[ Unicode ]

သင်္ချာလို့ ပြောရင် ကြောက်တဲ့သူတွေရှိကြတယ်၊ ညံ့တယ်ဆိုတဲ့ သူတွေလည်း ရှိတယ်၊ ဘယ်လို သုံးမလဲဆိုပြီး မေးခွန်းထုတ်တဲ့သူတွေလည်း ရှိတယ်။ အခုလို ကိုဗစ်ကာလမှာ အိမ်မှာနေရင်း ကလေးတွေကို သင်္ချာသင်ပေးဖို့ ကြိုးစားနေတယ်ဆိုရင် ဒီစာလေးကို ဆက်ဖတ်ပေးပါ။
သင်္ချာဆိုတာ ဘာလဲ၊ ဘယ်လိုတွေ ထိရောက်အောင် သင်ပေးလို့ရလဲဆိုတာကို ကျွန်မ မဟာဘွဲ့အတွက် လေ့လာခဲ့စဉ် သင်္ချာဆိုင်ရာ ဘာသာရပ်သင်ဆရာတွေဆီကနေ သင်ယူခဲ့တာကို မျှဝေပေးချင်ပါတယ်။ ဒီတစ်ပတ်မှာတော့ သင်္ချာဆိုတာဘာလဲ၊ သင်္ချာ ခက်ရတဲ့ အကြောင်းအရင်းအချို့နဲ့ သင်္ချာ ထိရောက်စွာ သင်ဖို့ ကိုယ်တိုင် ပြင်ဆင် လေ့လာစရာလေးတွေကို အရင် ဆွေးနွေးပါမယ်။ နောက်တစ်ပတ် စနေနေ့မှာ သင်္ချာ သင်ကြားနည်း စနစ်တွေကို မျှဝေပေးပါ့မယ်။

သင်္ချာဆိုတာဘာလဲ။
သင်္ချာဆိုရင် ကိန်းဂဏန်းတွေကိုပဲ အမြဲ ပေးမြင်ပေမယ့် အဲဒီ့ထက် ပိုပြီးကျယ်ပြန့်ပါတယ်။ သင်္ချာဘာသာရပ်ထဲမှာဆိုရင် ကိန်းဂဏန်းတွေ၊ နေရာလိုက်တန်ဖိုးတွေ၊ ကိန်းစစ်တွေအကြောင်းတွေ၊ အပိုင်းကိန်းနဲ့ ဒသမကိန်းတွေအကြောင်းတွေ၊ ငွေကြေးဆိုင်ရာအချက်အလက်တွေ အပြင် ဂြီသြမေတြီဆိုင်ရာ အကြောင်းအရာတွေလည်း သင်ရပါတယ်။

၁) သင်္ချာဆိုတာ ဖြစ်စဉ်တွေရဲ့ ပုံစံတွေနဲ့ ဆက်စပ်ပုံတွေကို လေ့လာခြင်းဖြစ်တယ်။
ကိန်းဂဏန်းတွေမှာ ဆက်စပ်မှုတွေရှိတယ်။ ချိတ်ဆက်မှုတွေရှိတယ်။ လက်တွေ့ဘဝဖြစ်စဉ်တွေမှာ ချိတ်ဆက်တာတွေ၊ ဆက်စပ်တာတွေရှိတယ်။ ထပ်ခါထပ်ခါဖြစ်နေတဲ့ ပုံစံတွေ (patterns)တွေရှိတယ်။ သင်္ချာမှာ ကိန်းဂဏန်းတွေ အချင်းချင်းရဲ့ ဆက်စပ်တွက်ချက်ရတာတွေသင်ရသလို၊ ပုံသဏ္ဍာန်တွေရဲ့ လက်တွေ့ဘဝနဲ့ ချိတ်ဆက်ပုံတွေ သင်ယူရတယ်။

၂) သင်္ချာဆိုတာ စဉ်းစားနည်း တစ်မျိုးဖြစ်တယ်။
သင်္ချာဘာသာရပ်ကနေ စီစဉ်တာ၊ ခွဲခြမ်းစိတ်ဖြာတာ၊ အချက်အလက်တွေကို စုစည်း စဉ်းစားတာမျိုးတွေကို သင်ယူလို့ရတယ်။ ကိန်းဂဏန်းတွေအသုံးပြုပြီးတော့ဖြစ်ဖြစ် စဉ်းစားတွက်ချက်ရတယ်၊ ပြဿနာတွေဖြေရှင်းနိုင်ဖို့ စဉ်းစားနည်းအမျိုးမျိုးကို အသုံးပြုရစေတယ်။

