[ Unicode ]
ကျွန်မတို့ မိဘတွေ၊ ဆရာ၊မတွေဟာ ကိုယ့်ကလေးတွေကို တော်စေချင်၊ တတ်စေချင်ကြတာပါပဲ။ တော်ဖို့၊ တတ်ဖို့၊ အသိမြင် ကြွယ်ဝဖို့အတွက် အရေးကြီးဆုံးတွေထဲက တစ်ခုကတော့ စာဖတ်ခြင်းဖြစ်ပါတယ်။ ကလေးတွေကို စာဖတ်စေဖို့ အချိန်ပေးတာ၊ အခွင့်အရေးပေးတာ တွေဟာ ကလေးတွေအတွက် ကောင်းဖို့ ကူညီပံ့ပိုးခြင်းလို့ ကျွန်မမြင်ပါတယ်။ ဒါကြောင့် မွေးကင်းစ အရွယ်ကနေ အသက် ၉ နှစ်အထိ ကလေးတွေရဲ့ အသက်အရွယ်နဲ့ ဖွံ့ဖြိုးမှုအလိုက် စာဖတ်ဖို့ ဘယ်လို တွန်းအားပေးနိုင်လဲဆိုတာလေးတွေ မျှဝေချင်ပါတယ်။
အသက်အရွယ်ကို မွေးကင်းစမှ ၂ နှစ်၊ ၂ နှစ်မှ ၆ နှစ်၊ ၇ နှစ်မှ ၉ နှစ် စသည်ဖြင့် အပိုင်း (၃)ပိုင်းနဲ့ မျှဝေပေးပါ့မယ်။ အပိုင်းတစ်ခုချင်းစီမှာ ပြောပြမယ့် ဖွံ့ဖြိုးတိုးတက်မှုတွေဟာ ယေဘူယျအားဖြင့် သတ်မှတ်ထားတာပါ။ ကလေးတိုင်းဟာ ဖွံ့ဖြိုးမှု အနှေးအမြန်မတူပါဘူး။
အသက် ၀ – ၂ နှစ် အတွင်းမှာ – ကလေးတွေဟာ ကြွက်သားလှုပ်ရှားမှုများ တိုးတက်လာခြင်း
(လက်ဆုပ်ကိုင်ခြင်း၊ ကြိုးစားလမ်းလျှောက်ခြင်း) ၊ ဘာသာစကား အခြေခံ ဖွဲ့စည်းမှုများ သင်ယူခြင်း ( စကားလုံး၊ တစ်လုံးစ နှစ်လုံးစ ပြောခြင်း၊ ထပ်ဆင့် စကားလုံးများပြောခြင်း)၊ မိဘ၊အုပ်ထိန်းသူများနှင့် စတင်ပြီး ဆက်သွယ်မှုဆိုင်ရာ ကျွမ်းကျင်မှုများ ရှိလာခြင်း ၊ ကိုယ်တိုင်လုပ်လိုသော၊ လုပ်တတ်သော အပြုမူတိုးတက်မှုများရှိလာခြင်း ( စားသောက်ခြင်း၊ ဝတ်စားဆင်ယင်ခြင်း) စတဲ့ ဖွံ့ဖြိုးမှု တိုးတက်မှုလေးတွေကို မြင်နိုင်မှာပါ။
အဲဒီ့အတွက် မွေးကင်းစကနေ အသက် ၂ နှစ်အရွယ် ကလေးတွေအတွက် ဆိုရင် သူတို့ လက်နဲ့ ကိုင်ဖို့ အဆင်ပြေမယ့် အဝတ်စနဲ့ ပြုလုပ်ထားတဲ့ စာအုပ်မျိုး၊ အရွယ်အစားကြီးပြီး ပေါ့ပါးတဲ့စာအုပ်မျိုး၊ ရုပ်ပုံကြီးပြီး စာမပါသော (စာနဲသော) စာအုပ်မျိုး၊ အရောင်အသေးစုံလင်သော စာအုပ်မျိုးတွေက သင့်တော်ပါတယ်။ စာအုပ်တွေကို