[ Unicode ]
မွေးစကနေ ပထမဆုံး ရက် ၁၀၀၀ က ကလေးတွေရဲ့ ဖွံ့ဖြိုးမှု၊ ထက်မြက်မှု၊ ထူးချွန်မှုနဲ့ ပျော်ရွှင်စွာ သင်ယူနိုင်မှုတို့အတွက်အရေးပါပါတယ်။ ဒါကြောင့် နောက်ကျမှ ကလေးကို ကျူရှင်ကောင်းကောင်း၊ ကျောင်းကောင်းကောင်းထားမယ်လို့ တွေးပြီး ငယ်တုန်းမှာ ပစ်ထားခဲ့ရင် ကလေးက သူများထက် နောက်ကျသလို ဖြစ်နေမှာပါပဲ။ ဒီတော့ ကလေးတွေရဲ့ ပထမဆုံး ရက် (၁၀၀၀) အတွင်း ဘယ်ကာလတွေမှာ ဘယ်အရာတွေကို ဦးစားပေးပြီး ဖွံ့ဖြိုးသလဲဆိုတာ သိရင် ဘယ်ကာလမှာ ဘာကို ဦးစားပေးပြီး သင်ပေးမလဲ၊ ပံ့ပိုးပေးမလဲဆိုတာ သိရတာပေါ့။ ဒီတစ်ပတ်မှာတော့ ကျွန်မက ပထမဆုံး (၇) နှစ်မှာ ဦးနှောက်ပိုင်းဆိုင်ရာ ဘာတွေ ဘယ်အချိန်မှာ ဖွံ့ဖြိုးမလဲဆိုတာကို ပုံပါ ဇယားလေးအတိုင်း ရှင်းပြချင်ပါတယ်။
ပုံထဲမှာ –
၁) အပြာရောင် မျဉ်းကြောင်း လေးက (Numbers) သင်္ချာ၊ ဂဏန်း၊ တွက်ချက်မှုတွေကို မှတ်သား သိရှိနိုင်မှုကို ပြပါတယ်။ မွေးခါစကနေ အသက် ၂ နှစ်အထိ အဲဒီ့ သင်္ချာဆိုင်ရာ ဖွံ့ဖြိုးမှု သိသိသာသာ တိုးတက်မှုမရှိပေမယ့် အသက် ၂ နှစ်ကျော် အသက် ၃ နှစ်နဲ့ ၄ နှစ်အရွက်တွေမှာ ဂဏန်းသင်္ချာနဲ့ တွက်ချက်မှုတွေကို စတင်မှတ်သားလာလို့ သင်ပေးသင့်တဲ့၊ မျှဝေသင့်တဲ့အရွယ်ဖြစ်ပါတယ်။ အသက် ၄ နှစ်ကျော်သွားတဲ့အခါ သင်္ချာဆိုင်ရာ ဖွံ့ဖြိုးမှုက အနည်းငယ်နိမ့်ကျသွားပေမယ့် ဆက်လက် ဖွံ့ဖြိုးမှုတော့ ရှိနေပါသေးတယ်။
၂) မဲနယ်ပြာရောင် မျဉ်းကြောင်းလေးက (Peer Social Skills) – ရွယ်တူချင်း အပြန်အလှန် ဆက်သွယ်နိုင်တဲ့စွမ်းရည်၊ လူမှုရေးစွမ်းရည်တွေကို ညွှန်းပါတယ်။ သူကလည်း ဂဏန်းသင်္ချာလိုပါပဲ ၂ နှစ်ကျော်ကနေ ၄ နှစ်အထိ အဖွံ့ဖြိုးဆုံးအချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ မိတ်ဆွေတွေဖွဲ့တယ်၊ လူတိုင်းကို ပြုံးရယ်ပြချင်တယ်၊ ကစားဖေါ်တွေလိုချင်ကြတယ်။ ဒီစွမ်းရည်ကလည်း ၄ နှစ်နောက်ပိုင်းမှ ဖွံ့ဖြိုးမှုမမြင့်မားတော့ပေမယ့် ဆက်လက်ပြီး ဖွံ့ဖြိုးပါသေးတယ်။