၃) သင်္ချာဆိုတာ စည်းချက်ညီတဲ့ အစီစဉ်ကျနတဲ့ အနုပညာရပ်တစ်ခုဖြစ်တယ်။
သင်္ချာတွက်ရတော့မယ်ဆိုရင် ရှုပ်နေတာပဲလို့ တွေးပြီး လွယ်အောင် ပုံသေနည်း ကျက်မှတ်ကြတာတွေရှိတယ်။ တစ်ကယ်တော့ သင်္ချာရဲ့ အလှတရားက ပုံသေနည်းတွေရဲ့ နောက်ကွယ်က စဉ်းစားပုံတွေ၊ အကြောင်းအရင်းတွေကို နားလည်ဖို့ပါ။ ပုံသေနည်းကို မှတ်မိဖို့ထက် ပုံသေနည်းကို ဖြစ်ပေါ်လာစေတဲ့ စနစ်ကျတဲ့ စဉ်းစားမှုတွေကို သိအောင် လုပ်ပြီးသင်ဖို့လိုတယ်။

၄) သင်္ချာဆိုတာက တိတိကျကျ သေသေချာချာ ရွေးချယ်ထားတဲ့ သင်္ကေတတွေနဲ့ အသုံးအနှုန်းတွေ စုစည်းထားတဲ့ ဘာသာစကားတစ်ခုလည်း ဖြစ်တယ်။ သင်္ချာမှာ အသုံးပြုတဲ့ စကားလုံးတွေနဲ့ သင်္ကေတတွေအကြောင်းကို သေချာ နားလည်လာတဲ့အခါ လက်တွေ့ဘဝရဲ့ ဖြစ်ရပ် ပုံစံတွေနဲ့ ပုံမှန်လည်ပတ်နေတဲ့ ကမ္ဘာရဲ့ သိပ္ပံနည်းကျ အကြောင်းအရာတွေကို ပိုနားလည်လာနိုင်တယ်။

၅) သင်္ချာဆိုတာ အသုံးဝင်တဲ့ ပစ္စည်း ကိရိယာ တစ်ခုဖြစ်တယ်။
သင်္ချာသင်သူ၊ သင်္ချာပညာရှင်ပဲ သင်္ချာကို သုံးတာမဟုတ်ဘဲ သင်္ချာကို လူတိုင်းသုံးတယ်။ နေ့စဉ်ဘဝမှာ ပြုလုပ်နေတဲ့ တွက်ချက်မှုတွေ၊ ကိန်းဂဏန်းတွေ၊ ရွေးဆွဲရတာတွေ၊ ပြင်ဆင် စီစဉ်ရတာတွေ၊ စီမံ ခန့်ခွဲရတာတွေ စတဲ့ အချက်တွေက လည်း သင်္ချာမို့ ကလေးတွေ သိလာတဲ့အခါ သင်္ချာဆိုတာ ကျွန်မတို့ အမြဲသုံးနေတဲ့ ကိရိယာတစ်ခု ဖြစ်နေတယ်ဆိုတာ နားလည်လာမှာပါ။

ဘာကြောင့် သင်္ချာကို ကြောက်ကြလဲ၊ ခက်တယ်လို့ ထင်လဲ။
သင်္ချာကို မိဘတွေ၊ ဆရာ၊မတွေက အချိန်ပိုပေးပြီး သေချာ သင်ဖို့ကြိုးစားကြတယ်။ ဒါပေမယ့် ဘာကြောင့် ကလေးတွေက ဆက်လက်ပြီး သင်ဖို့ ကြောက်နေကြသလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေတွေထဲက အချို့ကတော့ —- သင်္ချာရဲ့ ရည်ရွယ်ချက်နဲ့ သင်္ချာဆိုတာ ဘာလဲဆိုတာကို သေချာ နားမလည်ကြဘူး၊ သင်္ချာနဲ့ လက်တွေ့ဘဝအသုံးချနိုင်မှုကို ချိတ်ဆက် ပေးနိုင်စွမ်းအားနည်းတယ်၊ သင်္ချာသင်တဲ့အခါ ကျက်စာသင်သလို ပုံသေနည်းချပေးပြီး လေ့ကျင့်ခန်းလုပ်တဲ့ သင်ကြားနည်းပုံစံကို အများဆုံး အသုံးပြုကြလို့ ဖြစ်ကြပါတယ်။

