[ Unicode ]

အိမ်မှာနေရင်း မိဘတွေ၊ ကိုယ့်ကလေးတွေကို သင်ပေးချင်ပေမယ့် သင်ပေးဖို့ အထောက်အပံ့ဖြစ်စေဖို့နဲ့ ဆရာ၊မတွေအတွက် သိသလောက်လေး ထပ်မျှဝေချင်လို့ ရေးဖြစ်ပါတယ်။ သင်ကြားရေးပညာနဲ့ သင်ကြားရေး စွမ်းရည်ဆိုတာ နှစ်ရှည်လများ လေ့လာ လေ့ကျင့်ရတဲ့ အတတ်ပညာတစ်ခုမို့ ခုချက်ချင်းသိ၊ ခုချက်ချင်း ထိရောက်တဲ့ သင်ကြားမှု မဖြစ်ရင် စိတ်မညစ်ဖို့လည်း ကြိုတင် အသိပေးချင်ပါတယ်။

ဘယ်လို သင်ရင်ထိရောက်မလဲ။

  • စာသင်တဲ့အခါ……..
    (၁) အသင်ခံရသူရယ်၊
    (၂) သင်မယ့်သူရယ်၊
    (၃) ကြားခံ သင်ထောက်ကူပစ္စည်းဖြစ်တဲ့ သင်ရိုးညွှန်းတမ်း (သို့) ကစားစရာ၊
    (၄) စာသင်မယ့်နေရာ၊
    (၅) သင်ကြားနည်းစနစ်
    (၆) စာသင်ချိန်သတ်မှတ်မှု တွေလိုအပ်ပါတယ်။
    သင်ကြားသင်ယူမှု ထိရောက်ဖို့ အဲဒီ့ လိုအပ်တဲ့ အရာတွေအကုန်လုံးကို ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ ဒီတစ်ပတ်မှာတော့ ပထမ အချက် (၃)ခုကို အဓိက ထားမျှဝေသွားပါ့မယ်။

(၁) ကိုယ်စာသင်မယ့် ရည်ရွယ်ချက်က စာသင်ခံရမယ့်သူ (ကျောင်းသား၊ ကလေး)ကို တစ်ခုခု သိစေချင်၊ တတ်စေချင်လို့ မဟုတ်လား။ ဒါဆိုရင် ကိုယ်သင်မယ့် ကျောင်းသား၊သူကို အရင်သိအောင် လုပ်ဖို့လိုပါတယ်။ သူက ဘယ်လို အရာတွေကို စိတ်ဝင်စားလဲ။ ဘယ်လို သင်ယူရရင် ပိုစိတ်ဝင်စားမှုရှိလဲ။ ဘယ်အရာက သူ့ကို စိတ်လှုပ်ရှားပျော်ရွှင်စေလဲ။ ဘယ်လို ပုံစံတွေက သူ့အတွက် ခက်ခဲစေသလဲ။ သူ့ရဲ့ လက်ရှိ စိတ်အခြေအနေနဲ့ သင်ယူနိုင်စွမ်းက ဘယ်လိုရှိလဲ။ စတဲ့ မေးခွန်းတွေကို ချက်ချင်းမဟုတ်ရင်တောင် သိအောင် လုပ်မှ ကလေးနဲ့ ကိုက်ညီတဲ့၊ ထိရောက်သော သင်ယူမှုကို ပေးနိုင်မှာပါ။ ကလေးကို သိဖို့ ကလေးကို စောင့်ကြည့်လေ့လာတာတွေ၊ သူပြောတာတွေ နားထောင်တာတွေ၊ သူနဲ့ ဆွေးနွေးတာတွေ၊ သူ့အတွက် အချိန်ပေးတာတွေ လုပ်ပြီး သူတို့ အကြောင်းနားလည်လာအောင်လုပ်ပါ။