၃) အဝါရောင်လေးက (Language)ဆိုတဲ့ဘာသာစကားသင်ယူမှုကို ညွှန်းဆိုပါတယ်။ ဘာသာစကားသင်ယူမှုကို အပေါ်က စွမ်းရည်နှစ်ခုထက် စောပြီး ဖွံ့ဖြိုးပါတယ်။ မွေးကတည်းက ကလေးတွေက ဘေးပတ်ဝန်းကျင်က ပြောတဲ့စကားတွေကို ကြားတယ်၊ လူကြီးတွေ ပါးစပ်လှုပ်တဲ့ပုံတွေ၊ ပြောဆိုတဲ့ စတိုင်လ်တွေကို မြင်တယ်။ ဒီလိုနဲ့ သူတို့စတင်လေ့လာမှတ်သားပါတယ်။ ဘာသာစကားဆိုင်ရာ စွမ်းရည်ဖွံ့ဖြိုးမှုကို အသက် ၁ နှစ်ကနေ ၃ နှစ်အတွင်းမှာ အမြင့်မားဆုံး တွေ့နိုင်ပါတယ်။ အသက် ၃ နှစ်နောက်ပိုင်းမှာ ဘာသာစကားဆိုင်ရာ ဉာဏ်ရည်ဖွံ့ဖြိုးမှု လျော့ကျသွားပါတယ်။ ဂဏန်းသင်္ချာမှတ်သားနိုင်မှု၊ လူမှုဆက်ဆံရေးတွေထက်ကို ဖွံ့ဖြိုးမှု နည်းသွားပါတယ်။ ဒါကြောင့် အသက် ငယ်လေလေ ဘာသာစကားသင်လို့ ကောင်းလေလေဖြစ်ပါတယ်။
၄) အနီရောင်မျဉ်းလေးကတော့ (Conceptualization)ဆိုတဲ့ နားလည်သဘောပေါက်မှု၊ ချိတ်ဆက်စဉ်းစားနိုင်မှုဆိုင်ရာ ဉာဏ်ရည်ပါ။ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်တာတွေက ဘာဖြစ်တာလဲ၊ ဘယ်လိုအဓိပ္ပါယ်တွေနဲ့ ဘာတွေလုပ်ကြသလဲဆိုတာကို နားလည်အောင် လုပ်တဲ့ စွမ်းရည်ဖြစ်ပါတယ်။ အသက် ၁ နှစ်လောက်ကတည်းကနေ ၂ နှစ်ခွဲလောက်ထိ သူတို့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေကို လိုက်ပြီး မှန်းဆကြတယ်၊ နားလည်အောင်လုပ်ကြရတဲ့အချိန်ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဒီဉာဏ်ရည်ဖွံ့ဖြိုးမှုက နိမ့်သွားပေမယ့် ဆက်လက်ပြီး ရှိနေပါတယ်။ အသက် ၃ နှစ်အရွယ်နောက်ပိုင်း စကားပြောနိုင်လာတဲ့အခါ ဘာကြောင့်လုပ်တာလဲ၊ အဲဒါဘာလဲ၊ ဘယ်လိုဖြစ်သွားတာလဲစတဲ့မေးခွန်းတွေနဲ့ သူတို့ရဲ့ ပတ်ဝန်းကျင်အခြေအနေတွေကို နားလည်သဘောပေါက်အောင် ကြိုးစားကြပါတယ်။
