTdPRkc2NFFGbVUmcD0wJm49YnkyQ2sxeTJmWnpiNlNnZGlsSVFiZyZ0PUFBQUFBR0FVREUw&fbclid=IwAR1-J4cP07n7SFeLXug7arsnEt83ItLusmPGMdf1HgwqRLlOEKjtFuqeeKw
[ Zawgyi ]
ကၽြန္မတို႔ အားလုံးမွာ တန္ဖိုးထားမႈ ကိုယ္စီရွိၾကတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္က မတူညီၾကပါဘူး။
မိဘနဲ႔ သားသမီး အၾကား၊ အေဖနဲ႔ အေမၾကား၊ အိမ္နီးနားျခင္းေတြၾကား၊ ခ်စ္သူေတြၾကား၊ ဘယ္သူ႔ဘယ္သူမွ တန္ဖိုးထားမႈေတြ ထပ္တူ မၾကနိုင္ၾကပါဘူး။ တစ္ခါတစ္ေလမွာ ကၽြန္မတို႔ေတြက ကိုယ္ဟာ ဘယ္အရာေတြကို တန္ဖိုးထားမွန္းေတာင္ သုံးသပ္မႈ မလုပ္နိုင္ၾကဘူး။ ဒီေန႔မွာ ကၽြန္မ Search Inside Yourself Leadership Institute (SIYLI) သင္တန္းကေန သင္ယူေလ့လာထားတဲ့ တန္ဖိုးသိေအာင္ လုပ္တဲ့ ေလ့က်င့္ခန္းေလး မၽွေဝပါ့မယ္။ ေလ့က်င့္ခန္းေလး လုပ္ၿပီးတဲ့အခါ ကြန္းမန႔္မွာ ကိုယ့္ရဲ့ တန္ဖိုးထားမႈကို ေရးခဲ့ပါ။
တန္ဖိုးေလ့က်င့္ခန္းေလး လုပ္ဖို႔ စာအုပ္နဲ႔ ေရးစရာတစ္ခုခု အနားမွာ ယူထားပါ။ ဒီစာဖတ္ရင္း တစ္ခါတည္း လိုက္လုပ္ပါေနာ္။
၁) ပထမအဆင့္အေနနဲ႔ —ဘဝမွာ ကိုယ္ေလးစား အားက်ရဆုံး၊ သေဘာအက်ဆုံး လူ (၃) ေယာက္ကို စဥ္းစားပါ။ ကၽြန္မတို႔ဘဝမွာ လူအမ်ားႀကီးေတြ႕ဖူးမယ္၊ သေဘာက်၊ အားက်၊ ေလးစားရတဲ့သူေတြအမ်ားႀကီးလည္း ရွိမွာပဲ။ အဲဒီ့ထဲကမွ ထိပ္ဆုံးမွာ အျမဲရွိေနတဲ့ သူ (၃) ေယာက္ က ဘယ္သူေတြလဲ။ နာမည္ေတြကို စာအုပ္ထဲမွာ ခ်ေရးထားပါ။ ဥပမာ – ကၽြန္မ ေလးစားရဆုံးထဲမွာ Ellen DeGeneres ပါတယ္။
၂) ဒုတိယအဆင့္အေနနဲ႔ —- ခုဏက ေလးစားရတဲ့သူတို႔ေတြရဲ့ ဘယ္လို လုပ္ကိုင္ပုံေတြ၊ လုပ္ရပ္ေတြ၊ စိတ္ေနသေဘာထားေတြက ကိုယ့္ကို ေလးစားေစတာလဲဆိုတာ စဥ္းစားပါ။ ဘယ္လို အေျခအေနေတြမွာ သူတို႔ရဲ့ ေလးစားဖြယ္၊ အားက်ဖြယ္ လုပ္ရပ္၊ စိတ္ေနစိတ္ထားနဲ႔ အျမင္ေတြကို ေတြ႕နိုင္တာလဲ။ သူတို႔မွာ ရွိေနတဲ့ ဘယ္အရာေတြက ေလးစားစရာ၊ အားက်စရာေကာင္းေနတာလဲ – ဆိုတာကို ခုဏက နာမည္ေလးေတြေဘးမွာ ခ်ေရးထားပါ။
ဥပမာ – ကၽြန္မအျမင္ Ellen က အျပဳသေဘာေဆာင္တဲ့ အေတြးအျမင္ေတြရွိတယ္၊ အမ်ားကို ကူညီပံ့ပိုးေပးေလ့ရွိၿပီး ၾကင္နာတတ္တယ္၊ လုပ္ေဆာင္မႈေတြက တီထြင္ဖန္တီးနိုင္စြမ္းရွိတယ္၊ လူအမ်ားကို ေပ်ာ္ရႊင္ေစတယ္၊ မွန္တယ္ထင္တဲ့ အရာေတြကို ရဲရင့္စြာ လုပ္ေဆာင္တယ္….စသည္ျဖင့္ (၃)ေယာက္လုံး အေၾကာင္းကို ေရးရမွာပါ။