ကလေးတွေနဲ့ ရင်းနှီးအောင် အမြဲ အချိန်မှန် စာဖတ်ချိန်လေးလည်း ထားပေးဖို့လိုပါတယ်။ စာဖတ်ပြတဲ့အခါ စာကြောင်း တိုတိုလေးတွေ အဖြစ် ဖြတ်တောက်ပြီး ဖတ်ပါ။ အသံနေ အသံထားနဲ့ ပြောပါ။ ကလေးတွေအသုံးပြုတဲ့ အသုံးအနှုန်းကို အသုံးပြုပါ။ ဒီအရွယ်ဟာ ဘာသာစကား သင်ယူဖို့ အမြင့်မားဆုံး၊ အကောင်းဆုံးအခြေအနေဖြစ်တဲ့အတွက် ကိုယ်တတ်တဲ့ဘာသာစကား အမျိုးမျိုးနဲ့ စာဖတ်ပြဖို့လည်း မမေ့ပါနဲ့နော်။ ဘာသာစကား များများကို နေ့စဉ် ကြားရတဲ့ကလေးဟာ ဘယ်ဘာသာစကားက ဘယ်အစုအဖွဲ့လဲဆိုတာကို အကွက်ချမှတ်သားရတဲ့အတွက် အခြားကလေးတွေထက် စကားပြောတာ နှေးနိုင်ပါတယ် ဒါပေမယ့် စိတ်မပူပါနဲ့ စကားပြောတတ်တဲ့အခါ ဘာသာစကား တစ်ခုမက ပြောနိုင်မှာပါ။
- ၂ နှစ်ကနေ ၆ နှစ်အတွင်းမှာ ကလေးတွေ ကြွက်သားငယ်များ အသုံးပြုနိုင်လာခြင်း (စာရေးခြင်း၊ ပုံဆွဲခြင်း၊ ပြေးခြင်း၊ ခုန်ခြင်း၊ ခြေတစ်ပေါင်ကျိုးသွားတတ်ခြင်း..) ၊ ဦးနှောက် အတွင်း သတင်းအချက်အလက် ပို့ဆောင်မှု တိုးတက်နှုန်း အမျိုးမျိုးဖြစ်ပေါ်နေခြင်း (သက်ဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ရန် အသင့်ဖြစ်နှုန်း မတူညီခြင်း)၊
- စိတ်ကူးများအကြောင်း ပြောပြတတ်လာခြင်း (ကျိုးကြောင်းဆက်စပ်မှု အပြည့်အဝမရှိနိုင်သေးပါ) ၊ အသက်၆နှစ်ခန့်တွင် အခြေခံစကားလုံး ၁၄,၀၀၀ခန့်သိရှိနေခြင်း၊ တွေ့ကြုံရသောသူများနှင့် ပိုပြီး လိုက်လျောညိထွေဖြစ်အောင် ပြုမူလာခြင်း ၊ ချီးကျူး အသိမှတ်ပြုမှုအပေါ် လုပ်ငန်း၊ သင်ယူမှု လုပ်ကိုင်လိုစိတ် တိုး တက်လာခြင်း ၊ လွတ်လွတ်လပ်လပ် လုပ်ကိုင်လိုစိတ်နှင့် ပတ်ဝန်းကျင်ကို လွှမ်းမိုးလိုစိတ်များ မြင့်တတ်ခြင်း (မိဘများ၏ အုပ်ထိန်းမှုပုံစသည်ကလေးငယ်၏ စိတ်ပိုင်း၊ လူမှုရေးပိုင်းတွင် အကျိုး သက်ရောက်မှုရှိသည်) စတဲ့ ပြောင်းလဲ တိုးတက်မှုတွေကို မြင်နိုင်မှာပါ။