ကလေးတွေ သင်္ချာကို နားလည်မှုမြင့်မားစွာ ထိထိရောက်ရောက် သင်ယူဖို့ သင်မယ့်သူက ဘာတွေသိပြီး ဘာတွေ လုပ်ထားဖို့လိုလဲ။
၁) သင်္ချာ ဗဟုသုတ – သင်္ချာဆိုင်ရာ သဘောတရားတွေ၊ ဖြစ်စဉ်တွေ နဲ့ ကျွမ်းကျင်မှုတွေ ရှိဖို့လိုတယ်။ အဲဒီ့အပြင် အပြုသဘောဆောင်တဲ့ အကောင်းမြင် စိတ်ထားလည်း ကိုယ်တိုင်မှာ ရှိနေဖို့လိုတယ်။ ဒါမှ သင်္ချာဆိုင်ရာ အတွေးအခေါ်တွေ၊ သဘောတရားတွေရဲ့ နောက်ကွယ်က အကြောင်းအရာတွေကို သေချာ ရှင်းပြ သင်ပြနိုင်မယ်။

၂) သင်ယူသူကို သိဖို့လိုတယ် – ကလေးရဲ့ သင်ယူနိုင်စွမ်း၊ သင်ယူမှု အခက်အခဲ၊ ယဉ်ကျေးမှုနဲ့ ဘာသာစကားဆိုင်ရာ အခြေအနေ၊ မိသားစု လူမှု စီးပွါးရေး အခြေအနေ၊ ကျား၊မ ၊ ဒေသ အစရှိတာတွေကို သိမှ ချိတ်ဆက် သင်ကြားမှုက ထိရောက်နိုင်မယ်။

၃) သင်္ချာ သင်ကြားနည်း စနစ် – သင်္ချာရဲ့ သဘောတရားတွေကို နားလည်ဖို့ရှင်းပြနည်းတွေ၊ အသက်အရွယ်နဲ့ ဖွံ့ဖြိုးမှုအလိုက် သင်ပြပုံတွေ၊ အတွေ့အကြုံနဲ့ ချိတ်ဆက် သင်ကြားနည်းတွေ၊ မြင်သာထင်သာ ဥပမာတွေကနေ စိတ်မှန်းနဲ့ သိမှ ရနိုင်တဲ့ အရာတွေကို နားလည်ဖို့ သုံးရမယ့် ဥပမာ ပေးနည်းတွေ၊ အချက်ကျကျ ပြောဆို ဆက်သွယ်နည်းတွေ သေချာ သိထားဖို့လိုပါတယ်။

၄) အပြုသဘော သင်ယူမှု ဝန်းကျင် – သင်္ချာဆိုတာ ပျော်စရာကောင်းတယ်၊ စိတ်ဝင်စားစရာဖြစ်ပြီး လက်တွေ့ဘဝအတွက် အထောက်ကူဖြစ်တယ်ဆိုတာ သိဖို့ သင်ကြားသင်ယူရတဲ့ ပတ်ဝန်းကျင်က အပြုသဘောဆောင်နေဖို့၊ သင်ယူဖို့ အခွင့်အလမ်းများနေဖို့လိုပါတယ်။

