[Unicode]

ကလေးတွေ ဘယ်လိုပုံစံ သင်ယူလဲဆိုတာလေ့လာရင်း ကိုယ်တိုင်လည်း ဘယ်လို သင်ယူမှုပုံစံတွေနဲ့ သင်ယူလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်။

သင်ယူမှုပုံစံတွေကို ပညာရှင်တွေက အမျိုးမျိုးသတ်မှတ်ကြပါတယ်။ အချို့က ၇ မျိုးခွဲတယ်၊ ၃ မျိုးခွဲတယ်၊ ၄ မျိုးခွဲတယ်။ ဒီနေ့တော့ အများစု အသုံးပြုတဲ့ သင်ယူမှုပုံစံ (၄)မျိုးကို မျှဝေပါ့မယ်။

(၁)အမြင်အားဖြင့် သင်ယူသူ (Visual Learners) – အမြင်အာရုံကို အဓိက ထားပြီး သင်ယူကြတဲ့သူတွေဖြစ်ကြတယ်။ ဆရာ၊မတွေက ပဏာမ သရုပ်ပြ လုပ်ဆောင်ပြတာတွေကို လိုချင်တယ်။ တစ်ခုခုဆို မြင်လိုက်ရမှ မှတ်မိတယ်၊ ပိုပြီးနားလည်လွယ်တယ်။ စိတ်ကူးပုံဖေါ်ရတာ သဘောကျတယ်။

ဒီလိုကလေးတွေအတွက် ဗွီဒီယိုတွေ၊ ရုပ်ပုံကားချပ်တွေ၊ ရေးသားထားတဲ့ စာတွေ၊ ဂရပ်ဖ်ပုံတွေ စတဲ့ အမြင်အားဖြင့် ကြည့်လို့ရတဲ့ သင်ထောက်ကူတွေ အသုံးပြုပြီး သင်ရင် ပိုထိရောက်တယ်။

(၂) အကြားအားဖြင့် သင်ယူသူ (Auditory Learners) – အကြားအာရုံကို အထူးပြုပြီး သင်ယူတဲ့သူတွေဖြစ်ကြတယ်။ တစ်ခုခုဆိုရင် နှုတ်ကနေ ရှင်းပြတာကို ပိုသဘောကျတယ်။ စကားဝိုင်းတွေ၊ ဆွေးနွေးဝိုင်းတွေမှာ ပျော်မွေ့တယ်။ အသံဖိုင်တွေကို နားထောင်ပြီး စာပြန်နွှေးကြတယ်။  ဆရာ၊မက ချပေးတာကို လိုက်ဆိုရတာကြိုက်တယ်။

ဒီလိုကလေးတွေကအတွက် နှုတ်အားဖြင့် ရှင်းပြခြင်း၊ သီချင်း အသုံးပြုခြင်း၊ ဆွေးနွေးဝိုင်းများ ပြုလုပ်ပေးခြင်း၊ ရေဒီယိုနားထောင်ခြင်း၊ အသံထွက်ပြီး ရွတ်ဆိုခြင်း၊အသံထွက်ဖတ်သော စာအုပ်များ အသုံးပြုခြင်းတို့က အထောက်ကူပြုပါလိမ့်မယ်။

(၃) အထိအတွေ့အားဖြင့် သင်ယူသူ (Tactile Learners) – ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုခုနဲ့ ထိတွေ့လိုက်ရမှာ သင်ယူမှုပိုဖြစ်မြောက်သူတွေ ဖြစ်ပါတယ်။ ဥပမာ – စာဖတ်နေစဉ်အချိန်၊ စာနားထောင်နေစဉ်အချိန်တွေမှာ မှတ်တမ်း၊ မှတ်စု မှတ်ရတာ ကြိုက်တဲ့သူတွေဖြစ်ပါတယ်။ ပုံတွေဆွဲမယ်၊ ဟိုလျှောက်ခြစ် ဒီလျှောက်ခြစ်လုပ်မယ်။ လက်နဲ့ ထိတွွေ့ကိုင်တွယ်ပြီးလုပ်ရတဲ့ လက်မှုလုပ်ငန်းတွေ၊ လက်တွေ့လုပ်ငန်းတွေမှာ အားသာတယ်။