(၂) သင်မယ့်သူ – သင်မယ့်သူဖြစ်တဲ့ ကိုယ်တိုင်က သင်မယ့် အကြောင်းအရာ၊ သင်သင့်တဲ့ ပုံစံတွေ၊ သင်ရင်အသုံးပြုရမယ့်ပစ္စည်းတွေ၊ ကိုယ်သင်ရမယ့်ကလေးအကြောင်းတွေ သိဖို့လိုပါတယ်။ သိရုံတင်မပြီးဘဲ သင်တဲ့အခါ လိုအပ်တဲ့ ရှင်းလင်းစွာ ပြောပြနိုင်စွမ်း၊ စိတ်ဝင်စားအောင် ကြိုးပမ်းနိုင်စွမ်း၊ စိတ်ရှည်လမ်းမှန်စွာ ကူညီနိုင်စွမ်းတွေလည်း လိုပါသေးတယ်။ အသိတွေ၊ လုပ်နိုင်စွမ်းတွေအပြင် မှန်ကန်တဲ့ စိတ်နေသဘောထားလည်း လိုပါတယ်။ အဓိကကတော့ ကလေးတိုင်း တော်နိုင်တယ်၊ သင်ယူနိုင်စွမ်းရှိတယ်ဆိုတာ လက်ခံဖို့ပါ၊ ဒုတိယအချက်အက – လူကြီးဖြစ်တဲ့ကိုယ်လည်း မှားနိုင်တယ်၊ မသိတာတွေအများကြီးရှိတယ်ဆိုတာ လက်ခံရပါမယ်၊ တတိတယတစ်ခုက – တစ်ပါးသူနဲ့ နှိုင်းယှဉ်တာထက် ကိုယ့်ကလေးရဲ့ ကိုယ်ပိုင်အရည်အသွေးကို မြင်အောင်ကြည့်ပြီး မှန်ကန်စွာ အားပေးတတ်ဖို့ပါ၊ နောက်ဆုံးတန်ဖိုးထားမှုက ဆိုးတဲ့ကလေးဆိုတာ မရှိပါဘူး၊ ကိုယ်သဘောကျတဲ့ပုံစံနဲ့ သဘာဝအားဖြင့် မကိုက်ညီတဲ့ကလေးဘဲ ရှိတယ်ဆိုတာပါပဲ။

(၃) သင်ထောက်ကူပစ္စည်း – ကျွန်မတို့က သင်ယူမှုကို အထောက်ကူပြုတဲ့ ပစ္စည်း၊ ကြားခံနယ်မှန်သမျှကို သင်ထောက်ကူပစ္စည်းလို့ ခေါ်ဝေါ်ပါတယ်။ အဲဒီ့အထဲမှာ ဖတ်စာစာအုပ်တွေလည်းပါတယ်၊ ရေးစာအုပ်တွေ၊ ခဲတံတွေ၊ စသဖြင့် ကျောင်းသုံးပစ္စည်းတွေလည်း ပါသလို ကလေးရဲ့ သင်ယူမှုမှာ အထောက်ကူပြုတဲ့ အခြားအရာတွေလည်း ပါပါတယ်။ ဥပမာ – အပင်အကြောင်းသင်တဲ့အခါ အပင်လေးတွေ၊ မြေကြီးတွေကို ပြပြီးသင်ရင် သင်ထောက်ကူက အပင်တွေ၊ မြေကြီးတွေပေါ့။ ဘာကိုပဲသင်သင် ပတ်ဝန်းကျင်က အရာတွေနဲ့ ချိတ်ဆက်ပြီး သင်ပေးဖို့ လိုပါတယ်။ နောက်ဆုံး ကလေးတွေ ဘာလို့ သင်ယူသလဲဆိုတာ တွေးကြည့်ရင် ပတ်ဝန်းကျင်မှာ ပိုကောင်းပိုတော်ပိုသိတဲ့ လူတွေဖြစ်စေချင်လို့မလား။ ဒါဆို ပတ်ဝန်းကျင်မှာ ရှိတာတွေအကြောင်း ချိတ်ဆက်ပြီး သိမှ ရမှာပေါ့။ ဖတ်စာ စာအုပ်အသုံးပြုတဲ့အခါ စာအုပ်ကြီးထိုးပေးပြီး ဒီတိုင်း ဖတ်ခိုင်းတာမျိုးမဟုတ်ဘဲ အသုံးပြုနေတဲ့ စာအုပ်က အကြောင်းအရာတွေကို စိတ်ဝင်စားအောင် သင်မှ သင်ယူမှုမှ အထောက်အကူပြုမှာပါ။

