Australian Catholic University (ACU)
Australian Catholic University (ACU) ကို ၁၉၉၁ တွင် စတင်ဖွင့်လှစ်သည်။ ၁၉ရာစု အလယ်ပိုင်းတွင် စတင်ခဲ့သည့်
Catholic College of Education Sydney in New South Wales
ထိုအဖွဲ့အစည်းများသည် ကက်သလစ်ကျောင်းများအတွက်ဆရာများ၊ ကက်သလစ်ဆေးရုံများအတွက် သူနာပြုများမွေးထုတ်ပေးသည့် အဖွဲ့အစည်းများဖြင့် စတင်ခဲ့ကြခြင်းဖြစ်သည်။
၎င်းတက္ကသိုလ်၏ဘာသာရပ်များ၏ ပင်မသင်ရိုးတွင် ကက်သလစ်လူမှုရေးဒဿနဆိုင်ရာ ဘာသာရပ်များပါဝင်သည်။ ယခုအခါတွင် ဘွဲ့သင်တန်းပေါင်းများစွာသင်ကြားနေပြီး ဘာသာရေးနှင့်သက်ဆိုင်သည့် Theology ဘာသာရပ်ကိုလည်း အထူးပြုလေ့လာနိုင်သည်။ သင်ကြားရေး မဟာဘွဲ့ယူသူများအနေဖြင့် Diploma in Theology ဘာသာရပ်ကိုပါ ပူးတွဲသင်ကြားနိုင်ပြီး ထိုဒီပလိုမာရရှိပါက ကက်သလစ်ကျောင်းများတွင် စာသင်ကြားခွင့်ရှိသည်။
ဘဟာအီ ဘာသာရေးကျောင်းများ
ဘဟာအီဘာသာရေးကျောင်းများသည် ကမ္ဘာအရပ်ရပ်တွင်တည်ရှိပြီး အများအားဖြင့် ဗဟာအီဘာသာရေးအတွေးအခေါ်များကို အပတ်စဉ်သင်ကြားကြသည်။ ဘဟာအီဘာသာအရ ကလေးတိုင်းပညာတတ်ရမည်ဟု ယုံကြည်ပြီး၊ လူတိုင်းသည် မိမိအသိုက်အဝန်းကောင်းမွန်ရေးအတွက် အားထုတ်ကြိုးပမ်းရန်လိုအပ်သော ပညာကိုသင်ကြားရမည်ဟု ယူဆသည်။ သင်ကြားသည့်ဘာသာရပ်များတွင် နာမ်တရားနှင့် စာရိတ္တဆိုင်ရာ သင်ခန်းစာများ၊ အသက်မွေးဝမ်းကြောင်းစွမ်းရည်ဆိုင်ရာသင်ခန်းစာများ၊ စာတတ်မြောက်ရေး၊ ဘာသာစကားနှင့် အခြာအသုံးဝင်သည့် ဘာသာရပ်များကို သင်ကြားတတ်ကြသည်။ ဘဟာအီဘာသာအခြေပြုပညာရေး လှုပ်ရှားမှုများတွင် မိခင်၊ အမျိုးသမီးငယ်များနှင့် လူငယ်များပညာတတ်စေရေးကို အလေးထားလုပ်ဆောင်ကြသည်။