[ Unicode ]

ကျွန်မမှာ ၁၁ အရွယ် မောင်လေး တစ်ယောက်ရှိပါတယ်။ ဒီကာလအတွင်း ကျောင်းတွေတက်ဖို့လည်း အဆင်မပြေ၊ ကျွန်မလည်း နေ့ခင်းနေ့လည် အိမ်မှာတစ်ယောက်ထဲဆိုတော့ ကျွန်မနဲ့အတူ ရန်ကုန်အိမ်မှာ လာနေပါတယ်။ ဒီကာလအတွင်း အိမ်မှာနေရင်း မောင်လေးနဲ့ အတူ လုပ်ဖြစ်တဲ့ သင်ယူမှုလုပ်ငန်း အချို့ကို ဝေမျှပေးချင်ပါတယ်။

ပထမဆုံး မောင်လေးအကြောင်း နည်းနည်းပြောပြချင်ပါတယ်။ ကျွန်မမောင်က သူ့အကြောင်းကိုမသိရင်၊ တီထွင်ဖန်တီးမသင်တတ်ရင် စာသင်လို့ လွယ်တဲ့အထဲမှာ မပါပါဘူး။ သူက တစ်ခုခုကို အာရုံစိုက်နိုင်ချိန် အရမ်းတိုပါတယ်၊ လက်တွေ့ ကိုယ်ပိုင် အတွေးနဲ့ စမ်းသပ်ပြုလုပ်ရတာကလွဲရင် ကျန်တဲ့ ကျောင်းစာသင်တဲ့ပုံစံတွေကို သူစိတ်ဝင်စားမှုအားနည်းပါတယ်။ ပုံတိုပတ်စ အကုန် မြင်သာထင်သာအောင် သေသေချာချာပြောတတ်ပါတယ်၊ ဟင်းချက်တာဝါသနာပါပါတယ်၊ ကိုယ်တိုင်ဦးဆောင်လုပ်ရတာ ကြိုက်ပါတယ်။ စာကျက်ရမယ်ဆိုရင် မီးနင်း ငါးလုံးကို ငါးနာရီလောက် ကြာအောင် အချိန်ဆွဲပြီး ကျက်တတ်တယ်လို့ပြောပါတယ်။ အချို့ဆရာမတွေနဲ့ အိမ်ကလူတွေက မောင်လေးကို စာသင်ရတာ ခက်တယ်လို့ ပြောကြပါတယ်။

ကျွန်မနဲ့ နေတဲ့ ကာလအတွင်း မောင်လေးရဲ့ သင်ယူမှုအတွက် ကျွန်မတို့ လုပ်ဖြစ်တဲ့ လုပ်ငန်းတွေထဲက (၃) ခုကို မျှဝေပါ့မယ်။
Menu ဖတ်ခြင်း လုပ်ငန်း၊ ဆိုင်းဘုတ်ဖတ်ခြင်း – ကျွန်မတို့ အပြင်သွားတဲ့အခါ (ဒါမှမဟုတ်) မှာစားတဲ့အခါ ဘာဝယ်မယ်၊ ဘာစားမယ်ဆိုတာ ဆုံးဖြတ်ဖို့ Menu ဖတ်ကြပါတယ်။ ဖတ်ရင်း menu ထဲမှာ ပါတဲ့ ဟင်းအမည်တွေကို ဖတ်တယ်၊ အဲဒီ့ဟင်းတွေ အကြောင်းဆွေးနွေးပါတယ်။ ခက်တဲ့ စကားလုံးတွေကို သူ့ကို စာလုံးပေါင်းခိုင်းပါတယ်။ အင်္ဂလိပ်လို စကားလုံးတွေဆို ဝါကျတိုတွေနဲ့ တွဲပြီး သုံးပြပါတယ်။ Milk Tea (လက်ဖက်ရည်) ဆိုတာ ပါတယ်ဆိုရင် – Do you like milk tea? Do you want milk tea? ဆိုတာမျိုး မေးပါတယ်။ အများကြီးမသင်ပါဘူး။ အစားသောက်စာရင်းထဲမှာ ပါတဲ့ အခြားစကားလုံးတွေနဲ့ အပေါ်က မေးခွန်း ၂ ခုလောက်ကို ထပ်ခါ ထပ်ခါမေးပါတယ်။ Menu တင်မဟုတ်ဘဲ တွေ့သမျှ ဆိုင်းဘုတ်တိုင်းကို ဖတ်ခိုင်းပါတယ်။ ဆိုင်းဘုတ်ဖတ်ပြီး အဲဒီ့လုပ်ငန်းတွေအကြောင်းလည်း ဆက်ဆွေးနွေးကြပါတယ်။