အပေါ်က အချက်အသုံးချက်အပြင် ထပ်တူ အရေးပါတာက ဘယ်လို သင်ကြားမလဲဆိုတာပါ။ ကလေးနဲ့ ကိုက်ညီမယ့် သင်ကြားနည်းစနစ်ကို အသုံးပြုမှ ကလေးက ထိထိရောက်ရောက်သင်ယူမှာပါ။ ကိုယ်သင်တာကို ကလေးက စိတ်မဝင်စားဘူး၊ မမှတ်မိဘူးဆိုရင် ကလေးက ညံ့တယ်၊ တအားဆော့တယ်၊ စာဆိုစိတ်မဝင်စားဘူးလို့ အရင် မဝေဖန်ဘဲ ကိုယ်သင်နေတဲ့ ပုံက သူနဲ့ ကိုက်ညီရဲ့လား၊ ကိုယ်သုံးနေတဲ့ သင်ထောက်ကူက သူနဲ့ အဆင်ပြေရဲ့လား ဆိုတာတွေ အရင်ပြန်မေးကြည့်ပါ။

စာသင်တဲ့အခါ နေရာနဲ့ အချိန်ကလည်း အရေးပါပါတယ်။ တီဗွီဖွင့်ထားတဲ့နေရာမှာ စာသင်ရင် ကလေးက အာရုံပြန့်လွှင့်မယ်။ စာသင်ဖို့ အနှောင့်အယှက်ကင်းပြီး အေးဆေးတဲ့ နေရာ သီးသီးသန့်သန့် ထားရှိဖို့ လည်းလိုပါတယ်။ စာသင်ချိန်က နေ့လည် နေပူပူအချိန်မျိုးဆိုရင်လည်း အိပ်ငိုက်တာနဲ့ စာသင်တာအခက်အခဲဖြစ်နိုင်တာမို့၊ ဘယ်အချိန်မှာ ကိုယ့်ကလေးက တက်ကြွသလဲ ဆိုတာ သေချာ သိအောင်လုပ်ပြီး စာသင်ချိန်ကို သတ်မှတ်ပါ။
မိဘတွေဟာ ပညာရေးသမားတွေမဟုတ်ပေမယ့် ကိုယ့်ကလေးရဲ့ သင်ယူပုံ၊ စိတ်ဝင်စားမှု၊ အခက်အခဲနဲ့ အလားအလာတွေကို အမြဲစောင့်ကြည့် ပံ့ပိုးပေးဖို့လိုပါတယ်။ အခုလိုအချိန်မျိုးမှာ တတ်နိုင်သလောက် အချိန်ပေးပြီး သင်နိုင်သလောက် ကြိုးစား သင်ပေးကြပါ။ အားလုံးအတွက် အထောက်ကူပြုစေမယ့် မိဘတွေအတွက် သင်ကြားရေး အခြေခံ သင်တန်းကိုလည်း ကျွန်မတို့ စီစဉ်နေပါတယ်။ ကလေးငယ်တွေအားလုံး ပျော်ရွှင်စွာ သင်ယူခွင့် ရကြပါစေ။

မေတ္တာဖြင့်……
Sayarma-ဆရာမ

[ Zawgyi ]