၅) မရမ်းရောင်မျဉ်းလေးကတော့ (Vision) အမြင်အာရုံဖြစ်ပြီး အစိမ်းရောင်လေးကတော့ (Hearing)အကြားအာရုံကို ညွှန်းဆိုပါတယ်။ အမြင်အာရုံနဲ့ အကြားအာရုံဟာ မတိမ်းမယိမ်း စတင်ဖွံ့ဖြိုးကြပါတယ်။ မွေးစကနေပြီး ၂ နှစ်လောက်ထိ အမြင်၊အကြားအာရုံဖွံ့ဖြိုးမှု အမြင့်ဆုံးရောက်ကြတယ်။ဒါကြောင့် ကလေးတွေရဲ့ သင်ယူမှုက အမြင်အားဖြင့်၊ အကြားအားဖြင့် သင်ယူခြင်းနဲ့ စတင်ကြတာပါ။ ကလေးရှေ့မှာ လုပ်ပြတာ၊ ကလေးရှေ့မှာ ပြောတာတွေကို သတိထားဖို့ အကောင်းဆုံးအချိန်ပါ။ ချိုသာယဉ်ကျေးပြီး နူးညံ့တဲ့ ကလေးတစ်ယောက်ဖြစ်စေချင်ရင် ကလေးရဲ့ အမြင်၊အကြားတွေမှာ ချိုသာမှု၊ ယဉ်ကျေးမှု၊ နူးညံ့မှုနဲ့ ချစ်ခင်မှုတွေရှိနေဖို့လိုပါတယ်။
၆) နက်ပြာရောင်မျဉ်းလေးကတော့ (Habitual ways of responding) ပြန်လည်တုံ့ပြန်နိုင်တဲ့ ဉာဏ်ရည်၊ခွန်းတုန့်ပြန်နိုင်တဲ့စွမ်းရည်ပါ။ ဒီစွမ်းရည်က အမြင်အကြားပြီးရင် ဒုတိယမြောက် အစောဆုံး ဖွံ့ဖြိုးတဲ့စွမ်းရည်ပါ။ အသက် ၂ နှစ်ကျော်တဲ့အထိ အမူအရာအားဖြင့်၊ အသံအားဖြင့် ပြန်လည်တုန့်ပြန်ဖို့ သင်ယူကြတဲ့အချိန်ပါ။ ကလေးကို စတဲ့အခါ လက်ကလေးတွေနဲ့ ပြန်တုန့်ပြန်တာတို့ ရယ်ပြတာတို့ လုပ်ဖို့ လိုအပ်တဲ့ ဖွံ့ဖြိုးမှုတစ်ခုပါ။ ၂ နှစ်နောက်ပိုင်းမှာတော့ ဒီဉာဏ်ရည်က တော်တော်လေးဖွံ့ဖြိုးပြီးသွားပြီမို့ ဖွံ့ဖြိုးမှု အားနည်းသွားပါတယ်။
၇) ပန်းခရမ်းရောင်လေးကတော့ (Emotional Control) ဆိုတဲ့ ခံစားချက်ကို ထိန်းချုပ်နိုင်တဲ့ ဉာဏ်ရည်ဖြစ်ပါတယ်။ ဗိုက်ဆာတာ၊ ငိုချင်တာ၊ အိပ်ချင်တာ၊ ရယ်ချင်တာ၊ ပျော်တာ စတဲ့ ခံစားချက်အမျိုးမျိုးကို သင်ယူပြီး ခံစားချက်တွေကို ပြသဖို့၊ ထိန်းချုပ်ဖို့ သင်ယူရမယ့်ကာလဖြစ်ပါတယ်။ မွေးပြီး သိပ်မကြာခင်မှာ စတင်ဖွံ့ဖြိုးပြီး၂ နှစ်ကျော် ၃ နှစ်အတွင်းမှာ ခံစားချက်ဆိုင်ရာ ဉာဏ်ရည်က အမြင့်မားဆုံးဖွံ့ဖြိုးပါတယ်။ ငယ်စဉ်မှာ ကလေးကို အမေက ကုလားကြီးနောက်လိုက်သွားပြီတို့၊ နင့်ကို အမှိုက်ပုံက ကောက်ရတာတို့၊ ရုပ်ဆိုးတာတို့ စတဲ့ ကလေးကို စိတ်ဝမ်းနည်းစေမယ့် စနောက်မှုမျိုးတွေ မလုပ်ဖို့ အရေးကြီးပါတယ်။ ခံစားချက်ထိန်းချုပ်ဖို့ သင်ယူစဉ်မှာ အပြုသဘောဆောင်တဲ့ ပတ်ဝန်းကျင်ရှိဖို့လိုပါတယ်။ ကိစ္စရပ်တွေကိုဒေါသနဲ့ မတုန့်ပြန်ပဲ ဘယ်လို အေးအေးဆေးဆေးဖြေရှင်းနိုင်မလဲ၊ ဘယ်လို ဆန်းဆန်းပြားပြားလုပ်ဆောင်မလဲဆိုတာတွေက ငယ်စဉ်ကတည်းက လူကြီးတွေအနေနဲ့ ပံ့ပိုးပေးလို့ရပါတယ်။ ကလေးကို ဒေါသထွက်တာလေး၊ စိတ်ဆိုးတာလေးက ချစ်စရာကောင်းတယ်ဆိုပြီး စရင်တော့ ဒေါသကြီးပြီး စိတ်ကို မထိန်းချုပ်နိုင်တဲ့ လူကြီးတွေအဖြစ် ကြီးပြင်းလာတာကို မြင်ရမှာပါ။
အချုပ်အားဖြင့်ပြောရရင် ကျွန်မမျှဝေထားတဲ့ပုံမှာ ကြည့်လိုက်တဲ့အခါ ဉာဏ်ရည် ဖွံ့ဖြိုးမှုတွေက ပထမ ၃ နှစ်မှာ အမြင့်ဆုံးဖြစ်ကြပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ ပထမ ရက် ၁၀၀၀ က အရမ်းအရေးကြီးတယ်လို့ ဆိုလိုတာပါ။ လက်ဦးဆရာ ဆိုတာ မိဘတွေဖြစ်တယ်လို့ ဘာကြောင့်ပြောကြတာလဲဆိုရင် ဘယ်ဆရာ၊မရဲ့ လက်ထဲကိုမှ မရောက်ခင် မိဘတွေ၊ မိသားစုတွေနဲ့ အရင်ဆုံး တွေ့ဆုံးပြီး၊ မိဘတွေရဲ့ ပံ့ပိုးမှုတွေအပေါ်မူတည်ပြီး သင်ယူခွင့်ရကြလို့ပါ။
ပိုက်ဆံတွေရှာပြးီ ဆရာ၊မကောင်းတွေ၊ ဈေးကြီးတဲ့ကျောင်းတွေ ထားမယ်ဆိုပြီး ရည်ရွယ်တာ မမှားပေမယ့် ပထမဆုံး ရက် ၁၀၀၀မှာ ကလေးကို ကောင်းကောင်း မပံ့ပိုးပေးခဲ့ရင်၊ အပြုသဘောဆောင်ပြီး ပျော်ရွှင်စရာ သင်ယူမှုဝန်းကျင်လေး မဖန်တီးပေးနိုင်ခဲ့ရင် ကလေးတွေရဲ့ ဖွံ့ဖြိုးမှုမှာ အနှောင့်အယှက်တွေဖြစ်ပြီး တိုးတက်သင့်သလောက် တိုးတက်မှာမဟုတ်ပါဘူး။ ကလေးက အတန်းကြီးလာတဲ့အခါ တိုးတက်သင့်သလောက်မတိုးတက်ဘူးလို့ ထင်ရင် ကလေးကို မဆူပါနဲ့၊ သူငယ်စဉ်က ဘယ်လောက် ပံ့ပိုးပေးခြင်းခံခဲ့ရသလဲဆိုတာကို ပြန်စဉ်းစားပါ။
ကလေးတွေအတွက် ပျော်ရွှင်စရာ အပြုသဘောဆောင်သော သင်ယူမှုဝန်းကျင်လေးတွေ ဖန်တီးပေးနိုင်ကြပါစေ။
မေတ္တာဖြင့်…..