ဈေးဖိုးတွက်ခြင်း – ကျွန်မက များသောအားဖြင့် ဈေးဖိုးတွက်လေ့မရှိပါဘူး။ ဒါပေမယ့် သင်္ချာသင်ပေးချင်လို့ ကျွန်မတို့ ဈေးဖိုးတွက်ပါတယ်။ တစ်ပတ်စာ ထမင်းဟင်းစားရိတ် ပမာဏတစ်ခု သတ်မှတ်ပါတယ်။ အဲဒါကို ဈေးသွားတဲ့အခါ လိုတဲ့ပစ္စည်းစာရင်းကို မောင်လေး မှတ်ရပါတယ်။ မှတ်ပြီး ဝယ်တယ်။ ဝယ်ပြီး ဈေးနှုန်းတွေ မှတ်သားထားတယ်။ တစ်နပ်စာ တစ်နပ်ချက်တဲ့အခါ ကျွန်မတို့ရဲ့ ထမင်းဝိုင်းက ကုန်ကျငွေ ဘယ်လောက်ရှိတယ်ဆိုတာ မှတ်သားပါတယ်။ ဆိုင်သွားစားတဲ့ နှုန်းတွေနဲ့ နှိုင်းယှဉ်တာတွေ လုပ်တယ်။ အကောက်ခွန်အကြောင်း ဆွေးနွေးတယ်။ ဆိုင်တွေမှာ ဘာကြောင့် ဈေးပိုပေးရလည်းဆိုတဲ့ ထည့်သွင်းစဉ်းစားစရာတွေ သင်ယူကြတယ်။ ပြီးရင် တစ်ပတ်စာ စားရိတ်ထဲက ကျွန်မတို့ အမှန်တစ်ကယ် ကုန်ကျငွေကို နှုတ်ကြည့်ပြီး ဘယ်လောက်ကျန်တယ်ဆိုတာ တွက်ရတယ်။ ပိုတဲ့ပိုက်ဆံကို စု ဖို့ လိုတာသုံးဖို့ ကျွန်မတို့ စီမံခန့်ခွဲကြပါတယ်။

ထမင်းဟင်းချက်ခြင်း – ဖတ်စာစာအုပ်က စာဖတ်ရတာ သိပ်မကြိုက်တဲ့ မောင်လေးက ထမင်းဟင်းချက်တာ ဝါသနာပါတာမို့ ဟင်းချက်နည်း စာအုပ်တွေ ဝယ်ပေးထားပါတယ်။ သူချက်ချင်တဲ့ ဟင်းကို စာအုပ်ထဲက ရှာတာ၊ Youtube ကရှာတာတွေ လုပ်ရပါတယ်။ သူစမ်းသပ်ချင်တာ စမ်းသပ်ခွင့် ပေးထားပါတယ်။ သူဟင်းမချက်ခင်မှာ ဘာတွေထည့်မယ်၊ ဘယ်လိုလုပ်မယ်ဆိုတာ ကျွန်မနဲ့ တိုင်ပင်ပါတယ်။ သူဘာကို ဘာကြောင့် လုပ်ချင်တယ်ဆိုတာ ကျွန်မ မေးပြီး သင့်တော်ရင် ခွင့်ပြုပါတယ်။ သူက ဆီနဲ့ ကြော်တာတွေထက် ထောင်းရတာ၊ သုတ်ရတာ၊ ဟင်းရည်ချက်ရတာ ပိုပြီး နှစ်သက်ပါတယ်။ သူ့ကို လုပ်ပိုင်ခွင့်အပြည့်ပေးထားပြီး သူချက်ပြီးတဲ့အခါ ကျွန်မ မြည်းတယ်။ အကြံဉာဏ်ပေးတယ်။ နောက်တစ်ခါ ပိုကောင်းအောင် ဘာလုပ်ရင် ကောင်းမလဲ စဉ်းစားကြတယ်။