အဲဒီ့လိုကလေးတွေကိုတော့ စာသင်ချိန်မှာ မှတ်စု ထုတ်ခိုင်းတာမျိုး၊ သင်ခန်းစာကို ခြုံငုံပြီး ပုံနဲ့ ဖေါ်ပြခိုင်းတာမျိုး၊ ပန်းချီးဆွဲခိုင်းတာမျိုး၊ လက်တွေ့လုပ်ငန်းတွေလုပ်စေတာမျိုး၊ လက်မှုလုပ်ငန်းတွေကို ကူညီစေတာမျိုးတွေ လုပ်စေခြင်းအားဖြင့် ပိုပြီး သင်ယူနိုင်ပါလိမ့်မယ်။

(၄) လှုပ်ရှားမှုများမှ တစ်ဆင့် သင်ယူသူ (Kinesthetic Learners) – ခန္ဓာကိုယ်ကို လှုပ်ရှားပါဝင်ရမှ ပိုပြီး သင်ယူသူတွေဖြစ်ပါတယ်။ အမြဲတမ်း ငြိမ်ငြိမ်မနေဘဲ တစ်ခုခုလုပ်နေရတာ သဘောကျကြပါတယ်။ လှုပ်လှုပ်ရှားရှားတစ်ခုခုလုပ်နေတုန်း စဉ်းစားခိုင်းတာ၊ သင်ယူခိုင်းတာတွေကို ထိရောက်စွာလုပ်နိုင်ပါတယ်။ သူများလုပ်ရတာကို ကြည့်ရတာ နားထောင်ရတာထက် ကိုယ်တိုင် ဝင်လုပ်ရတာကို ပိုသဘောကျကြပါတယ်။ လက်တွေ့ပစ္စည်းတွေကို ကိုင်တွယ်သုံးပြုပြီး လုပ်ရတာ ကြိုက်ပါတယ်။

ဒီလိုကလေးတွေ အတန်းထဲမှာ ရှိခဲ့ရင် လှုပ်ရှားရတဲ့ ကစားနည်းတွေ အသုံးပြုပါ၊ ပြဇာတ်ကခိုင်းတာ၊ လက်တွေ့ သရုပ်ဆောင်ခိုင်းတာ၊ လက်တွေ့ စမ်းသပ်ခိုင်းတာ၊ တီထွင်ခိုင်းတာ စတဲ့လုပ်ငန်းတွေကို လုပ်ပေးသင့်ပါတယ်။

သင်ယူမှု ပုံစံ (၄) မျိုးလုံးသိလိုက်ပြီးတဲ့နောက်မှာ ကိုယ်တိုင်က ဘယ်သင်ယူမှုပုံစံမှာ အားသာလဲဆိုတာ သတိထားမိလောက်ပြီနဲ့တူပါတယ်။ တစ်ချို့တစ်လေက သင်ယူမှုပုံစံ (၂) မျိုးလောက်နဲ့ ကိုက်ညီတာလည်းဖြစ်နိုင်တယ်၊ ဒီ့ထက်များတာလည်းဖြစ်နိုင်တယ်။ အဲဒီ့လိုဖြစ်ခဲ့ရင် စိတ်ရှုပ်မသွားပါနဲ့၊ မှန်ပါတယ်။ ကျွန်မတို့ လူကြီးတွေဖြစ်ဖြစ်၊ ကလေးတွေဖြစ်ဖြစ် သင်ယူသူအဖြစ် မြင်လိုက်ပြီဆိုရင် သင်ယူမှု ပုံစံ ၁ မျိုးထက်မကလည်း ရှိနိုင်ပါတယ်။ အားအသာဆုံး သင်ယူမှုပုံစံကိုလည်း စဉ်းစားပြီး ကိုက်ညီတဲ့ သင်ယူမှုပုံစံအတိုင်း ဆက်လုပ်လို့ရပါတယ်။