အဲဒီ့အတွက် ဒီအရွယ်ကလေးတွေကို စာအုပ်တွေ ဖတ်ပြီး စာအုပ်ထဲကအတိုင်း ပုံတွေ ဆွဲခိုင်းတာ၊ ဆွေးရောင်ခြယ်ခိုင်းတာတွေလုပ်ပေးနိုင်ပါတယ်။ စာအုပ်ကို အပြီးမသတ်ခင် အဆုံးသတ်ကို စဉ်းစားခိုင်းတာမျိုး၊ ပုံလေးတွေကြည့်ပြီး သူတို့ဖာသာ ပုံပြင် ဖန်တီးခိုင်းတာမျိုး၊ ပုံပြင်နဲ့ ဆက်စပ်တဲ့ ပြင်ပလောကအကြောင်းပြောပြတာမျိုးတွေဟာ ထိရောက်မှုရှိပါတယ်။ စာအုပ်ရွေးချယ်တဲ့အခါမှာလည်း စာတစ်မျက်နှာကို စာကြောင်း ၃ ကြောင်း၊ ၄ ကြောင်းထပ် မပိုသော စာအုပ်မျိုးတွေ ရွေးချယ်ပေးပါ။ ကလေးတွေဟာ ငယ်စဉ်မှာ ကြီးတဲ့စာအုပ်တွေကို ပိုသဘောကျတယ်၊ သာမာန်စာအုပ်ပုံစံမဟုတ်တဲ့ အရုပ်ဆန်ဆန် စာအုပ်တွေကို သဘောကျတဲ့အတွက် စာအုပ်ရဲ့ ပုံစံကိုလည်း အမျိုးမျိုးရွေးချယ်ဝယ်ယူပေးဖို့လိုပါတယ်။ ဘယ်အရွယ်မှာမဆို စာဖတ်ချိန် ပုံမှန်ထားဖို့နဲ့ ကလေးတွေရဲ့ ဖြေဆိုချက်၊ မေးမြန်းချက်တွေအပေါ် အသိမှတ်ပြုဖို့ ချီးကျူးစကားဆိုဖို့လည်း မမေ့ပါနဲ့နော်။
အသက် ၇ နှစ်ကနေ ၉ နှစ် အတွင်း ကလေးတွေဟာ မွေးကင်းစကနေ အသက် ၆ နှစ်အရွယ်ကလေးတွေထက် ဦးနှောက်နဲ့ ကိုယ်ခန္ဓာဖွံ့ဖြိုးမှု နှေးလာပါတယ်။ ဒါပေမယ့်
နှလုံးနှင့် အဆုတ် သန်းစွမ်းမှု တိုးတက်လာခြင်း (ပြေးခြင်း၊ ခုန်ခြင်း လုပ်ငန်းများတွင် ပိုလုပ်နိုင်လာခြင်း) ၊ ကျိုးကြောင်းဆက်စပ်စဉ်းစားနိုင်မှု စွမ်းရည် တိုးတက်လာခြင်း ၊
မှတ်ဉာဏ်တိုးတက်လာခြင်း၊ ဘာသာစကားကြွယ်ဝလာခြင်း (ဘာသာစကား အသုံးပြုမှု တိုးတက်လာခြင်း) ၊အရွယ်တူ အပေါင်းအဖေါ်များကို အပြန်အလှန်ကူညီခြင်း၊ ပိုင်ဆိုင်မှု ဖလှယ်ခြင်း စသည့် သက်တူရွယ်တူများနှင့် ဆက်သွယ်မှု များလာခြင်း၊
ပြင်ပလောကအကြောင်း ပိုသိလာပြီး မိသားစု၊ စီးပွါးရေး၊ နိုင်ငံရေး စသည်တို့တွင် ပါဝင် ဆွေးနွေးလိုခြင်း၊ ပြဿနာဖြေရှင်းနိုင်သည့်စွမ်းရည်နှင့် ပြဿနာများမှ ကြုံတွေ့ရသော ခံစားချက်များကို ခံနိုင်ရည်ရှိလာခြင်း စတဲ့ ပြောင်းလဲမှုတွေရှိလာပါတယ်။