မောင်လေးက ကျောင်းစာ သင်နေရတယ်လို့ မခံစားရဘဲ သူ လုပ်ချင်တာကို အလိုလိုက်ပြီး လုပ်ပေးနေတယ်လို့ ထင်ကောင်း ထင်ပါမယ်။ ကျွန်မ အနေနဲ့ကတော့ စားသောက်ဆိုင်က menu (အစားအသောက်စာရင်း)ကို ဖတ်ခြင်းကနေ သူ့ရဲ့ စာဖတ်စွမ်းရည်၊ အပြောစွမ်းရည်၊ ဘာသာစကားပြောနိုင်မှုကို သင်ပေးတာပါ။ ဈေးဖိုးတွက်ခြင်းကနေ သူ့ကို အတွက်အချက်၊ ငွေကြေးစီမံခန့်ခွဲခြင်း၊ စုဆောင်းထိန်းသိမ်းခြင်း စတဲ့ အကြောင်းအရာတွေကို သင်ပေးချင်တာပါ။ ထမင်းဟင်းချက်ခြင်းကနေ သူ့ရဲ့ လုပ်နိုင်စွမ်း၊ စိတ်ဝင်စားမှုကို ပံ့ပိုးပေးပြီး၊ အမှားကနေ သင်ယူတတ်တဲ့အကျင့်၊ သက်မွေးပညာတစ်ခုကို သင်ယူလေ့ကျင့်စေချင်တာပါ။ အခုအချိန်ထိ ကျွန်မနဲ့အတူ နေ့စဉ်လုပ်ငန်းတွေထဲက သင်ယူမှုတွေကို မောင်လေး ပျော်ရွှင်စွာ သင်ယူပါတယ်။ တက်ကြွပါတယ်။

ဒီကာလအတွင်းမှာ ကျွန်မရဲ့ ပိုပြီး ခိုင်မာလာတဲ့ ယုံကြည်ချက်က – ကလေးတွေကို စာသင်ဖို့ စာအုပ်ကိုင်ပြီး စာလိုက်ဆိုခိုင်း၊ စာကျက်ခိုင်း၊ စာပြိုင်ခိုင်းနေတာတွေ အမြဲမလိုပါဘူး။ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝကနေ ကလေးတွေရဲ့ ကျောင်းသင်ခန်းစာတွေ ချိတ်ဆက်သင်ကြားဖို့ အရမ်းအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ကျောင်းသင်ခန်းစာဆိုတာ နေ့စဉ်ဘဝမှာ ပိုကောင်းအောင် နေထိုင်နိုင်ဖို့ သင်ပေးရတာမဟုတ်ဘူးလား။ အားလုံး သင်ယူခြင်းမှာ ပျော်မွေ့နိုင်ကြပါစေ။

မေတ္တာဖြင့်…
Sayarma-ဆရာမ

မှတ်ချက် – ဓါတ်ပုံထဲက ပြည်ကြီးငါးထောင်းက မောင်လေးတစ်ယောက်ထဲ လုပ်တာ။ ကျွန်တဲ့ နှစ်ခွက်က ကျွန်မက ဆရာမကြီးလုပ်ပြီး သူက အစအဆုံးကူညီတာ။

[ Zawgyi ]

ကၽြန္မမွာ ၁၁ အရြယ္ ေမာင္ေလး တစ္ေယာက္ရွိပါတယ္။ ဒီကာလအတြင္း ေက်ာင္းေတြတက္ဖို႔လည္း အဆင္မေျပ၊ ကၽြန္မလည္း ေန႔ခင္းေန႔လည္ အိမ္မွာတစ္ေယာက္ထဲဆိုေတာ့ ကၽြန္မနဲ႔အတူ ရန္ကုန္အိမ္မွာ လာေနပါတယ္။ ဒီကာလအတြင္း အိမ္မွာေနရင္း ေမာင္ေလးနဲ႔ အတူ လုပ္ျဖစ္တဲ့ သင္ယူမႈလုပ္ငန္း အခ်ိဳ႕ကို ေဝမၽွေပးခ်င္ပါတယ္။