အိမ္မွာေနရင္း မိဘေတြ၊ ကိုယ့္ကေလးေတြကို သင္ေပးခ်င္ေပမယ့္ သင္ေပးဖို႔ အေထာက္အပံ့ျဖစ္ေစဖို႔နဲ႔ ဆရာ၊မေတြအတြက္ သိသေလာက္ေလး ထပ္မၽွေဝခ်င္လို႔ ေရးျဖစ္ပါတယ္။ သင္ၾကားေရးပညာနဲ႔ သင္ၾကားေရး စြမ္းရည္ဆိုတာ ႏွစ္ရွည္လမ်ား ေလ့လာ ေလ့က်င့္ရတဲ့ အတတ္ပညာတစ္ခုမို႔ ခုခ်က္ခ်င္းသိ၊ ခုခ်က္ခ်င္း ထိေရာက္တဲ့ သင္ၾကားမႈ မျဖစ္ရင္ စိတ္မညစ္ဖို႔လည္း ႀကိဳတင္ အသိေပးခ်င္ပါတယ္။

ဘယ္လို သင္ရင္ထိေရာက္မလဲ။

  • စာသင္တဲ့အခါ……..
    (၁) အသင္ခံရသူရယ္၊
    (၂) သင္မယ့္သူရယ္၊
    (၃) ၾကားခံ သင္ေထာက္ကူပစၥည္းျဖစ္တဲ့ သင္ရိုးညႊန္းတမ္း (သို႔) ကစားစရာ၊
    (၄) စာသင္မယ့္ေနရာ၊
    (၅) သင္ၾကားနည္းစနစ္
    (၆) စာသင္ခ်ိန္သတ္မွတ္မႈ ေတြလိုအပ္ပါတယ္။
    သင္ၾကားသင္ယူမႈ ထိေရာက္ဖို႔ အဲဒီ့ လိုအပ္တဲ့ အရာေတြအကုန္လုံးကို ထည့္သြင္းစဥ္းစားဖို႔လိုပါတယ္။ ဒီတစ္ပတ္မွာေတာ့ ပထမ အခ်က္ (၃)ခုကို အဓိက ထားမၽွေဝသြားပါ့မယ္။

(၁) ကိုယ္စာသင္မယ့္ ရည္ရြယ္ခ်က္က စာသင္ခံရမယ့္သူ (ေက်ာင္းသား၊ ကေလး)ကို တစ္ခုခု သိေစခ်င္၊ တတ္ေစခ်င္လို႔ မဟုတ္လား။ ဒါဆိုရင္ ကိုယ္သင္မယ့္ ေက်ာင္းသား၊သူကို အရင္သိေအာင္ လုပ္ဖို႔လိုပါတယ္။ သူက ဘယ္လို အရာေတြကို စိတ္ဝင္စားလဲ။ ဘယ္လို သင္ယူရရင္ ပိုစိတ္ဝင္စားမႈရွိလဲ။ ဘယ္အရာက သူ႔ကို စိတ္လႈပ္ရွားေပ်ာ္ရႊင္ေစလဲ။ ဘယ္လို ပုံစံေတြက သူ႔အတြက္ ခက္ခဲေစသလဲ။ သူ႔ရဲ့ လက္ရွိ စိတ္အေျခအေနနဲ႔ သင္ယူနိုင္စြမ္းက ဘယ္လိုရွိလဲ။ စတဲ့ ေမးခြန္းေတြကို ခ်က္ခ်င္းမဟုတ္ရင္ေတာင္ သိေအာင္ လုပ္မွ ကေလးနဲ႔ ကိုက္ညီတဲ့၊ ထိေရာက္ေသာ သင္ယူမႈကို ေပးနိုင္မွာပါ။ ကေလးကို သိဖို႔ ကေလးကို ေစာင့္ၾကည့္ေလ့လာတာေတြ၊ သူေျပာတာေတြ နားေထာင္တာေတြ၊ သူနဲ႔ ေဆြးေႏြးတာေတြ၊ သူ႔အတြက္ အခ်ိန္ေပးတာေတြ လုပ္ၿပီး သူတို႔ အေၾကာင္းနားလည္လာေအာင္လုပ္ပါ။