သင်္ချာမှ မဟုတ်ပါဘူး၊ ဘယ်ဘာသာရပ်ကိုပဲ သင်ပေး သင်ပေး၊ ဘာသာရပ်နဲ့ လက်တွေ့ဘဝ အသုံးဝင်ပုံတွေ၊ ဆက်စပ်ပုံတွေကို သေချာ ချိတ်ဆက် မသင်ပေးနိုင်သ၍တော့ သင်ရတဲ့ ဘာသာရပ်တွေက အသုံးကျတယ်လို့ ထင်မှာမဟုတ်ပါဘူး။ သင်မယ့်သူက ကိုယ်သင်မယ့် ဘာသာရပ်အကြောင်း သေချာ သိဖို့လိုသလို ဘာကြောင့် ကလေးတွေ သင်ရသလဲဆိုတာကို လက်တွေ့ကျကျ ချိတ်ဆက်သိဖို့လိုတယ်၊ ကလေးတွေ နားလည်အောင်လည်း စိတ်ဝင်စားစရာ နည်းစနစ်တွေ အသုံးပြုပြီး သင်ပေးဖို့လိုပါတယ်။ နောက်တစ်ပတ် စနေနေ့မှာ သင်္ချာ သင်ကြားနည်း စနစ်အချို့ကို မျှဝေပေးပါ့မယ်။ စနေ မရောက်ခင် ဖတ်ချင်ရင်တော့ ကျွန်မ အရင်က သြစတျေးလျ ကျောင်းမှာ စာသင်ရင်း ကြုံတွေ့ခဲ့တဲ့ သင်္ချာ သင်ကြားမှု မျှဝေထားတာလေးကို ဒီလင့်ခ်မှာ https://bit.ly/31Vv7V0 နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

မေတ္တာဖြင့်…
Sayarma-ဆရာမ

Book Reference – Helping Children Learn Mathematics

Photo Credit – http://www.dynamitenews.com/images/2019/02/09/positive-thinking-during-pregnancy-could-help-childrens-ability-in-mathematics-and-science/33c5059.jpg

[ Zawgyi ]

သခၤ်ာလို႔ ေျပာရင္ ေၾကာက္တဲ့သူေတြရွိၾကတယ္၊ ညံ့တယ္ဆိုတဲ့ သူေတြလည္း ရွိတယ္၊ ဘယ္လို သုံးမလဲဆိုၿပီး ေမးခြန္းထုတ္တဲ့သူေတြလည္း ရွိတယ္။ အခုလို ကိုဗစ္ကာလမွာ အိမ္မွာေနရင္း ကေလးေတြကို သခၤ်ာသင္ေပးဖို႔ ႀကိဳးစားေနတယ္ဆိုရင္ ဒီစာေလးကို ဆက္ဖတ္ေပးပါ။
သခၤ်ာဆိုတာ ဘာလဲ၊ ဘယ္လိုေတြ ထိေရာက္ေအာင္ သင္ေပးလို႔ရလဲဆိုတာကို ကၽြန္မ မဟာဘြဲ႕အတြက္ ေလ့လာခဲ့စဥ္ သခၤ်ာဆိုင္ရာ ဘာသာရပ္သင္ဆရာေတြဆီကေန သင္ယူခဲ့တာကို မၽွေဝေပးခ်င္ပါတယ္။ ဒီတစ္ပတ္မွာေတာ့ သခၤ်ာဆိုတာဘာလဲ၊ သခၤ်ာ ခက္ရတဲ့ အေၾကာင္းအရင္းအခ်ိဳ႕နဲ႔ သခၤ်ာ ထိေရာက္စြာ သင္ဖို႔ ကိုယ္တိုင္ ျပင္ဆင္ ေလ့လာစရာေလးေတြကို အရင္ ေဆြးေႏြးပါမယ္။ ေနာက္တစ္ပတ္ စေနေန႔မွာ သခၤ်ာ သင္ၾကားနည္း စနစ္ေတြကို မၽွေဝေပးပါ့မယ္။

သခၤ်ာဆိုတာဘာလဲ။
သခၤ်ာဆိုရင္ ကိန္းဂဏန္းေတြကိုပဲ အျမဲ ေပးျမင္ေပမယ့္ အဲဒီ့ထက္ ပိုၿပီးက်ယ္ျပန႔္ပါတယ္။ သခၤ်ာဘာသာရပ္ထဲမွာဆိုရင္ ကိန္းဂဏန္းေတြ၊ ေနရာလိုက္တန္ဖိုးေတြ၊ ကိန္းစစ္ေတြအေၾကာင္းေတြ၊ အပိုင္းကိန္းနဲ႔ ဒသမကိန္းေတြအေၾကာင္းေတြ၊ ေငြေၾကးဆိုင္ရာအခ်က္အလက္ေတြ အျပင္ ၿဂီၾသေမႀတီဆိုင္ရာ အေၾကာင္းအရာေတြလည္း သင္ရပါတယ္။