ပထမဆုံး ေမာင္ေလးအေၾကာင္း နည္းနည္းေျပာျပခ်င္ပါတယ္။ ကၽြန္မေမာင္က သူ႔အေၾကာင္းကိုမသိရင္၊ တီထြင္ဖန္တီးမသင္တတ္ရင္ စာသင္လို႔ လြယ္တဲ့အထဲမွာ မပါပါဘူး။ သူက တစ္ခုခုကို အာ႐ုံစိုက္နိုင္ခ်ိန္ အရမ္းတိုပါတယ္၊ လက္ေတြ႕ ကိုယ္ပိုင္ အေတြးနဲ႔ စမ္းသပ္ျပဳလုပ္ရတာကလြဲရင္ က်န္တဲ့ ေက်ာင္းစာသင္တဲ့ပုံစံေတြကို သူစိတ္ဝင္စားမႈအားနည္းပါတယ္။ ပုံတိုပတ္စ အကုန္ ျမင္သာထင္သာေအာင္ ေသေသခ်ာခ်ာေျပာတတ္ပါတယ္၊ ဟင္းခ်က္တာဝါသနာပါပါတယ္၊ ကိုယ္တိုင္ဦးေဆာင္လုပ္ရတာ ႀကိဳက္ပါတယ္။ စာက်က္ရမယ္ဆိုရင္ မီးနင္း ငါးလုံးကို ငါးနာရီေလာက္ ၾကာေအာင္ အခ်ိန္ဆြဲၿပီး က်က္တတ္တယ္လို႔ေျပာပါတယ္။ အခ်ိဳ႕ဆရာမေတြနဲ႔ အိမ္ကလူေတြက ေမာင္ေလးကို စာသင္ရတာ ခက္တယ္လို႔ ေျပာၾကပါတယ္။

ကၽြန္မနဲ႔ ေနတဲ့ ကာလအတြင္း ေမာင္ေလးရဲ့ သင္ယူမႈအတြက္ ကၽြန္မတို႔ လုပ္ျဖစ္တဲ့ လုပ္ငန္းေတြထဲက (၃) ခုကို မၽွေဝပါ့မယ္။
Menu ဖတ္ျခင္း လုပ္ငန္း၊ ဆိုင္းဘုတ္ဖတ္ျခင္း – ကၽြန္မတို႔ အျပင္သြားတဲ့အခါ (ဒါမွမဟုတ္) မွာစားတဲ့အခါ ဘာဝယ္မယ္၊ ဘာစားမယ္ဆိုတာ ဆုံးျဖတ္ဖို႔ Menu ဖတ္ၾကပါတယ္။ ဖတ္ရင္း menu ထဲမွာ ပါတဲ့ ဟင္းအမည္ေတြကို ဖတ္တယ္၊ အဲဒီ့ဟင္းေတြ အေၾကာင္းေဆြးေႏြးပါတယ္။ ခက္တဲ့ စကားလုံးေတြကို သူ႔ကို စာလုံးေပါင္းခိုင္းပါတယ္။ အဂၤလိပ္လို စကားလုံးေတြဆို ဝါက်တိုေတြနဲ႔ တြဲၿပီး သုံးျပပါတယ္။ Milk Tea (လက္ဖက္ရည္) ဆိုတာ ပါတယ္ဆိုရင္ – Do you like milk tea? Do you want milk tea? ဆိုတာမ်ိဳး ေမးပါတယ္။ အမ်ားႀကီးမသင္ပါဘူး။ အစားေသာက္စာရင္းထဲမွာ ပါတဲ့ အျခားစကားလုံးေတြနဲ႔ အေပၚက ေမးခြန္း ၂ ခုေလာက္ကို ထပ္ခါ ထပ္ခါေမးပါတယ္။ Menu တင္မဟုတ္ဘဲ ေတြ႕သမၽွ ဆိုင္းဘုတ္တိုင္းကို ဖတ္ခိုင္းပါတယ္။ ဆိုင္းဘုတ္ဖတ္ၿပီး အဲဒီ့လုပ္ငန္းေတြအေၾကာင္းလည္း ဆက္ေဆြးေႏြးၾကပါတယ္။