(၂) သင္မယ့္သူ – သင္မယ့္သူျဖစ္တဲ့ ကိုယ္တိုင္က သင္မယ့္ အေၾကာင္းအရာ၊ သင္သင့္တဲ့ ပုံစံေတြ၊ သင္ရင္အသုံးျပဳရမယ့္ပစၥည္းေတြ၊ ကိုယ္သင္ရမယ့္ကေလးအေၾကာင္းေတြ သိဖို႔လိုပါတယ္။ သိ႐ုံတင္မၿပီးဘဲ သင္တဲ့အခါ လိုအပ္တဲ့ ရွင္းလင္းစြာ ေျပာျပနိုင္စြမ္း၊ စိတ္ဝင္စားေအာင္ ႀကိဳးပမ္းနိုင္စြမ္း၊ စိတ္ရွည္လမ္းမွန္စြာ ကူညီနိုင္စြမ္းေတြလည္း လိုပါေသးတယ္။ အသိေတြ၊ လုပ္နိုင္စြမ္းေတြအျပင္ မွန္ကန္တဲ့ စိတ္ေနသေဘာထားလည္း လိုပါတယ္။ အဓိကကေတာ့ ကေလးတိုင္း ေတာ္နိုင္တယ္၊ သင္ယူနိုင္စြမ္းရွိတယ္ဆိုတာ လက္ခံဖို႔ပါ၊ ဒုတိယအခ်က္အက – လူႀကီးျဖစ္တဲ့ကိုယ္လည္း မွားနိုင္တယ္၊ မသိတာေတြအမ်ားႀကီးရွိတယ္ဆိုတာ လက္ခံရပါမယ္၊ တတိတယတစ္ခုက – တစ္ပါးသူနဲ႔ ႏွိုင္းယွဥ္တာထက္ ကိုယ့္ကေလးရဲ့ ကိုယ္ပိုင္အရည္အေသြးကို ျမင္ေအာင္ၾကည့္ၿပီး မွန္ကန္စြာ အားေပးတတ္ဖို႔ပါ၊ ေနာက္ဆုံးတန္ဖိုးထားမႈက ဆိုးတဲ့ကေလးဆိုတာ မရွိပါဘူး၊ ကိုယ္သေဘာက်တဲ့ပုံစံနဲ႔ သဘာဝအားျဖင့္ မကိုက္ညီတဲ့ကေလးဘဲ ရွိတယ္ဆိုတာပါပဲ။

(၃) သင္ေထာက္ကူပစၥည္း – ကၽြန္မတို႔က သင္ယူမႈကို အေထာက္ကူျပဳတဲ့ ပစၥည္း၊ ၾကားခံနယ္မွန္သမၽွကို သင္ေထာက္ကူပစၥည္းလို႔ ေခၚေဝၚပါတယ္။ အဲဒီ့အထဲမွာ ဖတ္စာစာအုပ္ေတြလည္းပါတယ္၊ ေရးစာအုပ္ေတြ၊ ခဲတံေတြ၊ စသျဖင့္ ေက်ာင္းသုံးပစၥည္းေတြလည္း ပါသလို ကေလးရဲ့ သင္ယူမႈမွာ အေထာက္ကူျပဳတဲ့ အျခားအရာေတြလည္း ပါပါတယ္။ ဥပမာ – အပင္အေၾကာင္းသင္တဲ့အခါ အပင္ေလးေတြ၊ ေျမႀကီးေတြကို ျပၿပီးသင္ရင္ သင္ေထာက္ကူက အပင္ေတြ၊ ေျမႀကီးေတြေပါ့။ ဘာကိုပဲသင္သင္ ပတ္ဝန္းက်င္က အရာေတြနဲ႔ ခ်ိတ္ဆက္ၿပီး သင္ေပးဖို႔ လိုပါတယ္။ ေနာက္ဆုံး ကေလးေတြ ဘာလို႔ သင္ယူသလဲဆိုတာ ေတြးၾကည့္ရင္ ပတ္ဝန္းက်င္မွာ ပိုေကာင္းပိုေတာ္ပိုသိတဲ့ လူေတြျဖစ္ေစခ်င္လို႔မလား။ ဒါဆို ပတ္ဝန္းက်င္မွာ ရွိတာေတြအေၾကာင္း ခ်ိတ္ဆက္ၿပီး သိမွ ရမွာေပါ့။ ဖတ္စာ စာအုပ္အသုံးျပဳတဲ့အခါ စာအုပ္ႀကီးထိုးေပးၿပီး ဒီတိုင္း ဖတ္ခိုင္းတာမ်ိဳးမဟုတ္ဘဲ အသုံးျပဳေနတဲ့ စာအုပ္က အေၾကာင္းအရာေတြကို စိတ္ဝင္စားေအာင္ သင္မွ သင္ယူမႈမွ အေထာက္အကူျပဳမွာပါ။