အဲဒီ့အတွက် ဒီအရွယ်တွေကို စာဖတ်ဖို့ တိုက်တွန်းတဲ့အခါ အဖွဲ့လိုက်စာဖတ်ခိုင်းတာမျိုး၊ စာအုပ်ထဲ/ဇာတ်လမ်းထဲက ပြဿနာတစ်ခုခုကို ဖြေရှင်းဖို့ စဉ်းစားစေတာမျိုး၊ သူတို့ရဲ့ နေ့စဉ်ဘဝ၊ အခြား လူမှုအသိုင်းအဝန်းအရေးကိစ္စများနဲ့ ချိတ်ဆက် ရှင်းပြတာမျိုးတွေကို ပိုပြီး နှစ်ခြိုက်ကြပါတယ်။ ဒီအရွယ်မှာ စာကို နည်းနည်းများတဲ့ စာအုပ်တွေ ပေးဖတ်နိုင်ပါပြီ။ ဖတ်တဲ့အကြောင်းအရာတွေဟာလည်း လက်တွေ့ဘဝနဲ့ နီးစပ်သော အကြောင်းအရာများကို ကလေးအရွယ်နားလည်နိုင်အောင် ရေးထားရင် ပိုသင့်တော်ပါတယ်။ စာအုပ်တွေအကြောင်း၊ ဇာတ်ကောင်တွေအကြောင်း ဆွေးနွေးတိုင်ပင်ခြင်းတွေ၊ ကိုယ်ပိုင်ပြန်လည် ရေးသားခြင်းတွေကလည်း ကလေးတွေအတွက် အရမ်းကောင်းပါတယ်။ ဒီအရွယ်ဟာ ကျောင်းနေတဲ့အရွယ်ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ကြိုက်စာပေ ဖတ်ခွင့် ပုံမှန်ထားပေးဖို့လိုပါတယ်။ သက်တူရွယ်တူတွေကို ပိုပြီး အလေးထားတဲ့အရွယ်ဖြစ်တဲ့အတွက် စုပေါင်း စာဖတ်နိုင်ဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးရင်လည်း ကောင်းပါတယ်။ ကလေးတွေရဲ့ ကောင်းသော လုပ်ရပ်တွေကိုလည်း အသိမှတ်ပြုဖို့ မမေ့ပါနဲ့နော်။
အချုပ်မှာ ကျွန်မ မျှဝေချင်တာကတော့ ကလေးတိုင်းဟာ ဖွံ့ဖြိုးမှုအရ၊ ဝါသနာအရ၊ ပံ့ပိုးမှုအရ မတူညီနိုင်ပါဘူး။ ဒါပေမယ့် တူညီသော စာပေချစ်စိတ်ရှိလာဖို့ ကျွန်မတို့ အနေနဲ့ စာဖတ်တဲ့ အကျင့်ကို ငယ်စဉ်ကတည်းက ပြုလုပ်ပေးဖို့လိုသလို သူတို့တွေအတွက် အချိန်မှန် စာဖတ်နိုင်ဖို့လည်း ပံ့ပိုးပေးဖို့လိုပါတယ်။ ဒါမှလည်း ကြီးလာတဲ့အခါ စာဖတ်အားကောင်းသော ပညာကို အမှန်တစ်ကယ် တတ်ကျွမ်းပြီး အသုံးပြုတတ်သော သူများဖြစ်နိုင်မယ်လို့ မြင်မိပါတယ်။ စာအမှန်တစ်ကယ် တတ်သော လူသားအရင်းမြစ်များအဖြစ် ပံ့ပိုး ကူညီနိုင်ကြပါစေ။
ဓါတ်ပုံ – သားကွန်း (လသား အရွယ်နှင့် ၂ နှစ်ခွဲ အရွယ်)
မေတ္တာဖြင့်…..