၁) သခၤ်ာဆိုတာ ျဖစ္စဥ္ေတြရဲ့ ပုံစံေတြနဲ႔ ဆက္စပ္ပုံေတြကို ေလ့လာျခင္းျဖစ္တယ္။
ကိန္းဂဏန္းေတြမွာ ဆက္စပ္မႈေတြရွိတယ္။ ခ်ိတ္ဆက္မႈေတြရွိတယ္။ လက္ေတြ႕ဘဝျဖစ္စဥ္ေတြမွာ ခ်ိတ္ဆက္တာေတြ၊ ဆက္စပ္တာေတြရွိတယ္။ ထပ္ခါထပ္ခါျဖစ္ေနတဲ့ ပုံစံေတြ (patterns)ေတြရွိတယ္။ သခၤ်ာမွာ ကိန္းဂဏန္းေတြ အခ်င္းခ်င္းရဲ့ ဆက္စပ္တြက္ခ်က္ရတာေတြသင္ရသလို၊ ပုံသ႑ာန္ေတြရဲ့ လက္ေတြ႕ဘဝနဲ႔ ခ်ိတ္ဆက္ပုံေတြ သင္ယူရတယ္။

၂) သခၤ်ာဆိုတာ စဥ္းစားနည္း တစ္မ်ိဳးျဖစ္တယ္။
သခၤ်ာဘာသာရပ္ကေန စီစဥ္တာ၊ ခြဲျခမ္းစိတ္ျဖာတာ၊ အခ်က္အလက္ေတြကို စုစည္း စဥ္းစားတာမ်ိဳးေတြကို သင္ယူလို႔ရတယ္။ ကိန္းဂဏန္းေတြအသုံးျပဳၿပီးေတာ့ျဖစ္ျဖစ္ စဥ္းစားတြက္ခ်က္ရတယ္၊ ျပႆနာေတြေျဖရွင္းနိုင္ဖို႔ စဥ္းစားနည္းအမ်ိဳးမ်ိဳးကို အသုံးျပဳရေစတယ္။

၃) သခၤ်ာဆိုတာ စည္းခ်က္ညီတဲ့ အစီစဥ္က်နတဲ့ အႏုပညာရပ္တစ္ခုျဖစ္တယ္။
သခၤ်ာတြက္ရေတာ့မယ္ဆိုရင္ ရႈပ္ေနတာပဲလို႔ ေတြးၿပီး လြယ္ေအာင္ ပုံေသနည္း က်က္မွတ္ၾကတာေတြရွိတယ္။ တစ္ကယ္ေတာ့ သခၤ်ာရဲ့ အလွတရားက ပုံေသနည္းေတြရဲ့ ေနာက္ကြယ္က စဥ္းစားပုံေတြ၊ အေၾကာင္းအရင္းေတြကို နားလည္ဖို႔ပါ။ ပုံေသနည္းကို မွတ္မိဖို႔ထက္ ပုံေသနည္းကို ျဖစ္ေပၚလာေစတဲ့ စနစ္က်တဲ့ စဥ္းစားမႈေတြကို သိေအာင္ လုပ္ၿပီးသင္ဖို႔လိုတယ္။

၄) သခၤ်ာဆိုတာက တိတိက်က် ေသေသခ်ာခ်ာ ေရြးခ်ယ္ထားတဲ့ သေကၤတေတြနဲ႔ အသုံးအႏႈန္းေတြ စုစည္းထားတဲ့ ဘာသာစကားတစ္ခုလည္း ျဖစ္တယ္။ သခၤ်ာမွာ အသုံးျပဳတဲ့ စကားလုံးေတြနဲ႔ သေကၤတေတြအေၾကာင္းကို ေသခ်ာ နားလည္လာတဲ့အခါ လက္ေတြ႕ဘဝရဲ့ ျဖစ္ရပ္ ပုံစံေတြနဲ႔ ပုံမွန္လည္ပတ္ေနတဲ့ ကမၻာရဲ့ သိပၸံနည္းက် အေၾကာင္းအရာေတြကို ပိုနားလည္လာနိုင္တယ္။

