ပညာရေး(၃)မျိုး
—————-
ပညာရေးဆိုတာ ကျွန်မတို့ လူတစ်ဦးချင်းစီရဲ့ ဘဝမှာ အရေးကြီးဆုံး အစိတ်အပိုင်းအဖြစ် ပါဝင်ပါတယ်။ ပညာရေးဟာ စာအုပ်စာပေက စာတွေကို ဖတ်ခြင်း၊ ကျောင်းသွာခြင်း ဆိုတာထပ် ပိုပြီး ကျယ်ပြန့်ပါတယ်။ ပညာရေးဟာ ကျွန်မတို့ရဲ့ ဘဝတွေတိုးတက်ဖို့ လိုအပ်မယ့် ဗဟုသုတတွေ၊ စွမ်းရည်တွေ၊ အတွေးအမြင် အယူအဆနဲ့ တန်ဖိုးထားမှုတွေကို ရရှိအောင် ပြုလုပ်တဲ့ဘဝတစ်သက်တာ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ ဘဝတစ်လျှောက်လုံး ပညာရှာရာမှာ နည်းလမ်း (၃)သွယ်နဲ့ ရှာဖွေနိုင်ပါတယ်။
၁) Formal Education – စည်းဘောင်တွေကြားက သင်ယူရတဲ့၊ စနစ်တကျ ပညာရရန် စီစဉ်ထားတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ကျောင်းစနစ်တွေဟာ Formal Education စနစ်တွေပါပဲ။ ကလေးတစ်ယောက်က ဘယ်နှစ်မှာ ဘာတွေလုပ်တတ်ရမယ်၊ ဘာတွေသိရမယ်ဆိုတဲ့ သတ်မှတ်မှုတွေအပေါ်မှာ စနစ်တကျ တစ်တန်းပြီးတစ်တန်း သင်ယူနိုင်ဖို့ ပြင်ဆင်ထားတာပါ။
၂) Non-Formal Education – ကျောင်းစနစ် ပြင်ပက သင်ယူမှုတွေကို ဆိုလိုတာပါ။ ကျောင်းမတက်ပေမယ့် သင်ယူခွင့်ရဖို့ အပြင်သင်တန်းတွေတက်တာမျိုးပေါ့။ လုပ်ငန်းတစ်ခုအတွက် လိုအပ်လို့ သင့်တော်မယ့် စွမ်းရည်ဖြည့်သင်တန်းမျိုးတွေကလည်း ဘွဲ့၊ ဒီပလိုမာ စတာတွေနဲ့ မဆိုင်တဲ့အတွက် Non-formal education စနစ်တွေပါပဲ။
၃) Informal Education – စနစ်တွေ၊ သင်တန်းတွေမဟုတ်ဘဲ နေ့စဉ်ဘဝထဲမှာ သင်ယူမှု ပြုလုပ်ခြင်းဖြစ်စဉ်ပါ။ ထမင်းချက်ရင်း ဆန်စပါးအကြောင်း၊ ချက်ပုံချက်နည်းအကြောင်း စတာတွေကို သင်ယူတာမျိုးကို Informal Education လို့ ခေါ်ပါတယ်။ ကျန်တဲ့ ပညာရေးစနစ်တွေထပ် informal education ကို ကျွန်မတို့ မွေးစကနေ သေသည်အထိ ပြုလုပ်ကြပါတယ်။ အခြားသူတွေကို ကြည့်ရင်း၊ စကားပြောရင်း၊ စာဖတ်ရင်း၊ အလုပ်လုပ်ရင်း စတဲ့ နေ့စဉ်လုပ်ငန်းတွေကနေ တဆင့် တစ်ခုခု သင်ယူလိုက်ရရင် Informal Education ရနေတာပါ။ ဒီမှာ အရေးကြီးတာက ပြန်လည် သုံးသပ်ကြဖို့၊ ဘာတွေ သင်ယူနေပြီလဲဆိုတာ ကလေးရော ကိုယ်ရော သိအောင် ဆွေးနွေးကြဖို့ပါပဲ။
အခုလို ကာလမျိုးမှာ ကျွန်မတို့အနေနဲ့ ကျောင်းတွေပိတ်ထားတဲ့ အတွက် Formal Education ရဖို့ မလွယ်ပါဘူး၊ Non-formal education အတွက်ကလည်း သင်ပေးသူ၊ သင်ယူသူအခက်ခဲတွေနဲ့မို့ မလွယ်နိုင်ပါဘူး။ ဒါပေမယ့် Informal educationဆိုတဲ့ နေ့စဉ်ဘဝကနေ သင်ယူခြင်းဖြစ်စဉ်ကို ကျွန်မတို့ အမြဲမပြတ် ပြုလုပ်နိုင်ပါတယ်။ Informal education ပေးရင်း Formal Educationအတွက် တတ်နိုင်သလောက် ကြိုတင်ပြင်ဆင် ကူညီနိုင်တာပါပဲ။
အခုအချိန် ကလေးတွေကို ကျောင်းမပို့ရလို့ စိတ်တွေညစ်တာ၊ စိုးရိမ်တာတွေဖြစ်နေကြပါတယ်။ အခြားပညာရေးလုပ်သူတွေနဲ့ ကျွန်မရဲ့ အမြင် တူချင်မှ တူမှာပါ။ ဒါပေမယ့် ကျွန်မအမြင်ကတော့ ကလေးတွေအတွက် သိသင့်တာ၊ တတ်သင့်တာတွေကို နေ့စဉ်ဘဝလုပ်ငန်းတွေကနေတစ်ဆင့် မိဘတွေက သိအောင် ကူညီပေးနေတယ်ဆိုရင် အဆင်ပြေပါတယ်။ ကိုယ့်ရဲ့ ကလေး စာတွေဖတ်ဖို့၊ လက်တွေ့မှာ ဘာတွေဖြစ်နေတယ်ဆိုတာသိဖို့၊ နေ့စဉ်လိုအပ်တဲ့ ဗဟုသုတတွေ ပြောပြဖို့၊ တတ်သင့်တာတွေ လေ့ကျင့်နိုင်အောင် ကူညီဖို့၊ မှန်ကန်တဲ့တန်ဖိုးထားမှုနဲ့ စိတ်နေသဘောထားရှိဖို့ ကူညီပံ့ပိုးနိုင်ရင် ……Formal Education သို့မဟုတ် Non-formal Educationဆိုတာကို စောင့်လို့ရပါတယ်။
မေတ္တာဖြင့်…
Sayarma-ဆရာမ