ေဈးဖိုးတြက္ျခင္း – ကၽြန္မက မ်ားေသာအားျဖင့္ ေဈးဖိုးတြက္ေလ့မရွိပါဘူး။ ဒါေပမယ့္ သခၤ်ာသင္ေပးခ်င္လို႔ ကၽြန္မတို႔ ေဈးဖိုးတြက္ပါတယ္။ တစ္ပတ္စာ ထမင္းဟင္းစားရိတ္ ပမာဏတစ္ခု သတ္မွတ္ပါတယ္။ အဲဒါကို ေဈးသြားတဲ့အခါ လိုတဲ့ပစၥည္းစာရင္းကို ေမာင္ေလး မွတ္ရပါတယ္။ မွတ္ၿပီး ဝယ္တယ္။ ဝယ္ၿပီး ေဈးႏႈန္းေတြ မွတ္သားထားတယ္။ တစ္နပ္စာ တစ္နပ္ခ်က္တဲ့အခါ ကၽြန္မတို႔ရဲ့ ထမင္းဝိုင္းက ကုန္က်ေငြ ဘယ္ေလာက္ရွိတယ္ဆိုတာ မွတ္သားပါတယ္။ ဆိုင္သြားစားတဲ့ ႏႈန္းေတြနဲ႔ ႏွိုင္းယွဥ္တာေတြ လုပ္တယ္။ အေကာက္ခြန္အေၾကာင္း ေဆြးေႏြးတယ္။ ဆိုင္ေတြမွာ ဘာေၾကာင့္ ေဈးပိုေပးရလည္းဆိုတဲ့ ထည့္သြင္းစဥ္းစားစရာေတြ သင္ယူၾကတယ္။ ၿပီးရင္ တစ္ပတ္စာ စားရိတ္ထဲက ကၽြန္မတို႔ အမွန္တစ္ကယ္ ကုန္က်ေငြကို ႏႈတ္ၾကည့္ၿပီး ဘယ္ေလာက္က်န္တယ္ဆိုတာ တြက္ရတယ္။ ပိုတဲ့ပိုက္ဆံကို စု ဖို႔ လိုတာသုံးဖို႔ ကၽြန္မတို႔ စီမံခန႔္ခြဲၾကပါတယ္။

ထမင္းဟင္းခ်က္ျခင္း – ဖတ္စာစာအုပ္က စာဖတ္ရတာ သိပ္မႀကိဳက္တဲ့ ေမာင္ေလးက ထမင္းဟင္းခ်က္တာ ဝါသနာပါတာမို႔ ဟင္းခ်က္နည္း စာအုပ္ေတြ ဝယ္ေပးထားပါတယ္။ သူခ်က္ခ်င္တဲ့ ဟင္းကို စာအုပ္ထဲက ရွာတာ၊ Youtube ကရွာတာေတြ လုပ္ရပါတယ္။ သူစမ္းသပ္ခ်င္တာ စမ္းသပ္ခြင့္ ေပးထားပါတယ္။ သူဟင္းမခ်က္ခင္မွာ ဘာေတြထည့္မယ္၊ ဘယ္လိုလုပ္မယ္ဆိုတာ ကၽြန္မနဲ႔ တိုင္ပင္ပါတယ္။ သူဘာကို ဘာေၾကာင့္ လုပ္ခ်င္တယ္ဆိုတာ ကၽြန္မ ေမးၿပီး သင့္ေတာ္ရင္ ခြင့္ျပဳပါတယ္။ သူက ဆီနဲ႔ ေၾကာ္တာေတြထက္ ေထာင္းရတာ၊ သုတ္ရတာ၊ ဟင္းရည္ခ်က္ရတာ ပိုၿပီး ႏွစ္သက္ပါတယ္။ သူ႔ကို လုပ္ပိုင္ခြင့္အျပည့္ေပးထားၿပီး သူခ်က္ၿပီးတဲ့အခါ ကၽြန္မ ျမည္းတယ္။ အႀကံဉာဏ္ေပးတယ္။ ေနာက္တစ္ခါ ပိုေကာင္းေအာင္ ဘာလုပ္ရင္ ေကာင္းမလဲ စဥ္းစားၾကတယ္။