၅) သခၤ်ာဆိုတာ အသုံးဝင္တဲ့ ပစၥည္း ကိရိယာ တစ္ခုျဖစ္တယ္။
သခၤ်ာသင္သူ၊ သခၤ်ာပညာရွင္ပဲ သခၤ်ာကို သုံးတာမဟုတ္ဘဲ သခၤ်ာကို လူတိုင္းသုံးတယ္။ ေန႔စဥ္ဘဝမွာ ျပဳလုပ္ေနတဲ့ တြက္ခ်က္မႈေတြ၊ ကိန္းဂဏန္းေတြ၊ ေရြးဆြဲရတာေတြ၊ ျပင္ဆင္ စီစဥ္ရတာေတြ၊ စီမံ ခန႔္ခြဲရတာေတြ စတဲ့ အခ်က္ေတြက လည္း သခၤ်ာမို႔ ကေလးေတြ သိလာတဲ့အခါ သခၤ်ာဆိုတာ ကၽြန္မတို႔ အျမဲသုံးေနတဲ့ ကိရိယာတစ္ခု ျဖစ္ေနတယ္ဆိုတာ နားလည္လာမွာပါ။

ဘာေၾကာင့္ သခၤ်ာကို ေၾကာက္ၾကလဲ၊ ခက္တယ္လို႔ ထင္လဲ။
သခၤ်ာကို မိဘေတြ၊ ဆရာ၊မေတြက အခ်ိန္ပိုေပးၿပီး ေသခ်ာ သင္ဖို႔ႀကိဳးစားၾကတယ္။ ဒါေပမယ့္ ဘာေၾကာင့္ ကေလးေတြက ဆက္လက္ၿပီး သင္ဖို႔ ေၾကာက္ေနၾကသလဲ ဆိုတဲ့ ေမးခြန္းရဲ့ အေျဖေတြထဲက အခ်ိဳ႕ကေတာ့ —- သခၤ်ာရဲ့ ရည္ရြယ္ခ်က္နဲ႔ သခၤ်ာဆိုတာ ဘာလဲဆိုတာကို ေသခ်ာ နားမလည္ၾကဘူး၊ သခၤ်ာနဲ႔ လက္ေတြ႕ဘဝအသုံးခ်နိုင္မႈကို ခ်ိတ္ဆက္ ေပးနိုင္စြမ္းအားနည္းတယ္၊ သခၤ်ာသင္တဲ့အခါ က်က္စာသင္သလို ပုံေသနည္းခ်ေပးၿပီး ေလ့က်င့္ခန္းလုပ္တဲ့ သင္ၾကားနည္းပုံစံကို အမ်ားဆုံး အသုံးျပဳၾကလို႔ ျဖစ္ၾကပါတယ္။

ကေလးေတြ သခၤ်ာကို နားလည္မႈျမင့္မားစြာ ထိထိေရာက္ေရာက္ သင္ယူဖို႔ သင္မယ့္သူက ဘာေတြသိၿပီး ဘာေတြ လုပ္ထားဖို႔လိုလဲ။
၁) သခၤ်ာ ဗဟုသုတ – သခၤ်ာဆိုင္ရာ သေဘာတရားေတြ၊ ျဖစ္စဥ္ေတြ နဲ႔ ကၽြမ္းက်င္မႈေတြ ရွိဖို႔လိုတယ္။ အဲဒီ့အျပင္ အျပဳသေဘာေဆာင္တဲ့ အေကာင္းျမင္ စိတ္ထားလည္း ကိုယ္တိုင္မွာ ရွိေနဖို႔လိုတယ္။ ဒါမွ သခၤ်ာဆိုင္ရာ အေတြးအေခၚေတြ၊ သေဘာတရားေတြရဲ့ ေနာက္ကြယ္က အေၾကာင္းအရာေတြကို ေသခ်ာ ရွင္းၿပ သင္ျပနိုင္မယ္။

၂) သင္ယူသူကို သိဖို႔လိုတယ္ – ကေလးရဲ့ သင္ယူနိုင္စြမ္း၊ သင္ယူမႈ အခက္အခဲ၊ ယဥ္ေက်းမႈနဲ႔ ဘာသာစကားဆိုင္ရာ အေျခအေန၊ မိသားစု လူမႈ စီးပြါးေရး အေျခအေန၊ က်ား၊မ ၊ ေဒသ အစရွိတာေတြကို သိမွ ခ်ိတ္ဆက္ သင္ၾကားမႈက ထိေရာက္နိုင္မယ္။

