Reading

ပေါ်ဖော်လီယို (Portfolio) ဆိုတာဘာလဲ။

ပေါ်ဖော်လီယိုဆိုတာ ကျောင်းသားရဲ့လုပ်ဆောင်ချက်တွေ၊လေ့လာမှုတွေကို စနစ်တကျရွေးချယ်မှတ်တမ်းတင်ထားသော စုစည်းမှုဖြစ်ပါတယ်။အပတ်စဥ်၊လစဥ် ကျောင်းသားရဲ့ရေးသားမှုတွေ၊ ဖန်းတီးမှုတွေထဲကအကောင်းဆုံးကို ရွေးချယ်၍ ဖြစ်စေ၊ကျောင်းသားကိုယ်တိုင်နှစ်သက်ရာတို့ကိုဖြစ်စေရွေးချယ်ပြီး ထိုဖိုင်ထဲတွင်ထည့်သွင်းကြခြင်းဖြစ်သည်။ ပေါ်ဖော်လီယိုကို ရည်ရွယ်ချက်အမျိုးမျိုးနှင့်အသုံးပြုကြတယ်။မိမိကိုယ်ကိုယ်အကဲဖြတ်စစ်ဆေးမှု (self-assessment) ၊သင်ယူဖော်အချင်းချင်းစစ်ဆေးမှု(peer assessment)၊သင်ယူစဥ်စစ်ဆေးအကဲဖြတ်မှု(formative assessment) နှင့် သင်ကြားပြီးစစ်ဆေးအကဲဖြတ်မှု(summative assessment) တို့တွင်အသုံးပြုရတဲ့အတွက်ပေါ်ဖော်လီယိုကို သူငယ်တန်း ကနေတက္ကသိုလ်နဲ့အလုပ်ခွင်တွေမှာထိအသုံးပြုကြပါတယ်။