၃) တတိယအဆင့္အေနနဲ႔ —- ဒုတိယအဆင့္မွာ စဥ္းစားခဲ့တဲ့ ေလးစားရသူ (၃) ေယာက္လုံးရဲ့ လုပ္ေဆာင္ခ်က္ေတြ၊ စိတ္ေနစိတ္ထား စတာေတြကို ျပန္ၾကည့္ပါ။ (၃)ဦးလုံးမွာ ေယဘူယ်တူညီတဲ့ အရာေတြက ဘာေတြလဲဆိုတာကို သုံးသပ္ဆင္ျခင္ပါ။ ၿပီးရင္ ခ်ေရးပါ။ ဥပမာ – ကၽြန္မအတြက္ Ellen အပါအဝင္ အျခား ေလးစားရသူ (၂)ေယာက္ကို ျပန္ၾကည့္ၿပီး သုံးသပ္ေတာ့ – အျပဳသေဘာေဆာင္ျခင္း၊ ယုံၾကည္ရာကို ဇြဲနဲ႔ ဆက္လုပ္ျခင္း၊ အမ်ားအက်ိဳး ထမ္းရြက္ျခင္း စတဲ့ တန္ဖိုးထားမႈေတြကို ျမင္ရပါတယ္။
မ်ားေသာအားျဖင့္ ေလးစားခ်စ္ခင္ရတဲ့သူေတြအေၾကာင္း သုံးသပ္လိုက္ရင္း သိနိုင္တာက ကၽြန္မတို႔ရဲ့ ကိုယ္ပိုင္ တန္ဖိုးထားမႈေတြပါပဲ။ အဲဒီ့တန္ဖိုးထားမႈေတြဟာ ကိုယ့္မွာ ရွိၿပီးသား တန္ဖိုးထားမႈေတြ ျဖစ္နိုင္သလို၊ အခ်ိဳ႕တန္ဖိုးထားမႈေတြဟာ ကိုယ့္မွာေတာ့ မရွိေသးဘူး ဒါေပမယ့္ ရွိခ်င္တယ္၊ ရွိဖို႔ ႀကိဳးစားေနတဲ့ တန္ဖိုးထားမႈေတြပါပဲ။
ကၽြန္မတို႔ မိဘေတြ၊ ဆရာ၊မေတြအေနနဲ႔ ကိုယ္တိုင္လည္း ကိုယ့္မွာ ရွိတဲ့ တန္ဖိုးထားမႈေတြကို ေသခ်ာသိျခင္းဟာ မိမိကိုယ့္ကို သိရွိျခင္း (Self-awareness) အစိတ္အပိုင္း တစ္ခုျဖစ္တဲ့အတြက္ ေရွ႕ေလၽွာက္ရမယ့္ လမ္းကို ပိုၿပီး ရွင္းလင္းေစတယ္၊ ကိုယ့္ရဲ့ လုပ္ေဆာင္ခ်က္ ရပ္တည္ခ်က္ေတြ ပိုၿပီး ခိုင္မာေစပါတယ္။
ဒီလိုပါပဲ၊ ကၽြန္မတို႔ရဲ့ သားသမီးေတြ၊ တပည့္ေတြကိုလည္း သူတို႔ဟာ ဘယ္လို တန္ဖိုးထားမႈေတြရွိသလဲဆိုတာ သိေအာင္ ကၽြန္မတို႔ လုပ္ေပးရမွာေပါ့။
ဒါေပမယ့္ ေလးစား ခ်စ္ခင္ အားက်ရသူေတြဟာ ကိုယ့္ရဲ့ အေတြ႕အၾကဳံေပၚမူတည္တာမို႔ ကေလးေတြကို ေလးစားစရာေကာင္းတဲ့ လူေတြအေၾကာင္း သိေစဖို႔လိုသလို၊ မတူညီတဲ့ လူမ်ိဳးစုံအေၾကာင္း သိေအာင္ အေတြ႕အၾကဳံေပးဖို႔လည္း လိုအပ္ပါတယ္။ ေနာက္ထပ္ အေရးႀကီးတာက တန္ဖိုးထားမႈ အမ်ိဳးစားေတြကို ကေလးေတြ သိဖို႔လိုပါတယ္။ ကေလးေတြကို တန္ဖိုး (value) ေတြအေၾကာင္း ဘယ္လို သင္နိုင္မလဲဆိုတာ ေနာက္အပတ္မွာ မၽွေဝေပးပါ့မယ္။
အားလုံးပဲ ကိုယ္ပိုင္ တန္ဖိုးထားမႈေတြကို နားလည္ၾကၿပီး မိမိတို႔ရဲ့ သားသမီးေတြကိုလည္း လမ္းညႊန္ သင္ျပေပးနိုင္ၾကပါေစ။
စာဖတ္ၿပီး အမွန္တကယ္ လိုက္မလုပ္ရင္ အလကားျဖစ္မွာ စိုးရိမ္မိပါတယ္။ ဒါေၾကာင့္ ဒီစာေလးကို အခ်ိန္ေပးဖတ္ၿပီး အခ်ိန္ေပး စဥ္းစား သုံးသပ္ၾကည့္ပါ။ Comment မွာလည္း ဒီစာဖတ္ၿပီး သုံးသပ္မိရင္း သိလာတဲ့ ကိုယ့္ရဲ့ တန္ဖိုးထားမႈေတြကို မၽွေဝေပးပါဦး။
ေမတၱာျဖင့္…
Sayarma-ဆရာမ
Photo Credit to https://wildoakdesign.tumblr.com/image/184948756782?epik=dj0yJnU9WHBseFdfTHZkQzBneEozbFRLQ1pqYTdPRkc2NFFGbVUmcD0wJm49YnkyQ2sxeTJmWnpiNlNnZGlsSVFiZyZ0PUFBQUFBR0FVREUw&fbclid=IwAR1-J4cP07n7SFeLXug7arsnEt83ItLusmPGMdf1HgwqRLlOEKjtFuqeeKw