စိတ်ဒဏ်ရာအမျိုးအစား (၃) မျိုးအကြောင်း စာပိုဒ်ဖတ်ပါ
အဓိကအားဖြင့်အခြေခံ စိတ်ဒဏ်ရာအမျိုးအစား (၃) မျိုးရှိပါသည်။
၎င်းတို့မှာ (Acute Trauma, Chronic Trauma & Complex Trauma) ဟု၍ သုံးမျိုးရှိပါသညါ။
Acute Trauma ဆိုတာ အဖြစ်အပျက်ဆိုးတစ်ခု၊ အတွေ့အကြုံဆိုးတစ်ခုကနေ ဖြစ်ပေါ်ရရှိလာတဲ့ စိတ်ဒဏ်ရာကို ခေါ်ပါသည်။ ဥပမာ – ကြီးမားပြင်းထန်သည့်ကားမတော်တဆဖြစ်ဖူးခြင်း၊ ရုပ်ပိုင်းဆိုင်ရာပြင်းထန်စွာ နှိပ်စက်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာစောကားခံရခြင်း၊ ကြီးမားပြင်းထန်သောသဘာဝဘေးအန္တရာယ်များ စသည့် အဖြစ်အပျက်များကို တစ်ကြိမ်တခါကြုံတွေ့ရရင်လည်း စိတ်ဒဏ်ရာ ရရှိနိုင်ပါသည်။
Chronic Trauma သည် အဖြစ်အပျက်တစ်ခုသည် ထပ်ခါထပ်ခါ ဖြစ်ပျက်နေခြင်းကနေရရှိသော စိတ်ဒဏ်ရာ အမျိုးအစားများဖြစ်ပါသည်။ ဥပမာ – ကိုယ့်ရဲ့အားနည်းချက်များကိုမိသားစုဝင်၊ ဆရာ/မ နဲ့အခြားသူများမှ ခဏခဏပြောဆိုခံရခြင်း၊ ကြိမ်ဖန်များစွာ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာကို လျစ်လျူရှု ခံရခြင်း၊ ခဏခဏနှိပ်စက်ခံရခြင်းစသည့် အဖြစ်အပျက်တစ်ခုကို ထပ်ခါထပ်ခါကြုံနေရခြင်းသည်လည်း စိတ်ဒဏ်ရာ ရရှိနိုင်ပါသည်။
နောက်တစ်ခုကတော့ Complex Trauma လိုခေါ်တဲ့ စိတ်ဒဏ်ရာအမျိုးအစားတစ်ခုဖြစ်ပါသည်။ Complex Trauma ကတော့ ဘက်ပေါင်းစုံကနေ ရရှိနိုင်ပါသည်။ တစ်ကြိမ်တည်းရော အကြိမ်ကြိမ်တွေ့ကြုံခြင်းတွေကနေ လည်းရရှိနိုင်ပါသည်။ ဥပမာ – လုပ်ငန်းခွင့်၊ မိသားစုကိစ္စ၊ ငွေရေးကြေးရေးကိစ္စ၊ အမျိုးမျိုးသော ဆက်ဆံရေး၊ ပညာရေးတွေကနေလည်း ရရှိနိုင်ပါသည်။ အခြေခံစိတ်ဒဏ်ရာက (၃)မျိုးဖြစ်ပေမယ့် တစ်ခုခုနဲ့တစ်ခုက ဆက်စပ်မှုရှိပါသည်။ ဒါပေမယ့် စိတ်ဒဏ်ရာရရှိတဲ့သူတွေအားလုံးအတွက် စိတ်ဒဏ်ရာ လက္ခဏာဖြစ်ပေါ် ခြင်းတွေက တူညီခြင်းမရှိပါ။ အဓိကအားဖြင့် စိတ်ဒဏ်ရာရရှိနိုင်ခြင်းကတော့ ACEs – Adverse Earlychildhood Experences လို့ခေါ်တဲ့ ငယ်ဘဝအတွေ့အကြုံဆိုးတွေကနေ ရရှိနိုင်ပါသည်။ ငယ်ဘဝဟာ အရွယ်တစ်ခုရောက်တဲ့အချိန်နဲ့နှိုင်းယှဉ်လိုက်ရင် အင်မတန်မှ ခံနိုင်ရည် စွမ်းအားနည်းပါးခြင်းကြောင့်ဖြစ်ပါသည်။ ကလေးများနှင့် အရွယ်ရောက်တဲ့လူတိုင်း ဘဝအတွေ့ အကြုံမတူညီခြင်းကြောင့် အဖြစ်အပျက်ဆိုးများတွေ့ကြုံ ပြီးတိုင်း စိတ်ဒဏ်ရာရတာမျိုး မဟုတ်ပါဘူး။ ထိုအဖြစ်အပျက်ကို ခံနိုင်ရည်မရှိသူများသာ စိတ်ဒဏ်ရာရရှိခြင်းဖြစ်ပါသည်။