Sayarma-ဆရာမ
[ Zawgyi ]
ကၽြန္မတို႔ မိဘေတြ၊ ဆရာ၊မေတြဟာ ကိုယ့္ကေလးေတြကို ေတာ္ေစခ်င္၊ တတ္ေစခ်င္ၾကတာပါပဲ။ ေတာ္ဖို႔၊ တတ္ဖို႔၊ အသိျမင္ ႂကြယ္ဝဖို႔အတြက္ အေရးႀကီးဆုံးေတြထဲက တစ္ခုကေတာ့ စာဖတ္ျခင္းျဖစ္ပါတယ္။ ကေလးေတြကို စာဖတ္ေစဖို႔ အခ်ိန္ေပးတာ၊ အခြင့္အေရးေပးတာ ေတြဟာ ကေလးေတြအတြက္ ေကာင္းဖို႔ ကူညီပံ့ပိုးျခင္းလို႔ ကၽြန္မျမင္ပါတယ္။ ဒါေၾကာင့္ ေမြးကင္းစ အရြယ္ကေန အသက္ ၉ ႏွစ္အထိ ကေလးေတြရဲ့ အသက္အရြယ္နဲ႔ ဖြံ့ၿဖိဳးမႈအလိုက္ စာဖတ္ဖို႔ ဘယ္လို တြန္းအားေပးနိုင္လဲဆိုတာေလးေတြ မၽွေဝခ်င္ပါတယ္။
အသက္အရြယ္ကို ေမြးကင္းစမွ ၂ ႏွစ္၊ ၂ ႏွစ္မွ ၆ ႏွစ္၊ ၇ ႏွစ္မွ ၉ ႏွစ္ စသည္ျဖင့္ အပိုင္း (၃)ပိုင္းနဲ႔ မၽွေဝေပးပါ့မယ္။ အပိုင္းတစ္ခုခ်င္းစီမွာ ေျပာျပမယ့္ ဖြံ့ၿဖိဳးတိုးတက္မႈေတြဟာ ေယဘူယ်အားျဖင့္ သတ္မွတ္ထားတာပါ။ ကေလးတိုင္းဟာ ဖြံ့ၿဖိဳးမႈ အေႏွးအျမန္မတူပါဘူး။
အသက္ ၀ – ၂ ႏွစ္ အတြင္းမွာ – ကေလးေတြဟာ ႂကြက္သားလႈပ္ရွားမႈမ်ား တိုးတက္လာျခင္း
(လက္ဆုပ္ကိုင္ျခင္း၊ ႀကိဳးစားလမ္းေလၽွာက္ျခင္း) ၊ ဘာသာစကား အေျခခံ ဖြဲ႕စည္းမႈမ်ား သင္ယူျခင္း ( စကားလုံး၊ တစ္လုံးစ ႏွစ္လုံးစ ေျပာျခင္း၊ ထပ္ဆင့္ စကားလုံးမ်ားေျပာျခင္း)၊ မိဘ၊အုပ္ထိန္းသူမ်ားႏွင့္ စတင္ၿပီး ဆက္သြယ္မႈဆိုင္ရာ ကၽြမ္းက်င္မႈမ်ား ရွိလာျခင္း ၊ ကိုယ္တိုင္လုပ္လိုေသာ၊ လုပ္တတ္ေသာ အျပဳမူတိုးတက္မႈမ်ားရွိလာျခင္း ( စားေသာက္ျခင္း၊ ဝတ္စားဆင္ယင္ျခင္း) စတဲ့ ဖြံ့ၿဖိဳးမႈ တိုးတက္မႈေလးေတြကို ျမင္နိုင္မွာပါ။
အဲဒီ့အတြက္ ေမြးကင္းစကေန အသက္ ၂ ႏွစ္အရြယ္ ကေလးေတြအတြက္ ဆိုရင္ သူတို႔ လက္နဲ႔ ကိုင္ဖို႔ အဆင္ေျပမယ့္ အဝတ္စနဲ႔ ျပဳလုပ္ထားတဲ့ စာအုပ္မ်ိဳး၊ အရြယ္အစားႀကီးၿပီး ေပါ့ပါးတဲ့စာအုပ္မ်ိဳး၊ ႐ုပ္ပုံႀကီးၿပီး စာမပါေသာ (စာနဲေသာ) စာအုပ္မ်ိဳး၊ အေရာင္အေသးစုံလင္ေသာ စာအုပ္မ်ိဳးေတြက