သင်ယူမှု ပုံစံတွေ သိရင် ကိုယ်တိုင် (သို့) ကလေးရဲ့ သင်ယူမှုပုံစံနဲ့ ကိုက်ညီတဲ့ သင်ကြား သင်ယူနည်းကို အသုံးပြုနိုင်မယ်။ သင်ယူသူရဲ့ ကြိုက်နှစ်သက်တဲ့ ပုံစံနဲ့ သင်ယူခွင့်ရရင် ပိုပြီး မှတ်မိမယ်၊ နားလည်မယ်၊ ရင်ထဲပိုစွဲမယ်။။ ဒါဆို သင်ကြားသင်ယူမှု ဖြစ်စဉ်က ပိုထိရောက်လာမယ်။  စာသင်ခန်းထဲမှာတေ့ာ ကလေးတွေဟာ သင်ယူမှုပုံစံ အစုံပါနိုင်ပါတယ်။  ကလေးများတဲ့ စာသင်ခန်းတွေမယ် သင်မယ့် ဆရာ၊မတွေက သင်ယူမှု ပုံစံ အကုန်လုံးနဲ့ ကိုက်ညီမယ့် သင်ယူမှုလုပ်ငန်းတွေကို ချိတ်ဆက်ပြီး ထည့်သွင်းရမှာဖြစ်ပါတယ်။

အချုပ်မှာ ကျွန်မ အားပေးချင်တာကတော့ ဆရာ၊မတွေ နဲ့ မိဘတွေ၊  ကလေးတွေကို ပညာပေးတဲ့အခါ၊ သင်ပေးတဲ့အခါ သူဘယ်လို သင်ယူတာကို ပိုနှစ်သက်လဲ ဆိုတာ အရင်ဆန်းစစ်ပါ ပြီးရင် ကိုယ်သင်မယ့် အကြောင်းအရာတွေကို သူတို့ ကြိုက်နှစ်သက်တဲ့ ပုံစံနဲ့ ချိတ်ဆက် သင်ကြားပေးပါ။ ကိုယ်တိုင်လည်း ဘယ်လို သင်ယူသူမျိုးလည်းဆိုတာ ဆန်းစစ်ကြည့်ပါ။ ကိုယ်နှစ်ခြိုက်တဲ့ ပုံစံနဲ့ ပညာရပ်တွေ၊ အကြောင်းအရာသစ်တွေကို လေ့လာကြည့်ပါ။

ပိုမိုထိရောက်စွာ သင်ကြား သင်ယူနိုင်ခွင့် ရကြပါစေ။

မေတ္တာဖြင့်….

               Sayarma-ဆရာမ

ပိုသိချင်ရင် အောက်မှာပေးထားတဲ့ လင့်ခ်တွေကနေလည်း ဆက်ဖတ်ပါ။

https://blog.edmentum.com/kinesthetic-visual-auditory-tactile-oh-my-what-are-learning-modalities-and-how-can-you-incorporate
https://www.familyeducation.com/school/multiple-intelligences/learning-styles-visual-auditory-kinesthetic
https://www.rasmussen.edu/degrees/education/blog/types-of-learning-styles/

Photo Taken from https://www.edutopia.org/article/learning-styles-real-and-useful-todd-finley

[Zawgyi]

ကေလးေတြ ဘယ္လိုပံုစံ သင္ယူလဲဆိုတာေလ့လာရင္း ကိုယ္တိုင္လည္း ဘယ္လို သင္ယူမွဳပံုစံေတြနဲ႕ သင္ယူလဲဆိုတာ ဆန္းစစ္ၾကည့္ရေအာင္။