အေပၚက အခ်က္အသုံးခ်က္အျပင္ ထပ္တူ အေရးပါတာက ဘယ္လို သင္ၾကားမလဲဆိုတာပါ။ ကေလးနဲ႔ ကိုက္ညီမယ့္ သင္ၾကားနည္းစနစ္ကို အသုံးျပဳမွ ကေလးက ထိထိေရာက္ေရာက္သင္ယူမွာပါ။ ကိုယ္သင္တာကို ကေလးက စိတ္မဝင္စားဘူး၊ မမွတ္မိဘူးဆိုရင္ ကေလးက ညံ့တယ္၊ တအားေဆာ့တယ္၊ စာဆိုစိတ္မဝင္စားဘူးလို႔ အရင္ မေဝဖန္ဘဲ ကိုယ္သင္ေနတဲ့ ပုံက သူနဲ႔ ကိုက္ညီရဲ့လား၊ ကိုယ္သုံးေနတဲ့ သင္ေထာက္ကူက သူနဲ႔ အဆင္ေျပရဲ့လား ဆိုတာေတြ အရင္ျပန္ေမးၾကည့္ပါ။

စာသင္တဲ့အခါ ေနရာနဲ႔ အခ်ိန္ကလည္း အေရးပါပါတယ္။ တီဗြီဖြင့္ထားတဲ့ေနရာမွာ စာသင္ရင္ ကေလးက အာ႐ုံျပန႔္လႊင့္မယ္။ စာသင္ဖို႔ အေႏွာင့္အယွက္ကင္းၿပီး ေအးေဆးတဲ့ ေနရာ သီးသီးသန႔္သန႔္ ထားရွိဖို႔ လည္းလိုပါတယ္။ စာသင္ခ်ိန္က ေန႔လည္ ေနပူပူအခ်ိန္မ်ိဳးဆိုရင္လည္း အိပ္ငိုက္တာနဲ႔ စာသင္တာအခက္အခဲျဖစ္နိုင္တာမို႔၊ ဘယ္အခ်ိန္မွာ ကိုယ့္ကေလးက တက္ႂကြသလဲ ဆိုတာ ေသခ်ာ သိေအာင္လုပ္ၿပီး စာသင္ခ်ိန္ကို သတ္မွတ္ပါ။
မိဘေတြဟာ ပညာေရးသမားေတြမဟုတ္ေပမယ့္ ကိုယ့္ကေလးရဲ့ သင္ယူပုံ၊ စိတ္ဝင္စားမႈ၊ အခက္အခဲနဲ႔ အလားအလာေတြကို အျမဲေစာင့္ၾကည့္ ပံ့ပိုးေပးဖို႔လိုပါတယ္။ အခုလိုအခ်ိန္မ်ိဳးမွာ တတ္နိုင္သေလာက္ အခ်ိန္ေပးၿပီး သင္နိုင္သေလာက္ ႀကိဳးစား သင္ေပးၾကပါ။ အားလုံးအတြက္ အေထာက္ကူျပဳေစမယ့္ မိဘေတြအတြက္ သင္ၾကားေရး အေျခခံ သင္တန္းကိုလည္း ကၽြန္မတို႔ စီစဥ္ေနပါတယ္။ ကေလးငယ္ေတြအားလုံး ေပ်ာ္ရႊင္စြာ သင္ယူခြင့္ ရၾကပါေစ။

ေမတၱာျဖင့္……
Sayarma-ဆရာမ