သင့္ေတာ္ပါတယ္။ စာအုပ္ေတြကို ကေလးေတြနဲ႔ ရင္းႏွီးေအာင္ အျမဲ အခ်ိန္မွန္ စာဖတ္ခ်ိန္ေလးလည္း ထားေပးဖို႔လိုပါတယ္။ စာဖတ္ျပတဲ့အခါ စာေၾကာင္း တိုတိုေလးေတြ အျဖစ္ ျဖတ္ေတာက္ၿပီး ဖတ္ပါ။ အသံေန အသံထားနဲ႔ ေျပာပါ။ ကေလးေတြအသုံးျပဳတဲ့ အသုံးအႏႈန္းကို အသုံးျပဳပါ။ ဒီအရြယ္ဟာ ဘာသာစကား သင္ယူဖို႔ အျမင့္မားဆုံး၊ အေကာင္းဆုံးအေျခအေနျဖစ္တဲ့အတြက္ ကိုယ္တတ္တဲ့ဘာသာစကား အမ်ိဳးမ်ိဳးနဲ႔ စာဖတ္ျပဖို႔လည္း မေမ့ပါနဲ႔ေနာ္။ ဘာသာစကား မ်ားမ်ားကို ေန႔စဥ္ ၾကားရတဲ့ကေလးဟာ ဘယ္ဘာသာစကားက ဘယ္အစုအဖြဲ႕လဲဆိုတာကို အကြက္ခ်မွတ္သားရတဲ့အတြက္ အျခားကေလးေတြထက္ စကားေျပာတာ ေႏွးနိုင္ပါတယ္ ဒါေပမယ့္ စိတ္မပူပါနဲ႔ စကားေျပာတတ္တဲ့အခါ ဘာသာစကား တစ္ခုမက ေျပာနိုင္မွာပါ။
- ၂ ႏွစ္ကေန ၆ ႏွစ္အတြင္းမွာ ကေလးေတြ ႂကြက္သားငယ္မ်ား အသုံးျပဳနိုင္လာျခင္း (စာေရးျခင္း၊ ပုံဆြဲျခင္း၊ ေျပးျခင္း၊ ခုန္ျခင္း၊ ေျခတစ္ေပါင္က်ိဳးသြားတတ္ျခင္း..) ၊ ဦးေႏွာက္ အတြင္း သတင္းအခ်က္အလက္ ပို႔ေဆာင္မႈ တိုးတက္ႏႈန္း အမ်ိဳးမ်ိဳးျဖစ္ေပၚေနျခင္း (သက္ဆိုင္ရာ လုပ္ငန္းမ်ား လုပ္ေဆာင္ရန္ အသင့္ျဖစ္ႏႈန္း မတူညီျခင္း)၊
- စိတ္ကူးမ်ားအေၾကာင္း ေျပာျပတတ္လာျခင္း (က်ိဳးေၾကာင္းဆက္စပ္မႈ အျပည့္အဝမရွိနိုင္ေသးပါ) ၊ အသက္၆ႏွစ္ခန႔္တြင္ အေျခခံစကားလုံး ၁၄,၀၀၀ခန႔္သိရွိေနျခင္း၊ ေတြ႕ၾကဳံရေသာသူမ်ားႏွင့္ ပိုၿပီး လိုက္ေလ်ာညိေထြျဖစ္ေအာင္ ျပဳမူလာျခင္း ၊ ခ်ီးက်ဴး အသိမွတ္ျပဳမႈအေပၚ လုပ္ငန္း၊ သင္ယူမႈ လုပ္ကိုင္လိုစိတ္ တိုး တက္လာျခင္း ၊ လြတ္လြတ္လပ္လပ္ လုပ္ကိုင္လိုစိတ္ႏွင့္ ပတ္ဝန္းက်င္ကို လႊမ္းမိုးလိုစိတ္မ်ား ျမင့္တတ္ျခင္း (မိဘမ်ား၏ အုပ္ထိန္းမႈပုံစသည္ကေလးငယ္၏ စိတ္ပိုင္း၊ လူမႈေရးပိုင္းတြင္ အက်ိဳး သက္ေရာက္မႈရွိသည္) စတဲ့ ေျပာင္းလဲ တိုးတက္မႈေတြကို ျမင္နိုင္မွာပါ။