သင္ယူမွဳပံုစံေတြကို ပညာရွင္ေတြက အမ်ိဳးမ်ိဳးသတ္မွတ္ၾကပါတယ္။ အခ်ိဳ႕က ၇ မ်ိဳးခြဲတယ္၊ ၃ မ်ိဳးခြဲတယ္၊ ၄ မ်ိဳးခြဲတယ္။ ဒီေန႕ေတာ့ အမ်ားစု အသံုးျပဳတဲ့ သင္ယူမွဳပံုစံ (၄)မ်ိဳးကို မွ်ေဝပါ့မယ္။

(၁)အျမင္အားျဖင့္ သင္ယူသူ (Visual Learners) – အျမင္အာရံုကို အဓိက ထားျပီး သင္ယူၾကတဲ့သူေတြျဖစ္ၾကတယ္။ ဆရာ၊မေတြက ပဏာမ သရုပ္ျပ လုပ္ေဆာင္ျပတာေတြကို လိုခ်င္တယ္။ တစ္ခုခုဆို ျမင္လုိက္ရမွ မွတ္မိတယ္၊ ပုိျပီးနားလည္လြယ္တယ္။ စိတ္ကူးပံုေဖၚရတာ သေဘာက်တယ္။

ဒီလိုကေလးေတြအတြက္ ဗြီဒီယိုေတြ၊ ရုပ္ပံုကားခ်ပ္ေတြ၊ ေရးသားထားတဲ့ စာေတြ၊ ဂရပ္ဖ္ပံုေတြ စတဲ့ အျမင္အားျဖင့္ ၾကည့္လို႕ရတဲ့ သင္ေထာက္ကူေတြ အသံုးျပဳျပီး သင္ရင္ ပိုထိေရာက္တယ္။

(၂) အၾကားအားျဖင့္ သင္ယူသူ (Auditory Learners) – အၾကားအာရံုကို အထူးျပဳျပီး သင္ယူတဲ့သူေတြျဖစ္ၾကတယ္။ တစ္ခုခုဆိုရင္ ႏွုတ္ကေန ရွင္းျပတာကို ပိုသေဘာက်တယ္။ စကားဝိုင္းေတြ၊ ေဆြးေႏြးဝိုင္းေတြမွာ ေပ်ာ္ေမြ႔တယ္။ အသံဖုိင္ေတြကို နားေထာင္ျပီး စာျပန္ေႏႊးၾကတယ္။  ဆရာ၊မက ခ်ေပးတာကို လုိက္ဆိုရတာၾကိဳက္တယ္။

ဒီလိုကေလးေတြကအတြက္ ႏွုတ္အားျဖင့္ ရွင္းျပျခင္း၊ သီခ်င္း အသံုးျပဳျခင္း၊ ေဆြးေႏြးဝုိင္းမ်ား ျပဳလုပ္ေပးျခင္း၊ ေရဒီယိုနားေထာင္ျခင္း၊ အသံထြက္ျပီး ရြတ္ဆိုျခင္း၊အသံထြက္ဖတ္ေသာ စာအုပ္မ်ား အသံုးျပဳျခင္းတုိ႕က အေထာက္ကူျပဳပါလိမ့္မယ္။

(၃) အထိအေတြ႕အားျဖင့္ သင္ယူသူ (Tactile Learners) – ခႏၶာကိုယ္အစိတ္အပိုင္း တစ္ခုခုနဲ႕ ထိေတြ႕လုိက္ရမွာ သင္ယူမွဳပိုျဖစ္ေျမာက္သူေတြ ျဖစ္ပါတယ္။ ဥပမာ – စာဖတ္ေနစဥ္အခ်ိန္၊ စာနားေထာင္ေနစဥ္အခ်ိန္ေတြမွာ မွတ္တမ္း၊ မွတ္စု မွတ္ရတာ ၾကိဳက္တဲ့သူေတြျဖစ္ပါတယ္။ ပံုေတြဆြဲမယ္၊ ဟိုေလွ်ာက္ျခစ္ ဒီေလွ်ာက္ျခစ္လုပ္မယ္။ လက္နဲ႕ ထိေတြြ႕ကိုင္တြယ္ျပီးလုပ္ရတဲ့ လက္မွဳလုပ္ငန္းေတြ၊ လက္ေတြ႕လုပ္ငန္းေတြမွာ အားသာတယ္။