၃) သခၤ်ာ သင္ၾကားနည္း စနစ္ – သခၤ်ာရဲ့ သေဘာတရားေတြကို နားလည္ဖို႔ရွင္းျပနည္းေတြ၊ အသက္အရြယ္နဲ႔ ဖြံ့ၿဖိဳးမႈအလိုက္ သင္ျပပုံေတြ၊ အေတြ႕အၾကဳံနဲ႔ ခ်ိတ္ဆက္ သင္ၾကားနည္းေတြ၊ ျမင္သာထင္သာ ဥပမာေတြကေန စိတ္မွန္းနဲ႔ သိမွ ရနိုင္တဲ့ အရာေတြကို နားလည္ဖို႔ သုံးရမယ့္ ဥပမာ ေပးနည္းေတြ၊ အခ်က္က်က် ေျပာဆို ဆက္သြယ္နည္းေတြ ေသခ်ာ သိထားဖို႔လိုပါတယ္။

၄) အျပဳသေဘာ သင္ယူမႈ ဝန္းက်င္ – သခၤ်ာဆိုတာ ေပ်ာ္စရာေကာင္းတယ္၊ စိတ္ဝင္စားစရာျဖစ္ၿပီး လက္ေတြ႕ဘဝအတြက္ အေထာက္ကူျဖစ္တယ္ဆိုတာ သိဖို႔ သင္ၾကားသင္ယူရတဲ့ ပတ္ဝန္းက်င္က အျပဳသေဘာေဆာင္ေနဖို႔၊ သင္ယူဖို႔ အခြင့္အလမ္းမ်ားေနဖို႔လိုပါတယ္။

သခၤ်ာမွ မဟုတ္ပါဘူး၊ ဘယ္ဘာသာရပ္ကိုပဲ သင္ေပး သင္ေပး၊ ဘာသာရပ္နဲ႔ လက္ေတြ႕ဘဝ အသုံးဝင္ပုံေတြ၊ ဆက္စပ္ပုံေတြကို ေသခ်ာ ခ်ိတ္ဆက္ မသင္ေပးနိုင္သ၍ေတာ့ သင္ရတဲ့ ဘာသာရပ္ေတြက အသုံးက်တယ္လို႔ ထင္မွာမဟုတ္ပါဘူး။ သင္မယ့္သူက ကိုယ္သင္မယ့္ ဘာသာရပ္အေၾကာင္း ေသခ်ာ သိဖို႔လိုသလို ဘာေၾကာင့္ ကေလးေတြ သင္ရသလဲဆိုတာကို လက္ေတြ႕က်က် ခ်ိတ္ဆက္သိဖို႔လိုတယ္၊ ကေလးေတြ နားလည္ေအာင္လည္း စိတ္ဝင္စားစရာ နည္းစနစ္ေတြ အသုံးျပဳၿပီး သင္ေပးဖို႔လိုပါတယ္။ ေနာက္တစ္ပတ္ စေနေန႔မွာ သခၤ်ာ သင္ၾကားနည္း စနစ္အခ်ိဳ႕ကို မၽွေဝေပးပါ့မယ္။ စေန မေရာက္ခင္ ဖတ္ခ်င္ရင္ေတာ့ ကၽြန္မ အရင္က ၾသစေတ်းလ် ေက်ာင္းမွာ စာသင္ရင္း ၾကဳံေတြ႕ခဲ့တဲ့ သခၤ်ာ သင္ၾကားမႈ မၽွေဝထားတာေလးကို ဒီလင့္ခ္မွာ https://bit.ly/31Vv7V0 ႏွိပ္ၿပီး ဖတ္ရႈနိုင္ပါတယ္။

ေမတၱာျဖင့္…
Sayarma-ဆရာမ

Book Reference – Helping Children Learn Mathematics

Photo Credit – http://www.dynamitenews.com/images/2019/02/09/positive-thinking-during-pregnancy-could-help-childrens-ability-in-mathematics-and-science/33c5059.jpg