အဲဒီ့အတြက္ ဒီအရြယ္ကေလးေတြကို စာအုပ္ေတြ ဖတ္ၿပီး စာအုပ္ထဲကအတိုင္း ပုံေတြ ဆြဲခိုင္းတာ၊ ေဆြးေရာင္ျခယ္ခိုင္းတာေတြလုပ္ေပးနိုင္ပါတယ္။ စာအုပ္ကို အၿပီးမသတ္ခင္ အဆုံးသတ္ကို စဥ္းစားခိုင္းတာမ်ိဳး၊ ပုံေလးေတြၾကည့္ၿပီး သူတို႔ဖာသာ ပုံျပင္ ဖန္တီးခိုင္းတာမ်ိဳး၊ ပုံျပင္နဲ႔ ဆက္စပ္တဲ့ ျပင္ပေလာကအေၾကာင္းေျပာျပတာမ်ိဳးေတြဟာ ထိေရာက္မႈရွိပါတယ္။ စာအုပ္ေရြးခ်ယ္တဲ့အခါမွာလည္း စာတစ္မ်က္ႏွာကို စာေၾကာင္း ၃ ေၾကာင္း၊ ၄ ေၾကာင္းထပ္ မပိုေသာ စာအုပ္မ်ိဳးေတြ ေရြးခ်ယ္ေပးပါ။ ကေလးေတြဟာ ငယ္စဥ္မွာ ႀကီးတဲ့စာအုပ္ေတြကို ပိုသေဘာက်တယ္၊ သာမာန္စာအုပ္ပုံစံမဟုတ္တဲ့ အ႐ုပ္ဆန္ဆန္ စာအုပ္ေတြကို သေဘာက်တဲ့အတြက္ စာအုပ္ရဲ့ ပုံစံကိုလည္း အမ်ိဳးမ်ိဳးေရြးခ်ယ္ဝယ္ယူေပးဖို႔လိုပါတယ္။ ဘယ္အရြယ္မွာမဆို စာဖတ္ခ်ိန္ ပုံမွန္ထားဖို႔နဲ႔ ကေလးေတြရဲ့ ေျဖဆိုခ်က္၊ ေမးျမန္းခ်က္ေတြအေပၚ အသိမွတ္ျပဳဖို႔ ခ်ီးက်ဴးစကားဆိုဖို႔လည္း မေမ့ပါနဲ႔ေနာ္။
အသက္ ၇ ႏွစ္ကေန ၉ ႏွစ္ အတြင္း ကေလးေတြဟာ ေမြးကင္းစကေန အသက္ ၆ ႏွစ္အရြယ္ကေလးေတြထက္ ဦးေႏွာက္နဲ႔ ကိုယ္ခႏၶာဖြံ့ၿဖိဳးမႈ ေႏွးလာပါတယ္။ ဒါေပမယ့္
ႏွလုံးႏွင့္ အဆုတ္ သန္းစြမ္းမႈ တိုးတက္လာျခင္း (ေျပးျခင္း၊ ခုန္ျခင္း လုပ္ငန္းမ်ားတြင္ ပိုလုပ္နိုင္လာျခင္း) ၊ က်ိဳးေၾကာင္းဆက္စပ္စဥ္းစားနိုင္မႈ စြမ္းရည္ တိုးတက္လာျခင္း ၊
မွတ္ဉာဏ္တိုးတက္လာျခင္း၊ ဘာသာစကားႂကြယ္ဝလာျခင္း (ဘာသာစကား အသုံးျပဳမႈ တိုးတက္လာျခင္း) ၊အရြယ္တူ အေပါင္းအေဖၚမ်ားကို အျပန္အလွန္ကူညီျခင္း၊ ပိုင္ဆိုင္မႈ ဖလွယ္ျခင္း စသည့္ သက္တူရြယ္တူမ်ားႏွင့္ ဆက္သြယ္မႈ မ်ားလာျခင္း၊
ျပင္ပေလာကအေၾကာင္း ပိုသိလာၿပီး မိသားစု၊ စီးပြါးေရး၊ နိုင္ငံေရး စသည္တို႔တြင္ ပါဝင္ ေဆြးေႏြးလိုျခင္း၊ ျပႆနာေျဖရွင္းနိုင္သည့္စြမ္းရည္ႏွင့္ ျပႆနာမ်ားမွ ၾကဳံေတြ႕ရေသာ ခံစားခ်က္မ်ားကို ခံနိုင္ရည္ရွိလာျခင္း စတဲ့ ေျပာင္းလဲမႈေတြရွိလာပါတယ္။