Sayarma-ဆရာမ
Photo Credit to – https://deikindergarten.org/first-1000-days-mothers-club/
[ Zawgyi ]
ေမြးစကေန ပထမဆုံး ရက္ ၁၀၀၀ က ကေလးေတြရဲ့ ဖြံ့ၿဖိဳးမႈ၊ ထက္ျမက္မႈ၊ ထူးခၽြန္မႈနဲ႔ ေပ်ာ္ရႊင္စြာ သင္ယူနိုင္မႈတို႔အတြက္အေရးပါပါတယ္။ ဒါေၾကာင့္ ေနာက္က်မွ ကေလးကို က်ဴရွင္ေကာင္းေကာင္း၊ ေက်ာင္းေကာင္းေကာင္းထားမယ္လို႔ ေတြးၿပီး ငယ္တုန္းမွာ ပစ္ထားခဲ့ရင္ ကေလးက သူမ်ားထက္ ေနာက္က်သလို ျဖစ္ေနမွာပါပဲ။ ဒီေတာ့ ကေလးေတြရဲ့ ပထမဆုံး ရက္ (၁၀၀၀) အတြင္း ဘယ္ကာလေတြမွာ ဘယ္အရာေတြကို ဦးစားေပးၿပီး ဖြံ့ၿဖိဳးသလဲဆိုတာ သိရင္ ဘယ္ကာလမွာ ဘာကို ဦးစားေပးၿပီး သင္ေပးမလဲ၊ ပံ့ပိုးေပးမလဲဆိုတာ သိရတာေပါ့။ ဒီတစ္ပတ္မွာေတာ့ ကၽြန္မက ပထမဆုံး (၇) ႏွစ္မွာ ဦးေႏွာက္ပိုင္းဆိုင္ရာ ဘာေတြ ဘယ္အခ်ိန္မွာ ဖြံ့ၿဖိဳးမလဲဆိုတာကို ပုံပါ ဇယားေလးအတိုင္း ရွင္းျပခ်င္ပါတယ္။
ပုံထဲမွာ –
၁) အျပာေရာင္ မ်ဥ္းေၾကာင္း ေလးက (Numbers) သခၤ်ာ၊ ဂဏန္း၊ တြက္ခ်က္မႈေတြကို မွတ္သား သိရွိနိုင္မႈကို ျပပါတယ္။ ေမြးခါစကေန အသက္ ၂ ႏွစ္အထိ အဲဒီ့ သခၤ်ာဆိုင္ရာ ဖြံ့ၿဖိဳးမႈ သိသိသာသာ တိုးတက္မႈမရွိေပမယ့္ အသက္ ၂ ႏွစ္ေက်ာ္ အသက္ ၃ ႏွစ္နဲ႔ ၄ ႏွစ္အရြက္ေတြမွာ ဂဏန္းသခၤ်ာနဲ႔ တြက္ခ်က္မႈေတြကို စတင္မွတ္သားလာလို႔ သင္ေပးသင့္တဲ့၊ မၽွေဝသင့္တဲ့အရြယ္ျဖစ္ပါတယ္။ အသက္ ၄ ႏွစ္ေက်ာ္သြားတဲ့အခါ သခၤ်ာဆိုင္ရာ ဖြံ့ၿဖိဳးမႈက အနည္းငယ္နိမ့္က်သြားေပမယ့္ ဆက္လက္ ဖြံ့ၿဖိဳးမႈေတာ့ ရွိေနပါေသးတယ္။
၂) မဲနယ္ျပာေရာင္ မ်ဥ္းေၾကာင္းေလးက (Peer Social Skills) – ရြယ္တူခ်င္း အျပန္အလွန္ ဆက္သြယ္နိုင္တဲ့စြမ္းရည္၊ လူမႈေရးစြမ္းရည္ေတြကို ညႊန္းပါတယ္။ သူကလည္း ဂဏန္းသခၤ်ာလိုပါပဲ ၂ ႏွစ္ေက်ာ္ကေန ၄ ႏွစ္အထိ အဖြံ့ၿဖိဳးဆုံးအခ်ိန္ျဖစ္ပါတယ္။ ဒီအခ်ိန္မွာ မိတ္ေဆြေတြဖြဲ႕တယ္၊ လူတိုင္းကို ျပဳံးရယ္ျပခ်င္တယ္၊ ကစားေဖၚေတြလိုခ်င္ၾကတယ္။ ဒီစြမ္းရည္ကလည္း ၄ ႏွစ္ေနာက္ပိုင္းမွ ဖြံ့ၿဖိဳးမႈမျမင့္မားေတာ့ေပမယ့္ ဆက္လက္ၿပီး ဖြံ့ၿဖိဳးပါေသးတယ္။