အဲဒီ့လိုကေလးေတြကိုေတာ့ စာသင္ခ်ိန္မွာ မွတ္စု ထုတ္ခုိင္းတာမ်ိဳး၊ သင္ခန္းစာကို ျခံဳငံုျပီး ပံုနဲ႕ ေဖၚျပခိုင္းတာမ်ိဳး၊ ပန္းခ်ီးဆြဲခုိင္းတာမ်ိဳး၊ လက္ေတြ႕လုပ္ငန္းေတြလုပ္ေစတာမ်ိဳး၊ လက္မွဳလုပ္ငန္းေတြကို ကူညီေစတာမ်ိဳးေတြ လုပ္ေစျခင္းအားျဖင့္ ပိုျပီး သင္ယူနုိင္ပါလိမ့္မယ္။

(၄) လွဳပ္ရွားမွဳမ်ားမွ တစ္ဆင့္ သင္ယူသူ (Kinesthetic Learners) – ခႏၶာကိုယ္ကို လွဳပ္ရွားပါဝင္ရမွ ပိုျပီး သင္ယူသူေတြျဖစ္ပါတယ္။ အျမဲတမ္း ျငိမ္ျငိမ္မေနဘဲ တစ္ခုခုလုပ္ေနရတာ သေဘာက်ၾကပါတယ္။ လွဳပ္လွဳပ္ရွားရွားတစ္ခုခုလုပ္ေနတုန္း စဥ္းစားခုိင္းတာ၊ သင္ယူခုိင္းတာေတြကို ထိေရာက္စြာလုပ္နုိင္ပါတယ္။ သူမ်ားလုပ္ရတာကို ၾကည့္ရတာ နားေထာင္ရတာထက္ ကိုယ္တုိင္ ဝင္လုပ္ရတာကို ပိုသေဘာက်ၾကပါတယ္။ လက္ေတြ႕ပစၥည္းေတြကို ကိုင္တြယ္သံုးျပဳျပီး လုပ္ရတာ ၾကိဳက္ပါတယ္။

ဒီလိုကေလးေတြ အတန္းထဲမွာ ရွိခဲ့ရင္ လွဳပ္ရွားရတဲ့ ကစားနည္းေတြ အသံုးျပဳပါ၊ ျပဇာတ္ကခုိင္းတာ၊ လက္ေတြ႕ သရုပ္ေဆာင္ခုိင္းတာ၊ လက္ေတြ႕ စမ္းသပ္ခုိင္းတာ၊ တီထြင္ခုိင္းတာ စတဲ့လုပ္ငန္းေတြကို လုပ္ေပးသင့္ပါတယ္။

သင္ယူမွဳ ပံုစံ (၄) မ်ိဳးလုံးသိလုိက္ျပီးတဲ့ေနာက္မွာ ကိုယ္တိုင္က ဘယ္သင္ယူမွဳပံုစံမွာ အားသာလဲဆိုတာ သတိထားမိေလာက္ျပီနဲ႕တူပါတယ္။ တစ္ခ်ိဳ႕တစ္ေလက သင္ယူမွဳပံုစံ (၂) မ်ိဳးေလာက္နဲ႕ ကိုက္ညီတာလည္းျဖစ္နုိင္တယ္၊ ဒီ့ထက္မ်ားတာလည္းျဖစ္နုိင္တယ္။ အဲဒီ့လိုျဖစ္ခဲ့ရင္ စိတ္ရွုပ္မသြားပါနဲ႕၊ မွန္ပါတယ္။ ကၽြန္မတုိ႕ လူၾကီးေတြျဖစ္ျဖစ္၊ ကေလးေတြျဖစ္ျဖစ္ သင္ယူသူအျဖစ္ ျမင္လုိက္ျပီဆိုရင္ သင္ယူမွဳ ပံုစံ ၁ မ်ိဳးထက္မကလည္း ရွိနုိင္ပါတယ္။ အားအသာဆံုး သင္ယူမွဳပံုစံကိုလည္း စဥ္းစားျပီး ကိုက္ညီတဲ့ သင္ယူမွဳပံုစံအတိုင္း ဆက္လုပ္လို႕ရပါတယ္။