အဲဒီ့အတြက္ ဒီအရြယ္ေတြကို စာဖတ္ဖို႔ တိုက္တြန္းတဲ့အခါ အဖြဲ႕လိုက္စာဖတ္ခိုင္းတာမ်ိဳး၊ စာအုပ္ထဲ/ဇာတ္လမ္းထဲက ျပႆနာတစ္ခုခုကို ေျဖရွင္းဖို႔ စဥ္းစားေစတာမ်ိဳး၊ သူတို႔ရဲ့ ေန႔စဥ္ဘဝ၊ အျခား လူမႈအသိုင္းအဝန္းအေရးကိစၥမ်ားနဲ႔ ခ်ိတ္ဆက္ ရွင္းျပတာမ်ိဳးေတြကို ပိုၿပီး ႏွစ္ၿခိဳက္ၾကပါတယ္။ ဒီအရြယ္မွာ စာကို နည္းနည္းမ်ားတဲ့ စာအုပ္ေတြ ေပးဖတ္နိုင္ပါၿပီ။ ဖတ္တဲ့အေၾကာင္းအရာေတြဟာလည္း လက္ေတြ႕ဘဝနဲ႔ နီးစပ္ေသာ အေၾကာင္းအရာမ်ားကို ကေလးအရြယ္နားလည္နိုင္ေအာင္ ေရးထားရင္ ပိုသင့္ေတာ္ပါတယ္။ စာအုပ္ေတြအေၾကာင္း၊ ဇာတ္ေကာင္ေတြအေၾကာင္း ေဆြးေႏြးတိုင္ပင္ျခင္းေတြ၊ ကိုယ္ပိုင္ျပန္လည္ ေရးသားျခင္းေတြကလည္း ကေလးေတြအတြက္ အရမ္းေကာင္းပါတယ္။ ဒီအရြယ္ဟာ ေက်ာင္းေနတဲ့အရြယ္ျဖစ္ပါတယ္။ ဒါေပမယ့္ စိတ္ႀကိဳက္စာေပ ဖတ္ခြင့္ ပုံမွန္ထားေပးဖို႔လိုပါတယ္။ သက္တူရြယ္တူေတြကို ပိုၿပီး အေလးထားတဲ့အရြယ္ျဖစ္တဲ့အတြက္ စုေပါင္း စာဖတ္နိုင္ဖို႔ အခြင့္အလမ္းေတြ ဖန္တီးေပးရင္လည္း ေကာင္းပါတယ္။ ကေလးေတြရဲ့ ေကာင္းေသာ လုပ္ရပ္ေတြကိုလည္း အသိမွတ္ျပဳဖို႔ မေမ့ပါနဲ႔ေနာ္။
အခ်ဳပ္မွာ ကၽြန္မ မၽွေဝခ်င္တာကေတာ့ ကေလးတိုင္းဟာ ဖြံ့ၿဖိဳးမႈအရ၊ ဝါသနာအရ၊ ပံ့ပိုးမႈအရ မတူညီနိုင္ပါဘူး။ ဒါေပမယ့္ တူညီေသာ စာေပခ်စ္စိတ္ရွိလာဖို႔ ကၽြန္မတို႔ အေနနဲ႔ စာဖတ္တဲ့ အက်င့္ကို ငယ္စဥ္ကတည္းက ျပဳလုပ္ေပးဖို႔လိုသလို သူတို႔ေတြအတြက္ အခ်ိန္မွန္ စာဖတ္နိုင္ဖို႔လည္း ပံ့ပိုးေပးဖို႔လိုပါတယ္။ ဒါမွလည္း ႀကီးလာတဲ့အခါ စာဖတ္အားေကာင္းေသာ ပညာကို အမွန္တစ္ကယ္ တတ္ကၽြမ္းၿပီး အသုံးျပဳတတ္ေသာ သူမ်ားျဖစ္နိုင္မယ္လို႔ ျမင္မိပါတယ္။ စာအမွန္တစ္ကယ္ တတ္ေသာ လူသားအရင္းျမစ္မ်ားအျဖစ္ ပံ့ပိုး ကူညီနိုင္ၾကပါေစ။
ဓါတ္ပုံ – သားကြန္း (လသား အရြယ္ႏွင့္ ၂ ႏွစ္ခြဲ အရြယ္)
ေမတၱာျဖင့္…..
Sayarma-ဆရာမ