၃) အဝါေရာင္ေလးက (Language)ဆိုတဲ့ဘာသာစကားသင္ယူမႈကို ညႊန္းဆိုပါတယ္။ ဘာသာစကားသင္ယူမႈကို အေပၚက စြမ္းရည္ႏွစ္ခုထက္ ေစာၿပီး ဖြံ့ၿဖိဳးပါတယ္။ ေမြးကတည္းက ကေလးေတြက ေဘးပတ္ဝန္းက်င္က ေျပာတဲ့စကားေတြကို ၾကားတယ္၊ လူႀကီးေတြ ပါးစပ္လႈပ္တဲ့ပုံေတြ၊ ေျပာဆိုတဲ့ စတိုင္လ္ေတြကို ျမင္တယ္။ ဒီလိုနဲ႔ သူတို႔စတင္ေလ့လာမွတ္သားပါတယ္။ ဘာသာစကားဆိုင္ရာ စြမ္းရည္ဖြံ့ၿဖိဳးမႈကို အသက္ ၁ ႏွစ္ကေန ၃ ႏွစ္အတြင္းမွာ အျမင့္မားဆုံး ေတြ႕နိုင္ပါတယ္။ အသက္ ၃ ႏွစ္ေနာက္ပိုင္းမွာ ဘာသာစကားဆိုင္ရာ ဉာဏ္ရည္ဖြံ့ၿဖိဳးမႈ ေလ်ာ့က်သြားပါတယ္။ ဂဏန္းသခၤ်ာမွတ္သားနိုင္မႈ၊ လူမႈဆက္ဆံေရးေတြထက္ကို ဖြံ့ၿဖိဳးမႈ နည္းသြားပါတယ္။ ဒါေၾကာင့္ အသက္ ငယ္ေလေလ ဘာသာစကားသင္လို႔ ေကာင္းေလေလျဖစ္ပါတယ္။
၄) အနီေရာင္မ်ဥ္းေလးကေတာ့ (Conceptualization)ဆိုတဲ့ နားလည္သေဘာေပါက္မႈ၊ ခ်ိတ္ဆက္စဥ္းစားနိုင္မႈဆိုင္ရာ ဉာဏ္ရည္ပါ။ ပတ္ဝန္းက်င္မွာ ျဖစ္ပ်က္တာေတြက ဘာျဖစ္တာလဲ၊ ဘယ္လိုအဓိပၸါယ္ေတြနဲ႔ ဘာေတြလုပ္ၾကသလဲဆိုတာကို နားလည္ေအာင္ လုပ္တဲ့ စြမ္းရည္ျဖစ္ပါတယ္။ အသက္ ၁ ႏွစ္ေလာက္ကတည္းကေန ၂ ႏွစ္ခြဲေလာက္ထိ သူတို႔ ပတ္ဝန္းက်င္မွာ ျဖစ္ပ်က္ေနတာေတြကို လိုက္ၿပီး မွန္းဆၾကတယ္၊ နားလည္ေအာင္လုပ္ၾကရတဲ့အခ်ိန္ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ ဒီဉာဏ္ရည္ဖြံ့ၿဖိဳးမႈက နိမ့္သြားေပမယ့္ ဆက္လက္ၿပီး ရွိေနပါတယ္။ အသက္ ၃ ႏွစ္အရြယ္ေနာက္ပိုင္း စကားေျပာနိုင္လာတဲ့အခါ ဘာေၾကာင့္လုပ္တာလဲ၊ အဲဒါဘာလဲ၊ ဘယ္လိုျဖစ္သြားတာလဲစတဲ့ေမးခြန္းေတြနဲ႔ သူတို႔ရဲ့ ပတ္ဝန္းက်င္အေျခအေနေတြကို နားလည္သေဘာေပါက္ေအာင္ ႀကိဳးစားၾကပါတယ္။