ေမာင္ေလးက ေက်ာင္းစာ သင္ေနရတယ္လို႔ မခံစားရဘဲ သူ လုပ္ခ်င္တာကို အလိုလိုက္ၿပီး လုပ္ေပးေနတယ္လို႔ ထင္ေကာင္း ထင္ပါမယ္။ ကၽြန္မ အေနနဲ႔ကေတာ့ စားေသာက္ဆိုင္က menu (အစားအေသာက္စာရင္း)ကို ဖတ္ျခင္းကေန သူ႔ရဲ့ စာဖတ္စြမ္းရည္၊ အေျပာစြမ္းရည္၊ ဘာသာစကားေျပာနိုင္မႈကို သင္ေပးတာပါ။ ေဈးဖိုးတြက္ျခင္းကေန သူ႔ကို အတြက္အခ်က္၊ ေငြေၾကးစီမံခန႔္ခြဲျခင္း၊ စုေဆာင္းထိန္းသိမ္းျခင္း စတဲ့ အေၾကာင္းအရာေတြကို သင္ေပးခ်င္တာပါ။ ထမင္းဟင္းခ်က္ျခင္းကေန သူ႔ရဲ့ လုပ္နိုင္စြမ္း၊ စိတ္ဝင္စားမႈကို ပံ့ပိုးေပးၿပီး၊ အမွားကေန သင္ယူတတ္တဲ့အက်င့္၊ သက္ေမြးပညာတစ္ခုကို သင္ယူေလ့က်င့္ေစခ်င္တာပါ။ အခုအခ်ိန္ထိ ကၽြန္မနဲ႔အတူ ေန႔စဥ္လုပ္ငန္းေတြထဲက သင္ယူမႈေတြကို ေမာင္ေလး ေပ်ာ္ရႊင္စြာ သင္ယူပါတယ္။ တက္ႂကြပါတယ္။

ဒီကာလအတြင္းမွာ ကၽြန္မရဲ့ ပိုၿပီး ခိုင္မာလာတဲ့ ယုံၾကည္ခ်က္က – ကေလးေတြကို စာသင္ဖို႔ စာအုပ္ကိုင္ၿပီး စာလိုက္ဆိုခိုင္း၊ စာက်က္ခိုင္း၊ စာၿပိဳင္ခိုင္းေနတာေတြ အျမဲမလိုပါဘူး။ ကၽြန္မတို႔ရဲ့ ေန႔စဥ္ဘဝကေန ကေလးေတြရဲ့ ေက်ာင္းသင္ခန္းစာေတြ ခ်ိတ္ဆက္သင္ၾကားဖို႔ အရမ္းအေရးႀကီးပါတယ္။ ဘာလို႔လဲဆိုေတာ့ ေက်ာင္းသင္ခန္းစာဆိုတာ ေန႔စဥ္ဘဝမွာ ပိုေကာင္းေအာင္ ေနထိုင္နိုင္ဖို႔ သင္ေပးရတာမဟုတ္ဘူးလား။ အားလုံး သင္ယူျခင္းမွာ ေပ်ာ္ေမြ႕နိုင္ၾကပါေစ။

ေမတၱာျဖင့္…
Sayarma-ဆရာမ

မွတ္ခ်က္ – ဓါတ္ပုံထဲက ျပည္ႀကီးငါးေထာင္းက ေမာင္ေလးတစ္ေယာက္ထဲ လုပ္တာ။ ကၽြန္တဲ့ ႏွစ္ခြက္က ကၽြန္မက ဆရာမႀကီးလုပ္ၿပီး သူက အစအဆုံးကူညီတာ။