သင္ယူမွဳ ပံုစံေတြ သိရင္ ကိုယ္တိုင္ (သို႕) ကေလးရဲ႕ သင္ယူမွဳပံုစံနဲ႕ ကိုက္ညီတဲ့ သင္ၾကား သင္ယူနည္းကို အသံုးျပဳနုိင္မယ္။ သင္ယူသူရဲ့ ၾကိဳက္ႏွစ္သက္တဲ့ ပံုစံနဲ႕ သင္ယူခြင့္ရရင္ ပိုျပီး မွတ္မိမယ္၊ နားလည္မယ္၊ ရင္ထဲပိုစြဲမယ္။။ ဒါဆို သင္ၾကားသင္ယူမွဳ ျဖစ္စဥ္က ပိုထိေရာက္လာမယ္။  စာသင္ခန္းထဲမွာေတ့ာ ကေလးေတြဟာ သင္ယူမွဳပံုစံ အစံုပါနိုင္ပါတယ္။  ကေလးမ်ားတဲ့ စာသင္ခန္းေတြမယ္ သင္မယ့္ ဆရာ၊မေတြက သင္ယူမွဳ ပံုစံ အကုန္လံုးနဲ႕ ကိုက္ညီမယ့္ သင္ယူမွဳလုပ္ငန္းေတြကို ခ်ိတ္ဆက္ျပီး ထည့္သြင္းရမွာျဖစ္ပါတယ္။

အခ်ဳပ္မွာ ကၽြန္မ အားေပးခ်င္တာကေတာ့ ဆရာ၊မေတြ နဲ့ မိဘေတြ၊  ကေလးေတြကို ပညာေပးတဲ့အခါ၊ သင္ေပးတဲ့အခါ သူဘယ္လို သင္ယူတာကို ပိုႏွစ္သက္လဲ ဆိုတာ အရင္ဆန္းစစ္ပါ ျပီးရင္ ကိုယ္သင္မယ့္ အေၾကာင္းအရာေတြကို သူတို႕ ၾကိဳက္ႏွစ္သက္တဲ့ ပံုစံနဲ႕ ခ်ိတ္ဆက္ သင္ၾကားေပးပါ။ ကိုယ္တိုင္လည္း ဘယ္လို သင္ယူသူမ်ိဳးလည္းဆိုတာ ဆန္းစစ္ၾကည့္ပါ။ ကိုယ္ႏွစ္ျခိဳက္တဲ့ ပံုစံနဲ႕ ပညာရပ္ေတြ၊ အေၾကာင္းအရာသစ္ေတြကို ေလ့လာၾကည့္ပါ။

ပိုမိုထိေရာက္စြာ သင္ၾကား သင္ယူနုိင္ခြင့္ ရၾကပါေစ။

ေမတၱာျဖင့္….

               Sayarma-ဆရာမ

ပိုသိခ်င္ရင္ ေအာက္မွာေပးထားတဲ့ လင့္ခ္ေတြကေနလည္း ဆက္ဖတ္ပါ။

https://blog.edmentum.com/kinesthetic-visual-auditory-tactile-oh-my-what-are-learning-modalities-and-how-can-you-incorporate
https://www.familyeducation.com/school/multiple-intelligences/learning-styles-visual-auditory-kinesthetic

https://www.rasmussen.edu/degrees/education/blog/types-of-learning-styles/ Photo Taken from https://www.edutopia.org/article/learning-styles-real-and-useful-todd-finley