၅) မရမ္းေရာင္မ်ဥ္းေလးကေတာ့ (Vision) အျမင္အာ႐ုံျဖစ္ၿပီး အစိမ္းေရာင္ေလးကေတာ့ (Hearing)အၾကားအာ႐ုံကို ညႊန္းဆိုပါတယ္။ အျမင္အာ႐ုံနဲ႔ အၾကားအာ႐ုံဟာ မတိမ္းမယိမ္း စတင္ဖြံ့ၿဖိဳးၾကပါတယ္။ ေမြးစကေနၿပီး ၂ ႏွစ္ေလာက္ထိ အျမင္၊အၾကားအာ႐ုံဖြံ့ၿဖိဳးမႈ အျမင့္ဆုံးေရာက္ၾကတယ္။ဒါေၾကာင့္ ကေလးေတြရဲ့ သင္ယူမႈက အျမင္အားျဖင့္၊ အၾကားအားျဖင့္ သင္ယူျခင္းနဲ႔ စတင္ၾကတာပါ။ ကေလးေရွ႕မွာ လုပ္ျပတာ၊ ကေလးေရွ႕မွာ ေျပာတာေတြကို သတိထားဖို႔ အေကာင္းဆုံးအခ်ိန္ပါ။ ခ်ိဳသာယဥ္ေက်းၿပီး ႏူးညံ့တဲ့ ကေလးတစ္ေယာက္ျဖစ္ေစခ်င္ရင္ ကေလးရဲ့ အျမင္၊အၾကားေတြမွာ ခ်ိဳသာမႈ၊ ယဥ္ေက်းမႈ၊ ႏူးညံ့မႈနဲ႔ ခ်စ္ခင္မႈေတြရွိေနဖို႔လိုပါတယ္။
၆) နက္ျပာေရာင္မ်ဥ္းေလးကေတာ့ (Habitual ways of responding) ျပန္လည္တုံ႔ျပန္နိုင္တဲ့ ဉာဏ္ရည္၊ခြန္းတုန႔္ျပန္နိုင္တဲ့စြမ္းရည္ပါ။ ဒီစြမ္းရည္က အျမင္အၾကားၿပီးရင္ ဒုတိယေျမာက္ အေစာဆုံး ဖြံ့ၿဖိဳးတဲ့စြမ္းရည္ပါ။ အသက္ ၂ ႏွစ္ေက်ာ္တဲ့အထိ အမူအရာအားျဖင့္၊ အသံအားျဖင့္ ျပန္လည္တုန႔္ျပန္ဖို႔ သင္ယူၾကတဲ့အခ်ိန္ပါ။ ကေလးကို စတဲ့အခါ လက္ကေလးေတြနဲ႔ ျပန္တုန႔္ျပန္တာတို႔ ရယ္ျပတာတို႔ လုပ္ဖို႔ လိုအပ္တဲ့ ဖြံ့ၿဖိဳးမႈတစ္ခုပါ။ ၂ ႏွစ္ေနာက္ပိုင္းမွာေတာ့ ဒီဉာဏ္ရည္က ေတာ္ေတာ္ေလးဖြံ့ၿဖိဳးၿပီးသြားၿပီမို႔ ဖြံ့ၿဖိဳးမႈ အားနည္းသြားပါတယ္။
၇) ပန္းခရမ္းေရာင္ေလးကေတာ့ (Emotional Control) ဆိုတဲ့ ခံစားခ်က္ကို ထိန္းခ်ဳပ္နိုင္တဲ့ ဉာဏ္ရည္ျဖစ္ပါတယ္။ ဗိုက္ဆာတာ၊ ငိုခ်င္တာ၊ အိပ္ခ်င္တာ၊ ရယ္ခ်င္တာ၊ ေပ်ာ္တာ စတဲ့ ခံစားခ်က္အမ်ိဳးမ်ိဳးကို သင္ယူၿပီး ခံစားခ်က္ေတြကို ျပသဖို႔၊ ထိန္းခ်ဳပ္ဖို႔ သင္ယူရမယ့္ကာလျဖစ္ပါတယ္။ ေမြးၿပီး သိပ္မၾကာခင္မွာ စတင္ဖြံ့ၿဖိဳးၿပီး၂ ႏွစ္ေက်ာ္ ၃ ႏွစ္အတြင္းမွာ ခံစားခ်က္ဆိုင္ရာ ဉာဏ္ရည္က အျမင့္မားဆုံးဖြံ့ၿဖိဳးပါတယ္။ ငယ္စဥ္မွာ ကေလးကို အေမက ကုလားႀကီးေနာက္လိုက္သြားၿပီတို႔၊ နင့္ကို အမွိုက္ပုံက ေကာက္ရတာတို႔၊ ႐ုပ္ဆိုးတာတို႔ စတဲ့ ကေလးကို စိတ္ဝမ္းနည္းေစမယ့္ စေနာက္မႈမ်ိဳးေတြ မလုပ္ဖို႔ အေရးႀကီးပါတယ္။ ခံစားခ်က္ထိန္းခ်ဳပ္ဖို႔ သင္ယူစဥ္မွာ အျပဳသေဘာေဆာင္တဲ့ ပတ္ဝန္းက်င္ရွိဖို႔လိုပါတယ္။ ကိစၥရပ္ေတြကိုေဒါသနဲ႔ မတုန႔္ျပန္ပဲ ဘယ္လို ေအးေအးေဆးေဆးေျဖရွင္းနိုင္မလဲ၊ ဘယ္လို ဆန္းဆန္းျပားျပားလုပ္ေဆာင္မလဲဆိုတာေတြက ငယ္စဥ္ကတည္းက လူႀကီးေတြအေနနဲ႔ ပံ့ပိုးေပးလို႔ရပါတယ္။ ကေလးကို ေဒါသထြက္တာေလး၊ စိတ္ဆိုးတာေလးက ခ်စ္စရာေကာင္းတယ္ဆိုၿပီး စရင္ေတာ့ ေဒါသႀကီးၿပီး စိတ္ကို မထိန္းခ်ဳပ္နိုင္တဲ့ လူႀကီးေတြအျဖစ္ ႀကီးျပင္းလာတာကို ျမင္ရမွာပါ။
အခ်ဳပ္အားျဖင့္ေျပာရရင္ ကၽြန္မမၽွေဝထားတဲ့ပုံမွာ ၾကည့္လိုက္တဲ့အခါ ဉာဏ္ရည္ ဖြံ့ၿဖိဳးမႈေတြက ပထမ ၃ ႏွစ္မွာ အျမင့္ဆုံးျဖစ္ၾကပါတယ္။ ဒါေၾကာင့္ ကေလးေတြရဲ့ ပထမ ရက္ ၁၀၀၀ က အရမ္းအေရးႀကီးတယ္လို႔ ဆိုလိုတာပါ။ လက္ဦးဆရာ ဆိုတာ မိဘေတြျဖစ္တယ္လို႔ ဘာေၾကာင့္ေျပာၾကတာလဲဆိုရင္ ဘယ္ဆရာ၊မရဲ့ လက္ထဲကိုမွ မေရာက္ခင္ မိဘေတြ၊ မိသားစုေတြနဲ႔ အရင္ဆုံး ေတြ႕ဆုံးၿပီး၊ မိဘေတြရဲ့ ပံ့ပိုးမႈေတြအေပၚမူတည္ၿပီး သင္ယူခြင့္ရၾကလို႔ပါ။
ပိုက္ဆံေတြရွာျပးီ ဆရာ၊မေကာင္းေတြ၊ ေဈးႀကီးတဲ့ေက်ာင္းေတြ ထားမယ္ဆိုၿပီး ရည္ရြယ္တာ မမွားေပမယ့္ ပထမဆုံး ရက္ ၁၀၀၀မွာ ကေလးကို ေကာင္းေကာင္း မပံ့ပိုးေပးခဲ့ရင္၊ အျပဳသေဘာေဆာင္ၿပီး ေပ်ာ္ရႊင္စရာ သင္ယူမႈဝန္းက်င္ေလး မဖန္တီးေပးနိုင္ခဲ့ရင္ ကေလးေတြရဲ့ ဖြံ့ၿဖိဳးမႈမွာ အေႏွာင့္အယွက္ေတြျဖစ္ၿပီး တိုးတက္သင့္သေလာက္ တိုးတက္မွာမဟုတ္ပါဘူး။ ကေလးက အတန္းႀကီးလာတဲ့အခါ တိုးတက္သင့္သေလာက္မတိုးတက္ဘူးလို႔ ထင္ရင္ ကေလးကို မဆူပါနဲ႔၊ သူငယ္စဥ္က ဘယ္ေလာက္ ပံ့ပိုးေပးျခင္းခံခဲ့ရသလဲဆိုတာကို ျပန္စဥ္းစားပါ။
ကေလးေတြအတြက္ ေပ်ာ္ရႊင္စရာ အျပဳသေဘာေဆာင္ေသာ သင္ယူမႈဝန္းက်င္ေလးေတြ ဖန္တီးေပးနိုင္ၾကပါေစ။
ေမတၱာျဖင့္…..
Sayarma-ဆရာမ
Photo Credit to – https://deikindergarten.org/first-1000-days-mothers-club/